ထိုနှစ်များမှာ မြတ်နိုးဖွေရှာ

By Vera-Yu

353K 63.3K 4.7K

Original Title : 当年万里觅封侯 English Title : Those Years in Quest of Honor Mine Original Author : Man Man He Qi... More

Description
Prologue
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68
Part 69
Part 70
Part 71
Part 73
Part 74
Part 75
Part 76
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
Part 88
Part 89
Part 90
Part 91
Part 92
Part 93
Part 94
Part 95
Part 96
Part 97
Part 98
Part 99
Part 100
Part 101
Part 102
Part 103
Extra 1
Extra 2

Part 72

2.2K 566 76
By Vera-Yu

Unicode

ကျုံးဝမ်သည် ယွီရှီ၏ဘေးတွင် ဒူးတစ်ဖက်ထောက် လိုက်သည်။ သူ့နဖူးထက်တွင် သွေးများသည် အစဉ်မပြတ် ယိုစီးကျလျက်ရှိသည်။ သူ့မျက်ခုံးကြားမှ စီးကျလာသော သွေးတို့ကို ဂရုစိုက်ရန် သူ မအားနိုင်သေး။ အသံအက်အက်ဖြင့် သူက ဆက်မေးသည်။ "မင်း ဒါပဲ စားတာမလား။ အအေးစာမှုန့်တွေ မစားထားဘူးမလား"

ယွီရှီသည် ခေါင်းအနည်းငယ်မော့လျက် ကျုံးဝမ်ကို ကြည့်လိုက်သည်။ ယခုအချိန်တွင် သူ၏စိတ်သည် ပုံမှန်မဟုတ်ပေ။ သူ့ရှေ့ကသူ မည်သူဆိုသည်ကို သူလုံးဝမသိ။

ကျုံးဝမ်၏နှလုံးသားမှာ နာကျင်လွန်းလှ၍ အသက်ရှူရပင် ခက်လာသည်။ သူ ယွီရှီ၏ရင်ဘတ်တစ်လျှောက် စမ်းကြည့်သော်လည်း ဘာကိုမှ မတွေ့ရ။ သူကထပ်မေးသည်။ "မင်းအအေးစာမှုန့်တွေ မစားဘူးမလား"

ယွီရှီသည် သူ့ပါးစပ်ထဲရှိ လက်ဖက်ခြောက်ရွက်တို့ကို တယုတယ ဝါးနေသည်။ သူက ဖြည်းညင်းစွာ ခေါင်းခါသည်။

ကျုံးဝမ် စိတ်အေးသွားတော့သည်။ ယွီရှီက သူ့ကိုယ်သူပြောနေသည်။ "ကွေ့ယွမ်က ငါ့ကိုစားခိုင်းမှာ မဟုတ်ဘူး"

ယွီရှီ၏အင်္ကျီကော်လာကို ကိုင်ထားသော ကျုံးဝမ်၏လက်တို့ တောင့်ခဲသွားရသည်။

ကျုံးဝမ်သည် မျက်ရည်များကို အတင်းထိန်းနေရသည်။ အနည်းငယ်တစ်ဆို့နေသော အသံဖြင့် သူကမေးသည်။ "ငါ မင်းဖို့ချန်ခဲ့တဲ့စာကို မင်းမတွေ့ဘူးလား။ ငါထွက်သွားပြီလို့ မင်းထင်နေတာလား။ ငါပြန်မလာတော့ဘူး ဆိုပြီးတော့လေ"

ယွီရှီသည် သူ့မျက်ခုံးများကို တွန့်ချိုးလျက် ကျုံးဝမ်ကို ကြည့်လာသည်။ သူ့ရှေ့ကလူ ပြောနေသော စကားတို့ကို သူနားမလည်နိုင်။

"ငါ..." ကျုံးဝမ်၏မျက်နှာထက်တွင် သွေးတို့ စီးကျလာသည်။ ယွီရှီ ထိတ်လန့်သွားမည်ကိုစိုး၍ မတ်တပ်ထရပ်ကာ လက်ဖက်ရည်တစ်ခွက်ကို ကောက်ယူလိုက်သည်။ ခေါင်းကိုနောက်သို့လှန်လျက် လက်ဖက်ရည်ကို သူ့မျက်နှာပေါ်သို့ လောင်းချလိုက်သည်။ သူ့ဒဏ်ရာမှာ စပ်ဖျင်းနေသော်ငြား ကျုံးဝမ်သည် ဤနာကျင်မှုကို ဂရုမစိုက်နိုင်အား။ သူ့မျက်နှာကို သုတ်လိုက်ပြီး ယွီရှီကို တိုးတိုးပြောလိုက်သည်။ "ထ... အရင်ထလိုက်။ ငါ ထွက်မသွားဘူး"

ကျုံးဝမ်သည် ယွီရှီကို သူ့ခြေထောက်ပေါ်သူ ရပ်စေသည်။ ယွီရှီသည် လက်ဖက်ခြောက်ထုပ်ကလေးကို လက်ထဲတွင် ကိုင်ထားဖို့ကိုလည်း မမေ့။ လက်ဖက်ခြောက်ထုပ်လေးကို ဂရုတစိုက်ဖြင့် ပြန်လည်သိမ်းထုပ်ပြီး သူ့ရင်ဘတ်အိတ်ထဲသို့ ပြန်ထည့်ထားလိုက်သည်။

ကျုံးဝမ်သည် ယွီရှီကို ခုတင်ပေါ်သို့ ဆွဲခေါ်ပြီး နံဘေးရှိ စောင်တစ်ထည်ကို ခြုံပေးထားလိုက်သည်။ ယွီရှီက ကျုံးဝမ်ကို သူအလိုရှိရာလုပ်ခွင့် ပြုထားသည်။ အသက်မပါသော မျက်ဝန်းတို့ဖြင့် သူကတိုးလျစွာ အမိန့်ပေးသည်။ "ငါ့စားပွဲပေါ်က ပစ္စည်းတွေကို မထိနဲ့"

"ဘ-ဘာလဲ" ကျုံးဝမ် အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ သူက အလျင်အမြန်ပြောသည်။ "ငါ မထိပါဘူး။ အဲ့ဒါဘာတွေလဲ။ အမိန့်တော်ပြန်တမ်းလား။ ငါ မင်းအတွက် သိမ်းပေးရမလား"

ယွီရှီက ခေါင်းခါသည်။ "အဲ့ဒါတွေကို မထိနဲ့။ အဲ့ဒါတွေက ငါ ကွေ့ယွမ်အတွက် ဝယ်ခဲ့တဲ့ ရွှံ့စေးရုပ်တွေ"

ကျုံးဝမ်၏နှုတ်ခမ်းတို့မှာ မသိမသာ တုန်ယင်လာသည်။ သူ့နှလုံးသားမှာ ကွဲအက်သွားတော့မတတ် နာကျင်နေသည်။

ကျုံးဝမ်သည် ယွီရှီကို စောင်ပေါ်မှနေ၍ ဖက်ထားသည်။ သူ့ပုခုံးတို့မှာ အလွန်အမင်း တုန်ခါနေသည်။ သူကခေါင်းကိုငုံ့ကာ မျက်နှာကို စောင်ထဲ၌ ဖွက်ထားသည်။

"ငါ..."

ယွီရှီ ဆက်ကြားနိုင်၊ မကြားနိုင်ကို ကျုံးဝမ် ဂရုမစိုက်။ သူ ယွီရှီကို နီးနီးကပ်ကပ် ထွေးပွေ့ထားပြီး တီးတိုးပြောလိုက်သည်။ "ရွှံ့စေးရုပ်လေး ပျက်သွားလည်း ရပါတယ်။ မဟုတ်လည်း ငါ အရမ်းကြိုက်တာမှ မဟုတ်တာ... လွန်ခဲ့တဲ့ ခုနစ်နှစ်က မင်းကို အတင်းဝယ်ခိုင်းတယ်ဆိုတာ အိမ်ကိုလွမ်းနေခဲ့လို့"

"ကြင်ယာတော်မင်းသမီးက ငါ့ကိုအရမ်းအလိုလိုက်ခဲ့တာ။ ငါ့ရှေ့မှာ ကလေးမရှိတော့ သူငါ့ကို ပျိုးထောင်တဲ့နေရာမှာ... အရမ်းအလိုလိုက်ခဲ့တယ်။ မင်းသားနင်အိမ်တော်ရဲ့ သခင်လေးဆီက ငွေရဖို့ အရမ်းလွယ်တယ်ဆိုတာ ကုန်သည်တိုင်းသိကြတယ်။ အဲ့အချိန်က..." ကျုံးဝမ်ကတန့်သွားသည်။ သူတိုးဖျော့စွာပြောသည်။ "သူတို့က ငါနဲ့လင်စစ် စာသင်ခန်းက ထွက်လာမဲ့အချိန်ကို အချိန်မှန် စောင့်နေခဲ့ကြတယ်။ ပြီးရင် မင်းသားနင်အိမ်တော်ထောင့်က လမ်းကြားလေးထဲမှာ တိုးဝှေ့နေကြပြီ။ ကလေးတွေအတွက် သင့်တော်တဲ့ ပစ္စည်းတွေကို ရောင်းနေသမျှ ကြင်ယာတော်မင်းသမီးက ငါတို့အတွက် အမြဲဝယ်ပေးခဲ့တယ်"

"ပြီးတော့လည်း..." ကျုံးဝမ်၏မျက်လုံးတို့မှာ ရဲရဲနီနေသည်။ သူ့အသံသည် တုန်ရီလျက်ရှိသည်။ "ငါ မင်းကိုတမင်တကာ စနေခဲ့တာ... မင်းသမီးကြီးက မင်းကိုအရမ်းတင်းကျပ်လွန်းတယ်။ မင်းရဲ့ကလေးဘဝက သေချာပေါက် အရမ်းကို ပျင်းစရာကောင်းခဲ့မှာပဲလို့ ငါတွေးခဲ့တာ။ ငါ မင်းကို အပြင်ထွက်ပြီး လမ်းတွေပေါ် လျှောက်သွားစေချင်တာ..."

