ခေတ်သစ် ငရဲသစ်//MM Translatio...

By May_Nineee

321K 55.9K 2.9K

Associated name-新时代新冥界 AUTHOR-林知落(Lin Zhi Luo) Total Chapters- 134+10extras More

Synopsis
-1- (ဘ၀စီမံခန့်ခွဲရေး ကုမ္ပဏီ)
-2- (တစ္ဆေတစ်ကောင်နှင့် အလုပ်သမားအခွင့်အလမ်းများအကြောင်း အတိုက်အခံလုပ်နေမိခြင်း)
-3- (လူ့ကမ္ဘာရှိ ပရလောကအဖွဲ့အစည်း)
-4- (မကောင်းဆိုးဝါးဝိဉာဉ်တစ်ကောင်အား ဖမ်းဆီးခြင်း)
-5- (သေခြင်းရှင်ခြင်း အကောင့်များ)
-6- (ဓာတ်လှေကား ကယ်ဆယ်ရေး)
-7- (သူဌေးအကြိုက်)
-8- (ရုပ်သေးရုပ်)
-9- (ရှေးဟောင်းရေတွင်းပြန်လည်၀င်စားခြင်းစုရပ်)
-10- (သုံးဘ၀တိုင် တိရစ္ဆာန်ဘ၀နှင့်)
-11- (ခေတ်နောက်ကောက်ကျနေသော မြေအောက်လောက ဥပဒေများ)
-12- (နတ်ဘုရားတို့၏ တိုက်ပွဲ)
-13- (မြေအောက်လောကစွမ်းအင်ရှာဖွေရေးကိရိယာ)
-14- (နှစ်လရှည်ကြာ ဒုံရင်းမြဲ ဒုံရင်းဆဲ)
-15- (လက်ဗလာဖြင့် သရဲဖမ်းခြင်း)
-16- (သရဲတစ္ဆေ ပုံရိပ်ဖော်ခြင်း နည်းပညာ)
-17- (အမြတ် စတင်ရရှိလာခြင်း)
Part-18 (တစ္ဆေဘုရင်၏ အမှတ်တံဆိပ်)
-19- (တစ္ဆေဘုရင်အား ဖိတ်ကြားခြင်း)
-20.1- (နတ်ဘုရားများကို ဖိတ်ကြားရန် ခေတ်မီနည်းလမ်းသစ်)
-20.2-
-21- (မြေအောက်လောကနှင့် ဆက်သွယ်နိုင်စေရေး ၀န်ဆောင်မှု)
-23.1- (ရွှေအိုရောင်ယုန်‌မွှေး စဉ့်ရည်သုတ်လက်ဖက်ရည်ခွက်)
-23.2-
-24- (သူဌေးက လူမဟုတ်ပါ)
-25- (လက်ကားဈေးဖြင့် အော်ဒါတင်လာခြင်း)
-26- (ဆုံတွေ့ဖို့ရာ ကံပါလာသော product manager)
-27- (အာရုံစိုက်ခံ လူတန်းစား)
-28- (ငါ မင်းကို ရှယ်ယာတွေပေးမယ်)
-29- (နတ်ဘုရားလို သူဌေး)
-30- (ယမမင်းဟာ တရားခွင်မစခင် ပထမဦးစွာ သံဘောလုံးကို မြိုချလေ့ရှိတယ်)
-31- (မြေအောက်လောကစွမ်းအင် သန့်စင်စက်)
-32.1- (မရဏပြည်၏ လက်အောက်ခံ ကုမ္ပဏီရုံးခွဲအသစ်)
-32.2-
-33- (၀မ်းဗိုက်တွင်း ကျက်စားသော တစ္ဆေငယ်)
-34- (အတင်းအကြပ် ငွေကောက်ခံမှု)
-35- (တစ္ဆေကလေးမလေးအား စတေးခံခြင်း)
-36- (ခေတ်သစ်တစ္ဆေဆင့်ခေါ်နည်း)
-37- (တမလွန်ဘ၀အတွက် အစီအစဉ်များ)
-38- (Cp poll)
-39- (စီးပွားရေးတစ်ခု စတင်ရတာလည်း မလွယ်ကူလှပါ)
-40- ဥပါဒါန်(စွဲလမ်းရာ)
-41.1- (စွဲလမ်းခြင်းအစပြုရာ)
-41.2-
-42- (အမြတ်မရသောထုတ်ကုန်)
-43.1- (အရူးအနှမ်းများ ဖန်ဒမ်းထဲမှ ထွက်ခွာသွားခြင်း)
-43.2-
-44- (၀ယ်လိုအား တစ်စတစ်စ တိုးများလာခြင်း)
-45- (သေခြင်းရှင်ခြင်း စာရင်းဇယား system ဗားရှင်းအသစ် ထုတ်လွှင့်)
-46- (ဘုန်းတန်ခိုးကြီးမြတ်လှသော တောက်ဓမ္မဆရာတော်များ စုဝေးရာ မိသားစု)
-47- (သိပ္ပံနည်းကျ ကျင့်ကြံရေး)
-48- (နည်းပညာရှင် ထိပ်သီးအစည်းအဝေး)
-49- (ဖိုရမ်ပေါ်ရှိ နာမည်ကြီး ဒိန်ခဲတုံးကြီး သုံးတုံး)
-50- (နည်းပညာ၏ ဒိဗ္ဗစက္ခုဉာဏ်)
-51- (အရေးပါသောသူ ၀င်ရောက်လာမှု)
-52 (တစ္ဆေပွဲတော် ပန်းခြံ ပါတီ)
-53- (တစ္ဆေပွဲတော် ဈေးရောင်းပွဲ)
-54- (မြေအောက်လောက ထိပ်တန်းမြင်ကွင်း ရှစ်မျိုး)
-55- (တစ္ဆေရာချီ စီတန်းလှည့်လည်ပွဲ)
-56- (တုံးအသော ကလေးများ)
-57.1- (အထီးကျန်ဖွယ် လော့ဖုန်းတောင်)
-57.2-
-58- (တစ္ဆေစျေးတန်းမှ ပစ္စည်းများအား အလွယ်တကူ ၀ယ်ယူနိုင်မည့် ပလက်ဖောင်း)
-59.1- (သန့်စင်စက်အကြောင်း စကားနိုင်လု)
-59.2-
-60- (အပန်းဖြေဥယျာဉ်မှ စတော့ရှယ်ယာများ ၀ယ်ယူခြင်း)
-61- (ဒိတ်လုပ်ခြင်း)
-62- (ဖျော်ဖြေရေးနတ်ဘုရားများ)
-63- (အွန်လိုင်း သက္ကတ္ထ)
-64.1- (ဘဝစီမံခန့်ခွဲရေး application)
-64.2-
-65- (ပရိုဂရမ်မာများက ဘယ်တော့မှ တစ္ဆေနှင့် ကြုံတွေ့ရလေ့မရှိပါ‌လေ)
-66- (သေဆုံးခြင်း အစားထိုးမှု)
-67- (တစ္ဆေက ဝိဥာဥ်ကို ခေါ်ခြင်း)
-68- (ကြိုပြီး မြင်တွေ့ခွင့်ရလိုက်တဲ့ အနာဂတ်ဖြစ်ရပ်လေး)
-69- (လူသတ်မှု စစ်ဆေးမေးမြန်းခြင်း)
-70- (ပရိုမိုးရှင်း ဆင်းရာ၌ အခက်အခဲများ)
-71- (ပြန်လည်၀င်စားခြင်း)
-72- (ပရိုဂရမ်၌ ဗိုင်းရပ်စ်ထည့်ခြင်း)
-73- (အပ်ပေါက်လည်ချောင်း ဆာလောင်မွတ်သိပ်တစ္ဆေ)
-74- (ဆာလောင်မွတ်သိပ် တစ္ဆေ လမ်းကြောင်း)
-75- (မီးမှုတ်လည်ချောင်း ဆာလောင်မွတ်သိပ် တစ္ဆေ)
-76- (မရဏပြည်ရဲ့ အဆုံးအစမဲ့ အနန္တမီးတောက်)
-77- (ငါပဲ ဖြစ်ရမယ်)
-78- (ကောလဟာလများကို အတည်ပြုပေးခြင်း)
-79- (ငန်းကလေး Peppa)
-80- (Sagittarius Band)
-81- (ဘတ်စ်ကား မှားတက်မိခြင်း)
-82- (တစ္ဆေဘတ်စ်ကား)
-83- (ရှင်သန်နေသော သေဆုံးသူ)
-84- (တစ္ဆေဘုရင်အား အ၀တ်လဲခြယ်ပေးရခြင်း ဂိမ်းပြိုင်ပွဲ)
-85- (ရုပ်ရှင်အတူတူ ကြည့်ကြခြင်း)
-86- (အတု‌အယောင် ရုပ်ရှင်ပြသပွဲ)
-87- (ဖွင့်ပြောဖို့ စီစဉ်နေခဲ့တာ မဟုတ်ရပါ)
-88- (ပြီးဆုံးသွားသော ဇာတ်ကြောင်း)
-89- (CEO က ရှေးဟောင်းပစ္စည်းတွေအကြောင်း နားမလည်ပါ)
-90- (အတု သို့မဟုတ် အစစ်)
-91- (စုဆောင်းသူ အကြီးစားကြီး)
-92- (အချိန်ပိုဆင်းကြေး ပေးနှုန်း နတ်ဘုရားအဆင့်)
-93- (ပန်းချီကား တစ္ဆေ)
-94- (တစ်ယောက်သောသူလေးကို ပွဲတက်ဖို့ ဖိတ်ခေါ်ခြင်း)
-94.2-
-95- (ငါ သဘောတူတယ်!)
-96- (လူပျိုကြီးဘ၀မှ လွတ်မြောက်ခြင်း အားလပ်ရက်)
-97- (မသေမျိုး ငန်း)
-98- (Application အဆင့်မြှင့်တင်ခြင်း)
-99- (နှစ်သစ်ကူး)
-100- (Dream Tour of Fengdu)
-101- (လုပ်ငန်း ကွင်းဆင်းလေ့လာ)
-102- (ဆင်းရဲနွမ်းပါးခြင်း တစ္ဆေအား နှင်ခြင်း)
-103- (system warning function)
-104- (ဝူချီမြို့သား)
-105-
-106- (မျက်နှာထိန်း ပတ်တီးစ)
-107- (သိပ္ပံနည်းကျ တည်နေရာရှာဖွေခြင်း နည်းလမ်း)
-108- (Plants Vs Zombies)

-22- (မိုးကြိုးလျှပ်စီး)

3K 632 42
By May_Nineee

(Unicode)

ယွိအကြီးအကဲရဲ့စကားသံအဆုံးမှာ လူအုပ်ကြီးက ဆူညံပွက်ကုန်ကြသည်။ သူတို့အားလုံးရဲ့ မျက်နှာတို့မှာ အံ့ဩမှုတွေ အတိုင်းသား....

အံ့ဩစွံ့အနေဆုံးသူမှာကား ယွိမန်ကျန်းပင်။ ယင်းမှာ ထိန်းချုပ်ထားသော ဒေါသတွေကိုတောင် မထုတ်လွှတ်နိုင်ပဲ နေရာမှာ‌တင် တောင့်ခဲနေခဲ့သည်။
သိပ်မကြာခင်မှာပဲ သူက အသိစိတ်ပြန်ကပ်ချိန်မှာ ယွိအကြီးအကဲနား ဖြည်းညင်းစွာ ချဉ်းကပ်သွားလိုက်၏...
"အကြီးအကဲယွိ...သူတို့အရူးလုပ်တာ မခံပါနဲ့။ဒါတွေအကုန်လုံး လိမ်ဆင်တွေရဲ့ တစ်စိတ်တစ်ပိုင်းပါ
သူတို့ ဒီအကွက်တွေကို အစောကြီးကတည်းက ပြင်ဆင်လာတာ မဟုတ်ဘူးလို့ ဘယ်သူပြောနိုင်လို့လဲ?
စဉ်းစားကြည့် အကြီးအကဲကတော်က တကယ်ပဲ စာပို့လာတာဆိုရင်တောင်
ဘာကြီး? "ရူးနေတဲ့ အဘိုးကြီး" လို့ ခေါ်လောက်ပါ့မလား?"

ယွိမန်ကျန်းရဲ့ စကားတွေက မှားသည်ရယ်လည်း မဟုတ်ချေ။ လူတိုင်းသိကြသည့် အကြောင်းအရာတစ်ခုက အသက်ရှင်စဉ်ကာလအတွင်း အကြီးအကဲကတော်မှာ အိန္ဒြေသိက္ခာလွန်စွာကြီးကဲကာ အနေအထိုင်ပိရိလှသည်။
အများသူငှာရှေ့မှာဆိုလျှင် သူမက ပြုံးလျှင်တောင် ပြုံးတယ်ဆို‌ရုံလောက်လေးနှင့် သွားပေါ်အောင်အထိပြုံးတယ်ဆိုတာ တစ်ခါတလေလေးတောင် မရှိခဲ့ပါလေ။
ထို့အတွက်ကြောင့် ဘယ်နည်းနဲ့မှ သူမဖက်က "ရူးနေတဲ့အဘိုးကြီး" ဆိုတဲ့ ဝေါဟာရထွက်လာစရာ အကြောင်းကိုမရှိချေ။

သို့နှင့် ယွိမန်ကျန်းဖက်က ဒီအချက်ကို ၀င်ထောက်လိုက်သော် လူတိုင်းက လက်သင့်ခံကုန်ကြသည်။
သူတို့မှာ ယွိကျန်းတုအပေါ်သာ သံသယတွေ လွန်ကဲသထက် လွန်ကဲလာကြ၏။

ထင်မထားခဲ့တာက ပုံမှန်အချိန် စကားကို ညင်သာပါးနပ်စွာ ပြောတတ်သည့် ယွိအကြီးအကဲမှာ မထင်ထားလောက်အောင်ကို ငြိမ်သက်နေခဲ့ခြင်းပေ။။။။။
သူ့ရဲ့ မျက်နှာထားတင်းတင်းပေါ်မှာ ရှက်သွေးဖြာရောင်များ ဖြတ်ပြေးသွားခဲ့သည်။
သူ့ပုံစံက ပြောကောင်းနိုးမကောင်းနိုး ချင့်ချိန်နေပြီး ရှက်ကိုးရှက်ကန်းဖြစ်နေသလို...
ထို့နောက် အနည်းငယ် တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေပြီး‌နောက်မှ....
"မင်းတို့တွေ အကြောင်းမသိကြလို့ပါ...
ငါ့မိန်းမက နှစ်ယောက်တည်းရှိနဲ့အချိန်တွေကျရင် မင်းတို့ထင်ထားခဲ့သလို အိန္ဒြေသိက္ခာနဲ့နေတာ မဟုတ်ဘူး
အဲ့လိုပုံစံက လူရှေ့သူရှေ့ကျမှ သူချပြထားတဲ့ ပုံစံ...
တကယ်တမ်း
သူက ငါ့ကို "ရူးနေတဲ့အဘိုးကြီး" လို့လည်းခေါ်တယ် ပြီးရင် ငါ့ကို ဗိုက်ခေါက်လည်း ဆွဲလိမ်တယ် နားတွေလည်း အချိန်တိုင်း လိုလို ဆွဲလိမ်တတ်သေးတယ်...."

လူအုပ်ကြီး :"..............."

ပြီးသွားပြီ!
လမ်းမရှိတော့ဘူး တစ်ခါတည်း အဆုံးသတ်သွားပြီ!
မထင်ထားခဲ့ဘူး ယွိကတော်က ဒီလိုဖြစ်နေခဲ့လိမ့်မယ်လို့။

ယွိကတော်လည်း ထင်ထားခဲ့လောက်မှာ မဟုတ်ဘူး
သူမ တစ်ဘ၀လုံးစာ နီးပါး ထိန်းသိမ်းခဲ့ရသမျှ အင်းမေ့ဂ်ျကြီးက သေသွားတဲ့အခါကျမှ အခုလိုကြီး လူရှေ့သူရှေ့ ချပြခံခဲ့ရလိမ့်မယ်လို့...

သို့သော် ဒီအဖြစ်အပျက်ကြီးတစ်ခုလုံးက ယွိကျန်းတုရဲ့စာက မှန်ကန်ကြောင်း ထပ်လောင်း‌သက်သေပြပေးလိုက်သလိုပင်။
သူတို့ဘာသာသူတို့ဆိုရင် နောက်ဘ၀ကူးသွားတောင် ယွိကတော်ရဲ့ အကျင့်က ဒီလိုဒီလိုရှိမှန်းသိသွားရလောက်မှာ မဟုတ်ဘူးလေ...
အထူးသဖြင့် ယွိရွာသူရွာသားတွေ...
သူတို့တွေက တစ်ခြားသူတွေထက်ပိုပြီးတော့တောင် ယွိအကြီးအကဲကတော်နဲ့ဲ့ဖက်လဲတကင်းရှိခဲ့တာကို ဒီအကြောင်းလုံးလုံး မသိခဲ့ရဘူးဆိုတာက........

လူအုပ်ကြီးမှာ ပူပူနွေးနွေး ဆူကြွက်သွားကြပြန်သည်။

"အတည်ကြီးများလား? သူတို့မှာ တကယ် အဲ့လိုနည်းပညာရှိနေတာများလား?"

"လိမ်တာပဲနေမှာပါ
ငါတော့ မယုံဘူး"

"ဘယ်လိုလို့ လိမ်တာဖြစ်နိုင်မှာလဲ? ယွိအကြီးအကဲပြောသွားတာ မကြားဘူးလား?
သူတို့မိသားစု၀င်တွေတောင် လက်စွပ်ကို ဘယ်နားထားမှန်းမသိတာ..
လူလိမ်တစ်ယောက်က ဘယ်လိုနည်းနဲ့ နေရာကို အတပ်ပြောနိုင်တာလဲ?"

"အဲ့တာပြောတာ...
ပြီးရင် သူတို့က ယွိအကြီးအကဲနဲ့ အကြီးအကဲကတော်တို့ နှစ်ယောက်တည်းရှိရင် အချင်းချင်း ဘယ်လိုခေါ်ကြလဲ ဆိုတာပါ သိနေတာ..
လိမ်တာက ဒီလောက်တောင် လက်လှမ်းမမီနိုင်တဲ့ လယ်ဗယ်ကိုရောက်နေပြီဆိုရင်
လိမ်ခံရတဲ့သူနေရာမှာ ကိုယ်ဖြစ်နေရင်တောင် လက်လွှတ်မခံသင့်တော့ဘူးနော်"

"ငါတော့ ဒါကြီးက မဖြစ်နိုင်ဘူးလားလို့နော်? သူတို့တွေ ဘယ်ကနေ ဘယ်လိုနည်းနဲ့ ဒီလိုနည်းပညာမျိုး ရှိသွားရတာလဲ?
မြေအောက်လောကနဲ့ ဆက်သွယ်ဖို့ကို မန္တာန်တွေဘာတွေလည်း မှုတ်စရာမလိုဘူး
လာနောက်နေတာလား?"

