(Unicode)
မသိသာ မပေါ်လွင်အောင် ဟန်ဆောင်ရင်း ယွိကျန်းတုက အသံနူးနူးညံ့ညံ့ဖြင့် အဘိုးအိုအား တိတ်တဆိတ် မေးကြည့်လိုက်ရသည်။
"အဘိုး ဒီကားက တစ္ဆေဘတ်စ်ကားကြီးမှန်း ဘယ်လိုလို့ သိတာလဲ?"
အဘိုးအို၏ နှုတ်ခမ်းမွေးများပင် လှုပ်ခါနေလျက်။
"ကားပေါ်တက်လာတဲ့သူတိုင်းက ကားခကို စာရွက်အဝါတွေ ပေးပြီး ရှင်းနေတာ တွေ့တယ်"
ယွိကျန်းတု :"............."
ဒီပုံအတိုင်းဆိုရင်တော့ မြေအောက်လောကအတွက် ငွေလွှဲနည်း အသစ်တွေ ထွင်ပေးမှ ရတော့မယ် ထင်တယ် စာရွက်အဝါတွေကို ရေရှည်သုံးနေရင် မလွယ်ဘူး.....
သူ သိလိုစိတ်ဖြင့် မေးကြည့်လိုက်သည်။
"အဘိုး ဒီကားပေါ်ကို ဘယ်လိုရောက်လာတာလဲ?"
အဘိုးအိုကိုယ်တိုင်ကလည်း ဇဝေဇဝါ ဖြစ်နေဟန်ပေါ်သည်။
"ငါလည်း ဘာဖြစ်သွားမှန်း မသိပါဘူး...ပုံမှန်လိုပဲ ဈေးသွားပြီး လိုအပ်တာတွေ ၀ယ်ခြမ်းပြီးတော့ အိမ်မပြန်ခင်ကို ပန်းခြံကို တစ်ပတ် ပတ်လိုက်တာ
ပြီးတော့ အိမ်ပြန်ဖို့ ဘတ်စ်ကား တက်စီးခဲ့လိုက်တာပဲ ဒီလို အဖြစ်ဆန်းကြီးမျိုးနဲ့ တွေ့ရမယ်လို့ ထင်တောင် မထားဘူး"
ယွိကျန်းတုလည်း သူ့ခြေထောက်အောက်ဘေးနေရာကို ကြည့်လိုက်ချိန် အဘိုးပြောသလိုပါဘဲ ဈေးထဲမှ ၀ယ်လာသည့် အခြောက်အခြမ်းများ အထုတ်လိုက် ရှိနေသည်ကို မြင်လိုက်ရသည်။
သူ့အနေဖြင့် တစ်ခုခုကတော့ လွဲချော်နေပြီဟု မှန်းဆမိ၏။တကယ်သာ ပုံမှန်အတိုင်း ဈေး၀ယ်ထွက်ပြီး အိမ်ပြန်ဖို့ ဘတ်စ်ကား တက်စီး
ခဲ့တာ မှန်ရင် အခုကားပေါ် ရောက်နေစရာအကြောင်းမရှိချေ။
သို့ရာတွင် နေရာမှာ ထိုင်ရင်း စဉ်းစားကြည့်ရုံလောက်နှင့် သင့်တော်သည့် ဖြေရှင်းချက်တစ်ခုကို ရှာမတွေ့ပါလေ။ သို့နှင့် သူလည်း အဘိုးအို၏ လက်ကောက်၀တ်အား ငြင်သာစွာ ပွတ်သပ်ပေးလိုက်ပြီးနောက် အသံကို တတ်နိုင်သမျှ နှိမ့်၍ ပြောလိုက်၏။
"ကြောက်စရာ မလိုဘူး သိလား...ကျွန်တော်တို့ လုပ်ဖို့လိုတာဆိုလို့ ခဏနေ ဘတ်စ်ကား ရပ်တဲ့အခါ မသိချင်ယောင်ဆောင်ပြီး အသာလေး ဆင်းနေခဲ့လိုက်ရုံပဲ...
လမ်းတစ်၀က်မှာတင် ခုန်မချကြရအောင်ပါ"
"ငါ မကြောက်ပါဘူး...ငါ့အရွယ်ကြီးကျမှ ဘာမှလည်း ကြောက်စရာ မရှိတော့ပါဘူး..."
အဘိုးအိုက ယွိကျန်းတုအား ချီးကျူးလိုသည့် မျက်လုံးများဖြင့် ကြည့်လာ၏။
"လူလေး...မင်းကလည်း ပြောမယ့်သာပြောတာ စိတ်တည်တည်ငြိမ်ငြိမ် ထားတတ်သားပဲ..
အခုလို အခြေအနေမျိုး ကြုံရတာတောင် တစ်ချက် အော်သံ မထွက်ဘူးနော်"
ယွိကျန်းတုက ဂုဏ်ယူစွာဖြင့် ပြုံးလိုက်လေသည်။
သူ့အနေဖြင့် ကြောက်ဖို့နေနေသာသာ အခုလေးတင် တစ္ဆေတွေကိုတောင် ပြန်ခြောက်လိုက်သေးကြောင်းကိုတော့ အရှက်ကြီးစွာဖြင့် ထုတ်မပြောမိလိုက်တော့ပါ။
ထိုနည်းထိုပုံဖြင့် ဘတ်စ်ကားပေါ်တွင် သူတို့ကိုယ်သူတို့ လူယောင်ဟန်ဆောင်တာ ပီပြင်လှပြီဟု ထင်နေကြသည့် တစ္ဆေတစ်သိုက်နှင့် သူ ရောက်နေသည့် ဘတ်စ်ကားက တစ္ဆေဘတ်စ်ကား ပါဆိုတာကို မသိချင်ယောင်ဆောင်ပေးနေသော အဘိုးအိုတို့မှာ ထူးဆန်းစွာဖြင့် မျှခြေညီ အံ၀င်ခွင်ကျ ဖြစ်နေခဲ့ကြသည်။
ထိုမျှခြေကို ထိန်းသိမ်းထားလျက်ပဲ ဘတ်စ်ကားက ယွိကျန်းတု နေထိုင်သည့် ရပ်ကွက်ထဲသို့ ရောက်လာ၏။
လမ်းခရီးအဆုံးတွင် ကားဆရာက သူ၏ ဟန်ဆောင်ခြင်းအမှုကို ဆက်လက်ထိန်းသိမ်းထားပြီး မူမပျက်စွာဖြင့် ယွိကျန်းတု ရပ်ကွက်ထိပ်က ဘတ်စ်ကား မှတ်တိုင်ဘေး၌တွင်ပင် ကားကို ရပ်ပေးလာသည်။
"လူကြီးမင်းတို့ ရောက်လိုသော မှတ်တိုင်သို့ ရောက်ရှိပြီ ဖြစ်ပါ၍ ခရီးသည်များ ကားပေါ်မှ ဆင်းချင် ဆင်းနိုင်ပါပြီ ခင်ဗျာ"
"ကျွန်တော်တို့ ဆင်းကြစို့"
ယွိကျန်းတုက အဘိုးအိုကို ထူပေးလိုက်သည်။
"စိတ်အေးအေးထား ပျာယာမခတ်နဲ့"
အဘိုးအိုက သူ့ကိုယ်သူ စုံထောက်ဇာတ်လမ်းထဲရောက်နေသလိုလို ပြုမူနေခဲ့ကာ ယွိကျန်းတုကို တွန်းလိုက်၏။
"မင်း အရှေ့ကနေ လျှောက်
ငါက မင်းအနောက်ကနေ အရိပ်အခြည် ကြည့်ပေးမယ်...တစ်ခုခု မှားယွင်းသွားခဲ့ရင် နောက်ပြန်လှည့်မကြည့်ဘဲ တစ်ချိုးတည်းသာ ပြေးတော့ ငါ့အတွက် စိတ်မပူနဲ့"
ယွိကျန်းတု :"............"
ပြောလို့သာပြောတာ အဘိုးအိုက တရားဓမ္မတော့ အတော်လေး လိုက်စားပုံ ရသည်။ သို့ရာတွင် နည်းနည်းလေးတော့ အကဲပိုနေ၏။
ဘယ်လိုပဲပြောပြော သူ သွားဖို့လိုသည့် ခရီးလည်း ဆုံးနေပြီမို့ အဘိုးအိုနဲ့အတူလိုက်ပြီး ဟန်ဆောင်ပေးလိုက်တာ အရှုံးမရှိပါဘူးလေလို့ သူ ယူဆလိုက်သည်။
သူ အရှေ့ကနေ ဦးဆောင်ခေါ်လာပေးလိုက်ပြီး ဘတ်စ်ကား ထွက်ပေါက်မှ အပြင်သို့ ထွက်တော့မလို အလုပ်မှာ ရှေ့တံခါးပေါက်ကနေ နောက်ထပ် လူငယ်တစ်ယောက်က တက်ချလာလေသည်။
နောက်ထပ် သက်ရှိ လူသား တစ်ယောက်ပင်။
ထိုလူငယ်က ခြေထောက်တွင် ညှပ်ဖိနပ်များ စီးထားသည်။ အ၀တ်အစားကလည်း ဈေးပေါသော သားရေဂျာကင်တစ်ထည်ကို ၀တ်ဆင်ထား၏။
သူ့ တစ်ကိုယ်လုံး ခြုံငုံကြည့်ပါက မသမာသူ တစ်ယောက်လို ထင်ရသည်။
သူက အကြွေစေ့ထည့်သည့် ကန်ထဲသို့ အကြွေစေ့နှစ်ပြားကို ဖြစ်သလို ပစ်ထည့်လိုက်ပြီးနောက် ခေါင်းငိုက်စိုက်ချထား၍ ကားနောက်ဖက်သို့ လျှောက်လာခဲ့သည်။
ယွိကျန်းတုလည်း ဆင်းမယ့်အရေး နေရာမှာတင် ရပ်တန့်သွားရ၏။ တစ်စီးလုံးက အခြားသော တစ္ဆေများလည်း သူနှင့်အတူ လိုက်ရပ်ကုန်ကြသည်။
ဒီဘတ်စ်ကားက ဒီနေ့မှ ဘယ်လို ဖြစ်နေလဲ? တစ်ညတည်းနဲ့တင် ဘယ်လိုကနေဘယ်လို မသေသေးတဲ့လူတွေကို ကားပေါ် ခေါ်ခေါ်တင်နေပါလိမ့်?
ယွိကျန်းတုအား ကားပေါ်မှ တွန်းချမိတော့မလိုအထိ ဖြစ်သွားရသည့် အဘိုးအိုက မိမိအရှိန်ကို မိမိ လျှော့လိုက်ရသည့်အတွက် ကိုယ့်ခြေထောက်ကိုယ် ပြန်တက်နင်းမိသွားသည်။
သူက အသံကို နှိမ့်ချရင်း မေးလာ၏။
"ဟေ့ကောင်...ဘာဖြစ်လို့လဲ? နောက်တစ်ယောက်ကကော ဘာလို့ အခုမှ တက်လာပါလိမ့်? ငါ့ကို ဒီကားပေါ်ကနေကို မဆင်းစေချင်ကြတော့ဘူးနဲ့ တူတယ်!"
ယွိကျန်းတုလည်း မျက်ခုံးတို့ကို ကျုံ့ကာ တစ်ဖက်က လူငယ်ကို ကြည့်လိုက်သည်။
ထိုသူ၏ အသွင်အပြင်က လွန်စွာမှ မှောင်မှိုင်းနေ၏။ မျက်တွင်းဟောက်ဖက်၊ မျက်အိတ်များ တွဲကျနေပုံက ထိုသူ၌ ကံဆိုးနေခြင်း ဖြစ်ကြောင်းကို ညွှန်ပြနေလေသည်။
လူငယ်က အတင်းတွန်းတိုက်ပြီး ကားအနောက်ဖက်သို့ မရရအောင် ၀င်လာခဲ့သည်။ ကားက အခုထိကို ဘီးလုံးမရွေ့သေးကြောင်း သတိထားမိသောအခါ သူက စိတ်မရှည်စွာဖြင့် အော်လာ၏။
"ကားဆရာ သေများသွားတာလား? ဘယ်လိုဖြစ်လို့ အခုထိ ကားက မထွက်သေးတာလဲ!"
ယွိကျန်းတု :"............"
ပြောရမှာတော့ အားနာပါတယ် ! ဒီကားပေါ်မှာက ကားဆရာပဲ သေနေတာမဟုတ်ဘူး ပါသမျှအကုန် သေပြီးသားတွေချည်းဟေးးးးး!
အဘိုးအိုလည်း စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့သည်။
"အိုင်းယား...ဒီနေ့ခေတ် လူငယ်တွေကတော့ ပါးစပ်စည်းကို မစောင့်ကြဘူးပဲ"
သူက ယွိကျန်းတုကိုပါ တွန်းတိုက်လာရင်း...
"မင်း အရင်ဆင်းသွားနှင့်တော့...ငါ အဲ့ဒီကလေးကိုပါ သွားပြောပြလိုက်ဦးမယ်"
အဘိုးအိုက ယွိကျန်းတု၏ တုံ့ပြန်မှုကိုပင် မစောင့်ဘဲ ပြောပြီးတာနဲ့ ချက်ချင်း လူငယ်ရှိရာသို့ သွားလိုက်သည်။
ယွိကျန်းတု ထိုလူငယ်ကို ကြည့်လိုက်သည့်အချိန်တွင် လူငယ်မှာ မျက်လုံးများ ကစားနေကြောင်း သတိထားမိလိုက်၏။
ထိုသူက မျက်လုံးမည်းမည်းများဖြင့် ကားပေါ်က ရှိသမျှ သူတိုင်းကို အကဲခတ်နေခဲ့သည်။
ယွိကျန်းတု၏ မသိစိတ်က သူ့အား မကောင်းတာတစ်ခုခု ဖြစ်လာတော့မလို သတိပေးနေခြင်းကြောင့် သူအလျင်အမြန်ပဲ အဘိုးအိုအား အနား ပြန်ခေါ်ဖို့ ပြင်လိုက်သည်။
သို့ရာတွင် နောက်ကျသွားခဲ့ချေ၏။ အဘိုးအိုမှာ အသက်သာကြီးသော်လည်း လူက ဖြတ်ဖြတ်လတ်လတ် ရှိနေဆဲမို့ ခဏလေးအတွင်း လူငယ်နား ရောက်သွားလေသည်။
သူက ခေါင်းကို ငုံ့၀င်၍ လူငယ်ထံသို့ တိတ်တိတ်လေး သွားသတင်းပို့နေခဲ့သည်။
'လူလေး...မြန်မြန် ဒီဘတ်စ်ကားပေါ်ကနေ ပြန်ဆင်းဖို့..လုပ်"
သူပြောလို့မပြီးလိုက်ခင်မှာပဲ အမည်းရောင်ဂျာကင်နှင့် လူငယ်က ထပေါက်ကွဲလေသည်။
ထိုသူက အဘိုးအို၏ လည်ပင်းအား လက်တစ်ဖက်ဖြင့် ရစ်ပိုက်လိုက်ရင်း ကျန်လက်တစ်ဖက်ကမူ အိတ်ဆောင် ခေါက်ဓားတစ်ချောင်းကို ထုတ်ကာ ဖြန့်လိုက်လေသည်။
ထို့နောက်တွင်မူ ထိုအိတ်ဆောင်ဓားအသွားအား အဘိုးအို၏ လည်ပင်းတွင် ထောက်ထားလိုက်လေသည်။
"နံစော်နေတဲ့ အဘိုးကြီး! ဒါ ခင်ဗျားအပူမပါဘဲ ၀င်ရှုပ်တဲ့အမှုအတွက် တန်ရာတန်ကြေးပဲ"
အဘိုးအိုအား ဓားစာခံ လုပ်ထားရင်း လူငယ်က အံကြိတ်၍ ကားသမားထံ လှမ်းအော်၏။
"ဘာကိစ္စ အခုထိ အဲ့ စောက်ဘီးလုံးတွေက မရွေ့သေးတာလဲလို့! မြန်မြန် မောင်းစမ်း
မဟုတ်လို့ကတော့ ငါ ဒီအဘိုးကြီးကို ထိုး ပစ်တော့မှာ"
ချွန်မြနေသော ဓားသွားက အဘိုးအို၏ လည်ပင်းထက် နေရာယူနေခဲ့သည်။ အချိန်မရွေး အသားအား ဖောက်ထွင်းသွားနိုင်၏။
ယွိကျန်းတု၏ မျက်နှာထားက ချက်ချင်းပြောင်းချသွားပြီးနောက် အေးစက်စက်အသံဖြင့် ကားဆရာထံ အော်ပြောလိုက်သည်။
"မောင်းတော့"
တစ္ဆေဘတ်စ်ကားမှာ စတင်၍ နေရာမှ ရွေ့လေသည်။ သို့ရာတွင် ကားတစ်စင်းလုံးက ငြိမ်သက်နေ၏။ ကြောက်ရွံ့ထိတ်လန့်ယောင် များလည်း ရှိမနေ။
ထိုလူငယ်ကမူ အခုထိ ပတ်၀န်းကျင်ကို သတိမထားမိသေးပါလေ။
သူက ကိုယ့်ကိုယ်ကိုယ် ပြန်ဆဲရေးတိုင်းထွာလာသည်။
"ကံဆိုးမိုးမှောင်ကျတာနဲ့ပဲ ထိုက်တန်တယ် ခင်ဗျားကြီးက ဒီ လောင်ဇီ နှစ်ရက်ဆက်တိုက် ငွေတွေရှုံးနေတဲ့အချိန်နဲ့မှ တည့်တည့်လာတိုက်ဆိုင်ရတာကိုး...ငါ-ိုး ကံမကောင်းချက်က"
ထိုစကားကိုကြားမှ ယွိကျန်းတု နားလည်သွားခဲ့ရသည်။ လောင်းကစားလုပ်ခြင်းက လူတစ်ယောက်၏ စိတ်အခြေအနေနှင့် ကံ ကို လွန်စွာမှ သက်ရောက်မှု ရှိ၏။ ဤလူငယ်၏ ကံမှာ အစကတည်းက ဆိုးနေလျက်သားကို လောင်းကစားပါ ပေါင်းလိုက်ပြီး ကိုယ်တိုင်ကလည်း စိတ်မကြည်နေတဲ့အချိန်မှာ ငွေတွေကလည်း ရှုံးသထက် ရှုံးပေမည်။ ထိုအခါ ကံကလည်း ဆိုးသထက် ဆိုးလာရ၏။
ဒီလိုအခြေအနေမျိုးမှာ တစ္ဆေဘတ်စ်ကားပေါ် တက်မိနိုင်ခြေက အံ့ဩဖို့ပင် မကောင်းတော့ချေ။
အဘိုးအိုက သက်ပြင်းချလိုက်၏။
"လူလေး......မင်း ကံဆိုးပုံက အဲ့တစ်ခုပဲ မကဘူးနော်"
ယွိကျန်းတု :".........."
