ထိုနှစ်များမှာ မြတ်နိုးဖွေရှာ

Oleh Vera-Yu

374K 65.3K 4.7K

Original Title : 当年万里觅封侯 English Title : Those Years in Quest of Honor Mine Original Author : Man Man He Qi... Lebih Banyak

Description
Prologue
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68
Part 69
Part 70
Part 71
Part 72
Part 73
Part 74
Part 75
Part 76
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
Part 88
Part 90
Part 91
Part 92
Part 93
Part 94
Part 95
Part 96
Part 97
Part 98
Part 99
Part 100
Part 101
Part 102
Part 103
Extra 1
Extra 2

Part 89

2.2K 500 6
Oleh Vera-Yu

Unicode

ကျုံးဝမ် စိတ်ဆင်းရဲသွားတော့သည်။ ဘယ်ဟာက မေ့နိုင်တယ်၊ ဘယ်ဟာကတော့ မေ့ဖို့မဖြစ်နိုင်ဘူးဆိုတာ သူ့စိတ်ပေါ်မူတည်တယ်လို့တော့ ကျွန်တော့်ကို မပြောနဲ့။

သူ အိမ်တော်ထိန်းဖုန်ကို သေချာသတိထားလျက် ကြည့်လိုက်သည်။ "ကျစ်ရုန် တခြားဘာပြောသေးလဲ"

အိမ်တော်ထိန်းဖုန်က ဒွိဟဖြင့် ကျုံးဝမ်ကို ကြည့်နေသည်။ "တခြား ဘာမှတော့ မပြောပါဘူး။ အရှင့်သားက ဒီနေ့အစောကြီး ထပါတယ်။ အိမ်တော်ကထွက်ပြီး မြင်းလှည်းပေါ်တက်တော့ ဒီအကြောင်းကို ရုတ်တရက် သတိရသွားတာပါ။ ပြီးတော့ ကျွန်တော့်ဆီ လူတွေလွှတ်ပြီးတော့ သခင်လေး ကိုယ်တွင်းအပူတွေ များနေလို့ မနေ့ညကတည်းက လည်ချောင်းနာနေတယ်လို့ ပြောခိုင်းလိုက်ပါတယ်။ တော်ဝင်သမားတော်ကို ပင့်လိုက်ရမလားလို့ ကျွန်တော် သေချာမေးလိုက်ပေမဲ့ အရှင့်သားက မလိုဘူးလို့ ပြောပါတယ်။ သခင်လေး အနာပျောက်အောင်ပဲ တစ်ခုခုသောက်ခိုင်းလိုက်ပါတဲ့။ ကျွန်တော်လည်း သေချာလေးတွေးပြီးတော့ နှင်းသစ်တော်လက်ဖက်ရည်ကို လုပ်ခိုင်းလိုက်တာပါ"

ကျုံးဝမ် စိတ်သက်သာရာရသွားသည်။ ကောင်းတယ်၊ ကောင်းတယ်။ ယွီရှီ အခုဆို ခေါင်းကြည်နေလောက်ပြီ။ ငါ အရမ်းမရှက်ရအောင်လို့ ဘယ်လိုလုပ်ရမယ်ဆိုတာ သူသိလောက်တယ်။ ဒါပေမဲ့...

ကျုံးဝမ် ထိတ်လန့်သွားတော့သည်။ သူ့ခေါင်းက ဘယ်တုန်းက ကြည်သွားတာလဲ။

မနေ့ကတည်းကများလား။

ရှက်သွေးဖြာလျက် ကျုံးဝမ်သည် လက်ဖက်ရည်ကို မော့သောက်လိုက်သည်။ မနေ့ညက ယွီရှီ နိုးလာလျှင် အားလုံးကို မေ့ပျောက်သွားလိမ့်မည် ဖြစ်သောကြောင့် ရှက်နေစရာမလိုဟု ကျုံးဝမ်ထင်ခဲ့မိသည်။ ထို့ကြောင့် အစွမ်းကုန် တတ်နိုင်သမျှ ထိန်းချုပ်မထားဘဲ ပြုမူခဲ့သည်။ သူ ဘယ်တုန်းကမှ မထင်ထားခဲ့သည်မှာ...

ယွီကျစ်ရုန်သည် ပိုပို၍ အထင်ကြီးစဖွယ် ကောင်းလာခဲ့သည်။

ကျုံးဝမ်၏မျက်နှာ နီရာမှ ဖြူလာသည်ကို တွေ့သောကြောင့် အိမ်တော်ထိန်းဖုန်က မရေမရာဖြင့် မေးလိုက်သည်။ "သခင်လေး၊ ဘာများဖြစ်လို့ပါလဲ"

ကျုံးဝမ်က လက်ဖက်ရည်တစ်ခွက်ကို သူ့ဘာသူ ငှဲ့လိုက်သည်။ မပီမပြင်ဖြင့်သာ သူပြောလိုက်သည်။ "ဘာမှမဟုတ်ပါဘူး... ကျွန်တော့်ကို ကျေးဇူးပြုပြီး မြင်းလှည်းပြင်ပေးပါ။ ကျွန်တော် ခဏနေရင် အပြင်သွားမလို့"

"သခင်လေး ဘယ်ကိုသွားမှာပါလဲ"

ကျုံးဝမ်က သူ့လက်ဖက်ရည်ကို သောက်ပြီးသွားလေပြီ။ "ချန်အန်းမင်းသားအိမ်တော်ကို"

နှစ်နာရီကြာပြီးနောက် ချန်အန်းမင်းသားအိမ်တော်တွင် ဖြစ်သည်။

ယွီရှီ၏ ဆင်ခြေဖုံးအိမ်တော်သို့ အလည်အပတ် သွားရမည်ဖြစ်ပြီး ထိုနေရာ၌ တောင်များ၊ ရေကန်များနှင့် ရေပူစမ်းများရှိသည်ဟု ကြားသောအခါ ရွှမ်ယွီတစ်ယောက် အပျော်လွန်သွားတော့သည်။ ရုတ်ခြည်းဆိုသလို သူ တစ်ခုခုကို သတိရသွားတော့သည်။ သို့သော် သူက ရွှမ်စုန်ရှင်းကို ပြောရန် အလွန်ကြောက်ရွံ့နေသည်။ သူ ငယ်စဉ်ကကဲ့သို့ ကျုံးဝမ်၏နံဘေးနားသွားကာ ကျုံးဝမ်အား တိုးတိုးပြောရန် တွန့်ဆုတ်နေလေသည်။

မူလကတည်းကပင် ရွှမ်ယွီသည် ဤကဲ့သို့ပင် သူ့မောင်နှမများထက် ကျုံးဝမ်အား ပို၍ခင်တွယ်လေသည်။ ကူကယ်ရာမဲ့လျက် ကျုံးဝမ်က ပြောလိုက်သည်။ "သခင်လေး၊ သခင်လေး မငယ်တော့ဘူးနော်။ ဘာလို့ တိုးတိုးလေး လာပြောနေတာလဲ။ ဘာပြောချင်လို့ပါလဲ"

ကြောက်ရွံ့နေဟန်ဖြင့် ရွှမ်ယွီက ရွှမ်စုန်ရှင်းကို ကြည့်လိုက်သည်။ သူက နူးညံ့တိုးလျစွာ ပြောလေသည်။ "ကျွန်တော်တို့... ကျွန်တော်တို့အားလုံး အတူတူ သွားမှာလား"

"သခင်လေးနဲ့ စုန်ရှင်းတို့ သွားမှာပါ" ကျုံးဝမ်က ချောင်းနှစ်ချက်ဟန့်လိုက်သည်။ လက်ဖက်ရည်ခွက်ကို သူကောက်ကိုင်လိုက်သည်။ "ကျွန်တော်ကတော့ အလုပ်များနေလို့ မသွားတော့ပါဘူး။ ကျွန်တော်ငယ်ငယ်တုန်းက ကျစ်ရုန် အဲ့ဆင်ခြေဖုံးအိမ်တော်အကြောင်း ပြောတာကို ကြားဖူးပါတယ်။ ကျွန်တော် မသွားနိုင်ခဲ့ပေမဲ့ တော်တော်လေး နေလို့ကောင်းတယ်လို့ ကြားပါတယ်။ ပြီးတော့လည်း အရင်မင်းဆက်က မင်းသားကြီးတစ်ပါးပိုင်ခဲ့တာမို့လို့ အရမ်းကို တမူထူးပါတယ်တဲ့"

ကျုံးဝမ်က စိတ်ရှည်လက်ရှည်ဖြင့် မေးသည်။ "သခင်လေးက ဘယ်သူ့ကို အတူခေါ်သွားချင်လို့ပါလဲ"

"ဘယ်သူမှမခေါ်ချင်ပါဘူး" ရွှမ်ယွီက ချီတုံချတုံဖြင့် မေးသည်။ "ဖြစ်နိုင်ရင်... တခြားလူတွေကို မခေါ်သွားလို့ရော ရလား"

ဘေးမှ ရွှမ်စုန်ရှင်းက အေးစက်စက်ဖြင့် မေးလိုက်သည်။ "နင်က ငါ့ကိုမခေါ်သွားချင်ဘူးပေါ့လေ"

ကျုံးဝမ်ကပြုံးသည်။ ရွှမ်ယွီက လျင်မြန်စွာ ခေါင်းခါလေသည်။ "ဘယ်လိုလုပ်ပြီး မခေါ်သွားရဲမှာလဲ။ ငါ-ငါက ဒီအတိုင်း..."

သနားချင့်စဖွယ်ဖြင့် ရွှမ်ယွီက ကျုံးဝမ်ကို ကြည့်လေသည်။ အသံတိုးညှင်းလှစွာဖြင့် သူကပြောသည်။ "ကျွန်တော်တို့ ဆရာ့ကို ခေါ်မသွားလို့ရလား"

ရွှမ်ယွီက စူပုပ်ပုပ်ဖြင့် ဆက်ပြောသည်။ "ဆရာက အရမ်းကြောက်ဖို့ကောင်းတယ်။ ကျွန်တော် သူ့ကို ခေါ်မသွားချင်ဘူး။ သူ မြို့တော်မှာ တစ်ယောက်တည်းနေပြီး အအေးဒဏ်ခံပါစေလေ"

ကျုံးဝမ် သက်ပြင်းချမိသည်။ သူ အနည်းငယ် စိတ်ပူလျက်ဖြင့် ရွှမ်ယွီ၏ခေါင်းကို ပွတ်သပ်ပေးမိသည်။ "မင်းသားနင်က စာပေကျမ်းဂန် နှံ့စပ်ပြီးတော့ ပညာကြွယ်ဝတယ်။ ကြင်ယာတော်မင်းသမီးကတော့ အရင်တုန်းက စာပေထူးချွန်တယ်ဆိုပြီး နာမည်ကြီးတယ်။ အခု သူတို့ကို ကျော်ဖို့အတွက်တော့ ကျွန်တော် မတောင်းဆိုပေမဲ့ အရမ်းဆိုးလို့တော့ မဖြစ်ဘူးမလား"

