ထိုနှစ်များမှာ မြတ်နိုးဖွေရှာ

By Vera-Yu

374K 65.3K 4.7K

Original Title : 当年万里觅封侯 English Title : Those Years in Quest of Honor Mine Original Author : Man Man He Qi... More

Description
Prologue
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68
Part 69
Part 70
Part 71
Part 72
Part 73
Part 74
Part 75
Part 76
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 88
Part 89
Part 90
Part 91
Part 92
Part 93
Part 94
Part 95
Part 96
Part 97
Part 98
Part 99
Part 100
Part 101
Part 102
Part 103
Extra 1
Extra 2

Part 87

2.2K 484 14
By Vera-Yu

Unicode

ရွှမ်ရွေ့အား ထန်မင် လှည့်ဖျားကာ မြို့တော်သို့ ပြန်လာစေစဉ်က ယန်ပင်းရှန်သည် ထိုသတင်းကို ကျုံးဝမ်ထံသို့ တိတ်တဆိတ် ပို့ခဲ့သည်။ ဤသည်မှာ ရွှမ်ရွေ့အပေါ် လုံးဝသစ္စာဖောက်သည်ဟု ပြော၍ရပေသည်။ ထိုအချိန်မှစ၍ အိမ်တော်ထိန်းယန်သည် မြို့တော်ရှိ ချန်အန်းမင်းသားအိမ်တော်တွင်သာ နေထိုင်လျက် အမြွှာနှစ်ယောက်ကို ခစားခဲ့သည်။ ယခင်က အကြောင်းအရာများစွာကို သူတို့အား သူ ပြောပြခဲ့ပုံပေါ်သည်။

ရွှမ်စုန်ရှင်း အိပ်မက်မက်သမျှတို့မှာ သူ့အား နှစ်သိမ့်ရန်အတွက် ဖန်တီးထားကြောင်းကို ကျုံးဝမ် အသေအချာသိသည်။ သို့သော် ရွှမ်စုန်ရှင်းမှာ ကြင်ယာတော်မင်းသမီးနင်နှင့် အတော်လေးတူရုံသာမက သူ့ကိုနှစ်သိမ့်လျှင် ကြင်ယာတော်မင်းသမီးသုံးသော လေသံနှင့်ပြောသောကြောင့် ကျုံးဝမ်မှာ ကလေးနှစ်ယောက်ရှေ့တွင် ဟန်ပျက်လုနီးပါးပင်။

ပြတင်းပေါက် အပြင်ဘက်သို့ သူ တွေဝေလျက် ငေးကြည့်နေမိသည်။ ရုတ်တရက် ယွီရှီ ယခင်ကပြောခဲ့ဖူးသော အကြောင်းအရာတစ်ခုကို သူ မှတ်မိသွားသည်။

သူကပြောသည်၊ ကွေ့ယွမ်၊ တခါတလေကျ ငါ တကယ် ဘယ်သူ့ကို မုန်းရမယ်မှန်း မသိဘူး။

ယခင်တစ်ခေါက် ထန်မင်၏ ဆင်ခြေဖုံးအိမ်တော်တွင် ကျုံးဝမ်သည် ရွှမ်ရွေ့ပြောသော စကားကြောင့် သွေးအန်ခဲ့သည်။ ကျုံးဝမ် ယခုခံစားနေရသည်နှင့် ထပ်တူညီလုနီးပါး ခံစားခဲ့ရသည်။

ဤနှစ်ပေါင်းများစွာတွင် သူ အမှားများစွာကို လုပ်ခဲ့သည်။ ဤသည်ကို ကျုံးဝမ် ဝန်ခံသည်။

မာနထောင်လွှားကာ ခေါင်းမာသော ငယ်စဉ်က အတွေးအခေါ်များသည် ဖုန်မှုန့်များထဲသို့ ရောပါသွားခဲ့လေပြီ။ ယခုကျုံးဝမ်သည် မည်သည့် လှောင်ပြောင်ခံရမှုမျိုးကိုမဆို ခံနိုင်ရည်ရှိသည်။

သို့သော် ရံဖန်ရံခါ အချိန်မျိုးများတွင်တော့ လွန်ကဲလှသည်ဟု သူခံစားလာရသည်။ ငယ်စဉ်ကတည်းက သူ ပျိုးထောင်ခဲ့ရသော ညီငယ်မှာ သူ့ကို သံသယဝင်နေသည်၊ သူကိုယ်တိုင် ရှင်းပြချင်နေသည့်တိုင် ဘာပြောရမည်ကိုပင် မသိ။

မင်းသားနင်နှင့် ကြင်ယာတော်မင်းသမီးနင်တို့ ယခင်က သူ့ကို ကြီးကျယ်လှစွာ ချီးမြှင့်မြှောက်စားခဲ့မှုများကြောင့် ရွှမ်ရွေ့ သူ့ကိုသတ်လိုက်လျှင်ပင် သူ ဘာပြောနိုင်ဦးမည်နည်း။

ရွှမ်စုန်ရှင်း မတိုင်မီက ပြောခဲ့သော စကားများကို ကျုံးဝမ် ထပ်တလဲလဲ ပြန်တွေးနေမိသည်။ သို့သော် သူ့ရင်ထဲ၌မူ အမှန်တကယ် မမှတ်ယူဝံ့ပေ။

မင်းသားနင်နှင့် ကြင်ယာတော်မင်းသမီးနင်တို့ ကောင်းကင်ဘုံမှ ကြည့်နေကြရင်း သူလဲကျနေပုံများနှင့် လွန်ခဲ့သော နှစ်များက သူလုပ်ခဲ့သော ရှက်ရွံ့ဖွယ်ကိစ္စများကို မြင်သွားပါက အမှန်တကယ် စိတ်မပျက်ဘဲ နေကြမည်လား။

သူ့နှလုံးသားထဲတွင် ရန်သူ၏သားကို ရှိထားကာ မြောက်မှတောင်၊ တောင်မှမြောက်သို့သွားလျက် ယခုမူ အတူတူပင်နေနေကြပြီး လက်ပွန်းတတီးရှိနေကြကြောင်းကို သူတို့သိသွားပါက ကျေးဇူးကန်းသော ကောင်စုတ်လေးအဖြစ် ပြင်းပြင်းထန်ထန် ဆုံးမပြစ်တင်ခြင်းမရှိဘဲ နေမည်လား။

"ပြီးတော့လည်း..."

ရွှမ်စုန်ရှင်းက မျက်ရည်တို့ကိုသုတ်ကာ ခံစားချက်ကိုပြန်ထိန်းနေသည်။ "မယ်တော်က ပြောသေးတယ်..."

ရွှမ်ယွီ၏ပုခုံးတို့မှာ အဆုံးမသတ်နိုင်သော ရှိုက်ငင်မှုများကြောင့် တုန်ရီနေခဲ့ပြီး ရွှမ်စုန်ရှင်းကို နှစ်ကြိမ်နှစ်ခါတိုင် အနှောင့်အယှက်ဖြစ်စေခဲ့လေသည်။ သူက စိတ်မရှည်ဖြစ်လာပြီး ဒေါသထွက်လာတော့သည်။ "နင် မပြီးသေးဘူးလား။ မယ်တော်ရဲ့ စကားကို နင် ကြားချင်လား၊ မကြားချင်ဘူးလား"

ဤအချင်းအရာသည် ရွှမ်ယွီကို ခေါင်းငုံ့သွားစေပြီး အသံထပ်မထွက်ရဲတော့အောင် ကြောက်သွားစေသည်။

ရွှမ်စုန်ရှင်းက ချောင်းဟန့်လေသည်။ ထို့နောက် ကြင်ယာတော်မင်းသမီးနင်၏ လေသံကဲ့သို့ ပြန်ပြောင်းလိုက်ပြီး အရွယ်နှင့်မလိုက်အောင် ပြောလေသည်။ "မယ်တော်က ယွီရှီကို စိတ်မတိုဖို့နဲ့ တမင်တကာ ပြဿနာမရှာဖို့၊ စိတ်အလိုကို မလိုက်ဖို့၊ ဘာကိုမှ မရှင်းပြဘဲ ထွက်ထွက်မသွားဖို့ပါ မှာလိုက်သေးတယ်"

ကျုံးဝမ်မှာ ဆွံ့အသွားလေတော့သည်။

ယွီရှီ ရွှမ်စုန်ရှင်းရှေ့တွင် သရုပ်ဆောင်ပြခဲ့မှုသည် အင်မတန် အောင်မြင်ခဲ့သည်။ ယခုမူ သူ ယွီရှီအကြောင်းတွေးလေလေ ဝမ်းနည်းလာလေလေဖြစ်သည်။ ကျုံးဝမ်ကို ကြည့်လေလေ ဇီဇာကြောင်လွန်းသည်ဟု မြင်လာလေလေဖြစ်သည်။

ရွှမ်စုန်ရှင်းသည် စိတ်အလိုနောက်လိုက်ကာ ကြင်ယာတော်မင်းသမီးနင်၏ လေသံအတိုင်း ကျုံးဝမ်ကို ရှည်လျားထွေပြားသော ဆုံးမဩဝါဒကြီး ခြွေလေတော့သည်။

ကျုံးဝမ်မှာ ရယ်ရခက်၊ ငိုရခက်ဖြစ်နေပြီး သူ့စိတ်ထဲမှ ဝမ်းနည်းမှုမှာလည်း လုံးဝကွယ်ပျောက်သွားရတော့သည်။

သူက ရွှမ်စုန်ရှင်းနှင့် ရွှမ်ယွီတို့ကို နေ့လည်စာစားရန် နေစေသည်။ သူတို့သုံးဦးသည် ဤသို့ ချန်အန်းမင်းသား အိမ်တော်မှာကဲ့သို့ အတူစားသောက်ရင်း နေ့စဉ်ဘဝအကြောင်း စကားစမြည် မပြောရသည်မှာ အလွန်ကြာခဲ့လေပြီ။

ရွှမ်ယွီအတွက် မည်သို့သော ဆရာမျိုးခန့်အပ်သင့်ကြောင်း ရွှမ်စုန်ရှင်းနှင့် ကျုံးဝမ်ဆွေးနွေးနေစဉ် အိမ်တော်ထိန်းဖုန်က အခန်းထဲသို့ ထိတ်လန့်သုတ်ပြာသော အမူအရာမျိုးဖြင့် ဝင်လာလေသည်။ သူက ကျုံးဝမ်ကို ကြည့်လိုက်ပြီး တစ်ခုခုပြောချင်သော်လည်း တွန့်ဆုတ်နေသည်။

ကျုံးဝမ်၏စိတ်ထဲတွင် အနည်းငယ် မှိုင်းသွားခဲ့သည်။ စိတ်ပူဟန်မပြဘဲ သူ့ထံတွင် လုပ်စရာကိစ္စများ ရှိသေးသည်ဟု ပြောလျက် ရွှမ်ယွီနှင့် ရွှမ်စုန်ရှင်းတို့အား ဆက်စားစေသည်။ ထို့နောက် မတ်တပ်ထရပ်ကာ အခန်းထဲမှ ထွက်လာခဲ့တော့သည်။

ကျုံးဝမ်က အခန်းပြင်တွင် စောင့်နေသော အိမ်တော်ထိန်းဖုန်နောက်မှလိုက်ကာ ခြံဝန်းထဲသို့ ဆင်းလာခဲ့သည်။ သူ မျက်မှောင်ကြုတ်လိုက်မိသည်။ "ဘာလဲ။ လွှတ်တော်မှာ တစ်ခုခုဖြစ်လို့လား။ ဒါမှမဟုတ် ကျစ်ရုန်..."