အဘိုးအိုက တစ်ခါတစ်ခါ ထထလည်း ဖောက်တတ်သေးသား။
လူငယ်မှာမူ အဘိုးအို၏ ဟာသကို လိုက်မမီချေ။ သူက ဓားကိုပတ်ပတ်လည် ဝှေ့ရင်း အော်လာပြန်၏။
"ပါးစပ်ပိတ်ထားစမ်း စောက်အဘိုးကြီး"
ဘတ်စ်ကားမှာ ဆက်သွားနေသည့်အလျောက် ယိမ်းထိုးနေသည်။ ယွိကျန်းတုလည်း လူငယ်၏ လက်ထဲက ဓားသွားက အဘိုးအို၏ လည်ပင်းနား ရစ်သီရစ်သီ ဖြစ်နေတာကိုကြည့်ရင်း အသည်းယားနေရသည်။
သူ မသိချင်ယောင်ဆောင်၍ ဘတ်စ်ကားပေါ်က သူများကို ကြည့်လိုက်သည့်အခါ ကားပေါ်က ရှိသမျှ သူတိုင်းကလည်း သူ့အား ကြည့်နေခဲ့ကြသည်။
၎င်းတို့ကား သူ့ပါးစပ်က အမိန့်ကို စောင့်နေခဲ့ကြခြင်း။
သူ့ဘေးနားက ဝိဉာဉ်တစ်ကောင်က ကပ်ပြောလာသည်။
"ယွိသူဌေး....ဒီလူ့မှာက တော်တော်လေးကို ကံနိမ့်နေတယ် သူ့ကို ၀င်ပူးလို့တောင် ရနေပြီ ၀င်ပူးလိုက်ရမလား?"
ယွိကျန်းတု လက်ယမ်းပြလိုက်၏။
"မလုပ်နဲ့ သက်ရှိလူသားတစ်ယောက်ကို ၀င်ပူးတယ်ဆိုတာ စည်းမျဉ်းစည်းကမ်းတွေကနေ သွေဖယ်နေတယ် မင်းရဲ့ သေခြင်းရှင်ခြင်းစာရင်းဇယားအကောင့်ထဲကနေ အမှတ်တွေ လျော့ကုန်မှာ မလုပ်နဲ့"
ထိုဝိဉာဉ်လည်း လက်လျှော့သွားခဲ့သည်။
သူက စိတ်ဖိစီးနေသည့်မျက်နှာဖြင့် ပြန်မေးလာ၏။
"အဲ့တော့ ကျွန်တော်တို့ ဘာလုပ်ပေးရမလဲ?"
ယွိကျန်းတုက အမျိုးသမီးတစ္ဆေတစ်ယောက်ပေါ် အကြည့်များ ကျဆင်းသွားခဲ့ပြီးနောက် အကြံဉာဏ်တစ်ခု ပေါ်ထွက်လာခဲ့သည်။
သူက ထိုအမျိုးသမီးတစ္ဆေအား လက်ညှိုးထိုးပြလိုက်ရင်း လူငယ်ထံသို့ အော်ပြောလိုက်၏။
"ဟိတ် မင်း...
အဲ့ အဘိုးအစား ဒီအမျိုးသမီးကို ဓားစာခံလုပ်လိုက်ပါလား"
သူ့အကြံပြုချက်ကြောင့် လူငယ်ပင် ဘာမှ ပြန်မပြောနိုင်သေးခင်မှာ အဘိုးအိုက အရင်အတွန့်တက်လာသည်။
"လူလေးရယ် ဘယ်လို မဟုတ်က ဟုတ်က အကြံတွေလဲ..."
သူက မဟုတ်လည်း တစ္ဆေပဲကို!
ယခု အချိန်က အဘိုးအိုနှင့် ဆက်ပြီး သရုပ်ဆောင်နေရမည့် အချိန်မဟုတ်တော့ချေ။ ယွိကျန်းတုအနေနဲ့ အဘိုးအိုဖက်က မတော်တဆ ကြောက်လန့်ပြီး အမှန်တရားကို ဖော်ထုတ်လိုက်ပါက လူငယ်က သူ့လက်ထဲက ဓားအပေါ် အားထုတ်သုံးလိုက်မှာ စိုးရသည်။
သူက လျင်လျင်မြန်မြန်ပဲ အဘိုးအိုအား ရှင်းပြပေးလိုက်၏။
"အဘိုး...စိတ်မပူပါနဲ့
သူတို့တွေ အကုန်လုံးကို ကျွန်တော် သိတယ်"
ဘတ်စ်ကားပေါ်က တစ္ဆေများ အားလုံး တစ်ညီတစ်ညာတည်း ခေါင်းညိတ်လိုက်ကြသည်။
၎င်းတို့က ယွိကျန်းတု၏ ပုခုံးကိုပင် သိုင်းဖက်ပြလာကာ အဘိုးအိုထံ ပြောပြပေးလာသည်။
"ကျွန်တော်တို့က လူတွေကို ဒုက္ခမပေးတတ်တဲ့ တစ္ဆေကောင်း တစ္ဆေမွန်လေးတွေပါ ခင်ဗျာ"
အဘိုးအို :"............"
အဘိုးအိုက ယွိကျန်းတုအား ပါးစပ်အဟောင်းသားဖြင့်ကြည့်ကာ ထို့နောက်တွင် တစ္ဆေများထံသို့ တစ်လှည့် ထပ်ကြည့်၏။
ထို့နောက်တွင် သူ၏ မျက်ဆံများက အနောက်ဖက်သို့ လန်ကျသွားသည်။ သူ့ပုံစံမှာ စက္ကန့်အပိုင်းအတွင်း သတိလစ်သွားတော့မည့်လူလို။
ထိုပုံစံကြောင့် ဘတ်စ်ကားပေါ်က တစ္ဆေများက ထပ်ဆင့် လန့်ကုန်ကြရသည်။
ကံကောင်းတာတစ်ခုက အဘိုးအိုမှာ စိတ်ဓာတ်သန်မာသည့်သူမို့ သတိလစ်သည့် အဆင့်ထိတော့ မရောက်လိုက်ချေ။ တကယ်ကို အတွေ့အကြုံရင့် မှန်း သိသာလှပေသည်။
ကနဦး ထိတ်လန့်မှုတို့ကို ဖြေလျော့ပြီးနောက်မှာ အမြန်စိတ်ကိုပြန်ငြိမ်အောင် ထားရင်း မေးလိုသော မေးခွန်းများကိုလည်း ပြန်မြိုချလိုက်ရတော့သည်။
သူက ဓားပြထံသို့ အေးဆေးစွာပဲ ပြောလိုက်သည်။
"လူလေး...ငါ့ကို ဒီကလေးမနဲ့ပဲ နေရာ လဲပေးပါတော့"
သားရေဂျာကင်နှင့်လူငယ်မှာ ယွိကျန်းတုလို အရပ်ရှည်ရှည် ရုပ်ရည်ချောချောနှင့်သူက စကားထပြောလာကတည်းက အံ့အားသင့်နေခဲ့ရတာပင်။
ထို့နောက်တွင် ထိုရုပ်ချောချောနှင့်သူက သူ့ကိုပင် အဖက်မလုပ်ဘဲ သူတို့ချင်း တိုင်ပင်နေ၏။
သူ စိတ်မရှည်လက်မရှည်ဖြစ်လာသည့်အခါမှာ သူ့ကိုတောင်လာပြီး ဓားစာခံကို ဟိုလူ့ကိုထားပါလား ဒီလူ့ကိုထားပါလားတောင် လာ ညှိနေလိုက်သေးသည်!
လူငယ်က ယွိကျန်းတု လက်ညှိုးညွှန်ပြသည့် နေရာကို ကြည့်လိုက်ရင်း သူ့အကာအရံများကို ခဝါချလိုက်၏။
"ကိုယ်တိုင်လိုလိုလားလား ဓားစာခံဖြစ်ချင်နေတာဆိုရင်တော့ ငါ့အတွက်လည်း ကိစ္စမရှိပါဘူး"
အစားထိုးခံရမည့် အမျိုးသမီးမှာ ဂါ၀န်အရှည်ကြီး တစ်ထည် ၀တ်ထား၍ သူမ၏ ရှည်လျားနက်မှောင်သော ဆံပင်များကို ဖြန့်ချထားပြီး တော်တော်လေးလည်း လှပလေသည်။
ဓားပြနှင့်အကြည့်ဆုံသွားသည့်အခါ ထိုအမျိုးသမီးက ကြောက်အားလန့်အားဖြင့် ကိုယ့်မျက်နှာကိုယ် ကွယ်လိုက်သည်။
"အားးးး ကြောက်တယ်
ရှင်တို့တွေ ကျွန်မကို ဘာလို့ အခုလို ဆက်ဆံရတာလဲ?"
ဘတ်စ်ကားပေါ်က တစ္ဆေများက ထိုအမျိုးသမီးအား ဓားပြထံသို့ ဝိုင်းတွန်းပို့ကြသည်။
"အကြီးတွေကို လေးစားပြီး အငယ်တွေကို စောင့်ရှောက်ရမှာ လူငယ်တွေရဲ့တာ၀န်ပဲ...မင်း သွားကို သွားရမယ်!"
သားရေဂျာကင်နှင့် လူငယ်မှာ ထိုမြင်ကွင်းကြောင့် ထရယ်လေသည်။
"မှန်ပါ့ မှန်ပါ့ မိန်းမလှလေးကလည်း...
အကြီးကို ကူညီမှပေါ့"
ထို့သို့ဖြင့် မိန်းမပျိုမှာ မည်မျှပင် တောင့်ခံနေပါစေ ဓားပြနားသို့ ရောက်သွားခဲ့သည်။
ဓားပြလူငယ်က အိတ်ဆောင်ဓားကို သူမ လည်ပင်းထံသို့ ပြောင်းထောက်ရင်း အဘိုးအိုကို အဝေးသို့ တွန်းလွှတ်၏။
ထို့နောက် မိန်းမငယ်၏ လည်ပင်းကို လက်တစ်ဖက်ဖြင့် ရစ်ပတ်ထားလိုက်သေးကာ ပုခုံးနှင့် လည်ပင်းကြား နေရာလပ်ထံသို့ မျက်နှာအပ်၍ ရှူရှိုက်လိုက်သေးသည်။
လူငယ်၏ မျက်နှာမှာ စိတ်ရူးဖောက်သွားသော အပြုံးတို့ ချိတ်ဆွဲထားလျက်။
"ဒီဘတ်စ်ကားက အတော်စိတ်၀င်စားဖို့ကောင်းတာပဲ အကုန်လုံး ညီညီညာညာနဲ့ မိန်းကလေးတစ်ယောက်ကို စတေးရတယ်လို့! လူကြီးသူမတွေ ကလေးသူငယ်တွေကို ဘယ်လိုစောင့်ရှောက်ရမလဲ ကောင်းကောင်းသိကြသားပဲ"
အကယ်၍သာ ယွိကျန်းတုဖက်က ဤမိန်းမငယ်ကို လက်ညှိုးထိုးခြင်းမဟုတ်ဘဲ အခြားသူတစ်ယောက်ကို အစားထိုးခိုင်းခဲ့ပါလျှင် ဂျာကင်နှင့်လူငယ်မှာ ဓားစာခံပြောင်းဖို့ စိတ်ကူးရှိမည် မဟုတ်ချေ။
သို့သော် နွဲ့နွဲ့နှောင်းနှောင်း မိန်းမငယ် တစ်ယောက်ဖြစ်နေသည့်အတွက်မူ အခြေအနေက ပြောင်းလဲသွားခဲ့ရသည်။
ယွိကျန်းတုမှာ လူငယ်နှင့် ဆက် ဇာတ်လမ်းရှုပ်ဖို့ စိတ်ကူးမရှိတော့ချေ။ မြန်မြန်လေး အဘိုးအိုအား သွားထူပေးလိုက်ပြီးနောက် မေးလိုက်လေသည်။
"အဘိုး အဆင်ပြေရဲ့လား?"
"ပြေပါတယ် ပြေပါတယ်"
အဘိုးအိုက သူ့ရင်ဘတ်ကို ပုတ်ပြ၍ ယွိကျန်းတုကို အဓိပ္ပါယ်ပါသော အကြည့်တစ်မျိုးဖြင့် ကြည့်ပေးလိုက်သည်။
"လူလေး...မင်းရဲ့ မိတ်ဆွေအသိုင်းအဝိုင်းက အခုလောက်ကြီးနေလိမ့်မယ်မှန်း မထင်ထားမိခဲ့ဘူး"
ယွိကျန်းတုလည်း မိမိကိုယ်ကို နှိမ့်ချရင်း ဖြေပေးလိုက်သည်။
"တိုက်ဆိုင်သွားလို့ပါဗျာ"
ထိုအချိန်မှာပဲ ဓားစာခံကို ဖက်ထားသည့် ဂျာကင်နှင့်လူငယ်က နောက်ဆုံးတွင် စိတ်ရှည်သည်းခံမှုများ ကုန်ဆုံးသွားသည်။
သူက ဓားကို ပတ်လည်သို့ ဝှေ့ယမ်းရင်း ပြောလာ၏။
"မင်းတို့တွေ အကုန်လုံး!
