ထိုနှစ်များမှာ မြတ်နိုးဖွေရှာ

By Vera-Yu

353K 63.3K 4.7K

Original Title : 当年万里觅封侯 English Title : Those Years in Quest of Honor Mine Original Author : Man Man He Qi... More

Description
Prologue
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68
Part 69
Part 70
Part 72
Part 73
Part 74
Part 75
Part 76
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
Part 88
Part 89
Part 90
Part 91
Part 92
Part 93
Part 94
Part 95
Part 96
Part 97
Part 98
Part 99
Part 100
Part 101
Part 102
Part 103
Extra 1
Extra 2

Part 71

2.3K 544 49
By Vera-Yu

Unicode

ကျုံးဝမ် နေခဲ့ချင်မှတော့ အချို့အရာများကို သိထားသင့်ပေသည်။ အနှေးနှင့်အမြန် သူသိသွားမည်သာဖြစ်သည်။

ယွီရှီသည် ချောက်ကမ်းပါးစွန်းတွင် ရပ်နေရသကဲ့သို့၊ ပါးလွှာသော ရေခဲပြင်ပေါ်တွင် လမ်းလျှောက်နေရသကဲ့သို့ လတော်တော်ကြာ ခံစားနေခဲ့ရသည်။ သူသည် ကျုံးဝမ် အတွင်းသတင်းများ သိသွားမည်ကို အမြဲမပြတ် စိုးရိမ်နေခဲ့သည်။ သို့သော် ယခုရက်ပိုင်းများတွင် မင်းသားယွီသည် ယွီရှီ၏နောက်ကြောင်းနှင့် ပတ်သက်၍ ပြဿနာဖန်တီးချင်နေသည်။ သူ ကျုံးဝမ်ကို သတင်းအမှောင်ချထား၍ မရတော့။

ကျုံးဝမ် မှန်ပေသည်။ သူကိုယ်တိုင်ပြောလျှင် ပိုလေးနက်ပေလိမ့်မည်။

ယွီရှီသည် အတိတ်မှဖြစ်ရပ်များကို အေးဆေးစွာ ရှင်းရှင်းလင်းလင်း ပြောပြရန် အတတ်နိုင်ဆုံး ကြိုးစားပြီးနောက်တွင် ကျုံးဝမ်တစ်ယောက်မှာတော့ အတွေးများနေခဲ့တော့သည်။ သူ မည်သည့်စကားကိုမှ မဆိုခဲ့။

ယွီရှီသည် အယူခံကာ ရှင်းပြချင်သော်လည်း ဘာပြောရမည်ကိုတော့ဖြင့်မသိ။

သူ မည်သူ့ကို မုန်းသင့်သလဲဆိုသည်ကို ယခုချိန်ထိ မသိသေးသကဲ့သို့ပင် ယွီရှီသည် ကျုံးဝမ်ကို မည်သို့ရှင်းပြရမည်ကိုလည်း မသိ။

သူ့မွေးမိဘများနှင့် ကျွေးမိဘများသည် လူသတ်မှုကို ဇာတ်လမ်းဆင်ခဲ့သည်။ သူတို့၏သား သူသည် မည်မျှဖြူစင်နိုင်မည်နည်း။

ယခင်က မင်းသားနင်သာ ချောချောမွေ့မွေ့ နန်းတက်နိုင်ခဲ့လျှင် ကျုံးမိသားစု၏ မိသားစုဝင်တစ်ယောက်အနေနှင့် ကျုံးဝမ်သည် သေချာပေါက်ကို လုံလုံခြုံခြုံဖြင့် အန္တရာယ်ကင်းစွာ ကြီးပြင်းလာမည်မှာမလွဲပေ။ ငယ်ရွယ်နုပျိုစဉ်မှာ နန်းတွင်းစာမေးပွဲများ အောင်နိုင်ပြီး စစ်သူကြီး သို့မဟုတ် အမတ်ချုပ်ကြီးအဖြစ်သို့ ကြီးပြင်းရောက်ရှိလာပေမည်။ မည်သို့များ ဤအခြေအနေသို့ ကျဆင်းသွားအံ့။

ယွီရှီကိုယ်တိုင်သည် အဟုတ်အမှန် အပြစ်ကင်းသည်လား။

လွန်ခဲ့သည့်နှစ်များအတွင်း ယွီရှီရရှိခဲ့သော ချမ်းသာကောင်းမွန်သည့် နေ့ရက်များသည် ကျုံးဝမ်နှင့် အမှန်တကယ် မသက်ဆိုင်ချေဘူးလား။

ယွီရှီသည် ကျုံးဝမ်၏ခြံဝန်းထဲမှနေ၍ ပြေးထွက်လာခဲ့မိသည်။

စိတ်နှင့်လူနှင့်မကပ်ဘဲ သူသည် စာဖတ်ခန်းထဲသို့ ဝင်လာခဲ့သည်။ သူ တံခါးကို ပိတ်လိုက်သည်။

ယွီရှီသည် တံခါးကို မှီထားမိသည်။ လက်များတုန်ရီလျက်ဖြင့် သူ့ရင်ဘတ်ကို ထိကိုင်လိုက်သည်။

ထိုနေရာတွင် သိမ်းထားခဲ့သော ထိုအရာများကို သူထုတ်ယူချင်ခဲ့သည်။ ခေတ္တဝေခွဲမရ ဖြစ်နေပြီးနောက်တွင် သူမလုပ်နိုင်ခဲ့ပေ။

ယခုမဟုတ်သေး။ ထိုအရာများကို လိုအပ်သည့် အခြေအနေအထိ မရောက်သေး။

ထိုစကားများကို ကြားပြီးနောက်တွင် ကျုံးဝမ်မည်သို့တုံ့ပြန်မည်ကို ယွီရှီမသိ။ ကျုံးဝမ်ထွက်သွားခဲ့လျှင် ထိုနောင်များတွင်တော့ ဤအရာများကို ယွီရှီ ကြိမ်ဖန်များစွာ သုံးရနိုင်ဖွယ်ရှိသည်။ သူ ဖြုန်းတီးပစ်၍မရ။

ထပ်မံ၍ ယွီရှီသည် သူ့ရင်ဘတ်ကို ထိလိုက်ပြန်သည်။ ထိုင်ချလိုက်သည်။ အချိန်ဆွဲမနေတော့ဘဲ သူသည် အိမ်တော်စစ်သည်တစ်ယောက်ကို ခေါ်လိုက်သည်။ ကိုယ်လုပ်တော်ငယ်ကျုံးကို ခစားခဲ့သော ယခင်က နန်းတွင်းသူများကို အားသွန်ခွန်စိုက် ရှာလာခဲ့ရန် အမိန့်ပေးလိုက်သည်။ ဤအမိန့်ကို ပေးပြီးနောက်တွင် ယွီရှီသည် လွှတ်တော်တက်သည့် ဝတ်ရုံတို့ကို ပြောင်းလဲဝတ်ဆင်လိုက်ပြီး နန်းတွင်းသို့ဝင်ရန် ထမ်းစင်တစ်ခု ပြင်ဆင်ခိုင်းလိုက်တော့သည်။

နန်းတော်သို့ သွားရာလမ်းတွင် သူသည် သူ့ကိုယ်သူ ဆောက်တည်နိုင်အောင် ကြိုးစားနေမိသည်။ အရေးကြီးသည့်အချိန်တွင် သူ ရှုပ်ထွေးအောင် လုပ်၍မဖြစ်။

ချုံအန်းမင်းကြီးသည် သူ၏အမတ်ကြီးများနှင့် ဆွေးနွေးခဲသည်။ အနားမယူခင် နန်းတော်သို့ပို့လိုက်သော စာတမ်းများကို ဖတ်ရှုရုံသာရှိသည်။ ချုံအန်းမင်းကြီးကို ခစားသော မိန်းမစိုးကြီးတို့သည် တံခါးမကြီးတွင် စောင့်ကြပ်နေသည်။ သူတို့သည် မင်းကြီးကိုတွေ့ချင်သော လူအစုတို့ကို နေ့လည်ရောက်သည်နှင့် ပိတ်ပင်တားဆီးပြီး ဖြစ်လေသည်။ ယွီရှီရောက်လာသည်ကိုမြင်လျှင် သူတို့သည် တွန့်ဆုတ်ကြကုန်သည်။ ထို့နောက်တွင် မင်းကြီးထံသို့ လျှောက်တင်ရန် အထဲသို့ ဝင်သွားကြသည်။ များမကြာမီတွင် သူတို့က ပြန်ရောက်လာကြပြီး ယွီရှီကိုအထဲသို့ ဝင်သွားစေတော့သည်။

ချုံအန်းမင်းကြီးသည် ခုတင်ပေါ်တွင် ကိုယ်တစ်ပိုင်းလှဲနေသည်။ ယွီရှီကိုမြင်သည်နှင့် အားပါးတရ ပြုံးလိုက်တော့သည်။ "မင်း အခုတလော ဘာလို့ ခဏခဏ အရိုအသေ လာပေးနေတာလဲ။ လာခဲ့..."

