ခေတ်သစ် ငရဲသစ်//MM Translatio...

Galing kay May_Nineee

261K 46.9K 2.4K

Associated name-新时代新冥界 (New Times, New Hell) AUTHOR-林知落(Lin Zhi Luo) Total Chapters- 134+10extras Higit pa

Synopsis
-1- (ဘ၀စီမံခန့်ခွဲရေး ကုမ္ပဏီ)
-2- (တစ္ဆေတစ်ကောင်နှင့် အလုပ်သမားအခွင့်အလမ်းများအကြောင်း အတိုက်အခံလုပ်နေမိခြင်း)
-3- (လူ့ကမ္ဘာရှိ ပရလောကအဖွဲ့အစည်း)
-4- (မကောင်းဆိုးဝါးဝိဉာဉ်တစ်ကောင်အား ဖမ်းဆီးခြင်း)
-5- (သေခြင်းရှင်ခြင်း အကောင့်များ)
-6- (ဓာတ်လှေကား ကယ်ဆယ်ရေး)
-7- (သူဌေးအကြိုက်)
-8- (ရုပ်သေးရုပ်)
-9- (ရှေးဟောင်းရေတွင်းပြန်လည်၀င်စားခြင်းစုရပ်)
-10- (သုံးဘ၀တိုင် တိရစ္ဆာန်ဘ၀နှင့်)
-11- (ခေတ်နောက်ကောက်ကျနေသော မြေအောက်လောက ဥပဒေများ)
-12- (နတ်ဘုရားတို့၏ တိုက်ပွဲ)
-13- (မြေအောက်လောကစွမ်းအင်ရှာဖွေရေးကိရိယာ)
-14- (နှစ်လရှည်ကြာ ဒုံရင်းမြဲ ဒုံရင်းဆဲ)
-15- (လက်ဗလာဖြင့် သရဲဖမ်းခြင်း)
-16- (သရဲတစ္ဆေ ပုံရိပ်ဖော်ခြင်း နည်းပညာ)
-17- (အမြတ် စတင်ရရှိလာခြင်း)
Part-18 (တစ္ဆေဘုရင်၏ အမှတ်တံဆိပ်)
-19- (တစ္ဆေဘုရင်အား ဖိတ်ကြားခြင်း)
-20.1- (နတ်ဘုရားများကို ဖိတ်ကြားရန် ခေတ်မီနည်းလမ်းသစ်)
-20.2-
-21- (မြေအောက်လောကနှင့် ဆက်သွယ်နိုင်စေရေး ၀န်ဆောင်မှု)
-22- (မိုးကြိုးလျှပ်စီး)
-23.1- (ရွှေအိုရောင်ယုန်‌မွှေး စဉ့်ရည်သုတ်လက်ဖက်ရည်ခွက်)
-23.2-
-24- (သူဌေးက လူမဟုတ်ပါ)
-25- (လက်ကားဈေးဖြင့် အော်ဒါတင်လာခြင်း)
-26- (ဆုံတွေ့ဖို့ရာ ကံပါလာသော product manager)
-27- (အာရုံစိုက်ခံ လူတန်းစား)
-28- (ငါ မင်းကို ရှယ်ယာတွေပေးမယ်)
-29- (နတ်ဘုရားလို သူဌေး)
-30- (ယမမင်းဟာ တရားခွင်မစခင် ပထမဦးစွာ သံဘောလုံးကို မြိုချလေ့ရှိတယ်)
-31- (မြေအောက်လောကစွမ်းအင် သန့်စင်စက်)
-32.2-
-33- (၀မ်းဗိုက်တွင်း ကျက်စားသော တစ္ဆေငယ်)
-34- (အတင်းအကြပ် ငွေကောက်ခံမှု)
-35- (တစ္ဆေကလေးမလေးအား စတေးခံခြင်း)
-36- (ခေတ်သစ်တစ္ဆေဆင့်ခေါ်နည်း)
-37- (တမလွန်ဘ၀အတွက် အစီအစဉ်များ)
-38- (Cp poll)
-39- (စီးပွားရေးတစ်ခု စတင်ရတာလည်း မလွယ်ကူလှပါ)
-40- ဥပါဒါန်(စွဲလမ်းရာ)
-41.1- (စွဲလမ်းခြင်းအစပြုရာ)
-41.2-
-42- (အမြတ်မရသောထုတ်ကုန်)
-43.1- (အရူးအနှမ်းများ ဖန်ဒမ်းထဲမှ ထွက်ခွာသွားခြင်း)
-43.2-
-44- (၀ယ်လိုအား တစ်စတစ်စ တိုးများလာခြင်း)
-45- (သေခြင်းရှင်ခြင်း စာရင်းဇယား system ဗားရှင်းအသစ် ထုတ်လွှင့်)
-46- (ဘုန်းတန်ခိုးကြီးမြတ်လှသော တောက်ဓမ္မဆရာတော်များ စုဝေးရာ မိသားစု)
-47- (သိပ္ပံနည်းကျ ကျင့်ကြံရေး)
-48- (နည်းပညာရှင် ထိပ်သီးအစည်းအဝေး)
-49- (ဖိုရမ်ပေါ်ရှိ နာမည်ကြီး ဒိန်ခဲတုံးကြီး သုံးတုံး)
-50- (နည်းပညာ၏ ဒိဗ္ဗစက္ခုဉာဏ်)
-51- (အရေးပါသောသူ ၀င်ရောက်လာမှု)
-52 (တစ္ဆေပွဲတော် ပန်းခြံ ပါတီ)
-53- (တစ္ဆေပွဲတော် ဈေးရောင်းပွဲ)
-54- (မြေအောက်လောက ထိပ်တန်းမြင်ကွင်း ရှစ်မျိုး)
-55- (တစ္ဆေရာချီ စီတန်းလှည့်လည်ပွဲ)
-56- (တုံးအသော ကလေးများ)
-57.1- (အထီးကျန်ဖွယ် လော့ဖုန်းတောင်)
-57.2-
-58- (တစ္ဆေစျေးတန်းမှ ပစ္စည်းများအား အလွယ်တကူ ၀ယ်ယူနိုင်မည့် ပလက်ဖောင်း)
-59.1- (သန့်စင်စက်အကြောင်း စကားနိုင်လု)
-59.2-
-60- (အပန်းဖြေဥယျာဉ်မှ စတော့ရှယ်ယာများ ၀ယ်ယူခြင်း)
-61- (ဒိတ်လုပ်ခြင်း)
-62- (ဖျော်ဖြေရေးနတ်ဘုရားများ)
-63- (အွန်လိုင်း သက္ကတ္ထ)
-64.1- (ဘဝစီမံခန့်ခွဲရေး application)
-64.2-
-65- (ပရိုဂရမ်မာများက ဘယ်တော့မှ တစ္ဆေနှင့် ကြုံတွေ့ရလေ့မရှိပါ‌လေ)
-66- (သေဆုံးခြင်း အစားထိုးမှု)
-67- (တစ္ဆေက ဝိဥာဥ်ကို ခေါ်ခြင်း)
-68- (ကြိုပြီး မြင်တွေ့ခွင့်ရလိုက်တဲ့ အနာဂတ်ဖြစ်ရပ်လေး)
-69- (လူသတ်မှု စစ်ဆေးမေးမြန်းခြင်း)
-70- (ပရိုမိုးရှင်း ဆင်းရာ၌ အခက်အခဲများ)
-71- (ပြန်လည်၀င်စားခြင်း)
-72- (ပရိုဂရမ်၌ ဗိုင်းရပ်စ်ထည့်ခြင်း)
-73- (အပ်ပေါက်လည်ချောင်း ဆာလောင်မွတ်သိပ်တစ္ဆေ)
-74- (ဆာလောင်မွတ်သိပ် တစ္ဆေ လမ်းကြောင်း)
-75- (မီးမှုတ်လည်ချောင်း ဆာလောင်မွတ်သိပ် တစ္ဆေ)
-76- (မရဏပြည်ရဲ့ အဆုံးအစမဲ့ အနန္တမီးတောက်)
-77- (ငါပဲ ဖြစ်ရမယ်)
-78- (ကောလဟာလများကို အတည်ပြုပေးခြင်း)
-79- (ငန်းကလေး Peppa)
-80- (Sagittarius Band)
-81- (ဘတ်စ်ကား မှားတက်မိခြင်း)
-82- (တစ္ဆေဘတ်စ်ကား)
-83- (ရှင်သန်နေသော သေဆုံးသူ)
-84- (တစ္ဆေဘုရင်အား အ၀တ်လဲခြယ်ပေးရခြင်း ဂိမ်းပြိုင်ပွဲ)
-85- (ရုပ်ရှင်အတူတူ ကြည့်ကြခြင်း)
-86- (အတု‌အယောင် ရုပ်ရှင်ပြသပွဲ)
-87- (ဖွင့်ပြောဖို့ စီစဉ်နေခဲ့တာ မဟုတ်ရပါ)
-88- (ပြီးဆုံးသွားသော ဇာတ်ကြောင်း)
-89- (CEO က ရှေးဟောင်းပစ္စည်းတွေအကြောင်း နားမလည်ပါ)

-32.1- (မရဏပြည်၏ လက်အောက်ခံ ကုမ္ပဏီရုံးခွဲအသစ်)

2.7K 519 6
Galing kay May_Nineee

(Unicode)

ယွိကျန်းတု ထိုစကားကို ပြောလိုက်ချိန်က ပါးစပ်ထဲရှိရာ ရွှတ်နောက်နောက် ပြောချလိုက်ခြင်းသာ ဖြစ်သည်။ အခုလေးတင်ပဲ သူ့အမေဆီကနေ အဲယားကွန်းလေအေးပေးစက်အသစ်အကြောင်း ဖုန်းဆက်မေးလာနေတာမို့ ထိုကိစ္စနဲ့ဆက်စပ်ပြီးတော့ တောက်ဓမ္မကိုယ်တော်နှစ်ပါးကို စ‌နောက်ချင်စိတ် ပေါ်လာခိုက် ပါးစပ်က ထွက်မိထွက်ရာ ထွက်သွားခဲ့ခြင်းမျိုးပင်။

