ခေတ်သစ် ငရဲသစ်//MM Translatio...

By May_Nineee

261K 46.9K 2.4K

Associated name-新时代新冥界 (New Times, New Hell) AUTHOR-林知落(Lin Zhi Luo) Total Chapters- 134+10extras More

Synopsis
-1- (ဘ၀စီမံခန့်ခွဲရေး ကုမ္ပဏီ)
-2- (တစ္ဆေတစ်ကောင်နှင့် အလုပ်သမားအခွင့်အလမ်းများအကြောင်း အတိုက်အခံလုပ်နေမိခြင်း)
-3- (လူ့ကမ္ဘာရှိ ပရလောကအဖွဲ့အစည်း)
-4- (မကောင်းဆိုးဝါးဝိဉာဉ်တစ်ကောင်အား ဖမ်းဆီးခြင်း)
-5- (သေခြင်းရှင်ခြင်း အကောင့်များ)
-6- (ဓာတ်လှေကား ကယ်ဆယ်ရေး)
-7- (သူဌေးအကြိုက်)
-8- (ရုပ်သေးရုပ်)
-9- (ရှေးဟောင်းရေတွင်းပြန်လည်၀င်စားခြင်းစုရပ်)
-10- (သုံးဘ၀တိုင် တိရစ္ဆာန်ဘ၀နှင့်)
-11- (ခေတ်နောက်ကောက်ကျနေသော မြေအောက်လောက ဥပဒေများ)
-12- (နတ်ဘုရားတို့၏ တိုက်ပွဲ)
-13- (မြေအောက်လောကစွမ်းအင်ရှာဖွေရေးကိရိယာ)
-14- (နှစ်လရှည်ကြာ ဒုံရင်းမြဲ ဒုံရင်းဆဲ)
-15- (လက်ဗလာဖြင့် သရဲဖမ်းခြင်း)
-16- (သရဲတစ္ဆေ ပုံရိပ်ဖော်ခြင်း နည်းပညာ)
-17- (အမြတ် စတင်ရရှိလာခြင်း)
Part-18 (တစ္ဆေဘုရင်၏ အမှတ်တံဆိပ်)
-19- (တစ္ဆေဘုရင်အား ဖိတ်ကြားခြင်း)
-20.1- (နတ်ဘုရားများကို ဖိတ်ကြားရန် ခေတ်မီနည်းလမ်းသစ်)
-20.2-
-21- (မြေအောက်လောကနှင့် ဆက်သွယ်နိုင်စေရေး ၀န်ဆောင်မှု)
-22- (မိုးကြိုးလျှပ်စီး)
-23.1- (ရွှေအိုရောင်ယုန်‌မွှေး စဉ့်ရည်သုတ်လက်ဖက်ရည်ခွက်)
-23.2-
-24- (သူဌေးက လူမဟုတ်ပါ)
-25- (လက်ကားဈေးဖြင့် အော်ဒါတင်လာခြင်း)
-26- (ဆုံတွေ့ဖို့ရာ ကံပါလာသော product manager)
-27- (အာရုံစိုက်ခံ လူတန်းစား)
-28- (ငါ မင်းကို ရှယ်ယာတွေပေးမယ်)
-29- (နတ်ဘုရားလို သူဌေး)
-30- (ယမမင်းဟာ တရားခွင်မစခင် ပထမဦးစွာ သံဘောလုံးကို မြိုချလေ့ရှိတယ်)
-31- (မြေအောက်လောကစွမ်းအင် သန့်စင်စက်)
-32.1- (မရဏပြည်၏ လက်အောက်ခံ ကုမ္ပဏီရုံးခွဲအသစ်)
-32.2-
-33- (၀မ်းဗိုက်တွင်း ကျက်စားသော တစ္ဆေငယ်)
-34- (အတင်းအကြပ် ငွေကောက်ခံမှု)
-35- (တစ္ဆေကလေးမလေးအား စတေးခံခြင်း)
-36- (ခေတ်သစ်တစ္ဆေဆင့်ခေါ်နည်း)
-37- (တမလွန်ဘ၀အတွက် အစီအစဉ်များ)
-38- (Cp poll)
-39- (စီးပွားရေးတစ်ခု စတင်ရတာလည်း မလွယ်ကူလှပါ)
-40- ဥပါဒါန်(စွဲလမ်းရာ)
-41.1- (စွဲလမ်းခြင်းအစပြုရာ)
-41.2-
-42- (အမြတ်မရသောထုတ်ကုန်)
-43.1- (အရူးအနှမ်းများ ဖန်ဒမ်းထဲမှ ထွက်ခွာသွားခြင်း)
-43.2-
-44- (၀ယ်လိုအား တစ်စတစ်စ တိုးများလာခြင်း)
-45- (သေခြင်းရှင်ခြင်း စာရင်းဇယား system ဗားရှင်းအသစ် ထုတ်လွှင့်)
-46- (ဘုန်းတန်ခိုးကြီးမြတ်လှသော တောက်ဓမ္မဆရာတော်များ စုဝေးရာ မိသားစု)
-47- (သိပ္ပံနည်းကျ ကျင့်ကြံရေး)
-48- (နည်းပညာရှင် ထိပ်သီးအစည်းအဝေး)
-49- (ဖိုရမ်ပေါ်ရှိ နာမည်ကြီး ဒိန်ခဲတုံးကြီး သုံးတုံး)
-50- (နည်းပညာ၏ ဒိဗ္ဗစက္ခုဉာဏ်)
-51- (အရေးပါသောသူ ၀င်ရောက်လာမှု)
-52 (တစ္ဆေပွဲတော် ပန်းခြံ ပါတီ)
-53- (တစ္ဆေပွဲတော် ဈေးရောင်းပွဲ)
-54- (မြေအောက်လောက ထိပ်တန်းမြင်ကွင်း ရှစ်မျိုး)
-55- (တစ္ဆေရာချီ စီတန်းလှည့်လည်ပွဲ)
-56- (တုံးအသော ကလေးများ)
-57.1- (အထီးကျန်ဖွယ် လော့ဖုန်းတောင်)
-57.2-
-58- (တစ္ဆေစျေးတန်းမှ ပစ္စည်းများအား အလွယ်တကူ ၀ယ်ယူနိုင်မည့် ပလက်ဖောင်း)
-59.1- (သန့်စင်စက်အကြောင်း စကားနိုင်လု)
-59.2-
-60- (အပန်းဖြေဥယျာဉ်မှ စတော့ရှယ်ယာများ ၀ယ်ယူခြင်း)
-61- (ဒိတ်လုပ်ခြင်း)
-62- (ဖျော်ဖြေရေးနတ်ဘုရားများ)
-63- (အွန်လိုင်း သက္ကတ္ထ)
-64.1- (ဘဝစီမံခန့်ခွဲရေး application)
-64.2-
-65- (ပရိုဂရမ်မာများက ဘယ်တော့မှ တစ္ဆေနှင့် ကြုံတွေ့ရလေ့မရှိပါ‌လေ)
-66- (သေဆုံးခြင်း အစားထိုးမှု)
-67- (တစ္ဆေက ဝိဥာဥ်ကို ခေါ်ခြင်း)
-68- (ကြိုပြီး မြင်တွေ့ခွင့်ရလိုက်တဲ့ အနာဂတ်ဖြစ်ရပ်လေး)
-69- (လူသတ်မှု စစ်ဆေးမေးမြန်းခြင်း)
-70- (ပရိုမိုးရှင်း ဆင်းရာ၌ အခက်အခဲများ)
-71- (ပြန်လည်၀င်စားခြင်း)
-72- (ပရိုဂရမ်၌ ဗိုင်းရပ်စ်ထည့်ခြင်း)
-73- (အပ်ပေါက်လည်ချောင်း ဆာလောင်မွတ်သိပ်တစ္ဆေ)
-74- (ဆာလောင်မွတ်သိပ် တစ္ဆေ လမ်းကြောင်း)
-75- (မီးမှုတ်လည်ချောင်း ဆာလောင်မွတ်သိပ် တစ္ဆေ)
-76- (မရဏပြည်ရဲ့ အဆုံးအစမဲ့ အနန္တမီးတောက်)
-77- (ငါပဲ ဖြစ်ရမယ်)
-78- (ကောလဟာလများကို အတည်ပြုပေးခြင်း)
-79- (ငန်းကလေး Peppa)
-80- (Sagittarius Band)
-81- (ဘတ်စ်ကား မှားတက်မိခြင်း)
-82- (တစ္ဆေဘတ်စ်ကား)
-83- (ရှင်သန်နေသော သေဆုံးသူ)
-85- (ရုပ်ရှင်အတူတူ ကြည့်ကြခြင်း)
-86- (အတု‌အယောင် ရုပ်ရှင်ပြသပွဲ)
-87- (ဖွင့်ပြောဖို့ စီစဉ်နေခဲ့တာ မဟုတ်ရပါ)
-88- (ပြီးဆုံးသွားသော ဇာတ်ကြောင်း)
-89- (CEO က ရှေးဟောင်းပစ္စည်းတွေအကြောင်း နားမလည်ပါ)

-84- (တစ္ဆေဘုရင်အား အ၀တ်လဲခြယ်ပေးရခြင်း ဂိမ်းပြိုင်ပွဲ)

1K 256 49
By May_Nineee

(Unicode)

နောက်တစ်နေ့ အလုပ်တွင် ယွိကျန်းတုလည်း ရှန်းချွယ့်၏ တောင်းဆိုချက်အတိုင်း Peppa ဥဆီ သွားလည်ရသည်။

သို့ရာတွင် သူ ရှန်းချွယ့်၏ ရုံးခန်းထဲ ရောက်ရောက်ချင်းပဲ ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။

ထူးထူးဆန်းဆန်းပါပဲ ရှန်းချွယ့်က သူ့ရုံးခန်းအတွင်းတွင် Mozart သီချင်းများ ဖွင့်ထားသည်တဲ့လေ။
ထို သံစဉ်များကြောင့် ယွိကျန်းတုပင် သူ့ကိုယ်သူ စိတ်ဝိဉာဉ်ရော ကိုယ်ခန္ဓာပါ သန့်စင်ခံလိုက်ရသလို ခံစားမိသွားသည်။

အံ့ဩစွာဖြင့် သူ ရှန်းချွယ့်အား ကြည့်လိုက်၏။
"သူဌေး...ဘယ်အချိန်ကတည်းကစပြီး အခုလို ဂန္တ၀င်တေးသံတွေ ကြိုက်သွားရတာလဲ?"

ဇွဲနပမ်းကြီးလှစွာဖြင့် သွေးအေးတိုက်ပွဲ မပြီးသေးကြောင်း အတေးအမှတ်ကြီးထားသည့် ရှန်းချွယ့်က အကြည့်အေးစက်စက်တစ်ခုဖြင့်သာ တုံ့ပြန်လာသည်။

သူက ယွိကျန်းတုကို ပါးစပ်ပိတ်ဖို့ရန် ရှူး ဟု လက်အမူအရာ လုပ်ပြလာ၏။
"ဒါ Peppa ကို လူလားမမြောက်သေးခင် ဥဘဝကတည်းက ကျန်းကျန်းမာမာနဲ့ ဥပေါက်လာစေဖို့ ပျိုးထောင်ပေးတဲ့ သီချင်းပဲ"

ယွိကျန်းတု :"............"

ရှန်းချွယ့် မျက်နှာ၌ တာ၀န်၀တ္တရားများစွာကို သယ်ပိုးထားရသည့် ပုံပေါက်နေခဲ့လေသည်။
"အခုလို ငယ်ငယ်လေးကတည်းက နည်းပြ ပေးထားဖို့က တကယ် အရေးကြီးတာ
ငါ Peppa ဥပေါက်တဲ့အချိန်ကျ music taste မရှိတဲ့ ကလေးမျိုး မဖြစ်လာအောင် အခုကတည်းက ထိန်းကျောင်းသွားမလို့"

ယွိကျန်းတုမှာ ပြန်ပြောစရာ စကားပင် မရှိပါလေ။ ထို့အတွက် သားဖောက်မည့် ငှက်သိုက်ရှိရာ ရှေ့တည့်တည့်မှာ ကတုန်ကယင် ထိုင်ချရင်း ဥတစ်ဥအား ၀ပ်ပေးနေသည့် ဖြူဖွေးဖွေး ဘဲမကြီးကို ကြည့်လိုက်လေသည်။

သူ ရောက်လာတာကို သတိထားမိတာနှင့် ထိုဘဲမကြီးကလည်း ဥပေါ်၌ တက်ထိုင်ထားသည်ကို ဖင်နည်းနည်းကြွပေးပြီး ဥ အခြေအနေအား တစ်စိတ်တစ်ပိုင်း ပြသပေးလာသည်။

ယွိကျန်းတုလည်း ထို ဥ တစ်ပိုင်းတစ်စလေးအား လက်ဖြင့် ခပ်ဖွဖွလေး ပွတ်သပ်ပေးလိုက်သည်။ သူ၏ အကြည့်များက ဒီလိုခေတ်ကြီးထဲ မွေးဖွားလာရမည့် ပေါက်စနလေးအပေါ် ဂရုဏာ သက်မိနေသည့် အကြည့်မျိုး ပါ၀င်နေ၏။

Peppa ရေ....
မင်းတော့ အာကာသဒုံးပျံသိပ္ပံပညာရှင် ဖြစ်လာရင် ဖြစ်လာ မဟုတ်လို့ ဂီတပညာရှင်တွေ ဖြစ်လာရင် ဖြစ်လာ တစ်ခုမဟုတ်တော့ တစ်ခု ဖြစ်မြောက်မှ တော်ကာကျမယ်နော်
မဟုတ်ရင် မင်းတော့ မင်းရဲ့ တစ္ဆေဘုရင်ဖေဖေရဲ့
အားသွန်ခွန်စိုက် ကြိုးစားအားထုတ်ပေးမှုတွေကို သဲထဲရေသွန် ဖြစ်အောင် လုပ်မိတော့မယ်...