ခေါင်းငုံ့လျက် ရွှမ်ယွီက ကျုံးဝမ်၏ ဆုံးမစကားကို မကျေမနပ်ဖြင့် နားထောင်နေသည်။

"ကောင်းပါပြီ။ ဒါဆိုလည်း မခေါ်သွားပါနဲ့တော့။ သခင်လေးပြန်လာတဲ့အထိ အတန်းစာကို နားထားတာပေါ့"

ထိုအခိုက်တွင် ရွှမ်ယွီ၏မျက်လုံးများမှာ ဖိတ်ဖိတ်တောက်သွားခဲ့သည်။ သူ့ပစ္စည်းများကို အလျင်အမြန် သွားသိမ်းလေတော့သည်။

ရွှမ်စုန်ရှင်းက သူ့ကို မျက်စောင်းထိုးလျက် ကြည့်လိုက်သည်။ ထို့နောက် သူ့အကြည့်ကို ကျုံးဝမ်ထံသို့ ရွှေ့လိုက်လေသည်။ သူက မျက်မှောင်ကြုတ်နေသည်။ "ဘာလို့ ရုတ်တရက်ကြီးလဲ။ ဘာလို့ ဒီညနေ သွားခိုင်းတာလဲ"

"ဒီအချိန်ဆို အဲ့မှာ ပန်းပွင့်နေတာ အရမ်းလှနေလို့ပဲ မဟုတ်ဘူးလား" ကျုံးဝမ်က ဆင်ခြေပေးရန် ပြင်ဆင်လာခဲ့ပြီးဖြစ်သည်။ သူကပြုံးလိုက်သည်။ "ပန်းပွင့်တဲ့ရာသီက ကုန်တော့မယ်လို့ ကျွန်တော်ကြားတယ်။ ကျွန်တော်တို့ အခုမသွားရင် ပန်းကြည့်ဖို့ အရမ်းနောက်ကျသွားလိမ့်မယ်"

သို့သော် ရွှမ်စုန်ရှင်းက ထူးဆန်းသည်ဟု ထင်နေဆဲပင်။ "အရမ်းလောလွန်းတယ်။ ကျွန်မရဲ့ အစေခံမိန်းကလေးတွေက ကျွန်မပစ္စည်းတွေသိမ်းဖို့ အချိန်လောက်မှာ မဟုတ်ဘူး"

လတ်တလောတွင် သူ့ကို လှည့်စားရန်မှာ မလွယ်ပေ။ ခေတ္တတွေးနေပြီးနောက် ကျုံးဝမ်က သက်ပြင်းချလိုက်သည်။ "ထားပါလေ။ ကျွန်တော် အမှန်အတိုင်း ပြောပြပါ့မယ်"

ရွှမ်စုန်ရှင်း၏ခါးမှာ ဆတ်ခနဲ မတ်သွားတော့သည်။

ကျုံးဝမ်က မျက်နှာအရေထူအောင်ထားလျက် လေးနက်စွာ ပြောလိုက်သည်။ "မနေ့က ကျစ်ရုန်က ကျွန်တော့်ကို စိတ်တိုအောင်လုပ်မိလို့ သခင်မလေးတို့နဲ့ မျက်နှာလုပ်ချင်နေတာ။ အင်း... သူက ဘယ်လိုဆိုတာ သခင်မလေးသိပါတယ်။ အပြောအဆိုမတတ်ပေမဲ့ သူ့ကိုယ်သူ ပါးနပ်လှပြီထင်နေတာ"

ကျုံးဝမ်က ရိုးတိုးရိပ်တိပ်သာ ပြောသောကြောင့် ရွှမ်စုန်ရှင်းမှာ ရှက်ရှက်ဖြင့်သာ ခေါင်းညိတ်လိုက်ရသည်။

"ကျုံးဝမ်စိတ်ဆိုးအောင် လုပ်မိတာ..." ရွှမ်စုန်ရှင်းက တွန့်ဆုတ်နေပြီးနောက် မေးလိုက်သည်။ "သူ ဘယ်လိုစိတ်ဆိုးအောင် လုပ်တာလဲ။ သူ..." အနည်းငယ် စိုးထိတ်လျက် ရွှမ်စုန်ရှင်းက ဆက်မေးသည်။ "မင်းသားငယ်ယွီက ထိမ်းမြားဖို့အကြောင်း ဆွေးနွေးချင်လို့လား"

ကျုံးဝမ် ရယ်မိသည်။ "သခင်မလေးရဲ့ အတွေးတွေက ဘယ်ရောက်ကုန်တာပါလဲ"

"အဲလိုမဟုတ်ရင်တော့ ကောင်းပါတယ်။ ဒါပေမဲ့..."

ရွှမ်စုန်ရှင်းမှာ အမှန်တကယ် ပူပန်နေမိသည်။ "ကျွန်မ မနေ့က မေးချင်ပေမဲ့ အရမ်းမျက်နှာပူနေလို့။ မင်းသားငယ်ယွီက လက်မထပ်သေးဘူးလား"

"မ-မဟုတ်ဘူး" ကျုံးဝမ်ကပြောသည်။

"ကျွန်မ လွှတ်တော်က အခြေအနေတွေကို ကောင်းကောင်းမသိပေမဲ့ မင်းကြီးက မင်းသားငယ်ယွီကို သားအဖြစ် အသိအမှတ်ပြုလိုက်တယ်လို့တော့ ကြား၊ ကြားလိုက်တယ်။ ပြီးတော့ မင်းကြီးက သူ့အပေါ် အရမ်းအားထားတယ်တဲ့။ အပြင်လူတွေက သူ့ကို မင်းကြီးက အိမ်ရှေ့စံထားဖို့ လျာထားတယ်လို့ ထင်နေကြတယ်" ရွှမ်စုန်ရှင်းကပြောသည်။ "သူ နောင်တစ်ချိန်မှာ မင်းကြီးဖြစ်လာခဲ့ရင် သူ့မှာ မောင်းမဆောင်မရှိလို့ ဘယ်ဖြစ်မှာလဲ။ အဲ့အချိန်ဆို... ကျုံးဝမ်က ဘယ်လိုဖြစ်သွားမှာလဲ"

ကျုံးဝမ်က တွေးကြည့်နေပြီးနောက် ရယ်လိုက်သည်။ "ကျွန်တော် ဒီအကြောင်းကို တကယ်မတွေးခဲ့ဖူးဘူး"

ကျုံးဝမ်က သူ့ကိုနှစ်သိမ်ချင်ရုံမျှတော့ မဟုတ်။ ဤအတွေးသည် သူ့စိတ်ထဲသို့ တစ်ခါကလေးမှ တကယ်ဝင်မလာခဲ့ဖူးပေ။

သူ မြို့တော်ကို ပြန်ရောက်လာပြီးနောက် အထူးသဖြင့် ယွီရှီနှင့် အတူစနေကလည်းက ကိစ္စများက တစ်ခုပြီးတစ်ခု ဖြစ်ခဲ့သည်။ လူများက အလျင်လိုနေကြဟန်၊ တိုက်တွန်းနေကြဟန်၊ သူ့အားရှေ့သို့ တွန်းပို့နေကြဟန် ရှိနေသည်။ သူ့အသက် ဆက်ရှင်နေရသည်ကပင် လုံလောက်လှပေပြီ။ သူ့အနာဂတ်အကြောင်းတွေးရန် အဘယ်မှာ အချိန်ရှိမည်နည်း။

ထို့အပြင် ယွီရှီ ဤအကြောင်းကို ဘယ်တုန်းကမှ မပြောခဲ့သည့်တိုင် အကြောင်းရင်းတချို့ကြောင့် ကျုံးဝမ်သည် သူ့တို့နှစ်ဦး ဆက်ဆံရေးကြားတွင် မည်သည့်ပြဿနာမှ ဖြစ်လာမည်မဟုတ်ဟု တွေးထင်ခဲ့သည်။

ရွှမ်စုန်ရှင်းက ဘဝင်မကျဖြစ်သွားသည်။ "ဘာလို့ မတွေးဖူးရတာလဲ။ မောင်းမဆောင်မရှိတဲ့ မင်းကြီးဆိုတာကို ကျွန်မ မကြားဖူးဘူး။ တော်ဝင်မိသားစုဝင်တွေက သတောတူမတဲ့လား။ အမတ်ကြီးတွေက မောင်းမဆောင်ဖွင့်ဖို့ မတိုက်တွန်းဘဲ နေမတဲ့လား"

ကျုံးဝမ် မရယ်ဘဲ မနေနိုင်တော့ပေ။ "ကျွန်တော်က စိတ်တောင်မပူတာကို သခင်မလေးက အသေးစိတ် တွေးနေပြီလား"

ရွှမ်စုန်ရှင်း၏မျက်နှာမှာ သိပ်မကောင်းလှပေ။ "ဒါဆို ကျွန်မကို အလကားကြောက်နေတယ်လို့ သဘောထားလိုက်... မင်းသားငယ်ယွီက ကျုံးဝမ်အပေါ် စိတ်ရင်းနဲ့ ချစ်တယ်လို့ ကျွန်မယုံကြည်တယ်။ ဒါပေမဲ့ အနာဂတ်နေ့ရက်တွေဆိုတာ အရှည်ကြီးပဲ။ ဘာဖြစ်မယ်ဆိုတာ ဘယ်သူသိမှာလဲ။ ကျုံးဝမ် စီစဉ်ထားသင့်တယ်"

ကျုံးဝမ်သည် အမြွှာနှစ်ယောက်ကို မြို့တော်မှ မြန်မြန်ထွက်သွားစေချင်ရုံသာ ရှိသည်။ ဝတ်ကျေတန်းကျေဖြင့်သာ သူပြန်ဖြေလိုက်သည်။ "ကောင်းပါပြီ။ ကျွန်တော် စီစဉ်ပါ့မယ်၊ ကျွန်တော် စီစဉ်ပါ့မယ်။ မြန်မြန်သွားပြီး ဘာယူမယ်ဆိုတာကို စစ်ကြည့်ပါဦး၊ ဒါမှ လိုတဲ့ပစ္စည်းတွေယူဖို့ မမေ့မှာ"

မကျေမချမ်းဖြင့် ရွှမ်စုန်ရှင်းတစ်ယောက် ထွက်သွားလေတော့သည်။

ကျုံးဝမ်က မြန်မြန်လုပ်ရန် သူတို့အား ဆက်တိုက်ဆော်ဩနေသည်။ နေ့လယ်ခင်းကျော်သောအခါ သူတို့အား မြင်းလှည်းပေါ်သို့ တင်ပြီးဖြစ်လေသည်။ အဆုံးတွင်မူ သူ စိတ်သက်သာရာရလျက် သက်ပြင်းချလိုက်မိတော့သည်။

အဝေးရှိ မြင်းလှည်းကို သူငေးကြည့်နေမိသည်။ လုံးဝစိတ်အေးသွားဟန်ဖြင့် မိုးကုတ်စက်ဝိုင်းအောက်မှ တိမ်မည်းများကို သူ ကြည့်လိုက်မိသည်။ ရုတ်တရက် နိမိတ်မကောင်းသလို သူ ခံစားလိုက်ရလေသည်။

အမြွှာနှစ်ယောက် မြို့တော်သို့ ပြန်ရောက်လျှင် မြို့တော်တွင် အားလုံးဖြေရှင်းပြီး ဖြစ်လောက်သည်။