သို့သော် မှန်းချက်နဲ့နှမ်းထွက်မကိုက်ခဲ့သည်က ထိုသူများမှာ သူ၏ ရွှတ်နောက်နောက်စကားများ၏အဓိပ္ပါယ်ကိုတောင် ရွှတ်နောက်နောက်မှန်း သဘောမပေါက်ဘဲ
အဲ့ဒီအစား မျက်နှာထားများဟာ အတည်ပေါက်တွေ ဖြစ်နေခဲ့ကြသည်။
ယွမ့်ချင်၏ မျက်နှာမှာဆိုလျှင် အံ့ဩမင်သက်ခြင်းတွေအပြည့်။
သူက တလေးတစားဖြင့်
"ထင်ထားတဲ့အတိုင်းပဲ လူလေး ရှောင်ယွိကတော့ ဒီနည်းပညာပိုင်းမှာ တကယ်ကို ဉာဏ်ကြီးရှင် ပီသပါပေတယ်...
ဦးနှောက်က အမြဲတမ်း ချက်ဆို ဂွက်ခနဲ ဗုံးပေါက်တော့တာပဲ...
ငါတို့တွေ ဘာလို့ အရင်က ဒါမျိုး မတွေးမိရတာပါလိမ့်"

တောက်ဓမ္မဘုန်းတော်ကြီးမုကလည်း သဘောတူ ထောက်ခံလာခဲ့သည်။..
"အကယ်လို့ ကိုယ်တော်တို့သာ မြေအောက်လောကစွမ်းအင်သန့်စင်ရေးကိရိယာတစ်ခု တီထွင်နိုင်လိုက်မယ်ဆိုရင်
ဒကာ ဒကာမတွေ အနေနဲ့ သူတို့အိမ်မှာ သူတို့ ကိုယ်တိုင်ကိုယ်ကျ မကောင်းဆိုးဝါးဖယ်ရှားနိုင်သွားမယ်..
ကိုယ်တော်တို့ကို သပ်သပ်ပင့်ပြီး ဂါထာမန်းမှုတ်ခိုင်းစရာလည်း လိုတော့မှာ မဟုတ်ဘူး..
ဒါ တကယ်ကိုကျင့်ကြံရေးရဲ့ အရှိန်အဟုန်ကို တိုးမြှင့်ပေးနိုင်မယ့် အကြံဉာဏ်ပဲ"

ယွိကျန်းတု :"............"

ခဏလေးနေကြပါဦး..
အရင်က ဒီကိုယ်တော်နှစ်ပါး ဒီလိုမျိုး မဟုတ်ကြပါဘူး...
ကိစ္စတွေကို အခုလို လွယ်လွယ်လေး လက်ခံတတ်ကြတဲ့ လူစားမျိုးတွေ မဟုတ်ကြဘူးမလား...

သို့နှင့် သူလည်း အကူအညီရလိုရငြား ရှန်းချွယ့်၏ မျက်လုံးထဲသို့ တည့်တည့် လှမ်းကြည့်လိုက်၏။
တိုက်ဆိုင်စွာပဲ သူဌေးဖြစ်သူဟာလည်း ထိုအချိန် သူ့ကို ကြည့်နေတာကြောင့် နှစ်ယောက်သား အကြည့်ချင်းဆုံသွားကြပြီးနောက် ရှန်းချွယ့်က ဂုဏ်ယူပြောင်မြောက်သော အပြုံးကြီးဖြင့် ရဲရဲကြီး ပြောချတော့သည်။
"ထင်ထားတဲ့အတိုင်းပဲ ကျွန်တော့်ကုမ္ပဏီရဲ့ CTO ဆီက အကြံဉာဏ်ဆိုတော့ ဘာမှ သံသယ၀င်စရာကို မလိုဘူး"

(T/N : CTO က CEO လက်အောက်က ရာထူးကိုမှ သူက နည်းပညာပိုင်း တာ၀န်ခံရတဲ့ လူကြီးပိုင်း ရာထူးမျိုး)

ယွိကျန်းတု : ဆွံ့အ

ယွိကျန်းတု :"......ခဏလေးနေပါဦး
ကျွန်တော်က ဘယ်တုန်းက ကုမ္ပဏီရဲ့ CTO ဖြစ်သွားရတာလဲ"

ရှန်းချွယ့်က မေးတစ်ချက်ပင့်လိုက်လေသည်။

"အခုတင်ပဲ"

ယွိကျန်းတု :....."အိုကေပါ"

ဘာပဲဖြစ်ဖြစ် ကုမ္ပဏီမှာက သက်ရှိလူသားဆိုလို့ သူရယ် နောက်တစ်ယောက်ရယ် ပေါင်းမှ စုစုပေါင်း နှစ်ယောက်ပဲရှိတာ..
ဘယ်ရာထူးပေးပေး လုပ်ရတဲ့ အလုပ်ပမာဏကတော့ အတူတူနဲ့အနူနူပါပဲ...

သို့သော် ကိုယ်တော်နှစ်ပါးနှင့် ရှန်းချွယ့်၏ မျက်စိမှိတ်ခေါင်းညိတ်လောက်အောင် ယုံကြည်ပေးကြမှုအောက်မှာ သူ့ရဲ့ အပေါ်ယံစချင်ရုံ ထုတ်ပြောလိုက်မိတဲ့ အကြံဟာလည်း သိပ်ပြီး အဆိုးရွားကြီး ဟုတ်‌မနေခဲ့ပါချေ ။
သူ့ဖက်က ဟာသလုပ်ပြောလိုက်တာဖြစ်ပေမယ့် တကယ်တမ်း ခေါင်းချင်းဆိုင် တိုင်ပင်ပြီးကြချိန်မှာတော့ ဒီအစီအစဉ်ဟာ အကောင်အထည်ဖော်နိုင်ခြေမြင့်သည့် အစီစဉ်မှန်း ရိပ်မိလာရသည်။

ယွိကျန်းတုသည်ကား နဂိုကတည်းက ဆန်းသစ်တီထွင်မှု နည်းပညာရပ်တွင် စိတ်ပါ၀င်စားသူ ဖြစ်ခဲ့တာတစ်ကြောင်း..
နည်းပညာအသစ်အသစ်များနှင့်ပတ်သတ်ပြီး အမီလိုက်နိုင်သူ ဖြစ်နေခဲ့သည်။
တက္ကသိုလ်‌တက်ရောက်နေရစဉ်ကာလအတွင်းကလည်း အိမ်တွင်းလျှပ်စစ်သုံး သန့်ရှင်းရေးပစ္စည်းကိရိယာများနှင့်ပတ်သတ်သည့် AI ပညာရပ်ကိုလည်း အတန်းတစ်တန်းယူကာ လေ့လာဖြစ်ခဲ့သည်။
သို့ဖြစ်ရာ ထိုကိရိယာများ မည်သို့မည်ပုံ အလုပ်လုပ်လဲဆိုတာကို သူ့အနေဖြင့် ကောင်းကောင်းကြီးသိ၏။
ဤသို့ဖြင့် အနည်းငယ်စဉ်းစားတွေးတောပြီးချိန်တွင် သူ့ခေါင်းထဲ၌ အစီအစဉ်တစ်ခုဖန်တီးလျက်မိသား ဖြစ်သွားခဲ့ရသည်။

ဥပမာဆိုရသော် မြေအောက်လောကစွမ်းအင်သန့်စင်ရေးကိရိယာ ဖန်တီးနိုင်ဖို့အတွက် ပုံကြမ်းကို ရိုးရှင်းလွယ်ကူစွာဖြင့် ပုံမှန် လေအေးသန့်စင်စက်၏ သဏ္ဍာန်ကို မှီငြမ်းလိုက်မည်။
ယင်းမှာ ၎င်း၏ခေါင်းတွင်း ပထမဆုံး၀င်လာသည့် အကြံဉာဏ်ပင်။

ပထမဆုံး အခြေခံရမည့် ပုံကြမ်းမှာ ဖုန်စုပ်စက်၊ လေအေးသန့်စင်စက် ၏ နည်းပညာဖြစ်သည်။
၎င်းတို့ထဲတွင် အဓိကပါ၀င်ပစ္စည်းမှာ အင်ဂျင်တစ်လုံး ၊ လေဒလက် နှင့် သန့်စင်ဇကာပြား တစ်ခု ဖြစ်၏။
ထိုကိရိယာများက မရပ်မနား ၀င်ရောက်နေသော လေကို ထိန်းချုပ်ပေးပြီး ထိုလေများကို သန့်စင်ကာ အညစ်အကြေးများကို တစ်ဖက်ကနေ ပြန်ထွက်စေမည် ဖြစ်သည်။
ဤနည်းဖြင့် သန့်စင်ခြင်းနည်းလမ်းကို ပြီးမြောက်စေမည်။

နောက်ထပ် စဉ်းစားမိသည့် ဒီဇိုင်းတစ်မျိုးမှာကား ပို၍ တိုက်ရိုက်ဆန်သည်။
၎င်းက အပေါ်မှာပြောပြခဲ့သည့် လေအေးသန့်စင်စက် နည်းပညာနှင့်တော့ အနည်းငယ် ကွာခြားနေနိုင်သည်။
ဤနည်းပညာ၌ကား လေဒလက်များ သန့်စင်ဇကာပြားများ မပါ၀င်ပဲ
လေထဲ၌ ပါ၀င်လာသည့် အညစ်အကြေးများကို တစ်ခြားတစ်ဖက်မှပြန်ထွက်စေ၍ စွန့်မပစ်တော့ဘဲ ပါလာသည့်အညစ်အကြေးများကို ဖမ်းမိရရှိတာနှင့်ချက်ချင်းလက်ငင်း တန်းပြီး သန့်စင်ပစ်လိုက်မည့် နည်းပညာပင်။

ယွိကျန်းတုလည်း သူ၏ အကြံများကို အကြမ်းဖျင်း ရှင်းပြပေးလိုက်သည်။ ယွ့မ်ချင်က ချက်ချင်းလက်ငင်းပဲ သဘောပေါက်သွားခဲ့ကာ...
"အိုဟိုးးးး ဒီ ဖုန်စုပ်စက်နည်းပညာက တော်တော်လေးကို အဆင်ပြေတာပဲ"

လူတိုင်း၏ အာရုံက သူ့အပေါ် ကျရောက်နေမှန်းရိပ်မိတဲ့ ကိုယ်ရင်ယွမ်ချင်းက ရင်ကို တစ်ချက်ကော့လိုက်ကာ...
"ယွိကော ရဲ့ အကြံအရ ဒီ ပုံကြမ်းက စက်ထဲမှာထည့်မယ့် သန့်စင်ကိရိယာပေါ်မှာ အခြေခံနေတာပဲ.
တကယ်တော့ ကိုယ်တော်တို့ဆီမှာ မကောင်းဆိုးဝါးသန့်စင်ပေးနိုင်တဲ့ မှော်၀င်ပစ္စည်းတွေ အများကြီးရှိတယ်လေ...ကိုယ်တော်တို့သာ ဒီပစ္စည်းတွေကို နည်းနည်း အသွင်ပြောင်းနိုင်မယ်ဆိုရင် အဲ့ပစ္စည်းတွေကို စက်ထဲကိုထည့် ၊ ပြီးရင် လေဒလတ်နဲ့ စီးဆင်းခိုင်းလိုက်ရင် မြေအောက်စွမ်းအင်တွေအလွယ်တကူနဲ့ သန့်စင်သွားစေနိုင်မှာပဲ"

...........နာမည်တောင် တပ်မခေါ်တော့ဘူး ယွိကော ဖြစ်သွားပြီ ဟ!