"ဘာလို့ မဖြစ်နိုင်ရမှာလဲ??
ရှေးခေတ်တုန်းကလည်း ဖုန်းတွေ မီးတွေ တီဗီတွေ ဆိုတာ မရှိခဲ့သေးဘူးပဲ မလား
တဖြည်းဖြည်း တီထွင်လာခဲ့တဲ့ အရာတွေလေ"

"ယုတ္တိတော့ရှိတယ်
လူ့လောကမှာတောင် ဖုန်းတွေ ထွင်နိုင်သေးရင် မြေအောက်လောကမှာလည်း အဲ့လိုထွင်နိုင်တဲ့ ဉာဏ်ကြီးရှင် ရှိနေတာ ဖြစ်မယ်"

"ဒါပေါ့! အဲ့လိုမှ မဟုတ်ရင်လည်း ဒီက သိပ္ပံပညာရှင်တွေက သေသွားတော့
မြေအောက်လောကမှာ ဆက်ပြီး သူတို့ရဲ့ experiment တွေကို ဆက်လုပ်တာ နေမှာ"

မကြာလိုက်ပါဘူး...
ထူးထူးခြားခြားပါပဲ ယွိကျန်း‌တုတောင် ၀င်ရှင်းပြစရာမလိုတော့ပဲ မြေအောက်လောကမှာလည်း မက်ဆေ့ဂ်ျပို့လို့ရတဲ့ စနစ်ရှိတာ ဖြစ်နိုင်ချေ ရှိမရှိ လူထုက သူ့အလိုလို ဆွေးနွေးကုန်ကြသည်။

ဒီအခိုက်မှာ ယွိမန်ကျန်း ဘာစကားပဲ ပြောပြော တိုးမပေါက်တော့ချေ။။ ၎င်းမှာ မျက်နှာကြီး စိမ်းဖန့်လာခဲ့သည်။

ယွိအကြီးအကဲရဲ့ အချိုးမှာ တမဟုတ်ချည်း ပြောင်းလဲသွားခဲ့၏။
ထိုသူက ယွိကျန်းတုနှင့် ရှန်းချွယ့်တို့ကို မျက်ရည်ရစ်ဝိုင်းနေတဲ့ မျက်လုံးတွေနဲ့ ကြည့်ရင်း..
"မင်းတို့ဖက်ကသာ ငါ့မိန်းမနဲ့ ဆက်ပြီး မက်ဆေ့ဂ်ျပို့ခွင့်ပေးမယ်ဆိုရင် ငါ့ဖက်ကလည်း မင်းတို့တောင်းသလောက် ငွေပမာဏကို ပေးသွားမှာပါ"

"အယ် အကြီးအကဲ..
အဲ့‌လိုကြီးထိ ပြောစရာမလိုပါဘူး.."
ယွိကျန်းတုမှာ အကြပ်အတည်းထဲ ရောက်သွားခဲ့ရချေသည်။
သူတို့၏ မူလရည်ရွယ်ချက်မှာကား နတ်ဘုရားသုံးသွယ် အယူသီးမှုအကြောင်း ဖြေရှင်းဖို့ရာ ဖြစ်ခဲ့သော်လည်း
အခြေအနေတွေက ဒီလို ဒီပုံဖြစ်လာခဲ့မယ်လို့ မထင်ထားခဲ့ပါ။

သူပြောနိုင်တာတစ်ခုက သူဌေးက လုံး၀ကို အရင်းရှင်တစ်ယောက်ဖြစ်လာဖို့ ပါရမီကို ပါနေတာပဲလို့!!

တစ်ခုရှိတာ ရှန်းချွယ့်က ချက်ချင်းပဲ ထပြောပေလို့။
သူက ယွိအကြီးအကဲဖက်ကြည့်ကာ
"သက်ရှိတွေနဲ့ သေပြီးသားသူတွေ အဆက်အသွယ်ပြုလုပ်ခြင်းက ကောင်းကင်ဘုံရဲ့ အလိုနဲ့ သွေဖယ်နေတယ်
ဒီလိုကိစ္စမျိုးက ငွေပေးရုံနဲ့ အလွယ်တကူလုပ်ပေးလို့ရတဲ့ ကိစ္စမျိုးမဟုတ်ဘူး"

ယွိကျန်းတု ခေါင်းတဆတ်ဆတ်ငြိမ့်ရင်း ထောက်ခံလိုက်သည်။
"အမှန်ပဲ! ဒါက ဟို နတ်ဆရာ နတ်ဘုရားတွေနဲ့ ဆက်သွယ်ချင်တဲ့အခါ သုံးတဲ့နည်းလိုမျိုးပဲ
စာပို့ချင်တယ်ဆိုရုံလေးနဲ့ ပို့လို့ရတာမျိုးမဟုတ်ဘူး"

သူက စကားကို တစ်၀က်ဖြတ်လိုက်ကာ နောက်မှဆက်လိုက်သည်။
"ကျွန်တော်တို့ရဲ့ နည်းပညာက နည်းနည်းလေး ပို အဆင့်မြင့်တယ်
နတ်ဆရာသုံးတဲ့ နည်းလမ်းက ကျွန်တော်တို့မှာ အခုရှိနေတဲ့ နည်းပညာလိုမျိုး လွယ်လင့်တကူ သုံးလို့မရသေးဘူး"

ယွိအကြီးအကဲရဲ့ အကြည့်တွေမှာ စိတ်ပျက်လက်ပျက် ဖြစ်သွားဟန်တွေ ပြည့်‌နှက်နေခဲ့သည်။
သို့သော် သူက လက်မလျှော့နိုင်သေးချေ
"အဲ့ အဲ့လိုဆို ဘာလုပ်လို့ရလဲ? ငါ တကယ် ငါ့မိန်းမနဲ့ ‌ထပ်ပြီး စကားပြောချင်သေးလို့ပါ..
ကျေးဇူးပြုပြီး ဘယ်လိုအခြေအနေတွေပဲဖြစ်ဖြစ် မင်းတို့ ငါ့ကို နောက်ထပ် မက်ဆေ့ဂ်ျတွေ ပို့ကို ပို့ပေးရမယ်"

သူ့စကားသံနောက်မှာ လူအုပ်ကြီးရဲ့ သံယောင်လိုက်သံတွေပါ ပါ၀င်နေခဲ့သည်။
"ငါလည်း မက်ဆေ့ဂ်ျပို့ချင်တယ်!!!"

"ကျွန်မလည်း ပို့ကြည့်ချင်တယ်!!"

အကုန်လုံးက ဒီနည်းပညာ‌အကြောင်း သိချင်လိုစိတ် ပြင်းပြနေခဲ့ကြကာ စမ်းကြည့်ချင်နေခဲ့ကြသည်။

ယွိကျန်းတုမှာ ကူကယ်မရဖြစ်ကာ သူဌေးဖြစ်သူကို အခက်ကြုံနေသလို ကြည့်လိုက်ချိန်
ရှန်းချွယ့်က ခပ်တင်းတင်းပဲ တုံ့ပြန်လိုက်သည်။

"စဉ်းစားကြည့်ပေးမယ်"

ယွိကျန်းတု :"............"
ထင်ထားတဲ့ အတိုင်းပဲ..
သူဌေးမှာ အရှိန်အဝါတွေတော့ ရှိနေသေးတုန်း!!!

ထိုအချိန်မှာပဲ ရုတ်တရက် အေးစိမ့်နေသော လေစိမ်းများက ဘယ်ကနေ ဘယ်လိုရောက်လာသည်မသိ...
လှုပ်လှုပ်ရှားရှားဖြစ်ကာ ဗရုတ်ကျနေ‌ခဲ့သော အခြေအနေတွေအကုန်လုံးကို ငြိမ်ကျသွား စေခဲ့သည်။
အခုလေးတင်ပဲ မက်ဆေ့ဂ်ျ ဇွတ်ပို့ချင်နေကြသည့် လူအုပ်ကြီးမှာ ရပ်တန့်ကုန်ကြကာ ဇဝေဇဝါဖြင့် မေးမြန်းလာခဲ့သည်၊၊
"ဘာတွေဖြစ်ကုန်တာလဲ? ဘာလို့ ရုတ်တရက်ကြီး လေတွေ ထန်လာရတာလဲ?"

တစ်ချိန်တည်းမှာပဲ အမွှေးတိုင်တင်ထားတဲ့ စားပွဲပေါ်ရှိ လောင်စာများက ရုတ်ချည်း လျင်မြန်စွာ ထလောင်လာခဲ့သည်။
အဖြူရောင် မီးခိုးငွေ့များက မြစ်ချောင်းအသွင် အငွေ့လိုင်းအဖြစ်နှင့် ကောင်းကင်ထက် တက်လှမ်းကာ
ဘယ်လောက်ပင် လေထန်နေပါစေ မမှုခဲ့ချေ။

လူတွေ မေ့တောင်နေပြီဖြစ်သော နတ်ဆရာကလည်း အခုချိန်မှ ရုတ်တရက်ထကာ တစ်ကိုယ်လုံး တုန်ရီနေခဲ့သည်။
သူ့မျက်လုံးများက ၃၆၀ ဒီဂရီ လည်ထွက်ကုန်ကာ အပေါ်အောက်ရွေ့လျားနေရင်း သူ့သဏ္ဍာန်မှာ နာကျင်မှုကို အစွမ်းကုန် ထိန်းချုပ်ထားနေရသလိုမျိုး ။
သူက အံ့အားသင့်မှုများစွာကြားက အကြောက်တရားရောယှက်လျက် သတိပေးလာခဲ့သည်။
"နတ်ဘုရားသုံးသွယ်!!! နတ်ဘုရားသုံးသွယ် ပေါ်လာပြီ!"

ထို့နောက် သူက ကန်တော့စားပွဲရှေ့ အားတင်းရပ်ကာ အစောပိုင်းက အဆင်သင့်ပြင်ဆင်ထားတဲ့ ပရိတ်ရေကို တစ်ကြိုက်တည်း အပြီးမော့သောက်ပြီးနောက် အလျင်စလို မန်းစမှုတ်တော့သည်။
"နတ်ဘုရားများ
ကျေးဇူးပြုပြီး ကိုယ်ထင်ပြတော်မူပါ
ဘယ်ဖက်အရပ်မှ ကျွန်တော်မျိုးနောက် လိုက်ပါပြီး လှည့်ပတ်ကာ
ညာဖက်အရပ်မှ ကျွန်တော်မျိုးနောက် လိုက်ပါပြီး လမ်းလျှောက်ကာ...
လေဟာ မီးကို အဖော်ပြုသလိုမျိုး...."

သူ မန္တာန်မှုတ်လို့ပြီးသည်နှင့် အမွှေးတိုင်စားပွဲပေါ်ရှိ ဖယောင်းတိုင်မီးတောက်များမှာ "ဟုန်း" ခနဲ အသံနှင့်အတူ လှိုင်းလုံးသဏ္ဍာန်မြင့်တက်လာခဲ့၏။
နတ်ဆရာရဲ့ မျက်လုံးနှစ်လုံးစလုံးမှာ အဖြူလုံးလုံးပြောင်းလဲသွားခဲ့ပြီးနောက် ထိုသူက ကျယ်လောင်တဲ့ အာခေါင်ခြစ်သံကြီးနှင့်အတူ
သံများ ‌ထိုးထောင်နေသော ထိုင်ခုံပေါ် တက်ထိုင်‌လိုက်တော့သည်။

သံတွေမှာ ချွန်ထက် ရှည်လျားလှကာ နေရောင်ထဲမှာ တလက်လက်ထနေလျက်။
နတ်ဆရာမှာ အပေါ်ပိုင်းတစ်ခုလုံး လုံးလုံး အ၀တ်မကပ်သော်လည်း သံခုံပေါ်ထိုင်ချိန်တွင် ဘာမှ ထိခိုက်ဒဏ်ရာမရကာ သူ့အသားအရည်ကိုတောင် မထိသလိုပင်။
သူက စိတ်လိုက်မာန်ပါ ခေါင်းကို အပေါ်မော့အော်ဟစ်ရင်း ဒေါသတကြီးနှင့် အော်ဟစ်လာခဲ့သည်။
" ဘယ် မလောက်လေး မလောက်စားက လူအုပ်ကို အထင်လွဲအောင် ဘုရားသားတော်တွေရဲ့ မကောင်းကြောင်းကို ပြောရဲရတာလဲ?"

အသံမှာ နက်နက်ကြီးဖြစ်နေတာကြောင့် နားဆင်လိုက်ရသည့် လူအပေါင်းမှာ ၎င်းတို့၏ နှလုံးအိမ်တို့ လေးလံသွားခဲ့ရသည်။
သို့သော် ထွက်လာသည့်အသံမှာ ပုံမှန် နတ်ဆရာ၏ နဂိုသံ လုံးလုံး ဟုတ်မနေချေ။

လူအုပ်ကြီးမှာ တစ်ဖန် ထပ်၍ ဆူညံပွက်လောရိုက်ကုန်ကြသည်။

"နတ်ဘုရားသုံးသွယ် နောက်ဆုံးတော့ ရောက်လာကြပြီ!!!"

"နတ်ဘုရားသုံးသွယ် စကားမိန့်နေပြီ!!"

အုတ်အော်သောင်းတင်းဖြစ်နေမှုမှာ သဘာ၀ကျလှသည်။ယွိမျိုးစုရဲ့ ဒဏ္ဍာရီမှာ တောက်လျှောက် သိလာရသည့် အချက်က
နတ်ဘုရားသုံးသွယ် ကျောင်းဆောင် တည်ထောင်ပြီးစီးချိန်ကစပြီး နတ်ဘုရားသုံးသွယ်မှာ ကိုယ်ထင်ပြတာ ရှားသည်ဟူ၍။

ကိုယ်ထင်မပြပဲ များသောအားဖြင့်က နတ်ဆရာကိုပဲ ၀င်ပူးပြီး ပြင်ဆင်ထားတဲ့ ဆီစိမ်စာရွက်အဝါရောင်တွေမှာ သူတို့ပြောချင်တဲ့ စကားတွေကိုသာ ချရေးထားခဲ့တာပင်။
ဒီတစ်ကြိမ်က ပထမဆုံးပဲ နတ်ဘုရားသုံးသွယ်ရဲ့ စကားသံကို လူတိုင်းကြားဖူးတာ ဖြစ်ပြီး
ပထမဆုံးကြားဖူးတဲ့ အသံမှာလည်း စိတ်မကျေနပ်မှုတွေ ပါနေတာကြောင့် အကုန်လုံးမှာ မသေချာ မရေရာ ဖြစ်နေခဲ့ကြရသည်။

ယွိမန်ကျန်းမှာ ပထမဆုံး တုံ့ပြန်လာသည့်သူပင်။
သူက ချက်ချင်းပဲ ဒူးကို ကွေးချကာ ‌ဒူးထောက်ထိုင်ချပြီး အော်ဟစ်တော့သည်။
"ယွိမန်ကျန်း....နတ်ဘုရားသုံးသွယ်ကို ဂါရ၀ပြုပါတယ်!!!"

သူ အစပြုလိုက်တာနဲ့ ကျန်တဲ့ လူတွေကပါ မြေကွက်လပ်ပေါ် အကုန်လုံး ဒူးထောက်ထိုင်ချပြီး အော်ဟစ်ကြတော့သည်။
"နတ်ဘုရားသုံးသွယ်ကို ဂါရ၀ပြုပါတယ်"

တောက်ဓမ္မကိုယ်တော်ခိုမှာ နာမည်ကြီးဘုရားကျောင်းမှ နာမည်ရ ဓမ္မဆရာတော်တစ်ယောက်ဖြစ်သည့်အလျောက် အခုလိုမျိုး ယုံတမ်းနတ်ဘုရားများကို အလုပ်အကျွေးမပြုသူ ပီပီ
ဒူး‌မထောက်သော်ငြား ထိုသူက လက်တွေကို ကျကျနန စုစည်းကာ ယဉ်ကျေးစွာ ဂါရ၀ပြုလိုက်သည်။

ယွိကျန်းတုနဲ့ရှန်းချွယ့် နှစ်ယောက်တည်းကပဲ ထိုးထိုးထောင်ထောင် ရပ်ကျန်နေခဲ့ကြတာဖြစ်၏။
လူတွေအကုန်လုံးက ဒူးထောက်ဂါရ၀ပြုနေချိန်မှာ သူတို့ကပဲ မတ်တပ်ရပ်နေကြတာမို့ လူအုပ်ကြားမှာ ထင်ရှားနေခဲ့ကြသည်။
ရှန်းချွယ့်က နှာမှုတ်ကာ...
"အဲ့ဒီကောင်တွေ ဖုန်းတောင် မရှိရှာဘူး
လူတွေနဲ့ ဆက်သွယ်ဖို့ကို နတ်ဆရာတစ်ယောက်ကို တကူးတက ၀င်ပူးနေရသေးတယ်..
ကြည့်ရတာ ဒီကောင်တွေ တော်တော်မွဲပုံပဲ"

ယွိကျန်းတုမှာ နှစ်ယောက်မရှိတဲ့ အမွဲတကာ့အမွဲဆုံး သူဌေးဖြစ်သူကို မျက်လုံးကြီးထောင့်ကပ် မကြည့်ပဲ မနေနိုင်တော့ချေ။
............
တကယ်ကြီးလား! သူဌေးမှာကျ ရှိတာဆိုတော့ ပြောနိုင်တာပေါ့!

နတ်ဆရာက သူ့ရှေ့မှာ ရှိတဲ့ စားပွဲပေါ်ကို လက်၀ါးဖြင့် တစ်ချက်ရိုက်ချကာ သူ့မျက်လူံးများက အကြွေစေ့နီးပါးလောက်အထိ ပြူးကျယ်လာခဲ့သည်။
သူ့အသံက နောက်တစ်မျိုး ပြောင်းသွားခဲ့သည်မှာ နောက်ထပ် လူတစ်ယောက်က သူ့ထံ ၀င်သွားခဲ့သလိုမျိုး။

ထိုသူက ရှန်းချွယ့်ကို လက်ညိုးထိုးကာ ဆိုလာခဲ့သည်။
"မင်းလိုမျိုး ပမွှားလေးက ဘယ်လိုတောင် နတ်ဘုရားတွေကို ပျက်ရယ်ပြုရဲရတာလဲ?
ဒီနေ့ ငါတို့ ညီကို သုံးယောက်က မင်းကို နတ်ဘုရားတွေရဲ့ ကြီးမြတ်ပုံအကြောင်း ပြပေးမယ်!
ငါတို့တွေ မင်းရဲ့ ဘ၀သက်တမ်းထဲက တစ်၀က်ကို နှုတ်ယူပြီး ကျန်တဲ့သူတွေကို နမူနာပြပစ်မယ်
နတ်ဘုရားတွေကို စော်ကားတဲ့ရလဒ်က ဘယ်လိုမျိုးလဲဆိုတာ..."

နတ်ဆရာရဲ့ ပါးစပ်မှ တစ်ဆင့် စကားသံတွေ ထွက်လာတဲ့နောက်မှာ အမွှေးအိုး‌တွေကလည်း လျှင်မြန်စွာ လောင်ကျွမ်းကြကုန်ပြီး မီးခိုးများက အထက်ကောင်းကင်ယံသို့ တက်လှမ်းကုန်ကြသည်။

ယွိမန်ကျန်းနဲ့ နတ်ဘုရားသုံးသွယ်မှာ အခြားသူများထက်စာရင် ပိုပြီး နီးကပ်တဲ့ဆက်ဆံရေးရှိသည်ဟု ပြောလို့ရ၏။
အခုအချင်းအရာကို မျက်မြင်တွေ့ပြီးနောက် သူက ‌ချက်ချင်းပဲခေါင်းကို မြေကြီးနဲ့ထိလောက်အောင် ထိကပ်ကာ လျှောက်ထားလိုက်သည်။
"အမွှေးတိုင်တို့က စကြ၀ဠာကို တုံ့ပြန်လို့
အမွှေးနံ့သာတို့က ကောင်းကင်တံခါး၀ထိ သင်းပျံ့ကာ
နတ်ဆရာရဲ့ ပါးစပ်ကို ဖွင့်စေခြင်းဖြင့် တပည့်တော်အား မည်သည့်အရာက မှန်ကြောင်း မှားကြောင်း ဖြေကြားပေးတော်မူပါ"

ထို့နောက် သူက ရှန်းချွယ့်တို့ဖက် လှည့်ကာ...
"ငါ အစောကြီးကတည်းက မင်းတို့ကို သတိပေးခဲ့သားပဲ
မင်းတို့ရဲ့ ရူးကြောင်ကြောင်လှည့်ကွက်တွေကို နတ်ဘုရားသုံးသွယ်ရှေ့ သုံးပြပြီး မလှည့်စားနဲ့လို့...
အခုတော့ မင်းတို့တွေ နတ်ဘုရားသုံးသွယ်ကို အမျက်ထွက်အောင် လုပ်လိုက်ကြပြီ...
အခုချက်ချ်း မြန်မြန် ဒူးထောက်ပြီး ကိုယ့်အမှားကိုယ် တောင်းပန်လိုက်ကြ"

သူ့စိတ်ထဲတွင် တွေးထင်ထားခဲ့သည်က နတ်ဘုရားသုံးသွယ်က အခုလို လူရှေ့သူရှေ့ ပေါ်ချလာခြင်းမှာ ရှန်းချွယ့်နဲ့ ယွိကျန်းတုတို့က ကြောက်ဒူးတုန်ကုန်ကြလိမ့်မယ်လို့...