မျက်လွှာချထားလျက်ဖြင့် ယွီရှီက အရိုအသေပေးလိုက်သည်။ ထို့နောက် သူ မတ်တပ်ပြန်ရပ်လိုက်သည်။ "ကျွန်တော်မျိုးမှာ မင်းကြီးဆီ လျှိုဝှက်ချက်တစ်ခု လျှောက်တင်စရာရှိပါတယ်"

မျက်နှာတွင် စိုးရိမ်စိတ်များဖြင့် ချုံအန်းမင်းကြီးက လက်ကိုဝှေ့ယမ်းလိုက်သည်။ မိန်းမစိုးများ ထွက်သွားကြလေပြီ။

ယွီရှီ ပင့်သက်ရှိုက်လိုက်သည်။ ထို့နောက် မင်းသမီးကြီးအန်းကောထံမှ ကြားခဲ့ရသော အစီအစဉ်အကြောင်းကို ချုံအန်းမင်းကြီးအား အသေးစိတ် စုံလင်စွာ ပြန်ပြောပြခဲ့လေသည်။

ယွီရှီကပြောသည်။ "အဲ့စကားတွေကို ကြားပြီးနောက်မှာ ကျွန်တော်မျိုးအနေနဲ့ စိတ်လှုပ်ရှားမိသလိုပါပဲ။ မင်းကြီး ကျွန်တော်မျိုးကို ကျွန်တော်မျိုးရဲ့ ဖခင်ရင်းအကြောင်း ပြောပြပေးလို့ရမလား—"

"အဓိပ္ပာယ်မရှိတာတွေ" ချုံအန်းမင်းကြီး၏ မျက်နှာသည် လွန်ကဲစွာ ပြောင်းလဲသွားခဲ့ပြီး တုန်ယင်သည်အထိ အမျက်ထွက်လာခဲ့သည်။ "ဒါက အဓိပ္ပာယ်မရှိတာပဲ။ မင်း... မင်းက ငါ့ရဲ့၊ ငါ့ရဲ့..."

ချုံအန်းမင်းကြီးသည် ထိုတဒင်္ဂဝယ် မူးဝေလာတော့သည်။ စားပွဲပုလေးကို အားပြုရင်း ခေါင်းမာစွာပြောသည်။ "ငါ့မှာ သန်သန်စွမ်းစွမ်းနဲ့ ကြီးပြင်းတဲ့သား တစ်ယောက်ပဲရှိတာ။ ဒါပေမဲ့ အဲ့လူတွေက ငါတို့ကို တိုက်ခိုက်ချင်နေကြသေးတယ်။ အခက်အခဲပေါင်း များစွာကြားကနေ ကောင်းကင်ဘုံက ငါ့ကို ကျန်းမာတဲ့ ကလေးတစ်ယောက် ချီးမြှင့်ခဲ့တာ။ သူတို့က၊ သူတို့က..."

ယွီရှီသည် ကြမ်းပေါ်တွင် ဒူးထောက်လိုက်သည်။ သူသည် ခွင့်လွှတ်မှုကို မတောင်းခံသကဲ့သို့ နှစ်သိမ့်စကားကိုလည်း မပြောပေ။

အခန်းထဲတွင် သူတို့ကို ခစားနေသော မိန်းမစိုး တစ်ယောက်မှမရှိ။ ချုံအန်းမင်းကြီးသည် တုန်တုန်ရီရီဖြင့်သာ မတ်တပ်ထရပ်လျက် လက်ဖက်ရည်ခွက်ကို ကိုင်လိုက်သည်။ ဂျင်ဆင်းလက်ဖက်ရည်တစ်ငုံကို သူမနည်းသောက်လိုက်ရသည်။ ဖျော့တော့နေသော မျက်နှာဖြင့် သူကပြောသည်။ "ဘယ်သူ့ရဲ့ ယုတ်မာတဲ့ အကြံအစည်လဲ"

ယွီရှီ၏မျက်လုံးထဲတွင် ထူးဆန်းသော အရိပ်အငွေ့များ ဖြတ်ပြေးသွားသည်။ တိုးဖျဖျဖြင့် သူကပြောသည်။ "အရှင့်သား ပဉ္စမမင်းသား ရွှမ်ချုံပါ"

စိတ်နှင့်ကိုယ်မကပ်သော အမူအရာဖြင့် ချုံအန်းမင်းကြီးကပြောသည်။ "ချုံအာလား။ သူ... ငါ သူ့ကိုအရင်တစ်ခေါက်က သတိပေးပြီးပါပြီ။ သူ ဘာလို့..."

"အရင်တစ်ခေါက် တော်ဝင်သင်္ချိုင်းတော်က လူတွေကို သူတိတ်တဆိတ် ဖမ်းခေါ်ပြီးတဲ့နောက်မှာ ပဉ္စမမင်းသားက ကျွန်တော်မျိုးရဲ့ဘက်မှာ သူလျှိုတွေ ထပ်တလဲလဲ ထားခဲ့ပါတယ်။ ကျွန်တော်မျိုး ဆက်သည်းမခံနိုင်တော့သလို ဒီတစ်လျှောက်လုံးမှာလည်း တိတ်တိတ်ကလေးပဲ နေခဲ့ပါတယ်။ သူ ဒီလိုနက်နဲတဲ့အထိ စုံစမ်းနေလိမ့်မယ်လို့ ကျွန်တော်မျိုး ဘယ်တုန်းကမှ မတွေးခဲ့ဖူးပါဘူး..." ယွီရှီကပြောသည်။ "ဒီတစ်ခေါက်တော့ ကျွန်တော်မျိုးရဲ့ စုံစမ်းချက်တွေအရ သူက ကျွန်တော်မျိူးကို နာမည်ပြောင်းရအောင်လို့ လုပ်ချင်နေတယ်။ ကျွန်တော်မျိုး—"

"ထူးထူးဆန်းဆန်းတွေ တွေးမနေနဲ့။ ငါက မင်းရဲ့နောက်ကြောင်းနဲ့ ပတ်သတ်ပြီး သေချာအသိဆုံးပဲ။ ထပ်မပြောနဲ့တော့..."

ချုံအန်းမင်းကြီးသည် ဝမ်းနည်းပြီး ဒေါသထွက်နေသည်။ "မသိတတ်တဲ့သား။ လူက အသုံးကျတာ တစ်ခုမှမရှိဘဲ အမေဘက်က မိသားစုကို မှီခိုပြီး ကလိမ်ကကျစ်နည်းလမ်းတွေနဲ့ မျက်နှာရချင်တာပဲရှိတယ်။ အခုဆို ငါတို့ရဲ့ ဂုဏ်သိက္ခာကိုပါ ညှိုးနွမ်းစေရဲတယ်။ အသုံးမကျလိုက်တဲ့သား..."

သူသည် လက်ဖက်ရည်ခွက်ကို ကြမ်းပေါ်သို့ ပစ်ပေါက်လိုက်သည်။ ယွီရှီသည် ခေါင်းကိုအနည်းငယ်စောင်းလျက် ဝဲပျံလာသော ကြွေစလေးကို တိမ်းလိုက်သည်။

ဤသည်မှာ တကယ်တမ်းတွင် ကျုံးဝမ်၏ အစီအစဉ်ဖြစ်သည်။

ယွီရှီသည် ပေတိအကြီးအကဲ ရွှမ်ချုံနှင့် လျှို့ဝှက်စွာတွေ့ဆုံခဲ့သော ပစ္စည်းသက်သေ၊ လူသက်သေ အပြည့်အစုံရပြီးဖြစ်သည်။ ကနဦးတွင် ကျုံးဝမ်သည် ရွှမ်ကျင်းအား ဤအခြေအနေနှင့်ပတ်သက်၍ အကြောင်းကြားကာ အားလုံးမှာ မင်းသားယွီ၏ အစီအစဉ်များဖြစ်သည်ဟု ချုံအန်းမင်းကြီးအား ပြောပြနိုင်မည့်အချိန်ကို စောင့်နေခဲ့သည်။

အစမှအဆုံးထိတိုင် မင်းသားယွီသည် အကြင်နာကင်းမဲ့ခဲ့သည်။ ဤနည်းဖြင့်သာ သူတို့သည် သူသတိမပြုမိအောင် ဖမ်းစီးနိုင်မည်ဖြစ်သည်။

အချိန်ရောက်လျှင် ရွှမ်ကျင်းသည် သူတို့ကျရှုံးနေချိန်တွင် ရိုက်ချလိမ့်မည်မှာ မလွဲချေ။ ထို့နောက်တွင် နှစ်ဘက်မှလူတို့သည် တစ်ယောက်ကို တစ်ယောက် စွပ်စွဲကြပေလိမ့်မည်။ ချုံအန်းမင်းကြီးသည် သံသယများသော သူတစ်ယောက်ဖြစ်ပြီး တူဝရီးနှစ်ယောက် ပူးပေါင်းကြံစည်ကြသည်ဟု တထစ်ချ ကောက်ချက်ချပေလိမ့်မည်။

ရွှမ်ချုံ၏အပြစ်တို့ကို မင်းသားယွီအပေါ် ပုံချနိုင်လျှင် မင်းသားယွီ၏ လုပ်ရပ်တို့ကို ရွှမ်ချုံအပေါ် ပုံချခြင်းနိုင်ဖို့မှာလည်း မဖြစ်နိုင်ပဲမရှိ။

မင်းသားယွီ၏အတွေးတို့မှာ သာလွန်နက်နဲလှသည်။ ထိုအချိန်ရောက်လျှင် သူသည် ပြဿနာတောထဲမှ လွတ်မြောက်အောင် နည်းလမ်းရှာပြီး ဖြစ်လောက်သည်။ တဲ့တိုးစွပ်စွဲခြင်းသည် မှားယွင်းသော ဦးတည်မှုကို ဖြစ်ပေါ်စေနိုင်သည်။

သို့ဆိုလျှင် အဘယ်ကြောင့် ကိစ္စအားလုံးအတွက် ရွှမ်ချုံကို တာဝန်မယူခိုင်းသနည်း။

ချုံအန်းမင်းကြီးသည် စိတ်ပြန်ငြိမ်သွားအောင် အချိန်တော်တော်ယူလိုက်ရသည်။ အသံတိုးတိုးဖြင့် သူကပြောသည်။ "မင်း... မင်းအိမ်တော်ကို ပြန်လိုက်တော့။ မင်း ဒီကိစ္စနဲ့ပတ်သက်ပြီး စိတ်ရှုပ်စရာမလိုတော့ဘူး။ ငါပဲ ကြည့်လုပ်လိုက်မယ်"

ယွီရှီက မတ်တပ်ရပ်လိုက်သည်။ သူ တစ်ဘက်သို့ လှည့်လိုက်သည်။ သူ ထွက်သွားအံ့ဆဲဆဲတွင် ချုံအန်းမင်းကြီး၏ စကားသံကို ရုတ်တရက် ကြားလိုက်ရသည်။ "ကျစ်ရုန်"