မင်းကိုယ်တိုင်ကလည်း ငန်း လေး ဆိုပေမယ့်....

သဘာ၀အလျောက် ဥပေါက်သည့်ဖြစ်စဉ်အား မဖျက်စီးစေမိဖို့ အရေး ယွိကျန်းတုလည်း ဥအား ခဏသာ ကိုင်ကြည့်၍ မတ်တပ်ရပ်လိုက်၏။

ထိုသို့ မတ်တပ်ထလိုက်သည့်အခါ ပို၍တောင် အံ့ဩသွားရသည့် နောက်ထပ် ဖြစ်ရပ်တစ်ခုနှင့် ကြုံဆုံရသည်။

သူ မျက်စိရှေ့က ကွန်ပျူတာမျက်နှာပြင်ကို တစ်ချက် ရှန်းချွယ့်၏ မျက်နှာအား တစ်ချက်ကြည့်ရှုလိုက်လေသည်။

".......သူဌေး! ပြောတော့ကျ Peppa ကို မမွေးခင်ကတည်းက ပတ်၀န်းကျင် ကောင်းကောင်းမှာ ပျိုးထောင်ချင်တယ်လို့ ပြောတာမဟုတ်ဘူးလား? ဘာလို့ ကိုယ်တိုင်ကကျ ဂိမ်းအဆော့မပျက်ရတာလဲ"

ဂိမ်းဆော့နေရုံတင်မကသေး ဧည့်သည် သုံးယောက်နှင့် တစ်ပြိုင်နက် စကားပြောခန်းများလည်း တန်းစီဖွင့်ထားသေးသည်။

ရှန်းချွယ့်က မျက်နှာအမူအရာပင် ပြောင်းမသွားပါဘဲ ပြောလာ၏။

"ငါ အသံပိတ်ထားတယ် Peppa မကြားရဘူး"

ယွိကျန်းတုက စကားပြောခန်းများကို အပေါ်ယံ ဖြတ်ခနဲ ကြည့်ရှုလိုက်သည်။

"...........ဂိမ်းထဲကလူနဲ့ ရန်ဖြစ်နေတာကျတော့ရော?"

" ငါ မိုက်ခ် ပိတ်ထားတယ် မင်းသာ ဘာမှ မပြောရင် Peppa လည်း ဘာမှ မသိဘူး"

ရှန်းချွယ့်က သူ့အသံကို တတ်နိုင်သမျှ နှိမ့်၍ ကျိုးကြောင်းဆီလျော်စွာ တုံ့ပြန်လာ၏။

ထို့အတွက် ယွိကျန်းတုတစ်ယောက် ဘာများ ဆက်ပြောနိုင်ပါတော့မည်နည်း?
သို့နှင့် အပြုံးတစ်ပွင့်ဖြင့်သာ ခေါင်းတညိတ်ညိတ် လုပ်လိုက်လေသည်။

"ဟုတ်ပါ‌တယ်လေ...."

ရှန်းချွယ့်က သူ့အား မသိမသာ တစ်ချက် သိသိသာသာ တစ်ချက် ကြည့်လာပြီးနောက်တွင် သူ၏ စကားပြောခန်းထဲ၌ တိတ်တဆိတ် စာတစ်ကြောင်း ရိုက်မိသွားသည်။

:[ကိုယ့်ရှူးကိုယ် ပြန်ပတ်မိပြီ]

ထို့နောက်တွင် ဂိမ်းဆော့လက်စကို ပိတ်လိုက်၍ ကုမ္ပဏီ၏ ၀င်ငွေထွက်ငွေ တင်ပြချက်ဇယားကို ကောက်ဖွင့်ပြလာ၏။

ယွိကျန်းတု မသိမသာ ခိုးခိုးခစ်ခစ် ဖြစ်သွားခဲ့ရကာ အပြင်သို့ ပြန်ထွက်ရန် ခြေပြင်လိုက်လေသည်။

"အဲ့လိုဆို ကျွန်တော် ပြန်တော့မယ်နော်"

"နေဦး"
ရှန်းချွယ့်က သူ့အား တားလာ၏။

"ဘာလို့?"

ရှန်းချွယ့်က သူ့ဖုန်း မျက်နှာပြင်က အချိန်ကို ထောက်ပြပြီးနောက် ပြောလာခဲ့သည်။
"မင်းမှာ ဧည့်တွေ့ချိန် ၁၀ မိနစ်တောင် ကျန်နေသေးတယ်"

........သူဌေးက ဒါမျိုးကျ အချိန်တိကျနေလိုက်တာ

ယွိကျန်းတုလည်း အပြင်သို့ ပြန်ထွက်ရန် ပြင်နေမိသည့် ခြေထောက်ကို U ပုံသဏ္ဍာန် ပြန်လှည့်လိုက်ပြီးနောက် ရှန်းချွယ့်နှင့် မျက်နှာချင်းဆိုင်မှာ တစ်ခေါက်ပြန်သွားထိုင်ပေးရတော့သည်။

"ကျေးဇူးတင်ပါတယ် သူဌေး"

သူ ထိုင်ထိုင်လိုက်ချင်းပဲ ရှန်းချွယ့်က သူ့ စာရေးစားပွဲခုံပေါ်မှ ပါဆယ်အိတ်ကြီး တစ်အိတ်ကို ဆွဲထုတ်ကာ သူ့ရှေ့ချပေးလာ၏။

"မနက်စာ စားလိုက်ဦး"

ယွိကျန်းတု အနည်းငယ် အံ့အားသင့်သွားခဲ့ရသည်။

"ကျွန်တော့်လို လူမျိုးက သူဌေးဆီကနေ မနက်စာစားဖို့ ထိုက်တန်သေးတယ်‌ပေါ့?"

"ဒါက ဒါ ဟိုဟာက ဟိုဟာကွာ"
ရှန်းချွယ့်က အကြည့်ကို ရှောင်လွှဲ၍ အနေရခက်နေသလို ပြောလာခဲ့၏။

"စားစရာရှိတာ စားထားမှ သွေးအေးတိုက်ပွဲကိုလည်း ဆက်ဆင်နွှဲဖို့ အားရှိမှာလေ"

ယွိကျန်းတု :"............"
အရမ်းမှန်! သွေးထွက်အောင် မှန်!

မနက်စာစားနေရင်းဖြင့် သူ၏ မျက်လုံးထောင့်တစ်နေရာကနေ ရှန်းချွယ့်အား စူးစမ်းကြည့်နေလိုက်မိသည်။

ရှန်းချွယ့်က သူ၏မျက်လုံးအကြည့်များကို ကွန်ပျူတာမှာ ကပ်ထားသည် မှန်ပေမဲ့ ကွန်ပျူတာမှာ ရှိနေသည့်အရာကို စိတ်၀င်စားမှု လုံး၀ မရှိနေပုံက သိသာလှ၏ ။

ယွိကျန်းတု အော်ရယ်မိ‌တော့မတတ်ပင် ဖြစ်သွားရချေသည်။ တိုက်ဆိုင်စွာပါဘဲ ရှန်းချွယ့်ကလည်း သူ့နည်းတူ မျက်လုံးထောင့်ကပ်၍ သူ့အား မသိမသာ ကြည့်လာသည့်အခိုက်မို့ နှစ်ယောက်သား အကြည့်ချင်း ဆုံသွားခဲ့ကြရသည်။

ယွိကျန်းတု :".........."

ရှန်းချွယ့် :".............."

လေထုအနေအထား အနည်းငယ် ကသိကအောက် ဖြစ်လာရ....

ထို့နောက်တွင် ရှန်းချွယ့်၏ မျက်နှာမှာ သိသိသာသာ မှုန်ကုပ်လာခဲ့သည်။ သူက ထိုင်နေလက်စ ခုံပေါ်ကို နောက်သို့ ပို၍ မီချလိုက်ပြီး ခြေထောက်တစ်‌ဖက်ပေါ်ကို နောက်ခြေတစ်ဖက် ပါ ထပ်တင်ထိုင်လိုက်ကာ အိန္ဒြေရှိလူကြီးတစ်ယောက်၏ အသွင်တစ်မျိုးကို ဆောင်လိုက်လေသည်။

"မြန်မြန်စား မင်းမှာ ၃ မိနစ်ပဲ ကျန်တော့တယ်*

ယွိကျန်းတုလည်း ရည်ရွယ်ချက်ရှိရှိဖြင့် ပြန်ချေပလိုက်လေသည်။

"မုန့်တွေက ဒီလောက် ပူနေတာ
ကျွန်တော် ဘယ်လိုလို့ မြန်မြန် စားလို့ရမှာလဲ? ဒါမှမဟုတ် အပြင်ပဲ ယူသွားပြီး စားလိုက်ရတော့မလား?"

ရှန်းချွယ့်က ပြောစကားများ ရပ်သွားပြီးနောက်မှာမှ ရက်ရောစွာ ဖြည့်ဆည်းပေးလာသည်  ။

"................ဆယ်မိနစ် အပိုထပ်ပေးမယ်"

ထိုအခါတွင်မူ ယွိကျန်းတုမှာ ရယ်ချင်စိတ်ကို မချုပ်တည်းထားနိုင်တော့ချေ။ သူ၏ လုပ်ရပ်ကို ရှန်းချွယ့်တစ်ယောက် အထအနကောက်သွားပြီး ထပ်စိတ်မဆိုးသွားစေဖို့အရေး သူ့ဖက်ကပဲ ကြိုတင်၍ တောင်းပန်လိုက်ရ၏။

"သူဌေး..... ကျွန််တော့်အမှားတွေကို ကောင်းကောင်းကြီး နားလည်လာပါပြီ အဲ့တာကြောင့်မို့ ကျွန်တော့်ဖက်က နောင်တရနေပြီဆိုတာ ပြသဖို့အတွက်...."

သူ ကိုယ့်ဖုန်းကို ထုတ်လိုက်ပြီးနောက် app တစ်ခုကို ဖွင့်လိုက်ကာ ဖုန်းအား လွှဲပြောင်း ပေးလိုက်သည်။
"ဒါ ကျွန်တော် မနေ့ညက လုပ်ထားတာ....ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့တော့နော်"

ရှန်းချွဘ့်လည်း ပြလာသည့် ဖုန်းအား ကြည့်လိုက်၏။ ဖွင့်ပေးထားသော app မှာ တစ္ဆေဘုရင် အဝတ်လဲပေးရသည့် ဂိမ်းပင် ဖြစ်နေလေသည်။
သူ မျက်ခုံးများကို ကြုတ်လိုက်ပြီးနောက် အစောပိုင်းက အပိုပေးထားမိသော ဆယ်မိနစ်စာကို ပြန်ရုတ်သိမ်းတော့မလို အလုပ်မှာ ယွိကျန်းတုက အလျင်အမြန်ဖြင့် app ထဲရှိ change ဟူသော ခလုတ်ကို နှိပ်လိုက်ကြောင်း မြင်လိုက်ရသည်။

ရှန်းချွယ့် ကြောင်အမ်းသွားရပြီးနောက် မေးကြည့်လိုက်ရသည်။
".......ဒါ ဘာလဲ ?"

"ကျွန်တော် ဂိမ်းထဲက ရှိသမျှ အဝတ်အစားတွေကို အကုန်ပြန်ပြောင်းပေးထားတယ်"

တကယ်လည်း ဂိမ်းထဲတွင် ရှိသော အမျိုးသမီးဝတ် အထည် အစုံ ၂၀၀ နီးပါးလောက် ပျောက်ချသွားလေသည်။  ထိုအစား ဗီရိုထဲတွင် အမျိုးသားဝတ်  ဒီဇိုင်းများ ဖြစ်ကြသည့်
အားကစားဝတ်စုံ ထသွားထလာ ဝတ်စုံ ရိုးရာဝတ်စုံ အစရှိသဖြင့် အမျိုးအစားစုံ ပေါ်ချလာခဲ့သည်။

အသေအချာ စူးစမ်းကြည့်ပါလျှင် နောက်ဆုံးထွက် ဒီဇိုင်နာချုပ် ဘရန်းအဆင်မြင့် ဝတ်စုံများတောင် ပါဝင်နေသေး၏။

ယွိကျန်းတုလည်း ထို ဒီဇိုင်နာချုပ် ဘရန်းအကောင်းစားနှင့် ဝတ်စုံကို နှိပ်လိုက်ကာ ဂိမ်းထဲရှိ ဇာတ်ကောင် တစ္ဆေဘုရင်အား အဝတ်လဲ ဆင်ပေးလိုက်သည်။

" ဒီ ဝတ်စုံကို အခုတစ်ပတ် ရေပန်းအစားဆုံး ဒီဇိုင်းစာရင်းထဲမှာ တွေ့လိုက်တာလေ.... မြင်မြင်ချင်းပဲ ခင်ဗျားနဲ့သာဆို လိုက်လောက်မယ်ထင်လို့ တစ်ပုံစံတည်း ကော်ပီ ယူထားလိုက်တာ
ကျွန်တော့်မှာက တရားဝင် ကူးယူသုံးစွဲခွင့်လည်း မရှိသေးဘူးဆိုတော့ ခင်ဗျားကို ဒီလိုမျိုးတွေ ဆင်ပေးနေတယ်ဆိုတာကို လျှို့ဝှက်ထားမှ ရမယ်နော် ပြီးတော့ အခု ဂိမ်းကို တစ်ခြားအပြင်လူတွေ သိသွားလို့လည်း မရဘူး ဟုတ်ပြီလား ဒီတိုင်း ကျွန်တော်တို့အချင်းချင်းပဲ ပေးသိထားရအောင်ပါ"