ယွိကျန်းတု ဒီလိုအချိန်ကြီးမှာ ဖြတ်ပြီး သူ့အနေနဲ့ အသက်က သူက ပိုငယ်ပါတယ်လို့ ၀င်ထောက်ပေးရင်လည်း မကောင်း။
မတတ်သာဘဲ ခေါင်းပဲညိတ်လိုက်ရပြီး
"စဉ်းစားထားတာလည်း အဲ့လိုပါပဲ" ဟုသာ တုံ့ပြန်လိုက်ရသည်။

သို့သော် ယွမ့်ချင်မျက်နှာက စိတ်အေးလက်အေးမဖြစ်သေးဘဲ တွေးတွေးစစဖြင့်
"ဒါမဲ့နော် ဒီနည်းက ပြောတော့သာ လွယ်တာ တကယ်အကောင်အထည်ဖော်ဖို့ဆို ခက်ခဲလိမ့်မယ်ထင်တယ်"

ဤအစီအစဉ်ကို အကောင်အထည်ဖော်နိုင်ဖို့အရေးတွင် တောက်ဓမ္မပညာရပ်၏ အရေးကြီးဆုံး ကဏ္ဍနှစ်ရပ် ပါ၀င်နေပေသည်။
စွန့်ဦးတီထွင်မည့်သူတွေအနေဖြင့် မှော်၀င်ကိရိယာများကို သန့်စင်စက်သဏ္ဍာန်ပြောင်းနိုင်ဖို့ဆိုသည်မှာ မလွယ်ကူနိုင်ပါ။
ထိုမလွယ်ကူတဲ့နည်းပညာကိုမှ အင်ဂျင်စက်တစ်ခုထဲ ထည့်နိုင်ဖို့ဆိုတာ ပို အလှမ်းဝေးလှသေး။

ဒုတိယအချက် ၊
‌တောက်ဓမ္မမှော်၀င်ကိရိယာများအား မကောင်းဆိုးဝါးဖယ်ရှားရေးတွင် အသုံးပြုနိုင်ခြင်းမှာ ၎င်းတို့က အသုံးမပြုခင်တွင် စကြ၀ဠာအတွင်းရှိ တစ္ဆေ ၊ နတ် ၊ ဗြဟ္မာတို့၏ စွမ်းအင်ကို ချေးငှားသုံးလိုက်ခြင်းကြောင့်ဖြစ်သည်။
ထို့ကြောင့်လည်း အသုံးပြုရခက်ခဲသည်ဟု ဆိုလိုခြင်းဖြစ်၏။
တောက်ဓမ္မဘုန်းတော်ကြီးတစ်ပါးအနေဖြင့် အသုံးမပြုမီအချိန်တိုင်း ဂါထာမန္တာန်ရွတ်ဆိုခြင်းဖြင့် နတ်ဘုရားတို့ထဲမှ စွမ်းအင်ချေးယူခြင်းကို မဖြစ်မနေ အကြိမ်တိုင်း ပြုလုပ်ပေးရသည်။

ဒီအကြောင်းကို ယွိကျန်းတု ကြားလိုက်သော် အနည်းငယ် ဆုံးဖြတ်ရခက်သွားရသည်။
"အဲ့အတွက်ဝော့ာ ကျွန်တော် နောက်မှ သပ်သပ် ပရိုဂရမ်တစ်ခု ရေးကြည့်ကြည့်မယ်။
ရည်ရွယ်ချက်က အသုံးပြုသူအနေနဲ့ ဒီပစ္စည်းကိုသုံးသုံးချင်းပဲ စွမ်းအင်ချေးနိုင်ဖို့ဆိုတော့......"

သူ့မှာ ပြောရင်း ကိုယ်တော်နှစ်ပါးကို ထပ်စနောက်ချင်လာပြန်သည်။
"ဥပမာပြောပြရရင် စက်ကို စဖွင့်လိုက်တာနဲ့ တောက်ဓမ္မဘုန်းတော်ကြီးမုရဲ့ ဂါထာမန္တာန်ရွတ်တဲ့အသံကြီး အော်တိုထွက်လာအောင် လုပ်လိုက်ရင်ရော......."

တောက်ဓမ္မဘုန်းတော်ကြီးမု :"......."

တစ်ဖက်မှာ မြေအောက်လောကအကြောင်းရယ် တောက်ဓမ္မပညာရပ်အကြောင်းတွေ ပယ်ပယ်နယ်နယ် ဆွေးနွေးနေကြချိန်မှာ ယန်ရှင်းတစ်ယောက် ဘေးနားလေးထွက်ပြီး ကော်ဖီတစ်ခွက်နှင့် ရပ်ကြည့်နေရသည်။

ဘ၀ရဲ့ သက်တမ်းလေးပုံသုံးပုံလောက်ကို သင်တန်းပို့ချခြင်းအခမ်းအနားတွေမှာဆိုလျှင် ဦးဆောင်ရှင်းပြသူအဖြစ် ဖြတ်သန်းလာရသည့်သူတစ်ယောက်အနေဖြင့်
ယန်ရှင်းမှာ ဘယ်တော့မဆို လူအများ၏ အာရုံများကျရောက်ရာ လူတန်းစားဖြစ်ခဲ့သည်။

အထူးသဖြင့် ဒီနေ့လိုမျိုးမှာဆိုရင်လည်း အကုန်အကျခံရတာမှန်သမျှ သူကို
ဒီစကားဝိုင်းကို ဦးဆောင်နေရတဲ့သူကလည်း သူပဲဖြစ်သင့်တာ မဟုတ်ပါလား။

သို့သော် သူ့ခမျာ ထမင်းစားလက်ဆုံကျပြီးသွားသည့်အချိန်ထိတောင် ၎င်းတို့၏ စကားဝိုင်းထဲ ဖောက်၀င်နိုင်ခြင်းမရှိခဲ့ပါ။

ဒါက သူ့အမှားလို့လည်း ဆိုနိုင်ချေမရှိ။ ဒီတိုင်းပဲ သူတို့ဆွေးနွေးနေကြတဲ့အကြောင်းအရာတွေက....သာမန်မဟုတ်နေတာ..
မဟုတ်သေးဘူး မေ့လို့..
အရမ်း သိပ္ပံနည်းကျဆန်နေတာ...
ဒါလည်း မဟုတ်ပြန်ဘူး...!

ဘာပဲဖြစ်ဖြစ် သူ ဒါတွေနားမလည်တာက သူတို့ကိုက ဗန်းစကားတွေနဲ့ပြောနေကြလို့ပဲ.
လိုက်မမီတော့ဘူး။
ယန်ရှင်းမှာ ဘယ်လောက်ပဲ တစ်ဘ၀လုံးနီးနီး အစည်းအဝေးပွဲတွေရဲ့ ဦးဆောင်ဟောပြောရသူ ဖြစ်ခဲ့သော်ငြား ဒီ‌‌တစ်ကြိမ်တွင်တော့ တောက်ဓမ္မကိုယ်တော် ယွမ့်ချင်ပြောတာတွေကို မျက်လုံးပြူးလေးနှင့် တစ်ချက်ကြည့်လိုက် အူလည်လည်လေးဖြစ်နေခဲ့ရသည်။
ယွမ့်ချင်မှာ သူ့ဆရာ၏ပညာအမွေအနှစ်တွေကို လက်ဆင့်ကမ်းယူချင်နေသူပီပီ စိတ်အားတက်ကြွနေခဲ့ကာ ထိုနေရာတွင်ပဲ ကောက်ကာငင်ကာကြီး အွန်လိုင်းကနေ သင်ကြားပေးသည့် အိမ်ထောင်မှုပစ္စည်းနှင့်ပတ်သတ်သည့် AI နည်းပညာအတန်းတွင် သွား၍ သင်တန်းအပ်ပစ်လိုက်တော့သည်။
၎င်းက ယွိကျန်းတုကို ဒီနည်းပညာ ဖန်တီးမည့် ခရီးတွင် သူ့ကိုပါ ပါ၀င်စေချင်နေခဲ့သည်။
ပိုပြီး မယုံကြည်နိုင်စရာကောင်းတာက သူ့ဆရာဖြစ်သူတောက်ဓမ္မဘုန်းတော်ကြီးမုက တစ်ချက်ကလေးတောင် ခေါင်းယမ်း ငြင်းဆိုတာမျိုး မရှိ ဖြစ်နေခဲ့တာပဲ။

ယန်ရှင်းစိတ်ထဲ၌
ဤခဏတာလေးသော နေ့လည်စာစားချိန်အပိုင်းအခြားလောက်လေး‌တွင် သူလည်း ကမ္ဘာကြီး၏ အသစ်သစ်သော အမြင်တွေကို ရရှိလိုက်တာပဲဟူ၍။

***************

ချွမ်တုံးမှ ပြန်လာပြီးနောက်မှာ ယွိကျန်းတု၌ လုပ်စရာ အလုပ်အသစ်တစ်ခု ထပ်တိုးလာခဲ့ရသည်။ ၎င်းမှာ မြေအောက်လောကစွမ်းအင်သန့်စင်ရေးကိရိယာကို ကိုယ်ရင်ယွမ့်ချင်နှင့် ဖက်စပ်တီထွင်ရန်ပင်။

အစကတည်းက ဒီပရောဂျက်ကို သူတစ်ကိုယ်တည်း အကောင်အထည်ဖော်ချင်စိတ်မရှိခဲ့တာ အမှန်။
အကြောင်းအရင်းနှစ်ချက်ထဲမှ ပထမအချက်မှာ
၎င်းတီထွင်ရေးက ကုမ္ပဏီ၏ အချက်ချာကျ‌သော လုပ်ငန်းတစ်ရပ်လည်း မဟုတ်သောကြောင့် ။
သူ တီထွင်သည်ဖြစ်စေ မတီထွင်သည်ဖြစ်စေ အနာဂတ်မှာ ရေရှည်သုံးဖို့ အာမခံချက်မရှိသည့် အပိုပရောဂျက်တစ်ခုသာ ဖြစ်သည်။