မြန်မြန်! ပါလာတဲ့ ပိုက်ဆံတွေ အကုန်ထုတ်ကြစမ်း! မဟုတ်ရင် ငါ စကားနဲ့တောင် ပြောလို့မရတဲ့အရာတွေ ဒီကောင်မကို လုပ်ပစ်လိုက်တော့မှာနော်"
သူ့စကားဆုံးဆုံးချင်းပဲ မူလက ကြောက်အားလန့်အား ထိတ်လန့်နေသည့် မိန်းမငယ်က ခေါင်းကို ဖြည်းညှင်းစွာ လှည့်လာရင်း မေးလာခဲ့သည်။
"အိုဟိုး ဘယ်လိုလုပ်ရပ်တွေများ လုပ်မလို့ပါလဲနော်??"
"ဟား ဟား ဟား"
လူငယ်က ထိုမိန်းမငယ်အား ငုံ့ကြည့်လိုက်သည်။
"မင်းက ဘာထင်လို့....."
သူ စကားတောင် ဆုံးအောင် မပြောလိုက်နိုင်ပါဘဲ မျက်လုံးများ ပြူးကျယ်သွားခဲ့ရကာ ကျန်ရှိနေသာ စကားတစ်၀က်ကိုလည်း ဆက်မပြောနိုင်တော့ချေ။
ဖြစ်ပုံမှာ သူ လက်တစ်ဖက်နှင့် လည်ပင်းကို သိုင်းဖက်ထားသည့် မိန်းမငယ်က သူမ၏ခေါင်းကို ၁၈၀ ဒီဂရီ လှည့်ချလာသောကြောင့်ပင်။
"မင်း...မင်း...မင်း"
လူငယ်၏ အသံက ထစ်ကုန်ခဲ့ရကာ ထိတ်လန့်မှုအကြီးအကျယ်ကြောင့် သူ့မှာ မိန်းမငယ်ကိုပင် တွန်းမလွှတ်နိုင်တော့ဘဲ အကုန်လုံးထံသို့ ပြန်ကြည့်၍ မေးကြည့်လာသည်။
"မင်းတို့တွေ သူ့လည်ပင်းကြီးကို မြင်ရလား?"
"မြင်ရပါ့"
ဘတ်စ်ကားပေါ်က တစ္ဆေများအားလုံး ပြန်ဖြေပေးလာကြသည်။
ထို့နောက်တွင် ၎င်းတို့ကပါ မိန်းမငယ်လို တစ်ညီတစ်ညာတည်း ခေါင်းများကို ၁၈၀ ဒီဂရီ ထပ်လှည့်ပြလာ၏။
"ငါတို့လည်း လုပ်တတ်သားပဲ"
သားရေဂျာကင်နှင့် လူငယ် :"........."
အစောတုန်းက အဘိုးအိုအတိုင်း ထိုသူသည်လည်း မျက်ဆံများ နောက်လန်၍ နေရာမှာပင် ပက်လက်ကြီး လဲသွားတော့သည်။
"ငကြောက်ကောင်ပဲ..ဘယ်လိုဖြစ်လို့ အဘိုးလောက်တောင် သတ္တိမရှိပါလိမ့်"
ယွိကျန်းတု ခေါင်းယမ်းလိုက်ရင်း ကျစ်သပ်လိုက်မိသည်။ ထို့နောက်တွင် အဘိုးအိုထံလှည့်ကြည့်ပြီး တစ်ဖန်မေးလိုက်ပြန်၏။
"ဟုတ်တယ်မလား အဘိုး?"
သူက အားရပါးရနှင့် အဘိုးအကြောင်းကြွားထားပါသော်လည်း တကယ့်တကယ်တွင် အဘိုးသည်လည်း ရင်ဘတ်ကို ဆုတ်ကိုင်၍ ခန္ဓာကိုယ်က လဲကျမတတ်ဖြစ်နေခဲ့လေသည်။
"မ မဟုတ် မဟုတ်ဘူး ငါလည်း ကြောက်တယ်"
"............"
ယွိကျန်းတုမှာ ခပ်သွက်သွက်လေး အဘိုးအား နေရာမှ လဲကျမသွားရအောင် ထိန်းထားပေးလိုက်သည်။
ထို့နောက် တစ္ဆေများထံ အော်ပြောလိုက်၏။ "မြန်မြန်လေး မင်းတို့ ခေါင်းတွေကို အတည့်ပြန်လုပ်ကြ! ဒီမှာ အဘိုး လန့်နေပြီ"
သို့ရာတွင် ကံကောင်းထောက်မစွာ အဘိုးကား လန့်သည့်အဆင့်နှင့်တင် ရပ်တန့်သွားခဲ့သည်။ လဲကျလောက်ရတဲ့အထိတော့ မဖြစ်ခဲ့။
ချက်ချင်းလည်း ပြန် စိတ်ငြိမ်သွားခဲ့သည်။
အဘိုးအို၏ ဘ၀ရဲ့ခံနိုင်ရည်အားများကို ဘတ်စ်ကားပေါ်က တစ္ဆေများအားလုံးပင် အတုယူ အားကျသွားရသည်။
ထို့နောက်တွင် ကားဆရာက အရဲစွန့်၍ ကားကို ရဲစခန်းရှေ့အရောက်တွင် ဘရိတ်အုပ် ရပ်ပေးလာသည်။
ဒီတစ်ကြိမ်တွင်တော့ အဘိုးအိုလည်းအခက်အခဲမရှိ ဘတ်စ်ကားပေါ်မှ ဆင်းနိုင်ခဲ့ပြီလေ။
ရဲစခန်း၌ ကိစ္စဝိစ္စနများ ဖြေရှင်းပြီး ပြန်ထွက်လာချိန်တွင် အချိန်ကား အတော်လေး ညဉ့်နက်နေပြီ ဖြစ်၏။
အဘိုးအိုကလည်း ငယ်သည့်အရွယ် မဟုတ်တော့ချေ။ သူ့အနေဖြင့် ဒီလို ညကြီးညခါမှာ အဘိုးအား တစ်ယောက်တည်း အိမ်ပြန်မလွှတ်ရက်ပါပေ။
သို့နှင့် အိမ်ပြန်သည့်လမ်း၌ အဖော်အဖြစ် လိုက်ပါပေးရမလား မေးကြည့်လိုက်သည်။
အဘိုးက ငြင်းဆန်၏။
"မဟုတ်တာ...မလိုပါဘူး..မင်း ငါ့ကို လိုက်ပို့နေရင် မင်း အိမ်ပြန်တဲ့အခါကျ အခုထက်တောင် ပိုနောက်ကျသွားမှာ မဟုတ်ဘူးလား"
ယွိကျန်းတုအနေဖြင့် အဘိုးအိုက စိတ်သဘောထားကောင်းစွာနှင့် သူ့အချိန်ကိုလည်း မဖြုန်းလို၍ ငြင်းဆန်လာခြင်းဖြစ်ကြောင်း ရိပ်မိသည်။
သို့နှင့် သူလည်း ဆက်လက်ခေါင်းမာမနေတော့ချေ။
"ဒီလိုဆိုရင်ရော...
ကျွန်တော် အဘိုးရဲ့ မိသားစု၀င်တစ်ယောက်ယောက်ကို ဆက်သွယ်ပေးမယ်လေ
အဆင်ပြေတဲ့သူကို လာခေါ်ခိုင်းလိုက်ရင်ရော ဘယ်လိုလဲ"
အဘိုးလည်း သူ့အကြံက အဆိုးဘူးဟုဆိုကာ ဖုန်းကိုထုတ်၍ တစ်စုံတစ်ယောက်ထံ ဖုန်းဆက်လိုက်လေသည်။
သို့သော် တစ်ဖက်သို့ ဖုန်းမ၀င်တာကြောင့် အဘိုးက ဖုန်းကို ငုံ့ကြည့်၍ မျက်ခုံးများကလည်း တွန့်ချိုးသွားရသည်။
"ဘယ်လိုဖြစ်ရတာပါလိမ့်? ငါ့ဖုန်းက ဘတ်ထရီ မရှိတော့တာများလား"
ယွိကျန်းတုလည်း သူ့ကိုယ်ပိုင်ဖုန်းကို ထုတ်ပေးလိုက်သည်။
"ကိစ္စမရှိဘူး
အိမ်ဖုန်းနံပတ် မှတ်မိလား? ကျွန်တော် ဆက်သွယ်ကြည့်ပေးမယ်"
အဘိုးအိုက ခေါင်းညိတ်၍ ယွိကျန်းတုထံသို့ ၎င်း၏ သားဖြစ်သူ ဖုန်းနံပတ်ကို ရွတ်ပြလာသည်။
ယွိကျန်းတုလည်း ထိုဖုန်းနံပတ်အတိုင်းခေါ်ကြည့်လိုက်သည်။ သိပ်မကြာလိုက်ခင်မှာပဲ တစ်ဖက်က ဖုန်းကောက်ကိုင်၍ ယွိကျန်းတုဖက်ပဲ ပြောလိုက်ရ၏။
"ဟယ်လို..ဒါက ချန်မိသားစု အိမ်ကလား မသိဘူး?
ဒီလိုပါ ကျွန်တော် လမ်းမှာ ခင်ဗျား အိမ်က အဘိုးချန်နဲ့ မထင်မှတ်ဘဲ ဆုံလိုက်ရလို့လေ ဘတ်စ်ကားပေါ်မှာ တွေ့ဖြစ်ကြတာပါ...အဲ့တာ ပြဿနာလေး တစ်ခု ဖြစ်သွားပြီး အချိန်လည်း တော်တော်လင့်သွားတာမို့ အခုလောလောဆယ်....."
သို့သော် သူ့စကားပင်မဆုံးသေးဘဲ တစ်ဖက်က သူ့အား စတင် အော်ဟစ်လာ၏။
"ဘယ်က လူလိမ်ကောင်လဲ?! အဲ့ပါးစပ်ကနေ အခုလို စကားတွေပြောထွက်တာ မိုးကြိုးပစ်သေမှာ မကြောက်ဘူးလား?"
ယွိကျန်းတုမှာ ရုတ်တရက် အဆူခံလိုက်ရ၍ ကြောင်အမ်းသွားမိရသည်။ သို့သော် အခြေအနေနှင့်အလိုက်အထိုက် သုံးသပ်မိ၏။ ယခုခေတ်က ဖုန်းမှတစ်ဆင့် လိမ်လည်ကြသည့်အမှုများလည်း ခဏခဏ ရှိနေသည်မို့ တစ်ဖက်ကသူက သူ့အား လူလိမ်တစ်ယောက်ဟု ထင်သွားပုံရသည်ဟု ဖြည့်တွေးပေးလိုက်သည်။
သူ ခပ်သွက်သွက်ပဲ ရှင်းပြပေးလိုက်၏။
"မစ္စတာချန်..ကျွန်တော်လူလိမ်မဟုတ်ပါဘူး ပြီးအောင် ပြောပါရစေ...."
"လူလိမ်မဟုတ်ဘူးလို့များ ပြောရဲသေးတယ်နော်!"
တစ်ဖက်ကလူ၏ စိတ်ခံစားချက်များမှာ ထိန်းချုပ်ခံထားခဲ့ရာမှ လွတ်ထွက်သွားဟန်တူသည် ။
"ငါ့အဖေဆုံးသွားတဲ့အကြောင်းကို မင်းမသိဘူးမလား"
ထိုအခါမှ ယွိကျန်းတု၏ ဦးနှောက်ထဲတွင် အရာရာက နေရာတကျ ဖြစ်သွားခဲ့ရသည်။
သူအဘိုးချန်အား ကြည့်လိုက်သည့်အချိန် နဖူးတွင် ချွေးစများပင် စွက်နေ၏။ အဘိုး၏ လည်ပင်းထက်တွင် ဓားရာနှစ်ချက်ရှိနေကြောင်း တွေ့ရသည်။ ထို ဓားရာများမှာ လတ်လတ်ဆတ်ဆတ်ဖြစ်နေသေးသည်မို့ သိပ်မကြာသေးခင်အချိန်ကပင် ဖြတ်ခံထားရကြောင်း ထင်ရှားလှသည်။ ဓားဒဏ်ရာများမှာ အစောပိုင်း သားရေဂျာကင်နှင့်လူငယ် ဓားနှင့် ဝှေ့ယမ်းစဉ်အခါက မတော်တဆ ထိမိရင်း ပြတ်ထွက်သွားခဲ့ပုံရသည်။
သို့သော် ဒဏ်ရာသာ ရှိနေပြီး ထိုဒဏ်ရာများ၌ သွေးထွက်ခြင်းများလည်း ဖြစ်မနေ။ ထို့ကြောင့်လည်း သူ စစချင်းတုန်းက သတိမထားမိခဲ့တာ ဖြစ်နိုင်သည်။
ခံလိုက်ရသည့် အဘိုးချန်မှာလည်း သူ့ကိုယ်သူ သတိမထားမိသေးပုံပေါ်သည်။
သူ ဘာမှကို မခံစားရခြင်းပေ။
ထိုတင်မကသေး... အဘိုးအို၏ လှစ်ဟထားသော အသားရည်များကို သေချာစူးစမ်းကြည့်ကာမှ အရောင်အဆင်းမှာ သေဆုံးပြီးကာလ သူတစ်ယောက်၏ အသားအရည်မျိုး လက္ခဏာများ စပြနေခဲ့ပြီဖြစ်ကြောင်း မြင်ရ၏။
ကံကောင်းတာ တစ်ခုက ယွိကျန်းတုမှာ ယခုထက်တောင် ဆိုးရွားလှသည့် အဖြစ်အပျက် များစွာကို ကြုံဖူးထားသောသူ ဖြစ်နေခြင်းပင်။
မိနစ်ပိုင်းလောက်လေးနှင့် သူ့မှာ အကြံဉာဏ်ထုတ်လိုက်ပြီး တစ်ဖက်က မစ္စတာချန် ဖုန်းမချသေးခင်မှာ အလျင်စလိုဖြင့် ထုတ်ပြောလိုက်သည်။
"မစ္စတာချန်....အဘိုးရဲ့ အသံကို အရင်နားထောင်ကြည့်ပေးပါဦး"
သူက ဖုန်းသံအား အဘိုးနား ကပ်ပေးလိုက်ကာ ပြောစေသည်။
"ဟယ်လို! အားရှင်းလား? ငါ အခု လူလေး ရှောင်ယွိနဲ့အတူ အကယ်ဒမီလမ်းပေါ်က ရဲစခန်းတစ်ခုမှာ ရောက်နေတာ...
ငါ့ကို လာကြိုပေးပါဦး ဒီက သဘောကောင်းတဲ့လူငယ်ကို ဒုက္ခမပေးမိအောင်"
အဘိုးအို ထိုသို့ပြောပြီးနောက်တွင် ယွိကျန်းတုက ဖုန်းအား ပြန်ကိုင်လိုက်၍ မေးလိုက်၏။
"မစ္စတာချန်...အခုလေးတင် အဘိုးချန်ရဲ့ အသံကို ကြားလိုက်ရလား?"
တစ်ဖက်၌ တိတ်ဆိတ်သွားမှုက အတန်ကြာ ။
မည်မျှလောက်ကြာသွားသည် မသိရပါဘဲ အဆုံးမှာ မစ္စတာချန်က ပြောလာခဲ့သည်။
သူ့အသံ၌လည်း မယုံကြည်ခြင်းများ အပြည့်ဖြင့်။
"ငါ့အဖေက တကယ်ပဲ မင်းနဲ့အတူ ရှိနေတာလား? သူ အသက်ရှိသေးတယ်ပေါ့?"