ဂိမ်းထဲရှိ တစ္ဆေဘုရင်ဇာတ်ကောင်မှာ မျက်နှာထား တင်းမာလျက်ရှိသည်။ သို့ရာတွင် ဒီဇိုင်နာချုပ် ဘရန်းနှင့် suit ၀တ်စုံနှင့်မူ အရပ်မြင့်မြင့်ဖြင့် ချောမောနေလျက်။
ဒါတောင် 2d character မို့လို့ ဒီလောက် ရှိတာဟူ၍ ယွိကျန်းတုတစ်ယောက် သူ့စိတ်ထဲမှ အမှတ်တွေ ပေးနေမိသည်

"သူဌေး ဒီ၀တ်စုံနဲ့ တကယ်လိုက်တာပဲ
runway ပေါ်မှာ ၀တ်ပြပြီး လမ်းလျှောက်ပြတဲ့ မော်ဒယ်ထက်တောင် သူဌေးက ဒီ၀တ်စုံနဲ့ ပိုလိုက်နေသေးတယ်"

"တကယ်လား?"
ရှန်းချွယ့်က ယွိကျန်းတုတစ်ယောက် သူ့ရုပ်နှင့် ဂိမ်းကာရိုက်တာပေါ်မှာ အ၀တ်တွေပြောင်းချင်တိုင်း ပြောင်းနေတာကို အသာလေးသာ ထိုင်ကြည့်နေလိုက်သည် ။

ထို့နောက်မှာ ဖုန်းကို သူ့လက်ထဲ လုံးလုံးလျားလျားရောက်အောင် ဆွဲလုလိုက်ပြီး ပြောလိုက်၏။

"ငါ့ ပြဦး"

ငါးမိနစ်အကြာတွင်တော့ ယွိကျန်းတုမှာ ရှန်းချွယ့်တစ်ယောက် သူ့ကိုယ်သူ သည်းကြီးမည်းကြီးဖြင့် အ၀တ်ထိုင်လဲနေတာကို အသံမထွက်ဘဲသာ ထိုင်ကြည့်နေရတော့သည်။

ယွိကျန်းတု :"............"
*အသံပင် မထွက်ဘဲ မနက်စာ စားနေရ*

ခဏမျှ အကြာ ရှန်းချွယ့်ကား ဂိမ်းဆော့ရုံတင် မကတော့ဘဲ screenshot တွေပါ ထိုင်ရိုက်နေသည်မို့ ယွိကျန်းတု ကိုယ့်ဖုန်းကိုယ် အပြေးအလွှား ပြန်ယူရတော့သည်။

"သူဌေး....
ကျွန်တော် သူဌေး ဖုန်းထဲကိုပဲ ဒီဗားရှင်းနဲ့ ဂိမ်းကူးပေးမယ်လေ...ဒါ ကျွန်တော့်ဖုန်းကြီးကို"

ထိုအခါမှ ရှန်းချွယ့်လည်း အသိပြန်ကပ်သည့်ပုံပေါ်သည်။
သူက လက်ထဲက ဖုန်းပြန်လုခံလိုက်လျက်သားလေး ငြိမ်နေခဲ့ပြီးနောက်မှာ အသံကို တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလာ၏။

"ဒီကိစ္စက ဒီလောက်နဲ့ ပြီးသွားလိမ့်မယ် မထင်နဲ့"

ယွိကျန်းတုလည်း သူ့ဖုန်းသူ ပြန်သိမ်းရင်း သက်ပြင်းတစ်ချက်အား လေးပင်စွာ ချလိုက်မိသည်။

ထင်တဲ့အတိုင်းပဲ သူဌေးက စိတ်ကောက်ပြေဖို့ တယ်ခက်သကိုးးးးး

တစ်စက္ကန့်ပင် မကြာလိုက်ဘဲ ရှန်းချွယ့် ဆက်ပြောလာသည့်စကားမှာမူ အောက်ပါအတိုင်း ဖြစ်လေသည်။

"ငါ့ထဲကို အဲ့ဂိမ်းသွင်းပေး... အနီးကပ် စစ်ဆေးကြည့်ရမယ်"

ယွိကျန်းတု :"............."

ဂိမ်းသွင်းပေးပြီးသောအခါ ယွိကျန်းတုလည်း မနက်စာ စားလို့ ပြီးစီးသွားခဲ့လေသည်။ သူအချိန်ကို တစ်ချက်စစ်ဆေးကြည့်ပြီးနောက် ပြောလိုက်၏။

"သူဌေး...ကျွန်တော် အခု အလုပ်ပြန်သွားလုပ်တော့မယ်နော်"

ရှန်းချွယ့်က ပူပူနွေးနွေး ကူပေးထားသည့် ဂိမ်းအား ဖွင့်ကြည့်နေပြီးနောက် အေးတိအေးစက် အကြောင်းပြန်လာခဲ့သည်။

"အေး"

ယွိကျန်းတု နေရာမှ မတ်တပ်ရပ်လိုက်သည့်အခါတွင်မူ ရှန်းချွယ့်က ဆက်ပြောလာ၏။
"မင်း ဒါကို မနေ့ညက လုပ်ထားတာ ဟုတ်လား?"

ယွိကျန်းတုလည်း ခေါင်းညိတ်ပြလိုက်သည်။

ရှန်းချွယ့်က တဒင်္ဂပြန်လည်ငြိမ်သက်သွားပြီးနောက် စိတ် မကြည်လင်သည့်ပုံ ပေါက်နေလျက်ဖြင့် ဘောက်ဆတ်ဆတ် ပြောလာခဲ့လေသည်။

"မနေ့ညက မင်း ပြန်တော့ကို အချိန်က တော်တော်နောက်ကျနေပြီကို ညဉ့်နက်အောင်ထိ ဆက်နေလိုက်သေးတာလား?"

ယွိကျန်းတု ပြုံးလိုက်မိ၏။
"အရေးကြီးတာလည်း မဟုတ်ဘဲနဲ့"

"အနာဂတ်မှာ ဒါမျိုး ထပ်မလုပ်ပါနဲ့"
ရှန်းချွယ့်က စကားကို အတည်ပေါက်ကြီး ပြတ်သားစွာ ဆိုလာခဲ့သည်။

"ငါပြောသလို မလုပ်ရင် ငါထပ်ပြီး စိတ်ဆိုးလိုက်မှာ"

ရှန်းချွယ့်မှာ မျက်နှာတစ်ခုလုံး မှုန်ုသုန်နေသော်ငြား ယွိကျန်းတုအတွက်မူ ၎င်း၏ စိတ်ထဲ၌ စိတ်မသက်မသာ ဖြစ်နေရသည်မျိုး လုံး၀မရှိပါဘဲ နွေးထွေးစွာဖြင့် ဖြေလိုက်လေသည် ။
"ကောင်းပါပြီ"

သူ ရုံးခန်းထဲက ထွက်လာပြီးနောက်မှာ ရုံးခန်းတံခါးကို စေ့နေအောင် မပိတ်လိုက်ရသေးခင် သူပဲ အမြင်မှားတာလားတော့ မသိပေမဲ့ သူဌေးရဲ့ မှုန်ကုတ်နေတဲ့ မျက်နှာမှာ.....ထူးထူးဆန်းဆန်း....အပြုံးတစ်ခု မြင်လိုက်ရတာလားလို့...

သူပဲ ထင်ယောင်ထင်မှား ဖြစ်မိတာများလားတော့ ကိုယ်တိုင်တောင် မသိပါလေ။

ထိုအပြုံးကြောင့် ယွိကျန်းတု၌ ကောက်ချက်အသစ်တစ်ခု ရသွားခဲ့သည်။

မကောင်းတာ တစ်ခုခုတော့ ဖြစ်လာတော့မယ်ပုံပဲ...

နာရီ၀က်အကြာတွင် သူ့ခန့်မှန်းချက်တို့ အထမြောက်လာ၏။

လုလင်းရှီက ကုမ္ပဏီ group chat ထဲတွင် သတိပေးစာ ပို့လာခဲ့သည်။

၀န်ထမ်းတွေအနေဖြင့် ၎င်းတို့၏ အမှားများကို ပြန်လည်ပြင်ဆင်ရန် ၊ မျှခြေရှိသော လုပ်ငန်းခွင်တစ်ခုကို ဖန်တီးနိုင်ရန် သူဌေးက ကုမ္ပဏီရှိ ၀န်ထမ်းများအားလုံးကို
တစ္ဆေဘုရင် အ၀တ်စားလဲရသည့် ဂိမ်း၏ ဗားရှင်းအသစ်အား မဖြစ်မနေ ဒေါင်းလုပ် ဆွဲခိုင်းထားသည်။

ထိုတင်မကသေး တစ်ကုမ္ပဏီလုံးအတိုင်းအတာဖြင့်
"ပထမဦးဆုံးအကြိမ် ပဏာမကျင်းပပြုလုပ်သော လော့ဖုန်းစီအီးအိုအား ဒီဇိုင်းဆင်ပေးခြင်း" ပြိုင်ပွဲ ပြုလုပ်သွားပေဦးမည်။

ပြိုင်ပွဲကာလအား သုံးရက်တိတိ သတ်မှတ်ပေးထားပြီး သူဌေးကိုယ်တိုင် အကဲဖြတ်စစ်ဆေးပေးသွားမည်။

အကောင်းဆုံး ဒီဇိုင်းဆင်ပေးနိုင်သူ သုံးယောက်အား ရွေးချယ်ပြီး ၎င်းတို့အား လုပ်ခလစာ နှစ်ဆ တိုးပေးမည် ဖြစ်ကာ
အဆိုးဆုံးအဖြစ် ရွေးခံရသည့် နောက်ဆုံးသုံးယောက်အား ကုမ္ပဏီရှိ ရှိရှိသမျှ အိမ်သာများကို တစ်လတိတိ ဆေးရမည့် ပြစ်ဒဏ်ပေးမည် ဖြစ်သည်။

ကုမ္ပဏီတစ်ခုလုံး :"............"

ယွိကျန်းတု :".............."

ခဏလေးနေပါဦး..."ပထမဦးဆုံးအကြိမ်" ဆိုတော့ကာ ဒီပြိုင်ပွဲက နှစ်စဉ် ပုံမှန် လုပ်သွားဦးမယ့် သဘောပေါ့?????

တစ်ချိန်တည်းမှာပဲ ရှန်းချွယ့်က ယွိကျန်းတုအား block ပြန်ဖြည်ပေးလိုက်လေသည်။

ငါ့ရဲ့ငမွဲသူဌေး :[ ဂိမ်းထဲမှာ ရှူးဖိနပ် ဒီဇိုင်းအသစ်တွေ ထပ်ထည့်သင့်တယ် ထင်တာပဲ]

ငါ့ရဲ့ငမွဲသူဌေး :[ လက်၀တ်ရတနာတွေလည်း အတူတူပဲ]

ယွိကျန်းတု :"............"

ယွိကျန်းတု :[ကျွန်တော်အကောင်းဆုံးကြိုးစားပြီးတော့ ဂိမ်းဗားရှင်း ၀.၀ လေးကို upgrade လုပ်ပေးပါ့မယ်]

ငါ့ရဲ့ငမွဲသူဌေး :[ ဂိမ်း upgrade လုပ်ရမှာဆိုပြီးလည်း ညဉ့်နက်တဲ့အထိ မနေနဲ့ဦး]

ငါ့ရဲ့ငမွဲသူဌေး :[ပြီးတော့]

ငါ့ရဲ့ငမွဲသူဌေး :[ ပြိုင်ပွဲမှာက မင်းလည်း ၀င်ပြိုင်ရမယ်နော်]

ထို ကြေညာချက်ကနေ ရှေ့လျှောက် သုံးရက်တာမှာ ယွိကျန်းတုအဖို့ သူအလုပ်၀င်ပြီးကတည်းကနေ ကြုံခဲ့ရသမျှ နေ့ရက်တွေထဲ ဂယက်အထရဆုံးနှင့် အာရုံအနောက်ရဆုံးသော သုံးရက်တာ ဖြစ်ခဲ့ရလေသည်။

ကုမ္ပဏီတစ်ခုလုံးက တစ္ဆေတွေမှာ ကွန်ပျူတာနှင့် မျက်နှာ မခွာနိုင်ကြဘဲ ကြိုးစားပမ်းစားနှင့် ဒီဇိုင်းဆွဲနေခဲ့ကြသည်။

တစ္ဆေဘုရင်ကို အ၀တ်ဆင်ပေးဖို့အရေး။

လော့ဖုန်းရှိ သုံးဦးတည်းသော သက်ရှိ၀န်ထမ်းလေးများမှာလည်း ချွင်းချက် မဟုတ်ခဲ့ရပါချေ။

ကျန့်ယန်မှာ ယခုဆိုလျှင် လော့ဖုန်း၌ အလုပ်၀င်နေသည့် ကာလကိုက အတော်အတန် ရှိနေလေပြီ။ သူ့အနေဖြင့် "product manager" ရာထူးဖြင့်ပင် သူဌေး၏ ရူးကြောင်မူးကြောင် အတွေးများကို တော်တော် သည်းငြီးခံခဲ့ရပြီးသားမို့ ပြိုင်ပွဲအား သိပ်ပြီး စိတ်ထဲမထားတော့ပါချေ။

ကျောက်ရော့လားမှာမူ "ပျော်စရာဆိုတာ ဒို့ရဲ့ကမ္ဘာမှာ မရှိပါ" ဆိုတာမျိုး ဖြစ်နေခဲ့လေ၏။
သူမလိုမျိုး နိုင်ငံတစ်၀န်းက ရင်းနှီးမြုပ်နှံ‌သူတွေ ပတ်ပတ်လည်ဝိုင်းပြီး သူမထံကို ငွေ သန်းနဲ့သိန်းနဲ့ချီ မြုပ်နှံချင်နေကြတဲ့သူတွေကို ငြင်းပြီး ရောက်လာခဲ့လိုက်သည့် ကုမ္ပဏီမှာ 2D ကာရိုက်တာတစ်ခုကို အ၀တ်ဆင်ပေးရသည့် ပြိုင်ပွဲမျိုး ၀င်ပြိုင်နေရလိမ့်မည်ဟု အိပ်မက်ပင် မက်မကြည့်ဖူးခဲ့ပါ။

ပြီးတော့လည်း သူ ပြိုင်ရမယ့်သူတွေက သက်ရှိလူသားတွေလည်း ဟုတ်မနေဘူးလေ။

သူ ယွိကျန်းတုထံသို့ သွားပြီး လာဘ်ထိုးရသည်။
"ရှင် ကုမ္ပဏီအပြင်ဖက်က သူတစ်ယောက်ယောက်ကိုများ
‌ကျွန်မ ဒီလိုပြိုင်ပွဲမျိုးမှာ ပါနေရတယ်ဆိုတဲ့အကြောင်းကို ပြောရဲပြောကြည့် အားးးး ကုမ္ပဏီအပြင်ဖက်က လူဆိုရင် ဒီလိုပြိုင်ပွဲမျိုးရှိတယ်ဆိုတာတောင် ပေးမသိသင့်ဘူး   
မသေခင် အချိန်လေးကို ကျွန်မလည်း အပြင်ထွက်ပြီး လူတွေနဲ့ ပတ်သတ်နေရဦးမှာရှင့်"

ယွိကျန်းတုလည်း မျက်နှာသေကြီးဖြင့် ပြန်ချေပလိုက်သည်။
"ကျွန်တော်ကျတော့ အပြင်ထွက်ပြီး လူတွေနဲ့ တွေ့ဖို့ မလိုတော့ဘူးလို့ ထင်လိုက်တာလား??"