"အဲ့တုန်းက ငါ ဝေ့လည်ကြောင်ပတ် လုပ်နေခဲ့တာလည်း ပါပါတယ်။ ငါ ဘာကိုမှ တိုက်ရိုက်ကြီး မပြောချင်ခဲ့ဘူး..." ကျုံးဝမ်သည် ယွီရှီကို ပွေ့ကိုင်ထားရင်း ခက်ခဲဆို့နင့်စွာ ပြောသည်။ "အဲ့အချိန်က ငါ ငါ့ခံစားချက်ကို ရှင်းရှင်းလင်းလင်း သိနေခဲ့တယ်၊ ဒါပေမဲ့... လူတိုင်းက မင်းအဖေက ငါ့အ‌ေ— မင်းသားနင်ကို သတ်တယ်လို့ ပြောနေခဲ့ကြတာ။ အဲ့ဒါကြောင့် ငါ မင်းကိုမပြောနိုင်တဲ့ ကိစ္စတွေ အများကြီးရှိခဲ့တယ်"

ကျုံးဝမ်ကပြောသည်။ "နောက်ကျတော့ ငါ တချို့ကိစ္စတွေနဲ့ ပတ်သတ်ပြီး လက်ခံလာရတယ်။ ဒီဘဝမှာ... ငါ မင်းသားနင်နဲ့ ကြင်ယာတော်မင်းသမီးတို့ကို ကျေးဇူးဆပ်ဖို့ ကျရှုံးရမဲ့ ကံပါလာခဲ့တယ်။ ငါ သူ့တို့ကိုထပ်တွေ့ဖို့အတွက် ပြစရာမျက်နှာမရှိဘူး။ ငါ ငါ့အတွက် အပြစ်ဒဏ်ကို မကြောက်ဘူး။ ဒါပေမဲ့..."

ကျုံးဝမ်က မျက်ရည်မကျရအောင်ထိန်းလျက် ယွီရှီကို ကြည့်လိုက်သည်။ သူကညင်သာစွာပြောသည်။ "ဒါပေမဲ့ မင်းကရော"

ကျုံးဝမ်၏ ကောင်းကင်ဘုံရှိ ဘိုးဘေးတို့သည် ချုံအန်းမင်းကြီး၏သားအား ကျုံးဝမ်ကြိုက်နေသော ကိစ္စကိုသိလျှင် ယွီရှီ့အပေါ် ဒေါသအမျက်တို့ ပုံချကြလေမလား။

နေ့ခင်းက ယွီရှီထွက်သွားပြီးနောက် အနည်းငယ် သက်သာလာချိန်တွင် ကျုံးဝမ်သည် သူ၏အားနည်းဖျော့တော့သော ကိုယ်ခန္ဓာကို ခုတင်ပေါ်မှ အတင်းဆင်းစေ၍ လက်ရေးစာတစ်စောင်ရေးလျက် အိမ်တော်မှထွက်ကာ မြင်းငှားပြီး ကျုံးမိသားစု၏ ဘိုးဘေးအုတ်ဂူများရှိရာသို့ သွားခဲ့သည်။

သူမရောက်ဖြစ်ခဲ့သည်မှာ ခုနစ်နှစ်၊ ရှစ်နှစ်ခန့် ကြာခဲ့လေပြီ။

သူ ဘိုးဘေးများကို အရှက်ရစေခဲ့သည်ဟု ကျုံးဝမ် ယုံကြည်ထားသည်။ သူ့ကိုယ်သူ မိသားစုထဲမှ ဖျောက်ပစ်ခဲ့ပြီး ဘိုးဘေးအုတ်ဂူများရှိရာသို့ ခြေထပ်ချရန် ငြင်းဆန်ခဲ့သည်။

ယခင်ကရန်ကြွေးများ ယခုပြန်လည် ပေါ်ပေါက်လာသောအခါဝယ် သူမလာဘဲ မနေနိုင်တော့။

ကျုံးဝမ်သည် နာရီတော်တော်ကြာကို သူ့မိဘများအုတ်ဂူရှေ့တွင် အရိုအသေပေး ကန်တော့လျက် ကုန်ဆုံးခဲ့သည်။

ကျုံးဝမ်သည် ဤနှစ်များအတွင်း သူလုပ်ခဲ့သော ရှက်ရွံ့ဖွယ် ကိစ္စအရပ်ရပ်တို့အပေါ် ဆင်ခြေအနည်းငယ်ပင် မပေးဝံ့။ ခြေနင်းကျောက်တို့အပေါ် သွေးများရဲသွားသည်အထိ အရိုအသေပေးကာ သူတစ်ယောက်တည်းကိုသာ အပြစ်တင်ရန် မိဘများထံ ပန်ကြားတောင်းပန်ခဲ့သည်။ မည်သည့်အကြောင်းကြောင့်ဖြစ်ဖြစ် သူ၏ကျစ်ရုန်အပေါ် ထပ်ပြီးဒေါသမပုံချရန် သူတောင်းပန်ခဲ့သည်။

"ငါကသာ အရင်ချစ်မိသွားခဲ့တာ။ မင်းကိုအရင်ဆွဲဆောင်ခဲ့တာလည်း ငါပဲ..." ကျုံးဝမ်သည် နဖူးမှသွေးတို့ကို သုတ်သည်ဆိုရုံမျှ သုတ်လိုက်သည်။ "တစ်ယောက်ယောက်မှာ အပြစ်ရှိခဲ့ရင်လည်း အဲ့တစ်ယောက်က ငါပဲ..."

ယွီရှီသည် မျက်လုံးများကို မှိတ်ထားရင်း အိပ်ပျော်သွားခဲ့သည်။

ကျုံးဝမ် တစ်ဘက်သို့ လှည့်လိုက်ပြီး ယွီရှီကို လှဲအိပ်စေလိုက်သည်။ ထို့နောက်တွင် ယွီရှီ၏နံဘေးတွင် အဝတ်အစား အပြည့်အစုံဖြင့်သာ လှဲလိုက်သည်။

"ကျစ်ရုန်..." ကျုံးဝမ်သည် သူ့ခေါင်းကို ယွီရှီ၏ကိုယ်ပေါ်တွင် တင်ထားသည်။ သူကရေရွတ်သည်။ "လွန်ခဲ့တဲ့နှစ်တွေမှာ မင်းခံစားခဲ့ရတဲ့ ဒုက္ခတွေက မြေကြီးအောက်ကလူတွေ သူတို့အကြွေးကို ပြန်တောင်းနေလို့လားဆိုတာကို ငါလည်းမသိဘူး။ သူတို့ဒီအခြေအနေကို သေချာမသိမှာ ငါစိုးရိမ်လို့ သူတို့ကို ပြောချင်ခဲ့တာ... မင်းက အမှားလုပ်တဲ့သူ မဟုတ်ဘူးဆိုတာ။ အပြစ်ရှိတဲ့သူကလည်း မင်းမဟုတ်ဘူး"

ကျုံးဝမ်၏မျက်နှာမှ သွေးတို့သည် ဂွမ်းစောင်ထဲသို့ တိတ်တဆိတ် စိမ့်ဝင်သွားသည်။

အချိန်တစ်ခုအကြာတွင် သူသည် ယွီရှီကိုဖက်လျက်သားဖြင့် အိပ်ပျော်သွားတော့သည်။

ကမ္ဘာမြေပေါ်သို့ နေရောင်စရောက်လာချိန်တွင် ကျုံးဝမ်နိုးလာခဲ့သည်။

ယွီရှီသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်နေဆဲပင်။

ကျုံးဝမ်သည် ထထိုင်လျက် ယွီရှီ၏နဖူးပြင်ကို စမ်းကြည့်လိုက်သည်။ အကောင်းအတိုင်းသာရှိနေသည်။ သူကိုယ်ကိုကွေးညွှတ်လျက် ယွီရှီ၏နဖူးကို သူ့နဖူးနှင့် တေ့လိုက်သည်။ ကျုံးဝမ်အံ့အားသင့်သွားသည်။ သူ့အပူချိန်သည် ယွီရှီထက်ပင် ပိုပူနေသေးသည်။

ကျုံးဝမ်၏ခန္ဓာကိုယ်တစ်ခုလုံး နာကျင်ကိုက်ခဲနေသည်။ သူ့နဖူးမှာ ပို၍ပင် နာကျင်နေသည်။ ယခုမှသာ သူ့ထံတွင် အဖျားရှိနေကြောင်းကို ကျုံးဝမ် သတိထားမိတော့သည်။ ကျုံးဝမ် သက်ပြင်းသာသာချလျက် ခုတင်ပေါ်မှ ထလိုက်တော့သည်။

သူအအေးမိခဲ့သည်လား၊ ဘာလားတော့ ကျုံးဝမ်မသိ။ ယွီရှီနှင့်အတူ မနေ့ညက တစ်ခန်းတည်း အတူတူအိပ်ခဲ့မိသည်ကို သူနောင်တရမိသည်။ သူ ယွီရှီကို အဖျားကူးသွားစေပြီလားမသိ။ ကျုံးဝမ်သည် ယွီရှီ၏အပေါ်ရုံကို ယူဝတ်လိုက်ပြီးနောက်တွင် အိပ်ခန်းထဲမှ ထွက်လာခဲ့တော့သည်။ ပုံဖော်၍ပင် မရနိုင်လောက်အောင် ဆုတ်ဖြဲခံထားရသည့် အမိန့်တော်ပြန်တမ်းစာကို သူ ကြမ်းပေါ်မှ ကောက်ယူလိုက်သည်။

ကျုံးဝမ် ရင်ထဲတွင် အံ့ဩနေမိသည်။ အမိန့်တော်ပြန်တမ်းပေါ်တွင် ထူးဆန်းလှစွာဖြင့်... သွားကိုက်ရာများ ရှိနေသည်။

ကျုံးဝမ်သည် အမိန့်တော်ပြန်တမ်းကို တစ်စစီပြန်ဆက်လျက် ဖတ်ကြည့်နေသည်။

ချုံအန်းမင်းကြီးသည် အကြောင်းအရာနှင့် လိုက်လျောညီထွေဖြစ်အောင် အတော်အတန် ကောင်းမွန်လှစွာ ရေးထားသည်။ အမိန့်တော်ပြန်တမ်းမှာ အလွန်တရာ အဆန်းတကြယ်မရှိလှ။ စာထဲတွင် ယွီရှီသည် လွန်လေပြီးသော နှစ်များက မင်းသမီးကြီးအန်းကောအိမ်တော်မှ အရိုအသေတန်သော မိသားစုတစ်စု၏ မိန်းမတစ်ဦးနှင့် မင်းကြီးတို့ ရခဲ့သောကလေးဟုသာ ပြောထားသည်။ ထိုအချိန်က အကြီးဆုံးတော်ဝင်မင်းသားနှင့် ဒုတိယတော်ဝင်မင်းသားတို့သည် ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်ခဲ့ကြသည်။ တတိယမင်းသားသည်လည်း ကျန်းမာရေးချို့ယွင်းနေပြန်သည်။ ထိုနှစ်များသည် စိတ်ဆင်းရဲဖွယ်အတိဖြစ်ခဲ့သော နှစ်များဖြစ်သည်။ နို့စို့ကလေးသာသာ ရှိသေးသည့် ယွီရှီအပေါ်သို့လည်း ဤကံဆိုးမှုများ ကျရောက်လာမည်ကို ချုံအန်းမင်းကြီးက စိုးရိမ်ခဲ့သည်။ ထို့ကြောင့် သူ့အား အခြားမျိုးရိုးနာမည်ကို ယာယီခံယူစေလျက် မင်းသားယွီနှင့် မင်းသမီးကြီးအန်းကောတို့ထံတွင် ကြီးပြင်းစေခဲ့သည်။

ဤပြန်တမ်းတွင် ချုံအန်းမင်းကြီးသည် ယွီရှီ၏နာမည်ကို တရားဝင်မပြောင်းထားသေးပေ။ ယွီရှီအား ပထမအဆင့်မင်းသားအဖြစ် ချီးမြှောက်လျက် နောက်တစ်နေ့တွင် လူတိုင်းကို လွတ်ငြိမ်းချမ်းသာခွင့်များ ပေးမည်ဟုသာ ဆိုထားသည်။

မျိုးရိုးနာမည်ပြောင်းခြင်းမရှိ။ အိမ်ရှေ့စံရာထူး အပ်နှင်းခြင်းမရှိ။

ကျုံးဝမ် မျက်လုံးများကို မှေးလိုက်သည်...