ဒုတိယတစ်ချက် ၊
သူ့မှာ တကယ် တကယ့်ကို အချိန်မအားလပ်တာကြောင့်။
သူနှင့် ကျန့်ယန်တို့ အကြိမ်ပေါင်းများစွာ တိုင်ပင်ဆွေးနွေးပြီး သေခြင်းရှင်ခြင်းအကောင့်များကို ထိန်းသိမ်းဖို့ရာ ပရိုဂရမ်ရေးဆွဲဖို့ ပြင်ဆင်ထားနှင့်ပြီးသား ဖြစ်နေခဲ့သည် ။
များမကြာမီကာလအတွင်းမှာ နှစ်ဦးသား ထိုအတွက် စတင်အကောင်အထည်လည်း ဖော်ကြတော့မည်။

သူ စဉ်းစားကြည့်လိုက်ပြီးသည့်နောက် တကယ့်တကယ်တွင် ဒီကိစ္စတွေကို ‌ဖြောင့်ဖြောင့်ဖြူးဖြူး လုပ်နိုင်ဖို့အရေး ကျွမ်းကျင်နည်းပညာသမားများ ထပ်ခေါ်ဖို့ လိုအပ်နေကြောင်း သိလာရသည်။
ထို့အပြင် သေခြင်းရှင်ခြင်းစာရင်းဇယားအတွက်သာ မက ၊ မြေအောက်လောကစွမ်းအင်သန့်စင်ရေးကိရိယာ အကောင်အထည်ဖော်နိုင်ဖို့ အရေးအတွက်ရော

သို့သော် ဒီတစ်ကြိမ်တွင် ၀န်ထမ်းအသစ် ခေါ်ယူဖို့ရာ "လော့ဖုန်း" ဆိုတဲ့ နာမည်ကို မသုံးသင့်တော့ကြောင်း သူတို့ သတိထားမိလာသည်။
အဓိကက လော့ဖုန်း၏ လိုအပ်သည့် အရည်အချင်း ၊ ဆောင်ရန်ရှောင်ရန် စသည့် ပညတ်ချက်များက ထွေပြားများပြားလှသည်ကြောင့်။

တစ္ဆေတွေနှင့် အလုပ်မလုပ်ချင်တာ မပြောနဲ့ အလုပ်မလုပ်ရသေးခင်ကတည်းက ကုမ္ပဏီက လက်မှတ်ထိုးခိုင်းသည့် သဘောတူစာချုပ်မှာ တကယ့် ထောင်ချောက်ကြီးပင်။
ထိုစာချုပ်က အလုပ်လာလျှောက်သူတွေကို ခြေချုပ်မိစေရုံသာမက ကုမ္ပဏီကိုယ်တိုင်ကိုပင် ခေါင်းစားစေရသည်။
မလွှဲသာလို့ အလုပ်ခန့်လိုက်ပြီးမှ သဘောမကျရင် ပြန်ဖြုတ်ဖို့ကလည်း တော် တော်မလွယ်ကူသည့် အချက်ကြောင့် အတော်လေး ဘေးကျပ်နံကြပ်ဖြစ်ရစေသည်။
(T/N : တစ္ဆေကုမ္ပဏီကြီးဖြစ်နေတော့ ခဏ၀င်လာလုပ်ပြီး အလုပ်ထွက်ခဲ့သော် သူတို့အကြောင်းတွေပေါ်ကုန်မှာ ဆိုးတာမျိုးကို ပြောချင်တာနော်><)

သူ ဒီကိစ္စကို ရှန်းချွယ့်နှင့် ဆွေးနွေးကြည့်ပြီးနောက်
အဆုံးတွင် "ယွိကျန်းတု" ဟူသည့် နာမည်အောက်ကနေ၍ ကုမ္ပဏီခွဲတစ်ခု ဖွင့်လှစ်လိုက်ဖို့ စီစဉ်ဖြစ်သွားသည်။

မြေအောက်လောကရဲ့အရေးပါအရာရောက်တဲ့ လုပ်ငန်းကိစ္စတွေကလွဲလျှင် အခြားသော စီးပွားရေးလုပ်ငန်းများကို ထိုကုမ္ပဏီခွဲအောက်မှ ဆက်လက်လုပ်ကိုင်သွားကြမည်။

အလုပ်ခန့်ရာတွင်လည်း စာချုပ်ကို ဗားရှင်းနှစ်ခုခွဲလိုက်၍
တစ္ဆေ၀န်ထမ်းများက လော့ဖုန်းကုမ္ပဏီအောက်ကစာချုပ်ကို ချုပ်စေပြီး သက်ရှိလူသား၀န်ထမ်းများ ခန့်အပ်ရာတွင် ယင်းတို့အား လက်အောက်ခံကုမ္ပဏီခွဲ၏ စာချုပ်ကို သီးသန့်ချုပ်စေမည်။

ထိုသို့ ဆုံးဖြတ်ချက်ချအပြီးတွင် ရှန်းချွယ့်က လုလင်းရှီကို ဆင့်ခေါ်၍ လိုအပ်သည့် အချက်အလက်များပြင်ဆင်ပေးရန် စေခိုင်းလိုက်သည်။
ဤအထက်ပါအကြောင်းအရာများကို အစအဆုံးနားထောင်ပြီးနောက်မှာ လုလင်းရှီတစ်ယောက် ကြောင်အမ်းအမ်းလေးဖြင့်
သူဌေးဖြစ်သူကို သေချာအောင် ပြန်မေးကြည့်လိုက်ရသည်။
"ယွိကျန်းတုနာမည်အောက်ကနေ ကုမ္ပဏီခွဲတစ်ခု ထပ်ဖွင့်မယ်?"

ရှန်းချွယ့်က ဇဝေဇဝါ ပြန်ကြည့်လိုက်၏..
"ဘာဖြစ်လို့လဲ?"

လုလင်းရှီ :"..............."
သူဌေးရဲ့အသံက ဘာလို့အဲ့လောက်တောင် ယုံကြည်မှုတွေ မြင့်မားနေရတာလဲ?
ပြဿနာက ဒီလောက်အသိသာကြီးမဟုတ်ဘူးလား?

လုလင်းရှီ ပထမအစကတော့ ရှိတဲ့ပြဿနာကို အကြီးကြီးလို့ထင်လိုက်သော်ငြား သူဌေးက သူ့မေးခွန်းကို ပြန်ဖြေလာပုံမှတစ်ဆင့် ပြဿနာကြီးမားပုံက လျော့ကျသွားခဲ့ရသည်။
လုလင်းရှီလည်း အသံသေးသေးလေးဖြင့်...
"ကျန်းတုက ကျွန်မတို့နဲ့ တစ်နှစ်စာပဲ စာချုပ်ချုပ်ထားတာလေ..
အဲ့တော့ သူ့ကိုသာ ကျွန်မတို့ရဲ့ နောက်ဖွင့်မယ့်ကုမ္ပဏီရဲ့ တရား၀င် ကိုယ်စားလှယ်အဖြစ်ထားလိုက်ရင်
နောက်နှစ်ကျ ကျွန်မတို့ ဘယ်လိုလုပ်မလဲ?"

ရှန်းချွယ့်က ဒါသိသာနေတဲ့အရာကြီးပဲ မဟုတ်ဘူးလားဆိုသည့် မျက်နှာပေးဖြင့် ပြန်ကြည့်ပေးလိုက်သည်..
"စာချုပ်အသစ်ထပ်ချုပ်လိုက်မှာပေါ့.."

လုလင်းရှီ:".........."
တကယ် အတည်ပြောတာ...
စာချုပ်အသစ်ပြန်ချုပ်မချုပ်ကို သူက ဘာလို့အဲ့လောက်တောင် ယုံကြည်ချက်အပြည့်နဲ့ ရဲရဲကြီး ပြောနေရတာလဲလို့!

အဲ့တာအပြင် စာချုပ်အသစ်ထပ်ချုပ်ခဲ့သည် ထားပါတော့...
ကုမ္ပဏီခွဲကြီးတစ်ခုလုံး ပေးရလောက်အောင်ထိ ဘာတွေများ အဲ့လောက် ယုံကြည်သွားရတာလဲ?

လုလင်းရှီ၌ကား မေးခွန်းပေါင်းကုဋေကုဋာရှိနေခဲ့သော်ငြား သူဌေး၏ မြောက်ကြွကြွဖြစ်ကာ မျက်စောင်းတစ်ထိုးထိုးဖြစ်နေတဲ့အကြည့်တွေအောက် ထိုမေးခွန်းများကို ပြန်သိမ်းဆည်းထားလိုက်ရပြီးနောက်မှာ အားပျက်ပျက်ဖြင့်ပဲ ပြန်ဖြေလိုက်ရတော့သည်။
"နားလည်ပါပြီ
အခုပဲ ပြင်ဆင်ထားလိုက်ပါတော့မယ်"

ရှန်းချွယ့်၏ ရုံးခန်းထဲက ထွက်လာပြီးသည်အထိ သူ့မှာ ကောင်းကောင်းမနားနိုင်ဘဲ အခုသူကြားလိုက်ရတာတွေက အတည်ဟုတ်မဟုတ် အတည်ပြုနိုင်ဖို့ ယွိကျန်းတုဆီ ပြေးမေးရသည်။

ယွိကျန်းတုဆီက အဖြေကမှ နည်းနည်း သင့်လျော်မှုရှိသလားလို့။
ပြောလာခဲ့သည်က..
"အဓိကက ခင်ဗျားပဲ စဉ်းစားကြည့်
ဒီကုမ္ပဏီမှာ ကျွန်တော်ကလွဲရင် တရား၀င်ကိုယ်စားလှယ်ဖြစ်နိုင်မယ့် သက်ရှိလူသား ဘယ်သူရှိသေးလို့တုန်း" တဲ့။

ယွိကျန်းတုအနေနဲ့လည်း အမှန်တိုင်းပြောရရင် ရွေးချယ်စရာသာရှိလို့ကတော့ သူလည်း တာ၀န်ခံကိုယ်စားလှယ် ဖြစ်မလာချင်တာ ဧကန်။
သို့ပေသိ လက်အောက်ခံကုမ္ပဏီအသစ်၏ အရေးပိုင်က သက်ရှိလူသားတစ်ယောက် ဖြစ်နေဖို့က အရေးပါဆုံးအချက်ပင်။