ယွီရှီ၏ခြေလှမ်းများ တန့်သွားသည်။

ချုံအန်းမင်းကြီးသည် သက်ပြင်းရှည်တစ်ခု ချလိုက်သည်။ "လိမ္မာတဲ့ကလေး... မင်းရဲ့အကြောင်းပြချက်က ဘာဖြစ်ဖြစ်၊ မင်း အခုစိတ်ရင်းနဲ့ ကောင်းမွန်လာပြီဆိုတော့ ငါတကယ်ကျေနပ်မိတယ်"

"ငါ့ရဲ့ ဘဝတစ်ခုလုံးမှာ သားနဲ့မြေးယောက်ျားတွေရဖို့ ကံမပါခဲ့ဘူး။ အကြိမ်ရေတချို့ ဝမ်းနည်းစရာတွေ ဖြစ်ခဲ့ပြီးတဲ့နောက် ငါ့မှာ သားနှစ်ယောက်ပဲကျန်တယ်။ စွမ်းဆောင်ရည်မရှိတဲ့သူက စွမ်းဆောင်ရည်မရှိဘူး။ မနာခံတဲ့သူက မနာခံဘူး" ချုံအန်းမင်းကြီး၏ မျက်ဝန်းတို့သည် သောကလွှမ်းနေသည်။ "ကံကောင်းတာက ငါ့မှာ မင်းရှိနေသေးတယ်။ လွန်ခဲ့တဲ့ နှစ်တွေမှာ မင်း စိတ်ဆင်းရဲစရာတွေ ကြုံခဲ့ရတာကို ငါသိတယ်။ ဒါပေမဲ့ ဒီလောကမှာ စိတ်ဆင်းရဲစရာ မကြုံရတဲ့သူ ဘယ်သူရှိလို့လဲ။ ငါလည်း မတရားခံခဲ့ရတဲ့အချိန်တွေ ရှိခဲ့တာပဲ။ မင်းသားအနေနဲ့ ရှိခဲ့တဲ့အချိန်က ငါလည်း မတရားခံခဲ့ရတယ်..."

ချုံအန်းမင်းကြီးက သက်ပြင်းချသည်။ "မင်းအိမ်တော်ကိုပြန်တော့... ထပ်မထွက်လာနဲ့တော့။ ဒီည... ငါအမိန့်တော်ပြန်တမ်း ပို့လိုက်မယ်"

ယွီရှီသည် ငြိမ်သက်လျက်သာ ရှိသည်။ မင်းကြီးကိုကျောပေးလျက်ဖြင့် သူ့ရင်ဘတ်ကို ထိကိုင်လိုက်သည်။

သူ ရှေ့သို့လှည့်လိုက်ပြီး ဒူးထောက်လိုက်သည်။

စိတ်ကျေနပ်လျက် ချုံအန်းမင်းကြီးက ပြုံးသည်။ "တော်လိုက်တဲ့ကလေး... မင်းကြောင့်သာမဟုတ်ရင် ငါ့ရဲ့ မျှော်လင့်ချက်တွေကို ဘယ်သူ့ကို ပုံအပ်ရမလဲကို သိမှာမဟုတ်ဘူး။ ငါမနည်းတောင့်ခံနေရတယ်ဆိုတာ သိတယ်မလား။ မင်းသေရမှာကို ကြောက်တယ်လို့တော့ ငါမယုံဘူး။ ရွှမ်ကျင်းနဲ့ ရွှမ်ချုံတို့ မင်းကိုနောင်တစ်ချိန်မှာ ရှင်းပစ်မှာ ကြောက်လို့ ထီးနန်းရဖို့ ပြိုင်ဆိုင်နေတယ်လို့ မထင်ဘူး။ မင်း ငါတို့ကြောင့်ပဲ ဒီလိုလုပ်နေတာ ဟုတ်တယ်မလား။ ငါတို့ ဒီလိုဖြစ်နေတာကို မင်းမကြည့်ရက်လို့မလား။ ဘာပဲပြောပြော... သွေးဆိုတာ ရေထက်ပျစ်တာပဲ။ မင်း ငါတို့ကို ခွင့်လွှတ်ပေးလိုက်ပြီမလား၊ ဟုတ်တယ်မလား"

ယွီရှီသည် အံကြိတ်လိုက်ပြီး ပျို့အန်ချင်စိတ်ကို ထိန်းချုပ်ကာ ဦးညွှတ်လျက် အရိုအသေပေးလိုက်တော့သည်။

ဤနောက်တွင်မူ ချုံအန်းမင်းကြီးသည် ချီတုံချတုံ ဖြစ်မနေတော့ပေ။

ဤသည်မှာ လုံလောက်ပေပြီ။

ချုံအန်းမင်းကြီးသည် မျက်ရည်များကို သုတ်လိုက်ပြီး လက်ဝှေ့ယမ်းလိုက်သည်။ "သိတတ်လိုက်တဲ့ကလေး။ သွားလို့ရပြီ"

ယွီရှီသည် မတ်တပ်ထရပ်လျက် အတွင်းခန်းမထဲမှ ထွက်လာခဲ့တော့သည်။ ချုံအန်းမင်းကြီး၏ မျက်နှာပေါ်မှ အပြုံးမှာ ပျောက်ကွယ်သွားတော့သည်။ သူက အသံနှိမ့်လျက် ပြောလိုက်သည်။ "ရွှမ်ချုံကို... ဆင့်ခေါ်လိုက်"

ယွီရှီသည် နန်းတော်တံခါးဝတွင် အတန်ကြာ ရပ်နေသည်။ သူ့နောက်လိုက်လာသော နောက်လိုက်က ကြိမ်ဖန်များစွာ မေးမှသာ ယွီရှီက ပြန်ဖြေခဲ့သည်။ စိတ်လွင့်နေလျက်သာ ယွီရှီကပြောသည်။ "အိမ်တော်ကို ပြန်မှာလား"

နောက်လိုက်က ပြောသည်။ "ဟုတ်ပါတယ်။ ကျွန်တော်တို့ ပြန်မှာမဟုတ်ဘူးလား"

ယွီရှီ အနည်းငယ် စိုးထိတ်နေမိသည်။

သူပြန်သွားပြီး ကျုံးဝမ် ရှိမနေမှာကို သူ ကြောက်သည်။

အဆုံးတွင်မူ ယွီရှီသည် ထမ်းစင်ပေါ်သို့ တက်လိုက်တော့သည်။

အပြန်လမ်းတွင် ယွီရှီသည် ထမ်းစင်ကို မကြာခဏ ရပ်ခိုင်းခဲ့သည်။ အဆာပြေမုန့်စားစရာ ရောင်းသည့်ဆိုင်ရှေ့မှ ဖြတ်သွားကြချိန်တွင် ယွီရှီသည် ကျုံးဝမ်အတွက် သကြားလုံးတချို့ဝယ်ရန် ထမ်းစင်ပေါ်မှ ဆင်းသွားခဲ့သည်။ အဆာသွပ်မုန့်များ ရောင်းရာဆိုင်ရှေ့မှ ဖြတ်သွားရလျှင် ကျုံးဝမ်အတွက် အဆာသွပ်မုန့်များဝယ်ရန် ထမ်းစင်ပေါ်မှ ဆင်းသွားသည်။ တံတားဘေးရှိ ရွှံ့စေးရုပ်လေးများ ရောင်းသောဆိုင်ရှေ့မှ ဖြတ်သွားချိန်တွင်လည်း ယွီရှီသည် ထမ်းစင်ပေါ်မှဆင်းလျက် ကျုံးဝမ်အလို့ငှာ ရွှံ့စေးရုပ်တချို့ ဝယ်ခဲ့ပြန်သည်။

လွန်ခဲ့သည့် ခုနစ်နှစ်က ကျုံးဝမ်သည် ပြဿနာရှာခဲ့ပြီး မင်းသားယွီအိမ်တော်မှ အပြင်ထွက်သွား၍ မရခဲ့ပေ။ ထို့ကြောင့် ယွီရှီကို ဤကဲ့သို့အရာမျိုး အမြဲဝယ်ခိုင်းလေ့ရှိသည်။

တံတားဘေးရှိ ဆိုင်ငယ်တချို့မှ ရွှံ့စေးရုပ်များ၊ လမ်းတချို့ပေါ်ရှိ သကြားသုတ်လိမ်းထားသော ဘယ်ရီသီးနီများ၊ လမ်းသွယ်လေးတချို့ပေါ်ရှိ သကြားညိုအရုပ်လေးများ၊ လမ်းကြိုလမ်းကြားတချို့မှ ပန်းချီကားများ။ ကျုံးဝမ်သည် ကွက်ကွက်ကွင်းကွင်း ပုံဖော်ပြပြီး ယွီရှီကို ဝယ်ခိုင်းလေ့ရှိသည်။

ယွီရှီငယ်လေးသည် မင်းသမီးကြီးက လမ်းပေါ်မှ ပစ္စည်းများကိုဝယ်ရန် ခွင့်မပြုကြောင်းကို ကောင်းကောင်းမွန်မွန် ပြောပြခဲ့သည်။ လမ်းပေါ်ရှိ စားစရာမဟုတ်သော အရာများကိုလည်း ဝယ်၍မရ။ ၎င်းတို့သည် စိတ်မချရ။ သူဝယ်ခဲ့လျှင်ပင် အိမ်တော်အတွင်းထဲသို့ ယူလာ၍ရမည်မဟုတ်။ အပြင်ဘက်မှ ထိုပစ္စည်းတို့ကို တစ်ယောက်ယောက်က စားမိ၊ထိမိလျှင် မည်သို့ဖြစ်သွားမည်ကို မည်သူမှမသိ။

ယွီရှီငယ်လေးသည် သူ့မိခင်ကို ရင်ထဲမှနေ၍ ရိုသေမြတ်နိုးခဲ့သည်။ မင်းသမီးကြီးအန်းကော၏ စကားမှန်သမျှကို နားထောင်ခဲ့သည်။

