ထိုနှစ်များမှာ မြတ်နိုးဖွေရှာ
By Vera-Yu
374K 65.3K 4.7K
Original Title : 当年万里觅封侯 English Title : Those Years in Quest of Honor Mine Original Author : Man Man He Qi... More
Description
Prologue
Part 1
Part 2
Part 3
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68
Part 69
Part 70
Part 71
Part 72
Part 73
Part 74
Part 75
Part 76
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
Part 88
Part 89
Part 90
Part 91
Part 92
Part 93
Part 94
Part 95
Part 96
Part 97
Part 98
Part 99
Part 100
Part 101
Part 102
Part 103
Extra 1
Extra 2
Part 4
4.6K 849 63
By Vera-Yu
Unicode
အချိန်အတန်ကြာသည်အထိ ကျုံးဝမ်မှာ အိပ်မက်ကနေ ယခုချိန်ထိ နိုးထမလာသေးဟု ထင်နေမိသည်။
ယွီကျစ်ရုန်သည် တော်တော်လေးကို အရပ်ပိုရှည်လာသည်။ သူ့မျက်ခုံးများ၏ ပုံသဏ္ဌာန်နှင့် မျက်လုံးအကြည့်တို့သည်လည်း ပိုမိုစူးရှလာသည်။ ငယ်ရွယ်စဉ်က စိတ်ပူပန်မှုများ၏ ဖိစီးခံရသော သူ့ခံစားချက်များသည် ဒေါသအဖြစ်ပြောင်းလဲပြီး သုန်မှုန်သောအရှိန်အဝါများမှာ သူ၏ခန့်ညားသောမျက်နှာတွင် တည်ရှိသည်။
ကျုံးဝမ် တစ်ယောက်တည်းတွေးနေမိသည်။ ငါနိုးလာတာ ဟုတ်လား၊ မဟုတ်ဘူးလား။ တကယ်လို့ ငါနိုးလာရင်လည်း ယွီကျစ်ရုန်ကို ဘာလို့မြင်ရမှာလဲ။ တကယ်လို့ ငါအိပ်မက်မက်နေတယ်ဆိုရင်လည်း... သူ့ကိုဘာလို့ ပြတ်ပြတ်သားသားကြီး မြင်နေရတာလဲ။
ကျုံးဝမ်သည် အဖျားကြောင့် နားများပင် အူလာသည်။ သူ့ဦးနှောက်သည် အလွန်တရာ ရှုပ်ထွေးနေသည်။ သူ မတ်တပ်ထရပ်ရန် ကြိုးစားသော်လည်း သူ၏အေးခဲနေသော ခြေလက်များမှာ အလေးတုံးများ ချိတ်ဆွဲခံထားရသကဲ့သို့ ဖြစ်နေသည်။ သူ အသက်ကို မှန်မှန်ရှူလိုက်ပြီး ဝေါယာဉ်ကို အားပြု၍ ထလိုက်သည်။ သို့တိုင်အောင် ခြေထောက်ကို မသုံးနိုင်၍ ဟန်ချက်မညီဖြစ်ကာ ရှေ့သို့ ဟပ်ထိုးလဲကျလေတော့သည်။
ကျုံးဝမ်သည် ယွီကျစ်ရုန်၏ ဖိနပ်မည်းများကို ကြည့်လျက် နှင်းထဲတွင် ဒူးထောက်နေသည်။ သူအိပ်မက် ထပ်မက်နေသည်ဟုသာ တွေးနေမိသည်။
သူ၏အိပ်မက်မှာ လွန်ခဲ့သည့် ဆယ်နှစ်က နန်းတွင်းထဲသို့ စာဖတ်ဖော်အဖြစ် ကျုံးဝမ် ဝင်ရောက်ခဲ့စဉ်ကာလဖြစ်သည်။
ထိုအချိန်က ပုရောဟိတ်ကြီး၏ သင်ကြားမှုအောက်တွင် သက်တူရွယ်တူ လေးယောက်သာရှိသည်။ ကျုံးဝမ်၊ ယွီရှီ၊ စတုတ္တမင်းသားနှင့် ပဉ္စမမင်းသားတို့ ဖြစ်ကြသည်။
သူတို့လေးဦးအနက်တွင် ကျုံးဝမ်သည် စာဖတ်ဖော်သာ ဖြစ်သော်ငြား အရေးအသားနှင့် စာပေအရည်အချင်းတွင်မူ တော်ဝင်မင်းသားများထက် အဆပေါင်းများစွာ သာလွန်ခဲ့သည်။ သူ၏အရေးအသားများကို ပုရောဟိတ်ကြီးသာ သဘောကျသည်မဟုတ်၊ ချုံအန်းမင်းကြီးပင်လျှင် အခါအားလျော်စွာ သူကိုယ်တိုင် စာမေးပွဲစစ်သည့်အခါများတွင် ကျုံးဝမ်ကို ရက်ရက်ရောရော ချီးမွမ်းလေ့ရှိသည်။ ထိုအချိန်က ချုံအန်းမင်းကြီးသည် နောက်ပြောင်၍ပင် ကျုံးဝမ်ကို အတွင်းဝန်ရုံးမှာ အမှုထမ်းရန် စိတ်ဝင်စားသလားဟု မေးဖူးသည်။
မင်းကြီး၏အတွင်းဝန်ဖြစ်လာရန် အတွင်းဝန်ရုံးတွင် အမှုထမ်းခြင်းသည် တော်ဝင်အမိန့်ပြန်တမ်းများကို မူကြမ်းရေးဆွဲရသည့် တာဝန်ဖြစ်သည်။
ကျုံးဝမ်သည် ထိုစဉ်က ငယ်ရွယ်၍ ပေါ့ပေါ့ဆဆရှိသည်။ သူ့အရည်အချင်းများကို ဖုံးကွယ်ထားသင့်သည့် အကျိုးအကြောင်းများကိုလည်း နားမလည်ခဲ့ပေ။ မင်းသားနင်အိမ်တော်ကို အခြားလူများ အထင်အမြင်သေးမည်စိုး၍ မင်းကြီးထံမှ အထူးအခွင့်အရေးကို လက်မခံနိုင်ကြောင်း လျှောက်တင်ခဲ့သည်။ သို့သော် မင်းကြီးအား အတွင်းဝန်ရုံးတွင် သူ့အတွက် နေရာတစ်နေရာ ချန်ထားပေးရန် တောင်းဆိုခဲ့သည်။ စာမေးပွဲဖြေဆိုသည့်နှစ် ရောက်သည်နှင့် သူသည် ကိုယ့်အရည်အချင်းနှင့်ကိုယ် ကျစ်ချိန်ခန်းမသို့ဝင်ရောက်နိုင်လိမ့်မည်။
(T/N - ကျစ်ချိန်ခန်းမ - ထန်မင်းဆက်နဲ့ စုန့်မင်းဆက်ခေတ်က ဘုရင်နဲ့နိုင်ငံခြားသံတမန်တွေ တွေ့ဆုံတဲ့ခန်းမ)
ကျုံးဝမ် စာမေးပွဲကို အမှန်တကယ် အသက်ငယ်ငယ်နှင့် အောင်မြင်နိုင်လိမ့်မည်ဟု ချုံအန်းမင်းကြီးအနေနှင့် မသေချာသော်ငြား စိတ်အားထက်သန်နေသော လူငယ်တစ်ယောက်၏ တက်ကြွနေပုံကို သဘောကျကာ ရယ်မောလျက် သူ၏တောင်းဆိုချက်ကို လက်ခံခဲ့သည်။ ကျုံးဝမ်ကို စောင့်ဆိုင်းသည့်အနေဖြင့် မင်းသားနင်ကို ထိုင်ခုံတစ်လုံးပြုလုပ်စေကာ အတွင်းဝန်ရုံးသို့ မနက်ဖြန်ပို့ဆောင်စေမည်ဟု မင်းကြီးကဆိုသည်။ ဤအခြင်းအရာသည် စတုတ္ထမင်းသားနှင့် ပဉ္စမမင်းသားတို့ကို သွေးများဆူပွက်လာသည်အထိပင် ဒေါသထွက်စေခဲ့သည်။
ပဉ္စမမင်းသားရွှမ်ချုံသည် ကျုံးဝမ်ကို မနာလိုသော်လည်း ကွယ်ရာတွင်သာ အခက်တွေ့အောင် လုပ်လေ့ရှိသည်။ လူချင်းတွေ့လျှင် ကျုံးဝမ်ကို ယဉ်ကျေးစွာသာ ဆက်ဆံသည်။ စတုတ္ထမင်းသားရွှမ်ကျင်းသည် ဒေါသကြီးပြီး တဲ့တိုးဆန်သည်။ သူသဘောမကျလျှင် သိသာအောင် ပြလေ့ရှိသည်။ ထိုနေ့အပြီး ဂုဏ်ပြုစားပွဲတွင် သူပိုသောက်နိုင်မှန်းသိ၍ ကျုံးဝမ်ကို အရက်မူးစေရန်အလို့ငှာ အချိန်ပြည့် အရက်ငှဲ့ပေးနေခဲ့သည်။
ကျုံးဝမ်မှာ အရက်မူးသော်လည်း အမူအရာမပျက်။ သူ အနည်းငယ် ရီဝေလာရုံမျှသာရှိသည်။ နန်းတော်မှပြန်အထွက်တွင်မူ သူလမ်းပျောက်သွားခဲ့သည်။ ခေါင်းမူးနေသောကြောင့် ခေတ္တအနားယူရန် ရှုခင်းကြည့်နားနေဆောင်တွင် သူထိုင်ချလိုက်သည်။
ထိုနေ့တွင် ကျုံးဝမ်သည် ယွီရှီနှင့်တွေ့ခဲ့သည်။ တူများက ဦးရီးတော်နှင့်ဆင်တူသောကြောင့်လားမသိ၊ ယွီရှီသည် မင်းသားနင်နှင့် အနည်းငယ်ဆင်တူနေခဲ့သည်။ ကျုံးဝမ် အသိစိတ်လွတ်လောက်အောင် မူးနေသောကြောင့် မင်းသားနင် သူ့ကိုရှာဖို့ လာခဲ့သည်ဟုသာ တွေးလိုက်တော့သည်။
ယဉ်ကျေးမှုမရှိဖြစ်နေသည်ဟု ကျုံးဝမ် ခံစားရသောကြောင့် ပြုံးလျက်ဖြင့် သေသေချာချာဒူးထောက်ကာ နှုတ်ဆက်လိုက်သည်။ "မင်းသားနင်"
ယွီရှီလေးမှာ ကျုံးဝမ် မည်သည်ကို ရေရွတ်နေသည်ကို နားမလည်နိုင်၍ ဘာဖြစ်နေသလဲဟုသာ ညင်သာစွာမေးလိုက်သည်။ ကျုံးဝမ်ကမူ မင်းသားနင် သူ့ကို ဆူနေသည်ဟု တွေးခဲ့သည်။ မင်းသားနင် သူ့ကိုအလိုလိုက်မှန်းသိ၍ ဒူးထောက်နေသည့်နေရာမှ "မင်းသားနင်"၏ ဝတ်ရုံစွန်းကို ညင်သာစွာ ကိုင်စွဲ၍ အရှက်မဲ့စွာပင် ဝန်ခံလိုက်သည်။ "ကျွန်တော် နောက်တစ်ခါ ဘယ်တော့မှ မသောက်တော့ပါဘူး။ အဖေ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ... ဒီတစ်ခါပါပဲ"
ယွီရှီ : "..."