ဒီလိုနည်းနဲ့ကျမှ ၀န်ထမ်းအသစ်တွေရဲ့ သဘောတူစာချုပ်ကလည်း သက်ရှိလူသားအချင်းချင်းကြား ရေးထိုးရတဲ့စာချုပ်ဖြစ်လာပေမည်။
တစ်ဦးတစ်ဖက်က စာချုပ်ကို ဖောက်ဖျက်ခဲ့လျှင်တောင် အရင်လို ခေါင်းခဲစရာကိစ္စတွေ ဖြစ်လာရတော့မှာ မဟုတ်ဘူး
အခုလောလောဆယ် လော့ဖုန်းမှာရှိတဲ့ သက်ရှိလူသား ၀န်ထမ်းဆိုလို့ လက်ချိုးရေမှ နှစ်ယောက်တည်း။
အဲ့နှစ်ယောက်တည်းကမှ သင့်တော်တဲ့သူကို ရွေးပါဆိုလျှင် ချွင်းချက်မရှိ သူပဲဖြစ်လာရတော့မှာပေါ့

လုလင်းရှီတကယ်ပဲ ထုတ်မေးပစ်လိုက်ချင်သည်။
ရှင်ကရော ဘာကိစ္စအဲ့လောက်တောင် ရည်မှန်းချက်တွေထက်သန်နေရတာလဲလို့။

သို့သော် သူ မမေးရဲခဲ့ပါ။
ကုမ္ပဏီခွဲအသစ်ဖွင့်လှစ်နိုင်ရေးအတွက်ပဲ ဒီနည်းပညာဇုန်ထဲက ရုံးခန်းသစ်တစ်ခု ငှားလိုက်ရတော့သည်။
ထို့နောက် သူ စတင်ပြီး လုပ်သား၀န်ထမ်းများ ခန့်အပ်ခြင်းစတင်ရသည်။
ကုမ္ပဏီမှာ လတ်တလော လုပ်ကိုင်နေတဲ့စီးပွားရေးတွေကလည်း တော်တော်လေးအလုပ်ဖြစ်လာပြီမို့ ဒီတစ်ကြိမ်မှာတော့ လစာ ကိစ္စအတွက် ဘာညာက စိတ်သိပ်ပူစရာ မလိုတော့ချေ
တစ်ခြားကုမ္ပဏီအခိုင်အမာကြီးတွေလို လစာတွေပုံပေးနိုင်‌လောက်သည်တော့ မဟုတ်သေးပေမယ့်လည်း
အရည်အချင်းရှိ ၀န်ထမ်းများကိုတော့ လွယ်လင့်တကူ ငှားယမ်းနိုင်နေလေပြီ။

**********************

(Zawgyi)

ယြိက်န္းတု ထိုစကားကို ေျပာလိုက္ခ်ိန္က ပါးစပ္ထဲရွိရာ ႐ႊတ္ေနာက္ေနာက္ ေျပာခ်လိဳက္ျခင္းသာ ျဖစ္သည္။ အခုေလးတင္ပဲ သူ႕အေမဆီကေန အဲယားကြန္းေလေအးေပးစက္အသစ္အေၾကာင္း ဖုန္းဆက္ေမးလာေနတာမို႔ ထိုကိစၥနဲ႕ဆက္စပ္ၿပီးေတာ့ ေတာက္ဓမၼကိုယ္ေတာ္ႏွစ္ပါးကို စ‌ေနာက္ခ်င္စိတ္ ေပၚလာခိုက္ ပါးစပ္က ထြက္မိထြက္ရာ ထြက္သြားခဲ့ျခင္းမ်ိဳးပင္။

သို႔ေသာ္ မွန္းခ်က္နဲ႕ႏွမ္းထြက္မကိုက္ခဲ့သည္က ထိုသူမ်ားမွာ သူ၏ ႐ႊတ္ေနာက္ေနာက္စကားမ်ား၏အဓိပၸါယ္ကိုေတာင္ ႐ႊတ္ေနာက္ေနာက္မွန္း သေဘာမေပါက္ဘဲ
အဲ့ဒီအစား မ်က္ႏွာထားမ်ားဟာ အတည္ေပါက္ေတြ ျဖစ္ေနခဲ့ၾကသည္။
ယြမ့္ခ်င္၏ မ်က္ႏွာမွာဆိုလွ်င္ အံ့ဩမင္သက္ျခင္းေတြအျပည့္။
သူက တေလးတစားျဖင့္
"ထင္ထားတဲ့အတိုင္းပဲ လူေလး ေရွာင္ယြိကေတာ့ ဒီနည္းပညာပိုင္းမွာ တကယ္ကို ဉာဏ္ႀကီးရွင္ ပီသပါေပတယ္...
ဦးေႏွာက္က အၿမဲတမ္း ခ်က္ဆို ဂြက္ခနဲ ဗုံးေပါက္ေတာ့တာပဲ...
ငါတို႔ေတြ ဘာလို႔ အရင္က ဒါမ်ိဳး မေတြးမိရတာပါလိမ့္"

ေတာက္ဓမၼဘုန္းေတာ္ႀကီးမုကလည္း သေဘာတူ ေထာက္ခံလာခဲ့သည္။..
"အကယ္လို႔ ကိုယ္ေတာ္တို႔သာ ေျမေအာက္ေလာကစြမ္းအင္သန႔္စင္ေရးကိရိယာတစ္ခု တီထြင္နိုင္လိုက္မယ္ဆိုရင္
ဒကာ ဒကာမေတြ အေနနဲ႕ သူတို႔အိမ္မွာ သူတို႔ ကိုယ္တိုင္ကိုယ္က် မေကာင္းဆိုးဝါးဖယ္ရွားနိုင္သြားမယ္..
ကိုယ္ေတာ္တို႔ကို သပ္သပ္ပင့္ၿပီး ဂါထာမန္းမႈတ္ခိုင္းစရာလည္း လိုေတာ့မွာ မဟုတ္ဘူး..
ဒါ တကယ္ကိုက်င့္ႀကံေရးရဲ႕ အရွိန္အဟုန္ကို တိုးျမႇင့္ေပးနိုင္မယ့္ အႀကံဉာဏ္ပဲ"

ယြိက်န္းတု :"............"

ခဏေလးေနၾကပါဦး..
အရင္က ဒီကိုယ္ေတာ္ႏွစ္ပါး ဒီလိုမ်ိဳး မဟုတ္ၾကပါဘူး...
ကိစၥေတြကို အခုလို လြယ္လြယ္ေလး လက္ခံတတ္ၾကတဲ့ လူစားမ်ိဳးေတြ မဟုတ္ၾကဘူးမလား...

သို႔ႏွင့္ သူလည္း အကူအညီရလိုရျငား ရွန္းခြၽယ့္၏ မ်က္လုံးထဲသို႔ တည့္တည့္ လွမ္းၾကည့္လိုက္၏။
တိုက္ဆိုင္စြာပဲ သူေဌးျဖစ္သူဟာလည္း ထိုအခ်ိန္ သူ႕ကို ၾကည့္ေနတာေၾကာင့္ ႏွစ္ေယာက္သား အၾကည့္ခ်င္းဆုံသြားၾကၿပီးေနာက္ ရွန္းခြၽယ့္က ဂုဏ္ယူေျပာင္ေျမာက္ေသာ အၿပဳံးႀကီးျဖင့္ ရဲရဲႀကီး ေျပာခ်ေတာ့သည္။
"ထင္ထားတဲ့အတိုင္းပဲ ကြၽန္ေတာ့္ကုမၸဏီရဲ႕ CTO ဆီက အႀကံဉာဏ္ဆိုေတာ့ ဘာမွ သံသယ၀င္စရာကို မလိုဘူး"

(T/N : CTO က CEO လက္ေအာက္က ရာထူးကိုမွ သူက နည္းပညာပိုင္း တာ၀န္ခံရတဲ့ လူႀကီးပိုင္း ရာထူးမ်ိဳး)

ယြိက်န္းတု : ဆြံ႕အ

ယြိက်န္းတု :"......ခဏေလးေနပါဦး
ကြၽန္ေတာ္က ဘယ္တုန္းက ကုမၸဏီရဲ႕ CTO ျဖစ္သြားရတာလဲ"

ရွန္းခြၽယ့္က ေမးတစ္ခ်က္ပင့္လိုက္ေလသည္။

"အခုတင္ပဲ"

ယြိက်န္းတု :....."အိုေကပါ"

ဘာပဲျဖစ္ျဖစ္ ကုမၸဏီမွာက သက္ရွိလူသားဆိုလို႔ သူရယ္ ေနာက္တစ္ေယာက္ရယ္ ေပါင္းမွ စုစုေပါင္း ႏွစ္ေယာက္ပဲရွိတာ..
ဘယ္ရာထူးေပးေပး လုပ္ရတဲ့ အလုပ္ပမာဏကေတာ့ အတူတူနဲ႕အႏူႏူပါပဲ...

သို႔ေသာ္ ကိုယ္ေတာ္ႏွစ္ပါးႏွင့္ ရွန္းခြၽယ့္၏ မ်က္စိမွိတ္ေခါင္းညိတ္ေလာက္ေအာင္ ယုံၾကည္ေပးၾကမႈေအာက္မွာ သူ႕ရဲ႕ အေပၚယံစခ်င္႐ုံ ထုတ္ေျပာလိုက္မိတဲ့ အႀကံဟာလည္း သိပ္ၿပီး အဆိုး႐ြားႀကီး ဟုတ္‌မေနခဲ့ပါေခ် ။
သူ႕ဖက္က ဟာသလုပ္ေျပာလိုက္တာျဖစ္ေပမယ့္ တကယ္တမ္း ေခါင္းခ်င္းဆိုင္ တိုင္ပင္ၿပီးၾကခ်ိန္မွာေတာ့ ဒီအစီအစဥ္ဟာ အေကာင္အထည္ေဖာ္နိုင္ေျချမင့္သည့္ အစီစဥ္မွန္း ရိပ္မိလာရသည္။