ကျုံးဝမ်သည် ထိုအကြောင်းနဲ့ပတ်သက်၍ သူ့ကို မကြာခဏ ပြောခဲ့ဖူးသည်။ သို့သော် ယွီရှီက ဘယ်တုန်းမှ နားမထောင်ခဲ့။ ကြိမ်ဖန်များစွာ နားထောင်ရပြီးနောက်တွင် ယွီရှီသည် အိမ်တော်၏စားတော်ကဲများကို ကျုံးဝမ်အတွက် ထိုအရာများ ချက်ပြုတ်စေသည်။ သို့သော် စားတော်ကဲတို့သည် မှန်အောင်မလုပ်နိုင်ကြ။ ကျုံးဝမ်သည် ထိုအရာများကို မကြိုက်ခဲ့။ ထို့နောက်တွင်မူ ဤကိစ္စသည် ဤအတိုင်းသာ ပြီးသွားခဲ့သည်။

"ပုံဖော်တဲ့နေရာမှာ ပိုပြီးအသေးစိတ်ပေးပါဦး" ယွီရှီက အသံတိုးဖျော့ဖျော့ဖြင့် ပြောသည်။ "သူကပြောတယ်... သူ စွန်းဝူခုန်းလိုချင်တယ်တဲ့"

ရွှံ့စေးရုပ်လုပ်သော လူအိုကြီးသည် ယခင်က တော်ဝင်မျိုးနွယ်ကို တစ်ခါမှ မမြင်ခဲ့ဘူးပေ။ လိပ်ပြာလွင့်မတတ် ထိတ်လန့်သွားပြီး သူသည် ရွှံ့စေးရုပ်လုပ်ကာ ဒူးထောက်လျက် ဆက်သလေသည်။ သူ အခကြေးငွေလည်း မတောင်းရဲပေ။

ယွီရှီသည် ဈေးသည်၏ ခုံပေါ်သို့ ရွှေချောင်းတစ်တုံး တင်လိုက်သည်။ ရွှံ့စေးရုပ်လေးကို ဂရုတစိုက် ကိုင်တွယ်လျက် ထမ်းစင်ပေါ်သို့ ပြန်တက်လာခဲ့သည်။

"အဲ့တုန်းက ငါ..." ယွီရှီသည် ရွှံ့စေးရုပ်လေးကို ကြည့်နေရင်း တစ်ယောက်တည်း ပြောနေသည်။ "ငါ တကယ်တမ်းမှာ သူပြောတာ နားထောင်လို့ မင်းကိုမဝယ်ပေးခဲ့တာ မဟုတ်ပါဘူး..."

"မင်း ရွှံ့စေးရုပ်လေး လိုချင်ခဲ့ပေမဲ့ ငါ မင်းကို မပေးနိုင်ခဲ့ဘူး..."

ယွီရှီသည် မျက်လုံးတို့ကို မှိတ်ထားရင်း နောင်တဖြင့် တစ်ကိုယ်လုံး တုန်နေခဲ့သည်။

မင်းကို ဒီလောက်ထိ ထိခိုက်စေမိတဲ့အတွက် ငါဘယ်လိုပြန်ပေးဆပ်ရမလဲ။

သူ အချိန်ဆွဲနေသည်လား၊ ကျုံးဝမ်ကို နှစ်သိမ့်ပေးချင်သည်လားတော့ သူမသိ။ မြို့လယ်ခေါင်တွင် အချိန်ကြာမြင့်စွာ ပတ်နေခဲ့ပြီးနောက်တွင် ရောက်တတ်ရာရာ ပစ္စည်းပေါင်းများစွာ သူ ဝယ်ပြီးလေပြီ။ ယွီရှီသည် ထိုအရာများကို မည်သူ့ကိုမှ မထိစေခဲ့ဘဲ အိမ်တော်သို့ပြန်သည့် လမ်းတစ်လျှောက်တွင် သူကိုယ်တိုင် သယ်လာခဲ့သည်။

"သခင်လေးကျုံး..." ယွီရှီသည် စွန်းဝူခုန်း၏ခေါင်းရှိ ငှက်တောင်မွှေးလေးကို လက်ဖြင့်ကာကွယ်ထားခဲ့သည်။ သာမန်အမူအရာမျိုးဖြစ်အောင် အတတ်နိုင်ဆုံး ပြုပြင်လျက် သူမေးလိုက်သည်။ "သူ အိပ်နေတာလား"

အိမ်တော်ထိန်းဖုန်သည် ယွီရှီကို သတိထားလျက် စူးစမ်းနေသည်။ ချိုသာစွာဖြင့် သူကပြောသည်။ "ဆက်ခံသူ... ဆက်ခံသူ ထွက်သွားပြီး မကြာခင်မှာပဲ... သခင်လေးကျုံးက ချန်အန်းမင်းသားအိမ်တော်ကို သွားလိုက်ပါတယ်"

အိမ်တော်ထိန်းဖုန်သည် ယွီရှီစိတ်လွတ်သွားမည်ကို သေလုမတတ် စိုးရွံ့မိသည်။ မထင်မှတ်ဘဲ ယွီရှီက ခေါင်းကိုသာ အသာညိတ်ပြလေသည်။ "သိပြီ"

သူ့လက်များသည် မသိမသာ တုန်ယင်နေခဲ့ပြီး စွန်းဝူခုန်း၏လက်ကို မတော်တဆ တိုက်မိသွားတော့သည်။ သူသည် ထိုအပိုင်းအစများကို ဝတ်ရုံလက်ဖြင့် အလောတကြီး ဖမ်းလိုက်သည်။ ရှေ့စကားနှင့် မသက်ဆိုင်သော စကားတို့ကို သူပြောခဲ့သည်။ "ဒါဆို ကျွန်တော် သူ့အတွက် ဒါကို သိမ်းထားပေးမယ်... မြန်မြန်သွားပြီး ကော်ယူခဲ့။ သူ့အတွက် ပြန်ပြင်ပေးရမယ်"

အိမ်တော်ထိန်းဖုန်၏ မျက်လုံးတို့သည် လျှပ်တစ်ပြက်အတွင်း နီရဲလာသည်။ သိကြောင်းအသံပြုလျက် သူထွက်လာခဲ့သည်။

ယွီရှီသည် စာဖတ်ခန်းထဲတွင် ကိုယ့်ကိုယ်ကိုယ် လှောင်ပိတ်ထားသည်။ သို့သော် သူ့လက်များမှာ အလွန်တုန်ရီနေခဲ့သည်။ အပိုင်းတစ်ခုကို ပြုပြင်ပြီးနောက်တွင် အခြားတစ်ပိုင်းကို သူ ပျက်စီးသွားစေပြန်သည်။ သို့သော် နောက်ထပ်အပိုင်းများ ပျက်စီးသွားမည်ကိုစိုး၍ သူစိတ်မတိုဝံ့ပေ။ ဒေါသကိုထိန်းချုပ်လျက် ရွှံ့စေးရုပ်ကို နည်းနည်းချင်းစီ ဖြည်းဖြည်းနှင့်မှန်မှန် ပြန်ပြင်နေလေသည်။

ယွီရှီသည် ရွှံ့စေးရုပ်ကို လေးနာရီထက်မနည်း ပြုပြင်နေခဲ့သည်။ ထိုအချိန်အတွင်းတွင် နန်းတော်မှလူတို့သည် အမိန့်တော်ပြန်တမ်းကို လာရောက်ပြန်ကြားခဲ့သည်။ ချုံအန်းမင်းကြီးသည် နောက်ဆုံးတွင်တော့ သူ့ကို သားအဖြစ် အသိအမှတ်ပြုခဲ့လေပြီ။ ကန့်လန့်ကာနောက်ကွယ်တွင် ယွီရှီသည် ရွှံ့စေးရုပ်လေးကို ပြန်ဆက်နေရင်း ဒူးပင်မထောက်အားပေ။ တစ်ယောက်ယောက်ကို ခေါ်၍သာ အမိန့်တော်ပြန်တမ်းကို ယူစေသည်။

များမကြာမီတွင် တော်ဝင်မိသားစုဝင်များ ရောက်လာကြတော့သည်။ သက်ကြီးအနွယ်တော်များကပင် လာရောက်ခဲ့ကြသည်။ သို့တိုင်အောင် သူတို့သည် ယွီရှီကို မတွေ့နိုင်ကြပေ။

ညနက်လာချိန်တွင်မူ ယွီရှီ၏လက်ထဲရှိ ရွှံ့စေးရုပ်လေးသည် ပုံဖော်၍မရနိုင်အောင်အထိ အပိုင်းပိုင်းအစစ ဖြစ်သွားလေပြီ။ သို့သော် သူ စိတ်မတိုရဲ။ အကြိမ်ရေများစွာ မတ်တပ်ထရပ်လိုက်၊ ပြန်ထိုင်လိုက် လုပ်နေမိသည်။

"ငါတောင်းပန်ပါတယ်..."

သတိကြီးစွာဖြင့် ယွီရှီသည် ကော်ရည်တချို့ကို ယူလိုက်ပြီး ရွှံ့စေးရုပ်လေးအပေါ် သုတ်လိမ်းလိုက်သည်။ အက်ကွဲနေသောအသံဖြင့် သူကပြောသည်။ "ငါ အတတ်နိုင်ဆုံး ကြိုးစားခဲ့ပြီးပြီ၊ ဒါပေမဲ့ မင်းကို ဒီလိုမျိုးဖြစ်အောင် နာကျင်စေခဲ့တယ်..."

"ငါတကယ်မသိဘူး..." ယွီရှီသည် နောက်ဆုံးတွင်တော့ စိတ်မထိန်းနိုင်တော့ပေ။ ရွှံ့စေးရုပ်ကို သူ စားပွဲပေါ်သို့ တင်ထားလိုက်သည်။ လက်သီးကို တင်းတင်းဆုပ်ထားမိသည်။ "ဘယ်လမ်းက အကောင်းဆုံးလဲဆိုတာကို ငါတကယ်မသိဘူး..."