နေ့လည်ခေါင်ကြီးတွင် ယွီရှီလေးတစ်ယောက်သည် နေရင်းထိုင်ရင်းနှင့်ပင် တော်ဝင်ဥယျာဉ်ထဲတွင် တစ်စုံတစ်ယောက်၏ဖခင် ဖြစ်ခဲ့လေတော့သည်။
ထိုစကားများပြောပြီးနောက်တွင် ကျုံးဝမ်သည် ယွီရှီ၏ ဝတ်ရုံစကို ဆုပ်ကိုင်လျက် ခြေထောက်များကိုမှီ၍ အိပ်ပျော်သွားလေသည်။ ယွီရှီ လှုပ်၍မရပေ။ သူက တုံ့ဆိုင်းနေခဲ့ပြီးနောက်တွင် ကျုံးဝမ်ကို ကူထူပေးခဲ့သည်။ ကျုံးဝမ်မှာ အရက်မူးနေသောကြောင့် ခြေလက်များ၌ အားမရှိ။ ကိုယ်တိုင်မရပ်နိုင်၍ သူ၏တစ်ကိုယ်လုံးအား ယွီရှီကိုပစ်မှီလိုက်တော့သည်။ နောက်ဆုံးတွင်တော့...
ကျုံးဝမ်သည် နှင်းထဲတွင် ဒူးထောက်နေရာမှ ကြက်သီးများထသွားသည်။ သူ့ခေါင်းထဲတွင် သွေးရူးသွေးတန်း တွေးနေမိသည်။ အဲ့အချိန်က နောက်ဆုံးမှာ ဘာဖြစ်သွားတာလဲ။ ယွီကျစ်ရုန်က သူကိုပွေ့ပြီးတော့ သူ့အိမ်ကို ပို့ပေးလိုက်တာများလား။
ဒါဆို အခုအခြေအနေက ဘာလဲ။ အိပ်မက်ဟုတ်လား၊ မဟုတ်ဘူးလား။
"ကျုံးဝမ်" ယွီရှီသည် ကျုံးဝမ်ကို မလှုပ်မယှက် ကြည့်နေသည်။ ပြီးနောက် ညင်သာစွာ မေးလိုက်သည်။ "ငါ့ရဲ့ပင်လုံးကြိုင်ပန်းကိတ်မုန့် ဘယ်မှာလဲ"
ကျုံးဝမ်မှာမူ တစ်စုံတစ်ယောက်က သူ့၏ရင်ဘတ်ကို ဓားဖြင့်ရုတ်တရက်ထိုးကာ နှလုံးနှင့်ကလီစာများကို လှီးဖြတ်လျှင် ဆိုးရွားစွာနာကျင်သကဲ့လို ခံစားနေရသည်။ သူသည် ချက်ချင်းအသိဉာဏ်ပြန်ကပ်သွားသည်။
ယခုအခြေအနေသည် အိပ်မက်မဟုတ်ခဲ့ပေ။
ထောင်ချောက်ထဲသို့ တည့်တည့်ဝင်သွားပြီဖြစ်ကြောင်း ယခုမှပင် ကျုံးဝမ် နားလည်သွားသည်။
ဤဝေါယာဉ်နှင့် အထမ်းသမားများသည် ယွီရှီပိုင်သည်သာဖြစ်သည်။
ယွီရှီက အချိန်ခဏတော့ စောင့်နေသေးသည်။ ကျုံးဝမ် ပြန်ဖြေလာမည်မဟုတ်မှန်း တွေ့ရသောအခါမှသာ သူမေးလိုက်သည်။ "မင်း ထနိုင်ရဲ့လား"
ယခုသည် လွန်ခဲ့သော ဆယ်နှစ်မဟုတ်တော့ပေ။ မင်းသားနင်သည်လည်း နောက်တစ်ကြိမ် သူ့ကိုလာရှာတော့မည် မဟုတ်ပေ။ ဒီနေ့တွင်မူ ယွီရှီသည် သူ့ကို ကူထူပေးမည့်ပုံလည်း မပေါက်။ ကျုံးဝမ်း အံကိုတင်းတင်းကြိတ်လျက် ခပ်ဖြည်းဖြည်းသာ မတ်တပ်လိုက်သည်။ အဖျားရောဂါသည် သူ့တစ်ကိုယ်လုံးအား နာကျင်စေသည်။ သူ မတ်တပ်ပင် ကောင်းကောင်းမရပ်နိုင်ချေ။ "မင်းသားငယ်ယွီကို ဂါရဝပြုပါတယ်"
ယွီရှီ၏ မျက်နှာသည် မှုန်မှိုင်းခြင်းနှင့် ကြည်လင်ခြင်းတို့ ကြားတွင် ပြောင်းလဲလျက်ရှိသည်။ ခဏအကြာတွင် သူကဆိုသည်။ "ဝင်ခဲ့"
ကျုံးဝမ်သည် သူနှင့်အတူ မည်သူ့ကိုမှ မခေါ်လာခဲ့ပေ။ သူခေါ်လာလျှင်ပင် ယွီရှီ၏ လက်တွင်းမှလွတ်နိုင်မည်မဟုတ်။ ထို့ကြောင့် သူ့နောက်သို့လိုက်၍သာ အထဲသို့ဝင်လိုက်ရတော့သည်။
ကျုံးဝမ် ယွီရှီနောက်မှ လိုက်ရင်း ပတ်ဝန်းကျင်ကို အကဲခတ်နေသည်။ ဤနေရာသည် မင်းသားယွီ၏ အရံအိမ်တော်ဖြစ်ကြောင်း သူပြောနိုင်သည်။
ယခင်က သူ အစေခံဖြစ်သွားခဲ့ပြီးနောက်တွင် ယွီရှီ၏ ဝယ်ယူခြင်းကို ခံခဲ့ရသည်။ ယွီရှီက သူ့အားခေါ်ယူကာ ဤနေရာတွင် နေထိုင်စေခဲ့သည်။
ယွီရှီက သူ့အား အနွေးခန်းထဲသို့ ခေါ်ဆောင်သွားသည်။ ကျုံးဝမ်မှာ ခေါင်းအစခြေအဆုံး အေးခဲနေသည်ဖြစ်ရာ ထိုကဲ့သို့ နွေးထွေးနေသည့်နေရာသို့ ရုတ်တရက်ဝင်လိုက်ရခြင်းသည် သူ့တစ်ကိုယ်လုံးအား အနည်းငယ်တုန်ယင်သွားစေသည်။
ယွီရှီ ထိုင်ချလိုက်သည်။ အစေခံတစ်ယောက်က သူ့အား လက်ဖက်ရည်ပူပူတစ်ခွက် လာချပေးလေသည်။ သူက ခွက်ကိုကိုင်မကာ လက်ဖက်ရည်ကို ဖြည်းညင်းစွာ အရသာခံသောက်နေသည်။
ကျုံးဝမ်မှာ ထိုနေရာတွင် ရပ်လျက်ပင် ယွီရှီအား တိတ်တဆိတ် ငေးကြည့်နေမိသည်။
ယွီရှီ၏အသွင်အပြင်သည် များများစားစားတော့ ပြောင်းလဲမသွားပေ။ သို့သော် ပြောပုံဆိုပုံတို့ သိသိသာသာ ပြောင်းလဲသွားသည်မှာ တခြားလူတစ်ယောက် ဖြစ်သွားသလားဟုပင် ထင်ရသည်။
ယွီရှီက ကျုံးဝမ်ကို ငါးမိနစ်ခန့် လျစ်လျူရှုထားပြီးမှ စကားဆိုသည်။ "မင်း အထပ်တော်တော်များများ ဝတ်ထားတာပဲ။ သားမွေးအင်္ကျီတောင် ပါသေးတယ်။ အချိန်ခဏလေး ဆောင်တွင်းလေအေးထဲမှာ ရပ်နေရုံနဲ့ ဘာလို့ဒီလောက်အေးနေရတာလဲ"
ယွီရှီက သူ၏မျက်လုံးများကို အနည်းငယ်ကျဉ်းမြောင်းစေလိုက်သည်။ "မင်းအရင်က ကျန်းမာရေးကောင်းတယ်ဆိုတာ ငါမှတ်မိပါတယ်"
ကျုံးဝမ်က အတန်ငယ်စဉ်းစားနေပြီးမှ အသံနေအသံထားကို သေချာရွေးပြောလိုက်သည်။ "ချန်အန်းကို သွားပြီးတော့ ပတ်ဝန်းကျင်သစ်မှာ ချက်ချင်းနေသားတကျမဖြစ်ခဲ့ပဲ နေမကောင်းဖြစ်ခဲ့တယ်။ အဲ့အချိန်ကစပြီး ကျွန်တော်က အားနည်းပြီး ဖျားနာလွယ်တော့တာပဲ... မင်းသားငယ်ရှေ့မှာ ပြောစရာဖြစ်စေတဲ့အတွက် တောင်းပန်ပါတယ်"