ကျုံးဝမ် အိမ်တော်မှထွက်လာပြီး အိမ်တော်စစ်သည်များ ပြောသံကြားမှသာ ဤအကြောင်းကို သိရတော့သည်။ နောင်များတွင် အခက်အခဲတစ်စုံတစ်ရာ မရှိဘဲ ကိစ္စများ အဆင်တပြေဖြစ်ပါက အမြွှာနှစ်ယောက်ကို မြို့တော်သို့ ချက်ချင်းပြန်ခေါ်ပြီး သူတို့၏အပိုင်စားနယ်မြေနှင့် ရာထူးအဆင့်အတန်းကို ပေးအပ်ချီးမြှင့်မည်ဟု အိမ်တော်စစ်သည်များအား ကြိုတင်မှာကြားထားလေသည်။

တစ်စုံတစ်ရာ ဖြစ်ပွားခဲ့လျှင်၊ ယွီရှီဖြစ်ဖြစ်၊ ကျုံးဝမ်ကိုယ်တိုင်ဖြစ်ဖြစ် မည်သည့်အကြောင်းပင် ဖြစ်စေကာမူ အိမ်တော်စစ်သည်များက ပြန်လာရန်မလိုအပ်ပေ။ ထိုအစား အမြွှာတို့နှင့်အတူ ဆင်ခြေဖုံးအိမ်တော်မှ ထွက်ပြေးရပေမည်။ ဝေးနိုင်သမျှ ဝေးဝေးသွားကာ ကိုယ်ယောင်ဖျောက်နေကြရန်ဖြစ်သည်။ မည်သည့်နေရာတွင်မဆို အခြေချနိုင်သော်လည်း မြို့တော်သို့ ဘယ်တော့မှ ပြန်မလာရ။

ကျုံးဝမ်နောက် လိုက်လာသော အိမ်တော်စစ်သည်က သူ့ကို သတိထားလျက် ကြည့်နေပြီး ကျုံးဝမ်၏အတွေးများကို စူးစမ်းနေသည်။ အသံတိုးတိုးဖြင့် သူကပြောသည်။ "သခင်လေး အများကြီး တွေးမနေသင့်ပါဘူး။ အနာဂတ်ဆိုတာ ရေရာတာမှမဟုတ်ပဲ။ ကျွန်တော်တို့ ဒီအဆင့်အထိ ရောက်မလားဆိုတာ မသေချာပါဘူး။ ဆက်ခံသူက ကလေးတွေပါ ပြဿနာထဲပါလာမှာစိုးလို့ ကြိုတင် စီစဉ်ထားရုံပါ"

ကျုံးဝမ်က အဝေးသို့ လှမ်းကြည့်နေရင်း ပြောလေသည်။ "တကယ်လို့ တစ်ခုခုဖြစ်သွားခဲ့ရင် ဒါဆို ခုနတုန်းက... ငါ အဲ့ကလေးတွေနဲ့ နောက်ဆုံးတွေ့ခြင်းပဲပေါ့"

ရွှမ်စုန်ရှင်းသည် အလွန်ထက်မြက်သည်။ ကျုံးဝမ်သည် သူ့အား အလွန်ရင်းနှီးပြီး ခံစားချက်အပြည့်ဖြင့် စကားပြောရန် အလွန်ကြောက်ခဲ့မိသည်။ သူ့ရင်ထဲတွင် စိုးရိမ်စိတ်ပေါင်း သောင်းခြောက်ထောင်ရှိနေသည့်တိုင် သူ ဖွင့်ဟမပြောဝံ့ဘဲ ရွှမ်စုန်ရှင်း သံသယဖြစ်မည်ကို အလွန်ထိတ်လန့်နေခဲ့သည်။ ယခုမူ သူ ပြန်တွေးကြည့်ရာဝယ် သူ့စိတ်ထဲတွင် စိတ်ပျက်မှုနှင့် အလိုမကျမှုတို့ကို ခံစားနေရတော့သည်။

ကျုံးဝမ် တစ်ယောက်တည်း ရယ်မိသည်။ "ငါ ရုတ်တရက် နောင်တရမိတယ်"

ဤစကားသည် အိမ်တော်စစ်သည်၏ ရင်ထဲတွင် ဝမ်းနည်းမှုကို ခံစားရစေသည်။ သူက မနှစ်သိမ့်တတ်၊ နှစ်သိမ့်တတ်ဖြင့် နှစ်သိမ့်ရှာလေသည်။ "သခင်လေး ဒီလိုတွေးလို့ မဖြစ်ပါဘူး။ နောင်တ... ဘာကို နောင်တရရမှာပါလဲ။ သခင်လေး သူတို့ကို ပြောချင်တဲ့ စကား ဒါမှမဟုတ် ပေးချင်တာရှိရင် ကျွန်တော့်ကိုသာ ပြောပါ။ ကျွန်တော် ယူသွားပေးပါ့မယ်"

"ငါ အရမ်း စိတ်ပျော့ခဲ့လွန်းလို့ နောင်တရနေတာ" ကျုံးဝမ်ကပြောသည်။ "ငါ သူတို့နဲ့အတူတူ ဆရာ့ကိုပါ ထည့်ပေးလိုက်သင့်တာ။ သူတို့ပြန်မလာနိုင်ရင် ရွှမ်ယွီက သူ့ကို သင်ပေးမဲ့ ဆရာမရှိလို့ အပျော်လွန်ပြီး သေသွားမှာ မဟုတ်ဘူးလား။ အလွယ်ဆုံးစုတ်ချက်တွေကိုတောင် သူမသိတဲ့အထိ ဖြစ်သွားရင် ငါ မင်းသားနဲ့ ကြင်ယာတော်တို့ကို မျက်နှာပြဖို့အတွက် တကယ် ရှက်မိမှာပဲ"

အိမ်တော်စစ်သည်တစ်ယောက် ဆွံ့အသွားရသည်။

ထို့နောက် သူက တတ်နိုင်သလောက် နှစ်သိမ့်ရှာလေသည်။ "ဆရာက အသက်ကြီးနေပါပြီ။ ကမ္ဘာတစ်ဆုံးထိ ပြေးရတဲ့အခါကျရင် နောက်ကလိုက်ဖို့ ခက်ပါလိမ့်မယ်"

ကျုံးဝမ်ကခေါင်းညိတ်သည်။ "ဟုတ်သားပဲ။ ဒါဆိုလည်း ထားပါလေ"

အိမ်တော်စစ်သည်က ကျုံးဝမ်၏ မတုန်မလှုပ်မျက်နှာကို ကြည့်နေမိသည်။ သူ ကျုံးဝမ်ကို ဖျောင်းဖျရန် တကယ်မလုပ်နိုင်ခဲ့ပေ။ ကျုံးဝမ်အား လှည်းပေါ်သို့ တင်ပေးပြီးနောက် သူက ခေါင်းမာမာဖြင့် ပြောလေသည်။ "ပြီးတော့လည်း သခင်လေး သူတို့ ငွေလိုမှာကို ပူစရာမလိုပါဘူး။ သူတို့ယူသွားတဲ့ ပိုက်ဆံတွေအပြင် ဆက်ခံသူက လိုက်သွားတဲ့လူယုံတွေကို ငွေစတွေအများကြီး သယ်သွားခိုင်းလိုက်ပါသေးတယ်။ ပြောရရင်... ပြောရရင် သူတို့ ဘာမှမလိုပါဘူး"

ကျုံးဝမ်၏နှလုံးသားမှာ နူးညံ့သွားရသည်။ ပြုံးလိုက်မိပြီးနောက်တွင် သူ ယွီရှီကို ကျေးဇူးတင်နေမိသည်။

ယွီရှီအနေနှင့် ထိုစဉ်းလဲ၍ ရက်စက်သောလူတို့ကို ပေါ်တင်တမျိုး၊ ကွယ်ရာတမျိုး တိုက်ခိုက်ယှဉ်ပြိုင်ရန် ဦးနှောက်ခြောက်အောင် စဉ်းစားနေရသည်ကပင် တော်လှချေပြီ။ သို့သော် ဤကဲ့သို့ အသေးအဖွဲကိစ္စလေးအတွက် သူ့အာရုံကိုလွှဲပြောင်းကာ စီစဉ်ပေးလိုက်သေးသည်။

ဤသူသည် အမတ်များအဖွဲ့ထဲတွင် တစ်နေကုန် သတိကြီးကြီးထားကာ နေနေရပေမည်။ သူ့အတွက် မည်မျှ ခက်ခဲပင်ပန်းသလဲ ဆိုသည်ကို မည်သူက သိပါအံ့။

ထိုအခိုက် သတိကြီးကြီးထားသော ကျစ်ရုန်မှာ တကယ်တမ်းတွင် အမတ်များအဖွဲ့ထဲ၌ ခက်ခဲပင်ပန်းမနေပါချေ။

ယနေ့မနက်က စောစောထခဲ့ပြီးနောက်တွင် ယွီရှီသည် စိတ်ပြန်ကြည်ရှင်းနေခဲ့သည်။ ထို့ပြင် သူသည် အလွန်အမင်းကို ရွှင်ပျနေခဲ့သည်။

လွှတ်တော်ပြီးနောက်တွင် ယွီရှီနှင့် ယွီမုချန်တို့သည် တစ်ယောက်ဆီတစ်ယောက် လျှောက်သွားခဲ့ကြသည်။ သူ ယွီမုချန်အား ပြုံးပင်ပြလိုက်သေးသည်။

ဤသည်မှာ ယွီမုချန်အား အမှန်တကယ် တုန်လှုပ်သွားစေခဲ့သည်။

တစ်မနက်ခင်းလုံး ယွီရှီသည် စာအုပ်တစ်အုပ်ကလေးကိုမှ ဖတ်မပြီးပေ။

သူ့စိတ်သည် မနေ့ညက ဖြစ်ခဲ့သမျှတို့ထံတွင်သာ ရစ်ဝဲလျက်ရှိသည်။

သူ အသေးအမွှားကိစ္စလေးများကို မမှတ်မိသည်မှာ အမှန်တရား ဖြစ်သော်ငြား ကျုံးဝမ်နှင့်ပတ်သက်သမျှကိုတော့ သူအားလုံး မှတ်မိသည်။

အသေးစိတ်အကြောင်းအရာ တစ်ခုချင်းနှင့် အားလုံးကိုပင်။

လွန်ခဲ့သည့် လတချို့က ကျုံးဝမ်အား လုံးဝပျောက်ကင်းအောင် ကုသပေးရန် တော်ဝင်သမားတော်များကို သူတောင်းဆိုခဲ့စဉ်က ကျုံးဝမ်၏အဖျား တကယ်ပျောက်ကင်းနိုင်ပါ့မလားဟု သမားတော်ခေါင်းဆောင်ကို ယွီရှီ မေးခဲ့သည်။