ဤကိစ္စကို ကြေညာခြင်းတွင် မှားသည့်နည်းလမ်းမျိုးမရှိ။ ယွီရှီသည် ချုံအန်းမင်းကြီး၏ သားဖြစ်သည်ဟူသော အကြောင်းမှာ အမတ်များကြားတွင် လူသိရှင်ကြား လျှို့ဝှက်ချက်တစ်ခု ဖြစ်နေခဲ့သည်မှာ ကြာခဲ့သော်ငြား မင်းကြီးအနေနှင့် ယွီရှီကိုပြန်ခေါ်လိုလျှင် တစ်ဆင့်ချင်းစီ လုပ်ရပေလိမ့်မည်။ သူ့ကို အိမ်ရှေ့စံရာထူး ချက်ချင်းအပ်နှင်းရန်မှာ မသင့်တော်။ ယခုအချိန်တွင် ချုံအန်းမင်းကြီးသည် ယွီရှီကို အမတ်ကြီးများ၏ ဆွေးနွေးပွဲကြား၌ နေခိုင်းနေခြင်းမှာ နိုင်ငံရေးအရ အောင်မြင်မှုများရှိအောင် အခွင့်အရေး ပေးနေခြင်းပင်ဖြစ်သည်။ သူ၏အောင်မြင်မှုများကိုလိုက်၍ ဖြည်းဖြည်းချင်း ဆုချသွားသည်က ပို၍ဖြစ်သင့်သည်။

ဤသို့တွေးလျှင် ချုံအန်းမင်းကြီး၏ အစီအစဉ်တို့သည် အလွန်တရာ သင့်တင့်လှသည်။

သို့သော် တစ်ဘက်တွင်လည်း ဤသည်မှာ ယွီရှီအား ချုံအန်းမင်းကြီး စောင့်ကြည့်နေခြင်းဖြစ်သည်။

ချုံအန်းမင်းကြီးသည် မည်သူနည်း။ ရုတ်ခြည်းဆိုသကဲ့သို့ ယွီရှီ သူ့ကိုဖခင်အဖြစ် အမှန်တကယ် အသိအမှတ်ပြုလိမ့်မည်ဟု သူမည်သို့ယုံလိမ့်မည်နည်း။

သူတို့ကြားတွင် လူ့အသက်ပေါင်း မည်မျှရှိသနည်း။ လွန်ခဲ့သည့်နှစ်များတွင် သူတို့၏ အဖေနှင့်သား ဆက်ဆံရေးသည် ပို၍ဝေးကွာလာခဲ့သည်။ နေ့ချင်းညချင်း ယခင်အချိန်ကို မည်သို့ပြန်ရောက်နိုင်အံ့။

ယွီရှီသာ အမှန်တကယ် အိမ်ရှေ့စံရာထူး ခန့်အပ်ခံရလျှင် သူ၏ယခုစိတ်မျိုးနှင့်ဆို ဖခင်ကိုသတ်ခြင်းကဲ့သို့ အစွန်းရောက်သော ကိစ္စမျိုး လုပ်လိမ့်မည်လား။

ချုံအန်းမင်းကြီးသည် ဤနှစ်များအတွင်း ယွီရှီတစ်ယောက် ပြက်ရယ်ပြုခံရမှုကို ကြံ့ကြံ့ခံလျက် ဝန်ထုပ်ဝန်ပိုးများ ထမ်းထားခဲ့ရသည်ကို ကြည့်နေခဲ့သည်။ ဤဖြစ်နိုင်မှုကို သူ မစဉ်းစားလေသည်လား။

အိမ်ရှေ့စံတရားဝင် ဖြစ်လာလာချင်း ယွီရှီ ဘာမှမလုပ်လျှင်ပင် မင်းသားယွီနှင့် ရွှမ်ချုံတို့သည် ကြောက်ရွံ့ကြကုန်လျက် အဆုံးစွန်ထိတိုင် ပုန်ကန်ကြမည်လား။

ချုံအန်းမင်းကြီးသည် နှစ်ဘက်စလုံးကို သတိရှိသည်။

ကျုံးဝမ်သည် အမိန့်တော်ပြန်တမ်းကို ဖျစ်ညှစ်လိုက်ပြီး ယွီရှီကို အိမ်ရှေ့စံနေရာအဖြစ် ကြေညာမည့် ပြန်တမ်းမှာ မကြာခင်အချိန်အတွင်း ရောက်လာဦးမည်မဟုတ်ကြောင်း ခံစားနေရသည်။

သူ အကြံအစည်တစ်ခု ကြံစည်ရန် လိုအပ်သည်။

ကျုံးဝမ် ခေါင်းနည်းနည်းမူးနေသည်။ သူ့တစ်ကိုယ်လုံးမှာ ပူနွေးလျက် သက်သောင့်သက်သာမရှိလှပေ။ သူ ကိစ္စများကို ဆက်မစဉ်းစားရဲတော့။ အမိန့်တော်ပြန်တမ်းကို သပ်သပ်ရပ်ရပ်ပြန်ချလျက် တော်ဝင်သမားတော်ကို တစ်ယောက်တည်း သွားရှာလေတော့သည်။

တံခါးသို့အရောက်တွင် ကျုံးဝမ်မှာ ချီတုံချတုံဖြစ်နေမိသည်။ ခုတင်ပေါ်တွင် ယခုရှိနေသော ယွီရှီတစ်ယောက် နိုးထလာလျှင် သူ့ကိုရှာမတွေ့၍ ထပ်ပြီးစိတ်လွဝ်သွားမှာကို သူစိုးရိမ်မိသည်။ မနေ့ကကဲ့သို့ပင်။

ကျုံးဝမ်သည် တကယ်တမ်းတွင် ယွီရှီစိတ်လွတ်နေမည့်ပုံကို ထပ်မမြင်ချင်ပေ။

ကျုံးဝမ်သည် ထိုအကြောင်းကိုတွေးလျက် သက်ပြင်းချလိုက်သည်။ သူနောက်သို့ပြန်သွားပြီး ယွီရှီ၏ခုတင်ဘေးတွင်ရပ်ကာ ခေါင်းငုံ့လျက် ခါးသက်စွာ ရယ်လိုက်သည်။ အပေါ်ရုံနှင့် သူ၏ကိုယ်ပိုင်အတွင်းဝတ်ကို သူချွတ်လိုက်သည်။ သူ၏အတွင်းဝတ်ကို ယွီရှီ၏လက်နံဘေးတွင် သူချထားလိုက်သည်။

ဤသို့အတွင်းကျကျ အင်္ကျီကိုတွေ့ရလျှင် ဤလူသည် ထူးဆန်းသော အတွေးတို့ကို ထပ်မတွေးတော့ဘဲ နေမည်မဟုတ်လား။

သူ ကိစ္စများကို သေချာတွေးခေါ်၍ ဖြေရှင်းထားသည်ဟု ကျုံးဝမ်ယုံကြည်ခဲ့သည်။ အပေါ်ရုံကိုခြုံလျက် သူသည် တော်ဝင်သမားတော်နှင့်တွေ့ရန် ထွက်လာခဲ့တော့သည်။

နောက်တစ်နာရီအကြာတွင် ကောင်းကင်မှာ လင်းလာချေပြီ။ ယွီရှီသည် ရီဝေဝေဖြင့် နိုးထလာခဲ့သည်။

စိတ်တစ်ခါလွတ်ပြီးတိုင်း ယွီရှီ၏မှတ်ဉာဏ်မှာ မှုန်ဝါးဝါးသာရှိသည်။ သူခုတင်ပေါ်တွင်ထိုင်လျက် အချိန်တော်တော်ကြာ ပြန်တွေးနေမိသည်။ ယမန်နေ့က ဖြစ်ပျက်ခဲ့သမျှကို သူခပ်ရေးရေး စဉ်းစားမိသည်။

ယွီရှီသည် ခုတင်ကန့်လန့်ကာများကို ကြည့်လိုက်ပြီး စိတ်ပျက်မိသည်။ သူ သူ့ကိုယ်သူ လှောင်ရယ်လိုက်သည်။

အရာအားလုံး ပြီးဆုံးချေပြီ။

ကျုံးဝမ် ထွက်သွားခဲ့လေပြီ။ အရာအားလုံး ပြီးဆုံးသွားလေပြီ။

ယွီရှီသည် အစကတည်းက ဤသည်မှာ အဆိုးဆုံး အခြေအနေဖြစ်သည်ဟု တွေးထားခဲ့သည်။ သို့သော် သူထထိုင်ပြီးနောက်တွင် ဤလောကကြီး၌ တည်မြဲခြင်းဟူသည်မရှိဘဲ ဘဝမှာ လွဲချော်မှုများနှင့် ပြည့်နေသည်ဟု သဘောပေါက်သွားခဲ့ရသည်။ မျှော်လင့်ချက်တို့ စုန်းစုန်းမြုပ်နေချိန်လေပြီဟု သူခံစားမိသည့် အခေါက်တိုင်း၌ ပို၍ကြောက်မက်ဖွယ်ကောင်းသော အရာတို့က သူ့ကိုစောင့်ကြိုနေသည်။

ယွီရှီ၏မျက်လုံးတို့ အနည်းငယ်လှုပ်ခတ်သွားသည်။ ရှုပ်ထွေးသောအိပ်ရာ၊ စောင်ပေါ်မှ သွေးကွက်များနှင့် သူ့လက်ဘေးရှိ ဘယ်ဆီဘယ်ဝယ်က ပေါ်လာမှန်းမသိသော အတွင်းဝတ်တို့ကို သူစိုက်ကြည့်မိသည်။ သူ့မျက်နှာမှ သွေးတို့ဆုတ်ယုတ်သွားကြကုန်သည်။