ယြိက်န္းတုသည္ကား နဂိုကတည္းက ဆန္းသစ္တီထြင္မႈ နည္းပညာရပ္တြင္ စိတ္ပါ၀င္စားသူ ျဖစ္ခဲ့တာတစ္ေၾကာင္း..
နည္းပညာအသစ္အသစ္မ်ားႏွင့္ပတ္သတ္ၿပီး အမီလိုက္နိုင္သူ ျဖစ္ေနခဲ့သည္။
တကၠသိုလ္‌တက္ေရာက္ေနရစဥ္ကာလအတြင္းကလည္း အိမ္တြင္းလွ်ပ္စစ္သုံး သန႔္ရွင္းေရးပစၥည္းကိရိယာမ်ားႏွင့္ပတ္သတ္သည့္ AI ပညာရပ္ကိုလည္း အတန္းတစ္တန္းယူကာ ေလ့လာျဖစ္ခဲ့သည္။
သို႔ျဖစ္ရာ ထိုကိရိယာမ်ား မည္သို႔မည္ပုံ အလုပ္လုပ္လဲဆိုတာကို သူ႕အေနျဖင့္ ေကာင္းေကာင္းႀကီးသိ၏။
ဤသို႔ျဖင့္ အနည္းငယ္စဥ္းစားေတြးေတာၿပီးခ်ိန္တြင္ သူ႕ေခါင္းထဲ၌ အစီအစဥ္တစ္ခုဖန္တီးလ်က္မိသား ျဖစ္သြားခဲ့ရသည္။

ဥပမာဆိုရေသာ္ ေျမေအာက္ေလာကစြမ္းအင္သန႔္စင္ေရးကိရိယာ ဖန္တီးနိုင္ဖို႔အတြက္ ပုံၾကမ္းကို ရိုးရွင္းလြယ္ကူစြာျဖင့္ ပုံမွန္ ေလေအးသန႔္စင္စက္၏ သ႑ာန္ကို မွီျငမ္းလိုက္မည္။
ယင္းမွာ ၎၏ေခါင္းတြင္း ပထမဆုံး၀င္လာသည့္ အႀကံဉာဏ္ပင္။

ပထမဆုံး အေျခခံရမည့္ ပုံၾကမ္းမွာ ဖုန္စုပ္စက္၊ ေလေအးသန႔္စင္စက္ ၏ နည္းပညာျဖစ္သည္။
၎တို႔ထဲတြင္ အဓိကပါ၀င္ပစၥည္းမွာ အင္ဂ်င္တစ္လုံး ၊ ေလဒလက္ ႏွင့္ သန႔္စင္ဇကာျပား တစ္ခု ျဖစ္၏။
ထိုကိရိယာမ်ားက မရပ္မနား ၀င္ေရာက္ေနေသာ ေလကို ထိန္းခ်ဳပ္ေပးၿပီး ထိုေလမ်ားကို သန႔္စင္ကာ အညစ္အေၾကးမ်ားကို တစ္ဖက္ကေန ျပန္ထြက္ေစမည္ ျဖစ္သည္။
ဤနည္းျဖင့္ သန႔္စင္ျခင္းနည္းလမ္းကို ၿပီးေျမာက္ေစမည္။

ေနာက္ထပ္ စဥ္းစားမိသည့္ ဒီဇိုင္းတစ္မ်ိဳးမွာကား ပို၍ တိုက္ရိုက္ဆန္သည္။
၎က အေပၚမွာေျပာျပခဲ့သည့္ ေလေအးသန႔္စင္စက္ နည္းပညာႏွင့္ေတာ့ အနည္းငယ္ ကြာျခားေနနိုင္သည္။
ဤနည္းပညာ၌ကား ေလဒလက္မ်ား သန႔္စင္ဇကာျပားမ်ား မပါ၀င္ပဲ
ေလထဲ၌ ပါ၀င္လာသည့္ အညစ္အေၾကးမ်ားကို တစ္ျခားတစ္ဖက္မွျပန္ထြက္ေစ၍ စြန႔္မပစ္ေတာ့ဘဲ ပါလာသည့္အညစ္အေၾကးမ်ားကို ဖမ္းမိရရွိတာႏွင့္ခ်က္ခ်င္းလက္ငင္း တန္းၿပီး သန႔္စင္ပစ္လိုက္မည့္ နည္းပညာပင္။

ယြိက်န္းတုလည္း သူ၏ အႀကံမ်ားကို အၾကမ္းဖ်င္း ရွင္းျပေပးလိုက္သည္။ ယြ႕မ္ခ်င္က ခ်က္ခ်င္းလက္ငင္းပဲ သေဘာေပါက္သြားခဲ့ကာ...
"အိုဟိုးးးး ဒီ ဖုန္စုပ္စက္နည္းပညာက ေတာ္ေတာ္ေလးကို အဆင္ေျပတာပဲ"

လူတိုင္း၏ အာ႐ုံက သူ႕အေပၚ က်ေရာက္ေနမွန္းရိပ္မိတဲ့ ကိုယ္ရင္ယြမ္ခ်င္းက ရင္ကို တစ္ခ်က္ေကာ့လိုက္ကာ...
"ယြိေကာ ရဲ႕ အႀကံအရ ဒီ ပုံၾကမ္းက စက္ထဲမွာထည့္မယ့္ သန႔္စင္ကိရိယာေပၚမွာ အေျခခံေနတာပဲ.
တကယ္ေတာ့ ကိုယ္ေတာ္တို႔ဆီမွာ မေကာင္းဆိုးဝါးသန႔္စင္ေပးနိုင္တဲ့ ေမွာ္၀င္ပစၥည္းေတြ အမ်ားႀကီးရွိတယ္ေလ...ကိုယ္ေတာ္တို႔သာ ဒီပစၥည္းေတြကို နည္းနည္း အသြင္ေျပာင္းနိုင္မယ္ဆိုရင္ အဲ့ပစၥည္းေတြကို စက္ထဲကိုထည့္ ၊ ၿပီးရင္ ေလဒလတ္နဲ႕ စီးဆင္းခိုင္းလိုက္ရင္ ေျမေအာက္စြမ္းအင္ေတြအလြယ္တကူနဲ႕ သန႔္စင္သြားေစနိုင္မွာပဲ"

...........နာမည္ေတာင္ တပ္မေခၚေတာ့ဘူး ယြိေကာ ျဖစ္သြားၿပီ ဟ!

ယြိက်န္းတု ဒီလိုအခ်ိန္ႀကီးမွာ ျဖတ္ၿပီး သူ႕အေနနဲ႕ အသက္က သူက ပိုငယ္ပါတယ္လို႔ ၀င္ေထာက္ေပးရင္လည္း မေကာင္း။
မတတ္သာဘဲ ေခါင္းပဲညိတ္လိုက္ရၿပီး
"စဥ္းစားထားတာလည္း အဲ့လိုပါပဲ" ဟုသာ တုံ႕ျပန္လိုက္ရသည္။

သို႔ေသာ္ ယြမ့္ခ်င္မ်က္ႏွာက စိတ္ေအးလက္ေအးမျဖစ္ေသးဘဲ ေတြးေတြးစစျဖင့္
"ဒါမဲ့ေနာ္ ဒီနည္းက ေျပာေတာ့သာ လြယ္တာ တကယ္အေကာင္အထည္ေဖာ္ဖို႔ဆို ခက္ခဲလိမ့္မယ္ထင္တယ္"

ဤအစီအစဥ္ကို အေကာင္အထည္ေဖာ္နိုင္ဖို႔အေရးတြင္ ေတာက္ဓမၼပညာရပ္၏ အေရးႀကီးဆုံး က႑ႏွစ္ရပ္ ပါ၀င္ေနေပသည္။
စြန႔္ဦးတီထြင္မည့္သူေတြအေနျဖင့္ ေမွာ္၀င္ကိရိယာမ်ားကို သန႔္စင္စက္သ႑ာန္ေျပာင္းနိုင္ဖို႔ဆိုသည္မွာ မလြယ္ကူနိုင္ပါ။
ထိုမလြယ္ကူတဲ့နည္းပညာကိုမွ အင္ဂ်င္စက္တစ္ခုထဲ ထည့္နိုင္ဖို႔ဆိုတာ ပို အလွမ္းေဝးလွေသး။

ဒုတိယအခ်က္ ၊
‌ေတာက္ဓမၼေမွာ္၀င္ကိရိယာမ်ားအား မေကာင္းဆိုးဝါးဖယ္ရွားေရးတြင္ အသုံးျပဳနိုင္ျခင္းမွာ ၎တို႔က အသုံးမျပဳခင္တြင္ စၾက၀ဠာအတြင္းရွိ တေစၦ ၊ နတ္ ၊ ျဗဟၼာတို႔၏ စြမ္းအင္ကို ေခ်းငွားသုံးလိုက္ျခင္းေၾကာင့္ျဖစ္သည္။
ထို႔ေၾကာင့္လည္း အသုံးျပဳရခက္ခဲသည္ဟု ဆိုလိုျခင္းျဖစ္၏။
ေတာက္ဓမၼဘုန္းေတာ္ႀကီးတစ္ပါးအေနျဖင့္ အသုံးမျပဳမီအခ်ိန္တိုင္း ဂါထာမႏၲာန္႐ြတ္ဆိုျခင္းျဖင့္ နတ္ဘုရားတို႔ထဲမွ စြမ္းအင္ေခ်းယူျခင္းကို မျဖစ္မေန အႀကိမ္တိုင္း ျပဳလုပ္ေပးရသည္။

ဒီအေၾကာင္းကို ယြိက်န္းတု ၾကားလိုက္ေသာ္ အနည္းငယ္ ဆုံးျဖတ္ရခက္သြားရသည္။
"အဲ့အတြက္ေဝာ့ာ ကြၽန္ေတာ္ ေနာက္မွ သပ္သပ္ ပရိုဂရမ္တစ္ခု ေရးၾကည့္ၾကည့္မယ္။
ရည္႐ြယ္ခ်က္က အသုံးျပဳသူအေနနဲ႕ ဒီပစၥည္းကိုသုံးသုံးခ်င္းပဲ စြမ္းအင္ေခ်းနိုင္ဖို႔ဆိုေတာ့......"

သူ႕မွာ ေျပာရင္း ကိုယ္ေတာ္ႏွစ္ပါးကို ထပ္စေနာက္ခ်င္လာျပန္သည္။
"ဥပမာေျပာျပရရင္ စက္ကို စဖြင့္လိုက္တာနဲ႕ ေတာက္ဓမၼဘုန္းေတာ္ႀကီးမုရဲ႕ ဂါထာမႏၲာန္႐ြတ္တဲ့အသံႀကီး ေအာ္တိုထြက္လာေအာင္ လုပ္လိုက္ရင္ေရာ......."

ေတာက္ဓမၼဘုန္းေတာ္ႀကီးမု :"......."