နှစ်ယောက်သား အကြည့်ချင်း ဆုံမိကြချိန် တစ်ယောက်အပေါ် တစ်ယောက် စာနာစိတ်များဖြင့်သာ လွှမ်းခြုံလိုက်ကြလေတော့သည်။

ကျောက်ရော့လားက အပြစ်တင်လာပြန်၏။
"ဒါတွေအကုန်လုံး ရှင့်အပြစ်တွေချည်းပဲ ဘာလို့ ကိုယ့်ဟာကိုယ် စိတ်ဖိစီးမှုလျှော့ချတဲ့ဂိမ်းထွင်တာကို သူဌေး မျက်နှာကြီးနဲ့ သွားထွင်လိုက်တာတုန်း!!"

ယွိကျန်းတုလည်း နေမထူး သေမထူးသည့် မျက်နှာမျိုးဖြင့် ပြန်လည် ခုခံလိုက်သည်။
"လာသေးတာ....
ဆော့ရတုန်းကကျ မင်းလည်း ပြုံးဖြီးပြီးတော့ အားရပါးရ ဆော့ခဲ့တာပဲ မဟုတ်ဘူးလား"

သိထားဖို့လိုသည့်အချက်တစ်ခုကတော့ ဂိမ်းထဲရှိ ကလီယိုပက်ထရာ limited edition costume ကိုပိုင်ဆိုင်သည့် လူနည်းစုထဲတွင် ကျောက်ရော့လားကလည်း တစ်ယောက်အပါအဝင်ဖြစ်လေသည်။

ထိုသို့ပိုင်ဆိုင်ခွင့်ရခဲ့သည်ကလည်း သူမက တရားမ၀င် ခိုးကူးသည့် cheat code တစ်ခုဖြင့် ရရှိခဲ့ခြင်း။

ကျောက်ရော့လား၏ မျက်နှာကား ဆေးလိပ်မသောက်ရလို့ မှိုင်နေသည့် ၀က်ဝံတစ်ကောင် မျက်နှာထားမျိုးဖြင့် နောင်တကြီးစွာ ဆိုလာခဲ့သည်။

"အ၀တ်အစားတွေ လဲပေးရင်းကနေ ပျော်ရတဲ့ ခဏတာခံစားချက်ကတော့....... "

"အမြဲတမ်း လဲပေးရရင် အမြဲတမ်း ပျော်တဲ့ ခံစားချက်ရမှာ"
ယွိကျန်းတုလည်း တတ်သောအားဖြင့် နှစ်သိမ့်ပေးလိုက်ရသည်။
"အကောင်းဖက်က ကြည့်ရင်...မင်းရဲ့ တစ်လ လုပ်စာက အခုအတိုင်းတောင် တော်တော်လေး မြင့်တာပဲ မဟုတ်ဘူးလား
ပြိုင်ပွဲမှာ နိုင်ခဲ့ရင် အခုထက် နှစ်ဆတောင် ပိုရဦးမှာပဲ"

"ဟုတ်တော့လည်း ဟုတ်တယ်နော်!"
ကျောက်ရော့လား၏ မျက်လုံးများ ပြန်လည်တောက်ပလာရင်း....ပုံမှန်အသိလည်း ပြန်ကပ်သွားခဲ့ပုံပေါ်သည်။

သူမက လက်နှစ်ဖက်ကို ပွတ်သပ်၍ အကြံထုတ်သည့်ပုံမျိုးလုပ်လာ၏။

"အဲ့လိုဆိုရင် အကောင်းဆုံး အ၀တ်စားတွေ ရွေးချယ်ပေးမဲ့ code အသစ်တစ်မျိုး ထိုင်ရေးလိုက်ဦးမယ်"

ယွိကျန်းတု ပါးစပ်အဟောင်းသား ဖြစ်လျက်။
"ဟာ ခိုးချဖို့ နောက်ထပ် code အသစ်တစ်ခုလား?
ပြိုင်ပွဲကို မျှမျှတတ ပြိုင်မယ်ဆိုတဲ့ စိတ်ကလေးတောင် မရှိဘူးနော်"

ကျောက်ရော့လား စီလျော်သော ထုချေချက်ဖြင့် ပြန်ဖြေလာသည်။
"နည်းပညာ ပြိုင်ပွဲဆိုတာကလည်း အနိုင်ယူရမယ့် ပြိုင်ပွဲတစ်ခုပဲ မဟုတ်ဘူးလား"

ယွိကျန်းတု အလေးပြုလိုက်၏ ။
"လေးစားပါတယ်"

တကယ့်တကယ်တွင် သူကိုယ်တိုင်လည်း ခိုးချမည့် code အသစ်တစ်ခု ထပ်ရေး၍ တရားမ၀င်နည်းဖြင့် ပြိုင်ပွဲ ၀င်ပြိုင်ဖို့ ဆုံးဖြတ်ထားခဲ့ခြင်းပေ။

သို့ရာတွင် နောက်တစ်ရက် ရှန်းချွယ့်၏ အမိန့်အတိုင်း Peppa ထံ တစ်ရက်တစ်ခေါက်တော့ အရောက်သွားရသည့် အခိုက်မှာ ရှန်းချွယ့်က သူ့လက်ထဲသို့ ဖက်ရှင်မဂ္ဂဇင်းစာစဉ်များ ပေးလာ၏။

"ကိုးကားလို့ရအောင်...."

ယွိကျန်းတု :"......"

တရားမ၀င်နည်း‌နဲ့တော့ မပြိုင်တော့ပါဘူးလေ ကိုယ့်အရည်အချင်းနဲ့ကိုယ်ပဲ..

သူသာ ခိုးချပြီး ပြိုင်ပွဲနိုင်သွားမှန်း ရှန်းချွယ့်ဆီမှာ ပေါ်သွားခဲ့ရင်
နောက်ထပ် သွေးအေးတိုက်ပွဲ ဘယ်နှပွဲလောက်များ ထပ်တိုက်နေရဦးမလဲ ဘယ်သူသိနိုင်မှာမို့လို့လဲ

သို့နှင့် ထို သုံးရက်တာ ကာလအတွင်းတွင် လိုအပ်သော အလုပ်များ လုပ်ပြီးသည်နှင့် ယွိကျန်းတုအဖို့ ကျန်ရှိသည့်အချိန်များကို တစ္ဆေဘုရင်အား သူတတ်ကျွမ်းသမျှ programming aesthetic တွေဖြင့် ခြယ်သပေးရလေသည်။

ဤ ဂိမ်းပိစိလေး၏ မူလရည်ရွယ်ချက်ကား လုပ်ငန်းခွင်မှ တစ်ဆင့် ရရှိလာသည့် စိတ်ဖိစီးများကို ဖြေလျော့ဖို့ရန် ဖြစ်သည်။

ယခုအခါတွင်မူ ထိုဂိမ်းမှာ လုပ်ငန်းခွင်တစ်ခုလုံး၏ စိတ်အဖိစီးရဆုံးသော အဓိကအကြောင်းရင်းကြီး ဖြစ်လာရလေသည်။

ကာလဝိဘတ် နောက်ပိုးတက်ဆိုသလိုပဲ မကောင်းသည့်လုပ်ရပ်တစ်ခုလေး ကျူးလွန်လိုက်မိသည်က နောက်ဘဝတောင် မကူးရသေးပါဘဲ ဒီဘဝတွင်ပဲ ကိုယ်ပြုသည့်ကံ ကိုယ့်ထံပြန်ရောက်ချလာခဲ့သည်ပေ.....

တစ်ခြားရှုထောင့်ဖက်က ကြည့်ပါလျှင်လည်း ဤပြိုင်ပွဲမှတစ်ဆင့် ၎င်းတို့၏ နည်းပညာအသိသညာများ တိုးပွားလာရသည်ဟု ထင်မှတ်ရသည်။

သုံးရက်ကြာပြီးသောအခါ လော့ဖုန်းရှိ ၀န်ထမ်းများအားလုံး မိမိတို့၏ အချောသတ် လက်ရာများကို ရှန်းချွယ့်ထံသို့ တင်ပြကြရသည်။

၀န်ထမ်းအားလုံး ၎င်းတို့လက်ရာများ တင်ပြီးပြီးချင်း ငါးမိနစ်ပင် မကြာလိုက်....
ရှန်းချွယ့်က အနိုင်ရရှိသူ စာရင်းကို Wechat Group ထဲမှာ ကြေညာ‌လာလေ၏။

[ပြိုင်ပွဲ၏ ပထမ ဆုကို ဆွတ်ခူးရရှိသွားသူကတော့.....ယွိကျန်းတုပဲ ဖြစ်ပါတယ်]

ခန်ကျင့် :[ဒုတိယနဲ့ တတိယကရော ဘယ်သူတွေလဲ]

ရှန်းချွယ့် :[ ဘာတွေအဲ့လောက် လောနေတာလဲ? ငါဖြင့် တစ်ခုမှတောင် ဖွင့်မကြည့်ရသေးတာကို]

gp chat ထဲရှိသူအားလုံး :[............]

ခန်ကျင့် :[ငလူး....သူဌေးက ငါတို့ ဒီဇိုင်းတွေကို ဖွင့်တောင်မကြည့်ရသေးပဲနဲ့ ပထမ ‌ရတဲ့သူကို ကြေညာပစ်ပြီ
ပြိုင်ပွဲက rigged ထားတယ်ဆိုတာကြီးကို ပေါပေါ်ထင်ထင်ကြီး ကြေညာပစ်လိုက်တာနဲ့ မတူဘူးလား]

တစ်မိနစ်‌စာလောက် gp chat မှာ ငြိမ်ကျသွားခဲ့လေသည်။

ယွိကျန်းတု ခန်ကျင့်အား တစ်ယောက်ချင်း private chat မှ စာပို့လိုက်ရ၏။
[ မင်း ဂရုမှားပြီး စာပို့နေပြန်ပြီဟ!]

ခန်ကျင့်  :[အားး မြန်မြန် ပြန်သွားဖျက်လိုက်ဦးမယ်]

ယွိကျန်းတု :[ နောက်ကျသွားပြီ]

ကုမ္ပဏီစကားဝိုင်းထဲမှ ရှန်းချွယ့် :[ အဲ့တော့ မင်းက ဘာလုပ်ချင်လို့လဲ?]

ခန်ကျင့် :[ ဘာမှ မလုပ်ချင်ပါဘူး ]

ခန်ကျင့် :[ပင်ပန်းသွားရပြီ သူဌေးရေ!]

ခန်ကျင့် :[ ကျွန်တော်အခုပဲ အိမ်သာ သွားဆေး လိုက်တော့မယ်နော် နှုတ်ဆက်ခဲ့ပါတယ် သူဌေး!]

ထိုအချိန်မှာပဲ ယွိကျန်းတုလည်း သူ့ထံသို့ ရှန်းချွယ့်ထံမှ တစ်သီးတစ်သန့် စာ၀င်လာခဲ့သည်။

ငါ့ရဲ့ငမွဲသူဌေး :[ ဒီပြိုင်ပွဲမှာ ပထမ နေရာကို အနိုင်ရရှိသွားပြီဆိုတော့ ငါ့ဖက်ကလည်း မင်းနဲ့ သွေးအေးတိုက်ပွဲကို ရပ်ဆဲလိုကြောင်း ကြေညာချင်ပါတယ်]

ယွိကျန်းတု :[ကျေး....ကျေးဇူးတင်ပါတယ် သူဌေး]

စာရေးသူမှာ ပြောစရာလေး ရှိပါတယ်

ရှန်းချွယ့် : ကိုယ်ကျင့်သီလနဲ့ပြည့်စုံတဲ့ တစ္ဆေတွေက သွေးအေးတိုက်ပွဲကိုလည်း ကိုယ်ကျင့်သီလနဲ့ ပြည့်စုံတဲ့ နည်းနဲ့ပဲ အဆုံးသတ်လေ့ရှိကြတယ်

ကျန်းတု : အဲ့တော့...?