ဤမေးခွန်းကို အိမ်တော်ထိန်းဖုန်သည်လည်း ယခင်က မေးခဲ့ဖူးသည်။ ထိုအချိန်က စိတ်နှင့်ပတ်သက်သည့် ပြဿနာများကို ကုသရာတွင် အာမမခံနိုင်ဟု တော်ဝင်သမားတော်က ပြောခဲ့သည်။ ကိုယ်တိုင်သာ စိတ်၏ငြိမ်းချမ်းရာကို နှစ်များစွာကြာအောင် ရှာဖွေရပေမည်။

လူတစ်ယောက် အရွယ်ရောက်နေချိန်တွင် ခန္ဓာကိုယ်မှ အလိုလို ဖြည်းဖြည်းချင်း ကုသပေးသွားမည့် ရောဂါများရှိသည်ဟုလည်း တော်ဝင်သမားတော်က ထိုအချိန်က ပြောခဲ့သည်။ ကျုံးဝမ်သည် အချိန်အတော်ကြာသည့်တိုင် ဆေးမသောက်ခဲ့သောကြောင့် သူ့ကိုယ်ထဲရှိ အဆိပ်မှာ တစ်နေ့ပြီးတစ်နေ့ လျော့နည်းလာခဲ့သည်။ ထို့ကြောင့် သူ တဖြည်းဖြည်းနှင့် ပြန်ကောင်းလာမည့် ဖြစ်နိုင်ချေတွင် ရှိသည်။

ယခင်က ယွီရှီသည် တော်ဝင်သမားတော်၏စကားတို့ကို အလေးအနက် မထားခဲ့ပေ။ သို့သော် ယခုမူ သူ သေချာ မှတ်ယူထားခဲ့သည်။

မနေ့ညက သူသည် စိတ်ရူးပေါက်မှုတွင်းနက်ထဲသို့ ကျသွားခဲ့သည်မှာ သေချာသည်။ သို့သော် ကျုံးဝမ်နှင့် ပတ်သက်သမျှ အားလုံးကိုတော့ သူမှတ်မိနေသည်။

ထိုအထဲတွင် ကျုံးဝမ် ပြောခဲ့သည့် ဤစကားလည်း ပါသည်။ "မင်းမေ့သွားရင် ငါ မနက်ဖြန်ကျရင် ပြန်လုပ်မယ်၊ ပြီးရင် သန်ဘက်ခါ။ ပြီးရင် ဖိန်းနွှဲခါ"

အမတ်များအဖွဲ့ အလုပ်လုပ်ရာနေရာတွင် ယွီရှီသည် အကြီးအကဲနေရာ၌ မတ်မတ်ထိုင်ကာ ကျုံးဝမ် သူ့ကတိအတိုင်း တည်စေရန်အလို့ငှာ အိမ်တော်သို့ ပြန်ရောက်လျှင် အားလုံးကို မေ့ချင်ယောင်ဆောင်နေသင့်လား ဆိုသည်ကို လေးလေးနက်နက် တွေးတောနေမိသည်။

"အရှင့်သား၊ အရှင့်သား"

ယွီရှီ စိတ်ပြန်စုစည်းသွားနိုင်ခဲ့သည်။ သူ့လက်ထဲရှိ စာအုပ်ကို ပိတ်လိုက်သည်။ ချိုသာနူးညံ့စွာဖြင့် သူက အမတ်ကြီးစွန်းကို မေးလိုက်သည်။ "အမတ်ကြီး ပြောပါ"

အမတ်ကြီးစွန်းက ပြုံးသည်။ "ဘာမှမဟုတ်ပါဘူး။ အရှင့်သားကို ဖတ်စေချင်တဲ့ စာအုပ်တစ်အုပ်ရှိလို့ပါ"

ယွီရှီက ယူလိုက်လေသည်။ အမတ်ကြီးစွန်းကပြောသည်။ "ဒီနေ့ တော်ဝင်အကဲဖြတ်ကပြောတယ်၊ ပဉ္စမမင်းသားက အိမ်တော်အကျယ်ချုပ်မှာ လုံလုံလောက်လောက် နေပြီးလို့ နောင်တရနေပါပြီတဲ့။ သူ့ အကျယ်ချုပ်ကို အဆုံးသတ်ပေးဖို့ အဆင်ပြေမလားလို့ အရှင့်သားကို မေးခိုင်းလိုက်ပါတယ်"

အမတ်ကြီးစွန်းသည် ယွီရှီထံမှ မျက်နှာရချင်၍ဖြစ်သည်။ သူကပြောသည်။ "ဒီနေ့ မင်းကြီးက နေလို့မကောင်းပါဘူး။ လွှတ်တော်မှာ မျက်နှာခဏလာပြပြီး အတွင်းနန်းဆောင်ကို ပြန်ဝင်သွားပါတယ်။ ဒီစာအုပ်ကိုကြည့်ချင်စိတ် ရှိမနေလောက်ပါဘူး။ ဒီနေ့ အရေးကြီးတဲ့ စာရွက်စာတမ်းတွေနဲ့ အဆိုပြုချက်တွေ အများကြီးရှိပါတယ်။ ဒီစာအုပ်ကို... မင်းကြီးဆီပို့တာဖြစ်ဖြစ်၊ မင်းကြီးဆီ မပို့တော့တာပဲဖြစ်ဖြစ် လုပ်လို့ရပါတယ်"

ယွီရှီက စာအုပ်ကို ဂရုတစိုက်လှန်ဖွင့်လိုက်ပြီး ဖတ်ကြည့်နေသည်။ တည်ငြိမ်အေးချမ်းစွာဖြင့် သူကပြောသည်။ "ပို့လိုက်ပါ"

အမတ်ကြီးစွန်းမှာ အံ့အားသင့်သွားရသည်။ သူ ဘာမှမပြောနိုင်ခင် ယွီရှီကပြောသည်။ "ဒါပေမဲ့ ဒီအတိုင်းပို့မှာတော့ မဟုတ်ဘူး။ စာအုပ်က သေချာအသေးစိတ်မကျဘူးလို့ တော်ဝင်အကဲဖြတ်ကို ပြောလိုက်ပါ။ အရေးအသား မရှင်းလင်းဘူးဆိုပြီး။ သူတို့ကို တခြားစာအုပ်တစ်အုပ် အသစ်ရေးခိုင်းလိုက်"

အမတ်များအဖွဲ့မှ စာအုပ်ကို လက်မခံသည်မှာ ဖြစ်လေ့ဖြစ်ထရှိပြီး စာအရေးအသား ညံ့ဖျင်းခြင်းကြောင့် အသစ်ထပ်ရေးခိုင်းလေ့လည်းရှိသည်။ အမတ်ကြီးစွန်းက ခေါင်းညိတ်သည်။ "ကောင်းပါပြီ"

ယွီရှီကထပ်ပြောသည်။ "သူတို့အသစ်တစ်အုပ်ပို့ပြီးရင် ကျွန်တော် အမတ်ကြီးစွန်းကို တစ်ခုလောက် တောင်းဆိုစရာရှိပါတယ်"

ယွီရှီကပြောသည်။ "စာအုပ်ရောက်လာရင် ဒီစာအုပ်နဲ့အတူတူ ထားလိုက်ပါ။ ပြီးရင်... ပဉ္စမမင်းသားရဲ့ အကျယ်ချုပ်အဆုံးသတ်ဖို့နဲ့ ပတ်သက်တဲ့ အရင်က စာအုပ်တွေကိုစု။ ဘယ်အချိန်ပို့ပို့ အတူတူစုပို့လိုက်။ ပြီးရင် စာအုပ်တွေကို အရေးအကြီးဆုံး စာအုပ်တွေနဲ့ ပေါင်းထားလိုက်ပါ။ အဲဒါပြီးရင်တော့ ဒီကိစ္စကို မင်းကြီးဆီ ပို့လိုက်ပါတော့"

အမတ်ကြီးစွန်းမှာ ဆွံ့အသွားတော့သည်။ မင်းသားငယ်ယွီသည် ငယ်ရွယ်ပြီး အမတ်များအဖွဲ့တွင် လအနည်းငယ်သာ အလုပ်လုပ်နေခဲ့သည်။ သို့တိုင် အမတ်ကြီးများ၏ ကောက်ကျစ်သော လှည့်ကွက်များကို သင်ယူပြီးဖြစ်လေသည်။

စာအုပ်များကို ဤသို့ ခမ်းနားကြီးကျယ်လှစွာဖြင့် မင်းကြီးအား ပို့သလျှင် ချုံအန်းမင်းကြီးအား ဤသို့တွေးမိစေပေမည်။ ရွှမ်ချုံမှာ အကျယ်ချုပ်ကျနေသည့်တိုင် အမတ်များစွာနှင့် ဆက်သွယ်ကြံစည်နိုင်သေးသည်။ ထိုသို့ဖြင့် သူ့အကျယ်ချုပ်အား အပြီးသတ်ပေးမည်မဟုတ်တော့။

21.3.2022

Thanks for reading

Zawgyi

က်ဳံးဝမ္ စိတ္ဆင္းရဲသြားေတာ့သည္။ ဘယ္ဟာက ေမ့နိုင္တယ္၊ ဘယ္ဟာကေတာ့ ေမ့ဖို႔မျဖစ္နိုင္ဘူးဆိုတာ သူ႔စိတ္ေပၚမူတည္တယ္လို႔ေတာ့ ကၽြန္ေတာ့္ကို မေျပာနဲ႔။

သူ အိမ္ေတာ္ထိန္းဖုန္ကို ေသခ်ာသတိထားလ်က္ ၾကည့္လိုက္သည္။ "က်စ္႐ုန္ တျခားဘာေျပာေသးလဲ"

အိမ္ေတာ္ထိန္းဖုန္က ဒြိဟျဖင့္ က်ဳံးဝမ္ကို ၾကည့္ေနသည္။ "တျခား ဘာမွေတာ့ မေျပာပါဘူး။ အရွင့္သားက ဒီေန႔အေစာႀကီး ထပါတယ္။ အိမ္ေတာ္ကထြက္ၿပီး ျမင္းလွည္းေပၚတက္ေတာ့ ဒီအေၾကာင္းကို ႐ုတ္တရက္ သတိရသြားတာပါ။ ၿပီးေတာ့ ကၽြန္ေတာ့္ဆီ လူေတြလႊတ္ၿပီးေတာ့ သခင္ေလး ကိုယ္တြင္းအပူေတြ မ်ားေနလို႔ မေန႔ညကတည္းက လည္ေခ်ာင္းနာေနတယ္လို႔ ေျပာခိုင္းလိုက္ပါတယ္။ ေတာ္ဝင္သမားေတာ္ကို ပင့္လိုက္ရမလားလို႔ ကၽြန္ေတာ္ ေသခ်ာေမးလိုက္ေပမဲ့ အရွင့္သားက မလိုဘူးလို႔ ေျပာပါတယ္။ သခင္ေလး အနာေပ်ာက္ေအာင္ပဲ တစ္ခုခုေသာက္ခိုင္းလိုက္ပါတဲ့။ ကၽြန္ေတာ္လည္း ေသခ်ာေလးေတြးၿပီးေတာ့ ႏွင္းသစ္ေတာ္လက္ဖက္ရည္ကို လုပ္ခိုင္းလိုက္တာပါ"

က်ဳံးဝမ္ စိတ္သက္သာရာရသြားသည္။ ေကာင္းတယ္၊ ေကာင္းတယ္။ ယြီရွီ အခုဆို ေခါင္းၾကည္ေနေလာက္ၿပီ။ ငါ အရမ္းမရွက္ရေအာင္လို႔ ဘယ္လိုလုပ္ရမယ္ဆိုတာ သူသိေလာက္တယ္။ ဒါေပမဲ့...