တစ္ဖက္မွာ ေျမေအာက္ေလာကအေၾကာင္းရယ္ ေတာက္ဓမၼပညာရပ္အေၾကာင္းေတြ ပယ္ပယ္နယ္နယ္ ေဆြးေႏြးေနၾကခ်ိန္မွာ ယန္ရွင္းတစ္ေယာက္ ေဘးနားေလးထြက္ၿပီး ေကာ္ဖီတစ္ခြက္ႏွင့္ ရပ္ၾကည့္ေနရသည္။

ဘ၀ရဲ႕ သက္တမ္းေလးပုံသုံးပုံေလာက္ကို သင္တန္းပို႔ခ်ျခင္းအခမ္းအနားေတြမွာဆိုလွ်င္ ဦးေဆာင္ရွင္းျပသူအျဖစ္ ျဖတ္သန္းလာရသည့္သူတစ္ေယာက္အေနျဖင့္
ယန္ရွင္းမွာ ဘယ္ေတာ့မဆို လူအမ်ား၏ အာ႐ုံမ်ားက်ေရာက္ရာ လူတန္းစားျဖစ္ခဲ့သည္။

အထူးသျဖင့္ ဒီေန႕လိုမ်ိဳးမွာဆိုရင္လည္း အကုန္အက်ခံရတာမွန္သမွ် သူကို
ဒီစကားဝိုင္းကို ဦးေဆာင္ေနရတဲ့သူကလည္း သူပဲျဖစ္သင့္တာ မဟုတ္ပါလား။

သို႔ေသာ္ သူ႕ခမ်ာ ထမင္းစားလက္ဆုံက်ၿပီးသြားသည့္အခ်ိန္ထိေတာင္ ၎တို႔၏ စကားဝိုင္းထဲ ေဖာက္၀င္နိုင္ျခင္းမရွိခဲ့ပါ။

ဒါက သူ႕အမွားလို႔လည္း ဆိုနိုင္ေခ်မရွိ။ ဒီတိုင္းပဲ သူတို႔ေဆြးေႏြးေနၾကတဲ့အေၾကာင္းအရာေတြက....သာမန္မဟုတ္ေနတာ..
မဟုတ္ေသးဘူး ေမ့လို႔..
အရမ္း သိပၸံနည္းက်ဆန္ေနတာ...
ဒါလည္း မဟုတ္ျပန္ဘူး...!

ဘာပဲျဖစ္ျဖစ္ သူ ဒါေတြနားမလည္တာက သူတို႔ကိုက ဗန္းစကားေတြနဲ႕ေျပာေနၾကလို႔ပဲ.
လိုက္မမီေတာ့ဘူး။
ယန္ရွင္းမွာ ဘယ္ေလာက္ပဲ တစ္ဘ၀လုံးနီးနီး အစည္းအေဝးပြဲေတြရဲ႕ ဦးေဆာင္ေဟာေျပာရသူ ျဖစ္ခဲ့ေသာ္ျငား ဒီ‌‌တစ္ႀကိမ္တြင္ေတာ့ ေတာက္ဓမၼကိုယ္ေတာ္ ယြမ့္ခ်င္ေျပာတာေတြကို မ်က္လုံးျပဴးေလးႏွင့္ တစ္ခ်က္ၾကည့္လိုက္ အူလည္လည္ေလးျဖစ္ေနခဲ့ရသည္။
ယြမ့္ခ်င္မွာ သူ႕ဆရာ၏ပညာအေမြအႏွစ္ေတြကို လက္ဆင့္ကမ္းယူခ်င္ေနသူပီပီ စိတ္အားတက္ႂကြေနခဲ့ကာ ထိုေနရာတြင္ပဲ ေကာက္ကာငင္ကာႀကီး အြန္လိုင္းကေန သင္ၾကားေပးသည့္ အိမ္ေထာင္မႈပစၥည္းႏွင့္ပတ္သတ္သည့္ AI နည္းပညာအတန္းတြင္ သြား၍ သင္တန္းအပ္ပစ္လိုက္ေတာ့သည္။
၎က ယြိက်န္းတုကို ဒီနည္းပညာ ဖန္တီးမည့္ ခရီးတြင္ သူ႕ကိုပါ ပါ၀င္ေစခ်င္ေနခဲ့သည္။
ပိုၿပီး မယုံၾကည္နိုင္စရာေကာင္းတာက သူ႕ဆရာျဖစ္သူေတာက္ဓမၼဘုန္းေတာ္ႀကီးမုက တစ္ခ်က္ကေလးေတာင္ ေခါင္းယမ္း ျငင္းဆိုတာမ်ိဳး မရွိ ျဖစ္ေနခဲ့တာပဲ။

ယန္ရွင္းစိတ္ထဲ၌
ဤခဏတာေလးေသာ ေန႕လည္စာစားခ်ိန္အပိုင္းအျခားေလာက္ေလး‌တြင္ သူလည္း ကမာၻႀကီး၏ အသစ္သစ္ေသာ အျမင္ေတြကို ရရွိလိုက္တာပဲဟူ၍။

***************

ခြၽမ္တုံးမွ ျပန္လာၿပီးေနာက္မွာ ယြိက်န္းတု၌ လုပ္စရာ အလုပ္အသစ္တစ္ခု ထပ္တိုးလာခဲ့ရသည္။ ၎မွာ ေျမေအာက္ေလာကစြမ္းအင္သန႔္စင္ေရးကိရိယာကို ကိုယ္ရင္ယြမ့္ခ်င္ႏွင့္ ဖက္စပ္တီထြင္ရန္ပင္။

အစကတည္းက ဒီပေရာဂ်က္ကို သူတစ္ကိုယ္တည္း အေကာင္အထည္ေဖာ္ခ်င္စိတ္မရွိခဲ့တာ အမွန္။
အေၾကာင္းအရင္းႏွစ္ခ်က္ထဲမွ ပထမအခ်က္မွာ
၎တီထြင္ေရးက ကုမၸဏီ၏ အခ်က္ခ်ာက်‌ေသာ လုပ္ငန္းတစ္ရပ္လည္း မဟုတ္ေသာေၾကာင့္ ။
သူ တီထြင္သည္ျဖစ္ေစ မတီထြင္သည္ျဖစ္ေစ အနာဂတ္မွာ ေရရွည္သုံးဖို႔ အာမခံခ်က္မရွိသည့္ အပိုပေရာဂ်က္တစ္ခုသာ ျဖစ္သည္။

ဒုတိယတစ္ခ်က္ ၊
သူ႕မွာ တကယ္ တကယ့္ကို အခ်ိန္မအားလပ္တာေၾကာင့္။
သူႏွင့္ က်န႔္ယန္တို႔ အႀကိမ္ေပါင္းမ်ားစြာ တိုင္ပင္ေဆြးေႏြးၿပီး ေသျခင္းရွင္ျခင္းအေကာင့္မ်ားကို ထိန္းသိမ္းဖို႔ရာ ပရိုဂရမ္ေရးဆြဲဖို႔ ျပင္ဆင္ထားႏွင့္ၿပီးသား ျဖစ္ေနခဲ့သည္ ။
မ်ားမၾကာမီကာလအတြင္းမွာ ႏွစ္ဦးသား ထိုအတြက္ စတင္အေကာင္အထည္လည္း ေဖာ္ၾကေတာ့မည္။

သူ စဥ္းစားၾကည့္လိုက္ၿပီးသည့္ေနာက္ တကယ့္တကယ္တြင္ ဒီကိစၥေတြကို ‌ေျဖာင့္ေျဖာင့္ျဖဴးျဖဴး လုပ္နိုင္ဖို႔အေရး ကြၽမ္းက်င္နည္းပညာသမားမ်ား ထပ္ေခၚဖို႔ လိုအပ္ေနေၾကာင္း သိလာရသည္။
ထို႔အျပင္ ေသျခင္းရွင္ျခင္းစာရင္းဇယားအတြက္သာ မက ၊ ေျမေအာက္ေလာကစြမ္းအင္သန႔္စင္ေရးကိရိယာ အေကာင္အထည္ေဖာ္နိုင္ဖို႔ အေရးအတြက္ေရာ

သို႔ေသာ္ ဒီတစ္ႀကိမ္တြင္ ၀န္ထမ္းအသစ္ ေခၚယူဖို႔ရာ "ေလာ့ဖုန္း" ဆိုတဲ့ နာမည္ကို မသုံးသင့္ေတာ့ေၾကာင္း သူတို႔ သတိထားမိလာသည္။
အဓိကက ေလာ့ဖုန္း၏ လိုအပ္သည့္ အရည္အခ်င္း ၊ ေဆာင္ရန္ေရွာင္ရန္ စသည့္ ပညတ္ခ်က္မ်ားက ေထြျပားမ်ားျပားလွသည္ေၾကာင့္။

တေစၦေတြႏွင့္ အလုပ္မလုပ္ခ်င္တာ မေျပာနဲ႕ အလုပ္မလုပ္ရေသးခင္ကတည္းက ကုမၸဏီက လက္မွတ္ထိုးခိုင္းသည့္ သေဘာတူစာခ်ဳပ္မွာ တကယ့္ ေထာင္ေခ်ာက္ႀကီးပင္။
ထိုစာခ်ဳပ္က အလုပ္လာေလွ်ာက္သူေတြကို ေျခခ်ဳပ္မိေစ႐ုံသာမက ကုမၸဏီကိုယ္တိုင္ကိုပင္ ေခါင္းစားေစရသည္။
မလႊဲသာလို႔ အလုပ္ခန႔္လိုက္ၿပီးမွ သေဘာမက်ရင္ ျပန္ျဖဳတ္ဖို႔ကလည္း ေတာ္ ေတာ္မလြယ္ကူသည့္ အခ်က္ေၾကာင့္ အေတာ္ေလး ေဘးက်ပ္နံၾကပ္ျဖစ္ရေစသည္။
(T/N : တေစၦကုမၸဏီႀကီးျဖစ္ေနေတာ့ ခဏ၀င္လာလုပ္ၿပီး အလုပ္ထြက္ခဲ့ေသာ္ သူတို႔အေၾကာင္းေတြေပၚကုန္မွာ ဆိုးတာမ်ိဳးကို ေျပာခ်င္တာေနာ္><)

သူ ဒီကိစၥကို ရွန္းခြၽယ့္ႏွင့္ ေဆြးေႏြးၾကည့္ၿပီးေနာက္
အဆုံးတြင္ "ယြိက်န္းတု" ဟူသည့္ နာမည္ေအာက္ကေန၍ ကုမၸဏီခြဲတစ္ခု ဖြင့္လွစ္လိုက္ဖို႔ စီစဥ္ျဖစ္သြားသည္။

ေျမေအာက္ေလာကရဲ႕အေရးပါအရာေရာက္တဲ့ လုပ္ငန္းကိစၥေတြကလြဲလွ်င္ အျခားေသာ စီးပြားေရးလုပ္ငန္းမ်ားကို ထိုကုမၸဏီခြဲေအာက္မွ ဆက္လက္လုပ္ကိုင္သြားၾကမည္။