TBC

အချိန်ကုန် မြန်ချက်က  ဒီကမေနိုင်းလေးခမျာ ဒီ ခေတ်သစ်ငရဲသစ်ရဲ့ စာဖတ်သူတွေနဲ့တင် မွေးနေ့ မေလ ၉ ရက်ကို ဖြတ်သန်းဖူးတာ အခုနှစ်နဲ့ဆို ၃ နှစ်တိတိရှိသွားပြီရယ် TT
ဘာသာပြန်တစ်ပုဒ်ကို အခုလောက်ကြီး ဆွဲပြန်မိလိမ့်မယ်လို့ တွေးတောင်မတွေးခဲ့ဖူးပေမယ့် ကြားထဲက နှစ်တွေမှာက ကိုယ့်ဝမ်းစာအတွက်လည်း အိတ်ဖြည့်ဖို့ အချိန်တွေ ယူခဲ့ရသေးတာမို့ ဘယ်လိုမှ မအားလပ်ဘူး ဖြစ်သွားလိုက်တာ... ဒါပေမဲ့ အခုနှစ်မှာ ရဲရဲကြီး အာမခံပေးရဲတာကတော့ စီအီးအိုတို့အတွဲနဲ့ ခွဲရဖို့က ဘယ်လောက်မှ မလိုတော့တဲ့အပြင် NTNH ကလည်း ၂၀၂၄ အတွင်းမှာ ကျိန်းသေပေါက် complete ပါမယ်လို့နော်<3
စာဖတ်သူတွေနဲ့ တစ်ပုဒ်ထဲမှာတင် မွေးနေ့ကို သုံးကြိမ်ဖြတ်ခဲ့ရတာ နည်းနည်းတော့ မျက်နှာပူမိပေမဲ့ အကောင်းဖက်က တွေးကြည့်တော့လည်း teenage ရဲ့ နောက်ဆုံးပိတ်နှစ်တွေမှာ ဒီလူတွေနဲ့ အတူရှိနေခဲ့တယ်ဆိုတဲ့ core memory တစ်ခုအဖြစ် အမှတ်တရ ဖြစ်ဖွယ်တွေပါပဲ~






(Zawgyi)

ေနာက္တစ္ေန႔ အလုပ္တြင္ ယြိက်န္းတုလည္း ရွန္းခြၽယ့္၏ ေတာင္းဆိုခ်က္အတိုင္း Peppa ဥဆီ သြားလည္ရသည္။

သို႔ရာတြင္ သူ ရွန္းခြၽယ့္၏ ႐ုံးခန္းထဲ ေရာက္ေရာက္ခ်င္းပဲ ပါးစပ္အေဟာင္းသား ျဖစ္သြားရ၏။

ထူးထူးဆန္းဆန္းပါပဲ ရွန္းခြၽယ့္က သူ႔႐ုံးခန္းအတြင္းတြင္ Mozart သီခ်င္းမ်ား ဖြင့္ထားသည္တဲ့ေလ။
ထို သံစဥ္မ်ားေၾကာင့္ ယြိက်န္းတုပင္ သူ႔ကိုယ္သူ စိတ္ဝိဉာဥ္ေရာ ကိုယ္ခႏၶာပါ သန႔္စင္ခံလိုက္ရသလို ခံစားမိသြားသည္။

အံ့ဩစြာျဖင့္ သူ ရွန္းခြၽယ့္အား ၾကည့္လိုက္၏။
"သူေဌး...ဘယ္အခ်ိန္ကတည္းကစၿပီး အခုလို ဂႏၲ၀င္ေတးသံေတြ ႀကိဳက္သြားရတာလဲ?"

ဇြဲနပမ္းႀကီးလွစြာျဖင့္ ေသြးေအးတိုက္ပြဲ မၿပီးေသးေၾကာင္း အေတးအမွတ္ႀကီးထားသည့္ ရွန္းခြၽယ့္က အၾကည့္ေအးစက္စက္တစ္ခုျဖင့္သာ တုံ႔ျပန္လာသည္။

သူက ယြိက်န္းတုကို ပါးစပ္ပိတ္ဖို႔ရန္ ရွဴး ဟု လက္အမူအရာ လုပ္ျပလာ၏။
"ဒါ Peppa ကို လူလားမေျမာက္ေသးခင္ ဥဘဝကတည္းက က်န္းက်န္းမာမာနဲ႔ ဥေပါက္လာေစဖို႔ ပ်ိဳးေထာင္ေပးတဲ့ သီခ်င္းပဲ"

ယြိက်န္းတု :"............"

ရွန္းခြၽယ့္ မ်က္ႏွာ၌ တာ၀န္၀တၱရားမ်ားစြာကို သယ္ပိုးထားရသည့္ ပုံေပါက္ေနခဲ့ေလသည္။
"အခုလို ငယ္ငယ္ေလးကတည္းက နည္းျပ ေပးထားဖို႔က တကယ္ အေရးႀကီးတာ
ငါ Peppa ဥေပါက္တဲ့အခ်ိန္က် music taste မရွိတဲ့ ကေလးမ်ိဳး မျဖစ္လာေအာင္ အခုကတည္းက ထိန္းေက်ာင္းသြားမလို႔"

ယြိက်န္းတုမွာ ျပန္ေျပာစရာ စကားပင္ မရွိပါေလ။ ထို႔အတြက္ သားေဖာက္မည့္ ငွက္သိုက္ရွိရာ ေရွ႕တည့္တည့္မွာ ကတုန္ကယင္ ထိုင္ခ်ရင္း ဥတစ္ဥအား ၀ပ္ေပးေနသည့္ ျဖဴေဖြးေဖြး ဘဲမႀကီးကို ၾကည့္လိုက္ေလသည္။

သူ ေရာက္လာတာကို သတိထားမိတာႏွင့္ ထိုဘဲမႀကီးကလည္း ဥေပၚ၌ တက္ထိုင္ထားသည္ကို ဖင္နည္းနည္းႂကြေပးၿပီး ဥ အေျခအေနအား တစ္စိတ္တစ္ပိုင္း ျပသေပးလာသည္။

ယြိက်န္းတုလည္း ထို ဥ တစ္ပိုင္းတစ္စေလးအား လက္ျဖင့္ ခပ္ဖြဖြေလး ပြတ္သပ္ေပးလိုက္သည္။ သူ၏ အၾကည့္မ်ားက ဒီလိုေခတ္ႀကီးထဲ ေမြးဖြားလာရမည့္ ေပါက္စနေလးအေပၚ ဂ႐ုဏာ သက္မိေနသည့္ အၾကည့္မ်ိဳး ပါ၀င္ေန၏။

Peppa ေရ....
မင္းေတာ့ အာကာသဒုံးပ်ံသိပၸံပညာရွင္ ျဖစ္လာရင္ ျဖစ္လာ မဟုတ္လို႔ ဂီတပညာရွင္ေတြ ျဖစ္လာရင္ ျဖစ္လာ တစ္ခုမဟုတ္ေတာ့ တစ္ခု ျဖစ္ေျမာက္မွ ေတာ္ကာက်မယ္ေနာ္
မဟုတ္ရင္ မင္းေတာ့ မင္းရဲ႕ တေစၦဘုရင္ေဖေဖရဲ႕
အားသြန္ခြန္စိုက္ ႀကိဳးစားအားထုတ္ေပးမႈေတြကို သဲထဲေရသြန္ ျဖစ္ေအာင္ လုပ္မိေတာ့မယ္...

မင္းကိုယ္တိုင္ကလည္း ငန္း ေလး ဆိုေပမယ့္....

သဘာ၀အေလ်ာက္ ဥေပါက္သည့္ျဖစ္စဥ္အား မဖ်က္စီးေစမိဖို႔ အေရး ယြိက်န္းတုလည္း ဥအား ခဏသာ ကိုင္ၾကည့္၍ မတ္တပ္ရပ္လိုက္၏။

ထိုသို႔ မတ္တပ္ထလိုက္သည့္အခါ ပို၍ေတာင္ အံ့ဩသြားရသည့္ ေနာက္ထပ္ ျဖစ္ရပ္တစ္ခုႏွင့္ ႀကဳံဆုံရသည္။

သူ မ်က္စိေရွ႕က ကြန္ပ်ဴတာမ်က္ႏွာျပင္ကို တစ္ခ်က္ ရွန္းခြၽယ့္၏ မ်က္ႏွာအား တစ္ခ်က္ၾကည့္ရႈလိုက္ေလသည္။

".......သူေဌး! ေျပာေတာ့က် Peppa ကို မေမြးခင္ကတည္းက ပတ္၀န္းက်င္ ေကာင္းေကာင္းမွာ ပ်ိဳးေထာင္ခ်င္တယ္လို႔ ေျပာတာမဟုတ္ဘူးလား? ဘာလို႔ ကိုယ္တိုင္ကက် ဂိမ္းအေဆာ့မပ်က္ရတာလဲ"

ဂိမ္းေဆာ့ေန႐ုံတင္မကေသး ဧည့္သည္ သုံးေယာက္ႏွင့္ တစ္ၿပိဳင္နက္ စကားေျပာခန္းမ်ားလည္း တန္းစီဖြင့္ထားေသးသည္။

ရွန္းခြၽယ့္က မ်က္ႏွာအမူအရာပင္ ေျပာင္းမသြားပါဘဲ ေျပာလာ၏။

"ငါ အသံပိတ္ထားတယ္ Peppa မၾကားရဘူး"

ယြိက်န္းတုက စကားေျပာခန္းမ်ားကို အေပၚယံ ျဖတ္ခနဲ ၾကည့္ရႈလိုက္သည္။

"...........ဂိမ္းထဲကလူနဲ႔ ရန္ျဖစ္ေနတာက်ေတာ့ေရာ?"

" ငါ မိုက္ခ္ ပိတ္ထားတယ္ မင္းသာ ဘာမွ မေျပာရင္ Peppa လည္း ဘာမွ မသိဘူး"

ရွန္းခြၽယ့္က သူ႔အသံကို တတ္ႏိုင္သမွ် ႏွိမ့္၍ က်ိဳးေၾကာင္းဆီေလ်ာ္စြာ တုံ႔ျပန္လာ၏။

ထို႔အတြက္ ယြိက်န္းတုတစ္ေယာက္ ဘာမ်ား ဆက္ေျပာႏိုင္ပါေတာ့မည္နည္း?
သို႔ႏွင့္ အၿပဳံးတစ္ပြင့္ျဖင့္သာ ေခါင္းတညိတ္ညိတ္ လုပ္လိုက္ေလသည္။

"ဟုတ္ပါ‌တယ္ေလ...."

ရွန္းခြၽယ့္က သူ႔အား မသိမသာ တစ္ခ်က္ သိသိသာသာ တစ္ခ်က္ ၾကည့္လာၿပီးေနာက္တြင္ သူ၏ စကားေျပာခန္းထဲ၌ တိတ္တဆိတ္ စာတစ္ေၾကာင္း ႐ိုက္မိသြားသည္။

:[ကိုယ့္ရွဴးကိုယ္ ျပန္ပတ္မိၿပီ]

ထို႔ေနာက္တြင္ ဂိမ္းေဆာ့လက္စကို ပိတ္လိုက္၍ ကုမၸဏီ၏ ၀င္ေငြထြက္ေငြ တင္ျပခ်က္ဇယားကို ေကာက္ဖြင့္ျပလာ၏။

ယြိက်န္းတု မသိမသာ ခိုးခိုးခစ္ခစ္ ျဖစ္သြားခဲ့ရကာ အျပင္သို႔ ျပန္ထြက္ရန္ ေျချပင္လိုက္ေလသည္။

"အဲ့လိုဆို ကြၽန္ေတာ္ ျပန္ေတာ့မယ္ေနာ္"

"ေနဦး"
ရွန္းခြၽယ့္က သူ႔အား တားလာ၏။

"ဘာလို႔?"

ရွန္းခြၽယ့္က သူ႔ဖုန္း မ်က္ႏွာျပင္က အခ်ိန္ကို ေထာက္ျပၿပီးေနာက္ ေျပာလာခဲ့သည္။
"မင္းမွာ ဧည့္ေတြ႕ခ်ိန္ ၁၀ မိနစ္ေတာင္ က်န္ေနေသးတယ္"

........သူေဌးက ဒါမ်ိဳးက် အခ်ိန္တိက်ေနလိုက္တာ

ယြိက်န္းတုလည္း အျပင္သို႔ ျပန္ထြက္ရန္ ျပင္ေနမိသည့္ ေျခေထာက္ကို U ပုံသ႑ာန္ ျပန္လွည့္လိုက္ၿပီးေနာက္ ရွန္းခြၽယ့္ႏွင့္ မ်က္ႏွာခ်င္းဆိုင္မွာ တစ္ေခါက္ျပန္သြားထိုင္ေပးရေတာ့သည္။

"ေက်းဇူးတင္ပါတယ္ သူေဌး"

သူ ထိုင္ထိုင္လိုက္ခ်င္းပဲ ရွန္းခြၽယ့္က သူ႔ စာေရးစားပြဲခုံေပၚမွ ပါဆယ္အိတ္ႀကီး တစ္အိတ္ကို ဆြဲထုတ္ကာ သူ႔ေရွ႕ခ်ေပးလာ၏။

"မနက္စာ စားလိုက္ဦး"

ယြိက်န္းတု အနည္းငယ္ အံ့အားသင့္သြားခဲ့ရသည္။

"ကြၽန္ေတာ့္လို လူမ်ိဳးက သူေဌးဆီကေန မနက္စာစားဖို႔ ထိုက္တန္ေသးတယ္‌ေပါ့?"

"ဒါက ဒါ ဟိုဟာက ဟိုဟာကြာ"
ရွန္းခြၽယ့္က အၾကည့္ကို ေရွာင္လႊဲ၍ အေနရခက္ေနသလို ေျပာလာခဲ့၏။

"စားစရာရွိတာ စားထားမွ ေသြးေအးတိုက္ပြဲကိုလည္း ဆက္ဆင္ႏႊဲဖို႔ အားရွိမွာေလ"

ယြိက်န္းတု :"............"
အရမ္းမွန္! ေသြးထြက္ေအာင္ မွန္!