သို့သော် ထိုနှစ်ယောက်သားမှာ ဒူးမထောက်သည့်အပြင် ခေါင်းမော့ရင်ကော့ ရပ်နေဆဲဖြစ်နေသေး၏။
အထူးသဖြင့် ရှန်းချွယ့်က နတ်ဘုရားတွေရှိတယ်လို့ ယူဆရတဲ့ ဖက်ကို အကြည့်လေးပဲ စောင်းလာခဲ့ပြီးနောက်
စကားသံတိုးဖွဖွဖြင့် ရေရွတ်လိုက်သည်။
"နတ်ဘုရားအတုတွေ"

သို့သော် သူ့အသံကို လူတိုင်းက ကြားလိုက်ရပြီးနောက် အကုန်လုံးရဲ့ အမူအရာများမှာ ပြောင်းလဲသွားခဲ့ကြသည်။

မည်သို့ပင်ဆိုစေကာမူ ယွိမျိုးနွယ်စုအနေဖြင့် နတ်ဘုရားသုံးသွယ်ကို အလုပ်ကျွေးပြုလာခဲ့သည်မှာ နှစ်ပေါင်းရာချီရှိနှင့်ခဲ့ပြီမို့လို့ သူတို့ရဲ့ ဖြစ်တည်မှုအပေါ် လွန်စွာမှ ယုံကြည်သက်၀င်ကြသူတွေဖြစ်ကြသည်။

အခုလိုမျိုး နတ်ဘုရားတွေက ကိုယ်တိုင်ကိုယ်ကျ ကြွချီလာတာကို မြင်ရတဲ့ အခါမှာ ပိုဆိုးတာပေါ့...
သူတို့စိတ်နှလုံးအိမ်ထဲ လေးပင်နေလောက်အောင် ခံစားနေရတဲ့အချိန်
ရှန်းချွယ့်က အခုလို မဆင်မခြင် မလေးမစားပြုမူနေတဲ့ အမူအရာကြောင့် အကုန်လုံးမှာ ့လည်း အံ့ဩ...ဒေါသလည်းထွက်၊ ကြောက်လည်း ကြောက်ရွံ့ကာ ဘယ်လိုစကားမျိုးကိုမှလည်း မပြောရဲကြချေ။

ထိုအချိန်မှာပဲ နတ်ဆရာက မတ်တပ်ရပ်ကာ ဒေါသတကြီးဖြင့် အော်ပြောလာခဲ့ပြန်သည်
"ဘာပြောလိုက်တယ်??"

ရှန်းချွယ့်ရဲ့ အကြည့်တွေထဲမှာ ခနဲ့နေမှုတွေပါ၀င်နေပြီး သူ့အပြုံးကလည်း လှောင်ပြုံးသဖွယ် ကွေးတက်နေခဲ့ကာ....
"လူ့လောကမှာ လာဆောက်ထားတဲ့ တစ္ဆေတွေကို အလုပ်အကျွေးပြုရတဲ့ မြေအောက်လောကဘုရားကျောင်း
မင်းတို့တွေကို ဘယ်တုန်းကမှ နတ်ဘုရားအဖြစ် သတ်မှတ်ခဲ့ကြတာမဟုတ်ဘူး.."

သူ့စကားအဆုံးမှာ နတ်ဆရာရဲ့ မျက်နှာမှာ တစ်မျိုးပြောင်းလဲသွားခဲ့ရသည်။

သက်ရှိလူသားတွေ သေဆုံးပြီးချိန် ထိုသူတို့အတွက် ရည်စူးကာ ဘုရားကျောင်း ရုပ်ထုများ တည်ထားကိုးကွယ်ကြလျှင် ထိုဘုရားကျောင်းများကို မြေအောက်လောကဘုရားကျောင်းဟု ခေါ်ဝေါ်၏။

ထိုဘုရားကျောင်းမှ တစ်ဆင့် ပူဇော်ခံထိုက်သူများဟာ တစ္ဆေတွေသာဖြစ်ကြပြီး နတ်ဘုရားများ မဟုတ်ကြချေ။
သို့သော် ၎င်းတို့က လုံလောက်တဲ့ အမွှေးတိုင်ကိုသာ လက်ခံရရှိတယ်ဆိုရင် သူတို့က လွယ်လွယ်ကူူနှင့် ကောင်းကင်ဘုံရဲ့ အသိအမှတ်ပြုခြင်းကို ခံရနိုင်ပြီး တရား၀င် နတ်ဘုရားအဆင့်သို့ ကူးပြောင်းနိုင်သည်
မည်သို့ပင်ဖြစ်စေ တကယ့်နတ်ဘုရားအစစ်တွေနဲ့ ယှဉ်ရသည့်အခါ‌တွင်တော့ ၎င်းတို့က တစ်ဆင့် နိမ့်နေသေးတာပင်။

ရှန်းချွယ့်ရဲ့ စကားက နတ်ဘုရားသုံးသွယ်ရဲ့ အရှိုက်ကို တည့်တည့်ထိသွားခဲ့သည်။

သူက အနာပေါ်တုတ်ထပ်ကျအောင် ပြောလိုက်ပြန်သည်။
"အစကတည်းက လူ့လောကက သူတွေက မင်းတို့ သုံးယောက်ကို သစ္စာရှိရှိ အလုပ်ကျွေးပြုစုလာကြတာ
အနည်းဆုံးတော့ မင်းတို့ဖက်က သူတို့မြေကို မျှမျှတတ စောင့်ရှောက်‌ ပေးသင့်တာပေါ့...
ဒါပေမဲ့ အခုကျဘာဖြစ်လဲ?
မင်းတို့ရဲ့ တစ်ကိုယ်ရည်ဆန္ဒတွေကို ပြည့်၀ချင်ရုံသပ်သပ်နဲ့ ကိုယ့်ကို အလုပ်အကျွေးပြုပေးတဲ့သူတွေရဲ့ ကျေးဇူးကို မလျော်မကန် ပြုပစ်လိုက်ကြတယ်...
ရှက်ဖို့ကောင်းလိုက်တာ!"

ရှန်းချွယ့်ရဲ့ စကားများက တော်တော်လေး ပြင်းထန်သည့်ဖက် ရောက်သွားခဲ့၏
နတ်ဆရာရဲ့ မျက်နှာက ထပ်မံပြောင်းလဲသွားပြန်ကာ
သူ့ပါးစပ်က ထွက်လာသည့်အသံမှာ လူသုံးယောင်ပြိုင်ပြောနေတဲ့အသံ ဖြစ်လာခဲ့သည်
"အတင့်ရဲလိုက်တာ!
မလောက်လေး မလောက်စားလေးက!
နတ်ဘုရားတွေကို သိက္ခာချတယ်!"

"ဒီနေ့ ငါတို့တွေ မင်းကို သတ်မယ်
အခုချက်ချင်းပဲ"
သူတို့၏ ကြောက်မက်ဖွယ်ရာ အသံလိမ်များကြားတွင် တိုက်ခတ်နေသောလေတို့မှာ ပို၍ပြင်းထန်လားခဲ့သည်။
နတ်ဆရာ၏မျက်နှာမှာ အမည်းရောင်ပြေးကာ သူ၏ ဆံပင်များက အထက်‌ကောင်းကင်သို့ ထိုးထောင်လျက်....
သူ၏ အသွင်အပြင်မှာ အင်မတန်မှ ကြောက်ခမန်းလိလိပင်။

ယွိကျန်းတု၏အဖေက ပြောလိုက်သည်။
"ကျန်းတု
အခုချက်ချင်း မင်းနဲ့ ရှန်းချွယ့်တို့ နတ်ဘုရားသုံးသွယ်ကို တောင်းပန်လိုက်ကြ!"

တောက်ဓမ္မကိုယ်တော်ခိုရဲ့ မျက်ခုံးများမှာ အနည်းငယ်တွန့်ချိုးသွားသည်။
နတ်ဆရာထံကြည့်နေသည့် သူ၏အကြည့်များမှာ တွန့်ဆုတ်နေသယောင်.....
သူက ဆို၏။
"ခဏ.!..တစ်ခုခုတော့ မှားနေပြီ"

ရှန်းချွယ့်က လေထန်နေတဲ့အထဲမှာ မလှုပ်မယှက်။
သူ၏ အသံက ဩရှရှဖြစ်နေခဲ့ကာ သူ့အသံကို လူတိုင်း ကြားနိုင်ပေလောက်၏။
"မင်းတို့တွေက မကောင်းဆိုးဝါးလမ်းစဉ်ကို လိုက်နှင့်နေပြီးပြီပဲ..
လူ့ကမ္ဘာက ယုံကြည်ကိုးကွယ်မှုတွေက မင်းတို့နဲ့ မထိုက်တန်တော့ဘူး......"

ထိုစကားသံကို ကြားတော့ တောက်ဓမ္မကိုယ်တော်ခို၏ နှလုံးခုန်သံမှာ ရပ်တန့်သွားမတတ်။
သူက လက်ချောင်းများဖြင့် စတင်တွက်ချက်တော့သည်။

တစ်ချိန်တည်းမှာပဲ ယွိကျန်းတုကလည်း သူ့ဖုန်းထဲက မြေအောက်လောကစွမ်းအင်ရှာဖွေရေးပရိုဂရမ်ကို ဖွင့်ကာ နတ်ဆရာရှိရာကို ချိန်၍ စကင်န်ဖတ်ကြည့်လိုက်သည်။
"ဒါ ဘယ်လိုနတ်ဘုရားကြီးတုန်း? ဒီလောက်များတဲ့ မြေအောက်စွမ်းအင်တွေရှိနေတာ...."

လက်တွေနဲ့တွက်ချက်နေရဆဲဖြစ်တဲ့ တောက်ဓမ္မကိုယ်တော်ခို :"................"

သူက နောက်တော့ လက်တွေကို ဖယ်ချလိုက်ပြီး ယွိကျန်းတုဘေးနား တရွေ့ရွေ့ တိုးသွားလိုက်ကာ
မေးကြည့်လိုက်သည်။
"ဒါက....ဟိုဟာ?...."

"ဟုတ်တယ်"
ယွိကျန်းတုက ဖုန်းကို မြင်ရအောင် စောင်းပြလိုက်ကာ...
"ဒါ တပည့်တော်တို့ကုမ္ပဏီရဲ့ မြေအောက်လောကစွမ်းအင်ရှာဖွေရေးကိရိယာဆိုတာလေ...
ဒီမှာကြည့်လိုက်ရင် နတ်ဆရာရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို မကောင်းတဲ့အငွေ့အသက်တွေ ဖုံးလွှမ်းနေတာမြင်ရပြီး
ဘေးနားက ဂဏန်းလေးတွေက မြင့်နေတာကို တွေ့ရလိမ့်မယ်...
ဒီလိုနတ်ဘုရားအတုကို ဘယ်ချောင်က ရှာတွေ့ထားကြတာလဲကွ!!"

တောက်ဓမ္မကိုယ်တော်ခိုက ဖုန်းစခရင် အောက်နားလေးက ညွှန်ကိန်းဂဏန်းများကို တစ်ချက်ကြည့်ကြည့်လိုက်သည်။
•မြေအောက်စွမ်းအင်အဆင့်သတ်မှတ်ချက်ဟာ တိုင်းတာနိုင်သည့် အဆင့်ထက် ကျော်လွန်နေကာ
အညိုးအတေးဝိဉာဉ်ပူးကပ်ခံရသည့်အဆင့်ထက်ပင် မြင့်တက်လျက်ရှိပါသည်။
ပြဿနာတစ်စုံတစ်ရာကြုံတွေ့နေခြင်းဖြစ်ပါ၍ စစ်ဆေးမှုကို နောက်တစ်ဖန် ပြန်လည်ပြုလုပ်ပေးပါရန်!•

"ထင်ထားတဲ့အတိုင်းပဲ မင်းတို့ရဲ့ ‌ကိရိယာက မြန်လည်းမြန်ဆန်ပြီး ရိုးလည်းရိုးရှင်းတယ်"
တောက်ဓမ္မကိုယ်တော်ခိုရဲ့ အသံမှာ အားကျနေဟန်တွေ ပြည့်နှက်လျက်။
ထို့နောက် သူ့အမူအရာက တစ်ဖန်ပြန်ပြောင်းသွားကာ...
"ကြည့်ရတာ တကယ်ပဲ နတ်ဘုရားသုံးသွယ်က မကောင်းဆိုးဝါးလမ်းစဉ်ထဲ ကျရောက်သွားပြီ ထင်ပါရဲ့....
အဲ့လိုမှ မဟုတ်ရင် ဘာလို့သူတို့ဆီမှာ ဒီလောက်ထိ အားကောင်းတဲ့ မြေအောက်စွမ်းအင်တွေ ရှိနေလောက်မှာလဲ?"

သူက စကားဆုံးသော် ခါးမှာချိတ်ဆွဲထားသော အပနှင်ဓားကို ဆွဲဖြုတ်လိုက်ကာ နတ်ဆရာထံမျက်နှာမူ၍ တည်ကြည်လေးနက်စွာပြောလိုက်သည်။

"အားလုံးပဲ!
နတ်ဘုရားသုံးသွယ်က မကောင်းဆိုးဝါးအသွင် ပြောင်းလဲသွားပြီ....
အခုနေ သူတို့ကို မနှိမ်နင်းနိုင်ရင် သူတို့က ရွာသူရွာသားတွေရဲ့ ငြိမ်ချမ်းအေးဆေးမှုတွေကို ခြိမ်းခြောက်လာနိုင်တဲ့အထိ ဖြစ်လာနိုင်တယ်..
အကုန်လုံးပဲ ကိုယ်တော် ဒီ မကောင်းဆိုးဝါးတွေကို နှိမ်နင်းနေတဲ့အချိန် ကိုယ့်အိမ်ကို ကောင်းကောင်း ပြန်နေပေးကြမလား.....အဲ့တာမှ...."

ယွိမန်ကျန်းမှာ ဒေါသပေါက်ကွဲလာခဲ့သည်။
သူက ဒူးထောက်နေလျက်က ရုတ်တရက် မတ်တပ်ထရပ်ကာ အော်ဟစ်လာ၏။
"ဘယ်လို သောက်ရေးမပါတဲ့စကားတွေလဲ!?
ယွိမျိုးစုက နတ်ဘုရားသုံးသွယ်ကို အလုပ်အကျွေးပြုစုလာတာ နှစ်ပေါင်းရာနဲ့ချီနေပြီ..
သူတို့က မကောင်းဆိုးဝါးတွေဆိုတာ ဘယ်လိုလို့ဖြစ်နိုင်မှာလဲ?
တောက်ဓမ္မကိုယ်တော်ခို
ကိုယ့်ရဲ့ ဘွဲ့ ဂုဏ်ပုဒ်ကိုမှ မထောက် လူလိမ်နှစ်ယောက်ရဲ့ စကားမှာ လွယ်လွယ်လေး အရူးလုပ်ခံလိုက်တယ်ပေါ့?.
နတ်ဘုရားတွေ ကိုယ်တော့်ကို အပြစ်ပေးမှာ မကြောက်ဘူးလား?"

တောက်ဓမ္မကိုယ်တော်ခိုမပြောနိုင်သေးခင်မှာပဲ နတ်ဆရာက ဦးစွာ ပြောလာခဲ့သည်။
"နောက်ကျသွားပြီ
ငါတို့ကို ပျက်ရယ်ပြုသမျှ သူတွေအကုန်လုံးကို ဒီနေ့ ကျိန်းသေပေါက် မှတ်လောက်သားလောက်အောင် ဆုံးမပေးမယ်"

အမွှေးတိုင်စားပွဲပေါ်က ဖယောင်းတိုင်မီးများမှာ နတ်ဆရာရဲ့ မျက်နှာပေါ် အလင်းဖြာနိုင်လောက်အောင် တောက်လောင်လျက်ရှိကာ ထိုမျက်နှာကြီးမှာ ပို၍ပို၍ပင် ကို့ရို့ကားယားနိုင်လာခဲ့သည်။

ရှန်းချွယ့်က ကျစ်တစ်ချက် ဆုပ်လိုက်၏
"ရုပ်ဆိုးတာ..."

သူက ရှေ့တစ်လှမ်း ထွက်ရပ်ကာ လက်စွမ်းပြမယ့်အချိန်မှာ တစ်စုံတစ်ယောက်က သူ့ကို လက်မောင်းကနေ လှမ်းဆွဲလာတာကို ခံစားလိုက်ရသည်။
သူ လှည့်ကြည့်လိုက်သော် ယွိကျန်းတု ဖြစ်နေခဲ့ပြီး ထိုသူက သူ့နား တိုးတိုးကပ်လာကာ တိတ်တိတ်လေး မေးလာခဲ့သည်။
"သူဌေး...
ရန်သူကိုကြည့်ရတာ နည်းနည်း အားကြီးမယ့်ပုံနော်
ကိုင်တွယ်နိုင်ပါ့မလား?"

ရှန်းချွယ့် တွေးစစကို မဖြစ်လိုက်။
ချက်ချင်းပဲ အဖြေပြန်ပေးလိုက်သည်။
"အဲ့ မလောက်လေးမလောက်စား မကောင်းဆိုးဝါးလေးတွေကိုများ......
တစ်လုပ်တည်းနဲ့ သုံးကောင်လုံး စားပစ်လိုက်လို့ရတယ်"

ယွိကျန်းတု :"................."

ယွိကျန်းတုမှာ ညင်ညင်သာသာလေး စည်းရုံးလိုက်ရသည်။
"ကျေးဇူးပြုပြီး တစ်ခြားသူတွေရဲ့ စိတ်အခြေအနေတောင့်ခံနိုင်မှု စွမ်းရည်လေးတွေကိုလည်း ထည့်သွင်းစဉ်းစားပေးပါဦး..
အခုလောလောဆယ်တော့ တန်း မစားလိုက်နဲ့ဦးလေ"

ရှန်းချွယ့်မှ ကျိုးကြောင်းဆီလျော်သည့် အထက်လူကြီး တစ်ယောက်ပါပေ။
သူက တကယ်ကြီး လုပ်တော့မည် စဉ်းစားထားသည့် ကိစ္စအားလုံးကို ရပ်တန့်လိုက်ပြီး သူ့ နားတစ်ဖက်ကို ယွိကျန်းတုနားကပ်ပေးလိုက်၏

"အဲ့တာဆို...
မင်း ငါ့ကို ဘယ်လိုလုပ်စေချင်လဲ?"

ယွိကျန်းတု :"..............."

အား ငလူး သေချင်လိုက်တာ
သူဌေးက နား တောင် ဒီလောက်ထိ ကြည့်လို့ကောင်းနေတယ်!!

ယွိကျန်းတု လက်တစ်ဖက်ပေါ် တစ်ဖက် စုတင်ထားလိုက်ရသည်။
"သိုသိုသိပ်သိပ်လေး လုပ်ပေး..
ကျွန်တော် အိမ်ကို‌တော့ လူတစ်ယောက် အနေနဲ့ ပြန်ရဦးမှဖြစ်မယ်"

သူ့မှာ သူဌေးနားနားကပ်ပြောဖို့ကို အတော်လေး ကြိုးစားလိုက်ရသေးသည်။
"သူဌေး..အဲ့နတ်ဘုရား သုံးသွယ်ကို ခေါ်သွားလိုက်ရင်ရော?
အိမ်ပြန်ခေါ်သွားပြီး ပြန်ရောက်မှ ညလယ်စာအနေနဲ့ စားလိုက်"

ရှန်းချွယ့်မှာ မျက်စောင်းထိုးလာကာ ခေတ္တရပ်လိုက်၏။
ထို့နောက်မှ ပြောလာခဲ့သည်။
"..........သိုး သွားမှာ စိုးတယ်"

နှစ်ယောက်သားမှာ ဘေးနားပတ်၀န်းကျင်၌ ဘယ်သူမှ မရှိသလို နှစ်ယောက်တစ်ကမ္ဘာတည်နေခဲ့ကြသည်။
ထိုအချင်းအရာကြောင့် နတ်ဆရာမှာပိုဒေါသထွက်ရကာ..
သူ့မျက်လုံးများက ခေါင်းအနောက်ထဲထိ လန်၀င်သွားပြီး လက်မောင်းတစ်ဖက်က ကောင်းကင်ထက်ကို ညွှန်ပြကာ...
"မင်းတို့ရဲ့အဖိုးတန် အသက်တွေကို နှုတ်ယူဖို့ နတ်ဘုရားတွေဆီက စွမ်းအင်တွေကို ချေးယူလိုက်တဲ့ အထိ စောင့်နေ!!"