ယွီရှီသည် သူ၏လက်ဖက်ရည်ခွက်ကို စားပွဲပေါ်သို့ ပြန်ချလိုက်ပြီး ခပ်တိုးတိုးပြောသည်။ "အဲ့ဒါအမှန်မဟုတ်ဘူး"
ကျုံးဝမ်မှာ ခေါင်းကိုက်ရာမှ ပြင်းထန်သောနာကျင်မှုကို လျစ်လျူရှုလျက် စကားကို ခက်ခက်ခဲခဲ ပြောလိုက်သည်။ "ကျွန်တော့်ရဲ့ နိမ့်ကျလှတဲ့ ခန္ဓာကိုယ်က မင်းသားငယ် စိတ်ပူဖို့အတွက် မထိုက်တန်ပါဘူး"
ယွီရှီက အချိန်တစ်ခုကြာအောင် တိတ်ဆိတ်သွားပြီးနောက် ထပ်မေးသည်။ "အဲ့ဒါ ငါနဲ့ပတ်သတ်နေလား"
ကျုံးဝမ်၏ခေါင်းသည် နာကျင်နေပြီး မြင်ကွင်းမှာလည်း ဝေဝါးနေသည်။ သူ ခေါင်းယမ်းလိုက်သည်။ "မပတ်သက်ပါဘူး"
ယွီရှီက ကျုံးဝမ်လိမ်နေသည်ကို သိသည့်အလား လှောင်ရယ်လိုက်သည်။ သို့သော် ဘာမှတော့မပြောဘဲ လက်ဖက်ရည်ကိုသာ သောက်နေသည်။
ကျုံးဝမ် တစ်ယောက်တည်း တွေးနေမိသည်။ "တကယ်လို့ မင်းမှာ မေးစရာရှိရင်လည်း မြန်မြန်မေးလိုက်တော့။ မဟုတ်ရင် ငါမကြာခင် မေ့လဲပြီး မင်းလည်း ငါ့အလိမ်အညာတွေကို ကြားရမှာ မဟုတ်တော့ဘူး"
ယွီရှီမှာ ရေနွေးသောက်ရာတွင် တစ်ကိုယ်တည်း စီးမျောလျက် ကျုံးဝမ်ရှိနေသည်ကိုပင် မေ့သွားခဲ့သည်။ ကျုံးဝမ် သူ၏လက်ချောင်းများကို ဖြည်းညင်းစွာ လှုပ်ရှားလိုက်သည်။ ယခုအချိန်တွင် သူ့အာရုံအလုံးစုံကို ယွီရှီထံတွင် ပုံအပ်ထားသင့်သည်ကို သိသော်လည်း သူ့စိတ်မှာမူ ရောက်တတ်ရာရာ တွေးနေမိသည်။
ထင်သည့်အတိုင်းပင် ယွီရှီ အမှန်တကယ် အများကြီးပြောင်းလဲသွားသည်။
ဤနှစ်များအတွင်း သူဘာဖြစ်သွားခဲ့သနည်း။
ငယ်ရွယ်စဉ်တွင် ကျုံးဝမ်သည် နန်းတော်တွင်းသာမက နန်းတော်ပြင်တွင်ပါ အချိန်ကုန်ခဲ့ဖူးသည်။ သူ လျို့ဝှက်ချက်တစ်ခုကို ကြားခဲ့ဖူးသည်။
ကောလာဟလများအရ ယွီရှီသည် မင်းသားယွီ၏ သားအရင်းမဟုတ်ဘဲ ချုံအန်းမင်းကြီး၏ တရားမဝင်သား တစ်ယောက်သာဖြစ်သည်ဟုဆို၏။
သေချာပေါက်ပင် ဤကဲ့သို့ ကောလာဟလမျိုးကို ဖြန့်ဖို့အတွက် အခြေခံအကြောင်း ရှိရသည်။
ဥပမာအားဖြင့် ချုံအန်းမင်းကြီးရဲ့ ယွီရှီအပေါ် တရားလွန်ချစ်မြတ်နိုးမှု။ နှိုင်းယှဉ်ကြည့်မည်ဆိုပါက သက်တူရွယ်တူများဖြစ်ကြသော စတုတ္ထမင်းသားနှင့် ပဉ္စမမင်းသားတို့သည် ယွီရှီ၏နောက်တွင်သာ ရှိနေခဲ့သည်။
အခြားဥပမာတစ်ခုမှာ ချုံအန်းမင်းကြီးသည် ယခင်က သူ့သားတော်များကို အသက်ရှင်အောင် မဆောင်ရွက်နိုင်ခဲ့ပေ။ သူ၏ ပထမသားတော်နှင့် ဒုတိယသားတော်တို့မှာ ကွယ်လွန်သွားခဲ့ပြီး တတိယသားတော်မှာလည်း သေလုမျောပါး နာမကျန်းဖြစ်နေခဲ့သည်။ အကယ်၍ ယွီရှီသည် ချုံအန်းမင်းကြီး၏ သားတော်ဖြစ်ခဲ့လျှင် အသက်အစဉ်အရ စတုတ္ထနေရာတွင် ရှိပေလိမ့်မည်။ မင်းကြီးသည် ရှေ့ဖြစ်ဟောဆရာ၏ စကားများကိုယုံကြည်လျက် သူ၏ထီးနန်းမှာ မူလအရင်းအမြစ် မထင်ရှားဘဲ သူ့ကိုဆက်ခံမည့် သားများနှင့်ပတ်သက်လျှင် ကံခိုက်မည်ဟူသည်ကို လက်ခံသွားသည်လားမသိ။ သူ၏ပထမသားသုံးယောက် သေအံ့ဆဲဆဲဖျားနာနေချိန်တွင် စတုတ္ထသားတော်သည်လည်း အသက်မရှင်ဖြစ်မည်ကိုစိုးရိမ်ပြီး သူ၏သွေးသားရင်းညီမတော် မင်းသမီးကြီးအန်းကောကို ပေးကာ ကြည့်ရှုစောင့်ရှောက်စေခဲ့သည်လည်း ဖြစ်နိုင်သည်။
တူညီသော သက်သေများမှာ အများအပြားပင် ရှိသည်။ သို့သော် ကျုံးဝမ်မှာ ထိုကောလာဟလများကို လွန်ခဲ့သည့်နှစ်များစွာက စကြားရကတည်းကပင် အယုံအကြည်မရှိခဲ့ပေ။
ပထမဆုံးအနေဖြင့် ကျုံးဝမ်သည် ယွီရှီမွေးဖွားသည့်နေ့နှင့် မွေးဖွားချိန်ကို တွက်ကြည့်ခဲ့သည်။ သူသိလိုက်ရသည်မှာ ချုံအန်းမင်းကြီး၏ မည်သည့်ကိုယ်လုပ်တော်ကမှ ထိုနှစ်တွင် ယွီရှီကို မမွေးဖွားခဲ့။
ယွီရှီကို အရေးမပါသော နာမည်မသိ ကိုယ်လုပ်တော်က မွေးဖွားသည်မှာလည်း ဖြစ်နိုင်ပါ၏။ သို့သော် သူ့အသက်တစ်နှစ်အရွယ်ကပင် ဆက်ခံသူရာထူးကို ပေးအပ်ခြင်းခံခဲ့ရသည်။ အကယ်၍ သူသာ ချုံအန်းမင်းကြီး၏ သားတော်ရင်းဖြစ်နေခဲ့ပြီး မင်းသားယွီအိမ်တော်သို့ ဆက်ခံသူဖြစ်စေရန် ပေးပို့ခံခဲ့ရပါက မင်းကြီးအနေဖြင့် မင်းသားယွီ ပုန်ကန်လာအောင် ဖိအားပေးသကဲ့သို့ ဖြစ်နေလိမ့်မည်။
မင်းသားယွီသည်လည်း ကလေးမရနိုင်သည်မဟုတ်ပေ။ သူ့ထံတွင် တရားမဝင်သားတော်အချို့ ရှိနေပြန်သည်။ သူ့အနေဖြင့် ဘိုးဘေးစဉ်ဆက် ကြိုးကြိုးစားစားနှင့် ထိန်းသိမ်းရရှိလာသည့် ရာထူးဂုဏ်ရှိန်တို့ကို အခြားသူ၏ ကလေးတစ်ယောက်အား အဘယ်ကြောင့် မျက်စိစုံမှိတ်ကာ ပေးရမည်နည်း။
မင်းသားယွီသည် သစ္စာစောင့်သိလွန်း၍ အခြားသူ၏ကလေးကို ထိန်းသိမ်းစောင့်ရှောက်ကာ သူ၏ဘိုးဘေးပိုင်အမွေအနှစ်ကိုပါ လက်ဆောင်ပေးလိမ့်မည်ဟု ကျုံးဝမ်မယုံချေ။
သို့သော်...