"အဲ့လိုလည်း မဟုတ်ပြန်ဘူး...ကျွန်တော်ကိုယ်တိုင်တောင် အခုဖြစ်ရပ်ကို သေချာမပြောနိုင်သေးလို့"
ယွိကျန်းတုက အသံကိုလျှော့၍ ဖြေလိုက်သည်။
"အဆင်ပြေဆုံးကတော့ ခင်ဗျား ဒီကို အရင်ဆုံး လာခဲ့လိုက်ပါလား အဲ့နောက်ကျမှ ဆက်ဆွေးနွေးကြမယ်လေ"
မစ္စတာချန်ကလည်း ချက်ချင်းပဲ လိပ်စာတောင်းလာခဲ့သည်။
"အခုပဲ ထွက်ခဲ့လိုက်မယ်"
ဖုန်းချသွားပြီးနောက်မှာ ယွိကျန်းတုလည်း သူကြုံခဲ့ရသည့် အဖြစ်အပျက်အကြောင်းကို မက်ဆေ့ဂ်ျမှတစ်ဆင့် မစ္စတာချန်ထံ ရှင်းပြပေးလိုက်သည်။ မစ္စတာချန်ကလည်း တော်တော်လေး ပြောလို့ဆိုလို့ ကောင်းသည်မို့ ချက်ချင်းပဲ စာပြန်လာ၏။
မစ္စတာချန်၏ စာအရဆိုလျှင် အဘိုးချန်မှာ တမြန်မနေ့ကပဲ သူ့အိပ်ရာထဲတွင်ပင် ဆုံးပါးသွားခဲ့လေသည်။ မိသားစု၏ ထုံးတမ်းအစဉ်အလာအရ အလောင်းချဖို့အတွက်ကို အဘိုးချန်၏ အလောင်းအား ဆင်ခြေဖုံးရပ်ကွက်ရှိ ရိုးရာဘုရားကျောင်းတစ်ခုထံ ပို့ခဲ့ရသည်ဟု ဆိုသည်။
ရိုးရာအခမ်းအနားကျင်းပပြီးနောက်မှာ အလောင်းအား သင်္ဂြိုလ်လိုက်ဖို့လည်း စီစဉ်ပြီးသားဟု သိရသည်။
မထင်မှတ်ထားစွာပဲ ဒီမနက် ၎င်းတို့ အိပ်ရာက နိုးတဲ့အချိန်မှာ အဘိုးချန်၏ အလောင်းကား ရုတ်တရက် ပျောက်ဆုံးသွား၏။
သတင်းတွေမှာလည်း လွန်ခဲ့သည့်နှစ်တွေတုန်းက အလောင်းခိုးမှုတွေအကြောင်း ခဏခဏ မြင်ရ ကြားနေကျ မို့လို့ ချန်မိသားစုတစ်ခုလုံး၏ ကနဦး တုံ့ပြန်မှုမှာ အဘိုးချန်၏ အလောင်းအား တစ်စုံတစ်ယောက်က ခိုးယူသွားသည်ဟု ကောက်ချက်ချခဲ့လိုက်ကြသည်။
တစ်မိသားစုလုံးမှာ အရူးမီးဝိုင်းသလို တစ်နေ့ခင်းလုံး အလောင်းရှာတာနဲ့ အလုပ်ရှုပ်နေခဲ့ကြ၍ စိတ်အခြေအနေကလည်း အထိခိုက်မခံ ဖြစ်နေခဲ့ကြရသည်။ သည်အချက်ကြောင့်ပဲ ယွိကျန်းတု၏ ဖုန်းကို လက်ခံရရှိချိန်၌ မစ္စတာချန်မှာ အထိန်းချုပ်မရှိ ဒေါသထွက်သွားခဲ့ရခြင်းပင်။
ဖြစ်ကြောင်းကုန်စင်ကို သိရှိသွားရပြီးနောက်မှာ ယွိကျန်းတုလည်း သူ အဘိုးချန်နှင့် စတွေ့ကတည်းက အမူအရာများအကြောင်းကို ပြန်စဉ်းစားကြည့်မိသည်။
အစောပိုင်းတုန်းက သူ့အတွက် ထူးဆန်းနေခဲ့သည့်အချက်များကလည်း အဆုံးမှာ အဖြေရှာ၍ ရသွားခဲ့သည်။
အဘိုးအိုက သူ့နေ့စဉ်လုပ်နေကျအတိုင်း တစ်ရက်တာကို ဖြတ်သန်းခဲ့ပေမဲ့ တစ္ဆေဘတ်စ်ကားပေါ် မှားတက်မိခဲ့တာလည်း မဆန်းတော့ပါ။
ဘတ်စ်ကားပေါ်က အခြားတစ္ဆေများကို တွေ့ပြီး တစ်ခါနှစ်ခါမက မူးမေ့လဲမတတ် ဖြစ်သွားရသော်လည်း အကောင်းအတိုင်း ဆက်ရှိနေခဲ့တာ မဆန်းတော့ပါ။
သက်ကြီးရွယ်အိုတစ်ယောက်ဖြစ်နေပါလျက် တစ်ယောက်တည်း ဖြတ်လတ် သွက်လက်နေသေးသည်မှာလည်း မဆန်းတော့ပါ။
သိသာနေသည့်အချက်က အဘိုးချန်မှာ သက်ရှိလူသားတစ်ယောက် မဟုတ်တော့ပါလေ။
သို့ရာတွင် မရေရာသည့် အကြောင်းရင်းတစ်ချက်ကြောင့်နှင့် ထိုသူမှာ မိမိ၏ ရုပ်ခန္ဓာကိုယ်ကို ဆက်လက်အသုံးပြုနေနိုင်သေးသည်။
ဒီအချက်ကိုပဲ ယွိကျန်းတုနှင့် ဘတ်စ်ကားပေါ်က တစ္ဆေတွေအကုန်လုံး သတိမထားခဲ့မိလိုက်ကြတာပင်။
ယွိကျန်းတုလည်း ယခုအခါမှ အရာရာက သူ့နေရာနှင့်သူ အံ၀င်ခွင်ကျ ဖြစ်သွားရတော့သည်။
သူ လော့ဖုန်း၌ တစ္ဆေတော်တော်များများနှင့် ကြုံဖူးပါ၏။ သို့သော် အဘိုးချန်လို အဖြစ်မျိုးနှင့်တော့ ယခုအခါမှ ပထမဦးဆုံး ကြုံဖူးခြင်းပင်။ သူ့အနေနဲ့ ဘာလုပ်သင့်လဲဆိုတာကို စဉ်းစားမရပါချေ။
မသိစိတ်အလျောက် လက်က ဖုန်းကိုဖွင့်၍ ရှန်းချွယ့်ထံ လှမ်းဆက်သွယ်ရန် စဉ်းစားမိ၏။
သူ Wechat ကိုဖွင့်လိုက်ကာမှ သူ့ဖက်က ပို့ထားသမျှ စာတွေလည်း တစ်ဖက်ကို မရောက်နေမှန်း မြင်သည့်အခါ ၎င်းနှင့်ရှန်းချွယ့်တို့မှာ လောလောလတ်လတ်တွင် သွေးအေးတိုက်ပွဲ ဆင်နွှဲနေကြသည့်အဖြစ်ကို သတိရသွားခဲ့သည်။
တကယ့်တကယ်တွင် ရှန်းချွယ့်နှင့် သွေးအေးတိုက်ပွဲ မဆင်နွှဲနေရရင်တောင် ယခုလောလောဆယ် တစ်ဖက်လူ၏ စိတ်ခံစားချက်များကို ထည့်သွင်းစဉ်းစားပေးရပါလျှင် သူ ပြဿနာ ကြုံရတာနဲ့ ချက်ချင်းကြီး သွားခေါ်သည့် လုပ်ရပ်မျိုးက မသင့်တော်ဟု တွေးတောမိသည်။
စိတ်စနိုးစနောင့်ဖြစ်ရခြင်းတို့က ယွိကျန်းတု နှလုံးသားထဲ၌ ရေချိန်ကိုက်လာလေ၏။
ဒီ ခိုးလိုးခုလု ခံစားချက်ကြီးကပဲ သူ့အား တစ်နေကုန် အနှောင့်အယှက်ပေးနေခဲ့ခြင်းပင်။
သို့ရာတွင် အဘယ့်ကြောင့် ယခုလိုကြီး ခံစားနေရတာလဲကိုလည်း မသဲကွဲပါပဲ....ဤခံစားချက်ကြီး အဝေးကို ပျံ့လွင့်သွားအောင်မျိုးလည်း မလုပ်နိုင်ချေ။
သူ သက်ပြင်းချရင်းပဲ ကုမ္ပဏီ ဂရုချက်ကို ဖွင့်လိုက်လေသည်။ ထို့နောက် သူကြုံခဲ့ရသည့် အဖြစ်အပျက်အကြောင်းကို အကြမ်းဖျင်းရေးပြ၍ မေးကြည့်လိုက်ရ၏။
[အခုလောလောဆယ် ငါ့ကို ဒီပြဿနာ အတူတူကူရှင်းပေးဖို့ အားတဲ့ တစ္ဆေလေးများ ရှိလားဟင် ? လာပြီး ကူညီပေးနိုင်မယ့်သူ လေးများ ရှိမရှိ?]
ခန်ကျင့်မှာ သူ့အပြစ်လည်း မကင်းသည့်သူမို့ အလျင်အမြန် စာပြန်လိုက်၏။
[ငါ အားတယ်..ခဏလေးပဲစောင့်]
သို့သော် ခန်ကျင့်၏ မက်ဆေ့ဂျ် ရောက်လာပြီးနောက်မှာ ရှန်းချွယ့်၏ စာပါ တက်လာခဲ့သည်။
[မင်း မအားပါဘူး]
ခန်ကျင့်လည်း ထိုမက်ဆေ့ဂျ်ကို ရှန်းချွယ့်ဖက်က သူ့အား ယွိကျန်းတုကို မကူညီဖို့ တားမြစ်လိုက်သည့် ရာဇသံဟု ယူဆလိုက်သည်။
သူ ပထမဆုံးအကြိမ် တစ်ဖက်ကလူကို ယခုကဲ့သို့ အပြောင်းအလဲကြီးကြောင့် ဝေဖန်လိုက်မိသည်။
[သူဌေး...ရှောင်ယွိကို အဲ့လိုကြီး ဆက်ဆံလို့မရဘူးလေ]
ရှန်းချွယ့် :[ ငါ အားနေတာ ]
ရှန်းချွယ့် :[ ငါ သွားမယ် ]
ရှန်းချွယ့် :[ ယွိကျန်းတု မြန်မြန် နှလုံးအိမ် အမှတ်တံဆိပ်နဲ့ ငါ့ကို ဆင့်ခေါ်! ခုချက်ချင်းနော် !]
ကုမ္ပဏီ gp chat တစ်ခုလုံး:[...............]
ယွိကျန်းတု :[...............]
ဘာလို့ရယ်မှန်းမသိ ၊ ရှန်းချွယ့်၏ စိတ်ကောက်ရင်း ပို့နေသော မက်ဆေ့ဂ်ျများကြောင့် ယွိကျန်းတု အော်ရယ်လိုက်မိသည်။
ထို့နောက် သူ မျက်လုံးမှိတ်၍ တစ်ကိုယ်တည်း နှလုံးအိမ် အမှတ်တံဆိပ်ကို ရွတ်ဆိုလိုက်သည်။
သူ မျက်လုံးပြန်ဖွင့်လိုက်သည့်အချိန်မှာ ရင်းနှီးနေသော ခန္ဓာကိုယ်တစ်ခုက သူ့အရှေ့၌ ရောက်နှင့်နေပြီးသား ဖြစ်နေခဲ့သည်။
ပိန်ပိန်ပါးပါး အရပ်ခပ်မြင့်မြင့်နှင့် ချုံငုံပြောရသော် ချောမောလှစွာသော.....
ဒီတိုင်းလေး ရပ်နေခဲ့တာဆိုပေမဲ့ ထိုအပြုအမူလောက်လေးနှင့်ပင် ယွိကျန်းတုမှာ စိတ်လုံခြုံမှုကို တစ်မျိုးတစ်ဖုံ ခံစားမိနေခဲ့ရသည်။
တစ်နေ့လုံး မိမိအား စိတ်အနှောင့်အယှက်ပေးနေခဲ့သော စိတ်ရှုပ်ထွေးမှုများလည်း လွင့်ပြယ်သွားခဲ့၏။
ထိုအခါမှပဲ ကိုယ့်ကိုကိုယ် အသိ၀င်သွားရသည့်အချက်က တစ်နေ့စာလောက်တောင် မရှိသေးပါဘဲ သူ့ဖက်က ရှန်းချွယ့်ကို လွမ်းသလိုလို ဖြစ်နေခဲ့မိသည် ဆိုတာကိုပင်။
ယွိကျန်းတုက နှုတ်ခမ်းများကို ညင်သာစွာ ရွေ့လျားလျက် ပြောလိုက်၏။
"ရှောင်ရှန်း......."
"မကြားချင်ဘူး!"
ရှန်းချွယ့်က နားနှစ်ဖက်ကို လက်ဖြင့် ကောက်အုပ်၍ အေးတိအေးစက် ပြန်ပြောလာခဲ့သည်။
"ငါ အခုထိ မင်းနဲ့ သွေးအေးတိုက်ပွဲ ဆင်နွှဲနေတုန်းပဲ ရှိသေးတာ!"
ယွိကျန်းတု :".........."
စာရေးသူမှာ ပြောစရာလေး ရှိပါတယ်
ရှန်းချွယ့် : ငါ့မှာလည်း ကိုယ်ကျင့်သိက္ခာတွေ ရှိပါသေးတယ်နော်!
ယွိကျန်းတု : ဒီ ရှောင်ကွေကို အနားခေါ်ထားချင်နေလို့ကို မရတာပါလား!
(Zawgyi)
တေစၦဘတ္စ္ကား
မသိသာ မေပၚလြင္ေအာင္ ဟန္ေဆာင္ရင္း ယြိက်န္းတုက အသံႏူးႏူးညံ့ညံ့ျဖင့္ အဘိုးအိုအား တိတ္တဆိတ္ ေမးၾကည့္လိုက္ရသည္။
"အဘိုး ဒီကားက တေစၦဘတ္စ္ကားႀကီးမွန္း ဘယ္လိုလို႔ သိတာလဲ?"
အဘိုးအို၏ ႏႈတ္ခမ္းေမြးမ်ားပင္ လႈပ္ခါေနလ်က္။
"ကားေပၚတက္လာတဲ့သူတိုင္းက ကားခကို စာ႐ြက္အဝါေတြ ေပးၿပီး ရွင္းေနတာ ေတြ႕တယ္"
ယြိက်န္းတု :"............."
ဒီပုံအတိုင္းဆိုရင္ေတာ့ ေျမေအာက္ေလာကအတြက္ ေငြလႊဲနည္း အသစ္ေတြ ထြင္ေပးမွ ရေတာ့မယ္ ထင္တယ္ စာ႐ြက္အဝါေတြကို ေရရွည္သုံးေနရင္ မလြယ္ဘူး.....
သူ သိလိုစိတ္ျဖင့္ ေမးၾကည့္လိုက္သည္။
"အဘိုး ဒီကားေပၚကို ဘယ္လိုေရာက္လာတာလဲ?"
အဘိုးအိုကိုယ္တိုင္ကလည္း ဇေဝဇဝါ ျဖစ္ေနဟန္ေပၚသည္။
"ငါလည္း ဘာျဖစ္သြားမွန္း မသိပါဘူး...ပုံမွန္လိုပဲ ေဈးသြားၿပီး လိုအပ္တာေတြ ၀ယ္ျခမ္းၿပီးေတာ့ အိမ္မျပန္ခင္ကို ပန္းၿခံကို တစ္ပတ္ ပတ္လိုက္တာ
ၿပီးေတာ့ အိမ္ျပန္ဖို႔ ဘတ္စ္ကား တက္စီးခဲ့လိုက္တာပဲ ဒီလို အျဖစ္ဆန္းႀကီးမ်ိဳးနဲ႔ ေတြ႕ရမယ္လို႔ ထင္ေတာင္ မထားဘူး"
ယြိက်န္းတုလည္း သူ႔ေျခေထာက္ေအာက္ေဘးေနရာကို ၾကည့္လိုက္ခ်ိန္ အဘိုးေျပာသလိုပါဘဲ ေဈးထဲမွ ၀ယ္လာသည့္ အေျခာက္အျခမ္းမ်ား အထုတ္လိုက္ ရွိေနသည္ကို ျမင္လိုက္ရသည္။
သူ႔အေနျဖင့္ တစ္ခုခုကေတာ့ လြဲေခ်ာ္ေနၿပီဟု မွန္းဆမိ၏။တကယ္သာ ပုံမွန္အတိုင္း ေဈး၀ယ္ထြက္ၿပီး အိမ္ျပန္ဖို႔ ဘတ္စ္ကား တက္စီး
ခဲ့တာ မွန္ရင္ အခုကားေပၚ ေရာက္ေနစရာအေၾကာင္းမရွိေခ်။
သို႔ရာတြင္ ေနရာမွာ ထိုင္ရင္း စဥ္းစားၾကည့္႐ုံေလာက္ႏွင့္ သင့္ေတာ္သည့္ ေျဖရွင္းခ်က္တစ္ခုကို ရွာမေတြ႕ပါေလ။ သို႔ႏွင့္ သူလည္း အဘိုးအို၏ လက္ေကာက္၀တ္အား ျငင္သာစြာ ပြတ္သပ္ေပးလိုက္ၿပီးေနာက္ အသံကို တတ္ႏိုင္သမွ် ႏွိမ့္၍ ေျပာလိုက္၏။
"ေၾကာက္စရာ မလိုဘူး သိလား...ကြၽန္ေတာ္တို႔ လုပ္ဖို႔လိုတာဆိုလို႔ ခဏေန ဘတ္စ္ကား ရပ္တဲ့အခါ မသိခ်င္ေယာင္ေဆာင္ၿပီး အသာေလး ဆင္းေနခဲ့လိုက္႐ုံပဲ...