"မကောင်းတော့ဘူး!!
ဒကာတို့နှစ်ယောက်..မြန်မြန် နောက်ဆုတ်နေကြပါ"
တောက်ဓမ္မကိုယ်တော်ခိုမှာ အခြေအနေတွေ ဆိုးမလာအောင် အကဲခတ်နေခဲ့တာပင်။
အခုချိန်၌ကား သူက ‌ယွိကျန်းတုတို့ ရှန်းချွယ့်တို့ရှေ့က မားမားမတ်မတ်ရပ်တည်ပေးကာ..
တစ်ဖက်က အပနှင်ဓားကို ကိုင်ထားရင်း တစ်ဖက်ကလည်း အင်းရွက်ကို ကိုင်ကာ
မျက်လုံးကို မှိတ်၍ စတင်ဂါထာရွတ်ဆိုတော့သည်။
"မကောင်းဆိုးဝါးအား ချုပ်ထိန်းရန်
တပည့်တော်အား "ရွှမ်" ပေးသနားပါ...."

(T/N ရွှမ်က ရှေးခေတ် ကြယ်တစ်မျိုးရဲ့ နာမည်ပါတဲ့
ပြောချင်တာတော့ ကြယ်တစ်လုံးရဲ့ စွမ်းအင်တွေ သူ့ကိုပေးဖို့ တောင်းဆိုလိုက်တဲ့ သဘောပါ)

အပနှင်ဓားမှာ မြဲမြဲကိုင်ထားတဲ့ကြားက တဆတ်ဆတ်တုန်လှုပ်လာခဲ့သည်။

အေးစက်စက်လေစိမ်းများကလည်း ပို၍ ပြင်းထန်လာခဲ့၏။

ယွိအကြီးအကဲမှာ ဒီ လေထန်ထန်‌ကြားတွင် ကိုယ်ခန္ဓာကို မရရတဲ့နည်းနဲ့ မရရအောင် ရပ်နေရသည်။
သူ့အသံတွေက တုန်ယင်လျက် မေးလာခဲ့၏။

"တောက်ဓမ္မကိုယ်တော်ခို ဘာတွေဖြစ်နေတာလဲ?"

ယွိကျန်းတုက သူ့ကို စိတ်အေးအေးထားဖို့ အချက်ပြလိုက်သည်။
"အကြီးအကဲ...နတ်ဘုရားသုံးသွယ်က မကောင်းဆိုးဝါးအသွင်ကို ကူးပြောင်းသွားပါပြီ
အကုန်လုံးကို ဒီကနေ ထွက်သွားဖို့ ပြောပေးပါဦး
မဟုတ်လို့ရှိရင် အကုန် ထိခိုက်ကုန်ကြလိမ့်မယ်..."

ရွာသူရွာသားတို့ရဲ့ မျက်နှာများမှာ အေးစက်စက် လေကြောင့် ရဲတွတ်နေခဲ့ကြသည်။
သူတို့က ကူကယ်ရာမဲ့နေသလို သူတို့ရဲ့ အကြီးအကဲကို ကြည့်လာခဲ့ကြ၏။

ယွိကျန်းတု ပြောလိုက်သည်။
"တကယ့်နတ်ဘုရားစစ်စစ်သာဆိုရင် အမွေအနှစ်ဘုရားကျောင်းတစ်ခုကို ဖျက်ခိုင်းပြီး သူတို့ရဲ့ကျောင်းဆောင်ကို တိုးချဲ့ခိုင်းမှာ မဟုတ်ဘူး...
အဲ့ဒီအပြင် မြေအောက်စွမ်းအင်တွေက ဒီလောက်ထိ အားကောင်းနေတာ
ဘယ်လိုလို့ နတ်ဘုရားစစ်စစ်ဖြစ်နိုင်မှာလဲ?"

ဒီအကြောင်းကို ဆွဲထုတ်ပြလိုက်တော့မှ ယွိအကြီးအကဲမှာ သူငယ်ငယ်တုန်းက အဖြစ်အပျက်ကို ပြန်ပြေးမမြင်ယောင်ပဲ မနေနိုင်တော့ချေ။

သူ ကလေးဘ၀တုန်းက အံ့ဩဖွယ်ဖြစ်ရပ်တစ်ခုနှင့် ကြုံတွေ့ရဖို့ အကြောင်းပါလာခဲ့သည်။
အဲ့ဒီတုန်းက နတ်ဘုရားသုံးသွယ် သူတို့ရဲ့ ပုံရိပ်အစစ်ကို ကိုယ်ထင်ပြတာနှင့် ကြုံခဲ့ရဖူး၏။
တကယ်ကို နေမင်းနှင့် လမင်းစန္ဒာကို ကိုယ်စားပြုသည့်အလား
အသွင်သဏ္ဍာန်မှာ ၀င်းလဲ့တောက်ပနေ‌ခဲ့ကြတာပင်။
အဲ့ဒိနောက်ပိုင်းမှာ အသွင်အစစ်ကို ကိုယ်ထင်မပြတောင် တစ်ဆင့်ခံအနေနဲ့ ၀င်ပူးခံရသည့် နတ်ဆရာကပင် မျက်နှာမှာ ကြည်ဘင်တောက်ပမြဲ ဖြစ်ခဲ့တာ....
ဒီနေ့လို ပုံရိပ်ဆိုတာ လားလားမှ မသက်ဆိုင်ခဲ့တာပေါ့။

သူ့မှာ နှလုံးတုန်လှုပ်သွားရပြီးနောက် ရပ်နေရင်းပင် တုန်ရီလာခဲ့ရကာ
လူအုပ်စီ အော်ဟစ်လိုက်၏
"အကုန်လုံးပဲ!!
မြန်မြန် အကာအကွယ်ယူကြပါ...
မထိခိုက်အောင်လည်း ကိုယ့်ကိုကိုယ် ဂရုစိုက်ကြပါဦး!!!"

သူ့မှာ အသေချာကြီး တပ်အပ်မပြောရဲသေးတာကြောင့် နတ်ဘုရားသုံးသွယ် ပြောင်းလဲသွားပြီလို့လည်း မပြောရဲခဲ့ချေ။

ယွိမန်ကျန်းရဲ့ မျက်နှာမှာ ဒေါမာန်ကြောင့် ‌ရဲတွတ်နေခဲ့သည်။
သူက ခြေစုံရပ်ကာ...
"အကြီးအကဲ!! ခင်ဗျားကပါ ဘာဖြစ်လို့......"

ယွိအကြီးအကဲမှာ ယွိရွာသူရွာသားများကြားတွင် လေးစားကြည်ညိုခံရဆုံးသူပင်။
ဒီအချိန်မှာလည်း သူ့စကားကြောင့် ကျန်သူများမှာ ဝေဝါးသွားခဲ့ကြရသည်။
သူတို့တွေ တစ်နည်းနည်းနဲ့ အမြန်ဆုံး ထွက်သွားလိုက်ချင်ပေမယ့်....
တစ်ခုခုက သူတို့ကို ဆွဲထားနေခဲ့သလိုမျိုး အကုန်လုံးရဲ့ ဒူးတွေဟာ မြေကြီးပြင်မှာ ကပ်နေခဲ့ကာ
တုပ်တုပ်မှ လှုပ်မရ ဖြစ်နေခဲ့ကြသည်။

ထို့နောက် တောက်ဓမ္မကိုယ်တော်ခိုဖက်က သက်ပြင်းချသံ လေးလေးကြီး ကြားလိုက်ရသည်။
"သက်ရှိလောကမှာ ဘာမှော်စွမ်းအင်မှ မရှိတော့ဘူး...
ကိုယ်တော် ဘယ် နတ်ဘုရားရဲ့ စွမ်းအင်ကိုမှ ချေးယူလို့မရတော့ဘူး..."

မျက်တောင်တစ်မှိတ်အတွင်း အပနှင်ဓားအကောင်းစားကြီးမှာလည်း ချွင် ခနဲ ကျိုးကြေသွားခဲ့သည်။
အပိုင်းအစများက မြေပြင်ဆီ ပြုတ်ကျကုန်တာကြောင့်...တောက်ဓမ္မကိုယ်တော်ခိုမှာ မတတ်သာပဲ မျက်နှာဖြူဖျော့စွာ နောက်သို့ ဆုတ်လိုက်ကြရသည်။

သူတို့တွေ နတ်ဆရာကို တစ်ဖန်ပြန်ကြည့်လိုက်ကြချိန်တွင် ပူးခံထားရသည့် နတ်ဆရာမှာ မျက်နှာက အမည်းရောင်မှတစ်ဆင့် ခရမ်းပုပ်အရောင်ဖက်ပါ သန်းလာခဲ့၏။
သူ့ဆံပင်များက တစ်မွှေးချင်းစီ အထက်သို့ သံချောင်းသဏ္ဍာန် ထောင်တက်နေခဲ့ကာ....
စက်ဆုပ်ဖွယ်ရာ အစွယ်နှစ်ချောင်းကလည်း သူ့ပါးစပ်ထဲက ထွက်လာနေခဲ့သည်။
အခုပုံရိပ်မှာ ရုပ်ပြပုံတွေထဲမှာ မကြာခဏ ဖော်ပြထားလေ့ရှိကြသည့် မကောင်းဆိုးဝါးသဏ္ဍာန်နှင့် တစ်ထေရာတည်းပင်။

ဒီလိုမြင်ကွင်းကို မြင်ပြီးကြတဲ့အဆုံးမှာတော့ အားလုံးမှာ န်ဘုရားသုံးသွယ် လမ်းလွဲသွားခဲ့တဲ့အကြောင်းကို လက်သင့်ခံကို ခံလိုက်ရတော့သည်။
တောက်ဓမ္မကိုယ်တော်ခိုမှာ အသက်ရှူသံကို ထိန်းချုပ်ကာ အော်လိုက်ရ၏
"အားလုံးပဲ မြန်မြန်!!
ပြေးကြ အခုပဲ ဒီနေရာကနေ ပြေးကြ!!"

သို့သော် အကုန်လုံးမှာ ခြေထောက်တွေ လှုပ်မရခဲ့ချေ။
ထိန်းချုပ်လို့မရတော့တဲ့ ခံစားချက်က အကုန်လုံးကို ရူးသွပ်သွားစေ၏။

ထိုအချိန်မှာပဲ ကောင်းကင်ကို ဖြတ်သန်း၍ လျှပ်စီးတစ်ကြောင်းက ခွဲဖြတ်သွားသည်။

အားလုံးပဲ သူတို့ရဲ့ခေါင်းတွေကို မော့ကြည့်ကြချိန် တွေ့ရသည်မှာ
ရှန်းချွယ့်က ယုံကြည်ချက်အပြည့်နှင့် နတ်ဆရာရှိရာဆီ လျှောက်သွားခဲ့တာကိုပင်။

တောက်ဓမ္မကိုယ်တော်ခိုမှာ အလွန်အမင်းစိတ်ပူသွားရသည်။
"ဒကာရှန်း....မြန်မြန် ဒီကို ပြန်လာခဲ့!!
အန္တရာယ်များလွန်းတယ်!"

ယွိကျန်းတုမှာလည်း နှလုံးက လည်ချောင်းထိ ခုန်တက်လာသလားတောင် အထင်မှားရလောက်အောင်ထိ ခုန်လှုပ်နေခဲ့တာပင်။
သို့သော် တည်ငြိမ်နေတဲ့ပုံဟန်ဆောင်နေဖို့က အရေးကြီး၏။
သူက အကုန်လုံးကို လက်ဝှေ့ယမ်းပြပြီးနောက် ပြောလိုက်ရသည်။
"စိတ်မပူကြပါနဲ့ စိတ်မပူကြပါနဲ့...
ကျွန်တော်တို့ဖက်က ဒီအပေါ်မှာ ဖြစ်နေသမျှ ကိစ္စတွေအကုန်လုံးကို မြေအောက်ကမ္ဘာဆီ စာရိုက်ပြီး သတင်းပို့ထားပြီးပြီးသားပါ....
သူတို့တွေက ကျွန်တော်တို့ ဒီကနေ မန္တာန်တွေသုံးလို့ရအောင် စွမ်းအင် ချေးပေးမယ်လို့လည်း စာပြန်ထားတယ်ဗျ"

တောက်ဓမ္မကိုယ်တော်ခို :".............."

ထိုအချိန်မှာပဲ ရှန်းချွယ့်က စိတ်မပါလက်မပါနှင့် လက်တစ်ဖက်မြှောက်ကာ
မှော်၀င်ချိပ်တစ်ခုကို ပစ်ထုတ်လိုက်ကာ ပယ်ပယ်နယ်နယ် ဆဲပစ်လိုက်တော့သည်။
"အဖြစ် မရှိတဲ့ နတ်စုတ်နတ်ပြတ်!
အခုချက်ချင်း ဒူးထောက်ပြီး တောင်းပန်စမ်း!"

တောက်ဓမ္မကိုယ်တော်ခို :"ဒကာတို့က မှော်၀င်ချိပ်ကို အဲ့လို သုံးတာလား?"

သူ့အနေနဲ့ တောက်ဓမ္မပညာရပ်တွေ စသင်သည့်အချိန်ကတည်းက သိထားခဲ့တာတစ်ခုက
ဘယ်တော့ဖြစ်ဖြစ် မှော်၀င်ချိပ်တစ်ခုကို အသက်သွင်းဖို့ နတ်ဘုရားတွေဆီကနေ စွမ်းအင်ချေးပြီးပြီဆိုလို့ရှိရင်
ကိုယ်ခန္ဓာတစ်ခုလုံးကို ပြန်လည်ဆေးကြောသန့်စင်ကာ မဖြစ်မနေ တရားထိုင်ပေးရတာပင်။

မှော်၀င်ချိပ်တွေဆိုသည်မှာ တရားဂိုဏ်းတွေအတွက် အထွဋ်အထိပ် ရတနာ သဖွယ်ဖြစ်ကြပြီး...
၎င်းတို့ကို နတ်ဘုရားနီးနီးပင် တလေးတစား တရိုတသေ သုံးစွဲပေးရ၏။
အခုလိုမျိုး ဖြစ်သလို ပစ်ပေါက်ပြီး......

ယွိကျန်းတုမှာ သူဌေးဖြစ်သူအတွက် ဆင်ခြေတစ်ခုဖြင့် ကာပေးလိုက်ရသည်။
"အခုခေတ် အင်တာနက်နဲ့ အလုပ်လုပ်တဲ့သူတွေအတွက်ကျ နည်းနည်းပိုပြီးတော့ ပေါ့ပေါ့ပါးပါးသုံးတာပေါ့..."

တောက်ဓမ္မကိုယ်တော်ခိုမှာ အံ့လည်း အံ့ဩသွားရသလို စိတ်လည်း ပူသွားရ၏။
"သက်ရှိ လောကထဲမှာ မှော်၀င်ချိပ်ကို အသက်သွင်းဖို့ စွမ်းအင်လုံလုံလောက်လောက်မရှိတော့တာ...
မင်းတို့တွေ ဘယ်ကနေ ဘယ်လို ချေးလိုက်ကြတာလဲ?"

ထိုအချိန်၌ ကောင်းကင်ကနေ လျှပ်စီးထလက်ကာ ဝုန်းခနဲ အမွှေးတိုင်ထွန်းထားသော စားပွဲပေါ် မိုးကြိုးပစ်ချပြီး စားပွဲခုံက အလယ်ကနေ နှစ်ပိုင်းကျိုးကျကာ ခုံတစ်ခုံလုံး မီးစွဲသွားခဲ့သည်။

နောက်ထပ် လျှပ်စီးတစ်ခု ထပ် လက်ပြီးနောက် ထိုလျှပ်စီးက နတ်ဘုရားသုံးသွယ်ရဲ့ ကျောင်းဆောင်ပေါ် တည့်တည့် ပစ်ချကာ...
တရိုတသေ တည်ထားကိုးကွယ်ခဲ့ကြရတဲ့ ရုပ်ထုကြီးကို ပြိုကျသွားစေခဲ့သည်။

အမွှေးအိုးအကြီးစားကြီးမှာလည်း မျက်စိတစ်ခတ်အတွင်း အလယ်ကနေ အပ်ကွဲကျကာ...
အိုးအတွင်းက ပြာတွေအကုန်လုံးမှာလည်း လေတစ်‌ဝှေ့ အတွင်း အကုန်လွင့်ပါသွားကြသည်။

ခုံကနေတစ်ဆင့် စွဲတဲ့ မီးတောက်က နတ်ဆရာကို ဝိုင်းပတ်သွားပြီး ချောင်ပိတ်သွားစေခဲ့သည်။
ကြက်သီးထဖွယ် လေအေးတိအေးစက်များကလည်း ရုတ်ချည်းရပ်တန့်သွားခဲ့သည်။
ရှန်းချွယ့်က နေရာမှာပဲ ရပ်နေရင်း သူ့လက်တွေကို နောက်ကို ပို့ထားကာ ဆိုလိုက်သည်။
"တောင်းပန်...."

နတ်ဆရာရဲ့ အစောပိုင်းတုန်းက သံချောင်းတွေလို ထောင်တက်နေတဲ့ ဆံနွယ်များကလည်း ငိုက်စိုက်ကြကုန်ကြတော့သည်။
သူ့ရဲ့ အမည်းလိုလို ခရမ်းပုပ်လိုလို မျက်နှာကြီးကလည်း အဖြူဖျော့ဖျော့ဖက် ပြောင်းသွားကာ
ပါးစပ်ထဲက ထွက်နေတဲ့ သွားနှစ်ချောင်းကလည်း အထဲပြန်၀င်သွားကြသည်။

အကုန်လုံးက မြေပြင်ပေါ် ပြားပြား၀ပ်လောက်အောင် ဒူးထောက်ကုန်ကြပြီး အဲ့ဒီနောက်မှာတစ်ဆက်တည်း ထွက်လာသည့်အသံက..
"မလုပ်ပါနဲ့ မလုပ်ပါနဲ့ မလုပ်ပါနဲ့...ကျေးဇူးပြုပြီး မိုးကြိုးနဲ့တော့ မပစ်လိုက်ပါနဲ့....
ထပ်မလုပ်တော့ပါဘူး နောက်မလုပ်တော့ပါဘူး..."

ထို့နောက် အသံက နောက်တစ်မျိုးပြောင်းသွားခဲ့သည်
"ဒါတွေအကုန်လုံး အစ်ကိုကြီးရဲ့ အမှားတွေပါ...
အစ်ကိုကြီးက လောဘကြီးပြီး ကျွန်တော်တို့က သူ့ကို မထိန်းလိုက်နိုင်တာနဲ့...."

ထို့နောက် နောက်ထပ်အသံတစ်သံထပ်ပြောင်းသွားခဲ့သည်။
"ဘာလို့ ငါ့လာလွှဲချနေတာလဲ!
ဒါကိုလုပ်ဖို့ သုံးယောက်လုံး သဘောတူထားတာလေ
အခုမှ ဘာကိစ္စ ငါ့ခေါင်းပေါ် အကုန်ပုံချနေတာလဲ?"

အသံသုံးသံမှာ နတ်ဆရာခန္ဓာကိုယ်မှ တစ်ဆင့် ထွ်လာနေကြခြင်းပင်။
အချင်းချင်း အပြစ်ဖို့နေကြကာ
ထို့နောက် သူတို့က ကိုယ့်မျက်နှာကိုယ် ပါးချကြကုန်ကြတော့၏။
"မင်းကို သေအောင်ကို သတ်ဦးမယ် သိလား!!"

"မင်းတို့နှစ်ကောင်ကို ငါက သတ်မှာကွ!"

"လာလိုက်လေ!
ဘယ်သူက ဘယ်သူ့ကြောက်နေလို့လဲ!
မင်း အန်ပေါင်းတွေ ငါတို့မသိအောင် ခိုးသိမ်းထားတာကို မသိဘူးများ မထင်နဲ့နော်!"

ရွာသူရွာသားများ :"..........."

ယွိမန်ကျန်း :".........???"

ခြောက်ခြားစရာအကောင်းဆုံးက‌ ဒါတွေအကုန်လုံးကို ခံနေရတာက နတ်ဆရာပင်။

တောက်ဓမ္မကိုယ်တော်ခိုမှာ ကြောင်အမ်းနေခဲ့ရသည်။
သူ့မှာ ယွိကျန်းတုကို ကြည့်ကာ စကားကိုတောင် ဖြောင့်အောင် မပြောနိုင်။
"မင်းတို့တွေ...ဘယ်ကနေ..
မိုးကြိုးကိုပါ ငှားလိုက်တာလဲ??"