ကျုံးဝမ် မျက်မှောင်ကို အသာကြုတ်လိုက်သည်။ ချုံအန်းမင်းကြီးအနေနှင့် ယွီရှီအား မျက်နှာသာပေးလွန်းသည့်တိုင် အဘယ်ကြောင့် မင်းသမီးတစ်ပါးကိုမူ မပေးချင်ရသနည်း။ ဆွေတော်မျိုးတော်တစ်ယောက်ကို လက်ထပ်ခြင်းဖြင့် သွေးသားကို ထိန်းသိမ်းရာရောက်ပြီး တော်ဝင်မိသားစုနှင့် မတူညီသော မျိုးရိုးနာမည်ရှိ ပထမအဆင့်မင်းသားတို့ကြား ဆက်ဆံရေးကိုလည်း ပိုမိုခိုင်မာစေသည်။ မကောင်းသောအချက် မည်သည့်နေရာတွင် ရှိသနည်း။
တကယ်တမ်းတွင် စတုတ္ထမင်းသမီးသည် အလွန်ငယ်သေးသည်။ သို့သော် တတိယမင်းသမီးမှာမူ ယွီရှီအတွက် သင့်တော်သောအရွယ် ရောက်နေလေပြီ။ သို့တိုင်အောင် ချုံအန်းမင်းကြီးသည် သူတို့နှစ်ဦးအတွက် လက်ထပ်ပွဲကို အမိန့်မချပေးချေ။
ပြီးနောက် စတုတ္ထမင်းသမီးကို လက်ထပ်ရန် ယွီရှီတောင်းဆိုချိန်တွင် မင်းကြီးသည် အလွန်ဒေါသထွက်ခဲ့သည်။ ဤကဲ့သို့ဖြစ်သည်မှာ အလွန်ရှားပါးသည်။
ကျုံးဝမ်မှာ ဦးခေါင်းထက်ခြမ်းကွဲမတတ် ခံစားနေရသည်။ ယွီရှီနှင့်ပတ်သက်၍ စိုးရိမ်နေရသောကြောင့် ယခုသူရောက်နေသော အခြေအနေကို စဉ်းစားရန်ပင် အားမရှိတော့ချေ။
မင်းကြီး၏ သားများနှင့်မြေးများသည် ငယ်ရွယ်စဉ်တွင်ပင် သေဆုံးနေကြသည်။ ထို့ကြောင့် သူသည် ရွှမ်ရွေ့နှင့်ရွှမ်ယွီကို သံသယဖြစ်လာပြီး ကိုယ်တိုင်တွေ့ရန်လိုအပ်မည်ဟု ခံစားရခြင်းဖြစ်မည်။ သူ့မယုံကြည်မှုများကို အခြားလူများက သတိမထားမိဘဲ နေမည်လား။
စတုတ္ထမင်းသားရွှမ်ကျင်းနှင့် ပဉ္စမမင်းသားရွှမ်ချုံတို့သည်လည်း စိုးရိမ်ကြမည်မဟုတ်ပါလား။
သူတို့အနေနှင့် မင်းသားနင်၏ သားနှစ်ယောက်ကိုတောင် စိုးရိမ်နေကြလျှင် ယွီရှီကို မည်ကဲ့သို့ မြင်ကြမည်နည်း။
ယွီရှီ၏ နောက်ကြောင်းအစစ်အမှန်ကို ချုံအန်းမင်းကြီးက သိသော်ငြား ရွှမ်ကျင်းနှင့်ရွှမ်ချုံတို့မှာ မသိကြချေ။
ကျုံးဝမ်မှာ ရုတ်ချည်းဆိုသလို အသက်မရှူနိုင်သကဲ့သို့ ခံစားလိုက်ရသည်။ ထိုမင်းသားနှစ်ပါးသည် ယွီရှီကို မင်းကြီး၏သားတစ်ယောက်ကဲ့သို့ မြင်ကာ ပြိုင်ဖက်ကဲ့သို့ သဘောထားနှင့်နေပြီလား။
ချုံအန်းမင်းကြီးသည် အမှန်တကယ် ယွီရှီကိုမျက်နှာသာပေးသည်လား သို့မဟုတ် ပစ်မှတ်တစ်ခုကဲ့သို့ သဘောထားနေသည်လား...
ကျုံးဝမ် နားများအူနေပြီး ဆက်လက်၍ မတ်တပ်ရပ်မနေနိုင်လုနီးပါးပင်။ အလွန်တရာနာကျင်နေသောကြောင် ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ သူ လှစ်ခနဲ စကားထွက်သွားတော့သည်။ "လွန်ခဲ့တဲ့နှစ်တွေအတွင်းမှာ မင်းသားငယ်အနေနဲ့ အများကြီးလုပ်ခဲ့ပြီးပြီ။ အဲ့ဒါ မင်းသားငယ်အနေနဲ့ ထီးနန်းလုတဲ့ကိစ္စကို ရှောင်ချင်လို့လုပ်ခဲ့တာလား"
ယွီရှီက ခေတ္တကြက်သေသေသွားပြီး ရုတ်တရက် ထရယ်လိုက်သည်။
ယွီရှီက စားပွဲပေါ်သို့ ရေနွေးကြမ်းခွက်ကို ပြန်တင်လိုက်သည်။ အလွန်ရယ်ရသည့် ဟာသတစ်ပုဒ်ကို ကြားလိုက်ရသည့်နှယ် တစ်ယောက်တည်း ဟားတိုက်ရယ်မောနေသည်။ သူ အချိန်ကြာမြင့်စွာရယ်နေသောကြောင့် ကျုံးဝမ်ပင် အံ့ဩသွားရသည်။ သူ ယခင်ကသိခဲ့သော ယွီရှီသည် ဤကဲ့သို့ မည်သည့်အခါမှ ပြုမူလိမ့်မည်မဟုတ်ပေ။
ယွီရှီမှာ နောက်ဆုံးတွင်တော့ စိတ်ကျေနပ်လောက်အောင် ရယ်မောပြီးသွားလေပြီ။ သူက ခပ်ဖွဖွချောင်းဆိုးကာ ရှုပ်ပွနေသောဝတ်ရုံကိုပြင်လျက် ခေါင်းယမ်းလိုက်သည်။ "မဟုတ်ဘူး။ ငါက အဲ့ထဲကို မပါမှာဘဲ စိုးရိမ်နေတာ"
ထိုအချိန်ထိ ကျုံးဝမ်၏နားများ အူနေဆဲဖြစ်ပြီး ခေါင်းမှာလဲ နာကျင်နေသည်။ အကယ်၍ ယွီရှီ၏အသံနှင့် ရင်းနှီးကျွမ်းဝင်နေခြင်းသာမဟုတ်ခဲ့လျှင် တစ်ဖက်လူဘာပြောနေလဲဆိုသည်ကိုပင် နားလည်နိုင်မည်မဟုတ်ပေ။ သူ့နှလုံးထဲတွင် ဒေါသမီးတောက်လောင်လာသည်။ "မင်းသားငယ်မှာ အခွင့်အရေးတောင် မရှိဘဲနဲ့ ဘာလို့များ..."
ယွီရှီက ကျုံးဝမ်၏စိတ်ထဲတွင် ရှိနေသည့်အရာကို သိသည့်အလား စကားပြောနေသည်ကို ရပ်တန့်စေလိုက်သည်။ သူက နောက်တစ်ကြိမ်ထပ်၍ ရယ်ပြန်သည်။ ခဏအကြာတွင် သူကမေးသည်။ "မင်း ဘာတွေတွေးနေတာလဲ"
ယွီရှီက သူ့မျက်နှာပေါ်ရှိအပြုံးကို ကွယ်ပျောက်စေလိုက်သည်။ သူက တည်တည်ငြိမ်ငြိမ်ပင် ဆို၏။ "ငါကလူတိုင်းကို ချောချောမွေ့မွေ့ မနေစေချင်ရုံလေးပါ"
နှစ်တော်တော်များများ၌ အသက်ရှင်ဖို့အရေး အကောင်းဆုံးထက် ပိုကောင်းအောင် ကြိုးစားနေထိုင်ခဲ့ရသော ကျုံးဝမ်တစ်ယောက် ထိုစကားကို ကြားသောအခါ မေ့လဲချင်လောက်အောင်ပင် ဒေါသထွက်သွားရသည်။
သူ ရယ်မောလိုက်ပြီး ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်နေမိသည်။ ဤနှစ်များအတွင်း ရုန်းကန်ခဲ့ရမှုများသည် သူ၏ရည်မှန်းချက်အိပ်မက်များကို ပျက်စီးစေခဲ့ခြင်းဖြစ်နိုင်ပါသည်။ သို့မဟုတ်မူ ထိုစကားများကို ကြားပြီးနောက် ယွီရှီကို သူ့အဖေကိုယ်စား ဆူပူလိုက်ချင်စိတ်များ ဖြစ်ပေါ်နေရမည်နည်း။
အသက်ရှင်နေရတာ မကောင်းဘူးလား။
ကျုံးဝမ်မှာ အလွန်ဒေါသထွက်လာသောကြောင့် သူ၏မျက်ထောင့်များပင် နီလာသည်။
ယွီရှီက သူ့ကိုစူးစမ်းစွာကြည့်နေပြီး သဘောကျသည့်ဟန်ဖြင့် မေးလိုက်သည်။ "ကျုံးဝမ်... မင်းဘာလို့ငါ့ကို ဒီလောက်စိတ်ပူနေရတာလဲ"
ယွီရှီ၏စကားကို ကျုံးဝမ် အဓိပ္ပာယ်မကောက်နိုင်ပေ။ သူက မျက်လွှာကို ပင့်ကြည့်လိုက်ပြီး စိတ်ရှုပ်ထွေးသွားရသည်။ ယွီရှီက လှောင်သည်။ "ငါနားလည်ပါတယ်... မင်းဒီကနေထွက်သွားချင်ရုံပဲဆိုတာ။ မင်းရဲ့စကားတချို့မှာ စိတ်ပူပြဟန်ဆောင်ရင် ငါက ငါတို့ရဲ့အရင်က ရင်းနှီးခဲ့မှုကို သတိရသွားပြီး မင်းကို လွှတ်ပေးမယ်လို့ထင်နေတာမလား။ ဟုတ်တယ်မလား"
ကျုံးဝမ်မှာ မျက်လုံးကိုဖွင့်ထားရန်ပင် ခက်ခဲနေခဲ့သည်။ ယခုအချိန်တွင် သူဆက်ပြီး မတ်တပ်ရပ်နေနိုင်ဖို့ ရှိသမျှအားကို သုံးနေရသည်။ ယွီရှီရှေ့တွင် ကိုယ့်ကိုယ်ကို အရူးသဖွယ် မမြင်ချင်၍သာ မဟုတ်ခဲ့လျှင် ထိုင်ခုံပေါ်တွင် သူထိုင်နေမည်မှာ ကြာပြီဖြစ်သည်။ သူအနေနှင့် ယွီရှီတစ်ခုခု ပြောနေသည်ကိုသိသော်လည်း ပြောနေသည့် အသေးစိတ်အကြောင်းအရာကိုတော့ မသိချေ။
ကျုံးဝမ်၏နဖူးသည် ချွေးစေးများဖြင့် စိုရွှဲနေသည်။ သူက မျက်ခုံးနှစ်ဖက်ကြားနေရာကိုဖိပွတ်ရန် လက်ကိုမြှောက်လိုက်ပြီး အသိစိတ်များ ဝိုးတဝါးဖြစ်လျက် ပြောလိုက်သည်။ "ကျစ်ရုန် ငါ နေရတာအဆင်မပြေဘူး..."