လမ္းတစ္၀က္မွာတင္ ခုန္မခ်ၾကရေအာင္ပါ"
"ငါ မေၾကာက္ပါဘူး...ငါ့အ႐ြယ္ႀကီးက်မွ ဘာမွလည္း ေၾကာက္စရာ မရွိေတာ့ပါဘူး..."
အဘိုးအိုက ယြိက်န္းတုအား ခ်ီးက်ဴးလိုသည့္ မ်က္လုံးမ်ားျဖင့္ ၾကည့္လာ၏။
"လူေလး...မင္းကလည္း ေျပာမယ့္သာေျပာတာ စိတ္တည္တည္ၿငိမ္ၿငိမ္ ထားတတ္သားပဲ..
အခုလို အေျခအေနမ်ိဳး ႀကဳံရတာေတာင္ တစ္ခ်က္ ေအာ္သံ မထြက္ဘူးေနာ္"
ယြိက်န္းတုက ဂုဏ္ယူစြာျဖင့္ ၿပဳံးလိုက္ေလသည္။
သူ႔အေနျဖင့္ ေၾကာက္ဖို႔ေနေနသာသာ အခုေလးတင္ တေစၦေတြကိုေတာင္ ျပန္ေျခာက္လိုက္ေသးေၾကာင္းကိုေတာ့ အရွက္ႀကီးစြာျဖင့္ ထုတ္မေျပာမိလိုက္ေတာ့ပါ။
ထိုနည္းထိုပုံျဖင့္ ဘတ္စ္ကားေပၚတြင္ သူတို႔ကိုယ္သူတို႔ လူေယာင္ဟန္ေဆာင္တာ ပီျပင္လွၿပီဟု ထင္ေနၾကသည့္ တေစၦတစ္သိုက္ႏွင့္ သူ ေရာက္ေနသည့္ ဘတ္စ္ကားက တေစၦဘတ္စ္ကား ပါဆိုတာကို မသိခ်င္ေယာင္ေဆာင္ေပးေနေသာ အဘိုးအိုတို႔မွာ ထူးဆန္းစြာျဖင့္ မွ်ေျခညီ အံ၀င္ခြင္က် ျဖစ္ေနခဲ့ၾကသည္။
ထိုမွ်ေျခကို ထိန္းသိမ္းထားလ်က္ပဲ ဘတ္စ္ကားက ယြိက်န္းတု ေနထိုင္သည့္ ရပ္ကြက္ထဲသို႔ ေရာက္လာ၏။
လမ္းခရီးအဆုံးတြင္ ကားဆရာက သူ၏ ဟန္ေဆာင္ျခင္းအမႈကို ဆက္လက္ထိန္းသိမ္းထားၿပီး မူမပ်က္စြာျဖင့္ ယြိက်န္းတု ရပ္ကြက္ထိပ္က ဘတ္စ္ကား မွတ္တိုင္ေဘး၌တြင္ပင္ ကားကို ရပ္ေပးလာသည္။
"လူႀကီးမင္းတို႔ ေရာက္လိုေသာ မွတ္တိုင္သို႔ ေရာက္ရွိၿပီ ျဖစ္ပါ၍ ခရီးသည္မ်ား ကားေပၚမွ ဆင္းခ်င္ ဆင္းႏိုင္ပါၿပီ ခင္ဗ်ာ"
"ကြၽန္ေတာ္တို႔ ဆင္းၾကစို႔"
ယြိက်န္းတုက အဘိုးအိုကို ထူေပးလိုက္သည္။
"စိတ္ေအးေအးထား ပ်ာယာမခတ္နဲ႔"
အဘိုးအိုက သူ႔ကိုယ္သူ စုံေထာက္ဇာတ္လမ္းထဲေရာက္ေနသလိုလို ျပဳမူေနခဲ့ကာ ယြိက်န္းတုကို တြန္းလိုက္၏။
"မင္း အေရွ႕ကေန ေလွ်ာက္
ငါက မင္းအေနာက္ကေန အရိပ္အျခည္ ၾကည့္ေပးမယ္...တစ္ခုခု မွားယြင္းသြားခဲ့ရင္ ေနာက္ျပန္လွည့္မၾကည့္ဘဲ တစ္ခ်ိဳးတည္းသာ ေျပးေတာ့ ငါ့အတြက္ စိတ္မပူနဲ႔"
ယြိက်န္းတု :"............"
ေျပာလို႔သာေျပာတာ အဘိုးအိုက တရားဓမၼေတာ့ အေတာ္ေလး လိုက္စားပုံ ရသည္။ သို႔ရာတြင္ နည္းနည္းေလးေတာ့ အကဲပိုေန၏။
ဘယ္လိုပဲေျပာေျပာ သူ သြားဖို႔လိုသည့္ ခရီးလည္း ဆုံးေနၿပီမို႔ အဘိုးအိုနဲ႔အတူလိုက္ၿပီး ဟန္ေဆာင္ေပးလိုက္တာ အရႈံးမရွိပါဘူးေလလို႔ သူ ယူဆလိုက္သည္။
သူ အေရွ႕ကေန ဦးေဆာင္ေခၚလာေပးလိုက္ၿပီး ဘတ္စ္ကား ထြက္ေပါက္မွ အျပင္သို႔ ထြက္ေတာ့မလို အလုပ္မွာ ေရွ႕တံခါးေပါက္ကေန ေနာက္ထပ္ လူငယ္တစ္ေယာက္က တက္ခ်လာေလသည္။
ေနာက္ထပ္ သက္ရွိ လူသား တစ္ေယာက္ပင္။
ထိုလူငယ္က ေျခေထာက္တြင္ ညႇပ္ဖိနပ္မ်ား စီးထားသည္။ အ၀တ္အစားကလည္း ေဈးေပါေသာ သားေရဂ်ာကင္တစ္ထည္ကို ၀တ္ဆင္ထား၏။
သူ႔ တစ္ကိုယ္လုံး ၿခဳံငုံၾကည့္ပါက မသမာသူ တစ္ေယာက္လို ထင္ရသည္။
သူက အေႂကြေစ့ထည့္သည့္ ကန္ထဲသို႔ အေႂကြေစ့ႏွစ္ျပားကို ျဖစ္သလို ပစ္ထည့္လိုက္ၿပီးေနာက္ ေခါင္းငိုက္စိုက္ခ်ထား၍ ကားေနာက္ဖက္သို႔ ေလွ်ာက္လာခဲ့သည္။
ယြိက်န္းတုလည္း ဆင္းမယ့္အေရး ေနရာမွာတင္ ရပ္တန႔္သြားရ၏။ တစ္စီးလုံးက အျခားေသာ တေစၦမ်ားလည္း သူႏွင့္အတူ လိုက္ရပ္ကုန္ၾကသည္။
ဒီဘတ္စ္ကားက ဒီေန႔မွ ဘယ္လို ျဖစ္ေနလဲ? တစ္ညတည္းနဲ႔တင္ ဘယ္လိုကေနဘယ္လို မေသေသးတဲ့လူေတြကို ကားေပၚ ေခၚေခၚတင္ေနပါလိမ့္?
ယြိက်န္းတုအား ကားေပၚမွ တြန္းခ်မိေတာ့မလိုအထိ ျဖစ္သြားရသည့္ အဘိုးအိုက မိမိအရွိန္ကို မိမိ ေလွ်ာ့လိုက္ရသည့္အတြက္ ကိုယ့္ေျခေထာက္ကိုယ္ ျပန္တက္နင္းမိသြားသည္။
သူက အသံကို ႏွိမ့္ခ်ရင္း ေမးလာ၏။
"ေဟ့ေကာင္...ဘာျဖစ္လို႔လဲ? ေနာက္တစ္ေယာက္ကေကာ ဘာလို႔ အခုမွ တက္လာပါလိမ့္? ငါ့ကို ဒီကားေပၚကေနကို မဆင္းေစခ်င္ၾကေတာ့ဘူးနဲ႔ တူတယ္!"
ယြိက်န္းတုလည္း မ်က္ခုံးတို႔ကို က်ဳံ႔ကာ တစ္ဖက္က လူငယ္ကို ၾကည့္လိုက္သည္။
ထိုသူ၏ အသြင္အျပင္က လြန္စြာမွ ေမွာင္မႈိင္းေန၏။ မ်က္တြင္းေဟာက္ဖက္၊ မ်က္အိတ္မ်ား တြဲက်ေနပုံက ထိုသူ၌ ကံဆိုးေနျခင္း ျဖစ္ေၾကာင္းကို ၫႊန္ျပေနေလသည္။
လူငယ္က အတင္းတြန္းတိုက္ၿပီး ကားအေနာက္ဖက္သို႔ မရရေအာင္ ၀င္လာခဲ့သည္။ ကားက အခုထိကို ဘီးလုံးမေ႐ြ႕ေသးေၾကာင္း သတိထားမိေသာအခါ သူက စိတ္မရွည္စြာျဖင့္ ေအာ္လာ၏။
"ကားဆရာ ေသမ်ားသြားတာလား? ဘယ္လိုျဖစ္လို႔ အခုထိ ကားက မထြက္ေသးတာလဲ!"
ယြိက်န္းတု :"............"
ေျပာရမွာေတာ့ အားနာပါတယ္ ! ဒီကားေပၚမွာက ကားဆရာပဲ ေသေနတာမဟုတ္ဘူး ပါသမွ်အကုန္ ေသၿပီးသားေတြခ်ည္းေဟးးးးး!
အဘိုးအိုလည္း စိတ္အေႏွာင့္အယွက္ ျဖစ္သြားခဲ့သည္။
"အိုင္းယား...ဒီေန႔ေခတ္ လူငယ္ေတြကေတာ့ ပါးစပ္စည္းကို မေစာင့္ၾကဘူးပဲ"
သူက ယြိက်န္းတုကိုပါ တြန္းတိုက္လာရင္း...
"မင္း အရင္ဆင္းသြားႏွင့္ေတာ့...ငါ အဲ့ဒီကေလးကိုပါ သြားေျပာျပလိုက္ဦးမယ္"
အဘိုးအိုက ယြိက်န္းတု၏ တုံ႔ျပန္မႈကိုပင္ မေစာင့္ဘဲ ေျပာၿပီးတာနဲ႔ ခ်က္ခ်င္း လူငယ္ရွိရာသို႔ သြားလိုက္သည္။
ယြိက်န္းတု ထိုလူငယ္ကို ၾကည့္လိုက္သည့္အခ်ိန္တြင္ လူငယ္မွာ မ်က္လုံးမ်ား ကစားေနေၾကာင္း သတိထားမိလိုက္၏။
ထိုသူက မ်က္လုံးမည္းမည္းမ်ားျဖင့္ ကားေပၚက ရွိသမွ် သူတိုင္းကို အကဲခတ္ေနခဲ့သည္။
ယြိက်န္းတု၏ မသိစိတ္က သူ႔အား မေကာင္းတာတစ္ခုခု ျဖစ္လာေတာ့မလို သတိေပးေနျခင္းေၾကာင့္ သူအလ်င္အျမန္ပဲ အဘိုးအိုအား အနား ျပန္ေခၚဖို႔ ျပင္လိုက္သည္။
သို႔ရာတြင္ ေနာက္က်သြားခဲ့ေခ်၏။ အဘိုးအိုမွာ အသက္သာႀကီးေသာ္လည္း လူက ျဖတ္ျဖတ္လတ္လတ္ ရွိေနဆဲမို႔ ခဏေလးအတြင္း လူငယ္နား ေရာက္သြားေလသည္။
သူက ေခါင္းကို ငုံ႔၀င္၍ လူငယ္ထံသို႔ တိတ္တိတ္ေလး သြားသတင္းပို႔ေနခဲ့သည္။
'လူေလး...ျမန္ျမန္ ဒီဘတ္စ္ကားေပၚကေန ျပန္ဆင္းဖို႔..လုပ္"
သူေျပာလို႔မၿပီးလိုက္ခင္မွာပဲ အမည္းေရာင္ဂ်ာကင္ႏွင့္ လူငယ္က ထေပါက္ကြဲေလသည္။
ထိုသူက အဘိုးအို၏ လည္ပင္းအား လက္တစ္ဖက္ျဖင့္ ရစ္ပိုက္လိုက္ရင္း က်န္လက္တစ္ဖက္ကမူ အိတ္ေဆာင္ ေခါက္ဓားတစ္ေခ်ာင္းကို ထုတ္ကာ ျဖန႔္လိုက္ေလသည္။
ထို႔ေနာက္တြင္မူ ထိုအိတ္ေဆာင္ဓားအသြားအား အဘိုးအို၏ လည္ပင္းတြင္ ေထာက္ထားလိုက္ေလသည္။
"နံေစာ္ေနတဲ့ အဘိုးႀကီး! ဒါ ခင္ဗ်ားအပူမပါဘဲ ၀င္ရႈပ္တဲ့အမႈအတြက္ တန္ရာတန္ေၾကးပဲ"
အဘိုးအိုအား ဓားစာခံ လုပ္ထားရင္း လူငယ္က အံႀကိတ္၍ ကားသမားထံ လွမ္းေအာ္၏။
"ဘာကိစၥ အခုထိ အဲ့ ေစာက္ဘီးလုံးေတြက မေ႐ြ႕ေသးတာလဲလို႔! ျမန္ျမန္ ေမာင္းစမ္း
မဟုတ္လို႔ကေတာ့ ငါ ဒီအဘိုးႀကီးကို ထိုး ပစ္ေတာ့မွာ"
ခြၽန္ျမေနေသာ ဓားသြားက အဘိုးအို၏ လည္ပင္းထက္ ေနရာယူေနခဲ့သည္။ အခ်ိန္မေ႐ြး အသားအား ေဖာက္ထြင္းသြားႏိုင္၏။
ယြိက်န္းတု၏ မ်က္ႏွာထားက ခ်က္ခ်င္းေျပာင္းခ်သြားၿပီးေနာက္ ေအးစက္စက္အသံျဖင့္ ကားဆရာထံ ေအာ္ေျပာလိုက္သည္။
"ေမာင္းေတာ့"
တေစၦဘတ္စ္ကားမွာ စတင္၍ ေနရာမွ ေ႐ြ႕ေလသည္။ သို႔ရာတြင္ ကားတစ္စင္းလုံးက ၿငိမ္သက္ေန၏။ ေၾကာက္႐ြံ႕ထိတ္လန႔္ေယာင္ မ်ားလည္း ရွိမေန။
ထိုလူငယ္ကမူ အခုထိ ပတ္၀န္းက်င္ကို သတိမထားမိေသးပါေလ။
သူက ကိုယ့္ကိုယ္ကိုယ္ ျပန္ဆဲေရးတိုင္းထြာလာသည္။
"ကံဆိုးမိုးေမွာင္က်တာနဲ႔ပဲ ထိုက္တန္တယ္ ခင္ဗ်ားႀကီးက ဒီ ေလာင္ဇီ ႏွစ္ရက္ဆက္တိုက္ ေငြေတြရႈံးေနတဲ့အခ်ိန္နဲ႔မွ တည့္တည့္လာတိုက္ဆိုင္ရတာကိုး...ငါ-ိုး ကံမေကာင္းခ်က္က"
ထိုစကားကိုၾကားမွ ယြိက်န္းတု နားလည္သြားခဲ့ရသည္။ ေလာင္းကစားလုပ္ျခင္းက လူတစ္ေယာက္၏ စိတ္အေျခအေနႏွင့္ ကံ ကို လြန္စြာမွ သက္ေရာက္မႈ ရွိ၏။ ဤလူငယ္၏ ကံမွာ အစကတည္းက ဆိုးေနလ်က္သားကို ေလာင္းကစားပါ ေပါင္းလိုက္ၿပီး ကိုယ္တိုင္ကလည္း စိတ္မၾကည္ေနတဲ့အခ်ိန္မွာ ေငြေတြကလည္း ရႈံးသထက္ ရႈံးေပမည္။ ထိုအခါ ကံကလည္း ဆိုးသထက္ ဆိုးလာရ၏။
ဒီလိုအေျခအေနမ်ိဳးမွာ တေစၦဘတ္စ္ကားေပၚ တက္မိႏိုင္ေျခက အံ့ဩဖို႔ပင္ မေကာင္းေတာ့ေခ်။
အဘိုးအိုက သက္ျပင္းခ်လိုက္၏။
"လူေလး......မင္း ကံဆိုးပုံက အဲ့တစ္ခုပဲ မကဘူးေနာ္"
ယြိက်န္းတု :".........."