ယွီရှီ စိတ်ပျက်လက်ပျက်ဖြင့် ထလိုက်သည်။ သူ့လက်နှင့်ရင်ဘတ်တို့ကို သူငုံ့ကြည့်၍ လေ့လာနေမိသည်။

အကောင်းပကတိအတိုင်းသာ။ ထိခိုက်ရှရာ တစ်ခုလေးပင် သူ့မှာမရှိ။

ဤသွေးကွက်များသည် သူ့ထံမှမဟုတ်။ ဤအဓိပ္ပာယ်အရ အခြားသူထံမှသာ ဖြစ်လိမ့်မည်။

ယွီရှီသည် ဝတ္ထုစာအုပ်အတော်များများ ဖတ်ထားသော သူဖြစ်သည်။ မည်သည့်အခြေအနေအောက်တွင် စောင်များပေါ်၌ သွေးကွက်များ စွန်းထင်းတတ်သည်ကို သူကောင်းကောင်းကြီးသိနေသည်။

ယွီရှီသည် ခုတင်ပေါ်ရှိ အတွင်းဝတ်ကို စက်ဆုပ်ရွံရှာစွာ ကြည့်လိုက်သည်။ သူအော်ဟစ်လိုက်သည်။ "တစ်ယောက်ယောက်လာစမ်း"

အစတည်းက အပြင်ဘက်တွင် ရှိနေသော အိမ်တော်ထိန်းဖုန်မှာ သုတ်သုတ်ပြာပြာ ပြေးဝင်လာသည်။

"ဘယ်သူ... ဘယ်သူလဲ" ယွီရှီ၏နှုတ်ခမ်းတို့သည် လုံးဝဖြူဖွေးနေသည်။ ခုတင်ပေါ်ရှိ အတွင်းဝတ်ကို လက်ညှိုးထိုးလျက် သူ့ဒေါသကို ထိန်းချုပ်နေသည်။ "ဒါ ဘယ်ပြည့်တန်ဆာရဲ့ဟာလဲ"

အိမ်တော်ထိန်းဖုန်မှာ ခေတ္တတွေဝေသွားတော့သည်။ သူတွေးလိုက်သည်။ ဒီနှစ်ယောက်က ရန်ဖြစ်ထားတာလား။

အိမ်တော်ထိန်းဖုန်က မရေမရာရှင်းပြရန် သတိဖြင့် အသင့်ပြင်ထားသည်။ သူကမေးသည်။ "ဘာ...ဘာကိုလဲ"

ယွီရှီသည် မနေ့ညက ဖြစ်ခဲ့သောကိစ္စတို့ကို မမှတ်မိပေ။ သူစိတ်လွတ်တတ်မှန်းသိ၍ ယွီရှီသည် အိမ်တော်တွင် မိန်းကလေးအစေခံများ မထားရဲပေ။ သူ အသိစိတ်လွတ်နေချိန်တွင် သူ့ကိုအခွင့်ကောင်းယူသွားမည်ကို စိုး၍ဖြစ်သည်။ သို့သော် သူ၏ကြိုးစားအားထုတ်ခဲ့မှုများကို ကျော်လွန်၍ သူကျရှုံးခဲ့ဟန်တူသည်။

ကျုံးဝမ်သာ သိသွားခဲ့လျှင် သူပြန်လာဦးမည်လား။

သူ ဤအကြောင်းကို မည်သို့ရှင်းပြရအံ့။

ယွီရှီစိတ်ပျက်စွာ တွေးလိုက်မိသည်။ သူ ယခုကဲ့သို့ ညစ်ညမ်းသွားခြင်းကို ကျုံးဝမ်ရွံရှာလေမလား။

ယွီရှီ၏စိတ်အခြေအနေ သိပ်ပုံမှန်မဟုတ်ဟု အိမ်တော်ထိန်းဖုန် ခံစားရသည်။ သူက ကြောက်ကြောက်ဖြင့် မေးလိုက်သည်။ "ဆက်ခံသူ... ဘာဖြစ်နေတာပါလဲ"

"ခင်ဗျားမမြင်ဘူးလား" ယွီရှီ၏အသံတို့ တုန်နေခဲ့သည်။ "စောင်ပေါ်ကသွေးတွေ။ ပြီးတော့ ပြည့်တန်ဆာရဲ့အဝတ်။ ခင်ဗျားမမြင်နိုင်ဘူးလား။ ဘယ်သူလဲ"

အိမ်တော်ထိန်းဖုန် တံတွေးမျိုချလိုက်မိသည်။ သူကချိုသာစွာ ပြောသည်။ "ဒီအစေခံကြီးကတော့ ဒါတွေဘာဖြစ်ခဲ့တယ်ဆိုတာကို မသေချာပါဘူး၊ ဒါပေမဲ့ ဆက်ခံသူကို ဒီအစေခံကြီး သေချာပြောပြစရာ ရှိပါတယ်..."

အိမ်တော်ထိန်းဖုန်က တိုးလျလျပြောသည်။ "မနေ့ကညကစပြီး အခုအချိန်အထိ သခင်လေးကျုံး တစ်ယောက်ကပဲ ဒီအခန်းထဲကို ဝင်ခဲ့တာပါ"

မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ယွီရှီသည် နေရာတွင် အတောင့်လိုက် ရပ်နေမိသည်။

ချက်ချင်းဆိုသကဲ့သို့ ခုတင်ပေါ်ရှိ သွေးစွန်းကွက်တို့သည် ရွံရှာဖွယ် မကောင်းတော့။ အတွင်းဝတ်သည်လည်း နှစ်သက်ဖွယ်ကောင်းလာခဲ့သည်။

သို့သော်...

ယွီရှီဝေခွဲမရဖြစ်သွားသည်။ "ကျွန်တော် သူ့ကို အရမ်းနာကျင်စေခဲ့တာ။ သူကထွက်မသွားခဲ့ဘူး။ သူပြန်လာခဲ့တယ်။ သူကျွန်တော့်ကို လာရှာခဲ့တယ်။ ကျွန်တော်..."

ယွီရှီစိတ်ဓာတ်ကျသွားသည်။ "ပြီးတော့ ကျွန်တော်က သူ့ကိုအဲ့လိုလုပ်ခဲ့တယ်ပေါ့လေ"

ယွီရှီသည် သူ၏နောက်ဆုံး မျှော်လင့်ချက်လေးကို မြဲမြဲဆုပ်ကိုင်ထားသည်။ "သူဘယ်မှာလဲ"

"သူအခုတော်တော်လေး နေမကောင်းဖြစ်နေပါတယ်။ မနက်က အိပ်ရာထတော့ သူထပ်ဖျားနေပြီးတော့ တစ်ကိုယ်လုံးလည်း ကိုက်ခဲနေတယ်လို့ ပြောပါတယ်" အိမ်တော်ထိန်းဖုန်က အမှန်တရားကို ပြောလိုက်သည်။ "သူ တော်ဝင်သမားတော်ကို သွားရှာပါတယ်"

ယွီရှီ "..."

ယွီရှီ၏မျက်နှာသည် အနည်းငယ် နီစွေးသွားသည်။ သူ တစ်ဘက်သို့လှည့်ကာ စောင်များကို ကွယ်အုပ်နေသည်။ အိမ်တော်ထိန်းဖုန်သည် ကူညီပေးရန် ရှေ့သို့အလောတကြီး တိုးလာသော်လည်း ယွီရှီက စောင်များကို မမြင်ရလေအောင် ကာထားခဲ့သည် သူက အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။ "ဒ-ဒါက ခင်ဗျား ကြည့်သင့်တဲ့ဟာမျိုး မဟုတ်ဘူး... ဒါက ကျုံးဝမ်ရဲ့ဆီက ကျန်ခဲ့တာတွေ၊ ခင်ဗျားသိပါတယ်... ထားလိုက်တော့။ ဘာဖြစ်ဖြစ် ကျွန်တော်ပဲ ကိုယ်တိုင် သန့်ရှင်းလိုက်မယ်"

10.12.2021

Thanks for reading

Zawgyi

က်ဳံးဝမ္သည္ ယြီရွီ၏ေဘးတြင္ ဒူးတစ္ဖက္ေထာက္ လိုက္သည္။ သူ႔နဖူးထက္တြင္ ေသြးမ်ားသည္ အစဥ္မျပတ္ ယိုစီးက်လ်က္ရွိသည္။ သူ႔မ်က္ခုံးၾကားမွ စီးက်လာေသာ ေသြးတို႔ကို ဂ႐ုစိုက္ရန္ သူ မအားနိုင္ေသး။ အသံအက္အက္ျဖင့္ သူက ဆက္ေမးသည္။ "မင္း ဒါပဲ စားတာမလား။ အေအးစာမႈန႔္ေတြ မစားထားဘူးမလား"

ယြီရွီသည္ ေခါင္းအနည္းငယ္ေမာ့လ်က္ က်ဳံးဝမ္ကို ၾကည့္လိုက္သည္။ ယခုအခ်ိန္တြင္ သူ၏စိတ္သည္ ပုံမွန္မဟုတ္ေပ။ သူ႔ေရွ႕ကသူ မည္သူဆိုသည္ကို သူလုံးဝမသိ။

က်ဳံးဝမ္၏ႏွလုံးသားမွာ နာက်င္လြန္းလွ၍ အသက္ရႉရပင္ ခက္လာသည္။ သူ ယြီရွီ၏ရင္ဘတ္တစ္ေလၽွာက္ စမ္းၾကည့္ေသာ္လည္း ဘာကိုမွ မေတြ႕ရ။ သူကထပ္ေမးသည္။ "မင္းအေအးစာမႈန႔္ေတြ မစားဘူးမလား"

ယြီရွီသည္ သူ႔ပါးစပ္ထဲရွိ လက္ဖက္ေျခာက္ရြက္တို႔ကို တယုတယ ဝါးေနသည္။ သူက ျဖည္းညင္းစြာ ေခါင္းခါသည္။

က်ဳံးဝမ္ စိတ္ေအးသြားေတာ့သည္။ ယြီရွီက သူ႔ကိုယ္သူေျပာေနသည္။ "ေကြ႕ယြမ္က ငါ့ကိုစားခိုင္းမွာ မဟုတ္ဘူး"