"မင်းသားနဲ့ ဘာမှမဆိုင်ပါဘူး" အိမ်တော်ထိန်းဖုန်က ကျုံးဝမ်၏အခန်းထဲသို့ အလျင်လိုသည့် မျက်နှာမျိုးဖြင့် ဟိုဟိုဒီဒီကြည့်နေလေသည်။ "အစကတော့ ကျွန်တော် သခင်လေးကို ဒီအကြောင်း မပြောဝံ့ပါဘူး။ အရှင့်သားပြန်လာတဲ့အထိ စောင့်ပြီးတော့ အရှင့်သားရဲ့ သဘောကိုမေးချင်တာပါ။ ဒါပေမဲ့ ဒီသခင်ငယ်လေးတွေက ကျွန်တော်တို့ အိမ်တော်မှာပဲ ရှိသေးတယ်။ သူတို့ထွက်သွားရင် အပြင်ရောက်တာနဲ့ သတင်းကြားပြီး တစ်ခုခုဖြစ်သွားမှာကို ကျွန်တော် စိုးရိမ်လို့ပါ။ အခု ကျွန်တော်တို့ ဒီအိမ်တော်မှာ အာဏာရှိတဲ့ လူတစ်ယောက်ကို လိုနေပါတယ်"

ကျုံးဝမ် ရယ်မိသည်။ "တကယ်ပဲ ဘာဖြစ်တာလဲ"

အိမ်တော်ထိန်းဖုန်က တံတွေးမျိုချလိုက်သည်။ "ချန်အန်းက သတင်းလာပါတယ်။ အရင်ချန်အန်းမင်းသား ရွှမ်ရွေ့က... သူ တစ်ခုခုဖြစ်သွားပါတယ်"

ယနေ့ လွှတ်တော်တွင် အလုပ်များနေကြသည်။ လေးနာရီထက်မနည်း ဆူညံနေခဲ့ကြသည်။ ချုံအန်းမင်းကြီးထံတွင် ကနဦး၌ အင်အားအပြည့် ရှိသေးသည်။ သို့သော် ကြာလာသောအခါ သူ ဆက်သည်းမခံနိုင်တော့ပေ။ အဆုံးတွင် မဆွေးနွေးရသေးသော စာအုပ်များအားလုံးကို အမတ်များအဖွဲ့ထံသို့ အဆင့်မြင့်အမတ်ကြီးများကို ပို့စေသည်။ သူကိုယ်တိုင်ကမူ အတွင်းနန်းဆောင်ထဲသို့ အနားယူရန် ဝင်သွားတော့သည်။

အမတ်များအဖွဲ့သို့ ပေးရန်ဟု ဆိုရာဝယ် တကယ်တမ်းမတော့ ယွီရှီထံသို့ လွှဲပေးရန်သာ ဖြစ်သည်။

လတ်တလောတွင် ချုံအန်းမင်းကြီးသည် ယွီရှီအား 'နိုင်ငံရေးအကြောင်း သင်ယူ'ခိုင်းရုံတင် မကတော့ပေ။ ချုံအန်းမင်းကြီး၏ ညွှန်ကြားမှုအောက်တွင် အမတ်များအဖွဲ့ဝင်တို့မှာ ဆန့်ကျင်ဘက်ကိစ္စများကို လုပ်ကြသည်။ ယွီရှီအား အရေးကြီးသော စာအုပ်များရော၊ အရေးမကြီးသော စာအုပ်များပါပေးကာ အမတ်အိုကြီးများ သေချာမဖတ်ရသေးခင် အရင်ဖတ်ရှုစေသည်။ ပြဿနာမရှိပါက သူတို့ တစ်ခါတည်း ခွင့်ပြုပေးလိုက်သည်။ ငြင်းဆိုစရာများရှိလာလျှင် ယွီရှီနှင့် ဆွေးနွေးရသည်။

ချုံအန်းမင်းကြီးသည် ယွီရှီကို သူ့အား ကူညီ၍ တိုင်းပြည်ကို ကူအုပ်ချုပ်စေချင်ကြောင်း ထုတ်မပြောသော်လည်း ရွှမ်ချုံ၏မိသားစုဝင်များမှာ ဆိတ်ဆိတ်ငြိမ်ကြကုန်လျက် ဝတ်ရုံလက်ကို မကျေမချမ်းဖြင့် ခါခါလျက်သာ ထွက်သွားကြသည်။

ယွီရှီသည် နိုင်ခြင်း၊ရှုံးခြင်းအပေါ် တုန်လှုပ်မနေပေ။ သူ့ကိုယ်သူလည်း မာနဝံ့ကြွားမနေ။ ပုံမှန်ကဲ့သို့သာ အမတ်များအဖွဲ့သို့ စာအုပ်များ သယ်လာစေပြီး ဖတ်လေ့ရှိသည်။

ထိုနေ့က ယွီမုချန်သည်လည်း လွှတ်တော်တက်ခဲ့သည်။ လွှတ်တော်ပြီဆုံးချိန်တွင် သူက အလွန်တရာ နှေးကွေးလှစွာ ထွက်သွားခဲ့သည်။ လူအားလုံးထက် ခြေနှစ်လှမ်းနောက်ကျကျန်ခဲ့ကာ ယွီရှီ၏ တစ်ခုတည်းသော လမ်းကြောင်းပေါ်တွင် ရပ်နေခဲ့သည်။

အစကတည်းက ယွီရှီသည် သူ့ကို မမြင်ချင်ယောင် ဆောင်နေခဲ့သည်။ ယွီမုချန်ကို ကျော်သွားချိန်တွင် သူက ညင်သာစွာ ပြောလေသည်။ "ကျစ်ရုန်"

ယွီရှီက သူ့ခြေလှမ်းများကို ရပ်လိုက်သည်။ သူ၏ စိတ်မပါသော အကြည့်များဖြင့် ယွီမုချန်ကို ကြည့်နေပြီး ဆက်ပြောရန် အရိပ်အယောင်ပြနေသည်။

ယွီမုချန်က ကြင်နာစွာ ပြောသည်။ "ဘာမှမဟုတ်ပါဘူး။ မင်း ခုတလော အလုပ်ကြိုးစားနေတာမြင်လို့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ အကြံပေးချင်တာ"

ယခင်ကသာဖြစ်ခဲ့မူ ယွီရှီသည် နားဝင်ဆိုးသော စကားများကိုပြောကာ ယွီမုချန်ကို ခံရခက်စေမည်ဖြစ်သည်။ သို့သော် သူသည် ယခုအချိန်တွင် ချုံအန်းမင်းကြီးကိုပင် အဖေအဖြစ် အသိအမှတ် ပြုထားပြီ ဖြစ်သောကြောင့် သူ့ကို အော်ဂလီဆန်အောင် မည်သည့်အရာကမှ မလုပ်နိုင်တော့ပေ။

ခံစားချက်ကင်းမဲ့လျက် ယွီရှီက ခေါင်းညိတ်ကာ ဆက်နှောင့်နှေးမနေတော့ဘဲ ထွက်လာခဲ့တော့သည်။

ယွီမုချန်သည် ယွီရှီ အဝေးသို့ ရောက်သွားသည်ကို ကြည့်နေလေသည်။ သူက တစ်ယောက်တည်း ရေရွတ်နေသည်။ "ကျစ်ရုန်ကို တိုက်ခိုက်လို့ရမဲ့ သတင်းတွေ အများကြီးရှိတယ်။ တစ်ခုကိုပဲ ကျပန်းရွေးလိုက်ရင်တောင် လုံလောက်နေပြီ..." သူ ကိုယ်လုပ်တော်ယွီကို ပြောခဲ့သော တူညီသည့် စကားများဖြစ်သည်။

အစတွင် ယွီမုချန်မှာ အခြားလူများရှေ့တွင် စေတနာပြည့်ဝသည့် အဖေနှင့် သိတတ်လိမ္မာသော သားအဖြစ် ဟန်ပြချင်၍ ဖြစ်မည်ဟု ယွီရှီ တွေးခဲ့မိသည်။ ခြောက်နာရီခန့် ကြာမှသာ သူ သဘောပေါက်သွားတော့သည်။

"မင်း..."

ယွီရှီသည် သတင်းလာပို့သော မိန်းမစိုးလေးကို လူမရှိသော နေရာသို့ ခေါ်လာခဲ့သည်။ "မင်း ဘာပြောလိုက်တယ်"

မိန်းမစိုးလေးက ခါးသက်သော မျက်နှာမျိုးဖြင့် ပြောသည်။ "ဒီအစေခံလည်း အသေးစိတ်အကြောင်းအရာတော့ မသိပါဘူး၊ ကျွန်တော်တို့ သူလျှိုတွေ ဆက်တိုက် အလုပ်လုပ်နေတာပဲ သိပါတယ်။ လွန်ခဲ့တဲ့ တစ်နာရီက သူလျှိုတွေက မြို့တော်ကို ဝင်လာကြပါတယ်။ အရှင့်သား အိမ်တော်ကို ပြန်မလာသေးတာ သူတို့ကြားလို့ စစကတော့ အရေးမကြီးဘူးလို့ တွေးခဲ့ကြပါတယ်။ ဒါကြောင့်မို့ သူတို့က အရှင့်သား ပြန်လာတဲ့အထိ စောင့်ပြီး အရှင့်သားကို ချန်အန်းက ကိစ္စတွေ လျှောက်တင်ဖို့ လုပ်ခဲ့ကြပါတယ်"

ထိုကိစ္စနှင့်ပတ်သက်၍ ပြဿနာမရှိပေ။ ယွီရှီက မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။ "ဒါဆို သူတို့က ဘာလို့ မင်းကို ရုတ်တရက်ကြီး အလျင်စလိုနဲ့ ငါ့ကိုလာရှာခိုင်းရတာလဲ"

မိန်းမစိုးလေးက မြန်မြန်လျှောက်တင်သည်။ "ပြဿနာကတော့ ဘယ်ကမှန်းမသိတဲ့ သူတွေပါပဲ။ သူတို့က မြို့တော်မှာရှိတဲ့ ချန်အန်းမင်းသားအိမ်တော်နဲ့ ကျွန်တော်တို့အိမ်တော်ကို ကျွန်တော်တို့ သူလျှိုတွေထက် ခြောက်နာရီစောပြီး ရောက်လာကြပါတယ်။ သူတို့ ဘယ်ကရောက်လာကြတာပါလဲ။ အရှင့်သားကို လျှောက်တင်ဖို့ စောင့်နေမဲ့အစား သူတို့က ဘယ်သူ့ကိုမဆို လျှောက်တင်ခဲ့ကြပါတယ်။ ကျွန်တော်တို့ သူလျှိုတွေကိုတောင် ခြောက်လှန့်လိုက်ပါသေးတယ်"

ယွီရှီ ဒေါသထွက်သွားသည်။ "သူတို့က ဘာပြောလဲ"

မိန်းမစိုးလေးမှာ အလွန်ထိတ်လန့်နေသည်။ သူကပြောသည်။ "ချန်အန်းမင်းသား ချုံခိုတိုက်ခိုက်ခံရပြီး... ကွယ်လွန်သွားပြီဆိုပြီး အိမ်တော်နှစ်ခုလုံးမှာ ပွက်လောရိုက်အောင်လုပ်ခဲ့တာပါ"

ရုတ်တရက် ယွီရှီ၏ခေါင်းမှာ စူးထိုးသော ခေါင်းကိုက်မှုကို ခံစားလိုက်ရသည်။

ယွီရှီသည် ရွှမ်ရွေ့ ချန်အန်းသို့ ပြန်ရာတွင် မရေမတွက်နိုင်သော သူလျှိုများစွာကို လွှတ်ထားခဲ့သည်။ ယွီရှီ၏အစီအစဉ်အရ ဤသူလျှိုများသည် ရွှမ်ရွေ့အား ကာကွယ်ပေးကာ သေချာမပြတ် စောင့်ကြည့်ရမည်ဖြစ်သည်။ ယွီမုချန် ရွှမ်ရွေ့အား တကယ် တိုက်ခိုက်ခဲ့လျှင် သူလျှိုများက ရွှမ်ရွေိ့ကို ကာကွယ်ပေးမည်ဖြစ်သည်။ ယွီမုချန် ရွှမ်ရွေ့ကို တိုက်ခိုက်ဟန်ပြုလျှင် အခြေအနေကို အခွင့်ကောင်းယူကာ မြို့တော်သို့ လူလွှတ်၍ ယွီရှီကို အကြောင်းကြားပေလိမ့်မည်။

ယွီရှီထံတွင် တစ်ကိုယ်ကောင်းဆန်သော အစီအစဉ်များရှိသည်။

ယွီမုချန် လှုပ်ရှားပါ့မလား ဆိုသည်ကို သူမသေချာပေ။ သူ မလှုပ်ရှားခဲ့လျှင် ယွီရှီသည် ရွှမ်ရွေ့ကို ငါးစာအဖြစ် အသုံးချကာ ယွီမုချန်ကို မျှားခေါ်ချင်ခဲ့သည်။ ထို့နောက် ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်နေရန်ဖြစ်သည်။

ပထမဆုံးအနေနှင့် ကျုံးဝမ် စိတ်ပူမှာကို ရှောင်ရန်ဖြစ်သည်။ ဒုတိယအနေနှင့်...