ယွီရှီ တန့်သွားရသည်။ ခေတ္တကြာပြီးနောက်တွင် သူကဆိုသည်။ "ဂျင်းပြုတ်ရည်တစ်ခွက် ပြုတ်ပြီးယူခဲ့"
အစေခံက သူ၏ခေါင်းကိုမော့ကာ နားလည်ကြောင်းပြောပြီး အပြင်သို့ အလျင်အမြန် ထွက်သွားတော့သည်။
ကျုံးဝမ်၏ ကျိုးကြောင်းစဉ်းစားနိုင်မှုသည် အဖျားရောဂါကြောင့် သူ့ထံမှ လုံးဝစွန့်ခွါထွက်ပြေးသွားလေပြီ။ သူက သူ၏ဧည့်သည်ဟူသော နေရာကိုမေ့ကာ အက်ကွဲသောအသံဖြင့် အမိန့်ပေးလိုက်သည်။ "သကြားပိုထည့်ခဲ့"
ယွီရှီ : "..."
အစေခံသည်လည်း လန့်သွားရကာ ယွီရှီကို ကြည့်လိုက်သည်။ ယွီရှီက ခေါင်းညိတ်ပြလိုက်သည်။
ကျုံးဝမ်၏အသိဉာဏ်များ ဝေဝါးနေပြီဖြစ်သည်။ သူ အသိစိတ်ပြန်ဝင်လာချိန်၌ ယွီရှီထိုင်နေခဲ့သောနေရာတွင် သူရောက်နေလေပြီ။ အစေခံက သကြားများများနှင့် ဂျင်းစွပ်ပြုတ်ပန်းကန်ကို ယူဆောင်လာသည်။ ကျုံးဝမ်ထံတွင် မည်သည့်အရာကိုမှ စိတ်ပူရန်အားမရှိပေ။ သူက ပန်းကန်ကိုယူလိုက်ပြီး တစ်ကျိုက်တည်း သောက်လိုက်တော့သည်။
ဂျင်းစွပ်ပြုတ်တစ်ပန်းကန် သောက်ပြီးနောက်တွင် ကျုံးဝမ်၏ ဖြူဖျော့နေခဲ့သောမျက်နှာမှာ အရောင်အဝါများပြန်ပြည့်လာသည်။
ယွီရှီက တိတ်တဆိတ်ပင် ကျုံးဝမ်ကို ကြည့်နေသည်။
အစေခံသည် ကျုံးဝမ်အတွက် နောက်ထပ်တစ်ပန်းကန်ယူခဲ့သည်။ ကျုံးဝမ်မှာ ဖြည်းဖြည်းချင်း တစ်ငုံစီသောက်နေသည်။ မင်းသားယွီ၏အိမ်တော်ရှိ အစေခံများမှာ အရိပ်အကဲကို ကောင်းကောင်းသိသည်။ အအေးမိခြင်းကို တိုက်ထုတ်ရန် အရည်အသွေးကောင်းသည့် ဆေးအချို့ကို ဂျင်းစွပ်ပြုတ်ထဲသို့ ထည့်ထားခဲ့ကြသည်။ မိနစ်သုံးဆယ်ကြာပြီးနောက်တွင် သူ ချက်ချင်းပို၍ နေကောင်းသွားလေပြီ။
ခန္ဓာကိုယ်မှ နာကျင်မှုများပျောက်သွားသည့် ယခုအချိန်တွင်မူ သူ၏စိတ်သည်လည်း ကြည်လင်လာခဲ့သည်။ ထို့ကြောင့် သူပို၍ပင် စိုးရိမ်လာမိသည်။
ယွီရှီ သူ့ကိုဤနေရာသို့ခေါ်လာရန် အခက်အခဲများကို ကျော်ဖြတ်ခဲ့သည်။ မည်သည့်အတွက်ကြောင့်နည်း။
ယွီရှီ ဘာစကားမှမဆိုသောကြောင့် ကျုံးဝမ်သည်လည်း စကားမပြောရဲပေ။ သူတို့နှစ်ဦးသည် ပြောစရာစကား ကင်းမဲ့လျက် မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ တစ်ယောက်က လက်ဖက်ရည်သောက်နေပြီး ကျန်တစ်ယောက်မှာမူ ဆေးသောက်နေခဲ့သည်။
အချိန်အတန်ကြာ ရပ်တန့်နေပြီးနောက်တွင် ယွီရှီက ရုတ်တရက်ပြောသည်။ "ကျုံးဝမ်..."
ကျုံးဝမ်သည် နောက်ဆုံးလက်ကျန်ဂျင်းစွပ်ပြုတ်ကို မြိုချလိုက်ပြီး ပန်းကန်လုံးကို စားပွဲပေါ်သို့တင်လိုက်သည်။ နောက်ဆုံးတွင်မူ အဓိကအကြောင်းကို ယွီရှီ ပြောတော့မည်ဖြစ်ကြောင်း သူသိလိုက်သည်။
နောက်ထပ် သည်းမခံနိုင်ဖွယ် တိတ်ဆိတ်ခြင်းလှိုင်းတစ်ခု ဖြတ်သန်းသွားသည်။
ယွီရှီက စားပွဲမျက်နှာပြင်ကို ညင်သာစွာ ခေါက်နေသည်။ သူ ခပ်ဖြည်းဖြည်းသာ ပြောလိုက်သည်။ "လွန်ခဲ့တဲ့နှစ်တွေတုန်းက ငါကိုယ့်ကိုယ်ကို အကြိမ်တွေအများကြီး မေးဖူးတယ်"
ကျုံးဝမ် မြင်လွှာကို ပင့်ကြည့်လိုက်သည်။ သူဘာကိုဆိုလိုတာလဲ။
သူ အရင်ကအကြောင်းတွေကို တစ်ခုပြီးတစ်ခု အဖြေရှာတော့မှာလား။
ယွီရှီသည် သူ၏မှတ်ဉာဏ်ထဲတွင် နစ်မျောနေဟန်ရှိသည်။ သူက လေးလေးပင်ပင်ပြောသည်။ "အမြဲတမ်း ဇဝေဇဝါဖြစ်နေခဲ့တာ၊ အမြဲတမ်း အဖြေရှာမရဖြစ်နေခဲ့တာ။ ငါ... အပြင်းဖျားတော့ ဦးနှောက်ကို အဖျားပိုးဝင်ပြီး ထိခိုက်သွားတာများလား"
ကျုံးဝမ် ဇဝေဇဝါ ဖြစ်သွားသည်။ "ဟင်"
"ဒါမှမဟုတ် ငါ မတော်တဆ မြင်းပေါ်ကပြုတ်ကျပြီး ခေါင်းကို ထိခိုက်သွားတာလည်း ဖြစ်နိုင်တာပဲ"
ဘာဖြစ်နေလဲဆိုသည်ကို ကျုံးဝမ် နည်းနည်းလေးပင် စဉ်းစားမရပေ။ ဒါကဘယ်ဟာနဲ့ဘာဆိုင်လို့လဲ။
ယွီရှီက ဖြည်းညင်းစွာပြောသည်။ "မင်းဖန်တီးထားတဲ့ အဲဒီဇာတ်လမ်းတွေကို ငါယုံမယ်လုပ်တိုင်း..."
ကျုံးဝမ် ရုတ်တရက် သီးသွားသည်။
ယွီရှီက ကျုံးဝမ်ကို တစ်ချက်ကြည့်လိုက်ပြီး စကားဆက်သည်။ "ငါယုံမယ်လုပ်တိုင်း ငါ့ကိုယ်ငါ မယုံနိုင်ဘူး။ ငါဝေခွဲမရဖြစ်လို့ ငါ ငယ်ငယ်တည်းက ရှိနေခဲ့တဲ့အစေခံတွေကို ငါ့မှတ်ဉာဏ်တွေ ပျောက်သွားသေးလားလို့ မေးဖူးသေးတယ်။ မဟုတ်ရင် ဘယ်လိုလုပ် ငါတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းအကြောင်း ငါတစ်လုံးမှ မမှတ်မိဘဲနေမှာလဲ"
ကျုံးဝမ်မှာ သာမန်ထက်ပို၍ ချောင်းစဆိုးတော့သည်။
ပါးစပ်ကို သူ မြဲမြံစွာအုပ်ထားသည်။ ဤကဲ့သို့အချိန်တွင် သူလုံးဝမရယ်သင့်ပေ။
ယွီရှီ လင်စစ်ကို သတ်နိုင်လျှင် သူ့ကိုလည်း သေချာပေါက် သတ်နိုင်လိမ့်မည်။
သို့သော် ငယ်ရွယ်သော ယွီရှီတစ်ယောက် ကိုယ့်ကိုယ်ကိုယ်သံသယဖြစ်ကာ စိတ်ဓာတ်ပျက်ပြားလျက် သူ့မှတ်ဉာဏ်ပျောက်သွားသလားမေးဖို့ အစေခံအိုကြီးကို တွယ်ကပ်နေမည့်ပုံကို မြင်ယောင်ကြည့်မိသောအခါ ကျုံးဝမ် မိမိကိုယ်မိမိ မတားနိုင်တော့ချေ။
ကျုံးဝမ်က သူ၏ခေါင်းကို ရင်ဘတ်သို့ထိငုံ့ရန် ချောင်းဆိုးခြင်းဟူသော ခေါင်းစဉ်ကို အငှားယူလိုက်သည်။
ယွီကျစ်ရုန်က သူ့ကို တည်တည်ငြိမ်ငြိမ်ပင် ကြည့်နေသည်။ "ရယ်လေ။ ထိန်းမထားနဲ့"
ကျုံးဝမ် ခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းလိုက်သည်။
ယွီကျစ်ရုန်က သူ၏နှုတ်ခမ်းကို မသတီဖွယ် အပြုံးမျိုးဖြစ်အောင် ပြုံးလိုက်သည်။ "လိမ္မာစမ်းပါ။ အားရပါးရရယ်ချလိုက်...မင်းရယ်လိုက်တဲ့ အကြိမ်တိုင်းအတွက် ငါ မင်းကို အဲ့အကြိမ်ရေအတိုင်း ငိုရအောင်ပြန်လုပ်ပေးမယ်"
ကျုံးဝမ်၏ ခြေထောက်များသည် အကြောင်းတချို့ကြောင့် အားမရှိတော့ပေ။ သူ ပုံမှန်အတိုင်းသာဖြစ်ခဲ့လျှင် ထိန်းထားနိုင်မည်ဖြစ်သော်လည်း ယခုကဲ့သို့ ကြားလိုက်ရသောအခါ သူ့ကိုယ်သူမထိန်းချုပ်နိုင်တော့ပေ။ ရယ်သံတစ်ခုက သူ့ထံမှ ထွက်ပေါ်လာတော့သည်။
ယွီကျစ်ရုန် ပြုံးလိုက်သည်။ "အရမ်းကောင်းတယ်။ တစ်ကြိမ်"
