ခေတ်သစ် ငရဲသစ်//MM Translatio...

By May_Nineee

321K 55.9K 2.9K

Associated name-新时代新冥界 AUTHOR-林知落(Lin Zhi Luo) Total Chapters- 134+10extras More

Synopsis
-1- (ဘ၀စီမံခန့်ခွဲရေး ကုမ္ပဏီ)
-2- (တစ္ဆေတစ်ကောင်နှင့် အလုပ်သမားအခွင့်အလမ်းများအကြောင်း အတိုက်အခံလုပ်နေမိခြင်း)
-3- (လူ့ကမ္ဘာရှိ ပရလောကအဖွဲ့အစည်း)
-4- (မကောင်းဆိုးဝါးဝိဉာဉ်တစ်ကောင်အား ဖမ်းဆီးခြင်း)
-5- (သေခြင်းရှင်ခြင်း အကောင့်များ)
-6- (ဓာတ်လှေကား ကယ်ဆယ်ရေး)
-7- (သူဌေးအကြိုက်)
-8- (ရုပ်သေးရုပ်)
-9- (ရှေးဟောင်းရေတွင်းပြန်လည်၀င်စားခြင်းစုရပ်)
-10- (သုံးဘ၀တိုင် တိရစ္ဆာန်ဘ၀နှင့်)
-11- (ခေတ်နောက်ကောက်ကျနေသော မြေအောက်လောက ဥပဒေများ)
-12- (နတ်ဘုရားတို့၏ တိုက်ပွဲ)
-13- (မြေအောက်လောကစွမ်းအင်ရှာဖွေရေးကိရိယာ)
-14- (နှစ်လရှည်ကြာ ဒုံရင်းမြဲ ဒုံရင်းဆဲ)
-15- (လက်ဗလာဖြင့် သရဲဖမ်းခြင်း)
-16- (သရဲတစ္ဆေ ပုံရိပ်ဖော်ခြင်း နည်းပညာ)
-17- (အမြတ် စတင်ရရှိလာခြင်း)
Part-18 (တစ္ဆေဘုရင်၏ အမှတ်တံဆိပ်)
-19- (တစ္ဆေဘုရင်အား ဖိတ်ကြားခြင်း)
-20.1- (နတ်ဘုရားများကို ဖိတ်ကြားရန် ခေတ်မီနည်းလမ်းသစ်)
-20.2-
-21- (မြေအောက်လောကနှင့် ဆက်သွယ်နိုင်စေရေး ၀န်ဆောင်မှု)
-22- (မိုးကြိုးလျှပ်စီး)
-23.1- (ရွှေအိုရောင်ယုန်‌မွှေး စဉ့်ရည်သုတ်လက်ဖက်ရည်ခွက်)
-23.2-
-24- (သူဌေးက လူမဟုတ်ပါ)
-25- (လက်ကားဈေးဖြင့် အော်ဒါတင်လာခြင်း)
-26- (ဆုံတွေ့ဖို့ရာ ကံပါလာသော product manager)
-27- (အာရုံစိုက်ခံ လူတန်းစား)
-28- (ငါ မင်းကို ရှယ်ယာတွေပေးမယ်)
-29- (နတ်ဘုရားလို သူဌေး)
-30- (ယမမင်းဟာ တရားခွင်မစခင် ပထမဦးစွာ သံဘောလုံးကို မြိုချလေ့ရှိတယ်)
-31- (မြေအောက်လောကစွမ်းအင် သန့်စင်စက်)
-32.1- (မရဏပြည်၏ လက်အောက်ခံ ကုမ္ပဏီရုံးခွဲအသစ်)
-32.2-
-33- (၀မ်းဗိုက်တွင်း ကျက်စားသော တစ္ဆေငယ်)
-34- (အတင်းအကြပ် ငွေကောက်ခံမှု)
-35- (တစ္ဆေကလေးမလေးအား စတေးခံခြင်း)
-36- (ခေတ်သစ်တစ္ဆေဆင့်ခေါ်နည်း)
-37- (တမလွန်ဘ၀အတွက် အစီအစဉ်များ)
-38- (Cp poll)
-39- (စီးပွားရေးတစ်ခု စတင်ရတာလည်း မလွယ်ကူလှပါ)
-40- ဥပါဒါန်(စွဲလမ်းရာ)
-41.1- (စွဲလမ်းခြင်းအစပြုရာ)
-41.2-
-42- (အမြတ်မရသောထုတ်ကုန်)
-43.1- (အရူးအနှမ်းများ ဖန်ဒမ်းထဲမှ ထွက်ခွာသွားခြင်း)
-43.2-
-44- (၀ယ်လိုအား တစ်စတစ်စ တိုးများလာခြင်း)
-45- (သေခြင်းရှင်ခြင်း စာရင်းဇယား system ဗားရှင်းအသစ် ထုတ်လွှင့်)
-46- (ဘုန်းတန်ခိုးကြီးမြတ်လှသော တောက်ဓမ္မဆရာတော်များ စုဝေးရာ မိသားစု)
-47- (သိပ္ပံနည်းကျ ကျင့်ကြံရေး)
-48- (နည်းပညာရှင် ထိပ်သီးအစည်းအဝေး)
-49- (ဖိုရမ်ပေါ်ရှိ နာမည်ကြီး ဒိန်ခဲတုံးကြီး သုံးတုံး)
-50- (နည်းပညာ၏ ဒိဗ္ဗစက္ခုဉာဏ်)
-51- (အရေးပါသောသူ ၀င်ရောက်လာမှု)
-52 (တစ္ဆေပွဲတော် ပန်းခြံ ပါတီ)
-53- (တစ္ဆေပွဲတော် ဈေးရောင်းပွဲ)
-54- (မြေအောက်လောက ထိပ်တန်းမြင်ကွင်း ရှစ်မျိုး)
-55- (တစ္ဆေရာချီ စီတန်းလှည့်လည်ပွဲ)
-56- (တုံးအသော ကလေးများ)
-57.1- (အထီးကျန်ဖွယ် လော့ဖုန်းတောင်)
-57.2-
-58- (တစ္ဆေစျေးတန်းမှ ပစ္စည်းများအား အလွယ်တကူ ၀ယ်ယူနိုင်မည့် ပလက်ဖောင်း)
-59.1- (သန့်စင်စက်အကြောင်း စကားနိုင်လု)
-59.2-
-60- (အပန်းဖြေဥယျာဉ်မှ စတော့ရှယ်ယာများ ၀ယ်ယူခြင်း)
-61- (ဒိတ်လုပ်ခြင်း)
-62- (ဖျော်ဖြေရေးနတ်ဘုရားများ)
-64.1- (ဘဝစီမံခန့်ခွဲရေး application)
-64.2-
-65- (ပရိုဂရမ်မာများက ဘယ်တော့မှ တစ္ဆေနှင့် ကြုံတွေ့ရလေ့မရှိပါ‌လေ)
-66- (သေဆုံးခြင်း အစားထိုးမှု)
-67- (တစ္ဆေက ဝိဥာဥ်ကို ခေါ်ခြင်း)
-68- (ကြိုပြီး မြင်တွေ့ခွင့်ရလိုက်တဲ့ အနာဂတ်ဖြစ်ရပ်လေး)
-69- (လူသတ်မှု စစ်ဆေးမေးမြန်းခြင်း)
-70- (ပရိုမိုးရှင်း ဆင်းရာ၌ အခက်အခဲများ)
-71- (ပြန်လည်၀င်စားခြင်း)
-72- (ပရိုဂရမ်၌ ဗိုင်းရပ်စ်ထည့်ခြင်း)
-73- (အပ်ပေါက်လည်ချောင်း ဆာလောင်မွတ်သိပ်တစ္ဆေ)
-74- (ဆာလောင်မွတ်သိပ် တစ္ဆေ လမ်းကြောင်း)
-75- (မီးမှုတ်လည်ချောင်း ဆာလောင်မွတ်သိပ် တစ္ဆေ)
-76- (မရဏပြည်ရဲ့ အဆုံးအစမဲ့ အနန္တမီးတောက်)
-77- (ငါပဲ ဖြစ်ရမယ်)
-78- (ကောလဟာလများကို အတည်ပြုပေးခြင်း)
-79- (ငန်းကလေး Peppa)
-80- (Sagittarius Band)
-81- (ဘတ်စ်ကား မှားတက်မိခြင်း)
-82- (တစ္ဆေဘတ်စ်ကား)
-83- (ရှင်သန်နေသော သေဆုံးသူ)
-84- (တစ္ဆေဘုရင်အား အ၀တ်လဲခြယ်ပေးရခြင်း ဂိမ်းပြိုင်ပွဲ)
-85- (ရုပ်ရှင်အတူတူ ကြည့်ကြခြင်း)
-86- (အတု‌အယောင် ရုပ်ရှင်ပြသပွဲ)
-87- (ဖွင့်ပြောဖို့ စီစဉ်နေခဲ့တာ မဟုတ်ရပါ)
-88- (ပြီးဆုံးသွားသော ဇာတ်ကြောင်း)
-89- (CEO က ရှေးဟောင်းပစ္စည်းတွေအကြောင်း နားမလည်ပါ)
-90- (အတု သို့မဟုတ် အစစ်)
-91- (စုဆောင်းသူ အကြီးစားကြီး)
-92- (အချိန်ပိုဆင်းကြေး ပေးနှုန်း နတ်ဘုရားအဆင့်)
-93- (ပန်းချီကား တစ္ဆေ)
-94- (တစ်ယောက်သောသူလေးကို ပွဲတက်ဖို့ ဖိတ်ခေါ်ခြင်း)
-94.2-
-95- (ငါ သဘောတူတယ်!)
-96- (လူပျိုကြီးဘ၀မှ လွတ်မြောက်ခြင်း အားလပ်ရက်)
-97- (မသေမျိုး ငန်း)
-98- (Application အဆင့်မြှင့်တင်ခြင်း)
-99- (နှစ်သစ်ကူး)
-100- (Dream Tour of Fengdu)
-101- (လုပ်ငန်း ကွင်းဆင်းလေ့လာ)
-102- (ဆင်းရဲနွမ်းပါးခြင်း တစ္ဆေအား နှင်ခြင်း)
-103- (system warning function)
-104- (ဝူချီမြို့သား)
-105-
-106- (မျက်နှာထိန်း ပတ်တီးစ)
-107- (သိပ္ပံနည်းကျ တည်နေရာရှာဖွေခြင်း နည်းလမ်း)
-108- (Plants Vs Zombies)

-63- (အွန်လိုင်း သက္ကတ္ထ)

1.9K 395 10
By May_Nineee

(Unicode)
သမိုင်းတွင် အဆင့်အတန်းနိမ့်ကျသော နတ်ဘုရားများက နတ်အစည်းအရုံးမှစွန့်ခွာကာ လူ့ကမ္ဘာသို့ ရှောင်တိမ်းထွက်ပြေးလာလေ့ရှိကြသည်။ နတ်စစ်သည်တော်များ လက်မှ လွတ်ကင်းရန်အတွက်လည်း ၎င်းတို့မှာ မတူညီသော ရှောင်တိမ်းနည်းများ ရှိနေတတ်ကြသည်။

တေးဂီတ ဖျော်ဖြေရေးနတ်များအတွက်မူ ၎င်းတို့၏ ရှောင်တိမ်းနည်းမှာ ကိုယ်ခန္ဓာကို အသေးဆုံးအဆင့်ထိ ချုံ့၍ သက်ရှိများ၏ နေအိမ်များတွင် ပုန်းရှောင်ခြင်းဖြစ်သည်။ အချို့ စွမ်းအင် မြင့်မားသည့် နတ်များဆိုလျှင် မိမိ၏ရုပ်သွင်ကို ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခု အဖြစ်သို့ ပြောင်းပစ်၍ လူတစ်ဦးဦး၏ ခန္ဓာကိုယ်ပေါ်ကပ်တွယ်၍ နေနိုင်သည်။

မှတ်တမ်းမှတ်ရာများတွင် ထွက်ပြေးလွတ်မြောက်ဖူးသော တေးဂီတနတ်ဘုရားတစ်ပါးကဆိုလျှင် မိမိကိုယ်ကိုယ် အမြှေးပါးအယောင်ဆောင်ပြီး မိဖုရားတစ်ပါး၏ နှာခေါင်းပေါက်ထဲ၌ နေခဲ့ဖူးသည်ဟု သိရသည်။

ယခု ပုဏ္ဏားကျွယ့်ရင်လက်ထဲမှ ကိန္နရာများဟာ ကိန္နရာ ဘုရင်မြတ်ဆိုသည့် အရေခွံ အောက်၌ ပုန်းကွယ်နေခဲ့ကြသည့် နတ်ဘုရားငယ်လေးများဖြစ်ကြသည်။

ကောင်းကင်ဘုံနှင့် ကမ္ဘာ မြေကြီးတို့ ကွဲထွက်မသွားခင်ကာလမှာ ထွက်ပြေးလွတ်မြောက်ခဲ့ကြပြီး အစောပိုင်းကာလတွင် ကိုယ်ခန္ဓာကို ချုံ့၍ လူသားများ၏ အိမ်၌ ကပ်တွယ်နေဖြစ်ခဲ့ကြသည်။ သို့သော် မတော်တဆ ခြေရာလက်ရာများ ချန်ထားခဲ့မိ၍ လူသားတို့၏ ရိပ်စားခြင်းကို ခံလာရ၏။

ထိုအခါ လူသားများက မကြာခဏ ဘုန်းတော်ကြီးများကို အကူအညီတောင်း၍ မန်းမှုတ် ဂါထာရွတ်ဖတ်ပွဲများ ကျင်းပပေမည်။
ထိုသို့နှင့် ကိန္နရာများမှာ အဆက်မပြတ် နေရာရွှေ့ပြောင်းခြင်းများ ပြုလုပ်နေရခဲ့ပြီး အိမ်ပိုင်ရှင်တစ်ဦး ခေါ်ဆောင်လာသည့် ပုဏ္ဏားတစ်ဦးက ၎င်းတို့အားနတ်ဘုရားများ ဖြစ်နေခဲ့မှန်း ရိပ်စားမိသွားသည်။
ထို့နောက်တွင်တော့ ပုဏ္ဏားက သူ့ကိုယ်ကျိုးအတွက် သုံးစားဖို့ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ရတော့သည်။

သူ မသေဆုံးခင် အချိန်လေးမှာ ထိုပုဏ္ဏားက သူ၏ တပည့်ဖြစ်သူထံသို့ ကိန္နရာများအား လွှဲပေးခဲ့သည်။။ တပည့်ဖြစ်သူ ကျွယ့်ရင်မှာ သူ၏ဆရာလောက် အရည်အချင်း မရှိသော်ငြား marketing skill အရာ၌ ထူးချွန်လှသည်။

ထိုသူက ချက်ချင်းလက်ငင်းပဲ ကိန္နရာ များ၏ စွမ်းဆောင်ရည်နှင့် တန်ဖိုးတို့ကို နားလည်သွားခဲ့သည်။
ထိုနည်းတူစွာ......
တေးဂီတနတ်ဘုရားများကို စု၍ ကိန္နရာဘုရင်မြတ်ဆိုတဲ့ နာမည်ကို ငှားသုံးပြီး ကိန္နရာ ဂိုဏ်းဆိုသည့် အရာကို ဦးစွာပထမ ထောင်ချပစ်လိုက်သည်။

သူကိုယ်တိုင်ကိုလည်း ကိန္နရာဂိုဏ်း၏ တပည့်တစ်ဦးအသွင် ယူလိုက်ပြီး
ရပ်ရွာ နယ်မြေများကို လှည့်၍ ကိန္နရာ ပါဠိစာများ ဖြန့်ချီပေးနေသူ တစ်ဦး အဖြစ် လိမ်စားနေခဲ့ခြင်း.....

သူ၏ ပါရမီထူးလှသည့် လျှာတစ်ချောင်းနှင့် ဘာသာရေး ဆင်ခြေဆင်လက်တွေ အပါအဝင် ကိန္နရာများ၏ အတီးအမှုတ်များ ပေါင်းစပ်၍ ပုဏ္ဏားကျွယ့်ရင်၏ အစွဲချွတ် လုပ်ငန်းမှာ အပြစ်အနာအဆာ မရှိ အောင်မြင်လာခဲ့သည်။ သည်လုပ်ငန်းမှ တစ်ဆင့် ငွေကြေးအမြောက်အမြား စုမိဆောင်းမိလာ၏။

ကျွယ့်ရင်အနေဖြင့် ကိန္နရာများ၏ ရုပ်သွင်အစစ်အား မြင်နိုင်သည့် သူနှင့်လာဆုံရလိမ့်မည်ဟု မထင်မှတ်ထားခဲ့မိချေ။

ပိုပြီးမထင်ထားခဲ့မိတာကတော့ ကိန္နရာနှစ်ကောင်လုံးက ဒီလူ့ကို မြင်မြင်ချင်း ဒူးထောက်ကုန်ကြတာကို....
သူတို့တွေက လူကို စိတ်ပိုင်းဆိုင်ရာ ပြင််ဆင်ချိန်လေးတောင် မပေးကြဘူး...

ပုဏ္ဏားကျွယ့်ရင်မှာ ထုံထိုင်းသွားရသည်။ ဒီများပြားလှသော ယုံကြည်သက်ဝင်သူတွေရှေ့မှာ သူ့ပေါင်သူ လှန်မထောင်းမိပဲနဲ့ သေချာလေးရှင်းပြပေးန်ိုင်မည့် နည်းကိုလည်း ရှာမတွေ့။
စကားတစ်လုံးနှစ်လုံး ထွက်လိုက်ဖို့အရေးတောင် စိုးရိမ်စိတ်ဖြင့် အ ထစ်နေရသည်။

ယုံကြည်ကိုးကွယ်ကြသူတွေမှာ အချိန်တစ်ခုစောင့်ပြီးသည့်တိုင်အောင် နိဗ္ဗာန်ရောက်ကြောင်း တေးသံသာကို မကြားရ။ သို့နှင့် ဇဝေဇဝါဖြစ်စွာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိကုန်ကြသည်။
တစ်ယောက်က ဦးဆောင်ပြီး ထမေးလာ၏။
"ပုဏ္ဏားကျွယ့်ရင် ဂီတသံက ဘယ်မလဲ???????"