ပြီးတော့လည်း နှစ်ခါတောင်!!

ယွိကျန်းတုမှာ ဖုန်းကို ပြန်သိမ်းလိုက်ပြီး တည်တည်ငြိမ်ငြိမ်ပြောလိုက်ရသည်
"နည်းပညာက ကမ္ဘာကြီးကို ပြောင်းလဲပေးနေလျက်ပါ...
ဆက်သွယ်ရေးနည်းပညာတွေက ကျွန်တော်တို့ကို တစ်ခြားကမ္ဘာတစ်ခုနဲ့ လွယ်ကူလျှင်မြန်စွာ ချိတ်ဆက်ပေးနိုင်တာကြောင့်
အခုလိုပူးပေါင်းရေးတွေကလည်း ပိုပြီး ရိုးရှင်း ထိရောက်လာတာမျိုးပေါ့"...

TBC

ယွိကျန်းတု = ဗလောင်းဗလဲ ဖြောင့်ချက် အပေးနိုင်ဆုံးဆု ရသင့်!!

(Zawgyi)

ယြိအႀကီးအကဲရဲ႕စကားသံအဆုံးမွာ လူအုပ္ႀကီးက ဆူညံပြက္ကုန္ၾကသည္။ သူတို႔အားလုံးရဲ႕ မ်က္ႏွာတို႔မွာ အံ့ဩမႈေတြ အတိုင္းသား....

အံ့ဩစြံ႕အေနဆုံးသူမွာကား ယြိမန္က်န္းပင္။ ယင္းမွာ ထိန္းခ်ဳပ္ထားေသာ ေဒါသေတြကိုေတာင္ မထုတ္လႊတ္နိုင္ပဲ ေနရာမွာ‌တင္ ေတာင့္ခဲေနခဲ့သည္။
သိပ္မၾကာခင္မွာပဲ သူက အသိစိတ္ျပန္ကပ္ခ်ိန္မွာ ယြိအႀကီးအကဲနား ျဖည္းညင္းစြာ ခ်ဥ္းကပ္သြားလိုက္၏...
"အႀကီးအကဲယြိ...သူတို႔အ႐ူးလုပ္တာ မခံပါနဲ႕။ဒါေတြအကုန္လုံး လိမ္ဆင္ေတြရဲ႕ တစ္စိတ္တစ္ပိုင္းပါ
သူတို႔ ဒီအကြက္ေတြကို အေစာႀကီးကတည္းက ျပင္ဆင္လာတာ မဟုတ္ဘူးလို႔ ဘယ္သူေျပာနိုင္လို႔လဲ?
စဥ္းစားၾကည့္ အႀကီးအကဲကေတာ္က တကယ္ပဲ စာပို႔လာတာဆိုရင္ေတာင္
ဘာႀကီး? "႐ူးေနတဲ့ အဘိုးႀကီး" လို႔ ေခၚေလာက္ပါ့မလား?"

ယြိမန္က်န္းရဲ႕ စကားေတြက မွားသည္ရယ္လည္း မဟုတ္ေခ်။ လူတိုင္းသိၾကသည့္ အေၾကာင္းအရာတစ္ခုက အသက္ရွင္စဥ္ကာလအတြင္း အႀကီးအကဲကေတာ္မွာ အိေႏၵႀသိကၡာလြန္စြာႀကီးကဲကာ အေနအထိုင္ပိရိလွသည္။
အမ်ားသူငွာေရွ႕မွာဆိုလွ်င္ သူမက ၿပဳံးလွ်င္ေတာင္ ၿပဳံးတယ္ဆို‌႐ုံေလာက္ေလးႏွင့္ သြားေပၚေအာင္အထိၿပဳံးတယ္ဆိုတာ တစ္ခါတေလေလးေတာင္ မရွိခဲ့ပါေလ။
ထို႔အတြက္ေၾကာင့္ ဘယ္နည္းနဲ႕မွ သူမဖက္က "႐ူးေနတဲ့အဘိုးႀကီး" ဆိုတဲ့ ေဝါဟာရထြက္လာစရာ အေၾကာင္းကိုမရွိေခ်။

သို႔ႏွင့္ ယြိမန္က်န္းဖက္က ဒီအခ်က္ကို ၀င္ေထာက္လိုက္ေသာ္ လူတိုင္းက လက္သင့္ခံကုန္ၾကသည္။
သူတို႔မွာ ယြိက်န္းတုအေပၚသာ သံသယေတြ လြန္ကဲသထက္ လြန္ကဲလာၾက၏။

ထင္မထားခဲ့တာက ပုံမွန္အခ်ိန္ စကားကို ညင္သာပါးနပ္စြာ ေျပာတတ္သည့္ ယြိအႀကီးအကဲမွာ မထင္ထားေလာက္ေအာင္ကို ၿငိမ္သက္ေနခဲ့ျခင္းေပ။။။။။
သူ႕ရဲ႕ မ်က္ႏွာထားတင္းတင္းေပၚမွာ ရွက္ေသြးျဖာေရာင္မ်ား ျဖတ္ေျပးသြားခဲ့သည္။
သူ႕ပုံစံက ေျပာေကာင္းနိုးမေကာင္းနိုး ခ်င့္ခ်ိန္ေနၿပီး ရွက္ကိုးရွက္ကန္းျဖစ္ေနသလို...
ထို႔ေနာက္ အနည္းငယ္ တြန႔္ဆုတ္တြန႔္ဆုတ္ျဖစ္ေနၿပီး‌ေနာက္မွ....
"မင္းတို႔ေတြ အေၾကာင္းမသိၾကလို႔ပါ...
ငါ့မိန္းမက ႏွစ္ေယာက္တည္းရွိနဲ႕အခ်ိန္ေတြက်ရင္ မင္းတို႔ထင္ထားခဲ့သလို အိေႏၵႀသိကၡာနဲ႕ေနတာ မဟုတ္ဘူး
အဲ့လိုပုံစံက လူေရွ႕သူေရွ႕က်မွ သူခ်ျပထားတဲ့ ပုံစံ...
တကယ္တမ္း
သူက ငါ့ကို "႐ူးေနတဲ့အဘိုးႀကီး" လို႔လည္းေခၚတယ္ ၿပီးရင္ ငါ့ကို ဗိုက္ေခါက္လည္း ဆြဲလိမ္တယ္ နားေတြလည္း အခ်ိန္တိုင္း လိုလို ဆြဲလိမ္တတ္ေသးတယ္...."

လူအုပ္ႀကီး :"..............."

ၿပီးသြားၿပီ!
လမ္းမရွိေတာ့ဘူး တစ္ခါတည္း အဆုံးသတ္သြားၿပီ!
မထင္ထားခဲ့ဘူး ယြိကေတာ္က ဒီလိုျဖစ္ေနခဲ့လိမ့္မယ္လို႔။

ယြိကေတာ္လည္း ထင္ထားခဲ့ေလာက္မွာ မဟုတ္ဘူး
သူမ တစ္ဘ၀လုံးစာ နီးပါး ထိန္းသိမ္းခဲ့ရသမွ် အင္းေမ့ဂ္်ႀကီးက ေသသြားတဲ့အခါက်မွ အခုလိုႀကီး လူေရွ႕သူေရွ႕ ခ်ျပခံခဲ့ရလိမ့္မယ္လို႔...

သို႔ေသာ္ ဒီအျဖစ္အပ်က္ႀကီးတစ္ခုလုံးက ယြိက်န္းတုရဲ႕စာက မွန္ကန္ေၾကာင္း ထပ္ေလာင္း‌သက္ေသျပေပးလိုက္သလိုပင္။
သူတို႔ဘာသာသူတို႔ဆိုရင္ ေနာက္ဘ၀ကူးသြားေတာင္ ယြိကေတာ္ရဲ႕ အက်င့္က ဒီလိုဒီလိုရွိမွန္းသိသြားရေလာက္မွာ မဟုတ္ဘူးေလ...
အထူးသျဖင့္ ယြိ႐ြာသူ႐ြာသားေတြ...
သူတို႔ေတြက တစ္ျခားသူေတြထက္ပိုၿပီးေတာ့ေတာင္ ယြိအႀကီးအကဲကေတာ္နဲ႕ဲ့ဖက္လဲတကင္းရွိခဲ့တာကို ဒီအေၾကာင္းလုံးလုံး မသိခဲ့ရဘူးဆိုတာက........

လူအုပ္ႀကီးမွာ ပူပူေႏြးေႏြး ဆူႂကြက္သြားၾကျပန္သည္။

"အတည္ႀကီးမ်ားလား? သူတို႔မွာ တကယ္ အဲ့လိုနည္းပညာရွိေနတာမ်ားလား?"

"လိမ္တာပဲေနမွာပါ
ငါေတာ့ မယုံဘူး"

"ဘယ္လိုလို႔ လိမ္တာျဖစ္နိုင္မွာလဲ? ယြိအႀကီးအကဲေျပာသြားတာ မၾကားဘူးလား?
သူတို႔မိသားစု၀င္ေတြေတာင္ လက္စြပ္ကို ဘယ္နားထားမွန္းမသိတာ..
လူလိမ္တစ္ေယာက္က ဘယ္လိုနည္းနဲ႕ ေနရာကို အတပ္ေျပာနိုင္တာလဲ?"

"အဲ့တာေျပာတာ...
ၿပီးရင္ သူတို႔က ယြိအႀကီးအကဲနဲ႕ အႀကီးအကဲကေတာ္တို႔ ႏွစ္ေယာက္တည္းရွိရင္ အခ်င္းခ်င္း ဘယ္လိုေခၚၾကလဲ ဆိုတာပါ သိေနတာ..
လိမ္တာက ဒီေလာက္ေတာင္ လက္လွမ္းမမီနိုင္တဲ့ လယ္ဗယ္ကိုေရာက္ေနၿပီဆိုရင္
လိမ္ခံရတဲ့သူေနရာမွာ ကိုယ္ျဖစ္ေနရင္ေတာင္ လက္လႊတ္မခံသင့္ေတာ့ဘူးေနာ္"

"ငါေတာ့ ဒါႀကီးက မျဖစ္နိုင္ဘူးလားလို႔ေနာ္? သူတို႔ေတြ ဘယ္ကေန ဘယ္လိုနည္းနဲ႕ ဒီလိုနည္းပညာမ်ိဳး ရွိသြားရတာလဲ?
ေျမေအာက္ေလာကနဲ႕ ဆက္သြယ္ဖို႔ကို မႏၲာန္ေတြဘာေတြလည္း မႈတ္စရာမလိုဘူး
လာေနာက္ေနတာလား?"

"ဘာလို႔ မျဖစ္နိုင္ရမွာလဲ??
ေရွးေခတ္တုန္းကလည္း ဖုန္းေတြ မီးေတြ တီဗီေတြ ဆိုတာ မရွိခဲ့ေသးဘူးပဲ မလား
တျဖည္းျဖည္း တီထြင္လာခဲ့တဲ့ အရာေတြေလ"

"ယုတၱိေတာ့ရွိတယ္
လူ႕ေလာကမွာေတာင္ ဖုန္းေတြ ထြင္နိုင္ေသးရင္ ေျမေအာက္ေလာကမွာလည္း အဲ့လိုထြင္နိုင္တဲ့ ဉာဏ္ႀကီးရွင္ ရွိေနတာ ျဖစ္မယ္"

"ဒါေပါ့! အဲ့လိုမွ မဟုတ္ရင္လည္း ဒီက သိပၸံပညာရွင္ေတြက ေသသြားေတာ့
ေျမေအာက္ေလာကမွာ ဆက္ၿပီး သူတို႔ရဲ႕ experiment ေတြကို ဆက္လုပ္တာ ေနမွာ"

မၾကာလိုက္ပါဘူး...
ထူးထူးျခားျခားပါပဲ ယြိက်န္း‌တုေတာင္ ၀င္ရွင္းျပစရာမလိုေတာ့ပဲ ေျမေအာက္ေလာကမွာလည္း မက္ေဆ့ဂ္်ပိဳ႕လို႔ရတဲ့ စနစ္ရွိတာ ျဖစ္နိုင္ေခ် ရွိမရွိ လူထုက သူ႕အလိုလို ေဆြးေႏြးကုန္ၾကသည္။

ဒီအခိုက္မွာ ယြိမန္က်န္း ဘာစကားပဲ ေျပာေျပာ တိုးမေပါက္ေတာ့ေခ်။။ ၎မွာ မ်က္ႏွာႀကီး စိမ္းဖန့္လာခဲ့သည္။

ယြိအႀကီးအကဲရဲ႕ အခ်ိဳးမွာ တမဟုတ္ခ်ည္း ေျပာင္းလဲသြားခဲ့၏။
ထိုသူက ယြိက်န္းတုႏွင့္ ရွန္းခြၽယ့္တို႔ကို မ်က္ရည္ရစ္ဝိုင္းေနတဲ့ မ်က္လုံးေတြနဲ႕ ၾကည့္ရင္း..
"မင္းတို႔ဖက္ကသာ ငါ့မိန္းမနဲ႕ ဆက္ၿပီး မက္ေဆ့ဂ္်ပိဳ႕ခြင့္ေပးမယ္ဆိုရင္ ငါ့ဖက္ကလည္း မင္းတို႔ေတာင္းသေလာက္ ေငြပမာဏကို ေပးသြားမွာပါ"

"အယ္ အႀကီးအကဲ..
အဲ့‌လိုႀကီးထိ ေျပာစရာမလိုပါဘူး.."
ယြိက်န္းတုမွာ အၾကပ္အတည္းထဲ ေရာက္သြားခဲ့ရေခ်သည္။
သူတို႔၏ မူလရည္႐ြယ္ခ်က္မွာကား နတ္ဘုရားသုံးသြယ္ အယူသီးမႈအေၾကာင္း ေျဖရွင္းဖို႔ရာ ျဖစ္ခဲ့ေသာ္လည္း
အေျခအေနေတြက ဒီလို ဒီပုံျဖစ္လာခဲ့မယ္လို႔ မထင္ထားခဲ့ပါ။

သူေျပာနိုင္တာတစ္ခုက သူေဌးက လုံး၀ကို အရင္းရွင္တစ္ေယာက္ျဖစ္လာဖို႔ ပါရမီကို ပါေနတာပဲလို႔!!

တစ္ခုရွိတာ ရွန္းခြၽယ့္က ခ်က္ခ်င္းပဲ ထေျပာေပလို႔။
သူက ယြိအႀကီးအကဲဖက္ၾကည့္ကာ
"သက္ရွိေတြနဲ႕ ေသၿပီးသားသူေတြ အဆက္အသြယ္ျပဳလုပ္ျခင္းက ေကာင္းကင္ဘုံရဲ႕ အလိုနဲ႕ ေသြဖယ္ေနတယ္
ဒီလိုကိစၥမ်ိဳးက ေငြေပး႐ုံနဲ႕ အလြယ္တကူလုပ္ေပးလို႔ရတဲ့ ကိစၥမ်ိဳးမဟုတ္ဘူး"

ယြိက်န္းတု ေခါင္းတဆတ္ဆတ္ၿငိမ့္ရင္း ေထာက္ခံလိုက္သည္။
"အမွန္ပဲ! ဒါက ဟို နတ္ဆရာ နတ္ဘုရားေတြနဲ႕ ဆက္သြယ္ခ်င္တဲ့အခါ သုံးတဲ့နည္းလိုမ်ိဳးပဲ
စာပို႔ခ်င္တယ္ဆို႐ုံေလးနဲ႕ ပို႔လို႔ရတာမ်ိဳးမဟုတ္ဘူး"

သူက စကားကို တစ္၀က္ျဖတ္လိုက္ကာ ေနာက္မွဆက္လိုက္သည္။
"ကြၽန္ေတာ္တို႔ရဲ႕ နည္းပညာက နည္းနည္းေလး ပို အဆင့္ျမင့္တယ္
နတ္ဆရာသုံးတဲ့ နည္းလမ္းက ကြၽန္ေတာ္တို႔မွာ အခုရွိေနတဲ့ နည္းပညာလိုမ်ိဳး လြယ္လင့္တကူ သုံးလို႔မရေသးဘူး"

ယြိအႀကီးအကဲရဲ႕ အၾကည့္ေတြမွာ စိတ္ပ်က္လက္ပ်က္ ျဖစ္သြားဟန္ေတြ ျပည့္‌ႏွက္ေနခဲ့သည္။
သို႔ေသာ္ သူက လက္မေလွ်ာ့နိုင္ေသးေခ်
"အဲ့ အဲ့လိုဆို ဘာလုပ္လို႔ရလဲ? ငါ တကယ္ ငါ့မိန္းမနဲ႕ ‌ထပ္ၿပီး စကားေျပာခ်င္ေသးလို႔ပါ..
ေက်းဇူးျပဳၿပီး ဘယ္လိုအေျခအေနေတြပဲျဖစ္ျဖစ္ မင္းတို႔ ငါ့ကို ေနာက္ထပ္ မက္ေဆ့ဂ္်ေတြ ပို႔ကို ပို႔ေပးရမယ္"

သူ႕စကားသံေနာက္မွာ လူအုပ္ႀကီးရဲ႕ သံေယာင္လိုက္သံေတြပါ ပါ၀င္ေနခဲ့သည္။
"ငါလည္း မက္ေဆ့ဂ္်ပိဳ႕ခ်င္တယ္!!!"

"ကြၽန္မလည္း ပို႔ၾကည့္ခ်င္တယ္!!"

အကုန္လုံးက ဒီနည္းပညာ‌အေၾကာင္း သိခ်င္လိုစိတ္ ျပင္းျပေနခဲ့ၾကကာ စမ္းၾကည့္ခ်င္ေနခဲ့ၾကသည္။

ယြိက်န္းတုမွာ ကူကယ္မရျဖစ္ကာ သူေဌးျဖစ္သူကို အခက္ႀကဳံေနသလို ၾကည့္လိုက္ခ်ိန္
ရွန္းခြၽယ့္က ခပ္တင္းတင္းပဲ တုံ႕ျပန္လိုက္သည္။

"စဥ္းစားၾကည့္ေပးမယ္"

ယြိက်န္းတု :"............"
ထင္ထားတဲ့ အတိုင္းပဲ..
သူေဌးမွာ အရွိန္အဝါေတြေတာ့ ရွိေနေသးတုန္း!!!

ထိုအခ်ိန္မွာပဲ ႐ုတ္တရက္ ေအးစိမ့္ေနေသာ ေလစိမ္းမ်ားက ဘယ္ကေန ဘယ္လိုေရာက္လာသည္မသိ...
လႈပ္လႈပ္ရွားရွားျဖစ္ကာ ဗ႐ုတ္က်ေန‌ခဲ့ေသာ အေျခအေနေတြအကုန္လုံးကို ၿငိမ္က်သြား ေစခဲ့သည္။
အခုေလးတင္ပဲ မက္ေဆ့ဂ္် ဇြတ္ပို႔ခ်င္ေနၾကသည့္ လူအုပ္ႀကီးမွာ ရပ္တန႔္ကုန္ၾကကာ ဇေဝဇဝါျဖင့္ ေမးျမန္းလာခဲ့သည္၊၊
"ဘာေတြျဖစ္ကုန္တာလဲ? ဘာလို႔ ႐ုတ္တရက္ႀကီး ေလေတြ ထန္လာရတာလဲ?"

တစ္ခ်ိန္တည္းမွာပဲ အေမႊးတိုင္တင္ထားတဲ့ စားပြဲေပၚရွိ ေလာင္စာမ်ားက ႐ုတ္ခ်ည္း လ်င္ျမန္စြာ ထေလာင္လာခဲ့သည္။
အျဖဴေရာင္ မီးခိုးေငြ႕မ်ားက ျမစ္ေခ်ာင္းအသြင္ အေငြ႕လိုင္းအျဖစ္ႏွင့္ ေကာင္းကင္ထက္ တက္လွမ္းကာ
ဘယ္ေလာက္ပင္ ေလထန္ေနပါေစ မမႈခဲ့ေခ်။

လူေတြ ေမ့ေတာင္ေနၿပီျဖစ္ေသာ နတ္ဆရာကလည္း အခုခ်ိန္မွ ႐ုတ္တရက္ထကာ တစ္ကိုယ္လုံး တုန္ရီေနခဲ့သည္။
သူ႕မ်က္လုံးမ်ားက ၃၆၀ ဒီဂရီ လည္ထြက္ကုန္ကာ အေပၚေအာက္ေ႐ြ႕လ်ားေနရင္း သူ႕သ႑ာန္မွာ နာက်င္မႈကို အစြမ္းကုန္ ထိန္းခ်ဳပ္ထားေနရသလိုမ်ိဳး ။
သူက အံ့အားသင့္မႈမ်ားစြာၾကားက အေၾကာက္တရားေရာယွက္လ်က္ သတိေပးလာခဲ့သည္။
"နတ္ဘုရားသုံးသြယ္!!! နတ္ဘုရားသုံးသြယ္ ေပၚလာၿပီ!"