ယြီရွီ၏အကၤ်ီေကာ္လာကို ကိုင္ထားေသာ က်ဳံးဝမ္၏လက္တို႔ ေတာင့္ခဲသြားရသည္။

က်ဳံးဝမ္သည္ မ်က္ရည္မ်ားကို အတင္းထိန္းေနရသည္။ အနည္းငယ္တစ္ဆို႔ေနေသာ အသံျဖင့္ သူကေမးသည္။ "ငါ မင္းဖို႔ခ်န္ခဲ့တဲ့စာကို မင္းမေတြ႕ဘူးလား။ ငါထြက္သြားၿပီလို႔ မင္းထင္ေနတာလား။ ငါျပန္မလာေတာ့ဘူး ဆိုၿပီးေတာ့ေလ"

ယြီရွီသည္ သူ႔မ်က္ခုံးမ်ားကို တြန႔္ခ်ိဳးလ်က္ က်ဳံးဝမ္ကို ၾကည့္လာသည္။ သူ႔ေရွ႕ကလူ ေျပာေနေသာ စကားတို႔ကို သူနားမလည္နိုင္။

"ငါ..." က်ဳံးဝမ္၏မ်က္ႏွာထက္တြင္ ေသြးတို႔ စီးက်လာသည္။ ယြီရွီ ထိတ္လန႔္သြားမည္ကိုစိုး၍ မတ္တပ္ထရပ္ကာ လက္ဖက္ရည္တစ္ခြက္ကို ေကာက္ယူလိုက္သည္။ ေခါင္းကိုေနာက္သို႔လွန္လ်က္ လက္ဖက္ရည္ကို သူ႔မ်က္ႏွာေပၚသို႔ ေလာင္းခ်လိုက္သည္။ သူ႔ဒဏ္ရာမွာ စပ္ဖ်င္းေနေသာ္ျငား က်ဳံးဝမ္သည္ ဤနာက်င္မႈကို ဂ႐ုမစိုက္နိုင္အား။ သူ႔မ်က္ႏွာကို သုတ္လိုက္ၿပီး ယြီရွီကို တိုးတိုးေျပာလိုက္သည္။ "ထ... အရင္ထလိုက္။ ငါ ထြက္မသြားဘူး"

က်ဳံးဝမ္သည္ ယြီရွီကို သူ႔ေျခေထာက္ေပၚသူ ရပ္ေစသည္။ ယြီရွီသည္ လက္ဖက္ေျခာက္ထုပ္ကေလးကို လက္ထဲတြင္ ကိုင္ထားဖို႔ကိုလည္း မေမ့။ လက္ဖက္ေျခာက္ထုပ္ေလးကို ဂ႐ုတစိုက္ျဖင့္ ျပန္လည္သိမ္းထုပ္ၿပီး သူ႔ရင္ဘတ္အိတ္ထဲသို႔ ျပန္ထည့္ထားလိုက္သည္။

က်ဳံးဝမ္သည္ ယြီရွီကို ခုတင္ေပၚသို႔ ဆြဲေခၚၿပီး နံေဘးရွိ ေစာင္တစ္ထည္ကို ျခဳံေပးထားလိုက္သည္။ ယြီရွီက က်ဳံးဝမ္ကို သူအလိုရွိရာလုပ္ခြင့္ ျပဳထားသည္။ အသက္မပါေသာ မ်က္ဝန္းတို႔ျဖင့္ သူကတိုးလ်စြာ အမိန႔္ေပးသည္။ "ငါ့စားပြဲေပၚက ပစၥည္းေတြကို မထိနဲ႔"

"ဘ-ဘာလဲ" က်ဳံးဝမ္ အျပင္ဘက္သို႔ လွမ္းၾကည့္လိုက္သည္။ သူက အလ်င္အျမန္ေျပာသည္။ "ငါ မထိပါဘူး။ အဲ့ဒါဘာေတြလဲ။ အမိန႔္ေတာ္ျပန္တမ္းလား။ ငါ မင္းအတြက္ သိမ္းေပးရမလား"

ယြီရွီက ေခါင္းခါသည္။ "အဲ့ဒါေတြကို မထိနဲ႔။ အဲ့ဒါေတြက ငါ ေကြ႕ယြမ္အတြက္ ဝယ္ခဲ့တဲ့ ရႊံ့ေစး႐ုပ္ေတြ"

က်ဳံးဝမ္၏ႏႈတ္ခမ္းတို႔မွာ မသိမသာ တုန္ယင္လာသည္။ သူ႔ႏွလုံးသားမွာ ကြဲအက္သြားေတာ့မတတ္ နာက်င္ေနသည္။

က်ဳံးဝမ္သည္ ယြီရွီကို ေစာင္ေပၚမွေန၍ ဖက္ထားသည္။ သူ႔ပုခုံးတို႔မွာ အလြန္အမင္း တုန္ခါေနသည္။ သူကေခါင္းကိုငုံ႔ကာ မ်က္ႏွာကို ေစာင္ထဲ၌ ဖြက္ထားသည္။

"ငါ..."

ယြီရွီ ဆက္ၾကားနိုင္၊ မၾကားနိုင္ကို က်ဳံးဝမ္ ဂ႐ုမစိုက္။ သူ ယြီရွီကို နီးနီးကပ္ကပ္ ေထြးေပြ႕ထားၿပီး တီးတိုးေျပာလိုက္သည္။ "ရႊံ့ေစး႐ုပ္ေလး ပ်က္သြားလည္း ရပါတယ္။ မဟုတ္လည္း ငါ အရမ္းႀကိဳက္တာမွ မဟုတ္တာ... လြန္ခဲ့တဲ့ ခုနစ္ႏွစ္က မင္းကို အတင္းဝယ္ခိုင္းတယ္ဆိုတာ အိမ္ကိုလြမ္းေနခဲ့လို႔"

"ၾကင္ယာေတာ္မင္းသမီးက ငါ့ကိုအရမ္းအလိုလိုက္ခဲ့တာ။ ငါ့ေရွ႕မွာ ကေလးမရွိေတာ့ သူငါ့ကို ပ်ိဳးေထာင္တဲ့ေနရာမွာ... အရမ္းအလိုလိုက္ခဲ့တယ္။ မင္းသားနင္အိမ္ေတာ္ရဲ့ သခင္ေလးဆီက ေငြရဖို႔ အရမ္းလြယ္တယ္ဆိုတာ ကုန္သည္တိုင္းသိၾကတယ္။ အဲ့အခ်ိန္က..." က်ဳံးဝမ္ကတန႔္သြားသည္။ သူတိုးေဖ်ာ့စြာေျပာသည္။ "သူတို႔က ငါနဲ႔လင္စစ္ စာသင္ခန္းက ထြက္လာမဲ့အခ်ိန္ကို အခ်ိန္မွန္ ေစာင့္ေနခဲ့ၾကတယ္။ ၿပီးရင္ မင္းသားနင္အိမ္ေတာ္ေထာင့္က လမ္းၾကားေလးထဲမွာ တိုးေဝွ႕ေနၾကၿပီ။ ကေလးေတြအတြက္ သင့္ေတာ္တဲ့ ပစၥည္းေတြကို ေရာင္းေနသမၽွ ၾကင္ယာေတာ္မင္းသမီးက ငါတို႔အတြက္ အျမဲဝယ္ေပးခဲ့တယ္"

"ၿပီးေတာ့လည္း..." က်ဳံးဝမ္၏မ်က္လုံးတို႔မွာ ရဲရဲနီေနသည္။ သူ႔အသံသည္ တုန္ရီလ်က္ရွိသည္။ "ငါ မင္းကိုတမင္တကာ စေနခဲ့တာ... မင္းသမီးႀကီးက မင္းကိုအရမ္းတင္းက်ပ္လြန္းတယ္။ မင္းရဲ့ကေလးဘဝက ေသခ်ာေပါက္ အရမ္းကို ပ်င္းစရာေကာင္းခဲ့မွာပဲလို႔ ငါေတြးခဲ့တာ။ ငါ မင္းကို အျပင္ထြက္ၿပီး လမ္းေတြေပၚ ေလၽွာက္သြားေစခ်င္တာ..."

"အဲ့တုန္းက ငါ ေဝ့လည္ေၾကာင္ပတ္ လုပ္ေနခဲ့တာလည္း ပါပါတယ္။ ငါ ဘာကိုမွ တိုက္ရိုက္ႀကီး မေျပာခ်င္ခဲ့ဘူး..." က်ဳံးဝမ္သည္ ယြီရွီကို ေပြ႕ကိုင္ထားရင္း ခက္ခဲဆို႔နင့္စြာ ေျပာသည္။ "အဲ့အခ်ိန္က ငါ ငါ့ခံစားခ်က္ကို ရွင္းရွင္းလင္းလင္း သိေနခဲ့တယ္၊ ဒါေပမဲ့... လူတိုင္းက မင္းအေဖက ငါ့အ‌ေ— မင္းသားနင္ကို သတ္တယ္လို႔ ေျပာေနခဲ့ၾကတာ။ အဲ့ဒါေၾကာင့္ ငါ မင္းကိုမေျပာနိုင္တဲ့ ကိစၥေတြ အမ်ားႀကီးရွိခဲ့တယ္"

က်ဳံးဝမ္ကေျပာသည္။ "ေနာက္က်ေတာ့ ငါ တခ်ိဳ႕ကိစၥေတြနဲ႔ ပတ္သတ္ၿပီး လက္ခံလာရတယ္။ ဒီဘဝမွာ... ငါ မင္းသားနင္နဲ႔ ၾကင္ယာေတာ္မင္းသမီးတို႔ကို ေက်းဇူးဆပ္ဖို႔ က်ရႈံးရမဲ့ ကံပါလာခဲ့တယ္။ ငါ သူ႔တို႔ကိုထပ္ေတြ႕ဖို႔အတြက္ ျပစရာမ်က္ႏွာမရွိဘူး။ ငါ ငါ့အတြက္ အျပစ္ဒဏ္ကို မေၾကာက္ဘူး။ ဒါေပမဲ့..."