မနက္စာစားေနရင္းျဖင့္ သူ၏ မ်က္လုံးေထာင့္တစ္ေနရာကေန ရွန္းခြၽယ့္အား စူးစမ္းၾကည့္ေနလိုက္မိသည္။

ရွန္းခြၽယ့္က သူ၏မ်က္လုံးအၾကည့္မ်ားကို ကြန္ပ်ဴတာမွာ ကပ္ထားသည္ မွန္ေပမဲ့ ကြန္ပ်ဴတာမွာ ရွိေနသည့္အရာကို စိတ္၀င္စားမႈ လုံး၀ မရွိေနပုံက သိသာလွ၏ ။

ယြိက်န္းတု ေအာ္ရယ္မိ‌ေတာ့မတတ္ပင္ ျဖစ္သြားရေခ်သည္။ တိုက္ဆိုင္စြာပါဘဲ ရွန္းခြၽယ့္ကလည္း သူ႔နည္းတူ မ်က္လုံးေထာင့္ကပ္၍ သူ႔အား မသိမသာ ၾကည့္လာသည့္အခိုက္မို႔ ႏွစ္ေယာက္သား အၾကည့္ခ်င္း ဆုံသြားခဲ့ၾကရသည္။

ယြိက်န္းတု :".........."

ရွန္းခြၽယ့္ :".............."

ေလထုအေနအထား အနည္းငယ္ ကသိကေအာက္ ျဖစ္လာရ....

ထို႔ေနာက္တြင္ ရွန္းခြၽယ့္၏ မ်က္ႏွာမွာ သိသိသာသာ မႈန္ကုပ္လာခဲ့သည္။ သူက ထိုင္ေနလက္စ ခုံေပၚကို ေနာက္သို႔ ပို၍ မီခ်လိုက္ၿပီး ေျခေထာက္တစ္‌ဖက္ေပၚကို ေနာက္ေျခတစ္ဖက္ ပါ ထပ္တင္ထိုင္လိုက္ကာ အိေျႏၵရွိလူႀကီးတစ္ေယာက္၏ အသြင္တစ္မ်ိဳးကို ေဆာင္လိုက္ေလသည္။

"ျမန္ျမန္စား မင္းမွာ ၃ မိနစ္ပဲ က်န္ေတာ့တယ္*

ယြိက်န္းတုလည္း ရည္႐ြယ္ခ်က္ရွိရွိျဖင့္ ျပန္ေခ်ပလိုက္ေလသည္။

"မုန႔္ေတြက ဒီေလာက္ ပူေနတာ
ကြၽန္ေတာ္ ဘယ္လိုလို႔ ျမန္ျမန္ စားလို႔ရမွာလဲ? ဒါမွမဟုတ္ အျပင္ပဲ ယူသြားၿပီး စားလိုက္ရေတာ့မလား?"

ရွန္းခြၽယ့္က ေျပာစကားမ်ား ရပ္သြားၿပီးေနာက္မွာမွ ရက္ေရာစြာ ျဖည့္ဆည္းေပးလာသည္  ။

"................ဆယ္မိနစ္ အပိုထပ္ေပးမယ္"

ထိုအခါတြင္မူ ယြိက်န္းတုမွာ ရယ္ခ်င္စိတ္ကို မခ်ဳပ္တည္းထားႏိုင္ေတာ့ေခ်။ သူ၏ လုပ္ရပ္ကို ရွန္းခြၽယ့္တစ္ေယာက္ အထအနေကာက္သြားၿပီး ထပ္စိတ္မဆိုးသြားေစဖို႔အေရး သူ႔ဖက္ကပဲ ႀကိဳတင္၍ ေတာင္းပန္လိုက္ရ၏။

"သူေဌး..... ကြၽန္္ေတာ့္အမွားေတြကို ေကာင္းေကာင္းႀကီး နားလည္လာပါၿပီ အဲ့တာေၾကာင့္မို႔ ကြၽန္ေတာ့္ဖက္က ေနာင္တရေနၿပီဆိုတာ ျပသဖို႔အတြက္...."

သူ ကိုယ့္ဖုန္းကို ထုတ္လိုက္ၿပီးေနာက္ app တစ္ခုကို ဖြင့္လိုက္ကာ ဖုန္းအား လႊဲေျပာင္း ေပးလိုက္သည္။
"ဒါ ကြၽန္ေတာ္ မေန႔ညက လုပ္ထားတာ....ေက်းဇူးျပဳၿပီး စိတ္မဆိုးပါနဲ႔ေတာ့ေနာ္"

ရွန္းခြၽဘ့္လည္း ျပလာသည့္ ဖုန္းအား ၾကည့္လိုက္၏။ ဖြင့္ေပးထားေသာ app မွာ တေစၦဘုရင္ အဝတ္လဲေပးရသည့္ ဂိမ္းပင္ ျဖစ္ေနေလသည္။
သူ မ်က္ခုံးမ်ားကို ၾကဳတ္လိုက္ၿပီးေနာက္ အေစာပိုင္းက အပိုေပးထားမိေသာ ဆယ္မိနစ္စာကို ျပန္႐ုတ္သိမ္းေတာ့မလို အလုပ္မွာ ယြိက်န္းတုက အလ်င္အျမန္ျဖင့္ app ထဲရွိ change ဟူေသာ ခလုတ္ကို ႏွိပ္လိုက္ေၾကာင္း ျမင္လိုက္ရသည္။

ရွန္းခြၽယ့္ ေၾကာင္အမ္းသြားရၿပီးေနာက္ ေမးၾကည့္လိုက္ရသည္။
".......ဒါ ဘာလဲ ?"

"ကြၽန္ေတာ္ ဂိမ္းထဲက ရွိသမွ် အဝတ္အစားေတြကို အကုန္ျပန္ေျပာင္းေပးထားတယ္"

တကယ္လည္း ဂိမ္းထဲတြင္ ရွိေသာ အမ်ိဳးသမီးဝတ္ အထည္ အစုံ ၂၀၀ နီးပါးေလာက္ ေပ်ာက္ခ်သြားေလသည္။  ထိုအစား ဗီ႐ိုထဲတြင္ အမ်ိဳးသားဝတ္  ဒီဇိုင္းမ်ား ျဖစ္ၾကသည့္
အားကစားဝတ္စုံ ထသြားထလာ ဝတ္စုံ ႐ိုးရာဝတ္စုံ အစရွိသျဖင့္ အမ်ိဳးအစားစုံ ေပၚခ်လာခဲ့သည္။

အေသအခ်ာ စူးစမ္းၾကည့္ပါလွ်င္ ေနာက္ဆုံးထြက္ ဒီဇိုင္နာခ်ဳပ္ ဘရန္းအဆင္ျမင့္ ဝတ္စုံမ်ားေတာင္ ပါဝင္ေနေသး၏။

ယြိက်န္းတုလည္း ထို ဒီဇိုင္နာခ်ဳပ္ ဘရန္းအေကာင္းစားႏွင့္ ဝတ္စုံကို ႏွိပ္လိုက္ကာ ဂိမ္းထဲရွိ ဇာတ္ေကာင္ တေစၦဘုရင္အား အဝတ္လဲ ဆင္ေပးလိုက္သည္။

" ဒီ ဝတ္စုံကို အခုတစ္ပတ္ ေရပန္းအစားဆုံး ဒီဇိုင္းစာရင္းထဲမွာ ေတြ႕လိုက္တာေလ.... ျမင္ျမင္ခ်င္းပဲ ခင္ဗ်ားနဲ႔သာဆို လိုက္ေလာက္မယ္ထင္လို႔ တစ္ပုံစံတည္း ေကာ္ပီ ယူထားလိုက္တာ
ကြၽန္ေတာ့္မွာက တရားဝင္ ကူးယူသုံးစြဲခြင့္လည္း မရွိေသးဘူးဆိုေတာ့ ခင္ဗ်ားကို ဒီလိုမ်ိဳးေတြ ဆင္ေပးေနတယ္ဆိုတာကို လွ်ိဳ႕ဝွက္ထားမွ ရမယ္ေနာ္ ၿပီးေတာ့ အခု ဂိမ္းကို တစ္ျခားအျပင္လူေတြ သိသြားလို႔လည္း မရဘူး ဟုတ္ၿပီလား ဒီတိုင္း ကြၽန္ေတာ္တို႔အခ်င္းခ်င္းပဲ ေပးသိထားရေအာင္ပါ"

ဂိမ္းထဲရွိ တေစၦဘုရင္ဇာတ္ေကာင္မွာ မ်က္ႏွာထား တင္းမာလ်က္ရွိသည္။ သို႔ရာတြင္ ဒီဇိုင္နာခ်ဳပ္ ဘရန္းႏွင့္ suit ၀တ္စုံႏွင့္မူ အရပ္ျမင့္ျမင့္ျဖင့္ ေခ်ာေမာေနလ်က္။
ဒါေတာင္ 2d character မို႔လို႔ ဒီေလာက္ ရွိတာဟူ၍ ယြိက်န္းတုတစ္ေယာက္ သူ႔စိတ္ထဲမွ အမွတ္ေတြ ေပးေနမိသည္

"သူေဌး ဒီ၀တ္စုံနဲ႔ တကယ္လိုက္တာပဲ
runway ေပၚမွာ ၀တ္ျပၿပီး လမ္းေလွ်ာက္ျပတဲ့ ေမာ္ဒယ္ထက္ေတာင္ သူေဌးက ဒီ၀တ္စုံနဲ႔ ပိုလိုက္ေနေသးတယ္"

"တကယ္လား?"
ရွန္းခြၽယ့္က ယြိက်န္းတုတစ္ေယာက္ သူ႔႐ုပ္ႏွင့္ ဂိမ္းကာ႐ိုက္တာေပၚမွာ အ၀တ္ေတြေျပာင္းခ်င္တိုင္း ေျပာင္းေနတာကို အသာေလးသာ ထိုင္ၾကည့္ေနလိုက္သည္ ။

ထို႔ေနာက္မွာ ဖုန္းကို သူ႔လက္ထဲ လုံးလုံးလ်ားလ်ားေရာက္ေအာင္ ဆြဲလုလိုက္ၿပီး ေျပာလိုက္၏။

"ငါ့ ျပဦး"

ငါးမိနစ္အၾကာတြင္ေတာ့ ယြိက်န္းတုမွာ ရွန္းခြၽယ့္တစ္ေယာက္ သူ႔ကိုယ္သူ သည္းႀကီးမည္းႀကီးျဖင့္ အ၀တ္ထိုင္လဲေနတာကို အသံမထြက္ဘဲသာ ထိုင္ၾကည့္ေနရေတာ့သည္။

ယြိက်န္းတု :"............"
*အသံပင္ မထြက္ဘဲ မနက္စာ စားေနရ*

ခဏမွ် အၾကာ ရွန္းခြၽယ့္ကား ဂိမ္းေဆာ့႐ုံတင္ မကေတာ့ဘဲ screenshot ေတြပါ ထိုင္႐ိုက္ေနသည္မို႔ ယြိက်န္းတု ကိုယ့္ဖုန္းကိုယ္ အေျပးအလႊား ျပန္ယူရေတာ့သည္။

"သူေဌး....
ကြၽန္ေတာ္ သူေဌး ဖုန္းထဲကိုပဲ ဒီဗားရွင္းနဲ႔ ဂိမ္းကူးေပးမယ္ေလ...ဒါ ကြၽန္ေတာ့္ဖုန္းႀကီးကို"

ထိုအခါမွ ရွန္းခြၽယ့္လည္း အသိျပန္ကပ္သည့္ပုံေပၚသည္။
သူက လက္ထဲက ဖုန္းျပန္လုခံလိုက္လ်က္သားေလး ၿငိမ္ေနခဲ့ၿပီးေနာက္မွာ အသံကို တည္တည္ၿငိမ္ၿငိမ္ျဖင့္ ေျပာလာ၏။

"ဒီကိစၥက ဒီေလာက္နဲ႔ ၿပီးသြားလိမ့္မယ္ မထင္နဲ႔"

ယြိက်န္းတုလည္း သူ႔ဖုန္းသူ ျပန္သိမ္းရင္း သက္ျပင္းတစ္ခ်က္အား ေလးပင္စြာ ခ်လိုက္မိသည္။

ထင္တဲ့အတိုင္းပဲ သူေဌးက စိတ္ေကာက္ေျပဖို႔ တယ္ခက္သကိုးးးးး

တစ္စကၠန႔္ပင္ မၾကာလိုက္ဘဲ ရွန္းခြၽယ့္ ဆက္ေျပာလာသည့္စကားမွာမူ ေအာက္ပါအတိုင္း ျဖစ္ေလသည္။

"ငါ့ထဲကို အဲ့ဂိမ္းသြင္းေပး... အနီးကပ္ စစ္ေဆးၾကည့္ရမယ္"

ယြိက်န္းတု :"............."

ဂိမ္းသြင္းေပးၿပီးေသာအခါ ယြိက်န္းတုလည္း မနက္စာ စားလို႔ ၿပီးစီးသြားခဲ့ေလသည္။ သူအခ်ိန္ကို တစ္ခ်က္စစ္ေဆးၾကည့္ၿပီးေနာက္ ေျပာလိုက္၏။

"သူေဌး...ကြၽန္ေတာ္ အခု အလုပ္ျပန္သြားလုပ္ေတာ့မယ္ေနာ္"

ရွန္းခြၽယ့္က ပူပူေႏြးေႏြး ကူေပးထားသည့္ ဂိမ္းအား ဖြင့္ၾကည့္ေနၿပီးေနာက္ ေအးတိေအးစက္ အေၾကာင္းျပန္လာခဲ့သည္။

"ေအး"

ယြိက်န္းတု ေနရာမွ မတ္တပ္ရပ္လိုက္သည့္အခါတြင္မူ ရွန္းခြၽယ့္က ဆက္ေျပာလာ၏။
"မင္း ဒါကို မေန႔ညက လုပ္ထားတာ ဟုတ္လား?"