တစ်ဦးက အစဖော်လိုက်သည့် အချိန်မှာ အခြားသူများကပါ ပါဝင်လာကြသည်။
"မင်းတို့လည်း ဘာသံမှ မကြားရသေးဘူး မလား????
ငါက ငါ့ကိုယ်ငါ ကံကြမ္မာ ပျက်သွားပြီလို့ ထင်လိုက်တာ..... တော်သေးတာပေါ့"

"ကျွန်မလည်း ဘာမှ မကြားရသေးဘူး"

"ဘာတွေဖြစ်နေတာလဲ.....
ကိန္နရာ ဘုရင်မြတ်က ပုဏ္ဏားကျွယ့်ရင်ရဲ့ ခေါ်သံကို မကြားလို့များလား??"

ပုဏ္ဏားကျွယ့်ရင်၏ မျက်နှာမှာ ထိန်းချုပ်မှု လွန်ကဲ၍ နီရဲတက်လာရသည်။
ထို့နောက်မှာ အားကုန်စုစည်း၍ နောက်တစ်ကြိမ် ထပ်ပြောလိုက်ရ၏။
"ဂုဏ်သရေရှိလှသော ကိန္နရာ ဘုရင်မြတ်ခမျာ..... ယုံကြည်သက်ဝင်သူတို့ရဲ့ ဆုတောင်းသံတွေကို ကြားရပါရဲ့လား??
ဒါ အရှင်မြတ် လိုချင်ခဲ့တဲ့ ယုံကြည်မှုတွေပဲလေ...."

ရှန်းချွယ့်က ကိန္နရာ တွေထံ eye နှင့် ထုလိုက်သည်။
"အဟွန်း"

ကိန္နရာများက လက်ခါယမ်းလာရင်း။
"မလိုချင်ပါဘူး... ဘယ်ဟာမှ မလိုချင်ပါဘူး"

ကျွယ့်ရင်: "..............."

လူတစ်ယောက်ပြီးတစ်ယောက် မေးခွန်းထုတ်လာကြတော့သည်။ ပုဏ္ဏားကျွယ့်ရင်မှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။ ကံကောင်းစွာ ၎င်းသည် လိမ်လည်မှုပညာအား နှစ်နဲ့ချီ ဆည်းပူးထားသူဖြစ်တာမို့ နေရာမှာတင် ကောက်ကာငင်ကာ ဇာတ်လမ်းဇာတ်ကွက်များလည်း ထွင်တတ်ပေသည်။

သူ၏မျက်နှာထားအား မှုန်ကုတ်လိုက်ပြီးနောက်
"အဟမ်း ကိန္နရာ ဘုရင် ကြည့်ရတာ အလုပ်ရှုပ်နေပုံပဲ....အခုလောလောဆယ် အကုန်လုံးဆီကို လာရောက်ပေးဖို့ ခက်ခဲနေတယ်လို့ ပြောလိုက်တယ်....
ဒါပေမဲ့ အကုန်လုံး စိတ်မပူကြပါနဲ့ ကျုပ်တို့ဖက်က အချိန်တစ်ခုစောင့်ပေးဖို့ပဲ လိုတာပါ"

ထိုဖြေရှင်းချက်ကို ကြားတော့ ယုံကြည်သက်ဝင်သူများအနေဖြင့် စိတ်ပျက်လက်ပျက် ဖြစ်ကုန်ကြရသည်။ စိတ်ပျက်တာကလွဲ၍ သံသယ တစ်စံုတစ်ရာ ဝင်ခြင်းတော့ မဖြစ်ကြ။
ပုဏ္ဏား ကျွယ့်ရင်၏ လိမ်ညာခြင်းအမှုက ဟာကွက်မရှိ ပြီးပြည့်စုံနေခဲ့သည်။

နယ်ခံဲရုပ်မဟုတ်သည့် နယ်မြေခြားနှစ်ယောက်သား၏ မျက်နှာများကသာ စက်ဆုပ်ခြင်းတို့ဖြင့် ဖုံးလွှမ်းနေခဲ့သည်။

ရှန်းချွယ့်က ကိန္နရာ နှစ်ဦးအား အေးတိအေးစက်ကြည့်လိုက်ရင်း အသံအား တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

"ဒီကို လာဦး"

ကိန္နရာများ : "လာပြီ လာပြီ ခုချက်ချင်း လာမယ်နော်"

ကိန္နရာ နှစ်ဦးလုံး ရှန်းချွယ့်ထံ ကြောက်အားလန့်အားဖြင့် ပျံသွားလိုက်သည်။
ပုဏ္ဏားကျွယ့်ရင်ထံမှ ခွင့်ပြုချက်တောင်းယူခြင်းတောင် မရှိပါဘဲ.....
လျင်မြန်စွာ တိကျစွာ တုံ့နှောင်းခြင်းမရှိစွာဖြင့်.....

ကျွယ့်ရင် "မင်းတို့ကောင်တွေ....."

သူ အသံကျယ်ကြီးဖြင့် အော်ချပစ်လိုက်ချင်ပါသော်လည်း အလိမ်အညာတွေပေါ်သွားမှာလည်း ကြောက်ရသေးသည်။

ကိန္နရာနှစ်ကောင်က ရှန်းချွယ့်ရှေ့ လေထဲ၌ တိုးလိုးတန်းလန်း ရပ်နေပုံက စစ်ကြောရေးထဲက တပ်သားတွေနှယ်။

ထိုအနေအထားကြောင့် ကျွယ့်ရင်မှာ မျက်လုံးတို့ပင် နီရဲတက်လာရသည်။
ပုံမှန်ဆိုလျှင် သူ့အနေဖြင့် ၎င်းတို့ထံမှ ကြည်ဖြူခံရဖို့အရေး အစားကောင်းအသောက်ကောင်းများ ကျွေးမွေးပေးရသည်။ ထိုမျှလောက်ထိ လုပ်ပေးဖူးတာတောင်မှ အခုသူ့မျက်စိရှေ့ကသူကို ရိုကျိုးသလိုမျိုး သူ့ကို ဆက်ဆံတာမျိူး တစ်ခါမှ မကြုံဖူးပေ။

အခုအချိန်က ထိုကဲ့သို့ ခြေရာလိုက်တိုင်းဖို့ သင့်တော်သည့်အခြေအနေမျိုးတော့ မဟုတ်နေ။
ကိန္နရာတွေက်ို အနားခေါ်အပြီးမှာ ရှန်းချွယ့်၏ အကြည့်က ကျွယ့်ရင်ဖက်သို့ ပြောင်းသွားသည်။

ထို့နောက် အပြုံးမမည်သော အပြုံးတစ်ပွင့်နှင့်အတူ ၎င်းက မေးလာ၏။
"ပုဏ္ဏားပဲ...... သီချင်း တီးမှုတ်ပြမလို့ဆို?????"

ကျွယ့်ရင် "............."

သူ၏ နဖူးပြင်၌ ချွေးစတို့ စိုစွတ်လာသည်။ သူ့အနေဖြင့် ထိုသူ့အား မတုံ့ပြန်ရဲ။အထူးသဖြင့် တစ်ဖက်သူ၏သရုပ်မှန်နှင့် အဘယ့်ကြောင့် ကိန္နရာများက ယင်းအား မြင်မြင်ချင်း ဖိန့်ဖိန့်တုန်အောင် ကြောက်သွားရတာလဲ မသိရသေးသည့်အချိန်မျိုးတွင်။

သို့သော် သူကိုယ်တိုင်မဖြေသော်လည်း သူ၏ လက်အောက်သားတွေက ၎င်းတို့၏ မျက်စိရှေ့တည့်တည့်တွင် သူ့အား မေးခွန်းလာထုတ်နေသည့် မြင်ကွင်းမျိုးကို လက်သင့်ခံလိမ့်မည် မဟုတ်ချေ။
တစ်ယောက်က ထပြီး ရန်ရှာပေးလာသည်။
"ဟေ့လူ.... ပုဏ္ဏား ပြောလိုက်တာ မကြားဘူးလား????ကိန္နရာ ဘုရင်က အလုပ်ရှုပ်နေလို့ပါတဲ့ဆို...."

ရှန်းချွယ့်က အခြားသူများ၏ ရန်စကားအား အဖက်လုပ်မနေနိုင်။ သူက ကိန္နရာ နှစ်ကောင််ထံ မေးစေ့ ငေါ့ပြလိုက်ရင်း.....
" တစ်ပုဒ်လောက် တီးပြစမ်း..."

"ကောင်းပါပြီ ကောင်းပါပြီ...."
ကိန္နရာများက ခေါင်းညိတ်လျက် တစ်ဦးက ဗုံကို အသင့်ပြင် တစ်ဦးက စောင်းကောက်အား ကောက်ယူလိုက်ကာ....
အလျင်အမြန်ပဲ ဖျော်ဖြေပေးလာခဲ့သည်။

ကျွယ့်ရင် : ".............."

ယွိကျန်းတု :".............."

ယုံကြည်သက်ဝင်သူများမှာ ပုဏ္ဏားကျွယ့်ရင်ဖက်မှ ကာပေးလို့တောင် မပြီးသေးခင်မှာ ၎င်းတို့ အနှစ်နှစ်အလလ တောင့်တနေခဲ့သော ဂီတသံက ပတ်ဝန်းကျင်၌ ပျံ့လွင့်လာသည်ကို ကြားလိုက်ရသည်။

ညင်သာသော ဗုံခတ််သံ... ဆွဲငင်လေးလံစွာ ထွက်ပေါ်လာသော စောင်းကောက်သံ......
အိပ်မက်တစ်ခုလို... ပုံရိပ်ယောင် တစ်ခုလို.....
ဖြစ်တည်ခြင်းနှင့် တည်ရှိခြင်းကြား၌...
နားဆင်သူက သေမျိုးများ ဖြစ်ပါသော် ချက်ချင်းလက်ငင်း သန့်စင် ပေးလိုက်နိုင်သည့်အလား.....
တစ်ဦးတစ်ယောက်ချင်းစီ၏ စိတ်အတွင်းမှ စိုးရိမ်ပူပန်မှုသောကများ ပျောက်ကင်းသွားရတော့သည်။

ယွိကျန်းတုလိုမျိုး အကြောင်းအစောကြီးကတည်းက သိထားပြီး ကိုယ့်စိတ်ကိုယ် ပြင်ဆင်ခွင့်ရှိလိုက်သည့် လူအဖို့တောင် စိတ်ထဲ တစ်မျိုး ရှင်းသွားသည့် ခံစားချက်ကို သတိထားမိလိုက်သည်။

ယခုကဲ့သို့ ဂီတသံစဉ်မျိုးက ရှားပါး၏။
ကျွယ့်ရင်၏ အကွက်ချဖန်တီးထားသော အလိမ်အညာများကို ဖယ်လ်ိုက်လျှင် ဒီ ဘယ်ကမှန်းမသိ ပဟေဋိဆန်ဆန်ထွက်လာသော တေးဂီတသံက တစ်ခြားသောနေရာတွေမှာ လိုက်ရှာလို့ မရနိုင်တာမျိုးဖြစ်နေသော ကြောင့် သက်ကြီးရွယ်အိုတွေကို လွယ်လွယ် လိမ်စားနိုင်လိုက်တာလည်း သိပ်ပြီး ထူးဆန်းမနေတော့ချေ။
နိဗ္ဗာန်က လာတဲ့အသံလို့ ထင်ရင်လည်း ထင်ချင်စရာ။

ပြောရင်းနဲ့မှ တကယ့်တကယ်တွင်လည်း ဤအသံသည် နတ်ပြည်၌ စည်းဝေးပွဲများလုပ်သည့်အခါ တီးမှုတ်ပေးရသည့် သံစဉ်ပင်။
ကျွယ့်ရင်ပြောသလို နိဗ္ဗာန်ကို ပို့ဆောင်ပေးသည့်သံစဉ်မျိုးမဟုတ်ပါဘဲ တိုက်ရိုက်တီးခတ်ဖျော်ဖြေပေးသည့် နေရာ၌သာ ကွာသွားပေမည်။

ဘေးနားပတ်လည်ရှိ နားဆင်သူတ်ို့မှာ စျာန်ဝင်ကုန်ကြသည်။
တစ်စုံတစ်ယောက်က ထပြောလိုက်၏။
"ဒါ ဒါ နိဗ္ဗာန်ရောက်ကြောင်း တေးသံသာပဲ..."

"ငါလည်း ကြားရတယ်... အဟုတ်ပဲ!!!!"

ခဏလောက်အကြာတွင် တစ်ယောက်က ဇဝေဇဝါ ထပြောလာပြန်သည်။
"ဒီတစ်ခေါက်ကျ ဂီတသံက နည်းနည်းလေး မြန်နေသလိုပဲ..."

ယွိကျန်းတုမှာ မီးကုန်ယမ်းကုန် တီးခတ်ဖျော်ဖြေ ပေးနေရသည့် ကိန္နရာတွေအား ကြည့်လိုက်သည်။....
အမ်း... ပြောကြေးဆို နည်းနည်းလေးမြန်တာတောင် မဟုတ်ဘဲ သောက်ရမ်းကို လောနေတာဟ!

ရှန်းချွယ့်က အကြည့်ကို ပင့်လိုက်ကာ ကိန္နရာများထံ...
"ကြားတယ်နော်? အရှိန်လျှော့ဦး..."

"ဟုတ် ဟုတ် ဟုတ် ကြားပါတယ်..."
ကိန္နရာများက တီးခတ်နေတာကို တဒင်္ဂရပ်လိုက်ပြီးနောက်မှ အနည်းငယ် နှေးသော သံစဉ်လေးအား ပြောင်း၍ တီးခတ်ပေးလိုက်သည်။
လေထဲ၌ ပျံ့လွင့်နေသည့် ဂီတသံကလည်း ငြိမ့်ငြိမ့်လေး ပြောင်းလဲသွားသည်။

ထိုအချိန်မှာပဲ နားဆင်နေတဲ့လူအုပ်ကြီးထဲမှ တစ်ယောက်က တစ်ခုခုတော့လွဲချော်နေတာကို သတိထားမိလာသည်။ အဘယ့်ကြောင့်ဆိုသော် ဦးလေးလျိုက အန်တီလျိုလက်မှ ရှောင်တိမ်းထွက်ပြေးရင်း ထိပ်ဆုံးတန်းရောက်နေခဲ့တာမို့ ရှန်းချွယ့်တို့ လုပ်နေသမျှအား အတိုင်းသား မြင်နေရသည်။

သို့နှင့် ချက်ချင်းပဲ အလောတကြီး မေးကြည့်လ်ိုက်သည်။
"ခဏလေး...... အခုက ဒီတေးဂီတသံတွေကို ထိန်းချုပ်နေတာ မင်းလား."

အမှန်တကယ်တွင် အခြားသော သက်ဝင်ယုံကြည်သူများထဲ၌လည်း ဖြစ်နေသမျှအား မြင်နေရသူတွေ အများအပြား ပါဝင်သည်။ ဦးလေးလျိုက ဦးဆောင်မေးလိုက်သည့်နောက်တွင် အခြားသူများကပါ အလျှိုလျှို ပါဝင်လာကြ၏။

ကျွယ့်ရင်အား တိုက်ရိုက်မေးလိုက်သည်။
"ပုဏ္ဏား... ဒီ တေးဂီတသံစဉ် တီးဖို့ ဖိတ်ခေါ်လိုက်တဲ့သူက ဆရာလား..သူလား?"

ကျွယ့်ရင် မည်ကဲ့သို့ ဖြေရဲပါမည်နည်း...
သို့သော် ရှန်းချွယ့်က သူ့အား ပို၍ အကြပ်ရိုက်ရအောင် လုပ်နေခဲ့သည်။
အားလုံး၏ သိချင်စိတ်ပြည့်နှက်နေသော မျက်လုံးများအောက်တွင် ၎င်းက ပြောလိုက်၏။

"ရပ်လ်ိုက်တော့"

ကိန္နရာများက အမိန့်ကို နာခံလိုက်သည်။
ငြိမ့်ငြိမ့်ငြောင်းငြောင်း သံစဉ်ကား ရပ်တန့်သွား၏။

ထိုသို့ဖြင့် သံစဉ်အား ထိန်းချုပ်နေသူဟာ မည်သူမည်ဝါဖြစ်ကြောင်း အဖြေက နေ့ကဲ့သို့ပင် ကြည်လင်ပြတ်သား ရှင်းလင်းသွားရချေသည်။

ယုံကြည်မှုမြင့်မားနေခဲ့သော ဦးလေးလျိုအတွက်လည်း မျက်ခွက်ကို ဖြတ်ရိုက်ခံလိုက်ရသည့်နှယ်။

"မင်းက ဘယ်လိုလို့ သက္ကတ္တသံစဉ်ကို ထိန်းချုပ်နိုင်နေရတာလဲ"

အခြားသော ယုံကြည်သက်ဝင်သူများလည်း မအံ့ဩဘဲ နေနိုင်ပေစွ။
၎င်းတို့က ကျွယ့်ရင်အား မယုံမကြည်နိုင်ဖြစ်စွာဖြင့် လှမ်းကြည့်လိုက်ကာ...
"ဆရာ... ပြောတော့ကျ ကိန္နရာ ဘုရင်မြတ်က အလုပ်ရှုပ်နေလို့ဆို?
အဲ့တာကို ဘာလို့ ဒီလူကကျ ဆင့်ခေါ်နိုင်သွားရတာလဲ?"