ထို႔ေနာက္ သူက ကန္ေတာ့စားပြဲေရွ႕ အားတင္းရပ္ကာ အေစာပိုင္းက အဆင္သင့္ျပင္ဆင္ထားတဲ့ ပရိတ္ေရကို တစ္ႀကိဳက္တည္း အၿပီးေမာ့ေသာက္ၿပီးေနာက္ အလ်င္စလို မန္းစမႈတ္ေတာ့သည္။
"နတ္ဘုရားမ်ား
ေက်းဇူးျပဳၿပီး ကိုယ္ထင္ျပေတာ္မူပါ
ဘယ္ဖက္အရပ္မွ ကြၽန္ေတာ္မ်ိဳးေနာက္ လိုက္ပါၿပီး လွည့္ပတ္ကာ
ညာဖက္အရပ္မွ ကြၽန္ေတာ္မ်ိဳးေနာက္ လိုက္ပါၿပီး လမ္းေလွ်ာက္ကာ...
ေလဟာ မီးကို အေဖာ္ျပဳသလိုမ်ိဳး...."

သူ မႏၲာန္မႈတ္လို႔ၿပီးသည္ႏွင့္ အေမႊးတိုင္စားပြဲေပၚရွိ ဖေယာင္းတိုင္မီးေတာက္မ်ားမွာ "ဟုန္း" ခနဲ အသံႏွင့္အတူ လွိုင္းလုံးသ႑ာန္ျမင့္တက္လာခဲ့၏။
နတ္ဆရာရဲ႕ မ်က္လုံးႏွစ္လုံးစလုံးမွာ အျဖဴလုံးလုံးေျပာင္းလဲသြားခဲ့ၿပီးေနာက္ ထိုသူက က်ယ္ေလာင္တဲ့ အာေခါင္ျခစ္သံႀကီးႏွင့္အတူ
သံမ်ား ‌ထိုးေထာင္ေနေသာ ထိုင္ခုံေပၚ တက္ထိုင္‌လိုက္ေတာ့သည္။

သံေတြမွာ ခြၽန္ထက္ ရွည္လ်ားလွကာ ေနေရာင္ထဲမွာ တလက္လက္ထေနလ်က္။
နတ္ဆရာမွာ အေပၚပိုင္းတစ္ခုလုံး လုံးလုံး အ၀တ္မကပ္ေသာ္လည္း သံခုံေပၚထိုင္ခ်ိန္တြင္ ဘာမွ ထိခိုက္ဒဏ္ရာမရကာ သူ႕အသားအရည္ကိုေတာင္ မထိသလိုပင္။
သူက စိတ္လိုက္မာန္ပါ ေခါင္းကို အေပၚေမာ့ေအာ္ဟစ္ရင္း ေဒါသတႀကီးႏွင့္ ေအာ္ဟစ္လာခဲ့သည္။
" ဘယ္ မေလာက္ေလး မေလာက္စားက လူအုပ္ကို အထင္လြဲေအာင္ ဘုရားသားေတာ္ေတြရဲ႕ မေကာင္းေၾကာင္းကို ေျပာရဲရတာလဲ?"

အသံမွာ နက္နက္ႀကီးျဖစ္ေနတာေၾကာင့္ နားဆင္လိုက္ရသည့္ လူအေပါင္းမွာ ၎တို႔၏ ႏွလုံးအိမ္တို႔ ေလးလံသြားခဲ့ရသည္။
သို႔ေသာ္ ထြက္လာသည့္အသံမွာ ပုံမွန္ နတ္ဆရာ၏ နဂိုသံ လုံးလုံး ဟုတ္မေနေခ်။

လူအုပ္ႀကီးမွာ တစ္ဖန္ ထပ္၍ ဆူညံပြက္ေလာရိုက္ကုန္ၾကသည္။

"နတ္ဘုရားသုံးသြယ္ ေနာက္ဆုံးေတာ့ ေရာက္လာၾကၿပီ!!!"

"နတ္ဘုရားသုံးသြယ္ စကားမိန႔္ေနၿပီ!!"

အုတ္ေအာ္ေသာင္းတင္းျဖစ္ေနမႈမွာ သဘာ၀က်လွသည္။ယြိမ်ိဳးစုရဲ႕ ဒ႑ာရီမွာ ေတာက္ေလွ်ာက္ သိလာရသည့္ အခ်က္က
နတ္ဘုရားသုံးသြယ္ ေက်ာင္းေဆာင္ တည္ေထာင္ၿပီးစီးခ်ိန္ကစၿပီး နတ္ဘုရားသုံးသြယ္မွာ ကိုယ္ထင္ျပတာ ရွားသည္ဟူ၍။

ကိုယ္ထင္မျပပဲ မ်ားေသာအားျဖင့္က နတ္ဆရာကိုပဲ ၀င္ပူးၿပီး ျပင္ဆင္ထားတဲ့ ဆီစိမ္စာ႐ြက္အဝါေရာင္ေတြမွာ သူတို႔ေျပာခ်င္တဲ့ စကားေတြကိုသာ ခ်ေရးထားခဲ့တာပင္။
ဒီတစ္ႀကိမ္က ပထမဆုံးပဲ နတ္ဘုရားသုံးသြယ္ရဲ႕ စကားသံကို လူတိုင္းၾကားဖူးတာ ျဖစ္ၿပီး
ပထမဆုံးၾကားဖူးတဲ့ အသံမွာလည္း စိတ္မေက်နပ္မႈေတြ ပါေနတာေၾကာင့္ အကုန္လုံးမွာ မေသခ်ာ မေရရာ ျဖစ္ေနခဲ့ၾကရသည္။

ယြိမန္က်န္းမွာ ပထမဆုံး တုံ႕ျပန္လာသည့္သူပင္။
သူက ခ်က္ခ်င္းပဲ ဒူးကို ေကြးခ်ကာ ‌ဒူးေထာက္ထိုင္ခ်ၿပီး ေအာ္ဟစ္ေတာ့သည္။
"ယြိမန္က်န္း....နတ္ဘုရားသုံးသြယ္ကို ဂါရ၀ျပဳပါတယ္!!!"

သူ အစျပဳလိုက္တာနဲ႕ က်န္တဲ့ လူေတြကပါ ေျမကြက္လပ္ေပၚ အကုန္လုံး ဒူးေထာက္ထိုင္ခ်ၿပီး ေအာ္ဟစ္ၾကေတာ့သည္။
"နတ္ဘုရားသုံးသြယ္ကို ဂါရ၀ျပဳပါတယ္"

ေတာက္ဓမၼကိုယ္ေတာ္ခိုမွာ နာမည္ႀကီးဘုရားေက်ာင္းမွ နာမည္ရ ဓမၼဆရာေတာ္တစ္ေယာက္ျဖစ္သည့္အေလ်ာက္ အခုလိုမ်ိဳး ယုံတမ္းနတ္ဘုရားမ်ားကို အလုပ္အေကြၽးမျပဳသူ ပီပီ
ဒူး‌မေထာက္ေသာ္ျငား ထိုသူက လက္ေတြကို က်က်နန စုစည္းကာ ယဥ္ေက်းစြာ ဂါရ၀ျပဳလိုက္သည္။

ယြိက်န္းတုနဲ႕ရွန္းခြၽယ့္ ႏွစ္ေယာက္တည္းကပဲ ထိုးထိုးေထာင္ေထာင္ ရပ္က်န္ေနခဲ့ၾကတာျဖစ္၏။
လူေတြအကုန္လုံးက ဒူးေထာက္ဂါရ၀ျပဳေနခ်ိန္မွာ သူတို႔ကပဲ မတ္တပ္ရပ္ေနၾကတာမို႔ လူအုပ္ၾကားမွာ ထင္ရွားေနခဲ့ၾကသည္။
ရွန္းခြၽယ့္က ႏွာမႈတ္ကာ...
"အဲ့ဒီေကာင္ေတြ ဖုန္းေတာင္ မရွိရွာဘူး
လူေတြနဲ႕ ဆက္သြယ္ဖို႔ကို နတ္ဆရာတစ္ေယာက္ကို တကူးတက ၀င္ပူးေနရေသးတယ္..
ၾကည့္ရတာ ဒီေကာင္ေတြ ေတာ္ေတာ္မြဲပုံပဲ"

ယြိက်န္းတုမွာ ႏွစ္ေယာက္မရွိတဲ့ အမြဲတကာ့အမြဲဆုံး သူေဌးျဖစ္သူကို မ်က္လုံးႀကီးေထာင့္ကပ္ မၾကည့္ပဲ မေနနိုင္ေတာ့ေခ်။
............
တကယ္ႀကီးလား! သူေဌးမွာက် ရွိတာဆိုေတာ့ ေျပာနိုင္တာေပါ့!

နတ္ဆရာက သူ႕ေရွ႕မွာ ရွိတဲ့ စားပြဲေပၚကို လက္၀ါးျဖင့္ တစ္ခ်က္ရိုက္ခ်ကာ သူ႕မ်က္လူံးမ်ားက အေႂကြေစ့နီးပါးေလာက္အထိ ျပဴးက်ယ္လာခဲ့သည္။
သူ႕အသံက ေနာက္တစ္မ်ိဳး ေျပာင္းသြားခဲ့သည္မွာ ေနာက္ထပ္ လူတစ္ေယာက္က သူ႕ထံ ၀င္သြားခဲ့သလိုမ်ိဳး။

ထိုသူက ရွန္းခြၽယ့္ကို လက္ညိုးထိုးကာ ဆိုလာခဲ့သည္။
"မင္းလိုမ်ိဳး ပမႊားေလးက ဘယ္လိုေတာင္ နတ္ဘုရားေတြကို ပ်က္ရယ္ျပဳရဲရတာလဲ?
ဒီေန႕ ငါတို႔ ညီကို သုံးေယာက္က မင္းကို နတ္ဘုရားေတြရဲ႕ ႀကီးျမတ္ပုံအေၾကာင္း ျပေပးမယ္!
ငါတို႔ေတြ မင္းရဲ႕ ဘ၀သက္တမ္းထဲက တစ္၀က္ကို ႏႈတ္ယူၿပီး က်န္တဲ့သူေတြကို နမူနာျပပစ္မယ္
နတ္ဘုရားေတြကို ေစာ္ကားတဲ့ရလဒ္က ဘယ္လိုမ်ိဳးလဲဆိုတာ..."

နတ္ဆရာရဲ႕ ပါးစပ္မွ တစ္ဆင့္ စကားသံေတြ ထြက္လာတဲ့ေနာက္မွာ အေမႊးအိုး‌ေတြကလည္း လွ်င္ျမန္စြာ ေလာင္ကြၽမ္းၾကကုန္ၿပီး မီးခိုးမ်ားက အထက္ေကာင္းကင္ယံသို႔ တက္လွမ္းကုန္ၾကသည္။

ယြိမန္က်န္းနဲ႕ နတ္ဘုရားသုံးသြယ္မွာ အျခားသူမ်ားထက္စာရင္ ပိုၿပီး နီးကပ္တဲ့ဆက္ဆံေရးရွိသည္ဟု ေျပာလို႔ရ၏။
အခုအခ်င္းအရာကို မ်က္ျမင္ေတြ႕ၿပီးေနာက္ သူက ‌ခ်က္ခ်င္းပဲေခါင္းကို ေျမႀကီးနဲ႕ထိေလာက္ေအာင္ ထိကပ္ကာ ေလွ်ာက္ထားလိုက္သည္။
"အေမႊးတိုင္တို႔က စၾက၀ဠာကို တုံ႕ျပန္လို႔
အေမႊးနံ႕သာတို႔က ေကာင္းကင္တံခါး၀ထိ သင္းပ်ံ့ကာ
နတ္ဆရာရဲ႕ ပါးစပ္ကို ဖြင့္ေစျခင္းျဖင့္ တပည့္ေတာ္အား မည္သည့္အရာက မွန္ေၾကာင္း မွားေၾကာင္း ေျဖၾကားေပးေတာ္မူပါ"

ထို႔ေနာက္ သူက ရွန္းခြၽယ့္တို႔ဖက္ လွည့္ကာ...
"ငါ အေစာႀကီးကတည္းက မင္းတို႔ကို သတိေပးခဲ့သားပဲ
မင္းတို႔ရဲ႕ ႐ူးေၾကာင္ေၾကာင္လွည့္ကြက္ေတြကို နတ္ဘုရားသုံးသြယ္ေရွ႕ သုံးျပၿပီး မလွည့္စားနဲ႕လို႔...
အခုေတာ့ မင္းတို႔ေတြ နတ္ဘုရားသုံးသြယ္ကို အမ်က္ထြက္ေအာင္ လုပ္လိုက္ၾကၿပီ...
အခုခ်က္ခ်္း ျမန္ျမန္ ဒူးေထာက္ၿပီး ကိုယ့္အမွားကိုယ္ ေတာင္းပန္လိုက္ၾက"

သူ႕စိတ္ထဲတြင္ ေတြးထင္ထားခဲ့သည္က နတ္ဘုရားသုံးသြယ္က အခုလို လူေရွ႕သူေရွ႕ ေပၚခ်လာျခင္းမွာ ရွန္းခြၽယ့္နဲ႕ ယြိက်န္းတုတို႔က ေၾကာက္ဒူးတုန္ကုန္ၾကလိမ့္မယ္လို႔...

သို႔ေသာ္ ထိုႏွစ္ေယာက္သားမွာ ဒူးမေထာက္သည့္အျပင္ ေခါင္းေမာ့ရင္ေကာ့ ရပ္ေနဆဲျဖစ္ေနေသး၏။
အထူးသျဖင့္ ရွန္းခြၽယ့္က နတ္ဘုရားေတြရွိတယ္လို႔ ယူဆရတဲ့ ဖက္ကို အၾကည့္ေလးပဲ ေစာင္းလာခဲ့ၿပီးေနာက္
စကားသံတိုးဖြဖြျဖင့္ ေရ႐ြတ္လိုက္သည္။
"နတ္ဘုရားအတုေတြ"

သို႔ေသာ္ သူ႕အသံကို လူတိုင္းက ၾကားလိုက္ရၿပီးေနာက္ အကုန္လုံးရဲ႕ အမူအရာမ်ားမွာ ေျပာင္းလဲသြားခဲ့ၾကသည္။

မည္သို႔ပင္ဆိုေစကာမူ ယြိမ်ိဳးႏြယ္စုအေနျဖင့္ နတ္ဘုရားသုံးသြယ္ကို အလုပ္ေကြၽးျပဳလာခဲ့သည္မွာ ႏွစ္ေပါင္းရာခ်ီရွိႏွင့္ခဲ့ၿပီမို႔လို႔ သူတို႔ရဲ႕ ျဖစ္တည္မႈအေပၚ လြန္စြာမွ ယုံၾကည္သက္၀င္ၾကသူေတြျဖစ္ၾကသည္။

အခုလိုမ်ိဳး နတ္ဘုရားေတြက ကိုယ္တိုင္ကိုယ္က် ႂကြခ်ီလာတာကို ျမင္ရတဲ့ အခါမွာ ပိုဆိုးတာေပါ့...
သူတို႔စိတ္ႏွလုံးအိမ္ထဲ ေလးပင္ေနေလာက္ေအာင္ ခံစားေနရတဲ့အခ်ိန္
ရွန္းခြၽယ့္က အခုလို မဆင္မျခင္ မေလးမစားျပဳမူေနတဲ့ အမူအရာေၾကာင့္ အကုန္လုံးမွာ ့လည္း အံ့ဩ...ေဒါသလည္းထြက္၊ ေၾကာက္လည္း ေၾကာက္႐ြံ႕ကာ ဘယ္လိုစကားမ်ိဳးကိုမွလည္း မေျပာရဲၾကေခ်။

ထိုအခ်ိန္မွာပဲ နတ္ဆရာက မတ္တပ္ရပ္ကာ ေဒါသတႀကီးျဖင့္ ေအာ္ေျပာလာခဲ့ျပန္သည္
"ဘာေျပာလိုက္တယ္??"

ရွန္းခြၽယ့္ရဲ႕ အၾကည့္ေတြထဲမွာ ခနဲ႕ေနမႈေတြပါ၀င္ေနၿပီး သူ႕အၿပဳံးကလည္း ေလွာင္ၿပဳံးသဖြယ္ ေကြးတက္ေနခဲ့ကာ....
"လူ႕ေလာကမွာ လာေဆာက္ထားတဲ့ တေစၦေတြကို အလုပ္အေကြၽးျပဳရတဲ့ ေျမေအာက္ေလာကဘုရားေက်ာင္း
မင္းတို႔ေတြကို ဘယ္တုန္းကမွ နတ္ဘုရားအျဖစ္ သတ္မွတ္ခဲ့ၾကတာမဟုတ္ဘူး.."

သူ႕စကားအဆုံးမွာ နတ္ဆရာရဲ႕ မ်က္ႏွာမွာ တစ္မ်ိဳးေျပာင္းလဲသြားခဲ့ရသည္။

သက္ရွိလူသားေတြ ေသဆုံးၿပီးခ်ိန္ ထိုသူတို႔အတြက္ ရည္စူးကာ ဘုရားေက်ာင္း ႐ုပ္ထုမ်ား တည္ထားကိုးကြယ္ၾကလွ်င္ ထိုဘုရားေက်ာင္းမ်ားကို ေျမေအာက္ေလာကဘုရားေက်ာင္းဟု ေခၚေဝၚ၏။

ထိုဘုရားေက်ာင္းမွ တစ္ဆင့္ ပူေဇာ္ခံထိုက္သူမ်ားဟာ တေစၦေတြသာျဖစ္ၾကၿပီး နတ္ဘုရားမ်ား မဟုတ္ၾကေခ်။
သို႔ေသာ္ ၎တို႔က လုံေလာက္တဲ့ အေမႊးတိုင္ကိုသာ လက္ခံရရွိတယ္ဆိုရင္ သူတို႔က လြယ္လြယ္ကူူႏွင့္ ေကာင္းကင္ဘုံရဲ႕ အသိအမွတ္ျပဳျခင္းကို ခံရနိုင္ၿပီး တရား၀င္ နတ္ဘုရားအဆင့္သို႔ ကူးေျပာင္းနိုင္သည္
မည္သို႔ပင္ျဖစ္ေစ တကယ့္နတ္ဘုရားအစစ္ေတြနဲ႕ ယွဥ္ရသည့္အခါ‌တြင္ေတာ့ ၎တို႔က တစ္ဆင့္ နိမ့္ေနေသးတာပင္။

ရွန္းခြၽယ့္ရဲ႕ စကားက နတ္ဘုရားသုံးသြယ္ရဲ႕ အရွိုက္ကို တည့္တည့္ထိသြားခဲ့သည္။

သူက အနာေပၚတုတ္ထပ္က်ေအာင္ ေျပာလိုက္ျပန္သည္။
"အစကတည္းက လူ႕ေလာကက သူေတြက မင္းတို႔ သုံးေယာက္ကို သစၥာရွိရွိ အလုပ္ေကြၽးျပဳစုလာၾကတာ
အနည္းဆုံးေတာ့ မင္းတို႔ဖက္က သူတို႔ေျမကို မွ်မွ်တတ ေစာင့္ေရွာက္‌ ေပးသင့္တာေပါ့...
ဒါေပမဲ့ အခုက်ဘာျဖစ္လဲ?
မင္းတို႔ရဲ႕ တစ္ကိုယ္ရည္ဆႏၵေတြကို ျပည့္၀ခ်င္႐ုံသပ္သပ္နဲ႕ ကိုယ့္ကို အလုပ္အေကြၽးျပဳေပးတဲ့သူေတြရဲ႕ ေက်းဇူးကို မေလ်ာ္မကန္ ျပဳပစ္လိုက္ၾကတယ္...
ရွက္ဖို႔ေကာင္းလိုက္တာ!"