ယြိက်န္းတုလည္း ေခါင္းညိတ္ျပလိုက္သည္။

ရွန္းခြၽယ့္က တဒဂၤျပန္လည္ၿငိမ္သက္သြားၿပီးေနာက္ စိတ္ မၾကည္လင္သည့္ပုံ ေပါက္ေနလ်က္ျဖင့္ ေဘာက္ဆတ္ဆတ္ ေျပာလာခဲ့ေလသည္။

"မေန႔ညက မင္း ျပန္ေတာ့ကို အခ်ိန္က ေတာ္ေတာ္ေနာက္က်ေနၿပီကို ညဥ့္နက္ေအာင္ထိ ဆက္ေနလိုက္ေသးတာလား?"

ယြိက်န္းတု ၿပဳံးလိုက္မိ၏။
"အေရးႀကီးတာလည္း မဟုတ္ဘဲနဲ႔"

"အနာဂတ္မွာ ဒါမ်ိဳး ထပ္မလုပ္ပါနဲ႔"
ရွန္းခြၽယ့္က စကားကို အတည္ေပါက္ႀကီး ျပတ္သားစြာ ဆိုလာခဲ့သည္။

"ငါေျပာသလို မလုပ္ရင္ ငါထပ္ၿပီး စိတ္ဆိုးလိုက္မွာ"

ရွန္းခြၽယ့္မွာ မ်က္ႏွာတစ္ခုလုံး မႈန္ုသုန္ေနေသာ္ျငား ယြိက်န္းတုအတြက္မူ ၎၏ စိတ္ထဲ၌ စိတ္မသက္မသာ ျဖစ္ေနရသည္မ်ိဳး လုံး၀မရွိပါဘဲ ေႏြးေထြးစြာျဖင့္ ေျဖလိုက္ေလသည္ ။
"ေကာင္းပါၿပီ"

သူ ႐ုံးခန္းထဲက ထြက္လာၿပီးေနာက္မွာ ႐ုံးခန္းတံခါးကို ေစ့ေနေအာင္ မပိတ္လိုက္ရေသးခင္ သူပဲ အျမင္မွားတာလားေတာ့ မသိေပမဲ့ သူေဌးရဲ႕ မႈန္ကုတ္ေနတဲ့ မ်က္ႏွာမွာ.....ထူးထူးဆန္းဆန္း....အၿပဳံးတစ္ခု ျမင္လိုက္ရတာလားလို႔...

သူပဲ ထင္ေယာင္ထင္မွား ျဖစ္မိတာမ်ားလားေတာ့ ကိုယ္တိုင္ေတာင္ မသိပါေလ။

ထိုအၿပဳံးေၾကာင့္ ယြိက်န္းတု၌ ေကာက္ခ်က္အသစ္တစ္ခု ရသြားခဲ့သည္။

မေကာင္းတာ တစ္ခုခုေတာ့ ျဖစ္လာေတာ့မယ္ပုံပဲ...

နာရီ၀က္အၾကာတြင္ သူ႔ခန႔္မွန္းခ်က္တို႔ အထေျမာက္လာ၏။

လုလင္းရွီက ကုမၸဏီ group chat ထဲတြင္ သတိေပးစာ ပို႔လာခဲ့သည္။

၀န္ထမ္းေတြအေနျဖင့္ ၎တို႔၏ အမွားမ်ားကို ျပန္လည္ျပင္ဆင္ရန္ ၊ မွ်ေျခရွိေသာ လုပ္ငန္းခြင္တစ္ခုကို ဖန္တီးႏိုင္ရန္ သူေဌးက ကုမၸဏီရွိ ၀န္ထမ္းမ်ားအားလုံးကို
တေစၦဘုရင္ အ၀တ္စားလဲရသည့္ ဂိမ္း၏ ဗားရွင္းအသစ္အား မျဖစ္မေန ေဒါင္းလုပ္ ဆြဲခိုင္းထားသည္။

ထိုတင္မကေသး တစ္ကုမၸဏီလုံးအတိုင္းအတာျဖင့္
"ပထမဦးဆုံးအႀကိမ္ ပဏာမက်င္းပျပဳလုပ္ေသာ ေလာ့ဖုန္းစီအီးအိုအား ဒီဇိုင္းဆင္ေပးျခင္း" ၿပိဳင္ပြဲ ျပဳလုပ္သြားေပဦးမည္။

ၿပိဳင္ပြဲကာလအား သုံးရက္တိတိ သတ္မွတ္ေပးထားၿပီး သူေဌးကိုယ္တိုင္ အကဲျဖတ္စစ္ေဆးေပးသြားမည္။

အေကာင္းဆုံး ဒီဇိုင္းဆင္ေပးႏိုင္သူ သုံးေယာက္အား ေ႐ြးခ်ယ္ၿပီး ၎တို႔အား လုပ္ခလစာ ႏွစ္ဆ တိုးေပးမည္ ျဖစ္ကာ
အဆိုးဆုံးအျဖစ္ ေ႐ြးခံရသည့္ ေနာက္ဆုံးသုံးေယာက္အား ကုမၸဏီရွိ ရွိရွိသမွ် အိမ္သာမ်ားကို တစ္လတိတိ ေဆးရမည့္ ျပစ္ဒဏ္ေပးမည္ ျဖစ္သည္။

ကုမၸဏီတစ္ခုလုံး :"............"

ယြိက်န္းတု :".............."

ခဏေလးေနပါဦး..."ပထမဦးဆုံးအႀကိမ္" ဆိုေတာ့ကာ ဒီၿပိဳင္ပြဲက ႏွစ္စဥ္ ပုံမွန္ လုပ္သြားဦးမယ့္ သေဘာေပါ့?????

တစ္ခ်ိန္တည္းမွာပဲ ရွန္းခြၽယ့္က ယြိက်န္းတုအား block ျပန္ျဖည္ေပးလိုက္ေလသည္။

ငါ့ရဲ႕ငမြဲသူေဌး :[ ဂိမ္းထဲမွာ ရွဴးဖိနပ္ ဒီဇိုင္းအသစ္ေတြ ထပ္ထည့္သင့္တယ္ ထင္တာပဲ]

ငါ့ရဲ႕ငမြဲသူေဌး :[ လက္၀တ္ရတနာေတြလည္း အတူတူပဲ]

ယြိက်န္းတု :"............"

ယြိက်န္းတု :[ကြၽန္ေတာ္အေကာင္းဆုံးႀကိဳးစားၿပီးေတာ့ ဂိမ္းဗားရွင္း ၀.၀ ေလးကို upgrade လုပ္ေပးပါ့မယ္]

ငါ့ရဲ႕ငမြဲသူေဌး :[ ဂိမ္း upgrade လုပ္ရမွာဆိုၿပီးလည္း ညဥ့္နက္တဲ့အထိ မေနနဲ႔ဦး]

ငါ့ရဲ႕ငမြဲသူေဌး :[ၿပီးေတာ့]

ငါ့ရဲ႕ငမြဲသူေဌး :[ ၿပိဳင္ပြဲမွာက မင္းလည္း ၀င္ၿပိဳင္ရမယ္ေနာ္]

ထို ေၾကညာခ်က္ကေန ေရွ႕ေလွ်ာက္ သုံးရက္တာမွာ ယြိက်န္းတုအဖို႔ သူအလုပ္၀င္ၿပီးကတည္းကေန ႀကဳံခဲ့ရသမွ် ေန႔ရက္ေတြထဲ ဂယက္အထရဆုံးႏွင့္ အာ႐ုံအေနာက္ရဆုံးေသာ သုံးရက္တာ ျဖစ္ခဲ့ရေလသည္။

ကုမၸဏီတစ္ခုလုံးက တေစၦေတြမွာ ကြန္ပ်ဴတာႏွင့္ မ်က္ႏွာ မခြာႏိုင္ၾကဘဲ ႀကိဳးစားပမ္းစားႏွင့္ ဒီဇိုင္းဆြဲေနခဲ့ၾကသည္။

တေစၦဘုရင္ကို အ၀တ္ဆင္ေပးဖို႔အေရး။

ေလာ့ဖုန္းရွိ သုံးဦးတည္းေသာ သက္ရွိ၀န္ထမ္းေလးမ်ားမွာလည္း ခြၽင္းခ်က္ မဟုတ္ခဲ့ရပါေခ်။

က်န႔္ယန္မွာ ယခုဆိုလွ်င္ ေလာ့ဖုန္း၌ အလုပ္၀င္ေနသည့္ ကာလကိုက အေတာ္အတန္ ရွိေနေလၿပီ။ သူ႔အေနျဖင့္ "product manager" ရာထူးျဖင့္ပင္ သူေဌး၏ ႐ူးေၾကာင္မူးေၾကာင္ အေတြးမ်ားကို ေတာ္ေတာ္ သည္းၿငီးခံခဲ့ရၿပီးသားမို႔ ၿပိဳင္ပြဲအား သိပ္ၿပီး စိတ္ထဲမထားေတာ့ပါေခ်။

ေက်ာက္ေရာ့လားမွာမူ "ေပ်ာ္စရာဆိုတာ ဒို႔ရဲ႕ကမာၻမွာ မရွိပါ" ဆိုတာမ်ိဳး ျဖစ္ေနခဲ့ေလ၏။
သူမလိုမ်ိဳး ႏိုင္ငံတစ္၀န္းက ရင္းႏွီးျမဳပ္ႏွံ‌သူေတြ ပတ္ပတ္လည္ဝိုင္းၿပီး သူမထံကို ေငြ သန္းနဲ႔သိန္းနဲ႔ခ်ီ ျမဳပ္ႏွံခ်င္ေနၾကတဲ့သူေတြကို ျငင္းၿပီး ေရာက္လာခဲ့လိုက္သည့္ ကုမၸဏီမွာ 2D ကာ႐ိုက္တာတစ္ခုကို အ၀တ္ဆင္ေပးရသည့္ ၿပိဳင္ပြဲမ်ိဳး ၀င္ၿပိဳင္ေနရလိမ့္မည္ဟု အိပ္မက္ပင္ မက္မၾကည့္ဖူးခဲ့ပါ။

ၿပီးေတာ့လည္း သူ ၿပိဳင္ရမယ့္သူေတြက သက္ရွိလူသားေတြလည္း ဟုတ္မေနဘူးေလ။

သူ ယြိက်န္းတုထံသို႔ သြားၿပီး လာဘ္ထိုးရသည္။
"ရွင္ ကုမၸဏီအျပင္ဖက္က သူတစ္ေယာက္ေယာက္ကိုမ်ား
‌ကြၽန္မ ဒီလိုၿပိဳင္ပြဲမ်ိဳးမွာ ပါေနရတယ္ဆိုတဲ့အေၾကာင္းကို ေျပာရဲေျပာၾကည့္ အားးးး ကုမၸဏီအျပင္ဖက္က လူဆိုရင္ ဒီလိုၿပိဳင္ပြဲမ်ိဳးရွိတယ္ဆိုတာေတာင္ ေပးမသိသင့္ဘူး   
မေသခင္ အခ်ိန္ေလးကို ကြၽန္မလည္း အျပင္ထြက္ၿပီး လူေတြနဲ႔ ပတ္သတ္ေနရဦးမွာရွင့္"

ယြိက်န္းတုလည္း မ်က္ႏွာေသႀကီးျဖင့္ ျပန္ေခ်ပလိုက္သည္။
"ကြၽန္ေတာ္က်ေတာ့ အျပင္ထြက္ၿပီး လူေတြနဲ႔ ေတြ႕ဖို႔ မလိုေတာ့ဘူးလို႔ ထင္လိုက္တာလား??"

ႏွစ္ေယာက္သား အၾကည့္ခ်င္း ဆုံမိၾကခ်ိန္ တစ္ေယာက္အေပၚ တစ္ေယာက္ စာနာစိတ္မ်ားျဖင့္သာ လႊမ္းၿခဳံလိုက္ၾကေလေတာ့သည္။

ေက်ာက္ေရာ့လားက အျပစ္တင္လာျပန္၏။
"ဒါေတြအကုန္လုံး ရွင့္အျပစ္ေတြခ်ည္းပဲ ဘာလို႔ ကိုယ့္ဟာကိုယ္ စိတ္ဖိစီးမႈေလွ်ာ့ခ်တဲ့ဂိမ္းထြင္တာကို သူေဌး မ်က္ႏွာႀကီးနဲ႔ သြားထြင္လိုက္တာတုန္း!!"