မင်းသားယွီအိမ်တော်၏ အရံခြံဝန်းထဲသို့ ကျုံးဝမ် အပြေးပြန်လာချိန်တွင် အချိန်မှာ ညသန်းခေါင် ဖြစ်နေလေပြီ။

အိမ်တော်ထိန်းဖုန်က ကျုံးဝမ်ကို မြင်သည်နှင့် ကြောက်ရွံ့မှုကြောင့် ထခုန်မိမတတ် ဖြစ်သွားတော့သည်။ သွေးများဖြင့် စိုရွှဲလာသော ကျုံးဝမ်၏ နဖူးပြင်ကို လက်ညှိုးထိုးကာ သူကပြောသည်။ "သခင်လေး ဘာဖြစ်လာတာလဲ။ သွေးတွေချည်းပဲ..."

"ဘာမှမဟုတ်ပါဘူး" ကျုံးဝမ်က တည်ကြည်စွာ ပြုံးပြသည်။ သူသည် သွေးများကို ချက်ချင်း သုတ်ပစ်လိုက်တော့သည်။ "ကျွန်တော် အရိုအသေပေးရင်း ဖြစ်သွားတာ။ ကျွန်တော်... ညနေက သတင်းတချို့ ကြားတယ်။ တစ်မြို့လုံးအနှံ့ ကြေညာနေတာ။ တစ်မြို့လုံးလည်း စိတ်လှုပ်ရှားနေကြတယ်။ ဆက်ခံသူ ဘယ်မှာလဲ"

အိမ်တော်ထိန်းဖုန်က တံတွေးမျိုချလိုက်သည်။ "စာဖတ်ခန်းထဲမှာပါ..."

ကျုံးဝမ်ကခေါင်းညိတ်ပြီး သူ့ကိုယ်ပိုင်ခြံဝန်းထဲသို့ ပြန်သွားရန် ပြင်လိုက်သည်။ သို့သော် အိမ်တော်ထိန်းဖုန်က အဆောတလျင် ပြောလိုက်သည်။ "သခင်လေး ဆက်ခံသူကို အရင်သွားတွေ့သင့်ပါတယ်"

ထို့နောက်တွင်မူ ကျုံးဝမ်သည် စာဖတ်ခန်းတံခါးကို တွန်းဖွင့်လိုက်တော့သည်။

အထဲတွင် ရှုပ်ပွနေသည်။ အမိန့်တော်ပြန်တမ်းသည် အစိတ်စိတ်အမြွှာမြွှာ ဆုပ်ဖြဲခံထားရသည်။ စားပွဲပေါ်တွင် ပုံဖော်၍မရနိုင်သော သေးငယ်သည့် အရာများရှိသည်။ ပြတင်းပေါက်အောက်တွင် ယွီရှီသည် အဝတ်အစား ဖရိုဖရဲဖြင့် ထိုင်နေသည်။ သူ့လက်ထဲတွင် စက္ကူဖြင့် ထုပ်ထားသော ပစ္စည်းတစ်ခုရှိသည်။

ကျုံးဝမ်၏နှလုံးမှာ ခုန်တက်သွားတော့သည်။ အေးစက်စာမှုန့်...

သူ သူ့ကိုယ်သူ ခါးခါးသီးသီး မုန်းတီးမိသည်။ ကျုံးဝမ်သည် ထိုသင်္ချိုင်းဂူကို ကျိုးကြောင်းမစဉ်းစားဘဲ သွားရောက်ခဲ့သည်။ သူသည် ယွီရှီ ထိုအရာများကို တစ်ဖန်ပြန်စားဖြစ်အောင် တွန်းအားဖြစ်စေခဲ့သည်။

ကျုံးဝမ်သည် ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလိုက်သည်။ ယွီရှီ၏လက်ထဲမှ အရာကို မဖယ်နိုင်ခင်မှာပင် သူ ရုတ်ခြည်း ကြောင်အသွားရသည်။

"မင်း..."

မယုံကြည်နိုင်စွာဖြင့် ကျုံးဝမ်သည် ယွီရှီ၏လက်ထဲမှ အရာကို စိုက်ကြည့်နေမိသည်။ ထိုအခိုက် သူ့မျက်လုံးတို့ နီရဲလာတော့သည်။ "မင်းဘာလို့ ဒါကိုသိမ်းထားရတာလဲ..."

လရောင်အောက်တွင် သူ့စိတ်တို့ကို ထိန်းချုပ်၍မရတော့ပေ။ ယွီရှီသည် ကျုံးဝမ်ကို သတိမထားမိဘဲ သူ့လက်ထဲရှိ စာရွက်လေးကို မိန်းမောတွေဝေလျက်သာ ဖွင့်လိုက်သည်။ အထဲတွင် အစိမ်းရောင် လက်ဖက်ရွက်များ လက်တစ်ဆိတ်စာရှိသည်။ ယွီရှီသည် အရွက်လေးတစ်ဖဲ့ကို ယူလိုက်သည်။ တန်ဖိုးကြီး ရတနာတစ်ခုပမာ သူ့ပါးစပ်ထဲသို့ ထည့်လိုက်တော့သည်။

ဤသည်မှာ ချန်အန်းမှ လက်ဖက်ရွက်များဖြစ်သည်။ ကျုံးဝမ်သည် ဤလက်တစ်ဆိတ်စာမျှသာ ကျန်တော့သည်အထိ လက်ဖက်ရည် လုပ်သောက်ခဲ့သည်။

သို့သော် အိမ်တော်ထိန်းဖုန်သည် မတိုင်မီက ဤသို့ပြောခဲ့သည်။ ပမာဏ မများသော်လည်း လက်ဖက်ပင်၏ အညွှန့်လေးများ ဖြစ်သည်ဟူ၍။

သခင်လေးကျုံးကိုယ်တိုင် တစ်ရွက်ချင်းစီ ရွေးထားခြင်းဖြစ်သည်ဟူ၍။

ဤမျှလောက်သာ ကျန်တော့သောကြောင့် ယွီရှီသည် လက်ဖက်ရည် နှပ်မသောက်ရက်ချေ။

6.12.2021

Thanks for reading

I am not crying (T-T)

Zawgyi

က်ဳံးဝမ္ ေနခဲ့ခ်င္မွေတာ့ အခ်ိဳ႕အရာမ်ားကို သိထားသင့္ေပသည္။ အေႏွးႏွင့္အျမန္ သူသိသြားမည္သာျဖစ္သည္။

ယြီရွီသည္ ေခ်ာက္ကမ္းပါးစြန္းတြင္ ရပ္ေနရသကဲ့သို႔၊ ပါးလႊာေသာ ေရခဲျပင္ေပၚတြင္ လမ္းေလၽွာက္ေနရသကဲ့သို႔ လေတာ္ေတာ္ၾကာ ခံစားေနခဲ့ရသည္။ သူသည္ က်ဳံးဝမ္ အတြင္းသတင္းမ်ား သိသြားမည္ကို အျမဲမျပတ္ စိုးရိမ္ေနခဲ့သည္။ သို႔ေသာ္ ယခုရက္ပိုင္းမ်ားတြင္ မင္းသားယြီသည္ ယြီရွီ၏ေနာက္ေၾကာင္းႏွင့္ ပတ္သက္၍ ျပႆနာဖန္တီးခ်င္ေနသည္။ သူ က်ဳံးဝမ္ကို သတင္းအေမွာင္ခ်ထား၍ မရေတာ့။

က်ဳံးဝမ္ မွန္ေပသည္။ သူကိုယ္တိုင္ေျပာလၽွင္ ပိုေလးနက္ေပလိမ့္မည္။

ယြီရွီသည္ အတိတ္မွျဖစ္ရပ္မ်ားကို ေအးေဆးစြာ ရွင္းရွင္းလင္းလင္း ေျပာျပရန္ အတတ္နိုင္ဆုံး ႀကိဳးစားၿပီးေနာက္တြင္ က်ဳံးဝမ္တစ္ေယာက္မွာေတာ့ အေတြးမ်ားေနခဲ့ေတာ့သည္။ သူ မည္သည့္စကားကိုမွ မဆိုခဲ့။

ယြီရွီသည္ အယူခံကာ ရွင္းျပခ်င္ေသာ္လည္း ဘာေျပာရမည္ကိုေတာ့ျဖင့္မသိ။

သူ မည္သူ႔ကို မုန္းသင့္သလဲဆိုသည္ကို ယခုခ်ိန္ထိ မသိေသးသကဲ့သို႔ပင္ ယြီရွီသည္ က်ဳံးဝမ္ကို မည္သို႔ရွင္းျပရမည္ကိုလည္း မသိ။

သူ႔ေမြးမိဘမ်ားႏွင့္ ေကၽြးမိဘမ်ားသည္ လူသတ္မႈကို ဇာတ္လမ္းဆင္ခဲ့သည္။ သူတို႔၏သား သူသည္ မည္မၽွျဖဴစင္နိုင္မည္နည္း။

ယခင္က မင္းသားနင္သာ ေခ်ာေခ်ာေမြ႕ေမြ႕ နန္းတက္နိုင္ခဲ့လၽွင္ က်ဳံးမိသားစု၏ မိသားစုဝင္တစ္ေယာက္အေနႏွင့္ က်ဳံးဝမ္သည္ ေသခ်ာေပါက္ကို လုံလုံျခဳံျခဳံျဖင့္ အႏၲရာယ္ကင္းစြာ ႀကီးျပင္းလာမည္မွာမလြဲေပ။ ငယ္ရြယ္ႏုပ်ိဳစဥ္မွာ နန္းတြင္းစာေမးပြဲမ်ား ေအာင္နိုင္ၿပီး စစ္သူႀကီး သို႔မဟုတ္ အမတ္ခ်ဳပ္ႀကီးအျဖစ္သို႔ ႀကီးျပင္းေရာက္ရွိလာေပမည္။ မည္သို႔မ်ား ဤအေျခအေနသို႔ က်ဆင္းသြားအံ့။