ရွန္းခြၽယ့္ရဲ႕ စကားမ်ားက ေတာ္ေတာ္ေလး ျပင္းထန္သည့္ဖက္ ေရာက္သြားခဲ့၏
နတ္ဆရာရဲ႕ မ်က္ႏွာက ထပ္မံေျပာင္းလဲသြားျပန္ကာ
သူ႕ပါးစပ္က ထြက္လာသည့္အသံမွာ လူသုံးေယာင္ၿပိဳင္ေျပာေနတဲ့အသံ ျဖစ္လာခဲ့သည္
"အတင့္ရဲလိုက္တာ!
မေလာက္ေလး မေလာက္စားေလးက!
နတ္ဘုရားေတြကို သိကၡာခ်တယ္!"

"ဒီေန႕ ငါတို႔ေတြ မင္းကို သတ္မယ္
အခုခ်က္ခ်င္းပဲ"
သူတို႔၏ ေၾကာက္မက္ဖြယ္ရာ အသံလိမ္မ်ားၾကားတြင္ တိုက္ခတ္ေနေသာေလတို႔မွာ ပို၍ျပင္းထန္လားခဲ့သည္။
နတ္ဆရာ၏မ်က္ႏွာမွာ အမည္းေရာင္ေျပးကာ သူ၏ ဆံပင္မ်ားက အထက္‌ေကာင္းကင္သို႔ ထိုးေထာင္လ်က္....
သူ၏ အသြင္အျပင္မွာ အင္မတန္မွ ေၾကာက္ခမန္းလိလိပင္။

ယြိက်န္းတု၏အေဖက ေျပာလိုက္သည္။
"က်န္းတု
အခုခ်က္ခ်င္း မင္းနဲ႕ ရွန္းခြၽယ့္တို႔ နတ္ဘုရားသုံးသြယ္ကို ေတာင္းပန္လိုက္ၾက!"

ေတာက္ဓမၼကိုယ္ေတာ္ခိုရဲ႕ မ်က္ခုံးမ်ားမွာ အနည္းငယ္တြန႔္ခ်ိဳးသြားသည္။
နတ္ဆရာထံၾကည့္ေနသည့္ သူ၏အၾကည့္မ်ားမွာ တြန႔္ဆုတ္ေနသေယာင္.....
သူက ဆို၏။
"ခဏ.!..တစ္ခုခုေတာ့ မွားေနၿပီ"

ရွန္းခြၽယ့္က ေလထန္ေနတဲ့အထဲမွာ မလႈပ္မယွက္။
သူ၏ အသံက ဩရွရွျဖစ္ေနခဲ့ကာ သူ႕အသံကို လူတိုင္း ၾကားနိုင္ေပေလာက္၏။
"မင္းတို႔ေတြက မေကာင္းဆိုးဝါးလမ္းစဥ္ကို လိုက္ႏွင့္ေနၿပီးၿပီပဲ..
လူ႕ကမာၻက ယုံၾကည္ကိုးကြယ္မႈေတြက မင္းတို႔နဲ႕ မထိုက္တန္ေတာ့ဘူး......"

ထိုစကားသံကို ၾကားေတာ့ ေတာက္ဓမၼကိုယ္ေတာ္ခို၏ ႏွလုံးခုန္သံမွာ ရပ္တန႔္သြားမတတ္။
သူက လက္ေခ်ာင္းမ်ားျဖင့္ စတင္တြက္ခ်က္ေတာ့သည္။

တစ္ခ်ိန္တည္းမွာပဲ ယြိက်န္းတုကလည္း သူ႕ဖုန္းထဲက ေျမေအာက္ေလာကစြမ္းအင္ရွာေဖြေရးပရိုဂရမ္ကို ဖြင့္ကာ နတ္ဆရာရွိရာကို ခ်ိန္၍ စကင္န္ဖတ္ၾကည့္လိုက္သည္။
"ဒါ ဘယ္လိုနတ္ဘုရားႀကီးတုန္း? ဒီေလာက္မ်ားတဲ့ ေျမေအာက္စြမ္းအင္ေတြရွိေနတာ...."

လက္ေတြနဲ႕တြက္ခ်က္ေနရဆဲျဖစ္တဲ့ ေတာက္ဓမၼကိုယ္ေတာ္ခို :"................"

သူက ေနာက္ေတာ့ လက္ေတြကို ဖယ္ခ်လိဳက္ၿပီး ယြိက်န္းတုေဘးနား တေ႐ြ႕ေ႐ြ႕ တိုးသြားလိုက္ကာ
ေမးၾကည့္လိုက္သည္။
"ဒါက....ဟိုဟာ?...."

"ဟုတ္တယ္"
ယြိက်န္းတုက ဖုန္းကို ျမင္ရေအာင္ ေစာင္းျပလိုက္ကာ...
"ဒါ တပည့္ေတာ္တို႔ကုမၸဏီရဲ႕ ေျမေအာက္ေလာကစြမ္းအင္ရွာေဖြေရးကိရိယာဆိုတာေလ...
ဒီမွာၾကည့္လိုက္ရင္ နတ္ဆရာရဲ႕ ခႏၶာကိုယ္တစ္ခုလုံးကို မေကာင္းတဲ့အေငြ႕အသက္ေတြ ဖုံးလႊမ္းေနတာျမင္ရၿပီး
ေဘးနားက ဂဏန္းေလးေတြက ျမင့္ေနတာကို ေတြ႕ရလိမ့္မယ္...
ဒီလိုနတ္ဘုရားအတုကို ဘယ္ေခ်ာင္က ရွာေတြ႕ထားၾကတာလဲကြ!!"

ေတာက္ဓမၼကိုယ္ေတာ္ခိုက ဖုန္းစခရင္ ေအာက္နားေလးက ၫႊန္ကိန္းဂဏန္းမ်ားကို တစ္ခ်က္ၾကည့္ၾကည့္လိုက္သည္။
•ေျမေအာက္စြမ္းအင္အဆင့္သတ္မွတ္ခ်က္ဟာ တိုင္းတာနိုင္သည့္ အဆင့္ထက္ ေက်ာ္လြန္ေနကာ
အညိုးအေတးဝိဉာဥ္ပူးကပ္ခံရသည့္အဆင့္ထက္ပင္ ျမင့္တက္လ်က္ရွိပါသည္။
ျပႆနာတစ္စုံတစ္ရာႀကဳံေတြ႕ေနျခင္းျဖစ္ပါ၍ စစ္ေဆးမႈကို ေနာက္တစ္ဖန္ ျပန္လည္ျပဳလုပ္ေပးပါရန္!•

"ထင္ထားတဲ့အတိုင္းပဲ မင္းတို႔ရဲ႕ ‌ကိရိယာက ျမန္လည္းျမန္ဆန္ၿပီး ရိုးလည္းရိုးရွင္းတယ္"
ေတာက္ဓမၼကိုယ္ေတာ္ခိုရဲ႕ အသံမွာ အားက်ေနဟန္ေတြ ျပည့္ႏွက္လ်က္။
ထို႔ေနာက္ သူ႕အမူအရာက တစ္ဖန္ျပန္ေျပာင္းသြားကာ...
"ၾကည့္ရတာ တကယ္ပဲ နတ္ဘုရားသုံးသြယ္က မေကာင္းဆိုးဝါးလမ္းစဥ္ထဲ က်ေရာက္သြားၿပီ ထင္ပါရဲ႕....
အဲ့လိုမွ မဟုတ္ရင္ ဘာလို႔သူတို႔ဆီမွာ ဒီေလာက္ထိ အားေကာင္းတဲ့ ေျမေအာက္စြမ္းအင္ေတြ ရွိေနေလာက္မွာလဲ?"

သူက စကားဆုံးေသာ္ ခါးမွာခ်ိတ္ဆြဲထားေသာ အပႏွင္ဓားကို ဆြဲျဖဳတ္လိုက္ကာ နတ္ဆရာထံမ်က္ႏွာမူ၍ တည္ၾကည္ေလးနက္စြာေျပာလိုက္သည္။

"အားလုံးပဲ!
နတ္ဘုရားသုံးသြယ္က မေကာင္းဆိုးဝါးအသြင္ ေျပာင္းလဲသြားၿပီ....
အခုေန သူတို႔ကို မႏွိမ္နင္းနိုင္ရင္ သူတို႔က ႐ြာသူ႐ြာသားေတြရဲ႕ ၿငိမ္ခ်မ္းေအးေဆးမႈေတြကို ၿခိမ္းေျခာက္လာနိုင္တဲ့အထိ ျဖစ္လာနိုင္တယ္..
အကုန္လုံးပဲ ကိုယ္ေတာ္ ဒီ မေကာင္းဆိုးဝါးေတြကို ႏွိမ္နင္းေနတဲ့အခ်ိန္ ကိုယ့္အိမ္ကို ေကာင္းေကာင္း ျပန္ေနေပးၾကမလား.....အဲ့တာမွ...."

ယြိမန္က်န္းမွာ ေဒါသေပါက္ကြဲလာခဲ့သည္။
သူက ဒူးေထာက္ေနလ်က္က ႐ုတ္တရက္ မတ္တပ္ထရပ္ကာ ေအာ္ဟစ္လာ၏။
"ဘယ္လို ေသာက္ေရးမပါတဲ့စကားေတြလဲ!?
ယြိမ်ိဳးစုက နတ္ဘုရားသုံးသြယ္ကို အလုပ္အေကြၽးျပဳစုလာတာ ႏွစ္ေပါင္းရာနဲ႕ခ်ီေနၿပီ..
သူတို႔က မေကာင္းဆိုးဝါးေတြဆိုတာ ဘယ္လိုလို႔ျဖစ္နိုင္မွာလဲ?
ေတာက္ဓမၼကိုယ္ေတာ္ခို
ကိုယ့္ရဲ႕ ဘြဲ႕ ဂုဏ္ပုဒ္ကိုမွ မေထာက္ လူလိမ္ႏွစ္ေယာက္ရဲ႕ စကားမွာ လြယ္လြယ္ေလး အ႐ူးလုပ္ခံလိုက္တယ္ေပါ့?.
နတ္ဘုရားေတြ ကိုယ္ေတာ့္ကို အျပစ္ေပးမွာ မေၾကာက္ဘူးလား?"

ေတာက္ဓမၼကိုယ္ေတာ္ခိုမေျပာနိုင္ေသးခင္မွာပဲ နတ္ဆရာက ဦးစြာ ေျပာလာခဲ့သည္။
"ေနာက္က်သြားၿပီ
ငါတို႔ကို ပ်က္ရယ္ျပဳသမွ် သူေတြအကုန္လုံးကို ဒီေန႕ က်ိန္းေသေပါက္ မွတ္ေလာက္သားေလာက္ေအာင္ ဆုံးမေပးမယ္"

အေမႊးတိုင္စားပြဲေပၚက ဖေယာင္းတိုင္မီးမ်ားမွာ နတ္ဆရာရဲ႕ မ်က္ႏွာေပၚ အလင္းျဖာနိုင္ေလာက္ေအာင္ ေတာက္ေလာင္လ်က္ရွိကာ ထိုမ်က္ႏွာႀကီးမွာ ပို၍ပို၍ပင္ ကို႔ရို႔ကားယားနိုင္လာခဲ့သည္။

ရွန္းခြၽယ့္က က်စ္တစ္ခ်က္ ဆုပ္လိုက္၏
"႐ုပ္ဆိုးတာ..."

သူက ေရွ႕တစ္လွမ္း ထြက္ရပ္ကာ လက္စြမ္းျပမယ့္အခ်ိန္မွာ တစ္စုံတစ္ေယာက္က သူ႕ကို လက္ေမာင္းကေန လွမ္းဆြဲလာတာကို ခံစားလိုက္ရသည္။
သူ လွည့္ၾကည့္လိုက္ေသာ္ ယြိက်န္းတု ျဖစ္ေနခဲ့ၿပီး ထိုသူက သူ႕နား တိုးတိုးကပ္လာကာ တိတ္တိတ္ေလး ေမးလာခဲ့သည္။
"သူေဌး...
ရန္သူကိုၾကည့္ရတာ နည္းနည္း အားႀကီးမယ့္ပုံေနာ္
ကိုင္တြယ္နိုင္ပါ့မလား?"

ရွန္းခြၽယ့္ ေတြးစစကို မျဖစ္လိုက္။
ခ်က္ခ်င္းပဲ အေျဖျပန္ေပးလိုက္သည္။
"အဲ့ မေလာက္ေလးမေလာက္စား မေကာင္းဆိုးဝါးေလးေတြကိုမ်ား......
တစ္လုပ္တည္းနဲ႕ သုံးေကာင္လုံး စားပစ္လိုက္လို႔ရတယ္"

ယြိက်န္းတု :"................."

ယြိက်န္းတုမွာ ညင္ညင္သာသာေလး စည္း႐ုံးလိုက္ရသည္။
"ေက်းဇူးျပဳၿပီး တစ္ျခားသူေတြရဲ႕ စိတ္အေျခအေနေတာင့္ခံနိုင္မႈ စြမ္းရည္ေလးေတြကိုလည္း ထည့္သြင္းစဥ္းစားေပးပါဦး..
အခုေလာေလာဆယ္ေတာ့ တန္း မစားလိုက္နဲ႕ဦးေလ"

ရွန္းခြၽယ့္မွ က်ိဳးေၾကာင္းဆီေလ်ာ္သည့္ အထက္လူႀကီး တစ္ေယာက္ပါေပ။
သူက တကယ္ႀကီး လုပ္ေတာ့မည္ စဥ္းစားထားသည့္ ကိစၥအားလုံးကို ရပ္တန႔္လိုက္ၿပီး သူ႕ နားတစ္ဖက္ကို ယြိက်န္းတုနားကပ္ေပးလိုက္၏

"အဲ့တာဆို...
မင္း ငါ့ကို ဘယ္လိုလုပ္ေစခ်င္လဲ?"

ယြိက်န္းတု :"..............."

အား ငလူး ေသခ်င္လိုက္တာ
သူေဌးက နား ေတာင္ ဒီေလာက္ထိ ၾကည့္လို႔ေကာင္းေနတယ္!!

ယြိက်န္းတု လက္တစ္ဖက္ေပၚ တစ္ဖက္ စုတင္ထားလိုက္ရသည္။
"သိုသိုသိပ္သိပ္ေလး လုပ္ေပး..
ကြၽန္ေတာ္ အိမ္ကို‌ေတာ့ လူတစ္ေယာက္ အေနနဲ႕ ျပန္ရဦးမွျဖစ္မယ္"

သူ႕မွာ သူေဌးနားနားကပ္ေျပာဖို႔ကို အေတာ္ေလး ႀကိဳးစားလိုက္ရေသးသည္။
"သူေဌး..အဲ့နတ္ဘုရား သုံးသြယ္ကို ေခၚသြားလိုက္ရင္ေရာ?
အိမ္ျပန္ေခၚသြားၿပီး ျပန္ေရာက္မွ ညလယ္စာအေနနဲ႕ စားလိုက္"

ရွန္းခြၽယ့္မွာ မ်က္ေစာင္းထိုးလာကာ ေခတၱရပ္လိုက္၏။
ထို႔ေနာက္မွ ေျပာလာခဲ့သည္။
"..........သိုး သြားမွာ စိုးတယ္"

ႏွစ္ေယာက္သားမွာ ေဘးနားပတ္၀န္းက်င္၌ ဘယ္သူမွ မရွိသလို ႏွစ္ေယာက္တစ္ကမာၻတည္ေနခဲ့ၾကသည္။
ထိုအခ်င္းအရာေၾကာင့္ နတ္ဆရာမွာပိုေဒါသထြက္ရကာ..
သူ႕မ်က္လုံးမ်ားက ေခါင္းအေနာက္ထဲထိ လန္၀င္သြားၿပီး လက္ေမာင္းတစ္ဖက္က ေကာင္းကင္ထက္ကို ၫႊန္ျပကာ...
"မင္းတို႔ရဲ႕အဖိုးတန္ အသက္ေတြကို ႏႈတ္ယူဖို႔ နတ္ဘုရားေတြဆီက စြမ္းအင္ေတြကို ေခ်းယူလိုက္တဲ့ အထိ ေစာင့္ေန!!"

"မေကာင္းေတာ့ဘူး!!
ဒကာတို႔ႏွစ္ေယာက္..ျမန္ျမန္ ေနာက္ဆုတ္ေနၾကပါ"
ေတာက္ဓမၼကိုယ္ေတာ္ခိုမွာ အေျခအေနေတြ ဆိုးမလာေအာင္ အကဲခတ္ေနခဲ့တာပင္။
အခုခ်ိန္၌ကား သူက ‌ယြိက်န္းတုတို႔ ရွန္းခြၽယ့္တို႔ေရွ႕က မားမားမတ္မတ္ရပ္တည္ေပးကာ..
တစ္ဖက္က အပႏွင္ဓားကို ကိုင္ထားရင္း တစ္ဖက္ကလည္း အင္း႐ြက္ကို ကိုင္ကာ
မ်က္လုံးကို မွိတ္၍ စတင္ဂါထာ႐ြတ္ဆိုေတာ့သည္။
"မေကာင္းဆိုးဝါးအား ခ်ဳပ္ထိန္းရန္
တပည့္ေတာ္အား "႐ႊမ္" ေပးသနားပါ...."

(T/N ႐ႊမ္က ေရွးေခတ္ ၾကယ္တစ္မ်ိဳးရဲ႕ နာမည္ပါတဲ့
ေျပာခ်င္တာေတာ့ ၾကယ္တစ္လုံးရဲ႕ စြမ္းအင္ေတြ သူ႕ကိုေပးဖို႔ ေတာင္းဆိုလိုက္တဲ့ သေဘာပါ)

အပႏွင္ဓားမွာ ၿမဲၿမဲကိုင္ထားတဲ့ၾကားက တဆတ္ဆတ္တုန္လႈပ္လာခဲ့သည္။

ေအးစက္စက္ေလစိမ္းမ်ားကလည္း ပို၍ ျပင္းထန္လာခဲ့၏။

ယြိအႀကီးအကဲမွာ ဒီ ေလထန္ထန္‌ၾကားတြင္ ကိုယ္ခႏၶာကို မရရတဲ့နည္းနဲ႕ မရရေအာင္ ရပ္ေနရသည္။
သူ႕အသံေတြက တုန္ယင္လ်က္ ေမးလာခဲ့၏။

"ေတာက္ဓမၼကိုယ္ေတာ္ခို ဘာေတြျဖစ္ေနတာလဲ?"

ယြိက်န္းတုက သူ႕ကို စိတ္ေအးေအးထားဖို႔ အခ်က္ျပလိုက္သည္။
"အႀကီးအကဲ...နတ္ဘုရားသုံးသြယ္က မေကာင္းဆိုးဝါးအသြင္ကို ကူးေျပာင္းသြားပါၿပီ
အကုန္လုံးကို ဒီကေန ထြက္သြားဖို႔ ေျပာေပးပါဦး
မဟုတ္လို႔ရွိရင္ အကုန္ ထိခိုက္ကုန္ၾကလိမ့္မယ္..."

႐ြာသူ႐ြာသားတို႔ရဲ႕ မ်က္ႏွာမ်ားမွာ ေအးစက္စက္ ေလေၾကာင့္ ရဲတြတ္ေနခဲ့ၾကသည္။
သူတို႔က ကူကယ္ရာမဲ့ေနသလို သူတို႔ရဲ႕ အႀကီးအကဲကို ၾကည့္လာခဲ့ၾက၏။

ယြိက်န္းတု ေျပာလိုက္သည္။
"တကယ့္နတ္ဘုရားစစ္စစ္သာဆိုရင္ အေမြအႏွစ္ဘုရားေက်ာင္းတစ္ခုကို ဖ်က္ခိုင္းၿပီး သူတို႔ရဲ႕ေက်ာင္းေဆာင္ကို တိုးခ်ဲ့ခိုင္းမွာ မဟုတ္ဘူး...
အဲ့ဒီအျပင္ ေျမေအာက္စြမ္းအင္ေတြက ဒီေလာက္ထိ အားေကာင္းေနတာ
ဘယ္လိုလို႔ နတ္ဘုရားစစ္စစ္ျဖစ္နိုင္မွာလဲ?"