ကျုံးဝမ် သူ့အစီအစဉ်ကို သဘောမတူမှာကို ယွီရှီကြောက်မိသည်။

ကနဦးတွင် ယွီရှီထံ၌ အကြံကောင်းရှိခဲ့သည်။ ရွှမ်ရွေ့ ချုံခိုတိုက်ခိုက်ခံရသည့် သတင်းမှာ မြို့တော်သို့ ရောက်လာရန် အချိန်ယူရလိမ့်မည်။ ထို့အပြင် သူ့သူလျှိုများထက်တော့ မမြန်နိုင်ပေ။ တကယ်တိုက်ခိုက်ခံရပါက ကျုံးဝမ်ကို ရှင်းပြနိုင်ရန် ယွီရှီထံတွင် အချိန်ရှိသေးသည်။ ယွီမုချန် ရွှမ်ရွေိ့ကို ယာယီသာ ထိန်းသိမ်းထားခြင်းဖြစ်လိမ့်မည်။

သို့သော် ယခုမူ...

ယွီရှီ၏မျက်နှာမျာ ထိန်းမရနိုင်အောင် ပျက်ယွင်းနေတော့သည်။ "... သူတို့က အဲ့အမြွှာလေးနှစ်ယောက်ကိုတောင် တမင်တကာ သွားလျှောက်တင်လိုက်ကြသေးတယ်ပေါ့လေ"

မိန်းမစိုးလေးက ပြောသည်။ "ဟုတ်ပါတယ်။ ကျွန်တော်တို့မှာ အဲ့သခင်ငယ်လေးနှစ်ယောက် ဘာကိုမှ နားမလည်ဘဲ သခင်လေးကျုံးကို သွားရှင်းပြခိုင်းမှာကို စိုးရိမ်လိုက်ရပါသေးတယ်။ အရင်က သခင်လေးကျုံးက အရင်ချန်အန်းမင်းသား သူ့အပိုင်စားမြေကို ပြန်တဲ့လမ်းမှာ အရှင့်သားက တာဝန်ယူလိမ့်မယ်ဆိုပြီး သူတို့ကို ကတိပေးထားခဲ့ပါတယ်။ ဘာမှမမှားယွင်းနိုင်ပါဘူး။ အခု ဒီလိုဖြစ်တော့ အဲ့သခင်ငယ်လေးနှစ်ယောက်က အမှားအမှန်ကို မပြောနိုင်ဘဲ အရှင့်သားကို သံသယထပ်ဝင်မှာကို စိုးရိမ်မိပါတယ်..."

ယွီရှီ၏အသံမှာ ရေခဲကဲ့သို့ အေးစက်နေသည်။ "သတင်းအစအနလေးတစ်ခုကမှ မြို့တော်ကနေ လာတာမဟုတ်ဘူး၊ ဒါတောင် ငါ့လူတွေက ဘာဖြစ်တယ်ဆိုတာကို သိနေကြပြီ။ ငါက လက်သည်မဟုတ်ဘူးဆိုတာကို ဘယ်သူက ယုံပါ့မလဲ"

သူ အံကြိတ်လိုက်သည်။ ယခုတလော သူ အလွန်တင်းတိမ်နေခဲ့မိသည်။

ယွီမုချန်သည် သူ့ကိုစောင့်နေခဲ့သည်။

လတ်တလောတွင် ယွီရှီအတွက် အရာအားလုံး ချောမွေ့နေခဲ့သည်။ ယွီမုချန်အနေနှင့် ထိုသို့သော အနှောင့်အယှက်ကင်းသည့် အခြေအနေမျိုးကို မည်သို့ လက်ခံနိုင်အံ့။

ယွီရှီသည် သူနှလုံးခုန်သံ မူမမှန်ဖြစ်နေသည်ကို ခံစားနေရသည်။ ထိုနှင့်အတူ သူ့ရင်ထဲတွင် စိတ်ဓာတ်ကျခြင်းတို့ကလည်း ကြီးကျယ်စွာ လွှမ်းမိုးသွားခဲ့သည်။ မင်သားနင်အတွက် ယခင် အမိန့်ပြန်တမ်းကို သူ ပြောင်းပြန်လှန်နိုင်ရန် ကြိုးစားနေခဲ့သည်။ ကျုံးဝမ်ကို စိတ်မပူစေလို။ သို့ဆိုလျှင် ကျုံးဝမ်နှင့် ထိုအမြွှာလေးနှစ်ယောက်က သူ ရွှမ်ကျင်းကို အသုံးချသည်ဟု အဘယ်ကြောင့် သံသယဖြစ်ကြမည်နည်း။ အဘယ့်ကြောင့်နည်း။

သူ မည်သည့်အတွက် ဤကိစ္စအားလုံးကို လုပ်ခဲ့သနည်း။

သူ့ရင်ထဲတွင် အရိုင်းဆန်သော စိတ်များ ဖြတ်ပြေးသွားသည်။ လူတိုင်းကို မမုန်းမိအောင် သူ့ကိုယ်သူ ထိန်းချုပ်ရန်မှာ ခက်ခဲလှသည်။ ယွီရှီသည် သူ စိတ်ဖောက်တော့မည်ကို သိနေသည်။ သူ့ကိုယ်သူ ဟန်မပျက်စေရန် သူအတတ်နိုင်ဆုံး ကြိုးစားနေသည်။ "အ-အရင်ဆုံး ပြန်ကြရအောင်..."

နေဝင်ရီတရော ဖြစ်နေလေပြီ။ ယွီရှီအိမ်တော်သို့ ပြန်ရောက်သောအခါ ရူးသွပ်မသွားအောင် အတင်းထိန်းချုပ်နေရသည်။

ရုတ်တရက် သူ့နှလုံးသားကို ကြောက်ရွံ့မှုက ကြီးစိုးသွားသည်။ ယခင်ကကဲ့သို့ ကျုံးဝမ်မရှိတော့မှာကို သူကြောက်နေမိသည်။

ကျုံးဝမ်၏ ခြံဝန်းငယ်လေးမှာ ယခင်ကကဲ့သို့ တိတ်ဆိတ်နေသည်။

လိပ်ပြာလွင့်မတတ် ကြောက်ရွံ့ကာ ယွီရှီသည် ထိုနေရာသို့ အလောတကြီး ပြေးသွားခဲ့သည်။ ကျုံးဝမ်၏အိပ်ခန်းတံခါးကို တွန်းဖွင့်လိုက်စဉ် သူ့လက်များကပင် တုန်နေခဲ့သည်။

အထဲတွင် ကျုံးဝမ်သည် သူ့လက်မောင်းကို ခေါင်းအုံးသဖွယ်သုံးလျက် ခန္ဓာကိုယ်အပေါ်ပိုင်းမှာ စားပွဲပေါ်တွင် မှောက်နေသည်။ သူ အိပ်ပျော်နေလေသည်။

ယွီရှီသည် အနည်းငယ် ယိုင်နေခဲ့ပြီး သူ့ရင်ထဲမှ အပူမီးမှာ ချက်ချင်းဆိုသလို ခြေလက်လေးချောင်းရှိ အရိုးများထဲသို့ ပြန့်သွားခဲ့ပြီး လုံးဝ ငြိမ်းသွားတော့သည်။

သူ တွန့်ဆုတ်နေမိပြီး ရှေ့သို့ ခြေလှမ်းအနည်းငယ်တိုးကာ ကျုံးဝမ်၏ပုခုံးကို ဖြည်းဖြည်း ပုတ်လိုက်သည်။

ကျုံးဝမ်သည် လှုပ်သည်ဆိုရုံမျှ လှုပ်သွားခဲ့သည်။

ကျုံးဝမ် မျက်လုံးများကို ဖွင့်လိုက်သည်။ ယွီရှီ၏ နီရဲနေသော မျက်လုံးများကို တွေ့လိုက်ရသောအခါ ရင်တုန်သွားရတော့သည်။ စိတ်ကို ပြန်တည်ဆောက်နိုင်သည်နှင့် သူ မေးလိုက်သည်။ "ပြန်လာပြီလား"

ယွီရှီ၏တစ်ကိုယ်လုံးမှာ တင်းမာနေခဲ့သည်။ သူ့စကားလုံးများကို ကြားပြီးနောက် သူက တောင့်တင်းစွာ ခေါင်းညိတ်လေသည်။

ဖြစ်လာနိုင်သမျှ အန္တရာယ်အားလုံးကို တုံ့ပြန်ရန်အသင့်ဖြစ်နေသော ယွီရှီ၏မျက်နှာကို ကြည့်လျက် ကျုံးဝမ်မှာ ကူကယ်ရာမဲ့ကာ ရင်နာနေရသည်။ "ကျစ်ရုန်..."

သို့သော် သူ ပြောချင်သည့်စကားတို့ကို မျိုသိပ်ထားလိုက်ရသည်။ သူ ယွီရှီကို စူးစူးစိုက်စိုက် ကြည့်နေမိသည်။ "အဲလိုသတင်းမျိုး ငါ ရုတ်တရက် ကြားလိုက်ရတော့ မင်းကို လုံးဝ သံသယမဝင်မိဘူး။ မင်း ဘာလို့ ငါ့ဆီကနေ သင်ယူပြီးတော့...ငါ့ကိုပိုပြီး မယုံကြည်ပေးနိုင်ရတာလဲ"

ယွီရှီ မိန်းမောသွားမိသည်။ ရုတ်တရက် သူ မတုံ့ပြန်နိုင်တော့ပေ။

ကျုံးဝမ်ထံမှ သက်ပြင်းချသံ ထွက်ပေါ်လာသည်။ "...မင်း ဘာဖြစ်နေတာလဲ။ မင်း ဘာလို့ ဒီလောက် လက်လွတ်စပယ်နိုင်တာလဲ။ ကံကောင်းလို့ စုန်ရှင်းနဲ့ ရွှမ်ယွီက ငါ့ဆီ ဒီနေ့လာလည်လို့၊ သူတို့ကို သတင်းပေးချင်တဲ့ သူတွေကို တားလိုက်နိုင်တယ်။ မဟုတ်ရင် သူတို့ ပွက်လောရိုက်အောင် လုပ်သွားလို့ရှိရင် မင်း ဘယ်လိုဖြေရှင်းမလဲ။ အဲ့ကလေးနှစ်ယောက်က စိုးရိမ်ပြီး ဘာလုပ်ရမှန်းမသိဘဲ ဒီအကြောင်း လွှတ်တော်ကို တင်ပြလိုက်ဆိုပြီး တခြားသူတွေ လှည့်စားတာခံလိုက်ရရင် ဘယ်လိုလုပ်ကြမလဲ"

ယွီရှီမှာ စိတ်ပြန့်နေဆဲပင်။ သူတွေးနေမိသည်။ တခြားသူတွေ ပြဿနာရှာချင်တယ် ဆိုရင်လည်း ရှာပါစေပေါ့။ ငါနဲ့ ဘာဆိုင်လို့လဲ။ ငါ ဒီလွန်ခဲ့တဲ့ နှစ်တွေမှာ ဆိုးဝါးလွန်းတဲ့ ကိစ္စတွေအများကြီး လုပ်ခဲ့ဖူးတယ်။ ငါ ဘာကို ကြောက်နေရမလဲ။

ငါကြောက်တဲ့ တစ်ခုတည်းသော အရာက မင်း ငါ့ကို အထင်လွဲမှာကိုပဲ။

ကျုံးဝမ်သည် ယွီရှီကို စိတ်ညစ်အောင် မလုပ်လိုပေ။ ဖြည်းဖြည်းချင်းစီ သူ ယွီရှီ၏လက်ကို လှမ်းကိုင်လိုက်သည်။ အသံတိုးတိုးဖြင့် သူကပြောသည်။ "မင်းက ရွှမ်ရွေ့ကို ငါးစာလုပ်ပြီး ဒီအခြေအနေကို အခွင့်ကောင်းယူပြီး သူ့ကို မင်းသားယွီဆီပေးချင်တာ။ ဒီအကောင်းဆုံး ရုပ်သေးရုပ်ကို ထိန်းချုပ်နိုင်ပါတယ်ဆိုပြီး မင်းသားယွီ သူ့ကိုယ်သူ ယုံကြည်မှုရှိအောင် လုပ်ချင်တာ။ ဒီလိုမှပဲ မင်းသားယွီက မင်းသားနင်ကိစ္စ အမိန့်တော်ပြန်တမ်းကို တရားဝင် ပြောင်းပြန်လှန်တဲ့နေရာမှာ အကောင်းဆုံးကြိုးစားပြီး သူ့ရုပ်သေးရုပ်ကို နန်းတင်ဖို့ လုပ်အောင်လို့ မဟုတ်လား"