ယြီရွီကိုယ္တိုင္သည္ အဟုတ္အမွန္ အျပစ္ကင္းသည္လား။

လြန္ခဲ့သည့္ႏွစ္မ်ားအတြင္း ယြီရွီရရွိခဲ့ေသာ ခ်မ္းသာေကာင္းမြန္သည့္ ေန႔ရက္မ်ားသည္ က်ဳံးဝမ္ႏွင့္ အမွန္တကယ္ မသက္ဆိုင္ေခ်ဘူးလား။

ယြီရွီသည္ က်ဳံးဝမ္၏ၿခံဝန္းထဲမွေန၍ ေျပးထြက္လာခဲ့မိသည္။

စိတ္ႏွင့္လူႏွင့္မကပ္ဘဲ သူသည္ စာဖတ္ခန္းထဲသို႔ ဝင္လာခဲ့သည္။ သူ တံခါးကို ပိတ္လိုက္သည္။

ယြီရွီသည္ တံခါးကို မွီထားမိသည္။ လက္မ်ားတုန္ရီလ်က္ျဖင့္ သူ႔ရင္ဘတ္ကို ထိကိုင္လိုက္သည္။

ထိုေနရာတြင္ သိမ္းထားခဲ့ေသာ ထိုအရာမ်ားကို သူထုတ္ယူခ်င္ခဲ့သည္။ ေခတၱေဝခြဲမရ ျဖစ္ေနၿပီးေနာက္တြင္ သူမလုပ္နိုင္ခဲ့ေပ။

ယခုမဟုတ္ေသး။ ထိုအရာမ်ားကို လိုအပ္သည့္ အေျခအေနအထိ မေရာက္ေသး။

ထိုစကားမ်ားကို ၾကားၿပီးေနာက္တြင္ က်ဳံးဝမ္မည္သို႔တုံ႔ျပန္မည္ကို ယြီရွီမသိ။ က်ဳံးဝမ္ထြက္သြားခဲ့လၽွင္ ထိုေနာင္မ်ားတြင္ေတာ့ ဤအရာမ်ားကို ယြီရွီ ႀကိမ္ဖန္မ်ားစြာ သုံးရနိုင္ဖြယ္ရွိသည္။ သူ ျဖဳန္းတီးပစ္၍မရ။

ထပ္မံ၍ ယြီရွီသည္ သူ႔ရင္ဘတ္ကို ထိလိုက္ျပန္သည္။ ထိုင္ခ်လိုက္သည္။ အခ်ိန္ဆြဲမေနေတာ့ဘဲ သူသည္ အိမ္ေတာ္စစ္သည္တစ္ေယာက္ကို ေခၚလိုက္သည္။ ကိုယ္လုပ္ေတာ္ငယ္က်ဳံးကို ခစားခဲ့ေသာ ယခင္က နန္းတြင္းသူမ်ားကို အားသြန္ခြန္စိုက္ ရွာလာခဲ့ရန္ အမိန႔္ေပးလိုက္သည္။ ဤအမိန႔္ကို ေပးၿပီးေနာက္တြင္ ယြီရွီသည္ လႊတ္ေတာ္တက္သည့္ ဝတ္႐ုံတို႔ကို ေျပာင္းလဲဝတ္ဆင္လိုက္ၿပီး နန္းတြင္းသို႔ဝင္ရန္ ထမ္းစင္တစ္ခု ျပင္ဆင္ခိုင္းလိုက္ေတာ့သည္။

နန္းေတာ္သို႔ သြားရာလမ္းတြင္ သူသည္ သူ႔ကိုယ္သူ ေဆာက္တည္နိုင္ေအာင္ ႀကိဳးစားေနမိသည္။ အေရးႀကီးသည့္အခ်ိန္တြင္ သူ ရႈပ္ေထြးေအာင္ လုပ္၍မျဖစ္။

ခ်ဳံအန္းမင္းႀကီးသည္ သူ၏အမတ္ႀကီးမ်ားႏွင့္ ေဆြးေႏြးခဲသည္။ အနားမယူခင္ နန္းေတာ္သို႔ပို႔လိုက္ေသာ စာတမ္းမ်ားကို ဖတ္ရႈ႐ုံသာရွိသည္။ ခ်ဳံအန္းမင္းႀကီးကို ခစားေသာ မိန္းမစိုးႀကီးတို႔သည္ တံခါးမႀကီးတြင္ ေစာင့္ၾကပ္ေနသည္။ သူတို႔သည္ မင္းႀကီးကိုေတြ႕ခ်င္ေသာ လူအစုတို႔ကို ေန႔လည္ေရာက္သည္ႏွင့္ ပိတ္ပင္တားဆီးၿပီး ျဖစ္ေလသည္။ ယြီရွီေရာက္လာသည္ကိုျမင္လၽွင္ သူတို႔သည္ တြန႔္ဆုတ္ၾကကုန္သည္။ ထို႔ေနာက္တြင္ မင္းႀကီးထံသို႔ ေလၽွာက္တင္ရန္ အထဲသို႔ ဝင္သြားၾကသည္။ မ်ားမၾကာမီတြင္ သူတို႔က ျပန္ေရာက္လာၾကၿပီး ယြီရွီကိုအထဲသို႔ ဝင္သြားေစေတာ့သည္။

ခ်ဳံအန္းမင္းႀကီးသည္ ခုတင္ေပၚတြင္ ကိုယ္တစ္ပိုင္းလွဲေနသည္။ ယြီရွီကိုျမင္သည္ႏွင့္ အားပါးတရ ျပဳံးလိုက္ေတာ့သည္။ "မင္း အခုတေလာ ဘာလို႔ ခဏခဏ အရိုအေသ လာေပးေနတာလဲ။ လာခဲ့..."

မ်က္လႊာခ်ထားလ်က္ျဖင့္ ယြီရွီက အရိုအေသေပးလိုက္သည္။ ထို႔ေနာက္ သူ မတ္တပ္ျပန္ရပ္လိုက္သည္။ "ကၽြန္ေတာ္မ်ိဳးမွာ မင္းႀကီးဆီ လၽွိုဝွက္ခ်က္တစ္ခု ေလၽွာက္တင္စရာရွိပါတယ္"

မ်က္ႏွာတြင္ စိုးရိမ္စိတ္မ်ားျဖင့္ ခ်ဳံအန္းမင္းႀကီးက လက္ကိုေဝွ႕ယမ္းလိုက္သည္။ မိန္းမစိုးမ်ား ထြက္သြားၾကေလၿပီ။

ယြီရွီ ပင့္သက္ရွိုက္လိုက္သည္။ ထို႔ေနာက္ မင္းသမီးႀကီးအန္းေကာထံမွ ၾကားခဲ့ရေသာ အစီအစဥ္အေၾကာင္းကို ခ်ဳံအန္းမင္းႀကီးအား အေသးစိတ္ စုံလင္စြာ ျပန္ေျပာျပခဲ့ေလသည္။

ယြီရွီကေျပာသည္။ "အဲ့စကားေတြကို ၾကားၿပီးေနာက္မွာ ကၽြန္ေတာ္မ်ိဳးအေနနဲ႔ စိတ္လႈပ္ရွားမိသလိုပါပဲ။ မင္းႀကီး ကၽြန္ေတာ္မ်ိဳးကို ကၽြန္ေတာ္မ်ိဳးရဲ့ ဖခင္ရင္းအေၾကာင္း ေျပာျပေပးလို႔ရမလား—"

"အဓိပၸာယ္မရွိတာေတြ" ခ်ဳံအန္းမင္းႀကီး၏ မ်က္ႏွာသည္ လြန္ကဲစြာ ေျပာင္းလဲသြားခဲ့ၿပီး တုန္ယင္သည္အထိ အမ်က္ထြက္လာခဲ့သည္။ "ဒါက အဓိပၸာယ္မရွိတာပဲ။ မင္း... မင္းက ငါ့ရဲ့၊ ငါ့ရဲ့..."

ခ်ဳံအန္းမင္းႀကီးသည္ ထိုတဒဂၤဝယ္ မူးေဝလာေတာ့သည္။ စားပြဲပုေလးကို အားျပဳရင္း ေခါင္းမာစြာေျပာသည္။ "ငါ့မွာ သန္သန္စြမ္းစြမ္းနဲ႔ ႀကီးျပင္းတဲ့သား တစ္ေယာက္ပဲရွိတာ။ ဒါေပမဲ့ အဲ့လူေတြက ငါတို႔ကို တိုက္ခိုက္ခ်င္ေနၾကေသးတယ္။ အခက္အခဲေပါင္း မ်ားစြာၾကားကေန ေကာင္းကင္ဘုံက ငါ့ကို က်န္းမာတဲ့ ကေလးတစ္ေယာက္ ခ်ီးျမႇင့္ခဲ့တာ။ သူတို႔က၊ သူတို႔က..."

ယြီရွီသည္ ၾကမ္းေပၚတြင္ ဒူးေထာက္လိုက္သည္။ သူသည္ ခြင့္လႊတ္မႈကို မေတာင္းခံသကဲ့သို႔ ႏွစ္သိမ့္စကားကိုလည္း မေျပာေပ။

အခန္းထဲတြင္ သူတို႔ကို ခစားေနေသာ မိန္းမစိုး တစ္ေယာက္မွမရွိ။ ခ်ဳံအန္းမင္းႀကီးသည္ တုန္တုန္ရီရီျဖင့္သာ မတ္တပ္ထရပ္လ်က္ လက္ဖက္ရည္ခြက္ကို ကိုင္လိုက္သည္။ ဂ်င္ဆင္းလက္ဖက္ရည္တစ္ငုံကို သူမနည္းေသာက္လိုက္ရသည္။ ေဖ်ာ့ေတာ့ေနေသာ မ်က္ႏွာျဖင့္ သူကေျပာသည္။ "ဘယ္သူ႔ရဲ့ ယုတ္မာတဲ့ အႀကံအစည္လဲ"

ယြီရွီ၏မ်က္လုံးထဲတြင္ ထူးဆန္းေသာ အရိပ္အေငြ႕မ်ား ျဖတ္ေျပးသြားသည္။ တိုးဖ်ဖ်ျဖင့္ သူကေျပာသည္။ "အရွင့္သား ပဥၥမမင္းသား ရႊမ္ခ်ဳံပါ"

စိတ္ႏွင့္ကိုယ္မကပ္ေသာ အမူအရာျဖင့္ ခ်ဳံအန္းမင္းႀကီးကေျပာသည္။ "ခ်ဳံအာလား။ သူ... ငါ သူ႔ကိုအရင္တစ္ေခါက္က သတိေပးၿပီးပါၿပီ။ သူ ဘာလို႔..."