အလုပ္ခန႔္ရာတြင္လည္း စာခ်ဳပ္ကို ဗားရွင္းႏွစ္ခုခြဲလိုက္၍
တေစၦ၀န္ထမ္းမ်ားက ေလာ့ဖုန္းကုမၸဏီေအာက္ကစာခ်ဳပ္ကို ခ်ဳပ္ေစၿပီး သက္ရွိလူသား၀န္ထမ္းမ်ား ခန႔္အပ္ရာတြင္ ယင္းတို႔အား လက္ေအာက္ခံကုမၸဏီခြဲ၏ စာခ်ဳပ္ကို သီးသန႔္ခ်ဳပ္ေစမည္။

ထိုသို႔ ဆုံးျဖတ္ခ်က္ခ်အၿပီးတြင္ ရွန္းခြၽယ့္က လုလင္းရွီကို ဆင့္ေခၚ၍ လိုအပ္သည့္ အခ်က္အလက္မ်ားျပင္ဆင္ေပးရန္ ေစခိုင္းလိုက္သည္။
ဤအထက္ပါအေၾကာင္းအရာမ်ားကို အစအဆုံးနားေထာင္ၿပီးေနာက္မွာ လုလင္းရွီတစ္ေယာက္ ေၾကာင္အမ္းအမ္းေလးျဖင့္
သူေဌးျဖစ္သူကို ေသခ်ာေအာင္ ျပန္ေမးၾကည့္လိုက္ရသည္။
"ယြိက်န္းတုနာမည္ေအာက္ကေန ကုမၸဏီခြဲတစ္ခု ထပ္ဖြင့္မယ္?"

ရွန္းခြၽယ့္က ဇေဝဇဝါ ျပန္ၾကည့္လိုက္၏..
"ဘာျဖစ္လို႔လဲ?"

လုလင္းရွီ :"..............."
သူေဌးရဲ႕အသံက ဘာလို႔အဲ့ေလာက္ေတာင္ ယုံၾကည္မႈေတြ ျမင့္မားေနရတာလဲ?
ျပႆနာက ဒီေလာက္အသိသာႀကီးမဟုတ္ဘူးလား?

လုလင္းရွီ ပထမအစကေတာ့ ရွိတဲ့ျပႆနာကို အႀကီးႀကီးလို႔ထင္လိုက္ေသာ္ျငား သူေဌးက သူ႕ေမးခြန္းကို ျပန္ေျဖလာပုံမွတစ္ဆင့္ ျပႆနာႀကီးမားပုံက ေလ်ာ့က်သြားခဲ့ရသည္။
လုလင္းရွီလည္း အသံေသးေသးေလးျဖင့္...
"က်န္းတုက ကြၽန္မတို႔နဲ႕ တစ္ႏွစ္စာပဲ စာခ်ဳပ္ခ်ဳပ္ထားတာေလ..
အဲ့ေတာ့ သူ႕ကိုသာ ကြၽန္မတို႔ရဲ႕ ေနာက္ဖြင့္မယ့္ကုမၸဏီရဲ႕ တရား၀င္ ကိုယ္စားလွယ္အျဖစ္ထားလိုက္ရင္
ေနာက္ႏွစ္က် ကြၽန္မတို႔ ဘယ္လိုလုပ္မလဲ?"

ရွန္းခြၽယ့္က ဒါသိသာေနတဲ့အရာႀကီးပဲ မဟုတ္ဘူးလားဆိုသည့္ မ်က္ႏွာေပးျဖင့္ ျပန္ၾကည့္ေပးလိုက္သည္..
"စာခ်ဳပ္အသစ္ထပ္ခ်ဳပ္လိုက္မွာေပါ့.."

လုလင္းရွီ:".........."
တကယ္ အတည္ေျပာတာ...
စာခ်ဳပ္အသစ္ျပန္ခ်ဳပ္မခ်ဳပ္ကို သူက ဘာလို႔အဲ့ေလာက္ေတာင္ ယုံၾကည္ခ်က္အျပည့္နဲ႕ ရဲရဲႀကီး ေျပာေနရတာလဲလို႔!

အဲ့တာအျပင္ စာခ်ဳပ္အသစ္ထပ္ခ်ဳပ္ခဲ့သည္ ထားပါေတာ့...
ကုမၸဏီခြဲႀကီးတစ္ခုလုံး ေပးရေလာက္ေအာင္ထိ ဘာေတြမ်ား အဲ့ေလာက္ ယုံၾကည္သြားရတာလဲ?

လုလင္းရွီ၌ကား ေမးခြန္းေပါင္းကုေဋကုဋာရွိေနခဲ့ေသာ္ျငား သူေဌး၏ ေျမာက္ႂကြႂကြျဖစ္ကာ မ်က္ေစာင္းတစ္ထိုးထိုးျဖစ္ေနတဲ့အၾကည့္ေတြေအာက္ ထိုေမးခြန္းမ်ားကို ျပန္သိမ္းဆည္းထားလိုက္ရၿပီးေနာက္မွာ အားပ်က္ပ်က္ျဖင့္ပဲ ျပန္ေျဖလိုက္ရေတာ့သည္။
"နားလည္ပါၿပီ
အခုပဲ ျပင္ဆင္ထားလိုက္ပါေတာ့မယ္"

ရွန္းခြၽယ့္၏ ႐ုံးခန္းထဲက ထြက္လာၿပီးသည္အထိ သူ႕မွာ ေကာင္းေကာင္းမနားနိုင္ဘဲ အခုသူၾကားလိုက္ရတာေတြက အတည္ဟုတ္မဟုတ္ အတည္ျပဳနိုင္ဖို႔ ယြိက်န္းတုဆီ ေျပးေမးရသည္။

ယြိက်န္းတုဆီက အေျဖကမွ နည္းနည္း သင့္ေလ်ာ္မႈရွိသလားလို႔။
ေျပာလာခဲ့သည္က..
"အဓိကက ခင္ဗ်ားပဲ စဥ္းစားၾကည့္
ဒီကုမၸဏီမွာ ကြၽန္ေတာ္ကလြဲရင္ တရား၀င္ကိုယ္စားလွယ္ျဖစ္နိုင္မယ့္ သက္ရွိလူသား ဘယ္သူရွိေသးလို႔တုန္း" တဲ့။

ယြိက်န္းတုအေနနဲ႕လည္း အမွန္တိုင္းေျပာရရင္ ေ႐ြးခ်ယ္စရာသာရွိလို႔ကေတာ့ သူလည္း တာ၀န္ခံကိုယ္စားလွယ္ ျဖစ္မလာခ်င္တာ ဧကန္။
သို႔ေပသိ လက္ေအာက္ခံကုမၸဏီအသစ္၏ အေရးပိုင္က သက္ရွိလူသားတစ္ေယာက္ ျဖစ္ေနဖို႔က အေရးပါဆုံးအခ်က္ပင္။

ဒီလိုနည္းနဲ႕က်မွ ၀န္ထမ္းအသစ္ေတြရဲ႕ သေဘာတူစာခ်ဳပ္ကလည္း သက္ရွိလူသားအခ်င္းခ်င္းၾကား ေရးထိုးရတဲ့စာခ်ဳပ္ျဖစ္လာေပမည္။
တစ္ဦးတစ္ဖက္က စာခ်ဳပ္ကို ေဖာက္ဖ်က္ခဲ့လွ်င္ေတာင္ အရင္လို ေခါင္းခဲစရာကိစၥေတြ ျဖစ္လာရေတာ့မွာ မဟုတ္ဘူး
အခုေလာေလာဆယ္ ေလာ့ဖုန္းမွာရွိတဲ့ သက္ရွိလူသား ၀န္ထမ္းဆိုလို႔ လက္ခ်ိဳးေရမွ ႏွစ္ေယာက္တည္း။
အဲ့ႏွစ္ေယာက္တည္းကမွ သင့္ေတာ္တဲ့သူကို ေ႐ြးပါဆိုလွ်င္ ခြၽင္းခ်က္မရွိ သူပဲျဖစ္လာရေတာ့မွာေပါ့

လုလင္းရွီတကယ္ပဲ ထုတ္ေမးပစ္လိုက္ခ်င္သည္။
ရွင္ကေရာ ဘာကိစၥအဲ့ေလာက္ေတာင္ ရည္မွန္းခ်က္ေတြထက္သန္ေနရတာလဲလို႔။

သို႔ေသာ္ သူ မေမးရဲခဲ့ပါ။
ကုမၸဏီခြဲအသစ္ဖြင့္လွစ္နိုင္ေရးအတြက္ပဲ ဒီနည္းပညာဇုန္ထဲက ႐ုံးခန္းသစ္တစ္ခု ငွားလိုက္ရေတာ့သည္။
ထို႔ေနာက္ သူ စတင္ၿပီး လုပ္သား၀န္ထမ္းမ်ား ခန႔္အပ္ျခင္းစတင္ရသည္။
ကုမၸဏီမွာ လတ္တေလာ လုပ္ကိုင္ေနတဲ့စီးပြားေရးေတြကလည္း ေတာ္ေတာ္ေလးအလုပ္ျဖစ္လာၿပီမို႔ ဒီတစ္ႀကိမ္မွာေတာ့ လစာ ကိစၥအတြက္ ဘာညာက စိတ္သိပ္ပူစရာ မလိုေတာ့ေခ်
တစ္ျခားကုမၸဏီအခိုင္အမာႀကီးေတြလို လစာေတြပုံေပးနိုင္‌ေလာက္သည္ေတာ့ မဟုတ္ေသးေပမယ့္လည္း
အရည္အခ်င္းရွိ ၀န္ထမ္းမ်ားကိုေတာ့ လြယ္လင့္တကူ ငွားယမ္းနိုင္ေနေလၿပီ။

**********************

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

281K 6K 33
WATTPAD BOOKS EDITION You do magic once, and it sticks to you like glitter glue... When Johnny and his best friend, Alison, pass their summer holid...
162K 2.7K 34
[ COMPLETED ] STARTED: OCTOBER 2017 FINISHED: JUNE 2019 EDITED: AUGUST 2021 in which i write about everyone's favorite assassin's (and templars 😉) ...
708K 11.3K 46
just some very old reactions of mine with my favorite boys. enjoy! <3
3.9K 463 17
Author: 九月买的饼干 (Biscuits Bought In September) Total Chapters: 68 + 2 extras Chapters 1 - 13 is translated by BlackboxTL Translator - 🌺 yuebing I do...