ယွီရှီ၏မျက်ဆန်တို့ တုန်လှုပ်သွားခဲ့သည်။ သူက အနည်းငယ်သာ ခေါင်းညိတ်ပြသည်။

"ရွှမ်ရွေ့က နည်းနည်းလေး ထိခိုက်မိသွားခဲ့ရင်တောင်မှ မင်းက မင်းသားနင်နဲ့ ကြင်ယာတော်မင်းသမီးနင်ကို အမိန့်ပြန်တမ်းပြန်လှန်ဖို့အတွက် ကူညီပေးနေဦးမှာပဲလေ" ထို့နောက် ကျုံးဝမ်ပင် သတိမထားလိုက်မိဘဲ အသံမှာ ပို၍လေးနက်လာလေသည်။ "ဒါပေမဲ့ သားတစ်ယောက်အနေနဲ့တော့ ရွှမ်ရွေ့က သူ့မိဘတွေအတွက် နည်းနည်းလောက် ထိခိုက်မိတာ ဖြစ်သင့်တာပဲ မဟုတ်ဘူးလား"

ယွီရှီမှာ အရိုးထဲထိတိုင် ထိတ်လန့်သွားတော့သည်။

ကျုံးဝမ်သည် အနည်းအကျဉ်းလောက်လေးပင် ပြင်ဆင်မထားခဲ့ပေ။ ရွှမ်ရွေ့ကွယ်လွန်သည့် သတင်းရရချင်းတွင် အံ့ဩတုန်လှုပ်ပြီး တဒင်္ဂဝယ် တစ်ခုခုလွဲနေသည်ဟု အာရုံရ၍ ဟန်မပျက်အောင် ထိန်းထားခဲ့သည်။ ထိုသူလျှိုများကို ဖမ်းဆီးကာ အမြွှာနှစ်ယောက်ကို အချိန်ပိုကြာကြာ ထိုင်ခိုင်းပြီး သတင်းကို ဖုံးထားရသည်။ တစ်ချိန်ထဲတွင် လင်စစ်ကို မြန်မြန်ခေါ်ရန် လူများအား အမိန့်ပေးခဲ့သည်။ ထို့နောက် အမြွှာလေးနှစ်ယောက် ဤသတင်းကို သိသွားလျှင် အလွန်ဆိုးလှမည်ဖြစ်ကြောင်း လင်စစ်ကိုပြောခဲ့သည်။ လင်စစ်ကို ထိုကလေးနှစ်ယောက်အား စောင့်ကြည့်ခိုင်းပြီး ထိုမကောင်းကြံသူတို့ မဟုတ်မမှန်စကား ပြောလို့မရစေအောင် လုပ်ခိုင်းထားသည်။

ခက်ခဲလှစွာဖြင့် ကျုံးဝမ်သည် ယွီရှီ၏အရှုပ်အထွေးကြီးကို ရှင်းလင်းခဲ့သည်။ ထို့နောက် စိတ်ရောကိုယ်ပါ ပင်ပန်းလှစွာဖြင့် ခန္ဓာကိုယ်အပေါ်ပိုင်းကို စားပွဲပေါ်သို့မှီကာ အိပ်ပျော်သွားတော့သည်။

ယွီရှီသည် ကျုံးဝမ်၏နောက်ကျောတွင် အရာကိစ္စများစွာ လုပ်ထားသောကြောင့် ကျုံးဝမ် စိတ်မတိုဘဲနေရန် မဖြစ်နိုင်ပေ။ ယခုအချိန်တွင် ယွီရှီ သူ့ကိုမယုံကြည်ကြောင်း သူတွေ့လိုက်ရသောအခါ သူ့ဒေါသမှာ အထွဋ်အထိပ်သို့ ရောက်သွားတော့သည်။

ကျုံးဝမ်မှာ ပင်ပန်းနွမ်းလျနေသည်။ "အခုအချိန်အထိ ငါ မင်းထက် ရွှမ်ရွေ့ကို ပိုဂရုစိုက်တယ်လို့ မင်းထင်နေတုန်းပဲမလား"

ယွီရှီသည် ရုတ်တရက်ဆန်သော ဤမေးခွန်းကြောင့် ထိတ်လန့်သွားခဲ့ပြီး ဘာမှမတုံ့ပြန်နိုင်ပဲရှိသည်။ သူ့မျက်လုံးများမှာ နီရဲနေခဲ့ပြီး ကျုံးဝမ်ကိုပင် ရှင်းလင်းပြတ်သားစွာ မမြင်နိုင်ပေ။ သူ ပြောချင်သည့် စကားများစွာ ရှိသော်လည်း သူ့လည်ချောင်းထဲတွင် တစ်ဆို့နေသည်။ ထို့အပြင် သူ စကားတစ်လုံးလေးကိုမှ ပြောမထွက်ပေ။

ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်သည့်အနေနှင့် သူ လက်သီးကို တင်းတင်းဆုပ်ထားမိပြီး စိတ်မဖောက်သွားရန်၊ ရူးသွပ်မသွားရန်နှင့် ကွေ့ယွမ်ကို မထိခိုက်ရန် သူ့ကိုယ်သူ ထပ်တလဲလဲ ပြောနေမိသည်။

ကနဦးတွင် ကျုံးဝမ်သည် ယွီရှီကို ဖြစ်သမျှအားလုံး ပွင့်ပွင့်လင်းလင်း ပြောပြချင်သော်လည်း ယခုမူ ယွီရှီ၏သွင်ပြင်ကို ကြည့်ခြင်းအားဖြင့် သူ ဘာပြောပြော အကြောင်းထူးမည်မဟုတ်ပေ။

ကျုံးဝမ်က မတ်တပ်ထရပ်လိုက်သည်။ "တော်ပြီ။ ငါ ဆက်မပြောချင်တော့ဘူး"

ယွီရှီ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ သံထည်ကြီးကဲ့သို့ တောင့်တင်းနေသည်။ သူ ရှေ့သို့ အသိစိတ်ရှိတစ်ဝက် မရှိတစ်ဝက်ဖြင့် ခြေတစ်လှမ်းတိုးလိုက်ပြီး စားပွဲစွန်းကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ ကျုံးဝမ် ထွက်မသွားအောင် သူတားချင်သော်လည်း သူ ကျုံးဝမ်ကို ထိရန်ကြိုးစားလိုက်လျှင် ကျုံးဝမ်၏လက်ကောက်ဝတ်ကို လိမ်ချိုးလိုက်မိမှာကိုလည်း စိုးရိမ်နေမိပြန်သည်။

သို့သော် ကျုံးဝမ်က ထွက်မသွားခဲ့ပေ။

ယွီရှီ၏ရှေ့တွင် သူ ရပ်နေကာ သက်ပြင်းချလိုက်သည်။ "မင်းလိုလူတွေကို ပြောနေလို့လည်း ဘာမှမထူးဘူး။ အဲ့အစား လုပ်လိုက်တာကမှ ပိုကောင်းတယ်..."

ကျုံးဝမ်က ယွီရှီ၏ခါးတွင် ချိတ်ဆွဲထားသော ကျောက်စိမ်းဆွဲပြားလေးကို ဆွဲယူလိုက်ပြီး အနားသို့ ပစ်ချထားလိုက်သည်။ ထို့နောက် ယွီရှီ၏ခါးပတ်ကို ဖွဖွကလေး ဖြည်လိုက်တော့သည်။

ယွီရှီမှာ အလွန်ထိတ်လန့်သွားပြီး အလိုလို နောက်သို့ ခြေလှမ်းတစ်ဝက် ဆုတ်လိုက်မိသည်။ သို့သော် ကျုံးဝမ်က သူ့ကိုကပ်တွယ်နေသည်။

ကျုံးဝမ်သည် ဖယောင်းတိုင်ကို ကောက်ကိုင်လိုက်ပြီး ပြောင်းပြန်လှန်လိုက်ကာ မီးတောက်ကို စားပွဲ၏မျက်နှာပြင်သို့ ဖိချလိုက်ပြီး မီးငြိမ်းစေလျက် တစ်ခန်းလုံးကို အမှောင်ကျသွားစေသည်။

အမှောင်ထုကို အကာအကွယ်ယူလျက် ကျုံးဝမ်က ခေါင်းကိုမော့ကာ ယွီရှီကို နှုတ်ခမ်းထက်တွင် နမ်းလိုက်သည်။ ထို့နောက် အသံတိုးတိုးဖြင့် သူကပြောလိုက်သည်။ "အရင်တစ်ခေါက်က ငါ့ကို မင်းကူညီပေးခဲ့တယ်။ ဒီနေ့တော့... ငါ မင်းကို အများကြီး ဂရုစိုက်ပေးမယ်"

5.3.2022

Thanks for reading

Zawgyi

ရႊမ္ေရြ႕အား ထန္မင္ လွည့္ဖ်ားကာ ၿမိဳ႕ေတာ္သို႔ ျပန္လာေစစဥ္က ယန္ပင္းရွန္သည္ ထိုသတင္းကို က်ဳံးဝမ္ထံသို႔ တိတ္တဆိတ္ ပို႔ခဲ့သည္။ ဤသည္မွာ ရႊမ္ေရြ႕အေပၚ လုံးဝသစၥာေဖာက္သည္ဟု ေျပာ၍ရေပသည္။ ထိုအခ်ိန္မွစ၍ အိမ္ေတာ္ထိန္းယန္သည္ ၿမိဳ႕ေတာ္ရွိ ခ်န္အန္းမင္းသားအိမ္ေတာ္တြင္သာ ေနထိုင္လ်က္ အႁမႊာႏွစ္ေယာက္ကို ခစားခဲ့သည္။ ယခင္က အေၾကာင္းအရာမ်ားစြာကို သူတို႔အား သူ ေျပာျပခဲ့ပုံေပၚသည္။

ရႊမ္စုန္ရွင္း အိပ္မက္မက္သမၽွတို႔မွာ သူ႔အား ႏွစ္သိမ့္ရန္အတြက္ ဖန္တီးထားေၾကာင္းကို က်ဳံးဝမ္ အေသအခ်ာသိသည္။ သို႔ေသာ္ ရႊမ္စုန္ရွင္းမွာ ၾကင္ယာေတာ္မင္းသမီးနင္ႏွင့္ အေတာ္ေလးတူ႐ုံသာမက သူ႔ကိုႏွစ္သိမ့္လၽွင္ ၾကင္ယာေတာ္မင္းသမီးသုံးေသာ ေလသံႏွင့္ေျပာေသာေၾကာင့္ က်ဳံးဝမ္မွာ ကေလးႏွစ္ေယာက္ေရွ႕တြင္ ဟန္ပ်က္လုနီးပါးပင္။

ျပတင္းေပါက္ အျပင္ဘက္သို႔ သူ ေတြေဝလ်က္ ေငးၾကည့္ေနမိသည္။ ႐ုတ္တရက္ ယြီရွီ ယခင္ကေျပာခဲ့ဖူးေသာ အေၾကာင္းအရာတစ္ခုကို သူ မွတ္မိသြားသည္။

သူကေျပာသည္၊ ေကြ႕ယြမ္၊ တခါတေလက် ငါ တကယ္ ဘယ္သူ႔ကို မုန္းရမယ္မွန္း မသိဘူး။

ယခင္တစ္ေခါက္ ထန္မင္၏ ဆင္ေျခဖုံးအိမ္ေတာ္တြင္ က်ဳံးဝမ္သည္ ရႊမ္ေရြ႕ေျပာေသာ စကားေၾကာင့္ ေသြးအန္ခဲ့သည္။ က်ဳံးဝမ္ ယခုခံစားေနရသည္ႏွင့္ ထပ္တူညီလုနီးပါး ခံစားခဲ့ရသည္။