ယြိက်န္းတုလည္း ေနမထူး ေသမထူးသည့္ မ်က္ႏွာမ်ိဳးျဖင့္ ျပန္လည္ ခုခံလိုက္သည္။
"လာေသးတာ....
ေဆာ့ရတုန္းကက် မင္းလည္း ၿပဳံးၿဖီးၿပီးေတာ့ အားရပါးရ ေဆာ့ခဲ့တာပဲ မဟုတ္ဘူးလား"

သိထားဖို႔လိုသည့္အခ်က္တစ္ခုကေတာ့ ဂိမ္းထဲရွိ ကလီယိုပက္ထရာ limited edition costume ကိုပိုင္ဆိုင္သည့္ လူနည္းစုထဲတြင္ ေက်ာက္ေရာ့လားကလည္း တစ္ေယာက္အပါအဝင္ျဖစ္ေလသည္။

ထိုသို႔ပိုင္ဆိုင္ခြင့္ရခဲ့သည္ကလည္း သူမက တရားမ၀င္ ခိုးကူးသည့္ cheat code တစ္ခုျဖင့္ ရရွိခဲ့ျခင္း။

ေက်ာက္ေရာ့လား၏ မ်က္ႏွာကား ေဆးလိပ္မေသာက္ရလို႔ မႈိင္ေနသည့္ ၀က္ဝံတစ္ေကာင္ မ်က္ႏွာထားမ်ိဳးျဖင့္ ေနာင္တႀကီးစြာ ဆိုလာခဲ့သည္။

"အ၀တ္အစားေတြ လဲေပးရင္းကေန ေပ်ာ္ရတဲ့ ခဏတာခံစားခ်က္ကေတာ့....... "

"အၿမဲတမ္း လဲေပးရရင္ အၿမဲတမ္း ေပ်ာ္တဲ့ ခံစားခ်က္ရမွာ"
ယြိက်န္းတုလည္း တတ္ေသာအားျဖင့္ ႏွစ္သိမ့္ေပးလိုက္ရသည္။
"အေကာင္းဖက္က ၾကည့္ရင္...မင္းရဲ႕ တစ္လ လုပ္စာက အခုအတိုင္းေတာင္ ေတာ္ေတာ္ေလး ျမင့္တာပဲ မဟုတ္ဘူးလား
ၿပိဳင္ပြဲမွာ ႏိုင္ခဲ့ရင္ အခုထက္ ႏွစ္ဆေတာင္ ပိုရဦးမွာပဲ"

"ဟုတ္ေတာ့လည္း ဟုတ္တယ္ေနာ္!"
ေက်ာက္ေရာ့လား၏ မ်က္လုံးမ်ား ျပန္လည္ေတာက္ပလာရင္း....ပုံမွန္အသိလည္း ျပန္ကပ္သြားခဲ့ပုံေပၚသည္။

သူမက လက္ႏွစ္ဖက္ကို ပြတ္သပ္၍ အႀကံထုတ္သည့္ပုံမ်ိဳးလုပ္လာ၏။

"အဲ့လိုဆိုရင္ အေကာင္းဆုံး အ၀တ္စားေတြ ေ႐ြးခ်ယ္ေပးမဲ့ code အသစ္တစ္မ်ိဳး ထိုင္ေရးလိုက္ဦးမယ္"

ယြိက်န္းတု ပါးစပ္အေဟာင္းသား ျဖစ္လ်က္။
"ဟာ ခိုးခ်ဖို႔ ေနာက္ထပ္ code အသစ္တစ္ခုလား?
ၿပိဳင္ပြဲကို မွ်မွ်တတ ၿပိဳင္မယ္ဆိုတဲ့ စိတ္ကေလးေတာင္ မရွိဘူးေနာ္"

ေက်ာက္ေရာ့လား စီေလ်ာ္ေသာ ထုေခ်ခ်က္ျဖင့္ ျပန္ေျဖလာသည္။
"နည္းပညာ ၿပိဳင္ပြဲဆိုတာကလည္း အႏိုင္ယူရမယ့္ ၿပိဳင္ပြဲတစ္ခုပဲ မဟုတ္ဘူးလား"

ယြိက်န္းတု အေလးျပဳလိုက္၏ ။
"ေလးစားပါတယ္"

တကယ့္တကယ္တြင္ သူကိုယ္တိုင္လည္း ခိုးခ်မည့္ code အသစ္တစ္ခု ထပ္ေရး၍ တရားမ၀င္နည္းျဖင့္ ၿပိဳင္ပြဲ ၀င္ၿပိဳင္ဖို႔ ဆုံးျဖတ္ထားခဲ့ျခင္းေပ။

သို႔ရာတြင္ ေနာက္တစ္ရက္ ရွန္းခြၽယ့္၏ အမိန႔္အတိုင္း Peppa ထံ တစ္ရက္တစ္ေခါက္ေတာ့ အေရာက္သြားရသည့္ အခိုက္မွာ ရွန္းခြၽယ့္က သူ႔လက္ထဲသို႔ ဖက္ရွင္မဂၢဇင္းစာစဥ္မ်ား ေပးလာ၏။

"ကိုးကားလို႔ရေအာင္...."

ယြိက်န္းတု :"......"

တရားမ၀င္နည္း‌နဲ႔ေတာ့ မၿပိဳင္ေတာ့ပါဘူးေလ ကိုယ့္အရည္အခ်င္းနဲ႔ကိုယ္ပဲ..

သူသာ ခိုးခ်ၿပီး ၿပိဳင္ပြဲႏိုင္သြားမွန္း ရွန္းခြၽယ့္ဆီမွာ ေပၚသြားခဲ့ရင္
ေနာက္ထပ္ ေသြးေအးတိုက္ပြဲ ဘယ္ႏွပြဲေလာက္မ်ား ထပ္တိုက္ေနရဦးမလဲ ဘယ္သူသိႏိုင္မွာမို႔လို႔လဲ

သို႔ႏွင့္ ထို သုံးရက္တာ ကာလအတြင္းတြင္ လိုအပ္ေသာ အလုပ္မ်ား လုပ္ၿပီးသည္ႏွင့္ ယြိက်န္းတုအဖို႔ က်န္ရွိသည့္အခ်ိန္မ်ားကို တေစၦဘုရင္အား သူတတ္ကြၽမ္းသမွ် programming aesthetic ေတြျဖင့္ ျခယ္သေပးရေလသည္။

ဤ ဂိမ္းပိစိေလး၏ မူလရည္႐ြယ္ခ်က္ကား လုပ္ငန္းခြင္မွ တစ္ဆင့္ ရရွိလာသည့္ စိတ္ဖိစီးမ်ားကို ေျဖေလ်ာ့ဖို႔ရန္ ျဖစ္သည္။

ယခုအခါတြင္မူ ထိုဂိမ္းမွာ လုပ္ငန္းခြင္တစ္ခုလုံး၏ စိတ္အဖိစီးရဆုံးေသာ အဓိကအေၾကာင္းရင္းႀကီး ျဖစ္လာရေလသည္။

ကာလဝိဘတ္ ေနာက္ပိုးတက္ဆိုသလိုပဲ မေကာင္းသည့္လုပ္ရပ္တစ္ခုေလး က်ဴးလြန္လိုက္မိသည္က ေနာက္ဘဝေတာင္ မကူးရေသးပါဘဲ ဒီဘဝတြင္ပဲ ကိုယ္ျပဳသည့္ကံ ကိုယ့္ထံျပန္ေရာက္ခ်လာခဲ့သည္ေပ.....

တစ္ျခားရႈေထာင့္ဖက္က ၾကည့္ပါလွ်င္လည္း ဤၿပိဳင္ပြဲမွတစ္ဆင့္ ၎တို႔၏ နည္းပညာအသိသညာမ်ား တိုးပြားလာရသည္ဟု ထင္မွတ္ရသည္။

သုံးရက္ၾကာၿပီးေသာအခါ ေလာ့ဖုန္းရွိ ၀န္ထမ္းမ်ားအားလုံး မိမိတို႔၏ အေခ်ာသတ္ လက္ရာမ်ားကို ရွန္းခြၽယ့္ထံသို႔ တင္ျပၾကရသည္။

၀န္ထမ္းအားလုံး ၎တို႔လက္ရာမ်ား တင္ၿပီးၿပီးခ်င္း ငါးမိနစ္ပင္ မၾကာလိုက္....
ရွန္းခြၽယ့္က အႏိုင္ရရွိသူ စာရင္းကို Wechat Group ထဲမွာ ေၾကညာ‌လာေလ၏။

[ၿပိဳင္ပြဲ၏ ပထမ ဆုကို ဆြတ္ခူးရရွိသြားသူကေတာ့.....ယြိက်န္းတုပဲ ျဖစ္ပါတယ္]

ခန္က်င့္ :[ဒုတိယနဲ႔ တတိယကေရာ ဘယ္သူေတြလဲ]

ရွန္းခြၽယ့္ :[ ဘာေတြအဲ့ေလာက္ ေလာေနတာလဲ? ငါျဖင့္ တစ္ခုမွေတာင္ ဖြင့္မၾကည့္ရေသးတာကို]

gp chat ထဲရွိသူအားလုံး :[............]

ခန္က်င့္ :[ငလူး....သူေဌးက ငါတို႔ ဒီဇိုင္းေတြကို ဖြင့္ေတာင္မၾကည့္ရေသးပဲနဲ႔ ပထမ ‌ရတဲ့သူကို ေၾကညာပစ္ၿပီ
ၿပိဳင္ပြဲက rigged ထားတယ္ဆိုတာႀကီးကို ေပါေပၚထင္ထင္ႀကီး ေၾကညာပစ္လိုက္တာနဲ႔ မတူဘူးလား]

တစ္မိနစ္‌စာေလာက္ gp chat မွာ ၿငိမ္က်သြားခဲ့ေလသည္။

ယြိက်န္းတု ခန္က်င့္အား တစ္ေယာက္ခ်င္း private chat မွ စာပို႔လိုက္ရ၏။
[ မင္း ဂ႐ုမွားၿပီး စာပို႔ေနျပန္ၿပီဟ!]

ခန္က်င့္  :[အားး ျမန္ျမန္ ျပန္သြားဖ်က္လိုက္ဦးမယ္]

ယြိက်န္းတု :[ ေနာက္က်သြားၿပီ]

ကုမၸဏီစကားဝိုင္းထဲမွ ရွန္းခြၽယ့္ :[ အဲ့ေတာ့ မင္းက ဘာလုပ္ခ်င္လို႔လဲ?]

ခန္က်င့္ :[ ဘာမွ မလုပ္ခ်င္ပါဘူး ]

ခန္က်င့္ :[ပင္ပန္းသြားရၿပီ သူေဌးေရ!]

ခန္က်င့္ :[ ကြၽန္ေတာ္အခုပဲ အိမ္သာ သြားေဆး လိုက္ေတာ့မယ္ေနာ္ ႏႈတ္ဆက္ခဲ့ပါတယ္ သူေဌး!]

ထိုအခ်ိန္မွာပဲ ယြိက်န္းတုလည္း သူ႔ထံသို႔ ရွန္းခြၽယ့္ထံမွ တစ္သီးတစ္သန႔္ စာ၀င္လာခဲ့သည္။

ငါ့ရဲ႕ငမြဲသူေဌး :[ ဒီၿပိဳင္ပြဲမွာ ပထမ ေနရာကို အႏိုင္ရရွိသြားၿပီဆိုေတာ့ ငါ့ဖက္ကလည္း မင္းနဲ႔ ေသြးေအးတိုက္ပြဲကို ရပ္ဆဲလိုေၾကာင္း ေၾကညာခ်င္ပါတယ္]

ယြိက်န္းတု :[ေက်း....ေက်းဇူးတင္ပါတယ္ သူေဌး]

စာေရးသူမွာ ေျပာစရာေလး ရွိပါတယ္

ရွန္းခြၽယ့္ : ကိုယ္က်င့္သီလနဲ႔ျပည့္စုံတဲ့ တေစၦေတြက ေသြးေအးတိုက္ပြဲကိုလည္း ကိုယ္က်င့္သီလနဲ႔ ျပည့္စုံတဲ့ နည္းနဲ႔ပဲ အဆုံးသတ္ေလ့ရွိၾကတယ္

က်န္းတု : အဲ့ေတာ့...?

TBC

အခ်ိန္ကုန္ ျမန္ခ်က္က  ဒီကေမႏိုင္းေလးခမ်ာ ဒီ ေခတ္သစ္ငရဲသစ္ရဲ႕ စာဖတ္သူေတြနဲ႔တင္ ေမြးေန႔ ေမလ ၉ ရက္ကို ျဖတ္သန္းဖူးတာ အခုႏွစ္နဲ႔ဆို ၃ ႏွစ္တိတိရွိသြားၿပီရယ္ TT
ဘာသာျပန္တစ္ပုဒ္ကို အခုေလာက္ႀကီး ဆြဲျပန္မိလိမ့္မယ္လို႔ ေတြးေတာင္မေတြးခဲ့ဖူးေပမယ့္ ၾကားထဲက ႏွစ္ေတြမွာက ကိုယ့္ဝမ္းစာအတြက္လည္း အိတ္ျဖည့္ဖို႔ အခ်ိန္ေတြ ယူခဲ့ရေသးတာမို႔ ဘယ္လိုမွ မအားလပ္ဘူး ျဖစ္သြားလိုက္တာ... ဒါေပမဲ့ အခုႏွစ္မွာ ရဲရဲႀကီး အာမခံေပးရဲတာကေတာ့ စီအီးအိုတို႔အတြဲနဲ႔ ခြဲရဖို႔က ဘယ္ေလာက္မွ မလိုေတာ့တဲ့အျပင္ NTNH ကလည္း ၂၀၂၄ အတြင္းမွာ က်ိန္းေသေပါက္ complete ပါမယ္လို႔ေနာ္<3
စာဖတ္သူေတြနဲ႔ တစ္ပုဒ္ထဲမွာတင္ ေမြးေန႔ကို သုံးႀကိမ္ျဖတ္ခဲ့ရတာ နည္းနည္းေတာ့ မ်က္ႏွာပူမိေပမဲ့ အေကာင္းဖက္က ေတြးၾကည့္ေတာ့လည္း teenage ရဲ႕ ေနာက္ဆုံးပိတ္ႏွစ္ေတြမွာ ဒီလူေတြနဲ႔ အတူရွိေနခဲ့တယ္ဆိုတဲ့ core memory တစ္ခုအျဖစ္ အမွတ္တရ ျဖစ္ဖြယ္ေတြပါပဲ~

Continue Reading

You'll Also Like

594K 16.1K 48
(A/N: I advice you to read MARRIED TO LALISA MANOBAN first before reading these one so you won't get confused.) Book 2 Jennie Ruby Jane Kim, a 24 yea...
150K 31.2K 98
Title - Dangerous Personality Author - Mu Gua Huang MC- Xie Lin x Chi Qing Chapter 161 + 2 extras ထူးဆန်းသည့် ပြန်ပေးဆွဲမှုတစ်ခုအပြီးတွင် ချီချင်းတစ်...
5.3K 758 18
Title-Don't Pretend To Be Poor With Me Status in coo-82chapters + 9extras + 7 side stories I don't own this story Full credit to original author and...
132K 3.7K 25
Warning: 18+ ABO worldကို အခြေခံရေးသားထားပါသည်။ စိတ်ကူးယဉ် ficလေးမို့ အပြင်လောကနှင့် များစွာ ကွာခြားနိုင်ပါသည်။