ကျုံးဝမ် သူ့ကိုယ်သူ အစွမ်းကုန် ဆိတ်လိုက်သည်။ ပို၍နေကောင်းလာသောကြောင့် ဆက်ထိုင်မနေရဲတော့ပေ။ သူ မတ်တပ်ရပ်လိုက်သည်။
ယွီရှီ၏မျက်နှာအမူအရာသည် ကျုံးဝမ်ကို ကြည့်နေရင်း ပြောင်းလဲသွားသည်။ ရုတ်ချည်းဆိုသလို သူကပြောသည်။ "မင်းသွားလို့ရပြီ"
ကျုံးဝမ် ဆွံ့အသွားရသည်။ သူက... ဒီအတိုင်းပဲ သွားခွင့်ပေးလိုက်တာလား။
ယွီရှီ မတ်တပ်ရပ်လိုက်သည်။ "ငါ ပင်ပန်းနေပြီ။ မင်းသွားလို့ရပြီ"
ကျုံးဝမ်သည်လည်း စိတ်သက်သာရာရကာ သက်မကြီးတစ်ခု ချလိုက်မိသည်။ သူ ပြန်ရန်လှည့်ထွက်လိုက်ချင်းချင်းမှာပင် ယွီရှီ၏ အေးစက်စက်အသံကို ကြားလိုက်ရသည်။ "မင်းရဲ့ စကားမပြောတတ်တဲ့ခွေးကို လည်ပတ်ခိုင်အောင်ချည်ထား။ ငါ့ကို နောက်တစ်ခါ လာမနှောင့်ယှက်စေနဲ့"
ကျုံးဝမ် ရပ်တန့်သွားသည်။ လင်စစ်ကို ဆိုလိုသည်မှန်း သိသောကြောင့် နားလည်ကြောင်း အသံတစ်ချက်ပြုပြီး ထွက်လာခဲ့သည်။
သူ၏ မူလအစီအစဉ်တွင် မင်းကြီး၏မွေးနေ့ပြီးသည်နှင့် လင်စစ်ကို ချန်အန်းသို့ခေါ်သွားရန် စီစဉ်ထားခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် နောက်တစ်ကြိမ် ယွီရှီကို သူ အနှောင့်အယှက်ဖြစ်စေမည်မဟုတ်ပေ။
ကျုံးဝမ်၏ ကနဦးအစီအစဉ်မှာ စီမံပြီးသားဖြစ်သည်။ ချုံအန်းမင်းကြီး၏ သံသယများကို ရှင်းလင်းစေပြီးသည့်နောက်တွင် လူတိုင်းကို ချန်အန်းသို့ ပြန်ခေါ်သွားပြီး နောက်တစ်ကြိမ်မြို့တော်သို့ ခြေချတော့မည်မဟုတ်။ သို့သော် ယခုအချိန်တွင် ရုတ်တရက်ဆိုသကဲ့သို့ သူတွေဝေနေလေသည်။
ယွီရှီ ယခုတွေ့ကြုံနေရသော အခြေအနေများကို တွေးမိပြီး ကျုံးဝမ် စိတ်မပူဘဲ မနေနိုင်ပေ။
မည်သည့်နည်းနှင့်မဆို ရွှမ်ရွေ့သည် မကြာခင်တွင် သူ့ကိုလိုအပ်တော့မည် မဟုတ်ပေ။ သူ့အနေနှင့် ယွီရှီကို ကူညီပြီး ဤအရှုပ်အထွေးများကြားမှ သူကိုယ်တိုင်နုတ်ထွက်အောင် ဖျောင်းဖျကောင်းဖျောင်းဖျနိုင်သည်...
ကျုံးဝမ် ထိုအကြံကို ချက်ချင်းပယ်ဖျောက်လိုက်သည်။
လာမည့်အခြေအနေမှ ဘေးကင်းစွာ ရှောင်ထွက်နိုင်ရန် ဖြစ်နိုင်၊မဖြစ်နိုင်ဟူသည့် မေးခွန်းကို လျစ်လျူရှုထားလျှင်ပင် ယွီရှီကို သူ အကြိမ်ပေါင်းများစွာ လှည့်စားခဲ့ဖူးသည်။ ယွီရှီအနေနှင့် သူ့ကို မည့်သည့်အတွက် ယုံကြည်စွာ အကူညီတောင်းခံမည်နည်း။
မြေခွေးမွေးဝတ်ရုံကို ပို၍လုံစေရန် တင်းတင်းဆွဲလျက် ကျုံးဝမ် ကိုယ့်ကိုယ်ကိုယ်သရော်လိုက်သည်။ ထို့အပြင် ဂုဏ်သိက္ခာနှင့်လည်း သူ အလှမ်းဝေးခဲ့လေပြီ။ သူ့ထံတွင် ယွီရှီကို သွားတွေ့ရန် ပြစရာမျက်နှာကောင်းများလည်း မရှိတော့ပေ။
ယနေ့အဖြစ်အပျက်များကို လင်စစ်အားသတိပေးရန်သာ ယွီရှီ စီစဉ်ထားခဲ့ခြင်းဖြစ်နိုင်သည်။ ယခုအချိန်မှစ၍... ယွီရှီ သူ့ကို နောက်တစ်ကြိမ် ထပ်တွေ့ချင်ဦးမည်ဟု ကျုံးဝမ်မထင်။
သူ့ကို စက်ဆုပ်ရွံရှာသည်ထက်ပင် ပိုဆိုးနေနိုင်သည်။
သုံးလအကြာတွင် ကိုယ့်ဘဝနှင့်ကိုယ်သာ ဆက်ရှိနေကြမည်ဖြစ်သည်။ သူတို့၏ ကျန်ရှိသော ဘဝသက်တမ်းတစ်လျှောက်လုံး နောက်တစ်ဖန် ပြန်လည်တွေ့ဆုံခြင်း မရှိကြတော့မည်မှာလည်း ဖြစ်နိုင်သည်။
တစ်ချိန်တည်းမှာပင် မင်းသားယွီ၏အိမ်တော်၌ အရံအိမ်တော်၏ အိမ်တော်ထိန်းကြီးသည် ယွီရှီအားအိပ်ရာဝင်ရန် ကူညီပြင်ဆင်ပေးနေသည်။ သူက ညင်သာစွာမေးသည်။ "ဆက်ခံသူ ဒီနေ့ သခင်လေးကျုံးကို တွေ့ခဲ့တာလား"
ယွီရှီက ခေါင်းညိတ်ပြသည်။
"ဒီအစေခံအိုကြီးက တံခါးလိုက်ကာကြားကနေ တစ်ခေါက်နှစ်ခေါက်လောက် ကြည့်လိုက်ပါသေးတယ်။ သခင်လေးကျုံးက အရပ်ပိုရှည်လာပြီး ပိုချောလာတာပဲ"
ယွီရှီက မည်သည့်စကားကိုမှမဆိုချေ။
"ဆက်ခံသူနဲ့ သခင်လေးကျုံးရဲ့ ကောလာဟလတွေက တော်တော်လူသိများကြတယ်။ မင်းမျိုးမင်းနွယ်တွေနဲ့ အထက်တန်းလွှာကလူတွေက ဟာသတစ်ခုလိုပဲမြင်ပြီး တကယ်မယုံကြဘူး။ သူတို့က ကျွန်တော်တို့အိမ်တော်နဲ့ လက်ထပ်ထိမ်းမြားဖို့ ကမ်းလှမ်းတာကိုတော့ မရပ်လိုက်ကြပေမဲ့ ဒီလိုမျိုးကတော့ မဟုတ်သေးပါဘူး။ ဒီနေ့ ညကြီးမိုးချုပ် လူမမြင်ကွယ်ရာမှာ တွေ့တာကတော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ ဆက်တိုက်တွေ့နေမယ်ဆိုရင်..."
အိမ်တော်ထိန်းကြီးက တစ်ခုခုကို ပြောချင်ပုံပေါက်သည်။ ယွီရှီမှာ အိမ်တော်ထိန်းကြီး သူ့ကို ပြောချင်နေသည့်အရာကို သိနေသောကြောင့် ခပ်ဖျောဖျော့ပြုံးလိုက်သည်။
"ကျွန်တော့ကို သူနဲ့နောက်တစ်ကြိမ် မတွေ့စေချင်ဘူးလား"
အိမ်တော်ထိန်းကြီးသည် ယွီရှီအား ဤဟာလုပ်၊ ထိုဟာလုပ်ဟူ၍ သွေးတိုးစမ်းကာ မပြောရဲချေ။ သူက အသံကိုနှိမ့်ချလျက် ဆိုသည်။ "တွေ့ဖို့လိုအပ်တယ်လို့ မထင်ရုံပါပဲ"
"မဟုတ်ဘူး။ လိုအပ်တယ်"
ယွီရှီက ရက်စက်စွာ ပြုံးလိုက်သည်။ "ဒီနေ့ သူတစ်ခါပြုံးရင် တစ်ခါငိုစေရမယ်လို့ သူ့ကို ပြောထားတယ်။ နောက်ရက်နည်းနည်းကြာပြီးရင်...သူ့ကိုပြန်ပေးဆပ်ခိုင်းမယ်"
Zawgyi
အချိန်အတန်ကြာသည်အထိပင် ကျုံးဝမ်သည် အိပ်မက်ကနေ ယခုချိန်ထိ နိုးထမလာသေးဟု ထင်နေမိသည်။
သူ၏အိပ်မက်သည် လွန်ခဲ့သည့် ဆယ်နှစ်က ကျုံးဝမ်နန်းတွင်းထဲသို့ စာဖတ်ဖော်အဖြစ် ဝင်ရောက်ခဲ့စဉ်ကာလဖြစ်သည်။
(ကျစ်ချိန်ခန်းမ - ထန်မင်းဆက်နှင့် စုန့်မင်းဆက်များတွင် ဘုရင်နှင့် နိုင်ငံခြားတံတမန်များတွေ့ဆုံသည့် ခန်းမ)
ကျုံးဝမ်သည် အရက်မူးသော်လည်း အမူအရာမပျက်ပါ။ သူသည် အနည်းငယ် ရီဝေလာရုံမျှသာရှိသည်။ နန်းတော်မှပြန်အထွက်တွင် သူလမ်းပျောက်သွားခဲ့သည်။ သူသည် ခေါင်းမူးနေသောကြောင့် ခေတ္တအနားယူရန် ရှုခင်းကြည့်နားနေဆောင်တွင် ထိုင်ချလိုက်သည်။
ကျုံးဝမ်သည် ယဉ်ကျေးမှုမရှိဖြစ်နေသည်ဟု ခံစားရသောကြောင့် ပြုံးလျက်ဖြင့် သေသေချာချာဒူးထောက်ကာ နှုတ်ဆက်လိုက်သည်။ "မင်းသားနင်"
ယွီရှီ : "..."