ဤႏွစ္ေပါင္းမ်ားစြာတြင္ သူ အမွားမ်ားစြာကို လုပ္ခဲ့သည္။ ဤသည္ကို က်ဳံးဝမ္ ဝန္ခံသည္။

မာနေထာင္လႊားကာ ေခါင္းမာေသာ ငယ္စဥ္က အေတြးအေခၚမ်ားသည္ ဖုန္မႈန႔္မ်ားထဲသို႔ ေရာပါသြားခဲ့ေလၿပီ။ ယခုက်ဳံးဝမ္သည္ မည္သည့္ ေလွာင္ေျပာင္ခံရမႈမ်ိဳးကိုမဆို ခံနိုင္ရည္ရွိသည္။

သို႔ေသာ္ ရံဖန္ရံခါ အခ်ိန္မ်ိဳးမ်ားတြင္ေတာ့ လြန္ကဲလွသည္ဟု သူခံစားလာရသည္။ ငယ္စဥ္ကတည္းက သူ ပ်ိဳးေထာင္ခဲ့ရေသာ ညီငယ္မွာ သူ႔ကို သံသယဝင္ေနသည္၊ သူကိုယ္တိုင္ ရွင္းျပခ်င္ေနသည့္တိုင္ ဘာေျပာရမည္ကိုပင္ မသိ။

မင္းသားနင္ႏွင့္ ၾကင္ယာေတာ္မင္းသမီးနင္တို႔ ယခင္က သူ႔ကို ႀကီးက်ယ္လွစြာ ခ်ီးျမႇင့္ေျမႇာက္စားခဲ့မႈမ်ားေၾကာင့္ ရႊမ္ေရြ႕ သူ႔ကိုသတ္လိုက္လၽွင္ပင္ သူ ဘာေျပာနိုင္ဦးမည္နည္း။

ရႊမ္စုန္ရွင္း မတိုင္မီက ေျပာခဲ့ေသာ စကားမ်ားကို က်ဳံးဝမ္ ထပ္တလဲလဲ ျပန္ေတြးေနမိသည္။ သို႔ေသာ္ သူ႔ရင္ထဲ၌မူ အမွန္တကယ္ မမွတ္ယူဝံ့ေပ။

မင္းသားနင္ႏွင့္ ၾကင္ယာေတာ္မင္းသမီးနင္တို႔ ေကာင္းကင္ဘုံမွ ၾကည့္ေနၾကရင္း သူလဲက်ေနပုံမ်ားႏွင့္ လြန္ခဲ့ေသာ ႏွစ္မ်ားက သူလုပ္ခဲ့ေသာ ရွက္ရြံ့ဖြယ္ကိစၥမ်ားကို ျမင္သြားပါက အမွန္တကယ္ စိတ္မပ်က္ဘဲ ေနၾကမည္လား။

သူ႔ႏွလုံးသားထဲတြင္ ရန္သူ၏သားကို ရွိထားကာ ေျမာက္မွေတာင္၊ ေတာင္မွေျမာက္သို႔သြားလ်က္ ယခုမူ အတူတူပင္ေနေနၾကၿပီး လက္ပြန္းတတီးရွိေနၾကေၾကာင္းကို သူတို႔သိသြားပါက ေက်းဇူးကန္းေသာ ေကာင္စုတ္ေလးအျဖစ္ ျပင္းျပင္းထန္ထန္ ဆုံးမျပစ္တင္ျခင္းမရွိဘဲ ေနမည္လား။

"ၿပီးေတာ့လည္း..."

ရႊမ္စုန္ရွင္းက မ်က္ရည္တို႔ကိုသုတ္ကာ ခံစားခ်က္ကိုျပန္ထိန္းေနသည္။ "မယ္ေတာ္က ေျပာေသးတယ္..."

ရႊမ္ယြီ၏ပုခုံးတို႔မွာ အဆုံးမသတ္နိုင္ေသာ ရွိုက္ငင္မႈမ်ားေၾကာင့္ တုန္ရီေနခဲ့ၿပီး ရႊမ္စုန္ရွင္းကို ႏွစ္ႀကိမ္ႏွစ္ခါတိုင္ အေႏွာင့္အယွက္ျဖစ္ေစခဲ့ေလသည္။ သူက စိတ္မရွည္ျဖစ္လာၿပီး ေဒါသထြက္လာေတာ့သည္။ "နင္ မၿပီးေသးဘူးလား။ မယ္ေတာ္ရဲ့ စကားကို နင္ ၾကားခ်င္လား၊ မၾကားခ်င္ဘူးလား"

ဤအခ်င္းအရာသည္ ရႊမ္ယြီကို ေခါင္းငုံ႔သြားေစၿပီး အသံထပ္မထြက္ရဲေတာ့ေအာင္ ေၾကာက္သြားေစသည္။

ရႊမ္စုန္ရွင္းက ေခ်ာင္းဟန႔္ေလသည္။ ထို႔ေနာက္ ၾကင္ယာေတာ္မင္းသမီးနင္၏ ေလသံကဲ့သို႔ ျပန္ေျပာင္းလိုက္ၿပီး အရြယ္ႏွင့္မလိုက္ေအာင္ ေျပာေလသည္။ "မယ္ေတာ္က ယြီရွီကို စိတ္မတိုဖို႔နဲ႔ တမင္တကာ ျပႆနာမရွာဖို႔၊ စိတ္အလိုကို မလိုက္ဖို႔၊ ဘာကိုမွ မရွင္းျပဘဲ ထြက္ထြက္မသြားဖို႔ပါ မွာလိုက္ေသးတယ္"

က်ဳံးဝမ္မွာ ဆြံ့အသြားေလေတာ့သည္။

ယြီရွီ ရႊမ္စုန္ရွင္းေရွ႕တြင္ သ႐ုပ္ေဆာင္ျပခဲ့မႈသည္ အင္မတန္ ေအာင္ျမင္ခဲ့သည္။ ယခုမူ သူ ယြီရွီအေၾကာင္းေတြးေလေလ ဝမ္းနည္းလာေလေလျဖစ္သည္။ က်ဳံးဝမ္ကို ၾကည့္ေလေလ ဇီဇာေၾကာင္လြန္းသည္ဟု ျမင္လာေလေလျဖစ္သည္။

ရႊမ္စုန္ရွင္းသည္ စိတ္အလိုေနာက္လိုက္ကာ ၾကင္ယာေတာ္မင္းသမီးနင္၏ ေလသံအတိုင္း က်ဳံးဝမ္ကို ရွည္လ်ားေထြျပားေသာ ဆုံးမဩဝါဒႀကီး ေႁခြေလေတာ့သည္။

က်ဳံးဝမ္မွာ ရယ္ရခက္၊ ငိုရခက္ျဖစ္ေနၿပီး သူ႔စိတ္ထဲမွ ဝမ္းနည္းမႈမွာလည္း လုံးဝကြယ္ေပ်ာက္သြားရေတာ့သည္။

သူက ရႊမ္စုန္ရွင္းႏွင့္ ရႊမ္ယြီတို႔ကို ေန႔လည္စာစားရန္ ေနေစသည္။ သူတို႔သုံးဦးသည္ ဤသို႔ ခ်န္အန္းမင္းသား အိမ္ေတာ္မွာကဲ့သို႔ အတူစားေသာက္ရင္း ေန႔စဥ္ဘဝအေၾကာင္း စကားစျမည္ မေျပာရသည္မွာ အလြန္ၾကာခဲ့ေလၿပီ။

ရႊမ္ယြီအတြက္ မည္သို႔ေသာ ဆရာမ်ိဳးခန႔္အပ္သင့္ေၾကာင္း ရႊမ္စုန္ရွင္းႏွင့္ က်ဳံးဝမ္ေဆြးေႏြးေနစဥ္ အိမ္ေတာ္ထိန္းဖုန္က အခန္းထဲသို႔ ထိတ္လန႔္သုတ္ျပာေသာ အမူအရာမ်ိဳးျဖင့္ ဝင္လာေလသည္။ သူက က်ဳံးဝမ္ကို ၾကည့္လိုက္ၿပီး တစ္ခုခုေျပာခ်င္ေသာ္လည္း တြန႔္ဆုတ္ေနသည္။

က်ဳံးဝမ္၏စိတ္ထဲတြင္ အနည္းငယ္ မွိုင္းသြားခဲ့သည္။ စိတ္ပူဟန္မျပဘဲ သူ႔ထံတြင္ လုပ္စရာကိစၥမ်ား ရွိေသးသည္ဟု ေျပာလ်က္ ရႊမ္ယြီႏွင့္ ရႊမ္စုန္ရွင္းတို႔အား ဆက္စားေစသည္။ ထို႔ေနာက္ မတ္တပ္ထရပ္ကာ အခန္းထဲမွ ထြက္လာခဲ့ေတာ့သည္။

က်ဳံးဝမ္က အခန္းျပင္တြင္ ေစာင့္ေနေသာ အိမ္ေတာ္ထိန္းဖုန္ေနာက္မွလိုက္ကာ ၿခံဝန္းထဲသို႔ ဆင္းလာခဲ့သည္။ သူ မ်က္ေမွာင္ၾကဳတ္လိုက္မိသည္။ "ဘာလဲ။ လႊတ္ေတာ္မွာ တစ္ခုခုျဖစ္လို႔လား။ ဒါမွမဟုတ္ က်စ္႐ုန္..."

"မင္းသားနဲ႔ ဘာမွမဆိုင္ပါဘူး" အိမ္ေတာ္ထိန္းဖုန္က က်ဳံးဝမ္၏အခန္းထဲသို႔ အလ်င္လိုသည့္ မ်က္ႏွာမ်ိဳးျဖင့္ ဟိုဟိုဒီဒီၾကည့္ေနေလသည္။ "အစကေတာ့ ကၽြန္ေတာ္ သခင္ေလးကို ဒီအေၾကာင္း မေျပာဝံ့ပါဘူး။ အရွင့္သားျပန္လာတဲ့အထိ ေစာင့္ၿပီးေတာ့ အရွင့္သားရဲ့ သေဘာကိုေမးခ်င္တာပါ။ ဒါေပမဲ့ ဒီသခင္ငယ္ေလးေတြက ကၽြန္ေတာ္တို႔ အိမ္ေတာ္မွာပဲ ရွိေသးတယ္။ သူတို႔ထြက္သြားရင္ အျပင္ေရာက္တာနဲ႔ သတင္းၾကားၿပီး တစ္ခုခုျဖစ္သြားမွာကို ကၽြန္ေတာ္ စိုးရိမ္လို႔ပါ။ အခု ကၽြန္ေတာ္တို႔ ဒီအိမ္ေတာ္မွာ အာဏာရွိတဲ့ လူတစ္ေယာက္ကို လိုေနပါတယ္"

က်ဳံးဝမ္ ရယ္မိသည္။ "တကယ္ပဲ ဘာျဖစ္တာလဲ"

အိမ္ေတာ္ထိန္းဖုန္က တံေတြးမ်ိဳခ်လိုက္သည္။ "ခ်န္အန္းက သတင္းလာပါတယ္။ အရင္ခ်န္အန္းမင္းသား ရႊမ္ေရြ႕က... သူ တစ္ခုခုျဖစ္သြားပါတယ္"

ယေန႔ လႊတ္ေတာ္တြင္ အလုပ္မ်ားေနၾကသည္။ ေလးနာရီထက္မနည္း ဆူညံေနခဲ့ၾကသည္။ ခ်ဳံအန္းမင္းႀကီးထံတြင္ ကနဦး၌ အင္အားအျပည့္ ရွိေသးသည္။ သို႔ေသာ္ ၾကာလာေသာအခါ သူ ဆက္သည္းမခံနိုင္ေတာ့ေပ။ အဆုံးတြင္ မေဆြးေႏြးရေသးေသာ စာအုပ္မ်ားအားလုံးကို အမတ္မ်ားအဖြဲ႕ထံသို႔ အဆင့္ျမင့္အမတ္ႀကီးမ်ားကို ပို႔ေစသည္။ သူကိုယ္တိုင္ကမူ အတြင္းနန္းေဆာင္ထဲသို႔ အနားယူရန္ ဝင္သြားေတာ့သည္။