က်ဳံးဝမ္က မ်က္ရည္မက်ရေအာင္ထိန္းလ်က္ ယြီရွီကို ၾကည့္လိုက္သည္။ သူကညင္သာစြာေျပာသည္။ "ဒါေပမဲ့ မင္းကေရာ"

က်ဳံးဝမ္၏ ေကာင္းကင္ဘုံရွိ ဘိုးေဘးတို႔သည္ ခ်ဳံအန္းမင္းႀကီး၏သားအား က်ဳံးဝမ္ႀကိဳက္ေနေသာ ကိစၥကိုသိလၽွင္ ယြီရွီ့အေပၚ ေဒါသအမ်က္တို႔ ပုံခ်ၾကေလမလား။

ေန႔ခင္းက ယြီရွီထြက္သြားၿပီးေနာက္ အနည္းငယ္ သက္သာလာခ်ိန္တြင္ က်ဳံးဝမ္သည္ သူ၏အားနည္းေဖ်ာ့ေတာ့ေသာ ကိုယ္ခႏၶာကို ခုတင္ေပၚမွ အတင္းဆင္းေစ၍ လက္ေရးစာတစ္ေစာင္ေရးလ်က္ အိမ္ေတာ္မွထြက္ကာ ျမင္းငွားၿပီး က်ဳံးမိသားစု၏ ဘိုးေဘးအုတ္ဂူမ်ားရွိရာသို႔ သြားခဲ့သည္။

သူမေရာက္ျဖစ္ခဲ့သည္မွာ ခုနစ္ႏွစ္၊ ရွစ္ႏွစ္ခန႔္ ၾကာခဲ့ေလၿပီ။

သူ ဘိုးေဘးမ်ားကို အရွက္ရေစခဲ့သည္ဟု က်ဳံးဝမ္ ယုံၾကည္ထားသည္။ သူ႔ကိုယ္သူ မိသားစုထဲမွ ေဖ်ာက္ပစ္ခဲ့ၿပီး ဘိုးေဘးအုတ္ဂူမ်ားရွိရာသို႔ ေျခထပ္ခ်ရန္ ျငင္းဆန္ခဲ့သည္။

ယခင္ကရန္ေႂကြးမ်ား ယခုျပန္လည္ ေပၚေပါက္လာေသာအခါဝယ္ သူမလာဘဲ မေနနိုင္ေတာ့။

က်ဳံးဝမ္သည္ နာရီေတာ္ေတာ္ၾကာကို သူ႔မိဘမ်ားအုတ္ဂူေရွ႕တြင္ အရိုအေသေပး ကန္ေတာ့လ်က္ ကုန္ဆုံးခဲ့သည္။

က်ဳံးဝမ္သည္ ဤႏွစ္မ်ားအတြင္း သူလုပ္ခဲ့ေသာ ရွက္ရြံ့ဖြယ္ ကိစၥအရပ္ရပ္တို႔အေပၚ ဆင္ေျခအနည္းငယ္ပင္ မေပးဝံ့။ ေျခနင္းေက်ာက္တို႔အေပၚ ေသြးမ်ားရဲသြားသည္အထိ အရိုအေသေပးကာ သူတစ္ေယာက္တည္းကိုသာ အျပစ္တင္ရန္ မိဘမ်ားထံ ပန္ၾကားေတာင္းပန္ခဲ့သည္။ မည္သည့္အေၾကာင္းေၾကာင့္ျဖစ္ျဖစ္ သူ၏က်စ္႐ုန္အေပၚ ထပ္ၿပီးေဒါသမပုံခ်ရန္ သူေတာင္းပန္ခဲ့သည္။

"ငါကသာ အရင္ခ်စ္မိသြားခဲ့တာ။ မင္းကိုအရင္ဆြဲေဆာင္ခဲ့တာလည္း ငါပဲ..." က်ဳံးဝမ္သည္ နဖူးမွေသြးတို႔ကို သုတ္သည္ဆို႐ုံမၽွ သုတ္လိုက္သည္။ "တစ္ေယာက္ေယာက္မွာ အျပစ္ရွိခဲ့ရင္လည္း အဲ့တစ္ေယာက္က ငါပဲ..."

ယြီရွီသည္ မ်က္လုံးမ်ားကို မွိတ္ထားရင္း အိပ္ေပ်ာ္သြားခဲ့သည္။

က်ဳံးဝမ္ တစ္ဘက္သို႔ လွည့္လိုက္ၿပီး ယြီရွီကို လွဲအိပ္ေစလိုက္သည္။ ထို႔ေနာက္တြင္ ယြီရွီ၏နံေဘးတြင္ အဝတ္အစား အျပည့္အစုံျဖင့္သာ လွဲလိုက္သည္။

"က်စ္႐ုန္..." က်ဳံးဝမ္သည္ သူ႔ေခါင္းကို ယြီရွီ၏ကိုယ္ေပၚတြင္ တင္ထားသည္။ သူကေရရြတ္သည္။ "လြန္ခဲ့တဲ့ႏွစ္ေတြမွာ မင္းခံစားခဲ့ရတဲ့ ဒုကၡေတြက ေျမႀကီးေအာက္ကလူေတြ သူတို႔အေႂကြးကို ျပန္ေတာင္းေနလို႔လားဆိုတာကို ငါလည္းမသိဘူး။ သူတို႔ဒီအေျခအေနကို ေသခ်ာမသိမွာ ငါစိုးရိမ္လို႔ သူတို႔ကို ေျပာခ်င္ခဲ့တာ... မင္းက အမွားလုပ္တဲ့သူ မဟုတ္ဘူးဆိုတာ။ အျပစ္ရွိတဲ့သူကလည္း မင္းမဟုတ္ဘူး"

က်ဳံးဝမ္၏မ်က္ႏွာမွ ေသြးတို႔သည္ ဂြမ္းေစာင္ထဲသို႔ တိတ္တဆိတ္ စိမ့္ဝင္သြားသည္။

အခ်ိန္တစ္ခုအၾကာတြင္ သူသည္ ယြီရွီကိုဖက္လ်က္သားျဖင့္ အိပ္ေပ်ာ္သြားေတာ့သည္။

ကမၻာေျမေပၚသို႔ ေနေရာင္စေရာက္လာခ်ိန္တြင္ က်ဳံးဝမ္နိုးလာခဲ့သည္။

ယြီရွီသည္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေနဆဲပင္။

က်ဳံးဝမ္သည္ ထထိုင္လ်က္ ယြီရွီ၏နဖူးျပင္ကို စမ္းၾကည့္လိုက္သည္။ အေကာင္းအတိုင္းသာရွိေနသည္။ သူကိုယ္ကိုေကြးညႊတ္လ်က္ ယြီရွီ၏နဖူးကို သူ႔နဖူးႏွင့္ ေတ့လိုက္သည္။ က်ဳံးဝမ္အံ့အားသင့္သြားသည္။ သူ႔အပူခ်ိန္သည္ ယြီရွီထက္ပင္ ပိုပူေနေသးသည္။

က်ဳံးဝမ္၏ခႏၶာကိုယ္တစ္ခုလုံး နာက်င္ကိုက္ခဲေနသည္။ သူ႔နဖူးမွာ ပို၍ပင္ နာက်င္ေနသည္။ ယခုမွသာ သူ႔ထံတြင္ အဖ်ားရွိေနေၾကာင္းကို က်ဳံးဝမ္ သတိထားမိေတာ့သည္။ က်ဳံးဝမ္ သက္ျပင္းသာသာခ်လ်က္ ခုတင္ေပၚမွ ထလိုက္ေတာ့သည္။

သူအေအးမိခဲ့သည္လား၊ ဘာလားေတာ့ က်ဳံးဝမ္မသိ။ ယြီရွီႏွင့္အတူ မေန႔ညက တစ္ခန္းတည္း အတူတူအိပ္ခဲ့မိသည္ကို သူေနာင္တရမိသည္။ သူ ယြီရွီကို အဖ်ားကူးသြားေစၿပီလားမသိ။ က်ဳံးဝမ္သည္ ယြီရွီ၏အေပၚ႐ုံကို ယူဝတ္လိုက္ၿပီးေနာက္တြင္ အိပ္ခန္းထဲမွ ထြက္လာခဲ့ေတာ့သည္။ ပုံေဖာ္၍ပင္ မရနိုင္ေလာက္ေအာင္ ဆုတ္ျဖဲခံထားရသည့္ အမိန႔္ေတာ္ျပန္တမ္းစာကို သူ ၾကမ္းေပၚမွ ေကာက္ယူလိုက္သည္။

က်ဳံးဝမ္ ရင္ထဲတြင္ အံ့ဩေနမိသည္။ အမိန႔္ေတာ္ျပန္တမ္းေပၚတြင္ ထူးဆန္းလွစြာျဖင့္... သြားကိုက္ရာမ်ား ရွိေနသည္။

က်ဳံးဝမ္သည္ အမိန႔္ေတာ္ျပန္တမ္းကို တစ္စစီျပန္ဆက္လ်က္ ဖတ္ၾကည့္ေနသည္။

ခ်ဳံအန္းမင္းႀကီးသည္ အေၾကာင္းအရာႏွင့္ လိုက္ေလ်ာညီေထြျဖစ္ေအာင္ အေတာ္အတန္ ေကာင္းမြန္လွစြာ ေရးထားသည္။ အမိန႔္ေတာ္ျပန္တမ္းမွာ အလြန္တရာ အဆန္းတၾကယ္မရွိလွ။ စာထဲတြင္ ယြီရွီသည္ လြန္ေလၿပီးေသာ ႏွစ္မ်ားက မင္းသမီးႀကီးအန္းေကာအိမ္ေတာ္မွ အရိုအေသတန္ေသာ မိသားစုတစ္စု၏ မိန္းမတစ္ဦးႏွင့္ မင္းႀကီးတို႔ ရခဲ့ေသာကေလးဟုသာ ေျပာထားသည္။ ထိုအခ်ိန္က အႀကီးဆုံးေတာ္ဝင္မင္းသားႏွင့္ ဒုတိယေတာ္ဝင္မင္းသားတို႔သည္ ေရွ႕ဆင့္ေနာက္ဆင့္ ကြယ္လြန္ခဲ့ၾကသည္။ တတိယမင္းသားသည္လည္း က်န္းမာေရးခ်ိဳ႕ယြင္းေနျပန္သည္။ ထိုႏွစ္မ်ားသည္ စိတ္ဆင္းရဲဖြယ္အတိျဖစ္ခဲ့ေသာ ႏွစ္မ်ားျဖစ္သည္။ နို႔စို႔ကေလးသာသာ ရွိေသးသည့္ ယြီရွီအေပၚသို႔လည္း ဤကံဆိုးမႈမ်ား က်ေရာက္လာမည္ကို ခ်ဳံအန္းမင္းႀကီးက စိုးရိမ္ခဲ့သည္။ ထို႔ေၾကာင့္ သူ႔အား အျခားမ်ိဳးရိုးနာမည္ကို ယာယီခံယူေစလ်က္ မင္းသားယြီႏွင့္ မင္းသမီးႀကီးအန္းေကာတို႔ထံတြင္ ႀကီးျပင္းေစခဲ့သည္။

ဤျပန္တမ္းတြင္ ခ်ဳံအန္းမင္းႀကီးသည္ ယြီရွီ၏နာမည္ကို တရားဝင္မေျပာင္းထားေသးေပ။ ယြီရွီအား ပထမအဆင့္မင္းသားအျဖစ္ ခ်ီးေျမႇာက္လ်က္ ေနာက္တစ္ေန႔တြင္ လူတိုင္းကို လြတ္ၿငိမ္းခ်မ္းသာခြင့္မ်ား ေပးမည္ဟုသာ ဆိုထားသည္။

မ်ိဳးရိုးနာမည္ေျပာင္းျခင္းမရွိ။ အိမ္ေရွ႕စံရာထူး အပ္ႏွင္းျခင္းမရွိ။

က်ဳံးဝမ္ မ်က္လုံးမ်ားကို ေမွးလိုက္သည္...