အဘိုးအိုက တစ္ခါတစ္ခါ ထထလည္း ေဖာက္တတ္ေသးသား။
လူငယ္မွာမူ အဘိုးအို၏ ဟာသကို လိုက္မမီေခ်။ သူက ဓားကိုပတ္ပတ္လည္ ေဝွ႔ရင္း ေအာ္လာျပန္၏။
"ပါးစပ္ပိတ္ထားစမ္း ေစာက္အဘိုးႀကီး"
ဘတ္စ္ကားမွာ ဆက္သြားေနသည့္အေလ်ာက္ ယိမ္းထိုးေနသည္။ ယြိက်န္းတုလည္း လူငယ္၏ လက္ထဲက ဓားသြားက အဘိုးအို၏ လည္ပင္းနား ရစ္သီရစ္သီ ျဖစ္ေနတာကိုၾကည့္ရင္း အသည္းယားေနရသည္။
သူ မသိခ်င္ေယာင္ေဆာင္၍ ဘတ္စ္ကားေပၚက သူမ်ားကို ၾကည့္လိုက္သည့္အခါ ကားေပၚက ရွိသမွ် သူတိုင္းကလည္း သူ႔အား ၾကည့္ေနခဲ့ၾကသည္။
၎တို႔ကား သူ႔ပါးစပ္က အမိန႔္ကို ေစာင့္ေနခဲ့ၾကျခင္း။
သူ႔ေဘးနားက ဝိဉာဥ္တစ္ေကာင္က ကပ္ေျပာလာသည္။
"ယြိသူေဌး....ဒီလူ႔မွာက ေတာ္ေတာ္ေလးကို ကံနိမ့္ေနတယ္ သူ႔ကို ၀င္ပူးလို႔ေတာင္ ရေနၿပီ ၀င္ပူးလိုက္ရမလား?"
ယြိက်န္းတု လက္ယမ္းျပလိုက္၏။
"မလုပ္နဲ႔ သက္ရွိလူသားတစ္ေယာက္ကို ၀င္ပူးတယ္ဆိုတာ စည္းမ်ဥ္းစည္းကမ္းေတြကေန ေသြဖယ္ေနတယ္ မင္းရဲ႕ ေသျခင္းရွင္ျခင္းစာရင္းဇယားအေကာင့္ထဲကေန အမွတ္ေတြ ေလ်ာ့ကုန္မွာ မလုပ္နဲ႔"
ထိုဝိဉာဥ္လည္း လက္ေလွ်ာ့သြားခဲ့သည္။
သူက စိတ္ဖိစီးေနသည့္မ်က္ႏွာျဖင့္ ျပန္ေမးလာ၏။
"အဲ့ေတာ့ ကြၽန္ေတာ္တို႔ ဘာလုပ္ေပးရမလဲ?"
ယြိက်န္းတုက အမ်ိဳးသမီးတေစၦတစ္ေယာက္ေပၚ အၾကည့္မ်ား က်ဆင္းသြားခဲ့ၿပီးေနာက္ အႀကံဉာဏ္တစ္ခု ေပၚထြက္လာခဲ့သည္။
သူက ထိုအမ်ိဳးသမီးတေစၦအား လက္ညႇိဳးထိုးျပလိုက္ရင္း လူငယ္ထံသို႔ ေအာ္ေျပာလိုက္၏။
"ဟိတ္ မင္း...
အဲ့ အဘိုးအစား ဒီအမ်ိဳးသမီးကို ဓားစာခံလုပ္လိုက္ပါလား"
သူ႔အႀကံျပဳခ်က္ေၾကာင့္ လူငယ္ပင္ ဘာမွ ျပန္မေျပာႏိုင္ေသးခင္မွာ အဘိုးအိုက အရင္အတြန႔္တက္လာသည္။
"လူေလးရယ္ ဘယ္လို မဟုတ္က ဟုတ္က အႀကံေတြလဲ..."
သူက မဟုတ္လည္း တေစၦပဲကို!
ယခု အခ်ိန္က အဘိုးအိုႏွင့္ ဆက္ၿပီး သ႐ုပ္ေဆာင္ေနရမည့္ အခ်ိန္မဟုတ္ေတာ့ေခ်။ ယြိက်န္းတုအေနနဲ႔ အဘိုးအိုဖက္က မေတာ္တဆ ေၾကာက္လန႔္ၿပီး အမွန္တရားကို ေဖာ္ထုတ္လိုက္ပါက လူငယ္က သူ႔လက္ထဲက ဓားအေပၚ အားထုတ္သုံးလိုက္မွာ စိုးရသည္။
သူက လ်င္လ်င္ျမန္ျမန္ပဲ အဘိုးအိုအား ရွင္းျပေပးလိုက္၏။
"အဘိုး...စိတ္မပူပါနဲ႔
သူတို႔ေတြ အကုန္လုံးကို ကြၽန္ေတာ္ သိတယ္"
ဘတ္စ္ကားေပၚက တေစၦမ်ား အားလုံး တစ္ညီတစ္ညာတည္း ေခါင္းညိတ္လိုက္ၾကသည္။
၎တို႔က ယြိက်န္းတု၏ ပုခုံးကိုပင္ သိုင္းဖက္ျပလာကာ အဘိုးအိုထံ ေျပာျပေပးလာသည္။
"ကြၽန္ေတာ္တို႔က လူေတြကို ဒုကၡမေပးတတ္တဲ့ တေစၦေကာင္း တေစၦမြန္ေလးေတြပါ ခင္ဗ်ာ"
အဘိုးအို :"............"
အဘိုးအိုက ယြိက်န္းတုအား ပါးစပ္အေဟာင္းသားျဖင့္ၾကည့္ကာ ထို႔ေနာက္တြင္ တေစၦမ်ားထံသို႔ တစ္လွည့္ ထပ္ၾကည့္၏။
ထို႔ေနာက္တြင္ သူ၏ မ်က္ဆံမ်ားက အေနာက္ဖက္သို႔ လန္က်သြားသည္။ သူ႔ပုံစံမွာ စကၠန႔္အပိုင္းအတြင္း သတိလစ္သြားေတာ့မည့္လူလို။
ထိုပုံစံေၾကာင့္ ဘတ္စ္ကားေပၚက တေစၦမ်ားက ထပ္ဆင့္ လန႔္ကုန္ၾကရသည္။
ကံေကာင္းတာတစ္ခုက အဘိုးအိုမွာ စိတ္ဓာတ္သန္မာသည့္သူမို႔ သတိလစ္သည့္ အဆင့္ထိေတာ့ မေရာက္လိုက္ေခ်။ တကယ္ကို အေတြ႕အႀကဳံရင့္ မွန္း သိသာလွေပသည္။
ကနဦး ထိတ္လန႔္မႈတို႔ကို ေျဖေလ်ာ့ၿပီးေနာက္မွာ အျမန္စိတ္ကိုျပန္ၿငိမ္ေအာင္ ထားရင္း ေမးလိုေသာ ေမးခြန္းမ်ားကိုလည္း ျပန္ၿမိဳခ်လိုက္ရေတာ့သည္။
သူက ဓားျပထံသို႔ ေအးေဆးစြာပဲ ေျပာလိုက္သည္။
"လူေလး...ငါ့ကို ဒီကေလးမနဲ႔ပဲ ေနရာ လဲေပးပါေတာ့"
သားေရဂ်ာကင္ႏွင့္လူငယ္မွာ ယြိက်န္းတုလို အရပ္ရွည္ရွည္ ႐ုပ္ရည္ေခ်ာေခ်ာႏွင့္သူက စကားထေျပာလာကတည္းက အံ့အားသင့္ေနခဲ့ရတာပင္။
ထို႔ေနာက္တြင္ ထို႐ုပ္ေခ်ာေခ်ာႏွင့္သူက သူ႔ကိုပင္ အဖက္မလုပ္ဘဲ သူတို႔ခ်င္း တိုင္ပင္ေန၏။
သူ စိတ္မရွည္လက္မရွည္ျဖစ္လာသည့္အခါမွာ သူ႔ကိုေတာင္လာၿပီး ဓားစာခံကို ဟိုလူ႔ကိုထားပါလား ဒီလူ႔ကိုထားပါလားေတာင္ လာ ညႇိေနလိုက္ေသးသည္!
လူငယ္က ယြိက်န္းတု လက္ညႇိဳးၫႊန္ျပသည့္ ေနရာကို ၾကည့္လိုက္ရင္း သူ႔အကာအရံမ်ားကို ခဝါခ်လိုက္၏။
"ကိုယ္တိုင္လိုလိုလားလား ဓားစာခံျဖစ္ခ်င္ေနတာဆိုရင္ေတာ့ ငါ့အတြက္လည္း ကိစၥမရွိပါဘူး"
အစားထိုးခံရမည့္ အမ်ိဳးသမီးမွာ ဂါ၀န္အရွည္ႀကီး တစ္ထည္ ၀တ္ထား၍ သူမ၏ ရွည္လ်ားနက္ေမွာင္ေသာ ဆံပင္မ်ားကို ျဖန႔္ခ်ထားၿပီး ေတာ္ေတာ္ေလးလည္း လွပေလသည္။
ဓားျပႏွင့္အၾကည့္ဆုံသြားသည့္အခါ ထိုအမ်ိဳးသမီးက ေၾကာက္အားလန႔္အားျဖင့္ ကိုယ့္မ်က္ႏွာကိုယ္ ကြယ္လိုက္သည္။
"အားးးး ေၾကာက္တယ္
ရွင္တို႔ေတြ ကြၽန္မကို ဘာလို႔ အခုလို ဆက္ဆံရတာလဲ?"
ဘတ္စ္ကားေပၚက တေစၦမ်ားက ထိုအမ်ိဳးသမီးအား ဓားျပထံသို႔ ဝိုင္းတြန္းပို႔ၾကသည္။
"အႀကီးေတြကို ေလးစားၿပီး အငယ္ေတြကို ေစာင့္ေရွာက္ရမွာ လူငယ္ေတြရဲ႕တာ၀န္ပဲ...မင္း သြားကို သြားရမယ္!"
သားေရဂ်ာကင္ႏွင့္ လူငယ္မွာ ထိုျမင္ကြင္းေၾကာင့္ ထရယ္ေလသည္။
"မွန္ပါ့ မွန္ပါ့ မိန္းမလွေလးကလည္း...
အႀကီးကို ကူညီမွေပါ့"
ထို႔သို႔ျဖင့္ မိန္းမပ်ိဳမွာ မည္မွ်ပင္ ေတာင့္ခံေနပါေစ ဓားျပနားသို႔ ေရာက္သြားခဲ့သည္။
ဓားျပလူငယ္က အိတ္ေဆာင္ဓားကို သူမ လည္ပင္းထံသို႔ ေျပာင္းေထာက္ရင္း အဘိုးအိုကို အေဝးသို႔ တြန္းလႊတ္၏။
ထို႔ေနာက္ မိန္းမငယ္၏ လည္ပင္းကို လက္တစ္ဖက္ျဖင့္ ရစ္ပတ္ထားလိုက္ေသးကာ ပုခုံးႏွင့္ လည္ပင္းၾကား ေနရာလပ္ထံသို႔ မ်က္ႏွာအပ္၍ ရွဴရႈိက္လိုက္ေသးသည္။
လူငယ္၏ မ်က္ႏွာမွာ စိတ္႐ူးေဖာက္သြားေသာ အၿပဳံးတို႔ ခ်ိတ္ဆြဲထားလ်က္။
"ဒီဘတ္စ္ကားက အေတာ္စိတ္၀င္စားဖို႔ေကာင္းတာပဲ အကုန္လုံး ညီညီညာညာနဲ႔ မိန္းကေလးတစ္ေယာက္ကို စေတးရတယ္လို႔! လူႀကီးသူမေတြ ကေလးသူငယ္ေတြကို ဘယ္လိုေစာင့္ေရွာက္ရမလဲ ေကာင္းေကာင္းသိၾကသားပဲ"
အကယ္၍သာ ယြိက်န္းတုဖက္က ဤမိန္းမငယ္ကို လက္ညႇိဳးထိုးျခင္းမဟုတ္ဘဲ အျခားသူတစ္ေယာက္ကို အစားထိုးခိုင္းခဲ့ပါလွ်င္ ဂ်ာကင္ႏွင့္လူငယ္မွာ ဓားစာခံေျပာင္းဖို႔ စိတ္ကူးရွိမည္ မဟုတ္ေခ်။
သို႔ေသာ္ ႏြဲ႕ႏြဲ႕ေႏွာင္းေႏွာင္း မိန္းမငယ္ တစ္ေယာက္ျဖစ္ေနသည့္အတြက္မူ အေျခအေနက ေျပာင္းလဲသြားခဲ့ရသည္။
ယြိက်န္းတုမွာ လူငယ္ႏွင့္ ဆက္ ဇာတ္လမ္းရႈပ္ဖို႔ စိတ္ကူးမရွိေတာ့ေခ်။ ျမန္ျမန္ေလး အဘိုးအိုအား သြားထူေပးလိုက္ၿပီးေနာက္ ေမးလိုက္ေလသည္။
"အဘိုး အဆင္ေျပရဲ႕လား?"
"ေျပပါတယ္ ေျပပါတယ္"
အဘိုးအိုက သူ႔ရင္ဘတ္ကို ပုတ္ျပ၍ ယြိက်န္းတုကို အဓိပၸါယ္ပါေသာ အၾကည့္တစ္မ်ိဳးျဖင့္ ၾကည့္ေပးလိုက္သည္။
"လူေလး...မင္းရဲ႕ မိတ္ေဆြအသိုင္းအဝိုင္းက အခုေလာက္ႀကီးေနလိမ့္မယ္မွန္း မထင္ထားမိခဲ့ဘူး"
ယြိက်န္းတုလည္း မိမိကိုယ္ကို ႏွိမ့္ခ်ရင္း ေျဖေပးလိုက္သည္။
"တိုက္ဆိုင္သြားလို႔ပါဗ်ာ"
ထိုအခ်ိန္မွာပဲ ဓားစာခံကို ဖက္ထားသည့္ ဂ်ာကင္ႏွင့္လူငယ္က ေနာက္ဆုံးတြင္ စိတ္ရွည္သည္းခံမႈမ်ား ကုန္ဆုံးသြားသည္။
သူက ဓားကို ပတ္လည္သို႔ ေဝွ႔ယမ္းရင္း ေျပာလာ၏။
"မင္းတို႔ေတြ အကုန္လုံး!