က်ဳံးဝမ္ ထိတ္လန႔္သြားေတာ့သည္။ သူ႔ေခါင္းက ဘယ္တုန္းက ၾကည္သြားတာလဲ။

မေန႔ကတည္းကမ်ားလား။

ရွက္ေသြးျဖာလ်က္ က်ဳံးဝမ္သည္ လက္ဖက္ရည္ကို ေမာ့ေသာက္လိုက္သည္။ မေန႔ညက ယြီရွီ နိုးလာလၽွင္ အားလုံးကို ေမ့ေပ်ာက္သြားလိမ့္မည္ ျဖစ္ေသာေၾကာင့္ ရွက္ေနစရာမလိုဟု က်ဳံးဝမ္ထင္ခဲ့မိသည္။ ထို႔ေၾကာင့္ အစြမ္းကုန္ တတ္နိုင္သမၽွ ထိန္းခ်ဳပ္မထားဘဲ ျပဳမူခဲ့သည္။ သူ ဘယ္တုန္းကမွ မထင္ထားခဲ့သည္မွာ...

ယြီက်စ္႐ုန္သည္ ပိုပို၍ အထင္ႀကီးစဖြယ္ ေကာင္းလာခဲ့သည္။

က်ဳံးဝမ္၏မ်က္ႏွာ နီရာမွ ျဖဴလာသည္ကို ေတြ႕ေသာေၾကာင့္ အိမ္ေတာ္ထိန္းဖုန္က မေရမရာျဖင့္ ေမးလိုက္သည္။ "သခင္ေလး၊ ဘာမ်ားျဖစ္လို႔ပါလဲ"

က်ဳံးဝမ္က လက္ဖက္ရည္တစ္ခြက္ကို သူ႔ဘာသူ ငွဲ႕လိုက္သည္။ မပီမျပင္ျဖင့္သာ သူေျပာလိုက္သည္။ "ဘာမွမဟုတ္ပါဘူး... ကၽြန္ေတာ့္ကို ေက်းဇူးျပဳၿပီး ျမင္းလွည္းျပင္ေပးပါ။ ကၽြန္ေတာ္ ခဏေနရင္ အျပင္သြားမလို႔"

"သခင္ေလး ဘယ္ကိုသြားမွာပါလဲ"

က်ဳံးဝမ္က သူ႔လက္ဖက္ရည္ကို ေသာက္ၿပီးသြားေလၿပီ။ "ခ်န္အန္းမင္းသားအိမ္ေတာ္ကို"

ႏွစ္နာရီၾကာၿပီးေနာက္ ခ်န္အန္းမင္းသားအိမ္ေတာ္တြင္ ျဖစ္သည္။

ယြီရွီ၏ ဆင္ေျခဖုံးအိမ္ေတာ္သို႔ အလည္အပတ္ သြားရမည္ျဖစ္ၿပီး ထိုေနရာ၌ ေတာင္မ်ား၊ ေရကန္မ်ားႏွင့္ ေရပူစမ္းမ်ားရွိသည္ဟု ၾကားေသာအခါ ရႊမ္ယြီတစ္ေယာက္ အေပ်ာ္လြန္သြားေတာ့သည္။ ႐ုတ္ျခည္းဆိုသလို သူ တစ္ခုခုကို သတိရသြားေတာ့သည္။ သို႔ေသာ္ သူက ရႊမ္စုန္ရွင္းကို ေျပာရန္ အလြန္ေၾကာက္ရြံ့ေနသည္။ သူ ငယ္စဥ္ကကဲ့သို႔ က်ဳံးဝမ္၏နံေဘးနားသြားကာ က်ဳံးဝမ္အား တိုးတိုးေျပာရန္ တြန႔္ဆုတ္ေနေလသည္။

မူလကတည္းကပင္ ရႊမ္ယြီသည္ ဤကဲ့သို႔ပင္ သူ႔ေမာင္ႏွမမ်ားထက္ က်ဳံးဝမ္အား ပို၍ခင္တြယ္ေလသည္။ ကူကယ္ရာမဲ့လ်က္ က်ဳံးဝမ္က ေျပာလိုက္သည္။ "သခင္ေလး၊ သခင္ေလး မငယ္ေတာ့ဘူးေနာ္။ ဘာလို႔ တိုးတိုးေလး လာေျပာေနတာလဲ။ ဘာေျပာခ်င္လို႔ပါလဲ"

ေၾကာက္ရြံ့ေနဟန္ျဖင့္ ရႊမ္ယြီက ရႊမ္စုန္ရွင္းကို ၾကည့္လိုက္သည္။ သူက ႏူးညံ့တိုးလ်စြာ ေျပာေလသည္။ "ကၽြန္ေတာ္တို႔... ကၽြန္ေတာ္တို႔အားလုံး အတူတူ သြားမွာလား"

"သခင္ေလးနဲ႔ စုန္ရွင္းတို႔ သြားမွာပါ" က်ဳံးဝမ္က ေခ်ာင္းႏွစ္ခ်က္ဟန႔္လိုက္သည္။ လက္ဖက္ရည္ခြက္ကို သူေကာက္ကိုင္လိုက္သည္။ "ကၽြန္ေတာ္ကေတာ့ အလုပ္မ်ားေနလို႔ မသြားေတာ့ပါဘူး။ ကၽြန္ေတာ္ငယ္ငယ္တုန္းက က်စ္႐ုန္ အဲ့ဆင္ေျခဖုံးအိမ္ေတာ္အေၾကာင္း ေျပာတာကို ၾကားဖူးပါတယ္။ ကၽြန္ေတာ္ မသြားနိုင္ခဲ့ေပမဲ့ ေတာ္ေတာ္ေလး ေနလို႔ေကာင္းတယ္လို႔ ၾကားပါတယ္။ ၿပီးေတာ့လည္း အရင္မင္းဆက္က မင္းသားႀကီးတစ္ပါးပိုင္ခဲ့တာမို႔လို႔ အရမ္းကို တမူထူးပါတယ္တဲ့"

က်ဳံးဝမ္က စိတ္ရွည္လက္ရွည္ျဖင့္ ေမးသည္။ "သခင္ေလးက ဘယ္သူ႔ကို အတူေခၚသြားခ်င္လို႔ပါလဲ"

"ဘယ္သူမွမေခၚခ်င္ပါဘူး" ရႊမ္ယြီက ခ်ီတုံခ်တုံျဖင့္ ေမးသည္။ "ျဖစ္နိုင္ရင္... တျခားလူေတြကို မေခၚသြားလို႔ေရာ ရလား"

ေဘးမွ ရႊမ္စုန္ရွင္းက ေအးစက္စက္ျဖင့္ ေမးလိုက္သည္။ "နင္က ငါ့ကိုမေခၚသြားခ်င္ဘူးေပါ့ေလ"

က်ဳံးဝမ္ကျပဳံးသည္။ ရႊမ္ယြီက လ်င္ျမန္စြာ ေခါင္းခါေလသည္။ "ဘယ္လိုလုပ္ၿပီး မေခၚသြားရဲမွာလဲ။ ငါ-ငါက ဒီအတိုင္း..."

သနားခ်င့္စဖြယ္ျဖင့္ ရႊမ္ယြီက က်ဳံးဝမ္ကို ၾကည့္ေလသည္။ အသံတိုးညႇင္းလွစြာျဖင့္ သူကေျပာသည္။ "ကၽြန္ေတာ္တို႔ ဆရာ့ကို ေခၚမသြားလို႔ရလား"

ရႊမ္ယြီက စူပုပ္ပုပ္ျဖင့္ ဆက္ေျပာသည္။ "ဆရာက အရမ္းေၾကာက္ဖို႔ေကာင္းတယ္။ ကၽြန္ေတာ္ သူ႔ကို ေခၚမသြားခ်င္ဘူး။ သူ ၿမိဳ႕ေတာ္မွာ တစ္ေယာက္တည္းေနၿပီး အေအးဒဏ္ခံပါေစေလ"

က်ဳံးဝမ္ သက္ျပင္းခ်မိသည္။ သူ အနည္းငယ္ စိတ္ပူလ်က္ျဖင့္ ရႊမ္ယြီ၏ေခါင္းကို ပြတ္သပ္ေပးမိသည္။ "မင္းသားနင္က စာေပက်မ္းဂန္ ႏွံ့စပ္ၿပီးေတာ့ ပညာႂကြယ္ဝတယ္။ ၾကင္ယာေတာ္မင္းသမီးကေတာ့ အရင္တုန္းက စာေပထူးခၽြန္တယ္ဆိုၿပီး နာမည္ႀကီးတယ္။ အခု သူတို႔ကို ေက်ာ္ဖို႔အတြက္ေတာ့ ကၽြန္ေတာ္ မေတာင္းဆိုေပမဲ့ အရမ္းဆိုးလို႔ေတာ့ မျဖစ္ဘူးမလား"

ေခါင္းငုံ႔လ်က္ ရႊမ္ယြီက က်ဳံးဝမ္၏ ဆုံးမစကားကို မေက်မနပ္ျဖင့္ နားေထာင္ေနသည္။

"ေကာင္းပါၿပီ။ ဒါဆိုလည္း မေခၚသြားပါနဲ႔ေတာ့။ သခင္ေလးျပန္လာတဲ့အထိ အတန္းစာကို နားထားတာေပါ့"

ထိုအခိုက္တြင္ ရႊမ္ယြီ၏မ်က္လုံးမ်ားမွာ ဖိတ္ဖိတ္ေတာက္သြားခဲ့သည္။ သူ႔ပစၥည္းမ်ားကို အလ်င္အျမန္ သြားသိမ္းေလေတာ့သည္။

ရႊမ္စုန္ရွင္းက သူ႔ကို မ်က္ေစာင္းထိုးလ်က္ ၾကည့္လိုက္သည္။ ထို႔ေနာက္ သူ႔အၾကည့္ကို က်ဳံးဝမ္ထံသို႔ ေရႊ႕လိုက္ေလသည္။ သူက မ်က္ေမွာင္ၾကဳတ္ေနသည္။ "ဘာလို႔ ႐ုတ္တရက္ႀကီးလဲ။ ဘာလို႔ ဒီညေန သြားခိုင္းတာလဲ"

"ဒီအခ်ိန္ဆို အဲ့မွာ ပန္းပြင့္ေနတာ အရမ္းလွေနလို႔ပဲ မဟုတ္ဘူးလား" က်ဳံးဝမ္က ဆင္ေျခေပးရန္ ျပင္ဆင္လာခဲ့ၿပီးျဖစ္သည္။ သူကျပဳံးလိုက္သည္။ "ပန္းပြင့္တဲ့ရာသီက ကုန္ေတာ့မယ္လို႔ ကၽြန္ေတာ္ၾကားတယ္။ ကၽြန္ေတာ္တို႔ အခုမသြားရင္ ပန္းၾကည့္ဖို႔ အရမ္းေနာက္က်သြားလိမ့္မယ္"