ဤကိစၥကို ေၾကညာျခင္းတြင္ မွားသည့္နည္းလမ္းမ်ိဳးမရွိ။ ယြီရွီသည္ ခ်ဳံအန္းမင္းႀကီး၏ သားျဖစ္သည္ဟူေသာ အေၾကာင္းမွာ အမတ္မ်ားၾကားတြင္ လူသိရွင္ၾကား လၽွို႔ဝွက္ခ်က္တစ္ခု ျဖစ္ေနခဲ့သည္မွာ ၾကာခဲ့ေသာ္ျငား မင္းႀကီးအေနႏွင့္ ယြီရွီကိုျပန္ေခၚလိုလၽွင္ တစ္ဆင့္ခ်င္းစီ လုပ္ရေပလိမ့္မည္။ သူ႔ကို အိမ္ေရွ႕စံရာထူး ခ်က္ခ်င္းအပ္ႏွင္းရန္မွာ မသင့္ေတာ္။ ယခုအခ်ိန္တြင္ ခ်ဳံအန္းမင္းႀကီးသည္ ယြီရွီကို အမတ္ႀကီးမ်ား၏ ေဆြးေႏြးပြဲၾကား၌ ေနခိုင္းေနျခင္းမွာ နိုင္ငံေရးအရ ေအာင္ျမင္မႈမ်ားရွိေအာင္ အခြင့္အေရး ေပးေနျခင္းပင္ျဖစ္သည္။ သူ၏ေအာင္ျမင္မႈမ်ားကိုလိုက္၍ ျဖည္းျဖည္းခ်င္း ဆုခ်သြားသည္က ပို၍ျဖစ္သင့္သည္။

ဤသို႔ေတြးလၽွင္ ခ်ဳံအန္းမင္းႀကီး၏ အစီအစဥ္တို႔သည္ အလြန္တရာ သင့္တင့္လွသည္။

သို႔ေသာ္ တစ္ဘက္တြင္လည္း ဤသည္မွာ ယြီရွီအား ခ်ဳံအန္းမင္းႀကီး ေစာင့္ၾကည့္ေနျခင္းျဖစ္သည္။

ခ်ဳံအန္းမင္းႀကီးသည္ မည္သူနည္း။ ႐ုတ္ျခည္းဆိုသကဲ့သို႔ ယြီရွီ သူ႔ကိုဖခင္အျဖစ္ အမွန္တကယ္ အသိအမွတ္ျပဳလိမ့္မည္ဟု သူမည္သို႔ယုံလိမ့္မည္နည္း။

သူတို႔ၾကားတြင္ လူ႔အသက္ေပါင္း မည္မၽွရွိသနည္း။ လြန္ခဲ့သည့္ႏွစ္မ်ားတြင္ သူတို႔၏ အေဖႏွင့္သား ဆက္ဆံေရးသည္ ပို၍ေဝးကြာလာခဲ့သည္။ ေန႔ခ်င္းညခ်င္း ယခင္အခ်ိန္ကို မည္သို႔ျပန္ေရာက္နိုင္အံ့။

ယြီရွီသာ အမွန္တကယ္ အိမ္ေရွ႕စံရာထူး ခန႔္အပ္ခံရလၽွင္ သူ၏ယခုစိတ္မ်ိဳးႏွင့္ဆို ဖခင္ကိုသတ္ျခင္းကဲ့သို႔ အစြန္းေရာက္ေသာ ကိစၥမ်ိဳး လုပ္လိမ့္မည္လား။

ခ်ဳံအန္းမင္းႀကီးသည္ ဤႏွစ္မ်ားအတြင္း ယြီရွီတစ္ေယာက္ ျပက္ရယ္ျပဳခံရမႈကို ႀကံ့ႀကံ့ခံလ်က္ ဝန္ထုပ္ဝန္ပိုးမ်ား ထမ္းထားခဲ့ရသည္ကို ၾကည့္ေနခဲ့သည္။ ဤျဖစ္နိုင္မႈကို သူ မစဥ္းစားေလသည္လား။

အိမ္ေရွ႕စံတရားဝင္ ျဖစ္လာလာခ်င္း ယြီရွီ ဘာမွမလုပ္လၽွင္ပင္ မင္းသားယြီႏွင့္ ရႊမ္ခ်ဳံတို႔သည္ ေၾကာက္ရြံ့ၾကကုန္လ်က္ အဆုံးစြန္ထိတိုင္ ပုန္ကန္ၾကမည္လား။

ခ်ဳံအန္းမင္းႀကီးသည္ ႏွစ္ဘက္စလုံးကို သတိရွိသည္။

က်ဳံးဝမ္သည္ အမိန႔္ေတာ္ျပန္တမ္းကို ဖ်စ္ညႇစ္လိုက္ၿပီး ယြီရွီကို အိမ္ေရွ႕စံေနရာအျဖစ္ ေၾကညာမည့္ ျပန္တမ္းမွာ မၾကာခင္အခ်ိန္အတြင္း ေရာက္လာဦးမည္မဟုတ္ေၾကာင္း ခံစားေနရသည္။

သူ အႀကံအစည္တစ္ခု ႀကံစည္ရန္ လိုအပ္သည္။

က်ဳံးဝမ္ ေခါင္းနည္းနည္းမူးေနသည္။ သူ႔တစ္ကိုယ္လုံးမွာ ပူေႏြးလ်က္ သက္ေသာင့္သက္သာမရွိလွေပ။ သူ ကိစၥမ်ားကို ဆက္မစဥ္းစားရဲေတာ့။ အမိန႔္ေတာ္ျပန္တမ္းကို သပ္သပ္ရပ္ရပ္ျပန္ခ်လ်က္ ေတာ္ဝင္သမားေတာ္ကို တစ္ေယာက္တည္း သြားရွာေလေတာ့သည္။

တံခါးသို႔အေရာက္တြင္ က်ဳံးဝမ္မွာ ခ်ီတုံခ်တုံျဖစ္ေနမိသည္။ ခုတင္ေပၚတြင္ ယခုရွိေနေသာ ယြီရွီတစ္ေယာက္ နိုးထလာလၽွင္ သူ႔ကိုရွာမေတြ႕၍ ထပ္ၿပီးစိတ္လြဝ္သြားမွာကို သူစိုးရိမ္မိသည္။ မေန႔ကကဲ့သို႔ပင္။

က်ဳံးဝမ္သည္ တကယ္တမ္းတြင္ ယြီရွီစိတ္လြတ္ေနမည့္ပုံကို ထပ္မျမင္ခ်င္ေပ။

က်ဳံးဝမ္သည္ ထိုအေၾကာင္းကိုေတြးလ်က္ သက္ျပင္းခ်လိုက္သည္။ သူေနာက္သို႔ျပန္သြားၿပီး ယြီရွီ၏ခုတင္ေဘးတြင္ရပ္ကာ ေခါင္းငုံ႔လ်က္ ခါးသက္စြာ ရယ္လိုက္သည္။ အေပၚ႐ုံႏွင့္ သူ၏ကိုယ္ပိုင္အတြင္းဝတ္ကို သူခၽြတ္လိုက္သည္။ သူ၏အတြင္းဝတ္ကို ယြီရွီ၏လက္နံေဘးတြင္ သူခ်ထားလိုက္သည္။

ဤသို႔အတြင္းက်က် အကၤ်ီကိုေတြ႕ရလၽွင္ ဤလူသည္ ထူးဆန္းေသာ အေတြးတို႔ကို ထပ္မေတြးေတာ့ဘဲ ေနမည္မဟုတ္လား။

သူ ကိစၥမ်ားကို ေသခ်ာေတြးေခၚ၍ ေျဖရွင္းထားသည္ဟု က်ဳံးဝမ္ယုံၾကည္ခဲ့သည္။ အေပၚ႐ုံကိုျခဳံလ်က္ သူသည္ ေတာ္ဝင္သမားေတာ္ႏွင့္ေတြ႕ရန္ ထြက္လာခဲ့ေတာ့သည္။

ေနာက္တစ္နာရီအၾကာတြင္ ေကာင္းကင္မွာ လင္းလာေခ်ၿပီ။ ယြီရွီသည္ ရီေဝေဝျဖင့္ နိုးထလာခဲ့သည္။

စိတ္တစ္ခါလြတ္ၿပီးတိုင္း ယြီရွီ၏မွတ္ဉာဏ္မွာ မႈန္ဝါးဝါးသာရွိသည္။ သူခုတင္ေပၚတြင္ထိုင္လ်က္ အခ်ိန္ေတာ္ေတာ္ၾကာ ျပန္ေတြးေနမိသည္။ ယမန္ေန႔က ျဖစ္ပ်က္ခဲ့သမၽွကို သူခပ္ေရးေရး စဥ္းစားမိသည္။

ယြီရွီသည္ ခုတင္ကန႔္လန႔္ကာမ်ားကို ၾကည့္လိုက္ၿပီး စိတ္ပ်က္မိသည္။ သူ သူ႔ကိုယ္သူ ေလွာင္ရယ္လိုက္သည္။

အရာအားလုံး ၿပီးဆုံးေခ်ၿပီ။

က်ဳံးဝမ္ ထြက္သြားခဲ့ေလၿပီ။ အရာအားလုံး ၿပီးဆုံးသြားေလၿပီ။

ယြီရွီသည္ အစကတည္းက ဤသည္မွာ အဆိုးဆုံး အေျခအေနျဖစ္သည္ဟု ေတြးထားခဲ့သည္။ သို႔ေသာ္ သူထထိုင္ၿပီးေနာက္တြင္ ဤေလာကႀကီး၌ တည္ျမဲျခင္းဟူသည္မရွိဘဲ ဘဝမွာ လြဲေခ်ာ္မႈမ်ားႏွင့္ ျပည့္ေနသည္ဟု သေဘာေပါက္သြားခဲ့ရသည္။ ေမၽွာ္လင့္ခ်က္တို႔ စုန္းစုန္းျမဳပ္ေနခ်ိန္ေလၿပီဟု သူခံစားမိသည့္ အေခါက္တိုင္း၌ ပို၍ေၾကာက္မက္ဖြယ္ေကာင္းေသာ အရာတို႔က သူ႔ကိုေစာင့္ႀကိဳေနသည္။