"....အဲ သူ သူ...သူ... ငါ.. ဟို.."
ပုဏ္ဏားကျွယ့်ရင်အတွက် ကျန်းဟူမြို့၌ နေထိုင်ကြီးပြင်းလာရသော သက်တမ်းတစ်လျှောက် အခြေအနေတစ်ခုကနေ ဘယ်လိုနည်းနဲ့ ပ ထွက်ရမလဲ မသိ ဖြစ်မိတာ ယခု ပထမဆုံးပင်။

ကိန္နရာဂိုဏ်းအနေနဲ့ ယုံကြည်သက်ဝင်သူများ စုဆောင်းနိုင်သည့်နည်းက သုခဘုံသို့ ပို့ဆောင်ပေးနိုင်သည်ဟု ထင်ရသော သက္ကတ္ထတေးသံသာမှ တစ်ဆင့်ဖြစ်သည်။
ထိုတေးသံသာက ကြားနေကျများထဲမှ ကွဲထွက်နေသည့် သံစဉ်တစ်ခုဖြစ်သောကြောင့် သက်ကြီးရွယ်အိုများအနေဖြင့် သူ၏ လိမ်ဆင်အား လွယ်လွယ်နဲ့ ယုံကြည်သွားနိုင်သည်လေ။

သို့သော် ယခုအခါတွင်မူ သူစိမ်းယောကျ်ားသား နှစ်ဦးက ဘယ်ကမှန်းမသိ ရုတ်တရက်ကြီး ပေါ်ချလာပြီး သက္ကတ္ထသံစဥ်အကြောင်းအား သိနားလည်နေသူများ ဖြစ်နေ၍ ဒီသံစဉ်ဟာ ပုဏ္ဏားကျွယ့်ရင် တစ်ဦးထဲပဲ ပိုင်ဆိုင်ခြင်းမဟုတ် ကြောင်း သက်သေပြမိလျက်သား ဖြစ်သွားခဲ့ရသည်။

ဒါဟာ ကိန္နရာဂိုဏ်း ပျက်သုဉ်းခြင်း အစပျိူးခြင်းပင်။

သက်ကြီးရွယ်အိုများမှာ တစ်စထက်တစ်စ သံသယစိတ်တို့များလာရသည်။
ကျွယ့်ရင်ဖက်မှ ဖြေရှင်းချက်ပေးလာမည်ကို စောင့်ဆိုင်းနေကြရင်း။

တစ်ချို့ကလည်း ယွိကျန်းတုနှင့် ရှန်းချွယ့်တို့ရှိရာဖက်သို့ အာရုံပြောင်းသွားကြသည်။ ဖြစ်နိုင်တာ သည်လူငယ်လေး နှစ်ယောက်က သက္ကတ္ထသံကို သိနေခြင်းမှာ ၎င်းတို့တွေလည်း ဗုဒ္ဓ၏ နောက်လိုက်များ ဖြစ်နေခဲ့လို့များလား...

ထိုအတွေးအား တစ်ပြိုင်တည်း တွေးလိုက်ကြသူတွေ များလှသည်။

ဦးလေးလျိူ : " လူငယ်လေးတို့.... မင်းတို့ သက္ကတ္ထသံစဉ်ကို ဘယ်လိုမျိုး ထိန်းချုပ်ထားကြတာလဲ"

သူ၏ ထိုမေးခွန်းအဆုံးမှာ စိုးရိမ်တကြီးဖြစ်သွားသည့်သူက ကျွယ့်ရင်မှ တစ်ပါးမရှိပါချေ။
ကိန္နရာနှစ်ကောင်ကား ဂိုဏ်းကူးသွားခဲ့ချေပြီ။
အခုချိန်မှာ သူစိမ်းလူငယ် နှစ်ယောက်အနေဖြင့် ဗုဒ္ဓ၏သားတော်များ အဖြစ် ဟန်ဆောင်လိုက်ချင်လျှင်လည်း ခက်ခဲသည့် ကိစ္စရပ်မျိုး မဟုတ်တော့ပါချေ။
သူ့အနေဖြင့် အရိုးကြေကြေအရေခမ်းခမ်း စုဆောင်းထားရပါသော သက်ဝင်ယုံကြည်သူများကို တစ်ဖက်ကလူများက အလွယ်တကူ ခိုးယူသွားမည်ကို စိုးထိတ်နေခဲ့သည်။

ကျွယ့်ရင်မှာ အတွေးပင်လယ် ဝေနေခဲ့ရသော်လည်း ရှန်းချွယ့်မှာမူ အခြားသူ၏အပူ သူ့အပူ မဟုတ် ဆိုသည့်အတိုင်း လက်နှစ်ဖက်ကိုရင်ဘတ်ရှေ့၌ ပိုက်ထားသည်ကိုပင် ဖြုတ်မချဘဲ မသတီသလို မျက်နှာထားဖြင့် ကြည့်လာကာ...
"ဒီလောက်လေးများ.....! "

သူ့ ဘာမှဆက်ပြီး လေမကျယ်ရသေးခင်မှာပင် ယွိကျန်းတု၏ တံတောင်နှင့် လာတွတ်ခြင်းကို ခံလိုက်ရသည်။ ရှန်းချွယ့်လည်း ပြောနေလက်စကို ရပ်လိုက်ပြီး ၎င်းအား လှည့်ကြည့်လိုက်၏။

စိတ်ပိုင်းဖြတ်နှင့်ပြီးနေသလို မျက်နှာထားမျိုးက ယွိကျန်းတု၏ မျက်နှာ၌ ချိတ်ဆွဲထားလျက်။
ထို့နောက် သူက ဘောင်းဘီအိတ်ကပ်ထဲက ဖုန်းကို နှိုက်ထုတ်လိုက်ကာ အကုန်လုံးကြားနိုင်သည့် အသံဖြင့်.....
".....ဒီလောက်လေးက ဘာမှမဟုတ်ပါဘူး..
အခုခေတ်ကြီးထဲမှာ အင််တာနက်က အခုလောက်ထိ တိုးတက်နေတာ..
ဘယ်သီချင်းကိုတော့ ရှာလို့မတွေ့ဘူးလို့ ရှိလို့လား???? ကိုယ့်ဖုန်းထဲမှာ music player လေးတစ်ခု ရှိရုံနဲ့တင် ကိုယ်နားထောင်ချင်တာမှန်သမျှ ရှာနားထောင်လို့ရတယ်"

ရှန်းချွယ့် ; "................"

ရှန်းချွယ့်လည်း သူပြောမည့်စကားတို့အား မြိုချလိုက်ရတော့သည်။ ထို့နောက်မှ သူ့ရှေ့က စကားအား ထောက်ခံကြောင်း အသိအမှတ်ပြုသလိုမျိုး အသံပြုလုပ်လာခဲ့သည်။

ကျွယ့်ရင်"........?????"
ဘာတုန်းဟ

သက်ကြီးရွယ်အိုများမှာ နားရှုပ်သွားခဲ့ရသည်။ ဦးလေးလျိုကလည်း မျက်စေ့မျက်နှာများ ပျက်လျက်။
"လူလေး.... အခု ဘာပြောလိုက်တာ????"

"ကျွန်တော် ပြောတာက....."
ယွိကျန်းတုက သူ့ပါးစပ်မှ ထွက်သည့် စကားတစ်လုံးချင်းစီကို သတိကြီးစွာ ဖြည်းဖြည်း ပီပီလေး ထွက်ပြီးနောက် သေချာလေး ရှင်းပြပေးလိုက်သည်။

"အခုလေးတင် ကြားလိုက်ရတဲ့ သံစဉ်ကို အွန်လိုင်းကနေ နားထောင်လို့ ရတယ်လို့......."

"မဖြစ်နိုင်တာ......"
အဘွားအို တစ််ယောက်က လက်တွေ့ကို လက်မခံနိုင်စွာ..
"ဒီလို သံစဉ်မျိုးကို ငါ အသက်ရှင်လာတဲ့ တစ်လျှောက် တစ်ခါမှတောင် မကြားဖူးတာကို...."

"ဒါကတော့ အန်တီက အင်တာနက်နဲ့ နီးစပ်ခဲ့ရတဲ့သူ မဟုတ်လို့နေမှာပေါ့"
ယွိကျန်းတုက စိတ်ရှည်စွာဖြင့် ထို အမျိုးသမီးအား ရှင်းပြပေးလိုက်သည်။
"အကယ်လို့ ကျွန်တော့်ကို မယုံဘူးဆိုရင် လက်တွေ့ပြပေးလို့ ရပါတယ်"

သူက ဖုန်းထဲမှ အသံအားလုံးအား mute လုပ်လိုက်သည်။ ထိုလုပ်ရပ်ကို မြင်တော့ ရှန်းချွယ့်က ရည်ရွယ်ချက်အား အထအနပေါက်သွားပြီး ကိန္နရာများထံ မသိမသာ အချက်ပေးလိုက်တော့သည်။
"ဘယ်လို ပူးပေါင်းပေးရမလဲဆိုတာ သိတယ်မလား"

"သိပါတယ် သိပါတယ်"
ကိန္နရာများက ခေါင်းကို ဆတ်ဆတ် ညိတ်ပုံမှာ ကြက်ပေါက်လေးတွေ ပဲကောက်စားသည့်အလား။

တစ္ဆေဘုရင်၏ ထောက်ခံချက် အပြည့်အ၀ ရရှိထားသည့် ယွိကျန်းတုအတွက်မူ ကြောက်ရွံ့စရာ ဘာအကြောင်းမှ မရှိသည်မို့ ဘေးပတ်ပတ်လည်ကို ‌အကြည့်ဝေ့လိုက်ရင်း အပြုံးကျယ်ကြီး တစ်ပွင့် ပြုံးလိုက်ကာ....
"သေချာလေး အာရုံစိုက်ထားကြနော် အားလုံးပဲ..."

"စပြီ!"
သူက ပါးစပ်ကလည်းပြော လက်ကလည်း ဖုန်းမျက်နှာပြင်ပေါ်က ခလုတ်တစ်ခုကို ကောက်နှိပ်လိုက်၏။
မျက်စိဒေါက်ထောက် ကြည့်နေခဲ့သည့် ကိန္နရာများက ထိုအချိန်မှာပဲ ဖျော်ဖြေမှုကို စတင်လိုက်တော့သည်။

ကျွယ့်ရင် :"..........."
အစောပိုင်း ‌ဇဝေဇဝါ ဖြစ်နေခဲ့ကြသည့် သက်ကြီးရွယ်အိုများ အားလုံး မျက်လုံးများ ဝိုင်းကျယ်ကုန်ကြသည်။
အချင်းချင်း တစ်‌ယောက်မျက်နှာ တစ်ယောက် လှည့်ကြည့်ကြပြီး
အစောပိုင်းတုန်းက မေးခွန်းထုတ်လာတဲ့ အန်တီအရွယ် အမျိုးသမီးဟာလည်း စိတ်၀င်တစား နားစွင့်နေခဲ့သည်။

ခဏအကြာမှာ ၎င်းတို့က မယုံမကြည်နိုင်တွေ ဖြစ်စွာနှင့် အံ့ဩတကြီး ပြောလာ၏။

"တကယ်ကြီး သက္ကတ္ထသံစဉ်ပဲဟ!!!"

အခြားသူများအနေနှင့်လည်း ခွဲခြားကြည့်နိုင်ပေသည်။
ဖုန်းထဲကနေ ဖွင့်လိုက်သည့် အသံက သူတို့ အရင်က ကြားထားဖူးသည့် သက္ကတ္ထသံစဉ်နှင့် တစ်ထပ်တည်း တူညီနေခဲ့ကြောင်းကို။
ပုဏ္ဏားကျွယ့်ရင်ပြောတော့ တစ်ပုဒ်တစ်ပုဒ် တီးဖို့အရေး ကိန္နရာဘုရင်ကို တောင်းဆိုရတာ ခက်ခဲတယ်လို့ ပြောသည့် သံစဉ်......

၎င်းတို့တတွေ အဆုံးမဲ့ ယုံကြည်ပြီး ဥစ္စာဒါနတွေပါ စွန့်လွှတ်ရလောက်တဲ့အထိ ယုံစားသက်၀င်ရတဲ့ သံစဉ်တစ်ပုဒ်က အွန်လိုင်းပေါ်ကနေ အလွယ်တကူ ဖွင့်လို့ရ‌နေတာမျိုး ဖြစ်နေလိမ့်မယ်လို့ ဘယ်သူများ ထင်ထားခဲ့ပါမည်နည်း!!!???

ကိုယ့်ဖုန်းထဲကိုယ် ဒေါင်းလုပ်ဆွဲပြီး သိမ်းထားလို့လည်း ရတယ်တဲ့လေ!!!

တဒဂင်္အတွင်း တစ်ဦးချင်းစီ၏ မျက်နှာ အမူအရာများမှာ ယူကြုံးမရ ဖြစ်ကုန်ကြသည်။
အချိန်တစ်ခုကြာသွားသည်အထိ သူတို့သိလိုက်ရသည့် အမှန်တရားတစ်ခုကနေ ရုန်းမထွက်နိုင်ခဲ့ကြ။

ဘယ်လောက်ထိ ကြာသွားမှန်းမသိတဲ့ အချိန်တစ်ခုအရောက်မှာ တစ်ယောက်က စတင်ဦးဆောင်ပြီး အော်ဟစ်လာခဲ့သည်။

"အဲ့လိုကိုး ဒီမကောင်းတဲ့ ထိပ်ပြောင် မြည်းကတုံးပုဏ္ဏားကောင် ..
အွန်လိုင်းပေါ်က သံစဉ်နဲ့ ငါတို့ကို လာလိမ်နေတာပေါ့လေ!!!!"

ဒေါသတို့အလိပ်လိပ် ပေါ်ထင်နေတဲ့ အသံက အကုန်လုံးအား နိုးနိုးကြားကြား ဖြစ်သွားစေသည်။
စိတ်နှင့်ကိုယ်နှင့် တစ်သားတည်း ပြန်ဖြစ်ချိန်တွင် တစ်ညီတညွတ်တည်း သဘောတူလိုက်သည့် အရာကတော့ လူလိမ်ပုဏ္ဏားအား တူသောအကျိုးအတိုင်း လက်စားပြန်ချေဖို့ပင်။

လူကြီးတွေ‌ဆိုတဲ့ သဘောသဘာ၀ကိုက လိမ်စားလို့လည်း လွယ်ကူပြီး အလိမ်ပေါ်သွားပြီဆိုရင်လည်း ထိန်းချုပ်ဖို့ အခက်အခဲဆုံးသော မျိုးစိတ်တွေ မဟုတ်ပါလား။

ကြည့်နေသည့် ဘယ်သူမဆို ကျွယ့်ရင်တစ်ယောက် အချ ခံ‌ရတော့မှာကို ကြိုခန့်မှန်းနိုင်သလိုမျိုး သူကိုယ်တိုင်သည်လည်း အလိမ်တွေပေါ်သွားမှာမျိုးတွေ တွေးပူမနေတော့ဘဲ ယွိကျန်းတုထံ လက်ညှိုးငေါက်ငေါက်ထိုး၍ ပြောလိုက်တော့သည်။

"သူတို့တွေ လိမ်နေတာ... အခုထွက်လာတဲ့ သံစဉ်က ဖုန်းထဲကနေ ထွက်လာတာမဟုတ်ဘူး
ကိန္နရာတွေက သူ့ဘေးကနေ တီးပေးနေတာ"

"အော် ဟုတ်လား?"
ယွိကျန်းတုက သူ့အား ပြုံးလျက်ကြီး လှည့်ကြည့်လာရင်း ဖုန်းထဲက ခလုတ်တစ်ခုကို ကောက်နှိပ်ပြလိုက်သည်။
ထိုအခါ သံစဉ်က ရုတ်ချည်း ရပ်သွား၏။

ကျွယ့်ရင် :"............."
*အမြင်အာရုံတို့ မူးဝေသွား*

ထိုနည်းဖြင့် ကြည့်ရှုသူအပေါင်းဟာ ယွိကျန်းတု တစ်ယောက် အမှန်တိုင်း ပြောနေသည်ဟု ယုံကြည်သွားကြသည်။

ထို့နောက်မှာ အံကိုတင်းတင်းကြိတ်ပြီး ကျွယ့်ရင်အား ဝိုင်းရိုက်နှက်ဖို့ ရှေ့တိုးလာချိန်မှာ ယွိကျန်းတုက အလျင်အမြန်ပဲ အသံဖြင့် တားလိုက်ရသည်။

"ခဏလေး!! အကုန်လုံးပဲ စိတ်လိုက်မာန်ပါ မပြုကြပါနဲ့
အခုလုပ်ရပ်က တရားမ၀င်ဘူးနော်"

ဒီစကားလောက်လေးနဲ့ လူကြီးတွေက ဘယ်ရလိမ့်!
၎င်းတို့က သူ့ပင် စကားစစ်ထိုးလာခဲ့သည်။

"မရဘူးးးးး ဒီ လူလိမ်ကောင်ကို လွယ်လွယ်နဲ့ မလွှတ်ပေးလိုက်နိုင်ဘူး"

"ကျွန်တော်တို့လည်း မလွှတ်ပေးပါဘူး
ဒါပေမဲ့ တရားဘောင်ထဲကနေ လှုပ်ရှားလို့ရတဲ့နည်းတွေ ရှိတယ်လေ"

ယွိကျန်းတုက ပြောလိုက်သည်။
"စောနကတည်းက ကျွန်တော် ရဲကို ဖုန်းဆက်ခေါ်ထားပြီးပြီ"

ထိုစကားကိုကြားသော် ကျွယ့်ရင်က နိုးနိုးကြားကြားဖြစ်သွားပြီး လူအုပ်ထဲသို့ အတင်းတိုးဝေ့ကာ အပြင်သို့ ထွက်ဖို့ရန်ကြံလိုက်သည်။