နေ့လည်ခေါင်ကြီးတွင် ယွီရှီလေးတစ်ယောက်သည် နေရင်းထိုင်ရင်းနှင့်ပင် တော်ဝင်ဉယျာဉ်ထဲတွင် တစ်စုံတစ်ဉီး၏ဖခင် ဖြစ်ခဲ့လေတော့သည်။
ယွီရှီသည် အချိန်ခဏတော့ စောင့်နေသေးသည်။ ကျုံးဝမ် ပြန်ဖြေလာမည်မဟုတ်မှန်း တွေ့ရသောအခါမှသာ မေးလိုက်သည်။ "မင်း ထနိုင်ရဲ့လား"
ယခင်က သူသည် ကျွန်ဖြစ်သွားခဲ့ပြီးနောက်တွင် ယွီရှီ၏ ဝယ်ယူခြင်းကို ခံခဲ့ရသည်။ ယွီရှီသည် သူ့အားခေါ်ယူကာ ဤနေရာတွင် နေထိုင်စေခဲ့သည်။
ယွီရှီသည် သူ့အား အနွေးခန်းထဲသို့ ခေါ်ဆောင်သွားသည်။ ကျုံးဝမ်သည် ခေါင်းအစခြေအဆုံး အေးခဲနေသည်ဖြစ်ရာ ထိုကဲ့သို့ နွေးထွေးနေသည့်နေရာသို့ ရုတ်တရက်ဝင်သွားရခြင်းမှာ သူ့တစ်ကိုယ်လုံးအား အနည်းငယ်တုန်ယင်သွားစေသည်။
(အနွေးခန်း - အခြားအခန်းများထက် ပိုသေး၍ မီးဖိုဖြင့် အမြဲနွေးစေရန် စီမံထားသောနေရာ)
ယွီရှီသည် ထိုင်ချလိုက်သည်။ အစေခံတစ်ယောက်က သူ့အား ရေနွေးကြမ်းပူပူတစ်ခွက် လာချပေးလေသည်။ သူသည် ခွက်ကိုကိုင်မကာ ရေနွေးကြမ်းကို ဖြည်းညင်းစွာ အရသာခံနေသည်။
ကျုံးဝမ်သည် ထိုနေရာတွင် ရပ်လျက်ပင် ယွီရှီအား တိတ်တဆိတ် ငေးကြည့်နေသည်။
ကျုံးဝမ်သည် အတန်ငယ်စဉ်းစားနေပြီးမှ အသံနေအသံထားကို သေချာရွေးပြောသည်။ "ချန်အန်းကို သွားပြီးနောက်မှာ ပတ်ဝန်းကျင်သစ်မှာ ချက်ချင်းနေသားတကျမဖြစ်ခဲ့ပဲ နေမကောင်းဖြစ်ခဲ့တယ်။ အဲ့အချိန်ကစပြီး ကျွန်တော်က အားနည်းပြီး ဖျားနာလွယ်တော့တာပဲ... မင်းသားရှေ့မှာ ပြောစရာဖြစ်စေတဲ့အတွက် တောင်းပန်ပါတယ်"
ကျုံးဝမ်သည် ခေါင်းကိုက်ရာမှ ပြင်းထန်သောနာကျင်မှုကို လျစ်လျူရှုပြီး စကားကို ရုန်းရုန်းကန်ကန် ပြောလိုက်သည်။ "ကျွန်တော့်ရဲ့ နိမ့်ကျလှတဲ့ ခန္ဓာကိုယ်က မင်းသားစိတ်ပူဖို့ မထိုက်တန်ပါဘူး"
ယွီရှီသည် ကျုံးဝမ်လိမ်နေသည်ကို သိသည့်အလား လှောင်လိုက်သည်။ သို့သော် ဘာမှတော့မပြောဘဲ ရေနွေးကြမ်းကိုသာ သောက်နေသည်။
ယွီရှီသည် တစ်ယောက်တည်း ရေနွေးသောက်ရာတွင် စီးမျောပြီး ကျုံးဝမ်ရှိနေသည်ကိုပင် မေ့သွားခဲ့သည်။ ကျုံးဝမ်သည် သူ၏လက်ချောင်းများကို ဖြည်းညင်းစွာ လှုပ်ရှားလိုက်သည်။ ယခုအချိန်တွင် သူ့အင်အားအလုံးစုံကို ယွီရှီထံတွင် ပုံအပ်ထားသင့်သည်ကို သိသော်လည်း သူ့စိတ်မှာမူ ရောက်တတ်ရာရာ တွေးနေမိသည်။
ဤနှစ်များအတွင်း သူဘာဖြစ်သွားသနည်း။
ငယ်ရွယ်စဉ်တွင် ကျုံးဝမ်သည် နန်းတော်တွင်းရော နန်းတော်ပြင်ရောတွင် အချိန်ကုန်ခဲ့ဖူးသည်။ သူသည် လျို့ဝှက်ချက်တစ်ခုကို ကြားခဲ့ဖူးသည်။
ကောလဟလများအရ ယွီရှီသည် မင်းသားယွီ၏ သားအရင်းမဟုတ်ဘဲ ချုံအန်းမင်းကြီး၏ တရားမဝင်သား တစ်ယောက်သာဖြစ်သည်ဟုဆို၏။
သေချာပေါက်ပင် ဒီလို ကောလဟလမျိုးကို ဖြန့်ဖို့ဆို အခြေခံအကြောင်း ရှိရသည်။
သို့သော်...
ကျုံးဝမ်သည် မျက်မှောင်ကို အသာကြုတ်လိုက်သည်။ ချုံအန်းမင်းကြီးသည် ယွီရှီကို မျက်နှာသာပေးလွန်းပေမဲ့ ဘာကြောင့်မင်းသမီးတစ်ပါးကို မပေးချင်ရသနည်း။ ဆွေမျိုးတစ်ယောက်ကို လက်ထပ်ခြင်းဖြင့် သွေးသားကို ထိန်းသိမ်းရာရောက်ပြီး တော်ဝင်မိသားစုနှင့် မတူညီသော မျိုးရိုးနာမည်နှင့် ပထမအဆင့်မင်းသားတို့ကြား ဆက်ဆံရေးကိုလည်း ပိုမိုခိုင်မာစေသည်။ မကောင်းသောအချက် မည်တွင်ရှိသနည်း။
စတုတ္ထမင်းသားရွှမ်ကျင်းနှင့် ပဉ္စမမင်းသားရွှမ်ချုံအနေနဲ့လည်း သိကြမှာပဲမဟုတ်ပါသလား။
သူတို့သည် မင်းသားနင်၏ သားနှစ်ယောက်ကိုတောင် စိုးရိမ်နေလျှင် ယွီရှီကို မည်ကဲ့သို့ မြင်ကြမည်နည်း။
ချုံအန်းမင်းကြီးသည် ယွီရှီ၏ ဇာတ်မြစ်အစစ်အမှန်ကို သိသော်လည်း ရွှမ်ကျင်းနှင့်ရွှမ်ချုံတို့မှာ မသိကြချေ။
ကျုံးဝမ်သည် နားများအူနေပြီး ဆက်လက်၍ မတ်တပ်ရပ်မနေနိုင်လုနီးပါးပင်။ သူသည် အလွန်တရာနာကျင်နေသောကြောင် ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ လှစ်ခနဲ စကားထွက်သွားသည်။ "လွန်ခဲ့တဲ့နှစ်တွေအတွင်းမှာ မင်းသားအနေနဲ့ အများကြီးလုပ်ခဲ့ပြီးပြီ။ အဲ့ဒါ မင်းသားအနေနဲ့ ထီးနန်းလုတဲ့ကိစ္စကို ရှောင်ချင်လို့လုပ်ခဲ့တာလား"
ယွီရှီသည် ခေတ္တကြက်သေသေသွားပြီး ရုတ်တရက်ထရယ်လိုက်သည်။
ယွီရှီသည် ကျုံးဝမ်၏စိတ်ထဲတွင် ရှိနေသည့်အရာကို သိသည့်အလား ရပ်တန့်စေလိုက်သည်။ သူသည် နောက်တစ်ကြိမ်ထပ်၍ ရယ်ပြန်သည်။ ခဏအကြာတွင် သူကမေးသည်။ "မင်း ဘာတွေတွေးနေတာလဲ"
နှစ်တော်တော်များများကို အသက်ရှင်ဖို့အရေး အကောင်းဆုံးထက်ပိုကောင်းအောင် ကြိုးစားနေထိုင်ခဲ့ရသော ကျုံးဝမ်တစ်ယောက် ထိုစကားကို ကြားသောအခါ မေ့လဲချင်လောက်အောင်ပင် ဒေါသထွက်သွားရသည်။
ကျုံးဝမ်သည် အလွန်အကြူးကိုပင် ဒေါသထွက်လာသောကြောင့် သူ၏မျက်ထောင့်များပင် နီလာသည်။
အစေခံသည် သူ၏ခေါင်းကိုမော့ကာ နားလည်ကြောင်းပြောပြီး အပြင်သို့ အလျင်အမြန်ထွက်သွားသည်။
ကျုံးဝမ်သည် ကျိုးကြောင်းစဉ်းစားနိုင်မှုသည် အဖျားရောဂါကြောင့် သူ့ထံမှ လုံးဝစွန့်ခွာထွက်ပြေးသွားသည်။ သူသည် သူ၏ဧည့်သည်ဟူသော အသွင်ကိုမေ့ကာ အက်ကွဲသောအသံဖြင့် အမိန့်ပေးလိုက်သည်။ "သကြားပိုထည့်ခဲ့"
ယွီရှီ : "..."