ယြီရွီ၏မ်က္လုံးတို႔ အနည္းငယ္လႈပ္ခတ္သြားသည္။ ရႈပ္ေထြးေသာအိပ္ရာ၊ ေစာင္ေပၚမွ ေသြးကြက္မ်ားႏွင့္ သူ႔လက္ေဘးရွိ ဘယ္ဆီဘယ္ဝယ္က ေပၚလာမွန္းမသိေသာ အတြင္းဝတ္တို႔ကို သူစိုက္ၾကည့္မိသည္။ သူ႔မ်က္ႏွာမွ ေသြးတို႔ဆုတ္ယုတ္သြားၾကကုန္သည္။

ယြီရွီ စိတ္ပ်က္လက္ပ်က္ျဖင့္ ထလိုက္သည္။ သူ႔လက္ႏွင့္ရင္ဘတ္တို႔ကို သူငုံ႔ၾကည့္၍ ေလ့လာေနမိသည္။

အေကာင္းပကတိအတိုင္းသာ။ ထိခိုက္ရွရာ တစ္ခုေလးပင္ သူ႔မွာမရွိ။

ဤေသြးကြက္မ်ားသည္ သူ႔ထံမွမဟုတ္။ ဤအဓိပၸာယ္အရ အျခားသူထံမွသာ ျဖစ္လိမ့္မည္။

ယြီရွီသည္ ဝတၳဳစာအုပ္အေတာ္မ်ားမ်ား ဖတ္ထားေသာ သူျဖစ္သည္။ မည္သည့္အေျခအေနေအာက္တြင္ ေစာင္မ်ားေပၚ၌ ေသြးကြက္မ်ား စြန္းထင္းတတ္သည္ကို သူေကာင္းေကာင္းႀကီးသိေနသည္။

ယြီရွီသည္ ခုတင္ေပၚရွိ အတြင္းဝတ္ကို စက္ဆုပ္ရြံရွာစြာ ၾကည့္လိုက္သည္။ သူေအာ္ဟစ္လိုက္သည္။ "တစ္ေယာက္ေယာက္လာစမ္း"

အစတည္းက အျပင္ဘက္တြင္ ရွိေနေသာ အိမ္ေတာ္ထိန္းဖုန္မွာ သုတ္သုတ္ျပာျပာ ေျပးဝင္လာသည္။

"ဘယ္သူ... ဘယ္သူလဲ" ယြီရွီ၏ႏႈတ္ခမ္းတို႔သည္ လုံးဝျဖဴေဖြးေနသည္။ ခုတင္ေပၚရွိ အတြင္းဝတ္ကို လက္ညႇိုးထိုးလ်က္ သူ႔ေဒါသကို ထိန္းခ်ဳပ္ေနသည္။ "ဒါ ဘယ္ျပည့္တန္ဆာရဲ့ဟာလဲ"

အိမ္ေတာ္ထိန္းဖုန္မွာ ေခတၱေတြေဝသြားေတာ့သည္။ သူေတြးလိုက္သည္။ ဒီႏွစ္ေယာက္က ရန္ျဖစ္ထားတာလား။

အိမ္ေတာ္ထိန္းဖုန္က မေရမရာရွင္းျပရန္ သတိျဖင့္ အသင့္ျပင္ထားသည္။ သူကေမးသည္။ "ဘာ...ဘာကိုလဲ"

ယြီရွီသည္ မေန႔ညက ျဖစ္ခဲ့ေသာကိစၥတို႔ကို မမွတ္မိေပ။ သူစိတ္လြတ္တတ္မွန္းသိ၍ ယြီရွီသည္ အိမ္ေတာ္တြင္ မိန္းကေလးအေစခံမ်ား မထားရဲေပ။ သူ အသိစိတ္လြတ္ေနခ်ိန္တြင္ သူ႔ကိုအခြင့္ေကာင္းယူသြားမည္ကို စိုး၍ျဖစ္သည္။ သို႔ေသာ္ သူ၏ႀကိဳးစားအားထုတ္ခဲ့မႈမ်ားကို ေက်ာ္လြန္၍ သူက်ရႈံးခဲ့ဟန္တူသည္။

က်ဳံးဝမ္သာ သိသြားခဲ့လၽွင္ သူျပန္လာဦးမည္လား။

သူ ဤအေၾကာင္းကို မည္သို႔ရွင္းျပရအံ့။

ယြီရွီစိတ္ပ်က္စြာ ေတြးလိုက္မိသည္။ သူ ယခုကဲ့သို႔ ညစ္ညမ္းသြားျခင္းကို က်ဳံးဝမ္ရြံရွာေလမလား။

ယြီရွီ၏စိတ္အေျခအေန သိပ္ပုံမွန္မဟုတ္ဟု အိမ္ေတာ္ထိန္းဖုန္ ခံစားရသည္။ သူက ေၾကာက္ေၾကာက္ျဖင့္ ေမးလိုက္သည္။ "ဆက္ခံသူ... ဘာျဖစ္ေနတာပါလဲ"

"ခင္ဗ်ားမျမင္ဘူးလား" ယြီရွီ၏အသံတို႔ တုန္ေနခဲ့သည္။ "ေစာင္ေပၚကေသြးေတြ။ ၿပီးေတာ့ ျပည့္တန္ဆာရဲ့အဝတ္။ ခင္ဗ်ားမျမင္နိုင္ဘူးလား။ ဘယ္သူလဲ"

အိမ္ေတာ္ထိန္းဖုန္ တံေတြးမ်ိဳခ်လိုက္မိသည္။ သူကခ်ိဳသာစြာ ေျပာသည္။ "ဒီအေစခံႀကီးကေတာ့ ဒါေတြဘာျဖစ္ခဲ့တယ္ဆိုတာကို မေသခ်ာပါဘူး၊ ဒါေပမဲ့ ဆက္ခံသူကို ဒီအေစခံႀကီး ေသခ်ာေျပာျပစရာ ရွိပါတယ္..."

အိမ္ေတာ္ထိန္းဖုန္က တိုးလ်လ်ေျပာသည္။ "မေန႔ကညကစၿပီး အခုအခ်ိန္အထိ သခင္ေလးက်ဳံး တစ္ေယာက္ကပဲ ဒီအခန္းထဲကို ဝင္ခဲ့တာပါ"

မိုးႀကိဳးပစ္ခ်ခံလိုက္ရသကဲ့သို႔ ယြီရွီသည္ ေနရာတြင္ အေတာင့္လိုက္ ရပ္ေနမိသည္။

ခ်က္ခ်င္းဆိုသကဲ့သို႔ ခုတင္ေပၚရွိ ေသြးစြန္းကြက္တို႔သည္ ရြံရွာဖြယ္ မေကာင္းေတာ့။ အတြင္းဝတ္သည္လည္း ႏွစ္သက္ဖြယ္ေကာင္းလာခဲ့သည္။

သို႔ေသာ္...

ယြီရွီေဝခြဲမရျဖစ္သြားသည္။ "ကၽြန္ေတာ္ သူ႔ကို အရမ္းနာက်င္ေစခဲ့တာ။ သူကထြက္မသြားခဲ့ဘူး။ သူျပန္လာခဲ့တယ္။ သူကၽြန္ေတာ့္ကို လာရွာခဲ့တယ္။ ကၽြန္ေတာ္..."

ယြီရွီစိတ္ဓာတ္က်သြားသည္။ "ၿပီးေတာ့ ကၽြန္ေတာ္က သူ႔ကိုအဲ့လိုလုပ္ခဲ့တယ္ေပါ့ေလ"

ယြီရွီသည္ သူ၏ေနာက္ဆုံး ေမၽွာ္လင့္ခ်က္ေလးကို ျမဲျမဲဆုပ္ကိုင္ထားသည္။ "သူဘယ္မွာလဲ"

"သူအခုေတာ္ေတာ္ေလး ေနမေကာင္းျဖစ္ေနပါတယ္။ မနက္က အိပ္ရာထေတာ့ သူထပ္ဖ်ားေနၿပီးေတာ့ တစ္ကိုယ္လုံးလည္း ကိုက္ခဲေနတယ္လို႔ ေျပာပါတယ္" အိမ္ေတာ္ထိန္းဖုန္က အမွန္တရားကို ေျပာလိုက္သည္။ "သူ ေတာ္ဝင္သမားေတာ္ကို သြားရွာပါတယ္"

ယြီရွီ "..."

ယြီရွီ၏မ်က္ႏွာသည္ အနည္းငယ္ နီေစြးသြားသည္။ သူ တစ္ဘက္သို႔လွည့္ကာ ေစာင္မ်ားကို ကြယ္အုပ္ေနသည္။ အိမ္ေတာ္ထိန္းဖုန္သည္ ကူညီေပးရန္ ေရွ႕သို႔အေလာတႀကီး တိုးလာေသာ္လည္း ယြီရွီက ေစာင္မ်ားကို မျမင္ရေလေအာင္ ကာထားခဲ့သည္ သူက အထစ္ထစ္အေငါ့ေငါ့ျဖင့္ ေျပာလိုက္သည္။ "ဒ-ဒါက ခင္ဗ်ား ၾကည့္သင့္တဲ့ဟာမ်ိဳး မဟုတ္ဘူး... ဒါက က်ဳံးဝမ္ရဲ့ဆီက က်န္ခဲ့တာေတြ၊ ခင္ဗ်ားသိပါတယ္... ထားလိုက္ေတာ့။ ဘာျဖစ္ျဖစ္ ကၽြန္ေတာ္ပဲ ကိုယ္တိုင္ သန႔္ရွင္းလိုက္မယ္"

10.12.2021

Thanks for reading

Continue Reading

You'll Also Like

293K 56.1K 89
Author - Cyan Wings ( 青色羽翼 ) Chapters - 42 + 5 extras ( completed ) I do not own this story . All credit goes to original authors.
734K 102K 149
တစ်​ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုး​ကောင်​​လေး​တွေမှာလည်း အချစ်​တွေရှိတယ်~ ထရိုး​ကောင်​လေး​တွေမှာလည်း ခံစားချက်​တွေရှိတယ်~
49K 5.7K 20
Ruan Yan အလုပ်အသစ်မှာ CEO ကို အရပ်ရှည် ချမ်းသာပြီးခန့်ညားမယ်လို့မျှော်လင့်ထားတယ်။ အရေးကြီးတာ 'Mary Sue' ဖြစ်ဖို့ပေါ့။ ဒါပေမယ့် ဇာတ်လမ်းက သူမျှော်လင့...
21.8K 2.2K 24
တစ်ပိုင်းချင်း စာပြန်စစ်ပြီး ပုံတွေ ပြန်ထည့်၊ ရှင်းပြထားတဲ့ မှတ်စုလေးတွေ ပြန်ထည့်ပြီး တင်ပေးပါမယ်ရှင်။ စိတ်ဝင်စားတဲ့စာဖတ်သူတွေအနေနဲ့ မပျက်ခင် ဖတ်ကြပါ...