အမတ္မ်ားအဖြဲ႕သို႔ ေပးရန္ဟု ဆိုရာဝယ္ တကယ္တမ္းမေတာ့ ယြီရွီထံသို႔ လႊဲေပးရန္သာ ျဖစ္သည္။

လတ္တေလာတြင္ ခ်ဳံအန္းမင္းႀကီးသည္ ယြီရွီအား 'နိုင္ငံေရးအေၾကာင္း သင္ယူ'ခိုင္း႐ုံတင္ မကေတာ့ေပ။ ခ်ဳံအန္းမင္းႀကီး၏ ညႊန္ၾကားမႈေအာက္တြင္ အမတ္မ်ားအဖြဲ႕ဝင္တို႔မွာ ဆန႔္က်င္ဘက္ကိစၥမ်ားကို လုပ္ၾကသည္။ ယြီရွီအား အေရးႀကီးေသာ စာအုပ္မ်ားေရာ၊ အေရးမႀကီးေသာ စာအုပ္မ်ားပါေပးကာ အမတ္အိုႀကီးမ်ား ေသခ်ာမဖတ္ရေသးခင္ အရင္ဖတ္ရႈေစသည္။ ျပႆနာမရွိပါက သူတို႔ တစ္ခါတည္း ခြင့္ျပဳေပးလိုက္သည္။ ျငင္းဆိုစရာမ်ားရွိလာလၽွင္ ယြီရွီႏွင့္ ေဆြးေႏြးရသည္။

ခ်ဳံအန္းမင္းႀကီးသည္ ယြီရွီကို သူ႔အား ကူညီ၍ တိုင္းျပည္ကို ကူအုပ္ခ်ဳပ္ေစခ်င္ေၾကာင္း ထုတ္မေျပာေသာ္လည္း ရႊမ္ခ်ဳံ၏မိသားစုဝင္မ်ားမွာ ဆိတ္ဆိတ္ၿငိမ္ၾကကုန္လ်က္ ဝတ္႐ုံလက္ကို မေက်မခ်မ္းျဖင့္ ခါခါလ်က္သာ ထြက္သြားၾကသည္။

ယြီရွီသည္ နိုင္ျခင္း၊ရႈံးျခင္းအေပၚ တုန္လႈပ္မေနေပ။ သူ႔ကိုယ္သူလည္း မာနဝံ့ႂကြားမေန။ ပုံမွန္ကဲ့သို႔သာ အမတ္မ်ားအဖြဲ႕သို႔ စာအုပ္မ်ား သယ္လာေစၿပီး ဖတ္ေလ့ရွိသည္။

ထိုေန႔က ယြီမုခ်န္သည္လည္း လႊတ္ေတာ္တက္ခဲ့သည္။ လႊတ္ေတာ္ၿပီဆုံးခ်ိန္တြင္ သူက အလြန္တရာ ေႏွးေကြးလွစြာ ထြက္သြားခဲ့သည္။ လူအားလုံးထက္ ေျခႏွစ္လွမ္းေနာက္က်က်န္ခဲ့ကာ ယြီရွီ၏ တစ္ခုတည္းေသာ လမ္းေၾကာင္းေပၚတြင္ ရပ္ေနခဲ့သည္။

အစကတည္းက ယြီရွီသည္ သူ႔ကို မျမင္ခ်င္ေယာင္ ေဆာင္ေနခဲ့သည္။ ယြီမုခ်န္ကို ေက်ာ္သြားခ်ိန္တြင္ သူက ညင္သာစြာ ေျပာေလသည္။ "က်စ္႐ုန္"

ယြီရွီက သူ႔ေျခလွမ္းမ်ားကို ရပ္လိုက္သည္။ သူ၏ စိတ္မပါေသာ အၾကည့္မ်ားျဖင့္ ယြီမုခ်န္ကို ၾကည့္ေနၿပီး ဆက္ေျပာရန္ အရိပ္အေယာင္ျပေနသည္။

ယြီမုခ်န္က ၾကင္နာစြာ ေျပာသည္။ "ဘာမွမဟုတ္ပါဘူး။ မင္း ခုတေလာ အလုပ္ႀကိဳးစားေနတာျမင္လို႔ ကိုယ့္ကိုယ္ကိုယ္ ဂ႐ုစိုက္ဖို႔ အႀကံေပးခ်င္တာ"

ယခင္ကသာျဖစ္ခဲ့မူ ယြီရွီသည္ နားဝင္ဆိုးေသာ စကားမ်ားကိုေျပာကာ ယြီမုခ်န္ကို ခံရခက္ေစမည္ျဖစ္သည္။ သို႔ေသာ္ သူသည္ ယခုအခ်ိန္တြင္ ခ်ဳံအန္းမင္းႀကီးကိုပင္ အေဖအျဖစ္ အသိအမွတ္ ျပဳထားၿပီ ျဖစ္ေသာေၾကာင့္ သူ႔ကို ေအာ္ဂလီဆန္ေအာင္ မည္သည့္အရာကမွ မလုပ္နိုင္ေတာ့ေပ။

ခံစားခ်က္ကင္းမဲ့လ်က္ ယြီရွီက ေခါင္းညိတ္ကာ ဆက္ေႏွာင့္ေႏွးမေနေတာ့ဘဲ ထြက္လာခဲ့ေတာ့သည္။

ယြီမုခ်န္သည္ ယြီရွီ အေဝးသို႔ ေရာက္သြားသည္ကို ၾကည့္ေနေလသည္။ သူက တစ္ေယာက္တည္း ေရရြတ္ေနသည္။ "က်စ္႐ုန္ကို တိုက္ခိုက္လို႔ရမဲ့ သတင္းေတြ အမ်ားႀကီးရွိတယ္။ တစ္ခုကိုပဲ က်ပန္းေရြးလိုက္ရင္ေတာင္ လုံေလာက္ေနၿပီ..." သူ ကိုယ္လုပ္ေတာ္ယြီကို ေျပာခဲ့ေသာ တူညီသည့္ စကားမ်ားျဖစ္သည္။

အစတြင္ ယြီမုခ်န္မွာ အျခားလူမ်ားေရွ႕တြင္ ေစတနာျပည့္ဝသည့္ အေဖႏွင့္ သိတတ္လိမၼာေသာ သားအျဖစ္ ဟန္ျပခ်င္၍ ျဖစ္မည္ဟု ယြီရွီ ေတြးခဲ့မိသည္။ ေျခာက္နာရီခန႔္ ၾကာမွသာ သူ သေဘာေပါက္သြားေတာ့သည္။

"မင္း..."

ယြီရွီသည္ သတင္းလာပို႔ေသာ မိန္းမစိုးေလးကို လူမရွိေသာ ေနရာသို႔ ေခၚလာခဲ့သည္။ "မင္း ဘာေျပာလိုက္တယ္"

မိန္းမစိုးေလးက ခါးသက္ေသာ မ်က္ႏွာမ်ိဳးျဖင့္ ေျပာသည္။ "ဒီအေစခံလည္း အေသးစိတ္အေၾကာင္းအရာေတာ့ မသိပါဘူး၊ ကၽြန္ေတာ္တို႔ သူလၽွိုေတြ ဆက္တိုက္ အလုပ္လုပ္ေနတာပဲ သိပါတယ္။ လြန္ခဲ့တဲ့ တစ္နာရီက သူလၽွိုေတြက ၿမိဳ႕ေတာ္ကို ဝင္လာၾကပါတယ္။ အရွင့္သား အိမ္ေတာ္ကို ျပန္မလာေသးတာ သူတို႔ၾကားလို႔ စစကေတာ့ အေရးမႀကီးဘူးလို႔ ေတြးခဲ့ၾကပါတယ္။ ဒါေၾကာင့္မို႔ သူတို႔က အရွင့္သား ျပန္လာတဲ့အထိ ေစာင့္ၿပီး အရွင့္သားကို ခ်န္အန္းက ကိစၥေတြ ေလၽွာက္တင္ဖို႔ လုပ္ခဲ့ၾကပါတယ္"

ထိုကိစၥႏွင့္ပတ္သက္၍ ျပႆနာမရွိေပ။ ယြီရွီက မ်က္ေမွာင္ၾကဳတ္လ်က္ ေမးလိုက္သည္။ "ဒါဆို သူတို႔က ဘာလို႔ မင္းကို ႐ုတ္တရက္ႀကီး အလ်င္စလိုနဲ႔ ငါ့ကိုလာရွာခိုင္းရတာလဲ"

မိန္းမစိုးေလးက ျမန္ျမန္ေလၽွာက္တင္သည္။ "ျပႆနာကေတာ့ ဘယ္ကမွန္းမသိတဲ့ သူေတြပါပဲ။ သူတို႔က ၿမိဳ႕ေတာ္မွာရွိတဲ့ ခ်န္အန္းမင္းသားအိမ္ေတာ္နဲ႔ ကၽြန္ေတာ္တို႔အိမ္ေတာ္ကို ကၽြန္ေတာ္တို႔ သူလၽွိုေတြထက္ ေျခာက္နာရီေစာၿပီး ေရာက္လာၾကပါတယ္။ သူတို႔ ဘယ္ကေရာက္လာၾကတာပါလဲ။ အရွင့္သားကို ေလၽွာက္တင္ဖို႔ ေစာင့္ေနမဲ့အစား သူတို႔က ဘယ္သူ႔ကိုမဆို ေလၽွာက္တင္ခဲ့ၾကပါတယ္။ ကၽြန္ေတာ္တို႔ သူလၽွိုေတြကိုေတာင္ ေျခာက္လွန႔္လိုက္ပါေသးတယ္"

ယြီရွီ ေဒါသထြက္သြားသည္။ "သူတို႔က ဘာေျပာလဲ"

မိန္းမစိုးေလးမွာ အလြန္ထိတ္လန႔္ေနသည္။ သူကေျပာသည္။ "ခ်န္အန္းမင္းသား ခ်ဳံခိုတိုက္ခိုက္ခံရၿပီး... ကြယ္လြန္သြားၿပီဆိုၿပီး အိမ္ေတာ္ႏွစ္ခုလုံးမွာ ပြက္ေလာရိုက္ေအာင္လုပ္ခဲ့တာပါ"

႐ုတ္တရက္ ယြီရွီ၏ေခါင္းမွာ စူးထိုးေသာ ေခါင္းကိုက္မႈကို ခံစားလိုက္ရသည္။

ယြီရွီသည္ ရႊမ္ေရြ႕ ခ်န္အန္းသို႔ ျပန္ရာတြင္ မေရမတြက္နိုင္ေသာ သူလၽွိုမ်ားစြာကို လႊတ္ထားခဲ့သည္။ ယြီရွီ၏အစီအစဥ္အရ ဤသူလၽွိုမ်ားသည္ ရႊမ္ေရြ႕အား ကာကြယ္ေပးကာ ေသခ်ာမျပတ္ ေစာင့္ၾကည့္ရမည္ျဖစ္သည္။ ယြီမုခ်န္ ရႊမ္ေရြ႕အား တကယ္ တိုက္ခိုက္ခဲ့လၽွင္ သူလၽွိုမ်ားက ရႊမ္ေရြိ့ကို ကာကြယ္ေပးမည္ျဖစ္သည္။ ယြီမုခ်န္ ရႊမ္ေရြ႕ကို တိုက္ခိုက္ဟန္ျပဳလၽွင္ အေျခအေနကို အခြင့္ေကာင္းယူကာ ၿမိဳ႕ေတာ္သို႔ လူလႊတ္၍ ယြီရွီကို အေၾကာင္းၾကားေပလိမ့္မည္။

ယြီရွီထံတြင္ တစ္ကိုယ္ေကာင္းဆန္ေသာ အစီအစဥ္မ်ားရွိသည္။

ယြီမုခ်န္ လႈပ္ရွားပါ့မလား ဆိုသည္ကို သူမေသခ်ာေပ။ သူ မလႈပ္ရွားခဲ့လၽွင္ ယြီရွီသည္ ရႊမ္ေရြ႕ကို ငါးစာအျဖစ္ အသုံးခ်ကာ ယြီမုခ်န္ကို မၽွားေခၚခ်င္ခဲ့သည္။ ထို႔ေနာက္ ဘာမွမျဖစ္ခဲ့သလို ဟန္ေဆာင္ေနရန္ျဖစ္သည္။

ပထမဆုံးအေနႏွင့္ က်ဳံးဝမ္ စိတ္ပူမွာကို ေရွာင္ရန္ျဖစ္သည္။ ဒုတိယအေနႏွင့္...