"အရင္တစ္ေခါက္ ေတာ္ဝင္သခၤ်ိဳင္းေတာ္က လူေတြကို သူတိတ္တဆိတ္ ဖမ္းေခၚၿပီးတဲ့ေနာက္မွာ ပဥၥမမင္းသားက ကၽြန္ေတာ္မ်ိဳးရဲ့ဘက္မွာ သူလၽွိုေတြ ထပ္တလဲလဲ ထားခဲ့ပါတယ္။ ကၽြန္ေတာ္မ်ိဳး ဆက္သည္းမခံနိုင္ေတာ့သလို ဒီတစ္ေလၽွာက္လုံးမွာလည္း တိတ္တိတ္ကေလးပဲ ေနခဲ့ပါတယ္။ သူ ဒီလိုနက္နဲတဲ့အထိ စုံစမ္းေနလိမ့္မယ္လို႔ ကၽြန္ေတာ္မ်ိဳး ဘယ္တုန္းကမွ မေတြးခဲ့ဖူးပါဘူး..." ယြီရွီကေျပာသည္။ "ဒီတစ္ေခါက္ေတာ့ ကၽြန္ေတာ္မ်ိဳးရဲ့ စုံစမ္းခ်က္ေတြအရ သူက ကၽြန္ေတာ္မ်ိဴးကို နာမည္ေျပာင္းရေအာင္လို႔ လုပ္ခ်င္ေနတယ္။ ကၽြန္ေတာ္မ်ိဳး—"

"ထူးထူးဆန္းဆန္းေတြ ေတြးမေနနဲ႔။ ငါက မင္းရဲ့ေနာက္ေၾကာင္းနဲ႔ ပတ္သတ္ၿပီး ေသခ်ာအသိဆုံးပဲ။ ထပ္မေျပာနဲ႔ေတာ့..."

ခ်ဳံအန္းမင္းႀကီးသည္ ဝမ္းနည္းၿပီး ေဒါသထြက္ေနသည္။ "မသိတတ္တဲ့သား။ လူက အသုံးက်တာ တစ္ခုမွမရွိဘဲ အေမဘက္က မိသားစုကို မွီခိုၿပီး ကလိမ္ကက်စ္နည္းလမ္းေတြနဲ႔ မ်က္ႏွာရခ်င္တာပဲရွိတယ္။ အခုဆို ငါတို႔ရဲ့ ဂုဏ္သိကၡာကိုပါ ညႇိုးႏြမ္းေစရဲတယ္။ အသုံးမက်လိုက္တဲ့သား..."

သူသည္ လက္ဖက္ရည္ခြက္ကို ၾကမ္းေပၚသို႔ ပစ္ေပါက္လိုက္သည္။ ယြီရွီသည္ ေခါင္းကိုအနည္းငယ္ေစာင္းလ်က္ ဝဲပ်ံလာေသာ ေႂကြစေလးကို တိမ္းလိုက္သည္။

ဤသည္မွာ တကယ္တမ္းတြင္ က်ဳံးဝမ္၏ အစီအစဥ္ျဖစ္သည္။

ယြီရွီသည္ ေပတိအႀကီးအကဲ ရႊမ္ခ်ဳံႏွင့္ လၽွို႔ဝွက္စြာေတြ႕ဆုံခဲ့ေသာ ပစၥည္းသက္ေသ၊ လူသက္ေသ အျပည့္အစုံရၿပီးျဖစ္သည္။ ကနဦးတြင္ က်ဳံးဝမ္သည္ ရႊမ္က်င္းအား ဤအေျခအေနႏွင့္ပတ္သက္၍ အေၾကာင္းၾကားကာ အားလုံးမွာ မင္းသားယြီ၏ အစီအစဥ္မ်ားျဖစ္သည္ဟု ခ်ဳံအန္းမင္းႀကီးအား ေျပာျပနိုင္မည့္အခ်ိန္ကို ေစာင့္ေနခဲ့သည္။

အစမွအဆုံးထိတိုင္ မင္းသားယြီသည္ အၾကင္နာကင္းမဲ့ခဲ့သည္။ ဤနည္းျဖင့္သာ သူတို႔သည္ သူသတိမျပဳမိေအာင္ ဖမ္းစီးနိုင္မည္ျဖစ္သည္။

အခ်ိန္ေရာက္လၽွင္ ရႊမ္က်င္းသည္ သူတို႔က်ရႈံးေနခ်ိန္တြင္ ရိုက္ခ်လိမ့္မည္မွာ မလြဲေခ်။ ထို႔ေနာက္တြင္ ႏွစ္ဘက္မွလူတို႔သည္ တစ္ေယာက္ကို တစ္ေယာက္ စြပ္စြဲၾကေပလိမ့္မည္။ ခ်ဳံအန္းမင္းႀကီးသည္ သံသယမ်ားေသာ သူတစ္ေယာက္ျဖစ္ၿပီး တူဝရီးႏွစ္ေယာက္ ပူးေပါင္းႀကံစည္ၾကသည္ဟု တထစ္ခ် ေကာက္ခ်က္ခ်ေပလိမ့္မည္။

ရႊမ္ခ်ဳံ၏အျပစ္တို႔ကို မင္းသားယြီအေပၚ ပုံခ်နိုင္လၽွင္ မင္းသားယြီ၏ လုပ္ရပ္တို႔ကို ရႊမ္ခ်ဳံအေပၚ ပုံခ်ျခင္းနိုင္ဖို႔မွာလည္း မျဖစ္နိုင္ပဲမရွိ။

မင္းသားယြီ၏အေတြးတို႔မွာ သာလြန္နက္နဲလွသည္။ ထိုအခ်ိန္ေရာက္လၽွင္ သူသည္ ျပႆနာေတာထဲမွ လြတ္ေျမာက္ေအာင္ နည္းလမ္းရွာၿပီး ျဖစ္ေလာက္သည္။ တဲ့တိုးစြပ္စြဲျခင္းသည္ မွားယြင္းေသာ ဦးတည္မႈကို ျဖစ္ေပၚေစနိုင္သည္။

သို႔ဆိုလၽွင္ အဘယ္ေၾကာင့္ ကိစၥအားလုံးအတြက္ ရႊမ္ခ်ဳံကို တာဝန္မယူခိုင္းသနည္း။

ခ်ဳံအန္းမင္းႀကီးသည္ စိတ္ျပန္ၿငိမ္သြားေအာင္ အခ်ိန္ေတာ္ေတာ္ယူလိုက္ရသည္။ အသံတိုးတိုးျဖင့္ သူကေျပာသည္။ "မင္း... မင္းအိမ္ေတာ္ကို ျပန္လိုက္ေတာ့။ မင္း ဒီကိစၥနဲ႔ပတ္သက္ၿပီး စိတ္ရႈပ္စရာမလိုေတာ့ဘူး။ ငါပဲ ၾကည့္လုပ္လိုက္မယ္"

ယြီရွီက မတ္တပ္ရပ္လိုက္သည္။ သူ တစ္ဘက္သို႔ လွည့္လိုက္သည္။ သူ ထြက္သြားအံ့ဆဲဆဲတြင္ ခ်ဳံအန္းမင္းႀကီး၏ စကားသံကို ႐ုတ္တရက္ ၾကားလိုက္ရသည္။ "က်စ္႐ုန္"

ယြီရွီ၏ေျခလွမ္းမ်ား တန႔္သြားသည္။

ခ်ဳံအန္းမင္းႀကီးသည္ သက္ျပင္းရွည္တစ္ခု ခ်လိုက္သည္။ "လိမၼာတဲ့ကေလး... မင္းရဲ့အေၾကာင္းျပခ်က္က ဘာျဖစ္ျဖစ္၊ မင္း အခုစိတ္ရင္းနဲ႔ ေကာင္းမြန္လာၿပီဆိုေတာ့ ငါတကယ္ေက်နပ္မိတယ္"

"ငါ့ရဲ့ ဘဝတစ္ခုလုံးမွာ သားနဲ႔ေျမးေယာက္်ားေတြရဖို႔ ကံမပါခဲ့ဘူး။ အႀကိမ္ေရတခ်ိဳ႕ ဝမ္းနည္းစရာေတြ ျဖစ္ခဲ့ၿပီးတဲ့ေနာက္ ငါ့မွာ သားႏွစ္ေယာက္ပဲက်န္တယ္။ စြမ္းေဆာင္ရည္မရွိတဲ့သူက စြမ္းေဆာင္ရည္မရွိဘူး။ မနာခံတဲ့သူက မနာခံဘူး" ခ်ဳံအန္းမင္းႀကီး၏ မ်က္ဝန္းတို႔သည္ ေသာကလႊမ္းေနသည္။ "ကံေကာင္းတာက ငါ့မွာ မင္းရွိေနေသးတယ္။ လြန္ခဲ့တဲ့ ႏွစ္ေတြမွာ မင္း စိတ္ဆင္းရဲစရာေတြ ၾကဳံခဲ့ရတာကို ငါသိတယ္။ ဒါေပမဲ့ ဒီေလာကမွာ စိတ္ဆင္းရဲစရာ မၾကဳံရတဲ့သူ ဘယ္သူရွိလို႔လဲ။ ငါလည္း မတရားခံခဲ့ရတဲ့အခ်ိန္ေတြ ရွိခဲ့တာပဲ။ မင္းသားအေနနဲ႔ ရွိခဲ့တဲ့အခ်ိန္က ငါလည္း မတရားခံခဲ့ရတယ္..."