ဒီအေၾကာင္းကို ဆြဲထုတ္ျပလိုက္ေတာ့မွ ယြိအႀကီးအကဲမွာ သူငယ္ငယ္တုန္းက အျဖစ္အပ်က္ကို ျပန္ေျပးမျမင္ေယာင္ပဲ မေနနိုင္ေတာ့ေခ်။

သူ ကေလးဘ၀တုန္းက အံ့ဩဖြယ္ျဖစ္ရပ္တစ္ခုႏွင့္ ႀကဳံေတြ႕ရဖို႔ အေၾကာင္းပါလာခဲ့သည္။
အဲ့ဒီတုန္းက နတ္ဘုရားသုံးသြယ္ သူတို႔ရဲ႕ ပုံရိပ္အစစ္ကို ကိုယ္ထင္ျပတာႏွင့္ ႀကဳံခဲ့ရဖူး၏။
တကယ္ကို ေနမင္းႏွင့္ လမင္းစႏၵာကို ကိုယ္စားျပဳသည့္အလား
အသြင္သ႑ာန္မွာ ၀င္းလဲ့ေတာက္ပေန‌ခဲ့ၾကတာပင္။
အဲ့ဒိေနာက္ပိုင္းမွာ အသြင္အစစ္ကို ကိုယ္ထင္မျပေတာင္ တစ္ဆင့္ခံအေနနဲ႕ ၀င္ပူးခံရသည့္ နတ္ဆရာကပင္ မ်က္ႏွာမွာ ၾကည္ဘင္ေတာက္ပၿမဲ ျဖစ္ခဲ့တာ....
ဒီေန႕လို ပုံရိပ္ဆိုတာ လားလားမွ မသက္ဆိုင္ခဲ့တာေပါ့။

သူ႕မွာ ႏွလုံးတုန္လႈပ္သြားရၿပီးေနာက္ ရပ္ေနရင္းပင္ တုန္ရီလာခဲ့ရကာ
လူအုပ္စီ ေအာ္ဟစ္လိုက္၏
"အကုန္လုံးပဲ!!
ျမန္ျမန္ အကာအကြယ္ယူၾကပါ...
မထိခိုက္ေအာင္လည္း ကိုယ့္ကိုကိုယ္ ဂ႐ုစိုက္ၾကပါဦး!!!"

သူ႕မွာ အေသခ်ာႀကီး တပ္အပ္မေျပာရဲေသးတာေၾကာင့္ နတ္ဘုရားသုံးသြယ္ ေျပာင္းလဲသြားၿပီလို႔လည္း မေျပာရဲခဲ့ေခ်။

ယြိမန္က်န္းရဲ႕ မ်က္ႏွာမွာ ေဒါမာန္ေၾကာင့္ ‌ရဲတြတ္ေနခဲ့သည္။
သူက ေျခစုံရပ္ကာ...
"အႀကီးအကဲ!! ခင္ဗ်ားကပါ ဘာျဖစ္လို႔......"

ယြိအႀကီးအကဲမွာ ယြိ႐ြာသူ႐ြာသားမ်ားၾကားတြင္ ေလးစားၾကည္ညိုခံရဆုံးသူပင္။
ဒီအခ်ိန္မွာလည္း သူ႕စကားေၾကာင့္ က်န္သူမ်ားမွာ ေဝဝါးသြားခဲ့ၾကရသည္။
သူတို႔ေတြ တစ္နည္းနည္းနဲ႕ အျမန္ဆုံး ထြက္သြားလိုက္ခ်င္ေပမယ့္....
တစ္ခုခုက သူတို႔ကို ဆြဲထားေနခဲ့သလိုမ်ိဳး အကုန္လုံးရဲ႕ ဒူးေတြဟာ ေျမႀကီးျပင္မွာ ကပ္ေနခဲ့ကာ
တုပ္တုပ္မွ လႈပ္မရ ျဖစ္ေနခဲ့ၾကသည္။

ထို႔ေနာက္ ေတာက္ဓမၼကိုယ္ေတာ္ခိုဖက္က သက္ျပင္းခ်သံ ေလးေလးႀကီး ၾကားလိုက္ရသည္။
"သက္ရွိေလာကမွာ ဘာေမွာ္စြမ္းအင္မွ မရွိေတာ့ဘူး...
ကိုယ္ေတာ္ ဘယ္ နတ္ဘုရားရဲ႕ စြမ္းအင္ကိုမွ ေခ်းယူလို႔မရေတာ့ဘူး..."

မ်က္ေတာင္တစ္မွိတ္အတြင္း အပႏွင္ဓားအေကာင္းစားႀကီးမွာလည္း ခြၽင္ ခနဲ က်ိဳးေၾကသြားခဲ့သည္။
အပိုင္းအစမ်ားက ေျမျပင္ဆီ ျပဳတ္က်ကဳန္တာေၾကာင့္...ေတာက္ဓမၼကိုယ္ေတာ္ခိုမွာ မတတ္သာပဲ မ်က္ႏွာျဖဴေဖ်ာ့စြာ ေနာက္သို႔ ဆုတ္လိုက္ၾကရသည္။

သူတို႔ေတြ နတ္ဆရာကို တစ္ဖန္ျပန္ၾကည့္လိုက္ၾကခ်ိန္တြင္ ပူးခံထားရသည့္ နတ္ဆရာမွာ မ်က္ႏွာက အမည္းေရာင္မွတစ္ဆင့္ ခရမ္းပုပ္အေရာင္ဖက္ပါ သန္းလာခဲ့၏။
သူ႕ဆံပင္မ်ားက တစ္ေမႊးခ်င္းစီ အထက္သို႔ သံေခ်ာင္းသ႑ာန္ ေထာင္တက္ေနခဲ့ကာ....
စက္ဆုပ္ဖြယ္ရာ အစြယ္ႏွစ္ေခ်ာင္းကလည္း သူ႕ပါးစပ္ထဲက ထြက္လာေနခဲ့သည္။
အခုပုံရိပ္မွာ ႐ုပ္ျပပုံေတြထဲမွာ မၾကာခဏ ေဖာ္ျပထားေလ့ရွိၾကသည့္ မေကာင္းဆိုးဝါးသ႑ာန္ႏွင့္ တစ္ေထရာတည္းပင္။

ဒီလိုျမင္ကြင္းကို ျမင္ၿပီးၾကတဲ့အဆုံးမွာေတာ့ အားလုံးမွာ န္ဘုရားသုံးသြယ္ လမ္းလြဲသြားခဲ့တဲ့အေၾကာင္းကို လက္သင့္ခံကို ခံလိုက္ရေတာ့သည္။
ေတာက္ဓမၼကိုယ္ေတာ္ခိုမွာ အသက္ရႉသံကို ထိန္းခ်ဳပ္ကာ ေအာ္လိုက္ရ၏
"အားလုံးပဲ ျမန္ျမန္!!
ေျပးၾက အခုပဲ ဒီေနရာကေန ေျပးၾက!!"

သို႔ေသာ္ အကုန္လုံးမွာ ေျခေထာက္ေတြ လႈပ္မရခဲ့ေခ်။
ထိန္းခ်ဳပ္လို႔မရေတာ့တဲ့ ခံစားခ်က္က အကုန္လုံးကို ႐ူးသြပ္သြားေစ၏။

ထိုအခ်ိန္မွာပဲ ေကာင္းကင္ကို ျဖတ္သန္း၍ လွ်ပ္စီးတစ္ေၾကာင္းက ခြဲျဖတ္သြားသည္။

အားလုံးပဲ သူတို႔ရဲ႕ေခါင္းေတြကို ေမာ့ၾကည့္ၾကခ်ိန္ ေတြ႕ရသည္မွာ
ရွန္းခြၽယ့္က ယုံၾကည္ခ်က္အျပည့္ႏွင့္ နတ္ဆရာရွိရာဆီ ေလွ်ာက္သြားခဲ့တာကိုပင္။

ေတာက္ဓမၼကိုယ္ေတာ္ခိုမွာ အလြန္အမင္းစိတ္ပူသြားရသည္။
"ဒကာရွန္း....ျမန္ျမန္ ဒီကို ျပန္လာခဲ့!!
အႏၲရာယ္မ်ားလြန္းတယ္!"

ယြိက်န္းတုမွာလည္း ႏွလုံးက လည္ေခ်ာင္းထိ ခုန္တက္လာသလားေတာင္ အထင္မွားရေလာက္ေအာင္ထိ ခုန္လႈပ္ေနခဲ့တာပင္။
သို႔ေသာ္ တည္ၿငိမ္ေနတဲ့ပုံဟန္ေဆာင္ေနဖို႔က အေရးႀကီး၏။
သူက အကုန္လုံးကို လက္ေဝွ႕ယမ္းျပၿပီးေနာက္ ေျပာလိုက္ရသည္။
"စိတ္မပူၾကပါနဲ႕ စိတ္မပူၾကပါနဲ႕...
ကြၽန္ေတာ္တို႔ဖက္က ဒီအေပၚမွာ ျဖစ္ေနသမွ် ကိစၥေတြအကုန္လုံးကို ေျမေအာက္ကမာၻဆီ စာရိုက္ၿပီး သတင္းပို႔ထားၿပီးၿပီးသားပါ....
သူတို႔ေတြက ကြၽန္ေတာ္တို႔ ဒီကေန မႏၲာန္ေတြသုံးလို႔ရေအာင္ စြမ္းအင္ ေခ်းေပးမယ္လို႔လည္း စာျပန္ထားတယ္ဗ်"

ေတာက္ဓမၼကိုယ္ေတာ္ခို :".............."

ထိုအခ်ိန္မွာပဲ ရွန္းခြၽယ့္က စိတ္မပါလက္မပါႏွင့္ လက္တစ္ဖက္ျမႇောက္ကာ
ေမွာ္၀င္ခ်ိပ္တစ္ခုကို ပစ္ထုတ္လိုက္ကာ ပယ္ပယ္နယ္နယ္ ဆဲပစ္လိုက္ေတာ့သည္။
"အျဖစ္ မရွိတဲ့ နတ္စုတ္နတ္ျပတ္!
အခုခ်က္ခ်င္း ဒူးေထာက္ၿပီး ေတာင္းပန္စမ္း!"

ေတာက္ဓမၼကိုယ္ေတာ္ခို :"ဒကာတို႔က ေမွာ္၀င္ခ်ိပ္ကို အဲ့လို သုံးတာလား?"

သူ႕အေနနဲ႕ ေတာက္ဓမၼပညာရပ္ေတြ စသင္သည့္အခ်ိန္ကတည္းက သိထားခဲ့တာတစ္ခုက
ဘယ္ေတာ့ျဖစ္ျဖစ္ ေမွာ္၀င္ခ်ိပ္တစ္ခုကို အသက္သြင္းဖို႔ နတ္ဘုရားေတြဆီကေန စြမ္းအင္ေခ်းၿပီးၿပီဆိုလို႔ရွိရင္
ကိုယ္ခႏၶာတစ္ခုလုံးကို ျပန္လည္ေဆးေၾကာသန႔္စင္ကာ မျဖစ္မေန တရားထိုင္ေပးရတာပင္။

ေမွာ္၀င္ခ်ိပ္ေတြဆိုသည္မွာ တရားဂိုဏ္းေတြအတြက္ အထြဋ္အထိပ္ ရတနာ သဖြယ္ျဖစ္ၾကၿပီး...
၎တို႔ကို နတ္ဘုရားနီးနီးပင္ တေလးတစား တရိုတေသ သုံးစြဲေပးရ၏။
အခုလိုမ်ိဳး ျဖစ္သလို ပစ္ေပါက္ၿပီး......

ယြိက်န္းတုမွာ သူေဌးျဖစ္သူအတြက္ ဆင္ေျခတစ္ခုျဖင့္ ကာေပးလိုက္ရသည္။
"အခုေခတ္ အင္တာနက္နဲ႕ အလုပ္လုပ္တဲ့သူေတြအတြက္က် နည္းနည္းပိုၿပီးေတာ့ ေပါ့ေပါ့ပါးပါးသုံးတာေပါ့..."

ေတာက္ဓမၼကိုယ္ေတာ္ခိုမွာ အံ့လည္း အံ့ဩသြားရသလို စိတ္လည္း ပူသြားရ၏။
"သက္ရွိ ေလာကထဲမွာ ေမွာ္၀င္ခ်ိပ္ကို အသက္သြင္းဖို႔ စြမ္းအင္လုံလုံေလာက္ေလာက္မရွိေတာ့တာ...
မင္းတို႔ေတြ ဘယ္ကေန ဘယ္လို ေခ်းလိုက္ၾကတာလဲ?"

ထိုအခ်ိန္၌ ေကာင္းကင္ကေန လွ်ပ္စီးထလက္ကာ ဝုန္းခနဲ အေမႊးတိုင္ထြန္းထားေသာ စားပြဲေပၚ မိုးႀကိဳးပစ္ခ်ၿပီး စားပြဲခုံက အလယ္ကေန ႏွစ္ပိုင္းက်ိဳးက်ကာ ခုံတစ္ခုံလုံး မီးစြဲသြားခဲ့သည္။

ေနာက္ထပ္ လွ်ပ္စီးတစ္ခု ထပ္ လက္ၿပီးေနာက္ ထိုလွ်ပ္စီးက နတ္ဘုရားသုံးသြယ္ရဲ႕ ေက်ာင္းေဆာင္ေပၚ တည့္တည့္ ပစ္ခ်ကာ...
တရိုတေသ တည္ထားကိုးကြယ္ခဲ့ၾကရတဲ့ ႐ုပ္ထုႀကီးကို ၿပိဳက်သြားေစခဲ့သည္။

အေမႊးအိုးအႀကီးစားႀကီးမွာလည္း မ်က္စိတစ္ခတ္အတြင္း အလယ္ကေန အပ္ကြဲက်ကာ...
အိုးအတြင္းက ျပာေတြအကုန္လုံးမွာလည္း ေလတစ္‌ေဝွ႕ အတြင္း အကုန္လြင့္ပါသြားၾကသည္။

ခုံကေနတစ္ဆင့္ စြဲတဲ့ မီးေတာက္က နတ္ဆရာကို ဝိုင္းပတ္သြားၿပီး ေခ်ာင္ပိတ္သြားေစခဲ့သည္။
ၾကက္သီးထဖြယ္ ေလေအးတိေအးစက္မ်ားကလည္း ႐ုတ္ခ်ည္းရပ္တန႔္သြားခဲ့သည္။
ရွန္းခြၽယ့္က ေနရာမွာပဲ ရပ္ေနရင္း သူ႕လက္ေတြကို ေနာက္ကို ပို႔ထားကာ ဆိုလိုက္သည္။
"ေတာင္းပန္...."

နတ္ဆရာရဲ႕ အေစာပိုင္းတုန္းက သံေခ်ာင္းေတြလို ေထာင္တက္ေနတဲ့ ဆံႏြယ္မ်ားကလည္း ငိုက္စိုက္ၾကကုန္ၾကေတာ့သည္။
သူ႕ရဲ႕ အမည္းလိုလို ခရမ္းပုပ္လိုလို မ်က္ႏွာႀကီးကလည္း အျဖဴေဖ်ာ့ေဖ်ာ့ဖက္ ေျပာင္းသြားကာ
ပါးစပ္ထဲက ထြက္ေနတဲ့ သြားႏွစ္ေခ်ာင္းကလည္း အထဲျပန္၀င္သြားၾကသည္။

အကုန္လုံးက ေျမျပင္ေပၚ ျပားျပား၀ပ္ေလာက္ေအာင္ ဒူးေထာက္ကုန္ၾကၿပီး အဲ့ဒီေနာက္မွာတစ္ဆက္တည္း ထြက္လာသည့္အသံက..
"မလုပ္ပါနဲ႕ မလုပ္ပါနဲ႕ မလုပ္ပါနဲ႕...ေက်းဇူးျပဳၿပီး မိုးႀကိဳးနဲ႕ေတာ့ မပစ္လိုက္ပါနဲ႕....
ထပ္မလုပ္ေတာ့ပါဘူး ေနာက္မလုပ္ေတာ့ပါဘူး..."

ထို႔ေနာက္ အသံက ေနာက္တစ္မ်ိဳးေျပာင္းသြားခဲ့သည္
"ဒါေတြအကုန္လုံး အစ္ကိုႀကီးရဲ႕ အမွားေတြပါ...
အစ္ကိုႀကီးက ေလာဘႀကီးၿပီး ကြၽန္ေတာ္တို႔က သူ႕ကို မထိန္းလိုက္နိုင္တာနဲ႕...."

ထို႔ေနာက္ ေနာက္ထပ္အသံတစ္သံထပ္ေျပာင္းသြားခဲ့သည္။
"ဘာလို႔ ငါ့လာလႊဲခ်ေနတာလဲ!
ဒါကိုလုပ္ဖို႔ သုံးေယာက္လုံး သေဘာတူထားတာေလ
အခုမွ ဘာကိစၥ ငါ့ေခါင္းေပၚ အကုန္ပုံခ်ေနတာလဲ?"

အသံသုံးသံမွာ နတ္ဆရာခႏၶာကိုယ္မွ တစ္ဆင့္ ထြ္လာေနၾကျခင္းပင္။
အခ်င္းခ်င္း အျပစ္ဖို႔ေနၾကကာ
ထို႔ေနာက္ သူတို႔က ကိုယ့္မ်က္ႏွာကိုယ္ ပါးခ်ၾကကုန္ၾကေတာ့၏။
"မင္းကို ေသေအာင္ကို သတ္ဦးမယ္ သိလား!!"

"မင္းတို႔ႏွစ္ေကာင္ကို ငါက သတ္မွာကြ!"

"လာလိုက္ေလ!
ဘယ္သူက ဘယ္သူ႕ေၾကာက္ေနလို႔လဲ!
မင္း အန္ေပါင္းေတြ ငါတို႔မသိေအာင္ ခိုးသိမ္းထားတာကို မသိဘူးမ်ား မထင္နဲ႕ေနာ္!"

႐ြာသူ႐ြာသားမ်ား :"..........."

ယြိမန္က်န္း :".........???"

ေျခာက္ျခားစရာအေကာင္းဆုံးက‌ ဒါေတြအကုန္လုံးကို ခံေနရတာက နတ္ဆရာပင္။

ေတာက္ဓမၼကိုယ္ေတာ္ခိုမွာ ေၾကာင္အမ္းေနခဲ့ရသည္။
သူ႕မွာ ယြိက်န္းတုကို ၾကည့္ကာ စကားကိုေတာင္ ေျဖာင့္ေအာင္ မေျပာနိုင္။
"မင္းတို႔ေတြ...ဘယ္ကေန..
မိုးႀကိဳးကိုပါ ငွားလိုက္တာလဲ??"

ၿပီးေတာ့လည္း ႏွစ္ခါေတာင္!!

ယြိက်န္းတုမွာ ဖုန္းကို ျပန္သိမ္းလိုက္ၿပီး တည္တည္ၿငိမ္ၿငိမ္ေျပာလိုက္ရသည္
"နည္းပညာက ကမာၻႀကီးကို ေျပာင္းလဲေပးေနလ်က္ပါ...
ဆက္သြယ္ေရးနည္းပညာေတြက ကြၽန္ေတာ္တို႔ကို တစ္ျခားကမာၻတစ္ခုနဲ႕ လြယ္ကူလွ်င္ျမန္စြာ ခ်ိတ္ဆက္ေပးနိုင္တာေၾကာင့္
အခုလိုပူးေပါင္းေရးေတြကလည္း ပိုၿပီး ရိုးရွင္း ထိေရာက္လာတာမ်ိဳးေပါ့"...

TBC

ယြိက်န္းတု = ဗေလာင္းဗလဲ ေျဖာင့္ခ်က္ အေပးနိုင္ဆုံးဆု ရသင့္!!

Continue Reading

You'll Also Like

8.3K 1K 53
just fan translate. This is not my own story.
20.9K 501 32
Mia is a born in a rich and famous family she went to school every day but it was one of her biggest nightmares she was getting bullied by her classm...
7.2K 265 28
A king who lives a life of cruelty and sins to others but holds a pride on his own. Hosting a ball for his work but sees a magnificent being that cat...
11.9K 142 46
Follow this story to see Isla-Wren Lucia Bronze find her really family and finally be accepted and loved.