ျမန္ျမန္! ပါလာတဲ့ ပိုက္ဆံေတြ အကုန္ထုတ္ၾကစမ္း! မဟုတ္ရင္ ငါ စကားနဲ႔ေတာင္ ေျပာလို႔မရတဲ့အရာေတြ ဒီေကာင္မကို လုပ္ပစ္လိုက္ေတာ့မွာေနာ္"
သူ႔စကားဆုံးဆုံးခ်င္းပဲ မူလက ေၾကာက္အားလန႔္အား ထိတ္လန႔္ေနသည့္ မိန္းမငယ္က ေခါင္းကို ျဖည္းညႇင္းစြာ လွည့္လာရင္း ေမးလာခဲ့သည္။
"အိုဟိုး ဘယ္လိုလုပ္ရပ္ေတြမ်ား လုပ္မလို႔ပါလဲေနာ္??"
"ဟား ဟား ဟား"
လူငယ္က ထိုမိန္းမငယ္အား ငုံ႔ၾကည့္လိုက္သည္။
"မင္းက ဘာထင္လို႔....."
သူ စကားေတာင္ ဆုံးေအာင္ မေျပာလိုက္ႏိုင္ပါဘဲ မ်က္လုံးမ်ား ျပဴးက်ယ္သြားခဲ့ရကာ က်န္ရွိေနသာ စကားတစ္၀က္ကိုလည္း ဆက္မေျပာႏိုင္ေတာ့ေခ်။
ျဖစ္ပုံမွာ သူ လက္တစ္ဖက္ႏွင့္ လည္ပင္းကို သိုင္းဖက္ထားသည့္ မိန္းမငယ္က သူမ၏ေခါင္းကို ၁၈၀ ဒီဂရီ လွည့္ခ်လာေသာေၾကာင့္ပင္။
"မင္း...မင္း...မင္း"
လူငယ္၏ အသံက ထစ္ကုန္ခဲ့ရကာ ထိတ္လန႔္မႈအႀကီးအက်ယ္ေၾကာင့္ သူ႔မွာ မိန္းမငယ္ကိုပင္ တြန္းမလႊတ္ႏိုင္ေတာ့ဘဲ အကုန္လုံးထံသို႔ ျပန္ၾကည့္၍ ေမးၾကည့္လာသည္။
"မင္းတို႔ေတြ သူ႔လည္ပင္းႀကီးကို ျမင္ရလား?"
"ျမင္ရပါ့"
ဘတ္စ္ကားေပၚက တေစၦမ်ားအားလုံး ျပန္ေျဖေပးလာၾကသည္။
ထို႔ေနာက္တြင္ ၎တို႔ကပါ မိန္းမငယ္လို တစ္ညီတစ္ညာတည္း ေခါင္းမ်ားကို ၁၈၀ ဒီဂရီ ထပ္လွည့္ျပလာ၏။
"ငါတို႔လည္း လုပ္တတ္သားပဲ"
သားေရဂ်ာကင္ႏွင့္ လူငယ္ :"........."
အေစာတုန္းက အဘိုးအိုအတိုင္း ထိုသူသည္လည္း မ်က္ဆံမ်ား ေနာက္လန္၍ ေနရာမွာပင္ ပက္လက္ႀကီး လဲသြားေတာ့သည္။
"ငေၾကာက္ေကာင္ပဲ..ဘယ္လိုျဖစ္လို႔ အဘိုးေလာက္ေတာင္ သတၱိမရွိပါလိမ့္"
ယြိက်န္းတု ေခါင္းယမ္းလိုက္ရင္း က်စ္သပ္လိုက္မိသည္။ ထို႔ေနာက္တြင္ အဘိုးအိုထံလွည့္ၾကည့္ၿပီး တစ္ဖန္ေမးလိုက္ျပန္၏။
"ဟုတ္တယ္မလား အဘိုး?"
သူက အားရပါးရႏွင့္ အဘိုးအေၾကာင္းႂကြားထားပါေသာ္လည္း တကယ့္တကယ္တြင္ အဘိုးသည္လည္း ရင္ဘတ္ကို ဆုတ္ကိုင္၍ ခႏၶာကိုယ္က လဲက်မတတ္ျဖစ္ေနခဲ့ေလသည္။
"မ မဟုတ္ မဟုတ္ဘူး ငါလည္း ေၾကာက္တယ္"
"............"
ယြိက်န္းတုမွာ ခပ္သြက္သြက္ေလး အဘိုးအား ေနရာမွ လဲက်မသြားရေအာင္ ထိန္းထားေပးလိုက္သည္။
ထို႔ေနာက္ တေစၦမ်ားထံ ေအာ္ေျပာလိုက္၏။ "ျမန္ျမန္ေလး မင္းတို႔ ေခါင္းေတြကို အတည့္ျပန္လုပ္ၾက! ဒီမွာ အဘိုး လန႔္ေနၿပီ"
သို႔ရာတြင္ ကံေကာင္းေထာက္မစြာ အဘိုးကား လန႔္သည့္အဆင့္ႏွင့္တင္ ရပ္တန႔္သြားခဲ့သည္။ လဲက်ေလာက္ရတဲ့အထိေတာ့ မျဖစ္ခဲ့။
ခ်က္ခ်င္းလည္း ျပန္ စိတ္ၿငိမ္သြားခဲ့သည္။
အဘိုးအို၏ ဘ၀ရဲ႕ခံႏိုင္ရည္အားမ်ားကို ဘတ္စ္ကားေပၚက တေစၦမ်ားအားလုံးပင္ အတုယူ အားက်သြားရသည္။
ထို႔ေနာက္တြင္ ကားဆရာက အရဲစြန႔္၍ ကားကို ရဲစခန္းေရွ႕အေရာက္တြင္ ဘရိတ္အုပ္ ရပ္ေပးလာသည္။
ဒီတစ္ႀကိမ္တြင္ေတာ့ အဘိုးအိုလည္းအခက္အခဲမရွိ ဘတ္စ္ကားေပၚမွ ဆင္းႏိုင္ခဲ့ၿပီေလ။
ရဲစခန္း၌ ကိစၥဝိစၥနမ်ား ေျဖရွင္းၿပီး ျပန္ထြက္လာခ်ိန္တြင္ အခ်ိန္ကား အေတာ္ေလး ညဥ့္နက္ေနၿပီ ျဖစ္၏။
အဘိုးအိုကလည္း ငယ္သည့္အ႐ြယ္ မဟုတ္ေတာ့ေခ်။ သူ႔အေနျဖင့္ ဒီလို ညႀကီးညခါမွာ အဘိုးအား တစ္ေယာက္တည္း အိမ္ျပန္မလႊတ္ရက္ပါေပ။
သို႔ႏွင့္ အိမ္ျပန္သည့္လမ္း၌ အေဖာ္အျဖစ္ လိုက္ပါေပးရမလား ေမးၾကည့္လိုက္သည္။
အဘိုးက ျငင္းဆန္၏။
"မဟုတ္တာ...မလိုပါဘူး..မင္း ငါ့ကို လိုက္ပို႔ေနရင္ မင္း အိမ္ျပန္တဲ့အခါက် အခုထက္ေတာင္ ပိုေနာက္က်သြားမွာ မဟုတ္ဘူးလား"
ယြိက်န္းတုအေနျဖင့္ အဘိုးအိုက စိတ္သေဘာထားေကာင္းစြာႏွင့္ သူ႔အခ်ိန္ကိုလည္း မျဖဳန္းလို၍ ျငင္းဆန္လာျခင္းျဖစ္ေၾကာင္း ရိပ္မိသည္။
သို႔ႏွင့္ သူလည္း ဆက္လက္ေခါင္းမာမေနေတာ့ေခ်။
"ဒီလိုဆိုရင္ေရာ...
ကြၽန္ေတာ္ အဘိုးရဲ႕ မိသားစု၀င္တစ္ေယာက္ေယာက္ကို ဆက္သြယ္ေပးမယ္ေလ
အဆင္ေျပတဲ့သူကို လာေခၚခိုင္းလိုက္ရင္ေရာ ဘယ္လိုလဲ"
အဘိုးလည္း သူ႔အႀကံက အဆိုးဘူးဟုဆိုကာ ဖုန္းကိုထုတ္၍ တစ္စုံတစ္ေယာက္ထံ ဖုန္းဆက္လိုက္ေလသည္။
သို႔ေသာ္ တစ္ဖက္သို႔ ဖုန္းမ၀င္တာေၾကာင့္ အဘိုးက ဖုန္းကို ငုံ႔ၾကည့္၍ မ်က္ခုံးမ်ားကလည္း တြန႔္ခ်ိဳးသြားရသည္။
"ဘယ္လိုျဖစ္ရတာပါလိမ့္? ငါ့ဖုန္းက ဘတ္ထရီ မရွိေတာ့တာမ်ားလား"
ယြိက်န္းတုလည္း သူ႔ကိုယ္ပိုင္ဖုန္းကို ထုတ္ေပးလိုက္သည္။
"ကိစၥမရွိဘူး
အိမ္ဖုန္းနံပတ္ မွတ္မိလား? ကြၽန္ေတာ္ ဆက္သြယ္ၾကည့္ေပးမယ္"
အဘိုးအိုက ေခါင္းညိတ္၍ ယြိက်န္းတုထံသို႔ ၎၏ သားျဖစ္သူ ဖုန္းနံပတ္ကို ႐ြတ္ျပလာသည္။
ယြိက်န္းတုလည္း ထိုဖုန္းနံပတ္အတိုင္းေခၚၾကည့္လိုက္သည္။ သိပ္မၾကာလိုက္ခင္မွာပဲ တစ္ဖက္က ဖုန္းေကာက္ကိုင္၍ ယြိက်န္းတုဖက္ပဲ ေျပာလိုက္ရ၏။
"ဟယ္လို..ဒါက ခ်န္မိသားစု အိမ္ကလား မသိဘူး?
ဒီလိုပါ ကြၽန္ေတာ္ လမ္းမွာ ခင္ဗ်ား အိမ္က အဘိုးခ်န္နဲ႔ မထင္မွတ္ဘဲ ဆုံလိုက္ရလို႔ေလ ဘတ္စ္ကားေပၚမွာ ေတြ႕ျဖစ္ၾကတာပါ...အဲ့တာ ျပႆနာေလး တစ္ခု ျဖစ္သြားၿပီး အခ်ိန္လည္း ေတာ္ေတာ္လင့္သြားတာမို႔ အခုေလာေလာဆယ္....."
သို႔ေသာ္ သူ႔စကားပင္မဆုံးေသးဘဲ တစ္ဖက္က သူ႔အား စတင္ ေအာ္ဟစ္လာ၏။
"ဘယ္က လူလိမ္ေကာင္လဲ?! အဲ့ပါးစပ္ကေန အခုလို စကားေတြေျပာထြက္တာ မိုးႀကိဳးပစ္ေသမွာ မေၾကာက္ဘူးလား?"
ယြိက်န္းတုမွာ ႐ုတ္တရက္ အဆူခံလိုက္ရ၍ ေၾကာင္အမ္းသြားမိရသည္။ သို႔ေသာ္ အေျခအေနႏွင့္အလိုက္အထိုက္ သုံးသပ္မိ၏။ ယခုေခတ္က ဖုန္းမွတစ္ဆင့္ လိမ္လည္ၾကသည့္အမႈမ်ားလည္း ခဏခဏ ရွိေနသည္မို႔ တစ္ဖက္ကသူက သူ႔အား လူလိမ္တစ္ေယာက္ဟု ထင္သြားပုံရသည္ဟု ျဖည့္ေတြးေပးလိုက္သည္။
သူ ခပ္သြက္သြက္ပဲ ရွင္းျပေပးလိုက္၏။
"မစၥတာခ်န္..ကြၽန္ေတာ္လူလိမ္မဟုတ္ပါဘူး ၿပီးေအာင္ ေျပာပါရေစ...."
"လူလိမ္မဟုတ္ဘူးလို႔မ်ား ေျပာရဲေသးတယ္ေနာ္!"
တစ္ဖက္ကလူ၏ စိတ္ခံစားခ်က္မ်ားမွာ ထိန္းခ်ဳပ္ခံထားခဲ့ရာမွ လြတ္ထြက္သြားဟန္တူသည္ ။
"ငါ့အေဖဆုံးသြားတဲ့အေၾကာင္းကို မင္းမသိဘူးမလား"
ထိုအခါမွ ယြိက်န္းတု၏ ဦးေႏွာက္ထဲတြင္ အရာရာက ေနရာတက် ျဖစ္သြားခဲ့ရသည္။
သူအဘိုးခ်န္အား ၾကည့္လိုက္သည့္အခ်ိန္ နဖူးတြင္ ေခြၽးစမ်ားပင္ စြက္ေန၏။ အဘိုး၏ လည္ပင္းထက္တြင္ ဓားရာႏွစ္ခ်က္ရွိေနေၾကာင္း ေတြ႕ရသည္။ ထို ဓားရာမ်ားမွာ လတ္လတ္ဆတ္ဆတ္ျဖစ္ေနေသးသည္မို႔ သိပ္မၾကာေသးခင္အခ်ိန္ကပင္ ျဖတ္ခံထားရေၾကာင္း ထင္ရွားလွသည္။ ဓားဒဏ္ရာမ်ားမွာ အေစာပိုင္း သားေရဂ်ာကင္ႏွင့္လူငယ္ ဓားႏွင့္ ေဝွ႔ယမ္းစဥ္အခါက မေတာ္တဆ ထိမိရင္း ျပတ္ထြက္သြားခဲ့ပုံရသည္။
သို႔ေသာ္ ဒဏ္ရာသာ ရွိေနၿပီး ထိုဒဏ္ရာမ်ား၌ ေသြးထြက္ျခင္းမ်ားလည္း ျဖစ္မေန။ ထို႔ေၾကာင့္လည္း သူ စစခ်င္းတုန္းက သတိမထားမိခဲ့တာ ျဖစ္ႏိုင္သည္။
ခံလိုက္ရသည့္ အဘိုးခ်န္မွာလည္း သူ႔ကိုယ္သူ သတိမထားမိေသးပုံေပၚသည္။
သူ ဘာမွကို မခံစားရျခင္းေပ။
ထိုတင္မကေသး... အဘိုးအို၏ လွစ္ဟထားေသာ အသားရည္မ်ားကို ေသခ်ာစူးစမ္းၾကည့္ကာမွ အေရာင္အဆင္းမွာ ေသဆုံးၿပီးကာလ သူတစ္ေယာက္၏ အသားအရည္မ်ိဳး လကၡဏာမ်ား စျပေနခဲ့ၿပီျဖစ္ေၾကာင္း ျမင္ရ၏။
ကံေကာင္းတာ တစ္ခုက ယြိက်န္းတုမွာ ယခုထက္ေတာင္ ဆိုး႐ြားလွသည့္ အျဖစ္အပ်က္ မ်ားစြာကို ႀကဳံဖူးထားေသာသူ ျဖစ္ေနျခင္းပင္။
မိနစ္ပိုင္းေလာက္ေလးႏွင့္ သူ႔မွာ အႀကံဉာဏ္ထုတ္လိုက္ၿပီး တစ္ဖက္က မစၥတာခ်န္ ဖုန္းမခ်ေသးခင္မွာ အလ်င္စလိုျဖင့္ ထုတ္ေျပာလိုက္သည္။
"မစၥတာခ်န္....အဘိုးရဲ႕ အသံကို အရင္နားေထာင္ၾကည့္ေပးပါဦး"
သူက ဖုန္းသံအား အဘိုးနား ကပ္ေပးလိုက္ကာ ေျပာေစသည္။
"ဟယ္လို! အားရွင္းလား? ငါ အခု လူေလး ေရွာင္ယြိနဲ႔အတူ အကယ္ဒမီလမ္းေပၚက ရဲစခန္းတစ္ခုမွာ ေရာက္ေနတာ...