သို့သော် အချိန်ကား နှောင်းသွားခဲ့ချေ၏။ ဥဩသံ ညံညံစွဲထားသော ရဲကားများက အပြင်ဖက်၌ ရောက်‌နှင့်နေခဲ့ပြီ။

ပုဏ္ဏားကျွယ့်ရင်အား အတိတ်တုန်းကလည်း သက်၀င်ယုံကြည်သူ အဖိုးအဖွားများ၏ မိသားစု၀င်များက ရဲထံတိုင်ချက်ဖွင့်ခြင်းမျိုး မကြာခဏပြုလုပ်‌ကြတာနှင့် ကြုံဖူးသည်။

သို့သော် ထိုအချိန်တုန်းက သူ့ဖက်မှာ ကာပေးမည့်သူတွေဆိုတာ တစ်ပုံတစ်ပင်။

ကျွယ့်ရင်သည် ဉာဏ်နီဉာဏ်နက်များလှသူဖြစ်သည့်အလျောက် တစ်ခုခုက မူမမှန်တော့ဘူးလို့ စိတ်ထင့်လိုက်တာနဲ့ နေရာကနေ အလျင်အမြန် ထပျောက်သွားတတ်သည်။

အဓိကကတော့ ၎င်းအား ကာကွယ်ပေးမည့်သူ အင်အားက များနေသောကြောင့်တည်း။
တစ်ခါတရံ အစွန်းရောက်သည့်အလား ထင်ရသည်။

ရဲတွေမှာ တစ်ခါလာလည်း သက်သေ မရှိလို့ ဘာမှ လုပ်မရ။
ဒါတင်မကသေး ကျွယ့်ရင်က သူသွားတဲ့နေရာတိုင်းမှာ မျက်ခြည်ကောင်းကောင်းဖျက်ထားပြီးမှ တစ်ခြား နေရာသစ်တစ်ခုသို့ ပြောင်းရွှေ့တတ်သည်။

တစ်နေရာတည်းမှာပဲ အချိန်အကြာကြီး ကုန်ဆုံးတာမျိုး မလုပ်တတ်။
ဒီနေ့ဒီအချိန်ထိ သူသွားသမျှ နေရာတိုင်းမှာ ခြေစလက်စ ချန်ထားခဲ့တာမျိုးလည်း မရှိ‌ဖူးချေ။

သို့သော် ယနေ့တွင်မူ သူ၏ အကြံကား လုံး၀အရေးနိမ့်သွားခဲ့ရတော့သည်။
၎င်းအား အမြဲကာကွယ်စောင့်ရှောက်ပေးလေ့ရှိသော သက်၀င်ယုံကြည်သူများမှာလည်း ၎င်းဖက်၌ မရှိတော့ပေ။

ထိုအစား သူတို့ကပင် ဦးဆောင်၍ မျက်မြင်သက်သေများ လုပ်ပေးကြပြီး လှူတမ်းထားတဲ့ ရာဇ၀င်တွေ record တွေ ငွေလွှဲစာရင်းတွေအား ရဲလက် အပ်ပေးတော့သည်။

ပုဏ္ဏားကျွယ့်ရင်၏ ဘ၀ကတော့ ရဲစခန်းထဲ၌ လက်ထိပ်နှစ်ဖက်ဖြင့် ချုပ်ငြိမ်းသွားရတော့သည်။
လိမ်လည်ချူစားထားသော ငွေများအားလုံးကိုလည်း လိုအပ်သော သက်ကြီးရွယ်အိုများထံ ပြန်ခွဲဝေပေးလိုက်ကြသည်။

တစ်ခြားသော နယ်အရပ်ရပ်က ပုဏ္ဏားကျွယ့်ရင်စုဆောင်းဖွဲ့စည်းထားသော သက်၀င်ယုံကြည်သူ ဂိုဏ်းမှာလည်း ပျက်သုဉ်းသွားတော့၏။

သို့နှင့် ကိန္နရာ ဂိုဏ်းဆိုသည့် အရာဟာလည်း တည်ရှိမလာတော့ပါချေ။

ပုဏ္ဏားကျွယ့်ရင်အား ခေါ်ဆောင်သွားအပြီးမှာ ရဲတွေက တရားလို နစ်နာသူများလည်း စုဆောင်းသွားပြီး ပိုက်ဆံအများဆုံး အလိမ်ခံလိုက်ရသော အဘိုးအဘွား မိသားစုများကိုလည်း စခန်းအား ခေါ်သွား‌သည်။

ယွိကျန်းတုကော ရှန်းချွယ့်ကောက တရားလိုများ မဟုတ်ကြတာကြောင့် သူတို့အနေနဲ့ ရဲစခန်းသို့ လိုက်ရန် မလိုလိုက်ချေ။

ရဲတွေ အကုန် နေရာကနေ ထွက်သွား‌တဲ့အခါ ကျန်နေသည့် အဘိုးအဘွား လူရွယ်များက ယွိကျန်းတုနှင့် ရှန်းခ‌ျွယ့်တို့အား ပတ်ပတ်လည် ဝိုင်း၍ ၎င်းတို့ဖုန်းတွေအား အပြိုင်အဆိုင် ထိုးပေးလာခဲ့ကာ..

"လူငယ်လေး..
အဲ့ဒီ သာယာ‌နာပျော်ဖွယ် သက္ကတ္ထသံစဉ်ကို ဘယ်လို ဒေါင်းလုတ်ဆွဲရမလဲ ပြောပေးလို့ရလား?
ငါတို့လည်း ဖုန်းထဲမှာ သိမ်းထားချင်လို့"

"အဲ့ဒီ ထိပ်ပြောင်မြည်းကတုံးပုဏ္ဏားက မကောင်းဘူးဆိုပေမဲ့ သံစဉ်လေးကတော့ နားထောင်လို့ကောင်းတယ်လေ...
အဲ့တော့ ငါတို့ကိုလည်း သင်ပြပေးပါဦး"

ယွိကျန်းတုက မျက်နှာပင် လုံး၀ပျက်သွားခြင်းမျိုးမရှိဘဲ ဆင်ခြေတစ်ခုအား လွယ်လင့်တကူလေး ပြောချလိုက်သည်။
"အွန်လိုင်းပေါ်က သံစဉ်သီချင်းတွေဆိုတာ မူပိုင်ခွင့်တွေရှိသေးတယ်
လွယ်လွယ်နဲ့ဒေါင်းပြီး သိမ်းထားလို့မရဘူး"

သက်ကြီးရွယ်အိုများအနေဖြင့် မူပိုင်ခွင့်တေ‌ွရယ်လို့ သဲသဲကွဲကွဲမသိသော်ငြား ယွိကျန်းတု ဆိုလိုရင်းကိုတော့ နားလည်လိုက်သည်။
အကုန်လုံး စိတ်ပျက်လက်ပျက်ဖြစ်ကုန်ကြကာ နောင်တတသောသောနှင့်။
"ဒေါင်းလုပ်ဆွဲလို့ မရဘူးပေါ့လေ"

"ငါတို့လည်း မူပိုင်ခွင့်အကြောင်း သိပါတယ်! အဲ့တော့ ရိုးရိုးမရဘူးဆိုရင် ပိုက်ဆံပေး၀ယ်ရမှာလား
‌ငါတို့ ပေးနိုင်တယ်"

"သက္ကတ္ထသံစဉ်ကိုသာ ဒေါင်းလုပ်ဆွဲလို့ရမယ်ဆိုရင် ဘယ်လောက်ဖြစ်ဖြစ် ပေးမယ်!"

စိတ်အားထက်သန်နေကြတဲ့သူတွေအကြောင့် ယွိကျန်းတုလည်း ရင်ထဲမှာ တွန့်ဆုတ်သွားရသည်။
ထို့အပြင် သက္ကတ္ထ သံစဉ်၏ ရင်ထဲအသည်းထဲ မြဲစွဲစေသော ဓာတ်ကိုလည်း ယုံစားမိသွားသည်။
သူကိုယ်တိုင်တောင် တစ်ခါနားထောင်ရုံနဲ့ ထပ်ခါထပ်ခါ နားထောင်ချင်စိတ် ပေါ်လာခဲ့သူမို့ ကိုယ်ချင်းစာ၏။

သို့နှင့် နှလုံးခုန်သံတစ်ချက်အဆုံးမှာ...
"ဒီလိုဆိုရင်ရော...
ကျွန်တော် အိမ်ပြန်ရောက်တဲ့အခါကျရင် မူပိုင်ခွင့်ပိုင်ရှင်တွေဆီ တစ်ချက်ဆက်သွယ်ကြည့်ပြီး သူတို့‌နဲ့ဆွေးနွေးကြည့်မယ်..
လိုင်စင်သာ ၀ယ်လို့ရတယ်ဆို အဲ့ကျမှ ကျွန်တော် အားလုံးဆီ ပြန်ပို့ပေးမယ်လေ"

"ကောင်းတာပါ့ လုံး၀အဆင်ပြေတယ်!"
စိတ်ပျက်လက်ပျက်ဖြစ်သွားပြီးကာမှ ၎င်းတို့အတွက် မျှော်လင့်ချက် ရောင်ခြည်လေး ပြန်သန်းလာရတာမို့ သက်ကြီးရွယ်အိုများမှာ အပျော်လွန် ၀မ်းသာလုံးဆို့သွားရသည်။

ဒီလိုဆို သူတို့မှာ ဘာပြဿနာမှ မရှိတော့ဘူးပဲ။
လျင်လျင်မြန်မြန်ပဲ ‌၎င်းတို့က ယွိကျန်းတုအား Wechat ၌ လာအပ်ကုန်ကြသည်။
"အဲ့လို ၀ယ်ပြီးတဲ့အခါကျ တတ်နိုင်သမျှ မြန်မြန်လေး ပြန်ပို့ပေးဦးနော်"

ယွိကျန်းတုအနေနဲ့လည်း တစ်ယောက်ချင်းစီ အသေးစိတ် လိုက်လက်ခံနေလို့မရတာနဲ့ နောက်ဆုံးမှာ အကြီးအကဲဟု ထင်ရသူတွေကိုပဲ Wechat ၌ လက်ခံလိုက်ပြီး ထိုသူတွေချည်း တစ်အုပ်စုဖွဲ့ပေးထားလိုက်ကာ မူပိုင်ခွင့်ရပြီးလျှင် ကျိန်းသေပေါက် ပို့ပေးမဲ့အကြောင်း ကတိပေးလိုက်တော့သည်။

မပြန်ခင်မှာလည်း ယွိကျန်းတုအနေဖြင့် ကျန်သူများအား သတိပေးဖို့ မမေ့လျော့ခဲ့ပါပေ။
"ဒီရက်ပိုင်းတွေမှာ နည်းမျိုးစုံနဲ့ ရရင်ရသလို လိမ်တတ်တဲ့သူတွေလည်း ပေါလာပြီ။
အကယ်၍များ အနာဂတ်မှာ အခုလို ပုံစံတူအဖြစ်မျိုးကြုံခဲ့ရရင်
ဘယ်သူ့ကိုမှ အယုံမလွယ်ကြပါနဲ့နော်"

ကိုယ်တွေ့ကြုံပြီးမှ ရလာတဲ့ အသိတွေမို့ သက်ကြီးရွယ်အိုများအနေဖြင့်လည်း အမှတ်သညာ ရှိသွားခဲ့ပြီ။
"စိတ်ချပါ ထပ်မဖြစ်စေရပါဘူး"

ယွိကျန်းတုနှင့် ရှန်းချွယ့်တို့လည်း ထိုခန်းမအတွင်းမှ ထွက်လာခဲ့လိုက်တော့သည်။
ကိန္နရာနှစ်ကောင်ကလည်း သူတို့နောက် တပ်ကြပ်မကွာ လိုက်ပါလာ၏။

လူသူ သိပ်မရှိတဲ့နေရာ အရောက်မှာ နှစ်ကောင်လုံးက လူသားအသွင်သို့ ပြောင်းလိုက်ကြသည်။
ထို့နောက်မှာ ရှန်းချွယ့်ထံ
"ဒီ နုံအလှတဲ့ နတ်ဘုရား‌ငယ်လေးတွေအနေနဲ့ ကြီးမြတ်လှသော တစ္ဆေဘုရင်အား ဂါရ၀ပြုအပ်ပါတယ်"

ယွိကျန်းတုလည်း သူ သိပ်မရှင်းဖြစ်နေသည့်အပိုင်းကို ထုတ်မေးလိုက်ရသည်။
"ဒါနဲ့ မင်းတို့ကိုယ်တိုင်လည်း နတ်ဘုရားတွေဖြစ်နေတာပဲကို ဘာလို့အဲ့ပုဏ္ဏားနောက်လိုက်ပြီး လူတွေကို လိမ်တဲ့အလုပ် လုပ်နေရတာလဲ?"

ကိန္နရာ နှစ်ယောက်က အပြန်အလှန် အကြည့်ဖလှယ်လိုက်ပြီး သူတို့ကိုယ်သူတို့ သိမ်နုပ်နေသလို ခံစားရနေသည့်ပုံနှင့် နောက်ဆုံးမှာ ပြောပြလာခဲ့သည်။

"..........ကျွယ့်ရင်ပြောတာက အခုလို လုပ်ပေးရင် ငါတို့အတွက် ယုံကြည်သူတွေ များလာမယ်ဆိုလို့ပါ"

သေမျိုးတို့လက်ထဲ အသက်ဘေးမှ လွတ်မြောက်လာခဲ့ပြီးသည့်တိုင်အောင် ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့က ဆက်လက်တည်မြဲနေဆဲမို့
၎င်းတို့မှာ ကောင်းကင်ဘုံတပ်သားတွေဆီမှာ ရှောင်ကြဉ်ရန် ကျွယ့်ရင်၏ ဆရာထံ၌ အရင်ဦးဆုံး ကပ်နေခဲ့ရသည်။

သို့သော် ကျွယ့်ရင်ထံသို့ လွှဲပြောင်းခံလိုက်ရသည့်အခါတွင်မူ ကောင်းကင်ဘုံနှင့်ကမ္ဘာမြေကြီးတို့ကလည်း တစ်ကွဲတစ်ပြားဖြစ်သွားသည့် အချိန်ဖြစ်နေသည်။

သူတို့အနေနဲ့ မည်သူ့ကိုမှ ပုန်းရှောင်နေစရာမလိုတော့သော်လည်း ကျွယ့်ရင်က ၎င်းတို့အား သက်ရှိများ၏ ယုံကြည်သက်၀င်မှုဆိုသည့် အရာနှင့် လာချည်နှောင်ထားသည်။

ကိန္နရာများမှာ ကောင်းကင်ဘုံအဆင့်၌ အနိမ့်တန်းက ဖြစ်တာမို့ ကိန္နရာဘုရင်ထံမှ ခွဲပေးသည့် ယုံကြည်သက်၀င်မှုမီးပွားကို ပမာဏနည်းနည်းလေးသာ ခွဲဝေယူခွင့်ရှိသည်။

ကောင်းကင်ဘုံမှ ထွက်ပြေးလာပြီးနောက်မှာ ထိုပမာဏ ‌နည်းနည်းလေးကိုပင် ပိုင်ဆိုင်ခွင့်မရှိကြတော့ချေ။
သို့သော် ကျွယ့်ရင်၏ တဖြည်းဖြည်းကျယ်ပြန့်လာသော ယုံကြည်သက်၀င်သူ အကိုင်းအခက်ကြီးက အချိန်တိုအတွင်းနဲ့ ၎င်းတို့အပေါ် ယုံကြည်မှုတွေရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

၎င်းတို့လို အနိမ့်တန်းနတ်ဘုရားလေးတွေအဖို့ ဒီကမ်းလှမ်းချက်က ငြင်းအပ်ဖွယ်ရာမရှိ။

"ကျွန်တော်တို့ အမှားကို ကျွန်တော်တို့ သိပါပြီ
တစ္ဆေဘုရင်ကြီး ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ခွင့်လွှတ်ပါ.."
ကိန္နရာများက တုန်ယီနေသော အသံများဖြင့် တောင်းပန်လာခဲ့၏။

"သူဌေး....ကျွန်တော်တို့ သူ့တို့ကို ဘယ်လို ကိုင်တွယ်ရင် ကောင်းမလဲ?"
ယွိကျန်းတု ‌ရှန်းချွယ့်အား မေးကြည့်လိုက်သည်။

ကိန္နရာ နှစ်ဦးသား ကျူးလွန်သည့်အပြစ်က အရမ်းမကြီးကျယ်သော်ငြား အသေးအမွှားလေးလည်း ဟုတ်မနေချေ။
ထို့အပြင် ဘယ်လောက်ပဲ ကောင်းကင်တွေ မြေကြီးတွေ ပြိုလဲသွားပါစေ
ထိုကိန္္နရာများက နတ်ဘုရား အမျိုးအစားဖြစ်သည်ဆိုသည့်အမှန်တရားကိုတော့ မပြောင်းလဲနိုင်။

အနိမ့်တန်းစားတွေဖြစ်လို့ဆိုပြီး အပြစ် အလေးပင်တွေပေးခြင်းကလည်း လုပ်ရပ်ကောင်းတစ်ခုမဟုတ်။

ရှန်းချွယ့်က လေသံအေးတိအေးစက်ဖြင့် ပြောလာသည်။
"ငါ သူတို့ကို ငါ့ကုမ္ပဏီမှာ အိမ်သာ ဆေးခိုင်းပစ်မယ်!"

ကိန္နရာများ :".........."

ယွိကျန်းတု :"............."

ရှန်းချွယ့်လည်း ယွိကျန်းတု၏ စွံ့အသွားမှုကို သတိထားမိသော် ချက်ချင်းလက်ငင်း စိတ်ပြောင်းသွားရသည်။
"မင်းပဲ ဆုံးဖြတ်လိုက်တော့"

"ဟုတ်ပြီ!"
ယွိကျန်းတုက ကိန္နရာများအား ပြုံးပြုံးလေး ကြည့်လိုက်ကာ...