သို႔ေသာ္ ရႊမ္စုန္ရွင္းက ထူးဆန္းသည္ဟု ထင္ေနဆဲပင္။ "အရမ္းေလာလြန္းတယ္။ ကၽြန္မရဲ့ အေစခံမိန္းကေလးေတြက ကၽြန္မပစၥည္းေတြသိမ္းဖို႔ အခ်ိန္ေလာက္မွာ မဟုတ္ဘူး"

လတ္တေလာတြင္ သူ႔ကို လွည့္စားရန္မွာ မလြယ္ေပ။ ေခတၱေတြးေနၿပီးေနာက္ က်ဳံးဝမ္က သက္ျပင္းခ်လိုက္သည္။ "ထားပါေလ။ ကၽြန္ေတာ္ အမွန္အတိုင္း ေျပာျပပါ့မယ္"

ရႊမ္စုန္ရွင္း၏ခါးမွာ ဆတ္ခနဲ မတ္သြားေတာ့သည္။

က်ဳံးဝမ္က မ်က္ႏွာအေရထူေအာင္ထားလ်က္ ေလးနက္စြာ ေျပာလိုက္သည္။ "မေန႔က က်စ္႐ုန္က ကၽြန္ေတာ့္ကို စိတ္တိုေအာင္လုပ္မိလို႔ သခင္မေလးတို႔နဲ႔ မ်က္ႏွာလုပ္ခ်င္ေနတာ။ အင္း... သူက ဘယ္လိုဆိုတာ သခင္မေလးသိပါတယ္။ အေျပာအဆိုမတတ္ေပမဲ့ သူ႔ကိုယ္သူ ပါးနပ္လွၿပီထင္ေနတာ"

က်ဳံးဝမ္က ရိုးတိုးရိပ္တိပ္သာ ေျပာေသာေၾကာင့္ ရႊမ္စုန္ရွင္းမွာ ရွက္ရွက္ျဖင့္သာ ေခါင္းညိတ္လိုက္ရသည္။

"က်ဳံးဝမ္စိတ္ဆိုးေအာင္ လုပ္မိတာ..." ရႊမ္စုန္ရွင္းက တြန႔္ဆုတ္ေနၿပီးေနာက္ ေမးလိုက္သည္။ "သူ ဘယ္လိုစိတ္ဆိုးေအာင္ လုပ္တာလဲ။ သူ..." အနည္းငယ္ စိုးထိတ္လ်က္ ရႊမ္စုန္ရွင္းက ဆက္ေမးသည္။ "မင္းသားငယ္ယြီက ထိမ္းျမားဖို႔အေၾကာင္း ေဆြးေႏြးခ်င္လို႔လား"

က်ဳံးဝမ္ ရယ္မိသည္။ "သခင္မေလးရဲ့ အေတြးေတြက ဘယ္ေရာက္ကုန္တာပါလဲ"

"အဲလိုမဟုတ္ရင္ေတာ့ ေကာင္းပါတယ္။ ဒါေပမဲ့..."

ရႊမ္စုန္ရွင္းမွာ အမွန္တကယ္ ပူပန္ေနမိသည္။ "ကၽြန္မ မေန႔က ေမးခ်င္ေပမဲ့ အရမ္းမ်က္ႏွာပူေနလို႔။ မင္းသားငယ္ယြီက လက္မထပ္ေသးဘူးလား"

"မ-မဟုတ္ဘူး" က်ဳံးဝမ္ကေျပာသည္။

"ကၽြန္မ လႊတ္ေတာ္က အေျခအေနေတြကို ေကာင္းေကာင္းမသိေပမဲ့ မင္းႀကီးက မင္းသားငယ္ယြီကို သားအျဖစ္ အသိအမွတ္ျပဳလိုက္တယ္လို႔ေတာ့ ၾကား၊ ၾကားလိုက္တယ္။ ၿပီးေတာ့ မင္းႀကီးက သူ႔အေပၚ အရမ္းအားထားတယ္တဲ့။ အျပင္လူေတြက သူ႔ကို မင္းႀကီးက အိမ္ေရွ႕စံထားဖို႔ လ်ာထားတယ္လို႔ ထင္ေနၾကတယ္" ရႊမ္စုန္ရွင္းကေျပာသည္။ "သူ ေနာင္တစ္ခ်ိန္မွာ မင္းႀကီးျဖစ္လာခဲ့ရင္ သူ႔မွာ ေမာင္းမေဆာင္မရွိလို႔ ဘယ္ျဖစ္မွာလဲ။ အဲ့အခ်ိန္ဆို... က်ဳံးဝမ္က ဘယ္လိုျဖစ္သြားမွာလဲ"

က်ဳံးဝမ္က ေတြးၾကည့္ေနၿပီးေနာက္ ရယ္လိုက္သည္။ "ကၽြန္ေတာ္ ဒီအေၾကာင္းကို တကယ္မေတြးခဲ့ဖူးဘူး"

က်ဳံးဝမ္က သူ႔ကိုႏွစ္သိမ္ခ်င္႐ုံမၽွေတာ့ မဟုတ္။ ဤအေတြးသည္ သူ႔စိတ္ထဲသို႔ တစ္ခါကေလးမွ တကယ္ဝင္မလာခဲ့ဖူးေပ။

သူ ၿမိဳ႕ေတာ္ကို ျပန္ေရာက္လာၿပီးေနာက္ အထူးသျဖင့္ ယြီရွီႏွင့္ အတူစေနကလည္းက ကိစၥမ်ားက တစ္ခုၿပီးတစ္ခု ျဖစ္ခဲ့သည္။ လူမ်ားက အလ်င္လိုေနၾကဟန္၊ တိုက္တြန္းေနၾကဟန္၊ သူ႔အားေရွ႕သို႔ တြန္းပို႔ေနၾကဟန္ ရွိေနသည္။ သူ႔အသက္ ဆက္ရွင္ေနရသည္ကပင္ လုံေလာက္လွေပၿပီ။ သူ႔အနာဂတ္အေၾကာင္းေတြးရန္ အဘယ္မွာ အခ်ိန္ရွိမည္နည္း။

ထို႔အျပင္ ယြီရွီ ဤအေၾကာင္းကို ဘယ္တုန္းကမွ မေျပာခဲ့သည့္တိုင္ အေၾကာင္းရင္းတခ်ိဳ႕ေၾကာင့္ က်ဳံးဝမ္သည္ သူ႔တို႔ႏွစ္ဦး ဆက္ဆံေရးၾကားတြင္ မည္သည့္ျပႆနာမွ ျဖစ္လာမည္မဟုတ္ဟု ေတြးထင္ခဲ့သည္။

ရႊမ္စုန္ရွင္းက ဘဝင္မက်ျဖစ္သြားသည္။ "ဘာလို႔ မေတြးဖူးရတာလဲ။ ေမာင္းမေဆာင္မရွိတဲ့ မင္းႀကီးဆိုတာကို ကၽြန္မ မၾကားဖူးဘူး။ ေတာ္ဝင္မိသားစုဝင္ေတြက သေတာတူမတဲ့လား။ အမတ္ႀကီးေတြက ေမာင္းမေဆာင္ဖြင့္ဖို႔ မတိုက္တြန္းဘဲ ေနမတဲ့လား"

က်ဳံးဝမ္ မရယ္ဘဲ မေနနိုင္ေတာ့ေပ။ "ကၽြန္ေတာ္က စိတ္ေတာင္မပူတာကို သခင္မေလးက အေသးစိတ္ ေတြးေနၿပီလား"

ရႊမ္စုန္ရွင္း၏မ်က္ႏွာမွာ သိပ္မေကာင္းလွေပ။ "ဒါဆို ကၽြန္မကို အလကားေၾကာက္ေနတယ္လို႔ သေဘာထားလိုက္... မင္းသားငယ္ယြီက က်ဳံးဝမ္အေပၚ စိတ္ရင္းနဲ႔ ခ်စ္တယ္လို႔ ကၽြန္မယုံၾကည္တယ္။ ဒါေပမဲ့ အနာဂတ္ေန႔ရက္ေတြဆိုတာ အရွည္ႀကီးပဲ။ ဘာျဖစ္မယ္ဆိုတာ ဘယ္သူသိမွာလဲ။ က်ဳံးဝမ္ စီစဥ္ထားသင့္တယ္"

က်ဳံးဝမ္သည္ အႁမႊာႏွစ္ေယာက္ကို ၿမိဳ႕ေတာ္မွ ျမန္ျမန္ထြက္သြားေစခ်င္႐ုံသာ ရွိသည္။ ဝတ္ေက်တန္းေက်ျဖင့္သာ သူျပန္ေျဖလိုက္သည္။ "ေကာင္းပါၿပီ။ ကၽြန္ေတာ္ စီစဥ္ပါ့မယ္၊ ကၽြန္ေတာ္ စီစဥ္ပါ့မယ္။ ျမန္ျမန္သြားၿပီး ဘာယူမယ္ဆိုတာကို စစ္ၾကည့္ပါဦး၊ ဒါမွ လိုတဲ့ပစၥည္းေတြယူဖို႔ မေမ့မွာ"

မေက်မခ်မ္းျဖင့္ ရႊမ္စုန္ရွင္းတစ္ေယာက္ ထြက္သြားေလေတာ့သည္။

က်ဳံးဝမ္က ျမန္ျမန္လုပ္ရန္ သူတို႔အား ဆက္တိုက္ေဆာ္ဩေနသည္။ ေန႔လယ္ခင္းေက်ာ္ေသာအခါ သူတို႔အား ျမင္းလွည္းေပၚသို႔ တင္ၿပီးျဖစ္ေလသည္။ အဆုံးတြင္မူ သူ စိတ္သက္သာရာရလ်က္ သက္ျပင္းခ်လိုက္မိေတာ့သည္။

အေဝးရွိ ျမင္းလွည္းကို သူေငးၾကည့္ေနမိသည္။ လုံးဝစိတ္ေအးသြားဟန္ျဖင့္ မိုးကုတ္စက္ဝိုင္းေအာက္မွ တိမ္မည္းမ်ားကို သူ ၾကည့္လိုက္မိသည္။ ႐ုတ္တရက္ နိမိတ္မေကာင္းသလို သူ ခံစားလိုက္ရေလသည္။

အႁမႊာႏွစ္ေယာက္ ၿမိဳ႕ေတာ္သို႔ ျပန္ေရာက္လၽွင္ ၿမိဳ႕ေတာ္တြင္ အားလုံးေျဖရွင္းၿပီး ျဖစ္ေလာက္သည္။

က်ဳံးဝမ္ အိမ္ေတာ္မွထြက္လာၿပီး အိမ္ေတာ္စစ္သည္မ်ား ေျပာသံၾကားမွသာ ဤအေၾကာင္းကို သိရေတာ့သည္။ ေနာင္မ်ားတြင္ အခက္အခဲတစ္စုံတစ္ရာ မရွိဘဲ ကိစၥမ်ား အဆင္တေျပျဖစ္ပါက အႁမႊာႏွစ္ေယာက္ကို ၿမိဳ႕ေတာ္သို႔ ခ်က္ခ်င္းျပန္ေခၚၿပီး သူတို႔၏အပိုင္စားနယ္ေျမႏွင့္ ရာထူးအဆင့္အတန္းကို ေပးအပ္ခ်ီးျမႇင့္မည္ဟု အိမ္ေတာ္စစ္သည္မ်ားအား ႀကိဳတင္မွာၾကားထားေလသည္။