ငါ့ကို လာႀကိဳေပးပါဦး ဒီက သေဘာေကာင္းတဲ့လူငယ္ကို ဒုကၡမေပးမိေအာင္"
အဘိုးအို ထိုသို႔ေျပာၿပီးေနာက္တြင္ ယြိက်န္းတုက ဖုန္းအား ျပန္ကိုင္လိုက္၍ ေမးလိုက္၏။
"မစၥတာခ်န္...အခုေလးတင္ အဘိုးခ်န္ရဲ႕ အသံကို ၾကားလိုက္ရလား?"
တစ္ဖက္၌ တိတ္ဆိတ္သြားမႈက အတန္ၾကာ ။
မည္မွ်ေလာက္ၾကာသြားသည္ မသိရပါဘဲ အဆုံးမွာ မစၥတာခ်န္က ေျပာလာခဲ့သည္။
သူ႔အသံ၌လည္း မယုံၾကည္ျခင္းမ်ား အျပည့္ျဖင့္။
"ငါ့အေဖက တကယ္ပဲ မင္းနဲ႔အတူ ရွိေနတာလား? သူ အသက္ရွိေသးတယ္ေပါ့?"
"အဲ့လိုလည္း မဟုတ္ျပန္ဘူး...ကြၽန္ေတာ္ကိုယ္တိုင္ေတာင္ အခုျဖစ္ရပ္ကို ေသခ်ာမေျပာႏိုင္ေသးလို႔"
ယြိက်န္းတုက အသံကိုေလွ်ာ့၍ ေျဖလိုက္သည္။
"အဆင္ေျပဆုံးကေတာ့ ခင္ဗ်ား ဒီကို အရင္ဆုံး လာခဲ့လိုက္ပါလား အဲ့ေနာက္က်မွ ဆက္ေဆြးေႏြးၾကမယ္ေလ"
မစၥတာခ်န္ကလည္း ခ်က္ခ်င္းပဲ လိပ္စာေတာင္းလာခဲ့သည္။
"အခုပဲ ထြက္ခဲ့လိုက္မယ္"
ဖုန္းခ်သြားၿပီးေနာက္မွာ ယြိက်န္းတုလည္း သူႀကဳံခဲ့ရသည့္ အျဖစ္အပ်က္အေၾကာင္းကို မက္ေဆ့ဂ္်မွတစ္ဆင့္ မစၥတာခ်န္ထံ ရွင္းျပေပးလိုက္သည္။ မစၥတာခ်န္ကလည္း ေတာ္ေတာ္ေလး ေျပာလို႔ဆိုလို႔ ေကာင္းသည္မို႔ ခ်က္ခ်င္းပဲ စာျပန္လာ၏။
မစၥတာခ်န္၏ စာအရဆိုလွ်င္ အဘိုးခ်န္မွာ တျမန္မေန႔ကပဲ သူ႔အိပ္ရာထဲတြင္ပင္ ဆုံးပါးသြားခဲ့ေလသည္။ မိသားစု၏ ထုံးတမ္းအစဥ္အလာအရ အေလာင္းခ်ဖို႔အတြက္ကို အဘိုးခ်န္၏ အေလာင္းအား ဆင္ေျခဖုံးရပ္ကြက္ရွိ ႐ိုးရာဘုရားေက်ာင္းတစ္ခုထံ ပို႔ခဲ့ရသည္ဟု ဆိုသည္။
႐ိုးရာအခမ္းအနားက်င္းပၿပီးေနာက္မွာ အေလာင္းအား သၿဂႋဳလ္လိုက္ဖို႔လည္း စီစဥ္ၿပီးသားဟု သိရသည္။
မထင္မွတ္ထားစြာပဲ ဒီမနက္ ၎တို႔ အိပ္ရာက ႏိုးတဲ့အခ်ိန္မွာ အဘိုးခ်န္၏ အေလာင္းကား ႐ုတ္တရက္ ေပ်ာက္ဆုံးသြား၏။
သတင္းေတြမွာလည္း လြန္ခဲ့သည့္ႏွစ္ေတြတုန္းက အေလာင္းခိုးမႈေတြအေၾကာင္း ခဏခဏ ျမင္ရ ၾကားေနက် မို႔လို႔ ခ်န္မိသားစုတစ္ခုလုံး၏ ကနဦး တုံ႔ျပန္မႈမွာ အဘိုးခ်န္၏ အေလာင္းအား တစ္စုံတစ္ေယာက္က ခိုးယူသြားသည္ဟု ေကာက္ခ်က္ခ်ခဲ့လိုက္ၾကသည္။
တစ္မိသားစုလုံးမွာ အ႐ူးမီးဝိုင္းသလို တစ္ေန႔ခင္းလုံး အေလာင္းရွာတာနဲ႔ အလုပ္ရႈပ္ေနခဲ့ၾက၍ စိတ္အေျခအေနကလည္း အထိခိုက္မခံ ျဖစ္ေနခဲ့ၾကရသည္။ သည္အခ်က္ေၾကာင့္ပဲ ယြိက်န္းတု၏ ဖုန္းကို လက္ခံရရွိခ်ိန္၌ မစၥတာခ်န္မွာ အထိန္းခ်ဳပ္မရွိ ေဒါသထြက္သြားခဲ့ရျခင္းပင္။
ျဖစ္ေၾကာင္းကုန္စင္ကို သိရွိသြားရၿပီးေနာက္မွာ ယြိက်န္းတုလည္း သူ အဘိုးခ်န္ႏွင့္ စေတြ႕ကတည္းက အမူအရာမ်ားအေၾကာင္းကို ျပန္စဥ္းစားၾကည့္မိသည္။
အေစာပိုင္းတုန္းက သူ႔အတြက္ ထူးဆန္းေနခဲ့သည့္အခ်က္မ်ားကလည္း အဆုံးမွာ အေျဖရွာ၍ ရသြားခဲ့သည္။
အဘိုးအိုက သူ႔ေန႔စဥ္လုပ္ေနက်အတိုင္း တစ္ရက္တာကို ျဖတ္သန္းခဲ့ေပမဲ့ တေစၦဘတ္စ္ကားေပၚ မွားတက္မိခဲ့တာလည္း မဆန္းေတာ့ပါ။
ဘတ္စ္ကားေပၚက အျခားတေစၦမ်ားကို ေတြ႕ၿပီး တစ္ခါႏွစ္ခါမက မူးေမ့လဲမတတ္ ျဖစ္သြားရေသာ္လည္း အေကာင္းအတိုင္း ဆက္ရွိေနခဲ့တာ မဆန္းေတာ့ပါ။
သက္ႀကီး႐ြယ္အိုတစ္ေယာက္ျဖစ္ေနပါလ်က္ တစ္ေယာက္တည္း ျဖတ္လတ္ သြက္လက္ေနေသးသည္မွာလည္း မဆန္းေတာ့ပါ။
သိသာေနသည့္အခ်က္က အဘိုးခ်န္မွာ သက္ရွိလူသားတစ္ေယာက္ မဟုတ္ေတာ့ပါေလ။
သို႔ရာတြင္ မေရရာသည့္ အေၾကာင္းရင္းတစ္ခ်က္ေၾကာင့္ႏွင့္ ထိုသူမွာ မိမိ၏ ႐ုပ္ခႏၶာကိုယ္ကို ဆက္လက္အသုံးျပဳေနႏိုင္ေသးသည္။
ဒီအခ်က္ကိုပဲ ယြိက်န္းတုႏွင့္ ဘတ္စ္ကားေပၚက တေစၦေတြအကုန္လုံး သတိမထားခဲ့မိလိုက္ၾကတာပင္။
ယြိက်န္းတုလည္း ယခုအခါမွ အရာရာက သူ႔ေနရာႏွင့္သူ အံ၀င္ခြင္က် ျဖစ္သြားရေတာ့သည္။
သူ ေလာ့ဖုန္း၌ တေစၦေတာ္ေတာ္မ်ားမ်ားႏွင့္ ႀကဳံဖူးပါ၏။ သို႔ေသာ္ အဘိုးခ်န္လို အျဖစ္မ်ိဳးႏွင့္ေတာ့ ယခုအခါမွ ပထမဦးဆုံး ႀကဳံဖူးျခင္းပင္။ သူ႔အေနနဲ႔ ဘာလုပ္သင့္လဲဆိုတာကို စဥ္းစားမရပါေခ်။
မသိစိတ္အေလ်ာက္ လက္က ဖုန္းကိုဖြင့္၍ ရွန္းခြၽယ့္ထံ လွမ္းဆက္သြယ္ရန္ စဥ္းစားမိ၏။
သူ Wechat ကိုဖြင့္လိုက္ကာမွ သူ႔ဖက္က ပို႔ထားသမွ် စာေတြလည္း တစ္ဖက္ကို မေရာက္ေနမွန္း ျမင္သည့္အခါ ၎ႏွင့္ရွန္းခြၽယ့္တို႔မွာ ေလာေလာလတ္လတ္တြင္ ေသြးေအးတိုက္ပြဲ ဆင္ႏႊဲေနၾကသည့္အျဖစ္ကို သတိရသြားခဲ့သည္။
တကယ့္တကယ္တြင္ ရွန္းခြၽယ့္ႏွင့္ ေသြးေအးတိုက္ပြဲ မဆင္ႏႊဲေနရရင္ေတာင္ ယခုေလာေလာဆယ္ တစ္ဖက္လူ၏ စိတ္ခံစားခ်က္မ်ားကို ထည့္သြင္းစဥ္းစားေပးရပါလွ်င္ သူ ျပႆနာ ႀကဳံရတာနဲ႔ ခ်က္ခ်င္းႀကီး သြားေခၚသည့္ လုပ္ရပ္မ်ိဳးက မသင့္ေတာ္ဟု ေတြးေတာမိသည္။
စိတ္စႏိုးစေနာင့္ျဖစ္ရျခင္းတို႔က ယြိက်န္းတု ႏွလုံးသားထဲ၌ ေရခ်ိန္ကိုက္လာေလ၏။
ဒီ ခိုးလိုးခုလု ခံစားခ်က္ႀကီးကပဲ သူ႔အား တစ္ေနကုန္ အေႏွာင့္အယွက္ေပးေနခဲ့ျခင္းပင္။
သို႔ရာတြင္ အဘယ့္ေၾကာင့္ ယခုလိုႀကီး ခံစားေနရတာလဲကိုလည္း မသဲကြဲပါပဲ....ဤခံစားခ်က္ႀကီး အေဝးကို ပ်ံ႕လြင့္သြားေအာင္မ်ိဳးလည္း မလုပ္ႏိုင္ေခ်။
သူ သက္ျပင္းခ်ရင္းပဲ ကုမၸဏီ ဂ႐ုခ်က္ကို ဖြင့္လိုက္ေလသည္။ ထို႔ေနာက္ သူႀကဳံခဲ့ရသည့္ အျဖစ္အပ်က္အေၾကာင္းကို အၾကမ္းဖ်င္းေရးျပ၍ ေမးၾကည့္လိုက္ရ၏။
[အခုေလာေလာဆယ္ ငါ့ကို ဒီျပႆနာ အတူတူကူရွင္းေပးဖို႔ အားတဲ့ တေစၦေလးမ်ား ရွိလားဟင္ ? လာၿပီး ကူညီေပးႏိုင္မယ့္သူ ေလးမ်ား ရွိမရွိ?]
ခန္က်င့္မွာ သူ႔အျပစ္လည္း မကင္းသည့္သူမို႔ အလ်င္အျမန္ စာျပန္လိုက္၏။
[ငါ အားတယ္..ခဏေလးပဲေစာင့္]
သို႔ေသာ္ ခန္က်င့္၏ မက္ေဆ့ဂ်္ ေရာက္လာၿပီးေနာက္မွာ ရွန္းခြၽယ့္၏ စာပါ တက္လာခဲ့သည္။
[မင္း မအားပါဘူး]
ခန္က်င့္လည္း ထိုမက္ေဆ့ဂ်္ကို ရွန္းခြၽယ့္ဖက္က သူ႔အား ယြိက်န္းတုကို မကူညီဖို႔ တားျမစ္လိုက္သည့္ ရာဇသံဟု ယူဆလိုက္သည္။
သူ ပထမဆုံးအႀကိမ္ တစ္ဖက္ကလူကို ယခုကဲ့သို႔ အေျပာင္းအလဲႀကီးေၾကာင့္ ေဝဖန္လိုက္မိသည္။
[သူေဌး...ေရွာင္ယြိကို အဲ့လိုႀကီး ဆက္ဆံလို႔မရဘူးေလ]
ရွန္းခြၽယ့္ :[ ငါ အားေနတာ ]
ရွန္းခြၽယ့္ :[ ငါ သြားမယ္ ]
ရွန္းခြၽယ့္ :[ ယြိက်န္းတု ျမန္ျမန္ ႏွလုံးအိမ္ အမွတ္တံဆိပ္နဲ႔ ငါ့ကို ဆင့္ေခၚ! ခုခ်က္ခ်င္းေနာ္ !]
ကုမၸဏီ gp chat တစ္ခုလုံး:[...............]
ယြိက်န္းတု :[...............]
ဘာလို႔ရယ္မွန္းမသိ ၊ ရွန္းခြၽယ့္၏ စိတ္ေကာက္ရင္း ပို႔ေနေသာ မက္ေဆ့ဂ္်မ်ားေၾကာင့္ ယြိက်န္းတု ေအာ္ရယ္လိုက္မိသည္။
ထို႔ေနာက္ သူ မ်က္လုံးမွိတ္၍ တစ္ကိုယ္တည္း ႏွလုံးအိမ္ အမွတ္တံဆိပ္ကို ႐ြတ္ဆိုလိုက္သည္။
သူ မ်က္လုံးျပန္ဖြင့္လိုက္သည့္အခ်ိန္မွာ ရင္းႏွီးေနေသာ ခႏၶာကိုယ္တစ္ခုက သူ႔အေရွ႕၌ ေရာက္ႏွင့္ေနၿပီးသား ျဖစ္ေနခဲ့သည္။
ပိန္ပိန္ပါးပါး အရပ္ခပ္ျမင့္ျမင့္ႏွင့္ ခ်ဳံငုံေျပာရေသာ္ ေခ်ာေမာလွစြာေသာ.....
ဒီတိုင္းေလး ရပ္ေနခဲ့တာဆိုေပမဲ့ ထိုအျပဳအမူေလာက္ေလးႏွင့္ပင္ ယြိက်န္းတုမွာ စိတ္လုံၿခဳံမႈကို တစ္မ်ိဳးတစ္ဖုံ ခံစားမိေနခဲ့ရသည္။
တစ္ေန႔လုံး မိမိအား စိတ္အေႏွာင့္အယွက္ေပးေနခဲ့ေသာ စိတ္ရႈပ္ေထြးမႈမ်ားလည္း လြင့္ျပယ္သြားခဲ့၏။
ထိုအခါမွပဲ ကိုယ့္ကိုကိုယ္ အသိ၀င္သြားရသည့္အခ်က္က တစ္ေန႔စာေလာက္ေတာင္ မရွိေသးပါဘဲ သူ႔ဖက္က ရွန္းခြၽယ့္ကို လြမ္းသလိုလို ျဖစ္ေနခဲ့မိသည္ ဆိုတာကိုပင္။
ယြိက်န္းတုက ႏႈတ္ခမ္းမ်ားကို ညင္သာစြာ ေ႐ြ႕လ်ားလ်က္ ေျပာလိုက္၏။
"ေရွာင္ရွန္း......."
"မၾကားခ်င္ဘူး!"
ရွန္းခြၽယ့္က နားႏွစ္ဖက္ကို လက္ျဖင့္ ေကာက္အုပ္၍ ေအးတိေအးစက္ ျပန္ေျပာလာခဲ့သည္။
"ငါ အခုထိ မင္းနဲ႔ ေသြးေအးတိုက္ပြဲ ဆင္ႏႊဲေနတုန္းပဲ ရွိေသးတာ!"
ယြိက်န္းတု :".........."
စာေရးသူမွာ ေျပာစရာေလး ရွိပါတယ္
ရွန္းခြၽယ့္ : ငါ့မွာလည္း ကိုယ္က်င့္သိကၡာေတြ ရွိပါေသးတယ္ေနာ္!
ယြိက်န္းတု : ဒီ ေရွာင္ေကြကို အနားေခၚထားခ်င္ေနလို႔ကို မရတာပါလား!