"အရင်ဆုံး မင်း‌တို့တွေ ငါ့ကို သက္ကတ္ထသံစဉ်လေး recording သွင်းပေးဦး
ဟိုလူကြီးသူမတွေဆီ ပြန်ပို့ပေးရဦးမှာမို့လို့"

ကိန္နရာများမှာ အိမ်သာဆေးရမည့်ဘ၀ရောက်သွားမှာကို သေမတတ် ကြောက်ရွံ့နေခဲ့တာမို့ နောက်ထပ်ကမ်းလှမ်းချက်အသစ်ကိုပဲ ချက်ချင်းလက်ခံပစ်လိုက်ရ‌ တော့သည်။
"‌ရတာပေါ့ ရတာပေါ့..
သေသေချာချာလေး record လုပ်ပေးပါ့မယ်"

ရှန်းချွယ့်က ၎င်းတို့အား မျက်လုံးအေးကြီးများဖြင့် စိုက်ကြည့်လာပြီးနောက်မှာ ပြောလာခဲ့သည်။
"ဒါပေမဲ့ မူပိုင်ခွင့်က ငါတို့အပိုင် ဖြစ်ရမှာနော်"

ကိန္နရာများ :"........ရ ရ ပါတယ်"

TBC

(Zawgyi)

သမိုင္းတြင္ အဆင့္အတန္းနိမ့္က်ေသာ နတ္ဘုရားမ်ားက နတ္အစည္းအ႐ုံးမွစြန္႔ခြာကာ လူ႔ကမာၻသို႔ ေရွာင္တိမ္းထြက္ေျပးလာေလ့ရွိၾကသည္။ နတ္စစ္သည္ေတာ္မ်ား လက္မွ လြတ္ကင္းရန္အတြက္လည္း ၎တို႔မွာ မတူညီေသာ ေရွာင္တိမ္းနည္းမ်ား ရွိေနတတ္ၾကသည္။

ေတးဂီတ ေဖ်ာ္ေျဖေရးနတ္မ်ားအတြက္မူ ၎တို႔၏ ေရွာင္တိမ္းနည္းမွာ ကိုယ္ခႏၶာကို အေသးဆုံးအဆင့္ထိ ခ်ဳံ႔၍ သက္ရွိမ်ား၏ ေနအိမ္မ်ားတြင္ ပုန္းေရွာင္ျခင္းျဖစ္သည္။ အခ်ိဳ႕ စြမ္းအင္ ျမင့္မားသည့္ နတ္မ်ားဆိုလွ်င္ မိမိ၏႐ုပ္သြင္ကို ကိုယ္ခႏၶာအစိတ္အပိုင္းတစ္ခု အျဖစ္သို႔ ေျပာင္းပစ္၍ လူတစ္ဦးဦး၏ ခႏၶာကိုယ္ေပၚကပ္တြယ္၍ ေနႏိုင္သည္။

မွတ္တမ္းမွတ္ရာမ်ားတြင္ ထြက္ေျပးလြတ္ေျမာက္ဖူးေသာ ေတးဂီတနတ္ဘုရားတစ္ပါးကဆိုလွ်င္ မိမိကိုယ္ကိုယ္ အေျမႇးပါးအေယာင္ေဆာင္ၿပီး မိဖုရားတစ္ပါး၏ ႏွာေခါင္းေပါက္ထဲ၌ ေနခဲ့ဖူးသည္ဟု သိရသည္။

ယခု ပုဏၰားကြၽယ့္ရင္လက္ထဲမွ ကိႏၷရာမ်ားဟာ ကိႏၷရာ ဘုရင္ျမတ္ဆိုသည့္ အေရခြံ ေအာက္၌ ပုန္းကြယ္ေနခဲ့ၾကသည့္ နတ္ဘုရားငယ္ေလးမ်ားျဖစ္ၾကသည္။

ေကာင္းကင္ဘုံႏွင့္ ကမာၻ ေျမႀကီးတို႔ ကြဲထြက္မသြားခင္ကာလမွာ ထြက္ေျပးလြတ္ေျမာက္ခဲ့ၾကၿပီး အေစာပိုင္းကာလတြင္ ကိုယ္ခႏၶာကို ခ်ဳံ႔၍ လူသားမ်ား၏ အိမ္၌ ကပ္တြယ္ေနျဖစ္ခဲ့ၾကသည္။ သို႔ေသာ္ မေတာ္တဆ ေျခရာလက္ရာမ်ား ခ်န္ထားခဲ့မိ၍ လူသားတို႔၏ ရိပ္စားျခင္းကို ခံလာရ၏။

ထိုအခါ လူသားမ်ားက မၾကာခဏ ဘုန္းေတာ္ႀကီးမ်ားကို အကူအညီေတာင္း၍ မန္းမႈတ္ ဂါထာ႐ြတ္ဖတ္ပြဲမ်ား က်င္းပေပမည္။
ထိုသို႔ႏွင့္ ကိႏၷရာမ်ားမွာ အဆက္မျပတ္ ေနရာေ႐ႊ႕ေျပာင္းျခင္းမ်ား ျပဳလုပ္ေနရခဲ့ၿပီး အိမ္ပိုင္ရွင္တစ္ဦး ေခၚေဆာင္လာသည့္ ပုဏၰားတစ္ဦးက ၎တို႔အားနတ္ဘုရားမ်ား ျဖစ္ေနခဲ့မွန္း ရိပ္စားမိသြားသည္။
ထို႔ေနာက္တြင္ေတာ့ ပုဏၰားက သူ႔ကိုယ္က်ိဳးအတြက္ သုံးစားဖို႔ ဖမ္းဆီးေခၚေဆာင္ျခင္းကို ခံခဲ့ရေတာ့သည္။

သူ မေသဆုံးခင္ အခ်ိန္ေလးမွာ ထိုပုဏၰားက သူ၏ တပည့္ျဖစ္သူထံသို႔ ကိႏၷရာမ်ားအား လႊဲေပးခဲ့သည္။။ တပည့္ျဖစ္သူ ကြၽယ့္ရင္မွာ သူ၏ဆရာေလာက္ အရည္အခ်င္း မရွိေသာ္ျငား marketing skill အရာ၌ ထူးခြၽန္လွသည္။

ထိုသူက ခ်က္ခ်င္းလက္ငင္းပဲ ကိႏၷရာ မ်ား၏ စြမ္းေဆာင္ရည္ႏွင့္ တန္ဖိုးတို႔ကို နားလည္သြားခဲ့သည္။
ထိုနည္းတူစြာ......
ေတးဂီတနတ္ဘုရားမ်ားကို စု၍ ကိႏၷရာဘုရင္ျမတ္ဆိုတဲ့ နာမည္ကို ငွားသုံးၿပီး ကိႏၷရာ ဂိုဏ္းဆိုသည့္ အရာကို ဦးစြာပထမ ေထာင္ခ်ပစ္လိုက္သည္။

သူကိုယ္တိုင္ကိုလည္း ကိႏၷရာဂိုဏ္း၏ တပည့္တစ္ဦးအသြင္ ယူလိုက္ၿပီး
ရပ္႐ြာ နယ္ေျမမ်ားကို လွည့္၍ ကိႏၷရာ ပါဠိစာမ်ား ျဖန္႔ခ်ီေပးေနသူ တစ္ဦး အျဖစ္ လိမ္စားေနခဲ့ျခင္း.....

သူ၏ ပါရမီထူးလွသည့္ လွ်ာတစ္ေခ်ာင္းႏွင့္ ဘာသာေရး ဆင္ေျခဆင္လက္ေတြ အပါအဝင္ ကိႏၷရာမ်ား၏ အတီးအမႈတ္မ်ား ေပါင္းစပ္၍ ပုဏၰားကြၽယ့္ရင္၏ အစြဲခြၽတ္ လုပ္ငန္းမွာ အျပစ္အနာအဆာ မရွိ ေအာင္ျမင္လာခဲ့သည္။ သည္လုပ္ငန္းမွ တစ္ဆင့္ ေငြေၾကးအေျမာက္အျမား စုမိေဆာင္းမိလာ၏။

ကြၽယ့္ရင္အေနျဖင့္ ကိႏၷရာမ်ား၏ ႐ုပ္သြင္အစစ္အား ျမင္ႏိုင္သည့္ သူႏွင့္လာဆုံရလိမ့္မည္ဟု မထင္မွတ္ထားခဲ့မိေခ်။

ပိုၿပီးမထင္ထားခဲ့မိတာကေတာ့ ကိႏၷရာႏွစ္ေကာင္လုံးက ဒီလူ႔ကို ျမင္ျမင္ခ်င္း ဒူးေထာက္ကုန္ၾကတာကို....
သူတို႔ေတြက လူကို စိတ္ပိုင္းဆိုင္ရာ ျပင္္ဆင္ခ်ိန္ေလးေတာင္ မေပးၾကဘူး...

ပုဏၰားကြၽယ့္ရင္မွာ ထုံထိုင္းသြားရသည္။ ဒီမ်ားျပားလွေသာ ယုံၾကည္သက္ဝင္သူေတြေရွ႕မွာ သူ႔ေပါင္သူ လွန္မေထာင္းမိပဲနဲ႔ ေသခ်ာေလးရွင္းျပေပးန္ိုင္မည့္ နည္းကိုလည္း ရွာမေတြ႕။
စကားတစ္လုံးႏွစ္လုံး ထြက္လိုက္ဖို႔အေရးေတာင္ စိုးရိမ္စိတ္ျဖင့္ အ ထစ္ေနရသည္။

ယုံၾကည္ကိုးကြယ္ၾကသူေတြမွာ အခ်ိန္တစ္ခုေစာင့္ၿပီးသည့္တိုင္ေအာင္ နိဗၺာန္ေရာက္ေၾကာင္း ေတးသံသာကို မၾကားရ။ သို႔ႏွင့္ ဇေဝဇဝါျဖစ္စြာ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ ၾကည့္မိကုန္ၾကသည္။
တစ္ေယာက္က ဦးေဆာင္ၿပီး ထေမးလာ၏။
"ပုဏၰားကြၽယ့္ရင္ ဂီတသံက ဘယ္မလဲ???????"

တစ္ဦးက အစေဖာ္လိုက္သည့္ အခ်ိန္မွာ အျခားသူမ်ားကပါ ပါဝင္လာၾကသည္။
"မင္းတို႔လည္း ဘာသံမွ မၾကားရေသးဘူး မလား????
ငါက ငါ့ကိုယ္ငါ ကံၾကမၼာ ပ်က္သြားၿပီလို႔ ထင္လိုက္တာ..... ေတာ္ေသးတာေပါ့"

"ကြၽန္မလည္း ဘာမွ မၾကားရေသးဘူး"

"ဘာေတြျဖစ္ေနတာလဲ.....
ကိႏၷရာ ဘုရင္ျမတ္က ပုဏၰားကြၽယ့္ရင္ရဲ႕ ေခၚသံကို မၾကားလို႔မ်ားလား??"

ပုဏၰားကြၽယ့္ရင္၏ မ်က္ႏွာမွာ ထိန္းခ်ဳပ္မႈ လြန္ကဲ၍ နီရဲတက္လာရသည္။
ထို႔ေနာက္မွာ အားကုန္စုစည္း၍ ေနာက္တစ္ႀကိမ္ ထပ္ေျပာလိုက္ရ၏။
"ဂုဏ္သေရရွိလွေသာ ကိႏၷရာ ဘုရင္ျမတ္ခမ်ာ..... ယုံၾကည္သက္ဝင္သူတို႔ရဲ႕ ဆုေတာင္းသံေတြကို ၾကားရပါရဲ႕လား??
ဒါ အရွင္ျမတ္ လိုခ်င္ခဲ့တဲ့ ယုံၾကည္မႈေတြပဲေလ...."

ရွန္းခြၽယ့္က ကိႏၷရာ ေတြထံ eye ႏွင့္ ထုလိုက္သည္။
"အဟြန္း"

ကိႏၷရာမ်ားက လက္ခါယမ္းလာရင္း။
"မလိုခ်င္ပါဘူး... ဘယ္ဟာမွ မလိုခ်င္ပါဘူး"

ကြၽယ့္ရင္: "..............."

လူတစ္ေယာက္ၿပီးတစ္ေယာက္ ေမးခြန္းထုတ္လာၾကေတာ့သည္။ ပုဏၰားကြၽယ့္ရင္မွာ ဘာလုပ္လို႔ ဘာကိုင္ရမွန္းမသိ။ ကံေကာင္းစြာ ၎သည္ လိမ္လည္မႈပညာအား ႏွစ္နဲ႔ခ်ီ ဆည္းပူးထားသူျဖစ္တာမို႔ ေနရာမွာတင္ ေကာက္ကာငင္ကာ ဇာတ္လမ္းဇာတ္ကြက္မ်ားလည္း ထြင္တတ္ေပသည္။

သူ၏မ်က္ႏွာထားအား မႈန္ကုတ္လိုက္ၿပီးေနာက္
"အဟမ္း ကိႏၷရာ ဘုရင္ ၾကည့္ရတာ အလုပ္ရႈပ္ေနပုံပဲ....အခုေလာေလာဆယ္ အကုန္လုံးဆီကို လာေရာက္ေပးဖို႔ ခက္ခဲေနတယ္လို႔ ေျပာလိုက္တယ္....
ဒါေပမဲ့ အကုန္လုံး စိတ္မပူၾကပါနဲ႔ က်ဳပ္တို႔ဖက္က အခ်ိန္တစ္ခုေစာင့္ေပးဖို႔ပဲ လိုတာပါ"

ထိုေျဖရွင္းခ်က္ကို ၾကားေတာ့ ယုံၾကည္သက္ဝင္သူမ်ားအေနျဖင့္ စိတ္ပ်က္လက္ပ်က္ ျဖစ္ကုန္ၾကရသည္။ စိတ္ပ်က္တာကလြဲ၍ သံသယ တစ္စံုတစ္ရာ ဝင္ျခင္းေတာ့ မျဖစ္ၾက။
ပုဏၰား ကြၽယ့္ရင္၏ လိမ္ညာျခင္းအမႈက ဟာကြက္မရွိ ၿပီးျပည့္စုံေနခဲ့သည္။

နယ္ခံဲ႐ုပ္မဟုတ္သည့္ နယ္ေျမျခားႏွစ္ေယာက္သား၏ မ်က္ႏွာမ်ားကသာ စက္ဆုပ္ျခင္းတို႔ျဖင့္ ဖုံးလႊမ္းေနခဲ့သည္။

ရွန္းခြၽယ့္က ကိႏၷရာ ႏွစ္ဦးအား ေအးတိေအးစက္ၾကည့္လိုက္ရင္း အသံအား တည္ၿငိမ္စြာျဖင့္ ေျပာလိုက္သည္။

"ဒီကို လာဦး"

ကိႏၷရာမ်ား : "လာၿပီ လာၿပီ ခုခ်က္ခ်င္း လာမယ္ေနာ္"

ကိႏၷရာ ႏွစ္ဦးလုံး ရွန္းခြၽယ့္ထံ ေၾကာက္အားလန္႔အားျဖင့္ ပ်ံသြားလိုက္သည္။
ပုဏၰားကြၽယ့္ရင္ထံမွ ခြင့္ျပဳခ်က္ေတာင္းယူျခင္းေတာင္ မရွိပါဘဲ.....
လ်င္ျမန္စြာ တိက်စြာ တုံ႔ေႏွာင္းျခင္းမရွိစြာျဖင့္.....

ကြၽယ့္ရင္ "မင္းတို႔ေကာင္ေတြ....."

သူ အသံက်ယ္ႀကီးျဖင့္ ေအာ္ခ်ပစ္လိုက္ခ်င္ပါေသာ္လည္း အလိမ္အညာေတြေပၚသြားမွာလည္း ေၾကာက္ရေသးသည္။

ကိႏၷရာႏွစ္ေကာင္က ရွန္းခြၽယ့္ေရွ႕ ေလထဲ၌ တိုးလိုးတန္းလန္း ရပ္ေနပုံက စစ္ေၾကာေရးထဲက တပ္သားေတြႏွယ္။

ထိုအေနအထားေၾကာင့္ ကြၽယ့္ရင္မွာ မ်က္လုံးတို႔ပင္ နီရဲတက္လာရသည္။
ပုံမွန္ဆိုလွ်င္ သူ႔အေနျဖင့္ ၎တို႔ထံမွ ၾကည္ျဖဴခံရဖို႔အေရး အစားေကာင္းအေသာက္ေကာင္းမ်ား ေကြၽးေမြးေပးရသည္။ ထိုမွ်ေလာက္ထိ လုပ္ေပးဖူးတာေတာင္မွ အခုသူ႔မ်က္စိေရွ႕ကသူကို ႐ိုက်ိဳးသလိုမ်ိဳး သူ႔ကို ဆက္ဆံတာမ်ိဴး တစ္ခါမွ မႀကဳံဖူးေပ။

အခုအခ်ိန္က ထိုကဲ့သို႔ ေျခရာလိုက္တိုင္းဖို႔ သင့္ေတာ္သည့္အေျခအေနမ်ိဳးေတာ့ မဟုတ္ေန။
ကိႏၷရာေတြက္ို အနားေခၚအၿပီးမွာ ရွန္းခြၽယ့္၏ အၾကည့္က ကြၽယ့္ရင္ဖက္သို႔ ေျပာင္းသြားသည္။

ထို႔ေနာက္ အၿပဳံးမမည္ေသာ အၿပဳံးတစ္ပြင့္ႏွင့္အတူ ၎က ေမးလာ၏။
"ပုဏၰားပဲ...... သီခ်င္း တီးမႈတ္ျပမလို႔ဆို?????"

ကြၽယ့္ရင္ "............."