တစ္စုံတစ္ရာ ျဖစ္ပြားခဲ့လၽွင္၊ ယြီရွီျဖစ္ျဖစ္၊ က်ဳံးဝမ္ကိုယ္တိုင္ျဖစ္ျဖစ္ မည္သည့္အေၾကာင္းပင္ ျဖစ္ေစကာမူ အိမ္ေတာ္စစ္သည္မ်ားက ျပန္လာရန္မလိုအပ္ေပ။ ထိုအစား အႁမႊာတို႔ႏွင့္အတူ ဆင္ေျခဖုံးအိမ္ေတာ္မွ ထြက္ေျပးရေပမည္။ ေဝးနိုင္သမၽွ ေဝးေဝးသြားကာ ကိုယ္ေယာင္ေဖ်ာက္ေနၾကရန္ျဖစ္သည္။ မည္သည့္ေနရာတြင္မဆို အေျခခ်နိုင္ေသာ္လည္း ၿမိဳ႕ေတာ္သို႔ ဘယ္ေတာ့မွ ျပန္မလာရ။

က်ဳံးဝမ္ေနာက္ လိုက္လာေသာ အိမ္ေတာ္စစ္သည္က သူ႔ကို သတိထားလ်က္ ၾကည့္ေနၿပီး က်ဳံးဝမ္၏အေတြးမ်ားကို စူးစမ္းေနသည္။ အသံတိုးတိုးျဖင့္ သူကေျပာသည္။ "သခင္ေလး အမ်ားႀကီး ေတြးမေနသင့္ပါဘူး။ အနာဂတ္ဆိုတာ ေရရာတာမွမဟုတ္ပဲ။ ကၽြန္ေတာ္တို႔ ဒီအဆင့္အထိ ေရာက္မလားဆိုတာ မေသခ်ာပါဘူး။ ဆက္ခံသူက ကေလးေတြပါ ျပႆနာထဲပါလာမွာစိုးလို႔ ႀကိဳတင္ စီစဥ္ထား႐ုံပါ"

က်ဳံးဝမ္က အေဝးသို႔ လွမ္းၾကည့္ေနရင္း ေျပာေလသည္။ "တကယ္လို႔ တစ္ခုခုျဖစ္သြားခဲ့ရင္ ဒါဆို ခုနတုန္းက... ငါ အဲ့ကေလးေတြနဲ႔ ေနာက္ဆုံးေတြ႕ျခင္းပဲေပါ့"

ရႊမ္စုန္ရွင္းသည္ အလြန္ထက္ျမက္သည္။ က်ဳံးဝမ္သည္ သူ႔အား အလြန္ရင္းႏွီးၿပီး ခံစားခ်က္အျပည့္ျဖင့္ စကားေျပာရန္ အလြန္ေၾကာက္ခဲ့မိသည္။ သူ႔ရင္ထဲတြင္ စိုးရိမ္စိတ္ေပါင္း ေသာင္းေျခာက္ေထာင္ရွိေနသည့္တိုင္ သူ ဖြင့္ဟမေျပာဝံ့ဘဲ ရႊမ္စုန္ရွင္း သံသယျဖစ္မည္ကို အလြန္ထိတ္လန႔္ေနခဲ့သည္။ ယခုမူ သူ ျပန္ေတြးၾကည့္ရာဝယ္ သူ႔စိတ္ထဲတြင္ စိတ္ပ်က္မႈႏွင့္ အလိုမက်မႈတို႔ကို ခံစားေနရေတာ့သည္။

က်ဳံးဝမ္ တစ္ေယာက္တည္း ရယ္မိသည္။ "ငါ ႐ုတ္တရက္ ေနာင္တရမိတယ္"

ဤစကားသည္ အိမ္ေတာ္စစ္သည္၏ ရင္ထဲတြင္ ဝမ္းနည္းမႈကို ခံစားရေစသည္။ သူက မႏွစ္သိမ့္တတ္၊ ႏွစ္သိမ့္တတ္ျဖင့္ ႏွစ္သိမ့္ရွာေလသည္။ "သခင္ေလး ဒီလိုေတြးလို႔ မျဖစ္ပါဘူး။ ေနာင္တ... ဘာကို ေနာင္တရရမွာပါလဲ။ သခင္ေလး သူတို႔ကို ေျပာခ်င္တဲ့ စကား ဒါမွမဟုတ္ ေပးခ်င္တာရွိရင္ ကၽြန္ေတာ့္ကိုသာ ေျပာပါ။ ကၽြန္ေတာ္ ယူသြားေပးပါ့မယ္"

"ငါ အရမ္း စိတ္ေပ်ာ့ခဲ့လြန္းလို႔ ေနာင္တရေနတာ" က်ဳံးဝမ္ကေျပာသည္။ "ငါ သူတို႔နဲ႔အတူတူ ဆရာ့ကိုပါ ထည့္ေပးလိုက္သင့္တာ။ သူတို႔ျပန္မလာနိုင္ရင္ ရႊမ္ယြီက သူ႔ကို သင္ေပးမဲ့ ဆရာမရွိလို႔ အေပ်ာ္လြန္ၿပီး ေသသြားမွာ မဟုတ္ဘူးလား။ အလြယ္ဆုံးစုတ္ခ်က္ေတြကိုေတာင္ သူမသိတဲ့အထိ ျဖစ္သြားရင္ ငါ မင္းသားနဲ႔ ၾကင္ယာေတာ္တို႔ကို မ်က္ႏွာျပဖို႔အတြက္ တကယ္ ရွက္မိမွာပဲ"

အိမ္ေတာ္စစ္သည္တစ္ေယာက္ ဆြံ့အသြားရသည္။

ထို႔ေနာက္ သူက တတ္နိုင္သေလာက္ ႏွစ္သိမ့္ရွာေလသည္။ "ဆရာက အသက္ႀကီးေနပါၿပီ။ ကမၻာတစ္ဆုံးထိ ေျပးရတဲ့အခါက်ရင္ ေနာက္ကလိုက္ဖို႔ ခက္ပါလိမ့္မယ္"

က်ဳံးဝမ္ကေခါင္းညိတ္သည္။ "ဟုတ္သားပဲ။ ဒါဆိုလည္း ထားပါေလ"

အိမ္ေတာ္စစ္သည္က က်ဳံးဝမ္၏ မတုန္မလႈပ္မ်က္ႏွာကို ၾကည့္ေနမိသည္။ သူ က်ဳံးဝမ္ကို ေဖ်ာင္းဖ်ရန္ တကယ္မလုပ္နိုင္ခဲ့ေပ။ က်ဳံးဝမ္အား လွည္းေပၚသို႔ တင္ေပးၿပီးေနာက္ သူက ေခါင္းမာမာျဖင့္ ေျပာေလသည္။ "ၿပီးေတာ့လည္း သခင္ေလး သူတို႔ ေငြလိုမွာကို ပူစရာမလိုပါဘူး။ သူတို႔ယူသြားတဲ့ ပိုက္ဆံေတြအျပင္ ဆက္ခံသူက လိုက္သြားတဲ့လူယုံေတြကို ေငြစေတြအမ်ားႀကီး သယ္သြားခိုင္းလိုက္ပါေသးတယ္။ ေျပာရရင္... ေျပာရရင္ သူတို႔ ဘာမွမလိုပါဘူး"

က်ဳံးဝမ္၏ႏွလုံးသားမွာ ႏူးညံ့သြားရသည္။ ျပဳံးလိုက္မိၿပီးေနာက္တြင္ သူ ယြီရွီကို ေက်းဇူးတင္ေနမိသည္။

ယြီရွီအေနႏွင့္ ထိုစဥ္းလဲ၍ ရက္စက္ေသာလူတို႔ကို ေပၚတင္တမ်ိဳး၊ ကြယ္ရာတမ်ိဳး တိုက္ခိုက္ယွဥ္ၿပိဳင္ရန္ ဦးေႏွာက္ေျခာက္ေအာင္ စဥ္းစားေနရသည္ကပင္ ေတာ္လွေခ်ၿပီ။ သို႔ေသာ္ ဤကဲ့သို႔ အေသးအဖြဲကိစၥေလးအတြက္ သူ႔အာ႐ုံကိုလႊဲေျပာင္းကာ စီစဥ္ေပးလိုက္ေသးသည္။

ဤသူသည္ အမတ္မ်ားအဖြဲ႕ထဲတြင္ တစ္ေနကုန္ သတိႀကီးႀကီးထားကာ ေနေနရေပမည္။ သူ႔အတြက္ မည္မၽွ ခက္ခဲပင္ပန္းသလဲ ဆိုသည္ကို မည္သူက သိပါအံ့။

ထိုအခိုက္ သတိႀကီးႀကီးထားေသာ က်စ္႐ုန္မွာ တကယ္တမ္းတြင္ အမတ္မ်ားအဖြဲ႕ထဲ၌ ခက္ခဲပင္ပန္းမေနပါေခ်။

ယေန႔မနက္က ေစာေစာထခဲ့ၿပီးေနာက္တြင္ ယြီရွီသည္ စိတ္ျပန္ၾကည္ရွင္းေနခဲ့သည္။ ထို႔ျပင္ သူသည္ အလြန္အမင္းကို ရႊင္ပ်ေနခဲ့သည္။

လႊတ္ေတာ္ၿပီးေနာက္တြင္ ယြီရွီႏွင့္ ယြီမုခ်န္တို႔သည္ တစ္ေယာက္ဆီတစ္ေယာက္ ေလၽွာက္သြားခဲ့ၾကသည္။ သူ ယြီမုခ်န္အား ျပဳံးပင္ျပလိုက္ေသးသည္။

ဤသည္မွာ ယြီမုခ်န္အား အမွန္တကယ္ တုန္လႈပ္သြားေစခဲ့သည္။

တစ္မနက္ခင္းလုံး ယြီရွီသည္ စာအုပ္တစ္အုပ္ကေလးကိုမွ ဖတ္မၿပီးေပ။

သူ႔စိတ္သည္ မေန႔ညက ျဖစ္ခဲ့သမၽွတို႔ထံတြင္သာ ရစ္ဝဲလ်က္ရွိသည္။

သူ အေသးအမႊားကိစၥေလးမ်ားကို မမွတ္မိသည္မွာ အမွန္တရား ျဖစ္ေသာ္ျငား က်ဳံးဝမ္ႏွင့္ပတ္သက္သမၽွကိုေတာ့ သူအားလုံး မွတ္မိသည္။

အေသးစိတ္အေၾကာင္းအရာ တစ္ခုခ်င္းႏွင့္ အားလုံးကိုပင္။

လြန္ခဲ့သည့္ လတခ်ိဳ႕က က်ဳံးဝမ္အား လုံးဝေပ်ာက္ကင္းေအာင္ ကုသေပးရန္ ေတာ္ဝင္သမားေတာ္မ်ားကို သူေတာင္းဆိုခဲ့စဥ္က က်ဳံးဝမ္၏အဖ်ား တကယ္ေပ်ာက္ကင္းနိုင္ပါ့မလားဟု သမားေတာ္ေခါင္းေဆာင္ကို ယြီရွီ ေမးခဲ့သည္။