က်ဳံးဝမ္ သူ႔အစီအစဥ္ကို သေဘာမတူမွာကို ယြီရွီေၾကာက္မိသည္။

ကနဦးတြင္ ယြီရွီထံ၌ အႀကံေကာင္းရွိခဲ့သည္။ ရႊမ္ေရြ႕ ခ်ဳံခိုတိုက္ခိုက္ခံရသည့္ သတင္းမွာ ၿမိဳ႕ေတာ္သို႔ ေရာက္လာရန္ အခ်ိန္ယူရလိမ့္မည္။ ထို႔အျပင္ သူ႔သူလၽွိုမ်ားထက္ေတာ့ မျမန္နိုင္ေပ။ တကယ္တိုက္ခိုက္ခံရပါက က်ဳံးဝမ္ကို ရွင္းျပနိုင္ရန္ ယြီရွီထံတြင္ အခ်ိန္ရွိေသးသည္။ ယြီမုခ်န္ ရႊမ္ေရြိ့ကို ယာယီသာ ထိန္းသိမ္းထားျခင္းျဖစ္လိမ့္မည္။

သို႔ေသာ္ ယခုမူ...

ယြီရွီ၏မ်က္ႏွာမ်ာ ထိန္းမရနိုင္ေအာင္ ပ်က္ယြင္းေနေတာ့သည္။ "... သူတို႔က အဲ့အႁမႊာေလးႏွစ္ေယာက္ကိုေတာင္ တမင္တကာ သြားေလၽွာက္တင္လိုက္ၾကေသးတယ္ေပါ့ေလ"

မိန္းမစိုးေလးက ေျပာသည္။ "ဟုတ္ပါတယ္။ ကၽြန္ေတာ္တို႔မွာ အဲ့သခင္ငယ္ေလးႏွစ္ေယာက္ ဘာကိုမွ နားမလည္ဘဲ သခင္ေလးက်ဳံးကို သြားရွင္းျပခိုင္းမွာကို စိုးရိမ္လိုက္ရပါေသးတယ္။ အရင္က သခင္ေလးက်ဳံးက အရင္ခ်န္အန္းမင္းသား သူ႔အပိုင္စားေျမကို ျပန္တဲ့လမ္းမွာ အရွင့္သားက တာဝန္ယူလိမ့္မယ္ဆိုၿပီး သူတို႔ကို ကတိေပးထားခဲ့ပါတယ္။ ဘာမွမမွားယြင္းနိုင္ပါဘူး။ အခု ဒီလိုျဖစ္ေတာ့ အဲ့သခင္ငယ္ေလးႏွစ္ေယာက္က အမွားအမွန္ကို မေျပာနိုင္ဘဲ အရွင့္သားကို သံသယထပ္ဝင္မွာကို စိုးရိမ္မိပါတယ္..."

ယြီရွီ၏အသံမွာ ေရခဲကဲ့သို႔ ေအးစက္ေနသည္။ "သတင္းအစအနေလးတစ္ခုကမွ ၿမိဳ႕ေတာ္ကေန လာတာမဟုတ္ဘူး၊ ဒါေတာင္ ငါ့လူေတြက ဘာျဖစ္တယ္ဆိုတာကို သိေနၾကၿပီ။ ငါက လက္သည္မဟုတ္ဘူးဆိုတာကို ဘယ္သူက ယုံပါ့မလဲ"

သူ အံႀကိတ္လိုက္သည္။ ယခုတေလာ သူ အလြန္တင္းတိမ္ေနခဲ့မိသည္။

ယြီမုခ်န္သည္ သူ႔ကိုေစာင့္ေနခဲ့သည္။

လတ္တေလာတြင္ ယြီရွီအတြက္ အရာအားလုံး ေခ်ာေမြ႕ေနခဲ့သည္။ ယြီမုခ်န္အေနႏွင့္ ထိုသို႔ေသာ အေႏွာင့္အယွက္ကင္းသည့္ အေျခအေနမ်ိဳးကို မည္သို႔ လက္ခံနိုင္အံ့။

ယြီရွီသည္ သူႏွလုံးခုန္သံ မူမမွန္ျဖစ္ေနသည္ကို ခံစားေနရသည္။ ထိုႏွင့္အတူ သူ႔ရင္ထဲတြင္ စိတ္ဓာတ္က်ျခင္းတို႔ကလည္း ႀကီးက်ယ္စြာ လႊမ္းမိုးသြားခဲ့သည္။ မင္သားနင္အတြက္ ယခင္ အမိန႔္ျပန္တမ္းကို သူ ေျပာင္းျပန္လွန္နိုင္ရန္ ႀကိဳးစားေနခဲ့သည္။ က်ဳံးဝမ္ကို စိတ္မပူေစလို။ သို႔ဆိုလၽွင္ က်ဳံးဝမ္ႏွင့္ ထိုအႁမႊာေလးႏွစ္ေယာက္က သူ ရႊမ္က်င္းကို အသုံးခ်သည္ဟု အဘယ္ေၾကာင့္ သံသယျဖစ္ၾကမည္နည္း။ အဘယ့္ေၾကာင့္နည္း။

သူ မည္သည့္အတြက္ ဤကိစၥအားလုံးကို လုပ္ခဲ့သနည္း။

သူ႔ရင္ထဲတြင္ အရိုင္းဆန္ေသာ စိတ္မ်ား ျဖတ္ေျပးသြားသည္။ လူတိုင္းကို မမုန္းမိေအာင္ သူ႔ကိုယ္သူ ထိန္းခ်ဳပ္ရန္မွာ ခက္ခဲလွသည္။ ယြီရွီသည္ သူ စိတ္ေဖာက္ေတာ့မည္ကို သိေနသည္။ သူ႔ကိုယ္သူ ဟန္မပ်က္ေစရန္ သူအတတ္နိုင္ဆုံး ႀကိဳးစားေနသည္။ "အ-အရင္ဆုံး ျပန္ၾကရေအာင္..."

ေနဝင္ရီတေရာ ျဖစ္ေနေလၿပီ။ ယြီရွီအိမ္ေတာ္သို႔ ျပန္ေရာက္ေသာအခါ ႐ူးသြပ္မသြားေအာင္ အတင္းထိန္းခ်ဳပ္ေနရသည္။

႐ုတ္တရက္ သူ႔ႏွလုံးသားကို ေၾကာက္ရြံ့မႈက ႀကီးစိုးသြားသည္။ ယခင္ကကဲ့သို႔ က်ဳံးဝမ္မရွိေတာ့မွာကို သူေၾကာက္ေနမိသည္။

က်ဳံးဝမ္၏ ၿခံဝန္းငယ္ေလးမွာ ယခင္ကကဲ့သို႔ တိတ္ဆိတ္ေနသည္။

လိပ္ျပာလြင့္မတတ္ ေၾကာက္ရြံ့ကာ ယြီရွီသည္ ထိုေနရာသို႔ အေလာတႀကီး ေျပးသြားခဲ့သည္။ က်ဳံးဝမ္၏အိပ္ခန္းတံခါးကို တြန္းဖြင့္လိုက္စဥ္ သူ႔လက္မ်ားကပင္ တုန္ေနခဲ့သည္။

အထဲတြင္ က်ဳံးဝမ္သည္ သူ႔လက္ေမာင္းကို ေခါင္းအုံးသဖြယ္သုံးလ်က္ ခႏၶာကိုယ္အေပၚပိုင္းမွာ စားပြဲေပၚတြင္ ေမွာက္ေနသည္။ သူ အိပ္ေပ်ာ္ေနေလသည္။

ယြီရွီသည္ အနည္းငယ္ ယိုင္ေနခဲ့ၿပီး သူ႔ရင္ထဲမွ အပူမီးမွာ ခ်က္ခ်င္းဆိုသလို ေျခလက္ေလးေခ်ာင္းရွိ အရိုးမ်ားထဲသို႔ ျပန႔္သြားခဲ့ၿပီး လုံးဝ ၿငိမ္းသြားေတာ့သည္။

သူ တြန႔္ဆုတ္ေနမိၿပီး ေရွ႕သို႔ ေျခလွမ္းအနည္းငယ္တိုးကာ က်ဳံးဝမ္၏ပုခုံးကို ျဖည္းျဖည္း ပုတ္လိုက္သည္။

က်ဳံးဝမ္သည္ လႈပ္သည္ဆို႐ုံမၽွ လႈပ္သြားခဲ့သည္။

က်ဳံးဝမ္ မ်က္လုံးမ်ားကို ဖြင့္လိုက္သည္။ ယြီရွီ၏ နီရဲေနေသာ မ်က္လုံးမ်ားကို ေတြ႕လိုက္ရေသာအခါ ရင္တုန္သြားရေတာ့သည္။ စိတ္ကို ျပန္တည္ေဆာက္နိုင္သည္ႏွင့္ သူ ေမးလိုက္သည္။ "ျပန္လာၿပီလား"

ယြီရွီ၏တစ္ကိုယ္လုံးမွာ တင္းမာေနခဲ့သည္။ သူ႔စကားလုံးမ်ားကို ၾကားၿပီးေနာက္ သူက ေတာင့္တင္းစြာ ေခါင္းညိတ္ေလသည္။

ျဖစ္လာနိုင္သမၽွ အႏၲရာယ္အားလုံးကို တုံ႔ျပန္ရန္အသင့္ျဖစ္ေနေသာ ယြီရွီ၏မ်က္ႏွာကို ၾကည့္လ်က္ က်ဳံးဝမ္မွာ ကူကယ္ရာမဲ့ကာ ရင္နာေနရသည္။ "က်စ္႐ုန္..."

သို႔ေသာ္ သူ ေျပာခ်င္သည့္စကားတို႔ကို မ်ိဳသိပ္ထားလိုက္ရသည္။ သူ ယြီရွီကို စူးစူးစိုက္စိုက္ ၾကည့္ေနမိသည္။ "အဲလိုသတင္းမ်ိဳး ငါ ႐ုတ္တရက္ ၾကားလိုက္ရေတာ့ မင္းကို လုံးဝ သံသယမဝင္မိဘူး။ မင္း ဘာလို႔ ငါ့ဆီကေန သင္ယူၿပီးေတာ့...ငါ့ကိုပိုၿပီး မယုံၾကည္ေပးနိုင္ရတာလဲ"

ယြီရွီ မိန္းေမာသြားမိသည္။ ႐ုတ္တရက္ သူ မတုံ႔ျပန္နိုင္ေတာ့ေပ။

က်ဳံးဝမ္ထံမွ သက္ျပင္းခ်သံ ထြက္ေပၚလာသည္။ "...မင္း ဘာျဖစ္ေနတာလဲ။ မင္း ဘာလို႔ ဒီေလာက္ လက္လြတ္စပယ္နိုင္တာလဲ။ ကံေကာင္းလို႔ စုန္ရွင္းနဲ႔ ရႊမ္ယြီက ငါ့ဆီ ဒီေန႔လာလည္လို႔၊ သူတို႔ကို သတင္းေပးခ်င္တဲ့ သူေတြကို တားလိုက္နိုင္တယ္။ မဟုတ္ရင္ သူတို႔ ပြက္ေလာရိုက္ေအာင္ လုပ္သြားလို႔ရွိရင္ မင္း ဘယ္လိုေျဖရွင္းမလဲ။ အဲ့ကေလးႏွစ္ေယာက္က စိုးရိမ္ၿပီး ဘာလုပ္ရမွန္းမသိဘဲ ဒီအေၾကာင္း လႊတ္ေတာ္ကို တင္ျပလိုက္ဆိုၿပီး တျခားသူေတြ လွည့္စားတာခံလိုက္ရရင္ ဘယ္လိုလုပ္ၾကမလဲ"

ယြီရွီမွာ စိတ္ျပန႔္ေနဆဲပင္။ သူေတြးေနမိသည္။ တျခားသူေတြ ျပႆနာရွာခ်င္တယ္ ဆိုရင္လည္း ရွာပါေစေပါ့။ ငါနဲ႔ ဘာဆိုင္လို႔လဲ။ ငါ ဒီလြန္ခဲ့တဲ့ ႏွစ္ေတြမွာ ဆိုးဝါးလြန္းတဲ့ ကိစၥေတြအမ်ားႀကီး လုပ္ခဲ့ဖူးတယ္။ ငါ ဘာကို ေၾကာက္ေနရမလဲ။