ကျုံးဝမ်သည် အသိဉာဏ်များဝေဝါးနေပြီဖြစ်သည်။ သူအသိစိတ်ပြန်ဝင်လာချိန်တွင် ယွီရှီထိုင်နေခဲ့သောနေရာတွင် သူရောက်နေလေပြီ။ အစေခံသည် သကြားများများနှင့် ဂျင်းစွပ်ပြုတ်ပန်းကန်ကို ယူဆောင်လာသည်။ ကျုံးဝမ်သည် မည်သည့်အရာကိုမျှ စိတ်ပူရန်အားမရှိပေ။ သူသည် ပန်းကန်ကိုသာ ကောက်ယူလိုက်ပြီး တစ်ကျိုက်တည်းသောက်လိုက်သည်။
ဂျင်းစွပ်ပြုတ်တစ်ပန်းကန်သောက်ပြီးနောက်တွင် ကျုံးဝမ်၏ ဖြူဖျော့နေခဲ့သောမျက်နှာမှာ အရောင်အဝါများပြန်ရှိလာသည်။
ယွီရှီသည် တိတ်တဆိတ်ပင် ကျုံးဝမ်ကို ကြည့်နေသည်။
သူ၏ခန္ဓာကိုယ်မှ နာကျင်မှုများပျောက်သွားသည့် ယခုအချိန်တွင် သူ၏စိတ်သည်လည်း ကြည်လင်လာခဲ့သည်။ ထို့ကြောင့် သူသည်ပို၍ပင် စိုးရိမ်လာသည်။
ယွီရှီသည် သူ့ကိုဤနေရာသို့ခေါ်လာရန် အခက်အခဲများကို ကျော်ဖြတ်ခဲ့ရသည်။ အဘယ်အတွက်ပါလိမ့်။
ယွီရှီသည် ဘာစကားမှမဆိုသောကြောင့် ကျုံးဝမ်သည်လည်း စကားမပြောရဲပေ။ သူတို့နှစ်ဉီးသည် ပြောစရာစကားကင်းမဲ့လျက် မျက်နှာချင်းဆိုင်ထိုင်နေကြသည်။ တစ်ယောက်သည် ရေနွေးကြမ်းသောက်နေပြီး ကျန်တစ်ယောက်မှာမူ ဆေးသောက်နေသည်။
ယွီရှီသည် စားပွဲမျက်နှာပြင်ကို ညင်သာစွာ ခေါက်နေသည်။ သူက ခပ်ဖြည်းဖြည်းသာ ပြောသည်။ "လွန်ခဲ့တဲ့နှစ်တွေတုန်းက ငါကိုယ့်ကိုယ်ကိုယ် အကြိမ်တွေအများကြီး မေးဖူးတယ်"
ကျုံးဝမ်သည် မြင်လွှာကို ပင့်ကြည့်လာသည်။ သူဘာကိုဆိုလိုတာလဲ။
သူက အရင်ကအကြောင်းတွေကို တစ်ခုပြီးတစ်ခု အဖြေရှာတော့မှာလား။
ကျုံးဝမ်သည် မရေမရာဖြစ်သွားသည်။ "ဟင်"
"ဒါမှမဟုတ် ငါမတော်မတ မြင်းပေါ်ကပြုတ်ကျပြီး ငါ့ခေါင်းကို ထိခိုက်သွားတာလည်း ဖြစ်နိုင်တာပဲ"
ကျုံးဝမ်သည် ရုတ်တရက် သီးသွားသည်။
ကျုံးဝမ်သည် သာမန်ထက်ပို၍ ချောင်းစဆိုးတော့သည်။
ယွီရှီသည် လင်စစ်ကို သတ်နိုင်လျှင် သူ့ကိုလည်းသေချာပေါက်သတ်လိမ့်မည်။
သို့သော် ငယ်ရွယ်သောယွီရှီတစ်ယောက် ကိုယ့်ကိုယ်ကိုယ်သံသယဖြစ်ကာ စိတ်ဓာတ်ပျက်ပြားလျက် သူ့မှတ်ဉာဏ်ပျောက်သွားသလားမေးရန် အစေခံအိုကြီးကို တွယ်ကပ်နေမည့်ပုံကို မြင်ယောင်ကြည့်မိသောအခါ ကျုံးဝမ်သည် မိမိကိုယ်ကိုယ် မတားနိုင်ချေ။
ကျုံးဝမ်သည် သူ၏ခေါင်းကို ရင်ဘတ်သို့ငုံ့ရန် ချောင်းဆိုးခြင်းဟူသော ခေါင်းစဉ်ကို အငှားယူလိုက်သည်။
ယွီကျစ်ရုန်သည် သူ့ကို တည်တည်ငြိမ်ငြိမ်ပင် ကြည့်နေသည်။ "ရယ်လေ။ ထိန်းမထားနဲ့"
ကျုံးဝမ်သည် ခေါင်းကို ပြင်းပြင်းထန်ထန် ခါရမ်းလိုက်သည်။
ယွီကျစ်ရုန်သည် သူ၏နှုတ်ခမ်းကို မသတီစရာအပြုံးမျိုးဖြစ်အောင် ပြုံးလိုက်သည်။ "လိမ္မာစမ်းပါ။ အားရပါးရရယ်ချလိုက်...မင်းရယ်လိုက်တဲ့အကြိမ်တိုင်းအတွက် ငါမင်းကို အဲ့အကြိမ်အတိုင်း ငိုအောင်ပြန်လုပ်ပေးမယ်"
ယွီကျစ်ရုန်သည် ပြုံးလိုက်သည်။ "အရမ်းကောင်းတယ်။ တစ်ကြိမ်"
ကျုံးဝမ်သည် သူ့ကိုယ်သူ အစွမ်းကုန်ဆိတ်လိုက်သည်။ သူသည် ပို၍နေကောင်းသွားသောကြောင့် ဆက်ထိုင်မနေရဲတော့ပေ။ သူမတ်တပ်ရပ်လိုက်သည်။
ယွီရှီသည် မတ်တပ်ရပ်လိုက်သည်။ "ငါ ပင်ပန်းနေပြီ။ မင်းသွားလို့ရပြီ"
သူ၏ မူလအစီအစဉ်တွင် မင်းကြီး၏မွေးနေ့ပြီးသည်နှင့် လင်စစ်ကို ချန်အန်းသို့ခေါ်သွားရန် စီစဉ်ထားခဲ့သည်။ ထို့ကြောင့် သူသည် နောက်တစ်ကြိမ် ယွီရှီကို အနှောင့်အယှက်ဖြစ်စေမည်မဟုတ်ချေ။
ကျုံးဝမ်သည် ယွီရှီယခုတွေ့ကြုံနေရသော အခြေအနေများကို တွေးမိပြီး စိတ်မပူဘဲမနေနိုင်ပေ။
ကျုံးဝမ်သည် ထိုအကြံကို ချက်ချင်းပယ်ဖျောက်လိုက်သည်။
လာမည့်အခြေအနေမှ ဘေးကင်းစွာ ရှောင်ထွက်နိုင်ရန် ဖြစ်နိုင်မဖြစ်နိုင်ဟူသည့် မေးခွန်းကို လျစ်လျူရှုထားလျှင်ပင် သူသည် ယွီရှီကို အကြိမ်ပေါင်းများစွာ လှည့်စားခဲ့ဖူးသည်။ ယွီရှီအနေဖြင့် သူ့ကို မည့်သည့်အတွက်နှင့် ယုံကြည်စွာ အကူညီခံမည်နည်း။
ယွီရှီသည် ယနေ့အဖြစ်အပျက်များကို လင်စစ်အားသတိပေးရန်သာ စီစဉ်ထားခဲ့ခြင်းဖြစ်နိုင်သည်။ ယခုအချိန်မှစ၍... ယွီရှီသည် သူ့ကို နောက်တစ်ကြိမ် ထပ်တွေ့ချင်ဉီးမည်ဟု ကျုံးဝမ်မထင်ပါ။
သူသည် စက်ဆုပ်ရွံရှာသည်ထက်ပင် ပိုဆိုးနေနိုင်သည်။
သုံးလအကြာတွင် ပိုနေမြဲကျားနေမြဲအတိုင်းသာ ဆက်ရှိနေကြမည်ဖြစ်သည်။ သူတို့၏ ကျန်ရှိသောဘဝသက်တမ်းတစ်လျှောက်လုံး နောက်တစ်ဖန်ပြန်လည်မတွေ့ဆုံကြတော့မည်မှာလည်း ဖြစ်နိုင်ပါသည်။
ယွီရှီသည် မည်သည့်စကားမျှမဆိုချေ။
အိမ်တော်ထိန်းကြီးသည် တစ်ခုခုကိုပြောချင်ပုံပေါက်သည်။ ယွီရှီသည် အိမ်တော်ထိန်းကြီး သူ့ကို ပြောချင်နေသည့်အရာကို သိနေသောကြောင့် ခပ်ဖျောဖျော့ပြုံးလိုက်သည်။
"မဟုတ်ဘူး။ လိုအပ်တယ်"
Continue Reading
You'll Also Like
554K 99.8K 70
Author: Fly Far, 向远飞 Genre: Action, Comedy, Fantasy, Mecha, Romance, Sci-fi, Shounen Ai, Xuanhuan Status: 63 chapters + 4 extras Associated Name: 拜我...
88.2K 3.3K 87
173K 16.6K 154
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မွားယြင္းေသာ လက္ထ...
684K 117K 140
ဟောပိုင်က ထီဆုကြီးပေါက်ကာ ချမ်းသာလာပြီး သူ့ဘဝရဲ့အကောင်းဆုံးအချိန်တွေကို အေးဆေးစွာ ဖြတ်သန်းနေချိန် .. မမျှော်လင့်စွာနှင့် တိုက်ပေါ်မှ အတွန်းချခံရကာ မတ...