သူ၏ နဖူးျပင္၌ ေခြၽးစတို႔ စိုစြတ္လာသည္။ သူ႔အေနျဖင့္ ထိုသူ႔အား မတုံ႔ျပန္ရဲ။အထူးသျဖင့္ တစ္ဖက္သူ၏သ႐ုပ္မွန္ႏွင့္ အဘယ့္ေၾကာင့္ ကိႏၷရာမ်ားက ယင္းအား ျမင္ျမင္ခ်င္း ဖိန္႔ဖိန္႔တုန္ေအာင္ ေၾကာက္သြားရတာလဲ မသိရေသးသည့္အခ်ိန္မ်ိဳးတြင္။

သို႔ေသာ္ သူကိုယ္တိုင္မေျဖေသာ္လည္း သူ၏ လက္ေအာက္သားေတြက ၎တို႔၏ မ်က္စိေရွ႕တည့္တည့္တြင္ သူ႔အား ေမးခြန္းလာထုတ္ေနသည့္ ျမင္ကြင္းမ်ိဳးကို လက္သင့္ခံလိမ့္မည္ မဟုတ္ေခ်။
တစ္ေယာက္က ထၿပီး ရန္ရွာေပးလာသည္။
"ေဟ့လူ.... ပုဏၰား ေျပာလိုက္တာ မၾကားဘူးလား????ကိႏၷရာ ဘုရင္က အလုပ္ရႈပ္ေနလို႔ပါတဲ့ဆို...."

ရွန္းခြၽယ့္က အျခားသူမ်ား၏ ရန္စကားအား အဖက္လုပ္မေနႏိုင္။ သူက ကိႏၷရာ ႏွစ္ေကာင္္ထံ ေမးေစ့ ေငါ့ျပလိုက္ရင္း.....
" တစ္ပုဒ္ေလာက္ တီးျပစမ္း..."

"ေကာင္းပါၿပီ ေကာင္းပါၿပီ...."
ကိႏၷရာမ်ားက ေခါင္းညိတ္လ်က္ တစ္ဦးက ဗုံကို အသင့္ျပင္ တစ္ဦးက ေစာင္းေကာက္အား ေကာက္ယူလိုက္ကာ....
အလ်င္အျမန္ပဲ ေဖ်ာ္ေျဖေပးလာခဲ့သည္။

ကြၽယ့္ရင္ : ".............."

ယြိက်န္းတု :".............."

ယုံၾကည္သက္ဝင္သူမ်ားမွာ ပုဏၰားကြၽယ့္ရင္ဖက္မွ ကာေပးလို႔ေတာင္ မၿပီးေသးခင္မွာ ၎တို႔ အႏွစ္ႏွစ္အလလ ေတာင့္တေနခဲ့ေသာ ဂီတသံက ပတ္ဝန္းက်င္၌ ပ်ံ႕လြင့္လာသည္ကို ၾကားလိုက္ရသည္။

ညင္သာေသာ ဗုံခတ္္သံ... ဆြဲငင္ေလးလံစြာ ထြက္ေပၚလာေသာ ေစာင္းေကာက္သံ......
အိပ္မက္တစ္ခုလို... ပုံရိပ္ေယာင္ တစ္ခုလို.....
ျဖစ္တည္ျခင္းႏွင့္ တည္ရွိျခင္းၾကား၌...
နားဆင္သူက ေသမ်ိဳးမ်ား ျဖစ္ပါေသာ္ ခ်က္ခ်င္းလက္ငင္း သန္႔စင္ ေပးလိုက္ႏိုင္သည့္အလား.....
တစ္ဦးတစ္ေယာက္ခ်င္းစီ၏ စိတ္အတြင္းမွ စိုးရိမ္ပူပန္မႈေသာကမ်ား ေပ်ာက္ကင္းသြားရေတာ့သည္။

ယြိက်န္းတုလိုမ်ိဳး အေၾကာင္းအေစာႀကီးကတည္းက သိထားၿပီး ကိုယ့္စိတ္ကိုယ္ ျပင္ဆင္ခြင့္ရွိလိုက္သည့္ လူအဖို႔ေတာင္ စိတ္ထဲ တစ္မ်ိဳး ရွင္းသြားသည့္ ခံစားခ်က္ကို သတိထားမိလိုက္သည္။

ယခုကဲ့သို႔ ဂီတသံစဥ္မ်ိဳးက ရွားပါး၏။
ကြၽယ့္ရင္၏ အကြက္ခ်ဖန္တီးထားေသာ အလိမ္အညာမ်ားကို ဖယ္လ္ိုက္လွ်င္ ဒီ ဘယ္ကမွန္းမသိ ပေဟဋိဆန္ဆန္ထြက္လာေသာ ေတးဂီတသံက တစ္ျခားေသာေနရာေတြမွာ လိုက္ရွာလို႔ မရႏိုင္တာမ်ိဳးျဖစ္ေနေသာ ေၾကာင့္ သက္ႀကီး႐ြယ္အိုေတြကို လြယ္လြယ္ လိမ္စားႏိုင္လိုက္တာလည္း သိပ္ၿပီး ထူးဆန္းမေနေတာ့ေခ်။
နိဗၺာန္က လာတဲ့အသံလို႔ ထင္ရင္လည္း ထင္ခ်င္စရာ။

ေျပာရင္းနဲ႔မွ တကယ့္တကယ္တြင္လည္း ဤအသံသည္ နတ္ျပည္၌ စည္းေဝးပြဲမ်ားလုပ္သည့္အခါ တီးမႈတ္ေပးရသည့္ သံစဥ္ပင္။
ကြၽယ့္ရင္ေျပာသလို နိဗၺာန္ကို ပို႔ေဆာင္ေပးသည့္သံစဥ္မ်ိဳးမဟုတ္ပါဘဲ တိုက္႐ိုက္တီးခတ္ေဖ်ာ္ေျဖေပးသည့္ ေနရာ၌သာ ကြာသြားေပမည္။

ေဘးနားပတ္လည္ရွိ နားဆင္သူတ္ို႔မွာ စ်ာန္ဝင္ကုန္ၾကသည္။
တစ္စုံတစ္ေယာက္က ထေျပာလိုက္၏။
"ဒါ ဒါ နိဗၺာန္ေရာက္ေၾကာင္း ေတးသံသာပဲ..."

"ငါလည္း ၾကားရတယ္... အဟုတ္ပဲ!!!!"

ခဏေလာက္အၾကာတြင္ တစ္ေယာက္က ဇေဝဇဝါ ထေျပာလာျပန္သည္။
"ဒီတစ္ေခါက္က် ဂီတသံက နည္းနည္းေလး ျမန္ေနသလိုပဲ..."

ယြိက်န္းတုမွာ မီးကုန္ယမ္းကုန္ တီးခတ္ေဖ်ာ္ေျဖ ေပးေနရသည့္ ကိႏၷရာေတြအား ၾကည့္လိုက္သည္။....
အမ္း... ေျပာေၾကးဆို နည္းနည္းေလးျမန္တာေတာင္ မဟုတ္ဘဲ ေသာက္ရမ္းကို ေလာေနတာဟ!

ရွန္းခြၽယ့္က အၾကည့္ကို ပင့္လိုက္ကာ ကိႏၷရာမ်ားထံ...
"ၾကားတယ္ေနာ္? အရွိန္ေလွ်ာ့ဦး..."

"ဟုတ္ ဟုတ္ ဟုတ္ ၾကားပါတယ္..."
ကိႏၷရာမ်ားက တီးခတ္ေနတာကို တဒဂၤရပ္လိုက္ၿပီးေနာက္မွ အနည္းငယ္ ေႏွးေသာ သံစဥ္ေလးအား ေျပာင္း၍ တီးခတ္ေပးလိုက္သည္။
ေလထဲ၌ ပ်ံ႕လြင့္ေနသည့္ ဂီတသံကလည္း ၿငိမ့္ၿငိမ့္ေလး ေျပာင္းလဲသြားသည္။

ထိုအခ်ိန္မွာပဲ နားဆင္ေနတဲ့လူအုပ္ႀကီးထဲမွ တစ္ေယာက္က တစ္ခုခုေတာ့လြဲေခ်ာ္ေနတာကို သတိထားမိလာသည္။ အဘယ့္ေၾကာင့္ဆိုေသာ္ ဦးေလးလ်ိဳက အန္တီလ်ိဳလက္မွ ေရွာင္တိမ္းထြက္ေျပးရင္း ထိပ္ဆုံးတန္းေရာက္ေနခဲ့တာမို႔ ရွန္းခြၽယ့္တို႔ လုပ္ေနသမွ်အား အတိုင္းသား ျမင္ေနရသည္။

သို႔ႏွင့္ ခ်က္ခ်င္းပဲ အေလာတႀကီး ေမးၾကည့္လ္ိုက္သည္။
"ခဏေလး...... အခုက ဒီေတးဂီတသံေတြကို ထိန္းခ်ဳပ္ေနတာ မင္းလား."

အမွန္တကယ္တြင္ အျခားေသာ သက္ဝင္ယုံၾကည္သူမ်ားထဲ၌လည္း ျဖစ္ေနသမွ်အား ျမင္ေနရသူေတြ အမ်ားအျပား ပါဝင္သည္။ ဦးေလးလ်ိဳက ဦးေဆာင္ေမးလိုက္သည့္ေနာက္တြင္ အျခားသူမ်ားကပါ အလွ်ိဳလွ်ိဳ ပါဝင္လာၾက၏။

ကြၽယ့္ရင္အား တိုက္႐ိုက္ေမးလိုက္သည္။
"ပုဏၰား... ဒီ ေတးဂီတသံစဥ္ တီးဖို႔ ဖိတ္ေခၚလိုက္တဲ့သူက ဆရာလား..သူလား?"

ကြၽယ့္ရင္ မည္ကဲ့သို႔ ေျဖရဲပါမည္နည္း...
သို႔ေသာ္ ရွန္းခြၽယ့္က သူ႔အား ပို၍ အၾကပ္႐ိုက္ရေအာင္ လုပ္ေနခဲ့သည္။
အားလုံး၏ သိခ်င္စိတ္ျပည့္ႏွက္ေနေသာ မ်က္လုံးမ်ားေအာက္တြင္ ၎က ေျပာလိုက္၏။

"ရပ္လ္ိုက္ေတာ့"

ကိႏၷရာမ်ားက အမိန္႔ကို နာခံလိုက္သည္။
ၿငိမ့္ၿငိမ့္ေျငာင္းေျငာင္း သံစဥ္ကား ရပ္တန္႔သြား၏။

ထိုသို႔ျဖင့္ သံစဥ္အား ထိန္းခ်ဳပ္ေနသူဟာ မည္သူမည္ဝါျဖစ္ေၾကာင္း အေျဖက ေန႔ကဲ့သို႔ပင္ ၾကည္လင္ျပတ္သား ရွင္းလင္းသြားရေခ်သည္။

ယုံၾကည္မႈျမင့္မားေနခဲ့ေသာ ဦးေလးလ်ိဳအတြက္လည္း မ်က္ခြက္ကို ျဖတ္႐ိုက္ခံလိုက္ရသည့္ႏွယ္။

"မင္းက ဘယ္လိုလို႔ သကၠတၱသံစဥ္ကို ထိန္းခ်ဳပ္ႏိုင္ေနရတာလဲ"

အျခားေသာ ယုံၾကည္သက္ဝင္သူမ်ားလည္း မအံ့ဩဘဲ ေနႏိုင္ေပစြ။
၎တို႔က ကြၽယ့္ရင္အား မယုံမၾကည္ႏိုင္ျဖစ္စြာျဖင့္ လွမ္းၾကည့္လိုက္ကာ...
"ဆရာ... ေျပာေတာ့က် ကိႏၷရာ ဘုရင္ျမတ္က အလုပ္ရႈပ္ေနလို႔ဆို?
အဲ့တာကို ဘာလို႔ ဒီလူကက် ဆင့္ေခၚႏိုင္သြားရတာလဲ?"

"....အဲ သူ သူ...သူ... ငါ.. ဟို.."
ပုဏၰားကြၽယ့္ရင္အတြက္ က်န္းဟူၿမိဳ႕၌ ေနထိုင္ႀကီးျပင္းလာရေသာ သက္တမ္းတစ္ေလွ်ာက္ အေျခအေနတစ္ခုကေန ဘယ္လိုနည္းနဲ႔ ပ ထြက္ရမလဲ မသိ ျဖစ္မိတာ ယခု ပထမဆုံးပင္။

ကိႏၷရာဂိုဏ္းအေနနဲ႔ ယုံၾကည္သက္ဝင္သူမ်ား စုေဆာင္းႏိုင္သည့္နည္းက သုခဘုံသို႔ ပို႔ေဆာင္ေပးႏိုင္သည္ဟု ထင္ရေသာ သကၠတၳေတးသံသာမွ တစ္ဆင့္ျဖစ္သည္။
ထိုေတးသံသာက ၾကားေနက်မ်ားထဲမွ ကြဲထြက္ေနသည့္ သံစဥ္တစ္ခုျဖစ္ေသာေၾကာင့္ သက္ႀကီး႐ြယ္အိုမ်ားအေနျဖင့္ သူ၏ လိမ္ဆင္အား လြယ္လြယ္နဲ႔ ယုံၾကည္သြားႏိုင္သည္ေလ။

သို႔ေသာ္ ယခုအခါတြင္မူ သူစိမ္းေယာက်္ားသား ႏွစ္ဦးက ဘယ္ကမွန္းမသိ ႐ုတ္တရက္ႀကီး ေပၚခ်လာၿပီး သကၠတၳသံစဥ္အေၾကာင္းအား သိနားလည္ေနသူမ်ား ျဖစ္ေန၍ ဒီသံစဥ္ဟာ ပုဏၰားကြၽယ့္ရင္ တစ္ဦးထဲပဲ ပိုင္ဆိုင္ျခင္းမဟုတ္ ေၾကာင္း သက္ေသျပမိလ်က္သား ျဖစ္သြားခဲ့ရသည္။

ဒါဟာ ကိႏၷရာဂိုဏ္း ပ်က္သုဥ္းျခင္း အစပ်ိဴးျခင္းပင္။

သက္ႀကီး႐ြယ္အိုမ်ားမွာ တစ္စထက္တစ္စ သံသယစိတ္တို႔မ်ားလာရသည္။
ကြၽယ့္ရင္ဖက္မွ ေျဖရွင္းခ်က္ေပးလာမည္ကို ေစာင့္ဆိုင္းေနၾကရင္း။

တစ္ခ်ိဳ႕ကလည္း ယြိက်န္းတုႏွင့္ ရွန္းခြၽယ့္တို႔ရွိရာဖက္သို႔ အာ႐ုံေျပာင္းသြားၾကသည္။ ျဖစ္ႏိုင္တာ သည္လူငယ္ေလး ႏွစ္ေယာက္က သကၠတၳသံကို သိေနျခင္းမွာ ၎တို႔ေတြလည္း ဗုဒၶ၏ ေနာက္လိုက္မ်ား ျဖစ္ေနခဲ့လို႔မ်ားလား...

ထိုအေတြးအား တစ္ၿပိဳင္တည္း ေတြးလိုက္ၾကသူေတြ မ်ားလွသည္။

ဦးေလးလ်ိဴ : " လူငယ္ေလးတို႔.... မင္းတို႔ သကၠတၳသံစဥ္ကို ဘယ္လိုမ်ိဳး ထိန္းခ်ဳပ္ထားၾကတာလဲ"

သူ၏ ထိုေမးခြန္းအဆုံးမွာ စိုးရိမ္တႀကီးျဖစ္သြားသည့္သူက ကြၽယ့္ရင္မွ တစ္ပါးမရွိပါေခ်။
ကိႏၷရာႏွစ္ေကာင္ကား ဂိုဏ္းကူးသြားခဲ့ေခ်ၿပီ။
အခုခ်ိန္မွာ သူစိမ္းလူငယ္ ႏွစ္ေယာက္အေနျဖင့္ ဗုဒၶ၏သားေတာ္မ်ား အျဖစ္ ဟန္ေဆာင္လိုက္ခ်င္လွ်င္လည္း ခက္ခဲသည့္ ကိစၥရပ္မ်ိဳး မဟုတ္ေတာ့ပါေခ်။
သူ႔အေနျဖင့္ အ႐ိုးေၾကေၾကအေရခမ္းခမ္း စုေဆာင္းထားရပါေသာ သက္ဝင္ယုံၾကည္သူမ်ားကို တစ္ဖက္ကလူမ်ားက အလြယ္တကူ ခိုးယူသြားမည္ကို စိုးထိတ္ေနခဲ့သည္။

ကြၽယ့္ရင္မွာ အေတြးပင္လယ္ ေဝေနခဲ့ရေသာ္လည္း ရွန္းခြၽယ့္မွာမူ အျခားသူ၏အပူ သူ႔အပူ မဟုတ္ ဆိုသည့္အတိုင္း လက္ႏွစ္ဖက္ကိုရင္ဘတ္ေရွ႕၌ ပိုက္ထားသည္ကိုပင္ ျဖဳတ္မခ်ဘဲ မသတီသလို မ်က္ႏွာထားျဖင့္ ၾကည့္လာကာ...
"ဒီေလာက္ေလးမ်ား.....! "

သူ႔ ဘာမွဆက္ၿပီး ေလမက်ယ္ရေသးခင္မွာပင္ ယြိက်န္းတု၏ တံေတာင္ႏွင့္ လာတြတ္ျခင္းကို ခံလိုက္ရသည္။ ရွန္းခြၽယ့္လည္း ေျပာေနလက္စကို ရပ္လိုက္ၿပီး ၎အား လွည့္ၾကည့္လိုက္၏။

စိတ္ပိုင္းျဖတ္ႏွင့္ၿပီးေနသလို မ်က္ႏွာထားမ်ိဳးက ယြိက်န္းတု၏ မ်က္ႏွာ၌ ခ်ိတ္ဆြဲထားလ်က္။
ထို႔ေနာက္ သူက ေဘာင္းဘီအိတ္ကပ္ထဲက ဖုန္းကို ႏႈိက္ထုတ္လိုက္ကာ အကုန္လုံးၾကားႏိုင္သည့္ အသံျဖင့္.....
".....ဒီေလာက္ေလးက ဘာမွမဟုတ္ပါဘူး..
အခုေခတ္ႀကီးထဲမွာ အင္္တာနက္က အခုေလာက္ထိ တိုးတက္ေနတာ..
ဘယ္သီခ်င္းကိုေတာ့ ရွာလို႔မေတြ႕ဘူးလို႔ ရွိလို႔လား???? ကိုယ့္ဖုန္းထဲမွာ music player ေလးတစ္ခု ရွိ႐ုံနဲ႔တင္ ကိုယ္နားေထာင္ခ်င္တာမွန္သမွ် ရွာနားေထာင္လို႔ရတယ္"

ရွန္းခြၽယ့္ ; "................"