ဤေမးခြန္းကို အိမ္ေတာ္ထိန္းဖုန္သည္လည္း ယခင္က ေမးခဲ့ဖူးသည္။ ထိုအခ်ိန္က စိတ္ႏွင့္ပတ္သက္သည့္ ျပႆနာမ်ားကို ကုသရာတြင္ အာမမခံနိုင္ဟု ေတာ္ဝင္သမားေတာ္က ေျပာခဲ့သည္။ ကိုယ္တိုင္သာ စိတ္၏ၿငိမ္းခ်မ္းရာကို ႏွစ္မ်ားစြာၾကာေအာင္ ရွာေဖြရေပမည္။

လူတစ္ေယာက္ အရြယ္ေရာက္ေနခ်ိန္တြင္ ခႏၶာကိုယ္မွ အလိုလို ျဖည္းျဖည္းခ်င္း ကုသေပးသြားမည့္ ေရာဂါမ်ားရွိသည္ဟုလည္း ေတာ္ဝင္သမားေတာ္က ထိုအခ်ိန္က ေျပာခဲ့သည္။ က်ဳံးဝမ္သည္ အခ်ိန္အေတာ္ၾကာသည့္တိုင္ ေဆးမေသာက္ခဲ့ေသာေၾကာင့္ သူ႔ကိုယ္ထဲရွိ အဆိပ္မွာ တစ္ေန႔ၿပီးတစ္ေန႔ ေလ်ာ့နည္းလာခဲ့သည္။ ထို႔ေၾကာင့္ သူ တျဖည္းျဖည္းႏွင့္ ျပန္ေကာင္းလာမည့္ ျဖစ္နိုင္ေခ်တြင္ ရွိသည္။

ယခင္က ယြီရွီသည္ ေတာ္ဝင္သမားေတာ္၏စကားတို႔ကို အေလးအနက္ မထားခဲ့ေပ။ သို႔ေသာ္ ယခုမူ သူ ေသခ်ာ မွတ္ယူထားခဲ့သည္။

မေန႔ညက သူသည္ စိတ္႐ူးေပါက္မႈတြင္းနက္ထဲသို႔ က်သြားခဲ့သည္မွာ ေသခ်ာသည္။ သို႔ေသာ္ က်ဳံးဝမ္ႏွင့္ ပတ္သက္သမၽွ အားလုံးကိုေတာ့ သူမွတ္မိေနသည္။

ထိုအထဲတြင္ က်ဳံးဝမ္ ေျပာခဲ့သည့္ ဤစကားလည္း ပါသည္။ "မင္းေမ့သြားရင္ ငါ မနက္ျဖန္က်ရင္ ျပန္လုပ္မယ္၊ ၿပီးရင္ သန္ဘက္ခါ။ ၿပီးရင္ ဖိန္းႏႊဲခါ"

အမတ္မ်ားအဖြဲ႕ အလုပ္လုပ္ရာေနရာတြင္ ယြီရွီသည္ အႀကီးအကဲေနရာ၌ မတ္မတ္ထိုင္ကာ က်ဳံးဝမ္ သူ႔ကတိအတိုင္း တည္ေစရန္အလို႔ငွာ အိမ္ေတာ္သို႔ ျပန္ေရာက္လၽွင္ အားလုံးကို ေမ့ခ်င္ေယာင္ေဆာင္ေနသင့္လား ဆိုသည္ကို ေလးေလးနက္နက္ ေတြးေတာေနမိသည္။

"အရွင့္သား၊ အရွင့္သား"

ယြီရွီ စိတ္ျပန္စုစည္းသြားနိုင္ခဲ့သည္။ သူ႔လက္ထဲရွိ စာအုပ္ကို ပိတ္လိုက္သည္။ ခ်ိဳသာႏူးညံ့စြာျဖင့္ သူက အမတ္ႀကီးစြန္းကို ေမးလိုက္သည္။ "အမတ္ႀကီး ေျပာပါ"

အမတ္ႀကီးစြန္းက ျပဳံးသည္။ "ဘာမွမဟုတ္ပါဘူး။ အရွင့္သားကို ဖတ္ေစခ်င္တဲ့ စာအုပ္တစ္အုပ္ရွိလို႔ပါ"

ယြီရွီက ယူလိုက္ေလသည္။ အမတ္ႀကီးစြန္းကေျပာသည္။ "ဒီေန႔ ေတာ္ဝင္အကဲျဖတ္ကေျပာတယ္၊ ပဥၥမမင္းသားက အိမ္ေတာ္အက်ယ္ခ်ဳပ္မွာ လုံလုံေလာက္ေလာက္ ေနၿပီးလို႔ ေနာင္တရေနပါၿပီတဲ့။ သူ႔ အက်ယ္ခ်ဳပ္ကို အဆုံးသတ္ေပးဖို႔ အဆင္ေျပမလားလို႔ အရွင့္သားကို ေမးခိုင္းလိုက္ပါတယ္"

အမတ္ႀကီးစြန္းသည္ ယြီရွီထံမွ မ်က္ႏွာရခ်င္၍ျဖစ္သည္။ သူကေျပာသည္။ "ဒီေန႔ မင္းႀကီးက ေနလို႔မေကာင္းပါဘူး။ လႊတ္ေတာ္မွာ မ်က္ႏွာခဏလာျပၿပီး အတြင္းနန္းေဆာင္ကို ျပန္ဝင္သြားပါတယ္။ ဒီစာအုပ္ကိုၾကည့္ခ်င္စိတ္ ရွိမေနေလာက္ပါဘူး။ ဒီေန႔ အေရးႀကီးတဲ့ စာရြက္စာတမ္းေတြနဲ႔ အဆိုျပဳခ်က္ေတြ အမ်ားႀကီးရွိပါတယ္။ ဒီစာအုပ္ကို... မင္းႀကီးဆီပို႔တာျဖစ္ျဖစ္၊ မင္းႀကီးဆီ မပို႔ေတာ့တာပဲျဖစ္ျဖစ္ လုပ္လို႔ရပါတယ္"

ယြီရွီက စာအုပ္ကို ဂ႐ုတစိုက္လွန္ဖြင့္လိုက္ၿပီး ဖတ္ၾကည့္ေနသည္။ တည္ၿငိမ္ေအးခ်မ္းစြာျဖင့္ သူကေျပာသည္။ "ပို႔လိုက္ပါ"

အမတ္ႀကီးစြန္းမွာ အံ့အားသင့္သြားရသည္။ သူ ဘာမွမေျပာနိုင္ခင္ ယြီရွီကေျပာသည္။ "ဒါေပမဲ့ ဒီအတိုင္းပို႔မွာေတာ့ မဟုတ္ဘူး။ စာအုပ္က ေသခ်ာအေသးစိတ္မက်ဘူးလို႔ ေတာ္ဝင္အကဲျဖတ္ကို ေျပာလိုက္ပါ။ အေရးအသား မရွင္းလင္းဘူးဆိုၿပီး။ သူတို႔ကို တျခားစာအုပ္တစ္အုပ္ အသစ္ေရးခိုင္းလိုက္"

အမတ္မ်ားအဖြဲ႕မွ စာအုပ္ကို လက္မခံသည္မွာ ျဖစ္ေလ့ျဖစ္ထရွိၿပီး စာအေရးအသား ညံ့ဖ်င္းျခင္းေၾကာင့္ အသစ္ထပ္ေရးခိုင္းေလ့လည္းရွိသည္။ အမတ္ႀကီးစြန္းက ေခါင္းညိတ္သည္။ "ေကာင္းပါၿပီ"

ယြီရွီကထပ္ေျပာသည္။ "သူတို႔အသစ္တစ္အုပ္ပို႔ၿပီးရင္ ကၽြန္ေတာ္ အမတ္ႀကီးစြန္းကို တစ္ခုေလာက္ ေတာင္းဆိုစရာရွိပါတယ္"

ယြီရွီကေျပာသည္။ "စာအုပ္ေရာက္လာရင္ ဒီစာအုပ္နဲ႔အတူတူ ထားလိုက္ပါ။ ၿပီးရင္... ပဥၥမမင္းသားရဲ့ အက်ယ္ခ်ဳပ္အဆုံးသတ္ဖို႔နဲ႔ ပတ္သက္တဲ့ အရင္က စာအုပ္ေတြကိုစု။ ဘယ္အခ်ိန္ပို႔ပို႔ အတူတူစုပို႔လိုက္။ ၿပီးရင္ စာအုပ္ေတြကို အေရးအႀကီးဆုံး စာအုပ္ေတြနဲ႔ ေပါင္းထားလိုက္ပါ။ အဲဒါၿပီးရင္ေတာ့ ဒီကိစၥကို မင္းႀကီးဆီ ပို႔လိုက္ပါေတာ့"

အမတ္ႀကီးစြန္းမွာ ဆြံ့အသြားေတာ့သည္။ မင္းသားငယ္ယြီသည္ ငယ္ရြယ္ၿပီး အမတ္မ်ားအဖြဲ႕တြင္ လအနည္းငယ္သာ အလုပ္လုပ္ေနခဲ့သည္။ သို႔တိုင္ အမတ္ႀကီးမ်ား၏ ေကာက္က်စ္ေသာ လွည့္ကြက္မ်ားကို သင္ယူၿပီးျဖစ္ေလသည္။

စာအုပ္မ်ားကို ဤသို႔ ခမ္းနားႀကီးက်ယ္လွစြာျဖင့္ မင္းႀကီးအား ပို႔သလၽွင္ ခ်ဳံအန္းမင္းႀကီးအား ဤသို႔ေတြးမိေစေပမည္။ ရႊမ္ခ်ဳံမွာ အက်ယ္ခ်ဳပ္က်ေနသည့္တိုင္ အမတ္မ်ားစြာႏွင့္ ဆက္သြယ္ႀကံစည္နိုင္ေသးသည္။ ထိုသို႔ျဖင့္ သူ႔အက်ယ္ခ်ဳပ္အား အၿပီးသတ္ေပးမည္မဟုတ္ေတာ့။

21.3.2022

Thanks for reading

Lanjutkan Membaca

Kamu Akan Menyukai Ini

554K 99.8K 70
Author: Fly Far, 向远飞 Genre: Action, Comedy, Fantasy, Mecha, Romance, Sci-fi, Shounen Ai, Xuanhuan Status: 63 chapters + 4 extras Associated Name: 拜我...
563K 54.9K 174
ဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ...
173K 16.6K 154
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မွားယြင္းေသာ လက္ထ...
88.2K 3.3K 87
ကြိုက်မိတဲ့ Novel တွေ Webtoon တွေ review ရေးမယ်။ ခံစားချက်တွေ ကိုယ့်အမြင်တွေပါမယ် Spoiler တွေလည်းပါနိုင်တယ်။ ႀကိဳက္မိတဲ့ Novel ေတြ Webtoon ေတြ review...