ငါေၾကာက္တဲ့ တစ္ခုတည္းေသာ အရာက မင္း ငါ့ကို အထင္လြဲမွာကိုပဲ။

က်ဳံးဝမ္သည္ ယြီရွီကို စိတ္ညစ္ေအာင္ မလုပ္လိုေပ။ ျဖည္းျဖည္းခ်င္းစီ သူ ယြီရွီ၏လက္ကို လွမ္းကိုင္လိုက္သည္။ အသံတိုးတိုးျဖင့္ သူကေျပာသည္။ "မင္းက ရႊမ္ေရြ႕ကို ငါးစာလုပ္ၿပီး ဒီအေျခအေနကို အခြင့္ေကာင္းယူၿပီး သူ႔ကို မင္းသားယြီဆီေပးခ်င္တာ။ ဒီအေကာင္းဆုံး ႐ုပ္ေသး႐ုပ္ကို ထိန္းခ်ဳပ္နိုင္ပါတယ္ဆိုၿပီး မင္းသားယြီ သူ႔ကိုယ္သူ ယုံၾကည္မႈရွိေအာင္ လုပ္ခ်င္တာ။ ဒီလိုမွပဲ မင္းသားယြီက မင္းသားနင္ကိစၥ အမိန႔္ေတာ္ျပန္တမ္းကို တရားဝင္ ေျပာင္းျပန္လွန္တဲ့ေနရာမွာ အေကာင္းဆုံးႀကိဳးစားၿပီး သူ႔႐ုပ္ေသး႐ုပ္ကို နန္းတင္ဖို႔ လုပ္ေအာင္လို႔ မဟုတ္လား"

ယြီရွီ၏မ်က္ဆန္တို႔ တုန္လႈပ္သြားခဲ့သည္။ သူက အနည္းငယ္သာ ေခါင္းညိတ္ျပသည္။

"ရႊမ္ေရြ႕က နည္းနည္းေလး ထိခိုက္မိသြားခဲ့ရင္ေတာင္မွ မင္းက မင္းသားနင္နဲ႔ ၾကင္ယာေတာ္မင္းသမီးနင္ကို အမိန႔္ျပန္တမ္းျပန္လွန္ဖို႔အတြက္ ကူညီေပးေနဦးမွာပဲေလ" ထို႔ေနာက္ က်ဳံးဝမ္ပင္ သတိမထားလိုက္မိဘဲ အသံမွာ ပို၍ေလးနက္လာေလသည္။ "ဒါေပမဲ့ သားတစ္ေယာက္အေနနဲ႔ေတာ့ ရႊမ္ေရြ႕က သူ႔မိဘေတြအတြက္ နည္းနည္းေလာက္ ထိခိုက္မိတာ ျဖစ္သင့္တာပဲ မဟုတ္ဘူးလား"

ယြီရွီမွာ အရိုးထဲထိတိုင္ ထိတ္လန႔္သြားေတာ့သည္။

က်ဳံးဝမ္သည္ အနည္းအက်ဥ္းေလာက္ေလးပင္ ျပင္ဆင္မထားခဲ့ေပ။ ရႊမ္ေရြ႕ကြယ္လြန္သည့္ သတင္းရရခ်င္းတြင္ အံ့ဩတုန္လႈပ္ၿပီး တဒဂၤဝယ္ တစ္ခုခုလြဲေနသည္ဟု အာ႐ုံရ၍ ဟန္မပ်က္ေအာင္ ထိန္းထားခဲ့သည္။ ထိုသူလၽွိုမ်ားကို ဖမ္းဆီးကာ အႁမႊာႏွစ္ေယာက္ကို အခ်ိန္ပိုၾကာၾကာ ထိုင္ခိုင္းၿပီး သတင္းကို ဖုံးထားရသည္။ တစ္ခ်ိန္ထဲတြင္ လင္စစ္ကို ျမန္ျမန္ေခၚရန္ လူမ်ားအား အမိန႔္ေပးခဲ့သည္။ ထို႔ေနာက္ အႁမႊာေလးႏွစ္ေယာက္ ဤသတင္းကို သိသြားလၽွင္ အလြန္ဆိုးလွမည္ျဖစ္ေၾကာင္း လင္စစ္ကိုေျပာခဲ့သည္။ လင္စစ္ကို ထိုကေလးႏွစ္ေယာက္အား ေစာင့္ၾကည့္ခိုင္းၿပီး ထိုမေကာင္းႀကံသူတို႔ မဟုတ္မမွန္စကား ေျပာလို႔မရေစေအာင္ လုပ္ခိုင္းထားသည္။

ခက္ခဲလွစြာျဖင့္ က်ဳံးဝမ္သည္ ယြီရွီ၏အရႈပ္အေထြးႀကီးကို ရွင္းလင္းခဲ့သည္။ ထို႔ေနာက္ စိတ္ေရာကိုယ္ပါ ပင္ပန္းလွစြာျဖင့္ ခႏၶာကိုယ္အေပၚပိုင္းကို စားပြဲေပၚသို႔မွီကာ အိပ္ေပ်ာ္သြားေတာ့သည္။

ယြီရွီသည္ က်ဳံးဝမ္၏ေနာက္ေက်ာတြင္ အရာကိစၥမ်ားစြာ လုပ္ထားေသာေၾကာင့္ က်ဳံးဝမ္ စိတ္မတိုဘဲေနရန္ မျဖစ္နိုင္ေပ။ ယခုအခ်ိန္တြင္ ယြီရွီ သူ႔ကိုမယုံၾကည္ေၾကာင္း သူေတြ႕လိုက္ရေသာအခါ သူ႔ေဒါသမွာ အထြဋ္အထိပ္သို႔ ေရာက္သြားေတာ့သည္။

က်ဳံးဝမ္မွာ ပင္ပန္းႏြမ္းလ်ေနသည္။ "အခုအခ်ိန္အထိ ငါ မင္းထက္ ရႊမ္ေရြ႕ကို ပိုဂ႐ုစိုက္တယ္လို႔ မင္းထင္ေနတုန္းပဲမလား"

ယြီရွီသည္ ႐ုတ္တရက္ဆန္ေသာ ဤေမးခြန္းေၾကာင့္ ထိတ္လန႔္သြားခဲ့ၿပီး ဘာမွမတုံ႔ျပန္နိုင္ပဲရွိသည္။ သူ႔မ်က္လုံးမ်ားမွာ နီရဲေနခဲ့ၿပီး က်ဳံးဝမ္ကိုပင္ ရွင္းလင္းျပတ္သားစြာ မျမင္နိုင္ေပ။ သူ ေျပာခ်င္သည့္ စကားမ်ားစြာ ရွိေသာ္လည္း သူ႔လည္ေခ်ာင္းထဲတြင္ တစ္ဆို႔ေနသည္။ ထို႔အျပင္ သူ စကားတစ္လုံးေလးကိုမွ ေျပာမထြက္ေပ။

ကိုယ့္ကိုယ္ကိုယ္ ထိန္းခ်ဳပ္သည့္အေနႏွင့္ သူ လက္သီးကို တင္းတင္းဆုပ္ထားမိၿပီး စိတ္မေဖာက္သြားရန္၊ ႐ူးသြပ္မသြားရန္ႏွင့္ ေကြ႕ယြမ္ကို မထိခိုက္ရန္ သူ႔ကိုယ္သူ ထပ္တလဲလဲ ေျပာေနမိသည္။

ကနဦးတြင္ က်ဳံးဝမ္သည္ ယြီရွီကို ျဖစ္သမၽွအားလုံး ပြင့္ပြင့္လင္းလင္း ေျပာျပခ်င္ေသာ္လည္း ယခုမူ ယြီရွီ၏သြင္ျပင္ကို ၾကည့္ျခင္းအားျဖင့္ သူ ဘာေျပာေျပာ အေၾကာင္းထူးမည္မဟုတ္ေပ။

က်ဳံးဝမ္က မတ္တပ္ထရပ္လိုက္သည္။ "ေတာ္ၿပီ။ ငါ ဆက္မေျပာခ်င္ေတာ့ဘူး"

ယြီရွီ၏ ခႏၶာကိုယ္တစ္ခုလုံးမွာ သံထည္ႀကီးကဲ့သို႔ ေတာင့္တင္းေနသည္။ သူ ေရွ႕သို႔ အသိစိတ္ရွိတစ္ဝက္ မရွိတစ္ဝက္ျဖင့္ ေျခတစ္လွမ္းတိုးလိုက္ၿပီး စားပြဲစြန္းကို လက္တစ္ဖက္ျဖင့္ ဆုပ္ကိုင္လိုက္သည္။ က်ဳံးဝမ္ ထြက္မသြားေအာင္ သူတားခ်င္ေသာ္လည္း သူ က်ဳံးဝမ္ကို ထိရန္ႀကိဳးစားလိုက္လၽွင္ က်ဳံးဝမ္၏လက္ေကာက္ဝတ္ကို လိမ္ခ်ိဳးလိုက္မိမွာကိုလည္း စိုးရိမ္ေနမိျပန္သည္။

သို႔ေသာ္ က်ဳံးဝမ္က ထြက္မသြားခဲ့ေပ။

ယြီရွီ၏ေရွ႕တြင္ သူ ရပ္ေနကာ သက္ျပင္းခ်လိုက္သည္။ "မင္းလိုလူေတြကို ေျပာေနလို႔လည္း ဘာမွမထူးဘူး။ အဲ့အစား လုပ္လိုက္တာကမွ ပိုေကာင္းတယ္..."

က်ဳံးဝမ္က ယြီရွီ၏ခါးတြင္ ခ်ိတ္ဆြဲထားေသာ ေက်ာက္စိမ္းဆြဲျပားေလးကို ဆြဲယူလိုက္ၿပီး အနားသို႔ ပစ္ခ်ထားလိုက္သည္။ ထို႔ေနာက္ ယြီရွီ၏ခါးပတ္ကို ဖြဖြကေလး ျဖည္လိုက္ေတာ့သည္။

ယြီရွီမွာ အလြန္ထိတ္လန႔္သြားၿပီး အလိုလို ေနာက္သို႔ ေျခလွမ္းတစ္ဝက္ ဆုတ္လိုက္မိသည္။ သို႔ေသာ္ က်ဳံးဝမ္က သူ႔ကိုကပ္တြယ္ေနသည္။

က်ဳံးဝမ္သည္ ဖေယာင္းတိုင္ကို ေကာက္ကိုင္လိုက္ၿပီး ေျပာင္းျပန္လွန္လိုက္ကာ မီးေတာက္ကို စားပြဲ၏မ်က္ႏွာျပင္သို႔ ဖိခ်လိုက္ၿပီး မီးၿငိမ္းေစလ်က္ တစ္ခန္းလုံးကို အေမွာင္က်သြားေစသည္။

အေမွာင္ထုကို အကာအကြယ္ယူလ်က္ က်ဳံးဝမ္က ေခါင္းကိုေမာ့ကာ ယြီရွီကို ႏႈတ္ခမ္းထက္တြင္ နမ္းလိုက္သည္။ ထို႔ေနာက္ အသံတိုးတိုးျဖင့္ သူကေျပာလိုက္သည္။ "အရင္တစ္ေခါက္က ငါ့ကို မင္းကူညီေပးခဲ့တယ္။ ဒီေန႔ေတာ့... ငါ မင္းကို အမ်ားႀကီး ဂ႐ုစိုက္ေပးမယ္"

5.3.2022

Thanks for reading

Continue Reading

You'll Also Like

174K 16.6K 154
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မွားယြင္းေသာ လက္ထ...
205K 16.8K 96
ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား...
554K 99.8K 70
Author: Fly Far, 向远飞 Genre: Action, Comedy, Fantasy, Mecha, Romance, Sci-fi, Shounen Ai, Xuanhuan Status: 63 chapters + 4 extras Associated Name: 拜我...
805K 67.1K 60
မောင်က မင်းကမ္ဘာတစ်ခုထဲကိုပဲ ဦးခိုက်နေမယ့်ကောင်ပါ စဝ်မင်းကမ္ဘာဦးခိုက် time travel (My Universe i...