ရွန္းခြၽယ့္လည္း သူေျပာမည့္စကားတို႔အား ၿမိဳခ်လိုက္ရေတာ့သည္။ ထို႔ေနာက္မွ သူ႔ေရွ႕က စကားအား ေထာက္ခံေၾကာင္း အသိအမွတ္ျပဳသလိုမ်ိဳး အသံျပဳလုပ္လာခဲ့သည္။

ကြၽယ့္ရင္"........?????"
ဘာတုန္းဟ

သက္ႀကီး႐ြယ္အိုမ်ားမွာ နားရႈပ္သြားခဲ့ရသည္။ ဦးေလးလ်ိဳကလည္း မ်က္ေစ့မ်က္ႏွာမ်ား ပ်က္လ်က္။
"လူေလး.... အခု ဘာေျပာလိုက္တာ????"

"ကြၽန္ေတာ္ ေျပာတာက....."
ယြိက်န္းတုက သူ႔ပါးစပ္မွ ထြက္သည့္ စကားတစ္လုံးခ်င္းစီကို သတိႀကီးစြာ ျဖည္းျဖည္း ပီပီေလး ထြက္ၿပီးေနာက္ ေသခ်ာေလး ရွင္းျပေပးလိုက္သည္။

"အခုေလးတင္ ၾကားလိုက္ရတဲ့ သံစဥ္ကို အြန္လိုင္းကေန နားေထာင္လို႔ ရတယ္လို႔......."

"မျဖစ္ႏိုင္တာ......"
အဘြားအို တစ္္ေယာက္က လက္ေတြ႕ကို လက္မခံႏိုင္စြာ..
"ဒီလို သံစဥ္မ်ိဳးကို ငါ အသက္ရွင္လာတဲ့ တစ္ေလွ်ာက္ တစ္ခါမွေတာင္ မၾကားဖူးတာကို...."

"ဒါကေတာ့ အန္တီက အင္တာနက္နဲ႔ နီးစပ္ခဲ့ရတဲ့သူ မဟုတ္လို႔ေနမွာေပါ့"
ယြိက်န္းတုက စိတ္ရွည္စြာျဖင့္ ထို အမ်ိဳးသမီးအား ရွင္းျပေပးလိုက္သည္။
"အကယ္လို႔ ကြၽန္ေတာ့္ကို မယုံဘူးဆိုရင္ လက္ေတြ႕ျပေပးလို႔ ရပါတယ္"

သူက ဖုန္းထဲမွ အသံအားလုံးအား mute လုပ္လိုက္သည္။ ထိုလုပ္ရပ္ကို ျမင္ေတာ့ ရွန္းခြၽယ့္က ရည္႐ြယ္ခ်က္အား အထအနေပါက္သြားၿပီး ကိႏၷရာမ်ားထံ မသိမသာ အခ်က္ေပးလိုက္ေတာ့သည္။
"ဘယ္လို ပူးေပါင္းေပးရမလဲဆိုတာ သိတယ္မလား"

"သိပါတယ္ သိပါတယ္"
ကိႏၷရာမ်ားက ေခါင္းကို ဆတ္ဆတ္ ညိတ္ပုံမွာ ၾကက္ေပါက္ေလးေတြ ပဲေကာက္စားသည့္အလား။

တေစၦဘုရင္၏ ေထာက္ခံခ်က္ အျပည့္အ၀ ရရွိထားသည့္ ယြိက်န္းတုအတြက္မူ ေၾကာက္႐ြံ႕စရာ ဘာအေၾကာင္းမွ မရွိသည္မို႔ ေဘးပတ္ပတ္လည္ကို ‌အၾကည့္ေဝ့လိုက္ရင္း အၿပဳံးက်ယ္ႀကီး တစ္ပြင့္ ၿပဳံးလိုက္ကာ....
"ေသခ်ာေလး အာ႐ုံစိုက္ထားၾကေနာ္ အားလုံးပဲ..."

"စၿပီ!"
သူက ပါးစပ္ကလည္းေျပာ လက္ကလည္း ဖုန္းမ်က္ႏွာျပင္ေပၚက ခလုတ္တစ္ခုကို ေကာက္ႏွိပ္လိုက္၏။
မ်က္စိေဒါက္ေထာက္ ၾကည့္ေနခဲ့သည့္ ကိႏၷရာမ်ားက ထိုအခ်ိန္မွာပဲ ေဖ်ာ္ေျဖမႈကို စတင္လိုက္ေတာ့သည္။

ကြၽယ့္ရင္ :"..........."
အေစာပိုင္း ‌ဇေဝဇဝါ ျဖစ္ေနခဲ့ၾကသည့္ သက္ႀကီး႐ြယ္အိုမ်ား အားလုံး မ်က္လုံးမ်ား ဝိုင္းက်ယ္ကုန္ၾကသည္။
အခ်င္းခ်င္း တစ္‌ေယာက္မ်က္ႏွာ တစ္ေယာက္ လွည့္ၾကည့္ၾကၿပီး
အေစာပိုင္းတုန္းက ေမးခြန္းထုတ္လာတဲ့ အန္တီအ႐ြယ္ အမ်ိဳးသမီးဟာလည္း စိတ္၀င္တစား နားစြင့္ေနခဲ့သည္။

ခဏအၾကာမွာ ၎တို႔က မယုံမၾကည္ႏိုင္ေတြ ျဖစ္စြာႏွင့္ အံ့ဩတႀကီး ေျပာလာ၏။

"တကယ္ႀကီး သကၠတၳသံစဥ္ပဲဟ!!!"

အျခားသူမ်ားအေနႏွင့္လည္း ခြဲျခားၾကည့္ႏိုင္ေပသည္။
ဖုန္းထဲကေန ဖြင့္လိုက္သည့္ အသံက သူတို႔ အရင္က ၾကားထားဖူးသည့္ သကၠတၳသံစဥ္ႏွင့္ တစ္ထပ္တည္း တူညီေနခဲ့ေၾကာင္းကို။
ပုဏၰားကြၽယ့္ရင္ေျပာေတာ့ တစ္ပုဒ္တစ္ပုဒ္ တီးဖို႔အေရး ကိႏၷရာဘုရင္ကို ေတာင္းဆိုရတာ ခက္ခဲတယ္လို႔ ေျပာသည့္ သံစဥ္......

၎တို႔တေတြ အဆုံးမဲ့ ယုံၾကည္ၿပီး ဥစၥာဒါနေတြပါ စြန႔္လႊတ္ရေလာက္တဲ့အထိ ယုံစားသက္၀င္ရတဲ့ သံစဥ္တစ္ပုဒ္က အြန္လိုင္းေပၚကေန အလြယ္တကူ ဖြင့္လို႔ရ‌ေနတာမ်ိဳး ျဖစ္ေနလိမ့္မယ္လို႔ ဘယ္သူမ်ား ထင္ထားခဲ့ပါမည္နည္း!!!???

ကိုယ့္ဖုန္းထဲကိုယ္ ေဒါင္းလုပ္ဆြဲၿပီး သိမ္းထားလို႔လည္း ရတယ္တဲ့ေလ!!!

တဒဂအၤတြင္း တစ္ဦးခ်င္းစီ၏ မ်က္ႏွာ အမူအရာမ်ားမွာ ယူႀကဳံးမရ ျဖစ္ကုန္ၾကသည္။
အခ်ိန္တစ္ခုၾကာသြားသည္အထိ သူတို႔သိလိုက္ရသည့္ အမွန္တရားတစ္ခုကေန ႐ုန္းမထြက္ႏိုင္ခဲ့ၾက။

ဘယ္ေလာက္ထိ ၾကာသြားမွန္းမသိတဲ့ အခ်ိန္တစ္ခုအေရာက္မွာ တစ္ေယာက္က စတင္ဦးေဆာင္ၿပီး ေအာ္ဟစ္လာခဲ့သည္။

"အဲ့လိုကိုး ဒီမေကာင္းတဲ့ ထိပ္ေျပာင္ ျမည္းကတုံးပုဏၰားေကာင္ ..
အြန္လိုင္းေပၚက သံစဥ္နဲ႔ ငါတို႔ကို လာလိမ္ေနတာေပါ့ေလ!!!!"

ေဒါသတို႔အလိပ္လိပ္ ေပၚထင္ေနတဲ့ အသံက အကုန္လုံးအား ႏိုးႏိုးၾကားၾကား ျဖစ္သြားေစသည္။
စိတ္ႏွင့္ကိုယ္ႏွင့္ တစ္သားတည္း ျပန္ျဖစ္ခ်ိန္တြင္ တစ္ညီတၫြတ္တည္း သေဘာတူလိုက္သည့္ အရာကေတာ့ လူလိမ္ပုဏၰားအား တူေသာအက်ိဳးအတိုင္း လက္စားျပန္ေခ်ဖို႔ပင္။

လူႀကီးေတြ‌ဆိုတဲ့ သေဘာသဘာ၀ကိုက လိမ္စားလို႔လည္း လြယ္ကူၿပီး အလိမ္ေပၚသြားၿပီဆိုရင္လည္း ထိန္းခ်ဳပ္ဖို႔ အခက္အခဲဆုံးေသာ မ်ိဳးစိတ္ေတြ မဟုတ္ပါလား။

ၾကည့္ေနသည့္ ဘယ္သူမဆို ကြၽယ့္ရင္တစ္ေယာက္ အခ် ခံ‌ရေတာ့မွာကို ႀကိဳခန႔္မွန္းႏိုင္သလိုမ်ိဳး သူကိုယ္တိုင္သည္လည္း အလိမ္ေတြေပၚသြားမွာမ်ိဳးေတြ ေတြးပူမေနေတာ့ဘဲ ယြိက်န္းတုထံ လက္ညႇိဳးေငါက္ေငါက္ထိုး၍ ေျပာလိုက္ေတာ့သည္။

"သူတို႔ေတြ လိမ္ေနတာ... အခုထြက္လာတဲ့ သံစဥ္က ဖုန္းထဲကေန ထြက္လာတာမဟုတ္ဘူး
ကိႏၷရာေတြက သူ႔ေဘးကေန တီးေပးေနတာ"

"ေအာ္ ဟုတ္လား?"
ယြိက်န္းတုက သူ႔အား ၿပဳံးလ်က္ႀကီး လွည့္ၾကည့္လာရင္း ဖုန္းထဲက ခလုတ္တစ္ခုကို ေကာက္ႏွိပ္ျပလိုက္သည္။
ထိုအခါ သံစဥ္က ႐ုတ္ခ်ည္း ရပ္သြား၏။

ကြၽယ့္ရင္ :"............."
*အျမင္အာ႐ုံတို႔ မူးေဝသြား*

ထိုနည္းျဖင့္ ၾကည့္ရႈသူအေပါင္းဟာ ယြိက်န္းတု တစ္ေယာက္ အမွန္တိုင္း ေျပာေနသည္ဟု ယုံၾကည္သြားၾကသည္။

ထို႔ေနာက္မွာ အံကိုတင္းတင္းႀကိတ္ၿပီး ကြၽယ့္ရင္အား ဝိုင္း႐ိုက္ႏွက္ဖို႔ ေရွ႕တိုးလာခ်ိန္မွာ ယြိက်န္းတုက အလ်င္အျမန္ပဲ အသံျဖင့္ တားလိုက္ရသည္။

"ခဏေလး!! အကုန္လုံးပဲ စိတ္လိုက္မာန္ပါ မျပဳၾကပါနဲ႔
အခုလုပ္ရပ္က တရားမ၀င္ဘူးေနာ္"

ဒီစကားေလာက္ေလးနဲ႔ လူႀကီးေတြက ဘယ္ရလိမ့္!
၎တို႔က သူ႔ပင္ စကားစစ္ထိုးလာခဲ့သည္။

"မရဘူးးးးး ဒီ လူလိမ္ေကာင္ကို လြယ္လြယ္နဲ႔ မလႊတ္ေပးလိုက္ႏိုင္ဘူး"

"ကြၽန္ေတာ္တို႔လည္း မလႊတ္ေပးပါဘူး
ဒါေပမဲ့ တရားေဘာင္ထဲကေန လႈပ္ရွားလို႔ရတဲ့နည္းေတြ ရွိတယ္ေလ"

ယြိက်န္းတုက ေျပာလိုက္သည္။
"ေစာနကတည္းက ကြၽန္ေတာ္ ရဲကို ဖုန္းဆက္ေခၚထားၿပီးၿပီ"

ထိုစကားကိုၾကားေသာ္ ကြၽယ့္ရင္က ႏိုးႏိုးၾကားၾကားျဖစ္သြားၿပီး လူအုပ္ထဲသို႔ အတင္းတိုးေဝ့ကာ အျပင္သို႔ ထြက္ဖို႔ရန္ႀကံလိုက္သည္။

သို႔ေသာ္ အခ်ိန္ကား ေႏွာင္းသြားခဲ့ေခ်၏။ ဥဩသံ ညံညံစြဲထားေသာ ရဲကားမ်ားက အျပင္ဖက္၌ ေရာက္‌ႏွင့္ေနခဲ့ၿပီ။

ပုဏၰားကြၽယ့္ရင္အား အတိတ္တုန္းကလည္း သက္၀င္ယုံၾကည္သူ အဖိုးအဖြားမ်ား၏ မိသားစု၀င္မ်ားက ရဲထံတိုင္ခ်က္ဖြင့္ျခင္းမ်ိဳး မၾကာခဏျပဳလုပ္‌ၾကတာႏွင့္ ႀကဳံဖူးသည္။

သို႔ေသာ္ ထိုအခ်ိန္တုန္းက သူ႔ဖက္မွာ ကာေပးမည့္သူေတြဆိုတာ တစ္ပုံတစ္ပင္။

ကြၽယ့္ရင္သည္ ဉာဏ္နီဉာဏ္နက္မ်ားလွသူျဖစ္သည့္အေလ်ာက္ တစ္ခုခုက မူမမွန္ေတာ့ဘူးလို႔ စိတ္ထင့္လိုက္တာနဲ႔ ေနရာကေန အလ်င္အျမန္ ထေပ်ာက္သြားတတ္သည္။

အဓိကကေတာ့ ၎အား ကာကြယ္ေပးမည့္သူ အင္အားက မ်ားေနေသာေၾကာင့္တည္း။
တစ္ခါတရံ အစြန္းေရာက္သည့္အလား ထင္ရသည္။

ရဲေတြမွာ တစ္ခါလာလည္း သက္ေသ မရွိလို႔ ဘာမွ လုပ္မရ။
ဒါတင္မကေသး ကြၽယ့္ရင္က သူသြားတဲ့ေနရာတိုင္းမွာ မ်က္ျခည္ေကာင္းေကာင္းဖ်က္ထားၿပီးမွ တစ္ျခား ေနရာသစ္တစ္ခုသို႔ ေျပာင္းေ႐ႊ႕တတ္သည္။

တစ္ေနရာတည္းမွာပဲ အခ်ိန္အၾကာႀကီး ကုန္ဆုံးတာမ်ိဳး မလုပ္တတ္။
ဒီေန႔ဒီအခ်ိန္ထိ သူသြားသမွ် ေနရာတိုင္းမွာ ေျခစလက္စ ခ်န္ထားခဲ့တာမ်ိဳးလည္း မရွိ‌ဖူးေခ်။

သို႔ေသာ္ ယေန႔တြင္မူ သူ၏ အႀကံကား လုံး၀အေရးနိမ့္သြားခဲ့ရေတာ့သည္။
၎အား အၿမဲကာကြယ္ေစာင့္ေရွာက္ေပးေလ့ရွိေသာ သက္၀င္ယုံၾကည္သူမ်ားမွာလည္း ၎ဖက္၌ မရွိေတာ့ေပ။

ထိုအစား သူတို႔ကပင္ ဦးေဆာင္၍ မ်က္ျမင္သက္ေသမ်ား လုပ္ေပးၾကၿပီး လႉတမ္းထားတဲ့ ရာဇ၀င္ေတြ record ေတြ ေငြလႊဲစာရင္းေတြအား ရဲလက္ အပ္ေပးေတာ့သည္။

ပုဏၰားကြၽယ့္ရင္၏ ဘ၀ကေတာ့ ရဲစခန္းထဲ၌ လက္ထိပ္ႏွစ္ဖက္ျဖင့္ ခ်ဳပ္ၿငိမ္းသြားရေတာ့သည္။
လိမ္လည္ခ်ဴစားထားေသာ ေငြမ်ားအားလုံးကိုလည္း လိုအပ္ေသာ သက္ႀကီး႐ြယ္အိုမ်ားထံ ျပန္ခြဲေဝေပးလိုက္ၾကသည္။

တစ္ျခားေသာ နယ္အရပ္ရပ္က ပုဏၰားကြၽယ့္ရင္စုေဆာင္းဖြဲ႕စည္းထားေသာ သက္၀င္ယုံၾကည္သူ ဂိုဏ္းမွာလည္း ပ်က္သုဥ္းသြားေတာ့၏။

သို႔ႏွင့္ ကိႏၷရာ ဂိုဏ္းဆိုသည့္ အရာဟာလည္း တည္ရွိမလာေတာ့ပါေခ်။

ပုဏၰားကြၽယ့္ရင္အား ေခၚေဆာင္သြားအၿပီးမွာ ရဲေတြက တရားလို နစ္နာသူမ်ားလည္း စုေဆာင္းသြားၿပီး ပိုက္ဆံအမ်ားဆုံး အလိမ္ခံလိုက္ရေသာ အဘိုးအဘြား မိသားစုမ်ားကိုလည္း စခန္းအား ေခၚသြား‌သည္။

ယြိက်န္းတုေကာ ရွန္းခြၽယ့္ေကာက တရားလိုမ်ား မဟုတ္ၾကတာေၾကာင့္ သူတို႔အေနနဲ႔ ရဲစခန္းသို႔ လိုက္ရန္ မလိုလိုက္ေခ်။

ရဲေတြ အကုန္ ေနရာကေန ထြက္သြား‌တဲ့အခါ က်န္ေနသည့္ အဘိုးအဘြား လူ႐ြယ္မ်ားက ယြိက်န္းတုႏွင့္ ရွန္းခ‌ြၽယ့္တို႔အား ပတ္ပတ္လည္ ဝိုင္း၍ ၎တို႔ဖုန္းေတြအား အၿပိဳင္အဆိုင္ ထိုးေပးလာခဲ့ကာ..

"လူငယ္ေလး..
အဲ့ဒီ သာယာ‌နာေပ်ာ္ဖြယ္ သကၠတၳသံစဥ္ကို ဘယ္လို ေဒါင္းလုတ္ဆြဲရမလဲ ေျပာေပးလို႔ရလား?
ငါတို႔လည္း ဖုန္းထဲမွာ သိမ္းထားခ်င္လို႔"

"အဲ့ဒီ ထိပ္ေျပာင္ျမည္းကတုံးပုဏၰားက မေကာင္းဘူးဆိုေပမဲ့ သံစဥ္ေလးကေတာ့ နားေထာင္လို႔ေကာင္းတယ္ေလ...
အဲ့ေတာ့ ငါတို႔ကိုလည္း သင္ျပေပးပါဦး"

ယြိက်န္းတုက မ်က္ႏွာပင္ လုံး၀ပ်က္သြားျခင္းမ်ိဳးမရွိဘဲ ဆင္ေျခတစ္ခုအား လြယ္လင့္တကူေလး ေျပာခ်လိုက္သည္။
"အြန္လိုင္းေပၚက သံစဥ္သီခ်င္းေတြဆိုတာ မူပိုင္ခြင့္ေတြရွိေသးတယ္
လြယ္လြယ္နဲ႔ေဒါင္းၿပီး သိမ္းထားလို႔မရဘူး"

သက္ႀကီး႐ြယ္အိုမ်ားအေနျဖင့္ မူပိုင္ခြင့္ေတ‌ြရယ္လို႔ သဲသဲကြဲကြဲမသိေသာ္ျငား ယြိက်န္းတု ဆိုလိုရင္းကိုေတာ့ နားလည္လိုက္သည္။
အကုန္လုံး စိတ္ပ်က္လက္ပ်က္ျဖစ္ကုန္ၾကကာ ေနာင္တတေသာေသာႏွင့္။
"ေဒါင္းလုပ္ဆြဲလို႔ မရဘူးေပါ့ေလ"

"ငါတို႔လည္း မူပိုင္ခြင့္အေၾကာင္း သိပါတယ္! အဲ့ေတာ့ ႐ိုး႐ိုးမရဘူးဆိုရင္ ပိုက္ဆံေပး၀ယ္ရမွာလား
‌ငါတို႔ ေပးႏိုင္တယ္"

"သကၠတၳသံစဥ္ကိုသာ ေဒါင္းလုပ္ဆြဲလို႔ရမယ္ဆိုရင္ ဘယ္ေလာက္ျဖစ္ျဖစ္ ေပးမယ္!"

စိတ္အားထက္သန္ေနၾကတဲ့သူေတြအေၾကာင့္ ယြိက်န္းတုလည္း ရင္ထဲမွာ တြန႔္ဆုတ္သြားရသည္။
ထို႔အျပင္ သကၠတၳ သံစဥ္၏ ရင္ထဲအသည္းထဲ ၿမဲစြဲေစေသာ ဓာတ္ကိုလည္း ယုံစားမိသြားသည္။
သူကိုယ္တိုင္ေတာင္ တစ္ခါနားေထာင္႐ုံနဲ႔ ထပ္ခါထပ္ခါ နားေထာင္ခ်င္စိတ္ ေပၚလာခဲ့သူမို႔ ကိုယ္ခ်င္းစာ၏။

သို႔ႏွင့္ ႏွလုံးခုန္သံတစ္ခ်က္အဆုံးမွာ...
"ဒီလိုဆိုရင္ေရာ...
ကြၽန္ေတာ္ အိမ္ျပန္ေရာက္တဲ့အခါက်ရင္ မူပိုင္ခြင့္ပိုင္ရွင္ေတြဆီ တစ္ခ်က္ဆက္သြယ္ၾကည့္ၿပီး သူတို႔‌နဲ႔ေဆြးေႏြးၾကည့္မယ္..
လိုင္စင္သာ ၀ယ္လို႔ရတယ္ဆို အဲ့က်မွ ကြၽန္ေတာ္ အားလုံးဆီ ျပန္ပို႔ေပးမယ္ေလ"

"ေကာင္းတာပါ့ လုံး၀အဆင္ေျပတယ္!"
စိတ္ပ်က္လက္ပ်က္ျဖစ္သြားၿပီးကာမွ ၎တို႔အတြက္ ေမွ်ာ္လင့္ခ်က္ ေရာင္ျခည္ေလး ျပန္သန္းလာရတာမို႔ သက္ႀကီး႐ြယ္အိုမ်ားမွာ အေပ်ာ္လြန္ ၀မ္းသာလုံးဆို႔သြားရသည္။

ဒီလိုဆို သူတို႔မွာ ဘာျပႆနာမွ မရွိေတာ့ဘူးပဲ။
လ်င္လ်င္ျမန္ျမန္ပဲ ‌၎တို႔က ယြိက်န္းတုအား Wechat ၌ လာအပ္ကုန္ၾကသည္။
"အဲ့လို ၀ယ္ၿပီးတဲ့အခါက် တတ္ႏိုင္သမွ် ျမန္ျမန္ေလး ျပန္ပို႔ေပးဦးေနာ္"

ယြိက်န္းတုအေနနဲ႔လည္း တစ္ေယာက္ခ်င္းစီ အေသးစိတ္ လိုက္လက္ခံေနလို႔မရတာနဲ႔ ေနာက္ဆုံးမွာ အႀကီးအကဲဟု ထင္ရသူေတြကိုပဲ Wechat ၌ လက္ခံလိုက္ၿပီး ထိုသူေတြခ်ည္း တစ္အုပ္စုဖြဲ႕ေပးထားလိုက္ကာ မူပိုင္ခြင့္ရၿပီးလွ်င္ က်ိန္းေသေပါက္ ပို႔ေပးမဲ့အေၾကာင္း ကတိေပးလိုက္ေတာ့သည္။

မျပန္ခင္မွာလည္း ယြိက်န္းတုအေနျဖင့္ က်န္သူမ်ားအား သတိေပးဖို႔ မေမ့ေလ်ာ့ခဲ့ပါေပ။
"ဒီရက္ပိုင္းေတြမွာ နည္းမ်ိဳးစုံနဲ႔ ရရင္ရသလို လိမ္တတ္တဲ့သူေတြလည္း ေပါလာၿပီ။
အကယ္၍မ်ား အနာဂတ္မွာ အခုလို ပုံစံတူအျဖစ္မ်ိဳးႀကဳံခဲ့ရရင္
ဘယ္သူ႔ကိုမွ အယုံမလြယ္ၾကပါနဲ႔ေနာ္"

ကိုယ္ေတြ႕ႀကဳံၿပီးမွ ရလာတဲ့ အသိေတြမို႔ သက္ႀကီး႐ြယ္အိုမ်ားအေနျဖင့္လည္း အမွတ္သညာ ရွိသြားခဲ့ၿပီ။
"စိတ္ခ်ပါ ထပ္မျဖစ္ေစရပါဘူး"

ယြိက်န္းတုႏွင့္ ရွန္းခြၽယ့္တို႔လည္း ထိုခန္းမအတြင္းမွ ထြက္လာခဲ့လိုက္ေတာ့သည္။
ကိႏၷရာႏွစ္ေကာင္ကလည္း သူတို႔ေနာက္ တပ္ၾကပ္မကြာ လိုက္ပါလာ၏။

လူသူ သိပ္မရွိတဲ့ေနရာ အေရာက္မွာ ႏွစ္ေကာင္လုံးက လူသားအသြင္သို႔ ေျပာင္းလိုက္ၾကသည္။
ထို႔ေနာက္မွာ ရွန္းခြၽယ့္ထံ
"ဒီ ႏုံအလွတဲ့ နတ္ဘုရား‌ငယ္ေလးေတြအေနနဲ႔ ႀကီးျမတ္လွေသာ တေစၦဘုရင္အား ဂါရ၀ျပဳအပ္ပါတယ္"

ယြိက်န္းတုလည္း သူ သိပ္မရွင္းျဖစ္ေနသည့္အပိုင္းကို ထုတ္ေမးလိုက္ရသည္။
"ဒါနဲ႔ မင္းတို႔ကိုယ္တိုင္လည္း နတ္ဘုရားေတြျဖစ္ေနတာပဲကို ဘာလို႔အဲ့ပုဏၰားေနာက္လိုက္ၿပီး လူေတြကို လိမ္တဲ့အလုပ္ လုပ္ေနရတာလဲ?"

ကိႏၷရာ ႏွစ္ေယာက္က အျပန္အလွန္ အၾကည့္ဖလွယ္လိုက္ၿပီး သူတို႔ကိုယ္သူတို႔ သိမ္ႏုပ္ေနသလို ခံစားရေနသည့္ပုံႏွင့္ ေနာက္ဆုံးမွာ ေျပာျပလာခဲ့သည္။

"..........ကြၽယ့္ရင္ေျပာတာက အခုလို လုပ္ေပးရင္ ငါတို႔အတြက္ ယုံၾကည္သူေတြ မ်ားလာမယ္ဆိုလို႔ပါ"

ေသမ်ိဳးတို႔လက္ထဲ အသက္ေဘးမွ လြတ္ေျမာက္လာခဲ့ၿပီးသည့္တိုင္ေအာင္ ေကာင္းကင္ႏွင့္ ကမာၻေျမႀကီးတို႔က ဆက္လက္တည္ၿမဲေနဆဲမို႔
၎တို႔မွာ ေကာင္းကင္ဘုံတပ္သားေတြဆီမွာ ေရွာင္ၾကဥ္ရန္ ကြၽယ့္ရင္၏ ဆရာထံ၌ အရင္ဦးဆုံး ကပ္ေနခဲ့ရသည္။

သို႔ေသာ္ ကြၽယ့္ရင္ထံသို႔ လႊဲေျပာင္းခံလိုက္ရသည့္အခါတြင္မူ ေကာင္းကင္ဘုံႏွင့္ကမာၻေျမႀကီးတို႔ကလည္း တစ္ကြဲတစ္ျပားျဖစ္သြားသည့္ အခ်ိန္ျဖစ္ေနသည္။

သူတို႔အေနနဲ႔ မည္သူ႔ကိုမွ ပုန္းေရွာင္ေနစရာမလိုေတာ့ေသာ္လည္း ကြၽယ့္ရင္က ၎တို႔အား သက္ရွိမ်ား၏ ယုံၾကည္သက္၀င္မႈဆိုသည့္ အရာႏွင့္ လာခ်ည္ေႏွာင္ထားသည္။

ကိႏၷရာမ်ားမွာ ေကာင္းကင္ဘုံအဆင့္၌ အနိမ့္တန္းက ျဖစ္တာမို႔ ကိႏၷရာဘုရင္ထံမွ ခြဲေပးသည့္ ယုံၾကည္သက္၀င္မႈမီးပြားကို ပမာဏနည္းနည္းေလးသာ ခြဲေဝယူခြင့္ရွိသည္။

ေကာင္းကင္ဘုံမွ ထြက္ေျပးလာၿပီးေနာက္မွာ ထိုပမာဏ ‌နည္းနည္းေလးကိုပင္ ပိုင္ဆိုင္ခြင့္မရွိၾကေတာ့ေခ်။
သို႔ေသာ္ ကြၽယ့္ရင္၏ တျဖည္းျဖည္းက်ယ္ျပန႔္လာေသာ ယုံၾကည္သက္၀င္သူ အကိုင္းအခက္ႀကီးက အခ်ိန္တိုအတြင္းနဲ႔ ၎တို႔အေပၚ ယုံၾကည္မႈေတြရေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့သည္။

၎တို႔လို အနိမ့္တန္းနတ္ဘုရားေလးေတြအဖို႔ ဒီကမ္းလွမ္းခ်က္က ျငင္းအပ္ဖြယ္ရာမရွိ။

"ကြၽန္ေတာ္တို႔ အမွားကို ကြၽန္ေတာ္တို႔ သိပါၿပီ
တေစၦဘုရင္ႀကီး ေက်းဇူးျပဳၿပီး ကြၽန္ေတာ္တို႔ကို ခြင့္လႊတ္ပါ.."
ကိႏၷရာမ်ားက တုန္ယီေနေသာ အသံမ်ားျဖင့္ ေတာင္းပန္လာခဲ့၏။

"သူေဌး....ကြၽန္ေတာ္တို႔ သူ႔တို႔ကို ဘယ္လို ကိုင္တြယ္ရင္ ေကာင္းမလဲ?"
ယြိက်န္းတု ‌ရွန္းခြၽယ့္အား ေမးၾကည့္လိုက္သည္။

ကိႏၷရာ ႏွစ္ဦးသား က်ဴးလြန္သည့္အျပစ္က အရမ္းမႀကီးက်ယ္ေသာ္ျငား အေသးအမႊားေလးလည္း ဟုတ္မေနေခ်။
ထို႔အျပင္ ဘယ္ေလာက္ပဲ ေကာင္းကင္ေတြ ေျမႀကီးေတြ ၿပိဳလဲသြားပါေစ
ထိုကိႏ္ၷရာမ်ားက နတ္ဘုရား အမ်ိဳးအစားျဖစ္သည္ဆိုသည့္အမွန္တရားကိုေတာ့ မေျပာင္းလဲႏိုင္။

အနိမ့္တန္းစားေတြျဖစ္လို႔ဆိုၿပီး အျပစ္ အေလးပင္ေတြေပးျခင္းကလည္း လုပ္ရပ္ေကာင္းတစ္ခုမဟုတ္။

ရွန္းခြၽယ့္က ေလသံေအးတိေအးစက္ျဖင့္ ေျပာလာသည္။
"ငါ သူတို႔ကို ငါ့ကုမၸဏီမွာ အိမ္သာ ေဆးခိုင္းပစ္မယ္!"

ကိႏၷရာမ်ား :".........."

ယြိက်န္းတု :"............."

ရွန္းခြၽယ့္လည္း ယြိက်န္းတု၏ စြံ႕အသြားမႈကို သတိထားမိေသာ္ ခ်က္ခ်င္းလက္ငင္း စိတ္ေျပာင္းသြားရသည္။
"မင္းပဲ ဆုံးျဖတ္လိုက္ေတာ့"

"ဟုတ္ၿပီ!"
ယြိက်န္းတုက ကိႏၷရာမ်ားအား ၿပဳံးၿပဳံးေလး ၾကည့္လိုက္ကာ...

"အရင္ဆုံး မင္း‌တို႔ေတြ ငါ့ကို သကၠတၳသံစဥ္ေလး recording သြင္းေပးဦး
ဟိုလူႀကီးသူမေတြဆီ ျပန္ပို႔ေပးရဦးမွာမို႔လို႔"

ကိႏၷရာမ်ားမွာ အိမ္သာေဆးရမည့္ဘ၀ေရာက္သြားမွာကို ေသမတတ္ ေၾကာက္႐ြံ႕ေနခဲ့တာမို႔ ေနာက္ထပ္ကမ္းလွမ္းခ်က္အသစ္ကိုပဲ ခ်က္ခ်င္းလက္ခံပစ္လိုက္ရ‌ ေတာ့သည္။
"‌ရတာေပါ့ ရတာေပါ့..
ေသေသခ်ာခ်ာေလး record လုပ္ေပးပါ့မယ္"

ရွန္းခြၽယ့္က ၎တို႔အား မ်က္လုံးေအးႀကီးမ်ားျဖင့္ စိုက္ၾကည့္လာၿပီးေနာက္မွာ ေျပာလာခဲ့သည္။
"ဒါေပမဲ့ မူပိုင္ခြင့္က ငါတို႔အပိုင္ ျဖစ္ရမွာေနာ္"

ကိႏၷရာမ်ား :"........ရ ရ ပါတယ္"

TBC

Continue Reading

You'll Also Like

161K 2K 28
mikha and aiah found out na mag tita sila!!
286K 6K 33
WATTPAD BOOKS EDITION You do magic once, and it sticks to you like glitter glue... When Johnny and his best friend, Alison, pass their summer holid...
12.1K 142 46
Follow this story to see Isla-Wren Lucia Bronze find her really family and finally be accepted and loved.
13.6K 1.7K 20
Chinese Title - 柴米油盐 Author - 阿阮有酒 Genre - Slice of Life, Yaoi [U] "Unexpected Marriage" ၏ နောက်ဆက်တွဲ။ သွမ့်ရှန်နှင့် လင်းရှီ၏ အိမ်ထောင်ရေးဘဝအကြောင်...