ခ်ဳံအန္းမင္းႀကီးက သက္ျပင္းခ်သည္။ "မင္းအိမ္ေတာ္ကိုျပန္ေတာ့... ထပ္မထြက္လာနဲ႔ေတာ့။ ဒီည... ငါအမိန႔္ေတာ္ျပန္တမ္း ပို႔လိုက္မယ္"

ယြီရွီသည္ ၿငိမ္သက္လ်က္သာ ရွိသည္။ မင္းႀကီးကိုေက်ာေပးလ်က္ျဖင့္ သူ႔ရင္ဘတ္ကို ထိကိုင္လိုက္သည္။

သူ ေရွ႕သို႔လွည့္လိုက္ၿပီး ဒူးေထာက္လိုက္သည္။

စိတ္ေက်နပ္လ်က္ ခ်ဳံအန္းမင္းႀကီးက ျပဳံးသည္။ "ေတာ္လိုက္တဲ့ကေလး... မင္းေၾကာင့္သာမဟုတ္ရင္ ငါ့ရဲ့ ေမၽွာ္လင့္ခ်က္ေတြကို ဘယ္သူ႔ကို ပုံအပ္ရမလဲကို သိမွာမဟုတ္ဘူး။ ငါမနည္းေတာင့္ခံေနရတယ္ဆိုတာ သိတယ္မလား။ မင္းေသရမွာကို ေၾကာက္တယ္လို႔ေတာ့ ငါမယုံဘူး။ ရႊမ္က်င္းနဲ႔ ရႊမ္ခ်ဳံတို႔ မင္းကိုေနာင္တစ္ခ်ိန္မွာ ရွင္းပစ္မွာ ေၾကာက္လို႔ ထီးနန္းရဖို႔ ၿပိဳင္ဆိုင္ေနတယ္လို႔ မထင္ဘူး။ မင္း ငါတို႔ေၾကာင့္ပဲ ဒီလိုလုပ္ေနတာ ဟုတ္တယ္မလား။ ငါတို႔ ဒီလိုျဖစ္ေနတာကို မင္းမၾကည့္ရက္လို႔မလား။ ဘာပဲေျပာေျပာ... ေသြးဆိုတာ ေရထက္ပ်စ္တာပဲ။ မင္း ငါတို႔ကို ခြင့္လႊတ္ေပးလိုက္ၿပီမလား၊ ဟုတ္တယ္မလား"

ယြီရွီသည္ အံႀကိတ္လိုက္ၿပီး ပ်ိဳ႕အန္ခ်င္စိတ္ကို ထိန္းခ်ဳပ္ကာ ဦးညႊတ္လ်က္ အရိုအေသေပးလိုက္ေတာ့သည္။

ဤေနာက္တြင္မူ ခ်ဳံအန္းမင္းႀကီးသည္ ခ်ီတုံခ်တုံ ျဖစ္မေနေတာ့ေပ။

ဤသည္မွာ လုံေလာက္ေပၿပီ။

ခ်ဳံအန္းမင္းႀကီးသည္ မ်က္ရည္မ်ားကို သုတ္လိုက္ၿပီး လက္ေဝွ႕ယမ္းလိုက္သည္။ "သိတတ္လိုက္တဲ့ကေလး။ သြားလို႔ရၿပီ"

ယြီရွီသည္ မတ္တပ္ထရပ္လ်က္ အတြင္းခန္းမထဲမွ ထြက္လာခဲ့ေတာ့သည္။ ခ်ဳံအန္းမင္းႀကီး၏ မ်က္ႏွာေပၚမွ အျပဳံးမွာ ေပ်ာက္ကြယ္သြားေတာ့သည္။ သူက အသံႏွိမ့္လ်က္ ေျပာလိုက္သည္။ "ရႊမ္ခ်ဳံကို... ဆင့္ေခၚလိုက္"

ယြီရွီသည္ နန္းေတာ္တံခါးဝတြင္ အတန္ၾကာ ရပ္ေနသည္။ သူ႔ေနာက္လိုက္လာေသာ ေနာက္လိုက္က ႀကိမ္ဖန္မ်ားစြာ ေမးမွသာ ယြီရွီက ျပန္ေျဖခဲ့သည္။ စိတ္လြင့္ေနလ်က္သာ ယြီရွီကေျပာသည္။ "အိမ္ေတာ္ကို ျပန္မွာလား"

ေနာက္လိုက္က ေျပာသည္။ "ဟုတ္ပါတယ္။ ကၽြန္ေတာ္တို႔ ျပန္မွာမဟုတ္ဘူးလား"

ယြီရွီ အနည္းငယ္ စိုးထိတ္ေနမိသည္။

သူျပန္သြားၿပီး က်ဳံးဝမ္ ရွိမေနမွာကို သူ ေၾကာက္သည္။

အဆုံးတြင္မူ ယြီရွီသည္ ထမ္းစင္ေပၚသို႔ တက္လိုက္ေတာ့သည္။

အျပန္လမ္းတြင္ ယြီရွီသည္ ထမ္းစင္ကို မၾကာခဏ ရပ္ခိုင္းခဲ့သည္။ အဆာေျပမုန႔္စားစရာ ေရာင္းသည့္ဆိုင္ေရွ႕မွ ျဖတ္သြားၾကခ်ိန္တြင္ ယြီရွီသည္ က်ဳံးဝမ္အတြက္ သၾကားလုံးတခ်ိဳ႕ဝယ္ရန္ ထမ္းစင္ေပၚမွ ဆင္းသြားခဲ့သည္။ အဆာသြပ္မုန႔္မ်ား ေရာင္းရာဆိုင္ေရွ႕မွ ျဖတ္သြားရလၽွင္ က်ဳံးဝမ္အတြက္ အဆာသြပ္မုန႔္မ်ားဝယ္ရန္ ထမ္းစင္ေပၚမွ ဆင္းသြားသည္။ တံတားေဘးရွိ ရႊံ့ေစး႐ုပ္ေလးမ်ား ေရာင္းေသာဆိုင္ေရွ႕မွ ျဖတ္သြားခ်ိန္တြင္လည္း ယြီရွီသည္ ထမ္းစင္ေပၚမွဆင္းလ်က္ က်ဳံးဝမ္အလို႔ငွာ ရႊံ့ေစး႐ုပ္တခ်ိဳ႕ ဝယ္ခဲ့ျပန္သည္။

လြန္ခဲ့သည့္ ခုနစ္ႏွစ္က က်ဳံးဝမ္သည္ ျပႆနာရွာခဲ့ၿပီး မင္းသားယြီအိမ္ေတာ္မွ အျပင္ထြက္သြား၍ မရခဲ့ေပ။ ထို႔ေၾကာင့္ ယြီရွီကို ဤကဲ့သို႔အရာမ်ိဳး အျမဲဝယ္ခိုင္းေလ့ရွိသည္။

တံတားေဘးရွိ ဆိုင္ငယ္တခ်ိဳ႕မွ ရႊံ့ေစး႐ုပ္မ်ား၊ လမ္းတခ်ိဳ႕ေပၚရွိ သၾကားသုတ္လိမ္းထားေသာ ဘယ္ရီသီးနီမ်ား၊ လမ္းသြယ္ေလးတခ်ိဳ႕ေပၚရွိ သၾကားညိဳအ႐ုပ္ေလးမ်ား၊ လမ္းႀကိဳလမ္းၾကားတခ်ိဳ႕မွ ပန္းခ်ီကားမ်ား။ က်ဳံးဝမ္သည္ ကြက္ကြက္ကြင္းကြင္း ပုံေဖာ္ျပၿပီး ယြီရွီကို ဝယ္ခိုင္းေလ့ရွိသည္။

ယြီရွီငယ္ေလးသည္ မင္းသမီးႀကီးက လမ္းေပၚမွ ပစၥည္းမ်ားကိုဝယ္ရန္ ခြင့္မျပဳေၾကာင္းကို ေကာင္းေကာင္းမြန္မြန္ ေျပာျပခဲ့သည္။ လမ္းေပၚရွိ စားစရာမဟုတ္ေသာ အရာမ်ားကိုလည္း ဝယ္၍မရ။ ၎တို႔သည္ စိတ္မခ်ရ။ သူဝယ္ခဲ့လၽွင္ပင္ အိမ္ေတာ္အတြင္းထဲသို႔ ယူလာ၍ရမည္မဟုတ္။ အျပင္ဘက္မွ ထိုပစၥည္းတို႔ကို တစ္ေယာက္ေယာက္က စားမိ၊ထိမိလၽွင္ မည္သို႔ျဖစ္သြားမည္ကို မည္သူမွမသိ။

ယြီရွီငယ္ေလးသည္ သူ႔မိခင္ကို ရင္ထဲမွေန၍ ရိုေသျမတ္နိုးခဲ့သည္။ မင္းသမီးႀကီးအန္းေကာ၏ စကားမွန္သမၽွကို နားေထာင္ခဲ့သည္။

က်ဳံးဝမ္သည္ ထိုအေၾကာင္းနဲ႔ပတ္သက္၍ သူ႔ကို မၾကာခဏ ေျပာခဲ့ဖူးသည္။ သို႔ေသာ္ ယြီရွီက ဘယ္တုန္းမွ နားမေထာင္ခဲ့။ ႀကိမ္ဖန္မ်ားစြာ နားေထာင္ရၿပီးေနာက္တြင္ ယြီရွီသည္ အိမ္ေတာ္၏စားေတာ္ကဲမ်ားကို က်ဳံးဝမ္အတြက္ ထိုအရာမ်ား ခ်က္ျပဳတ္ေစသည္။ သို႔ေသာ္ စားေတာ္ကဲတို႔သည္ မွန္ေအာင္မလုပ္နိုင္ၾက။ က်ဳံးဝမ္သည္ ထိုအရာမ်ားကို မႀကိဳက္ခဲ့။ ထို႔ေနာက္တြင္မူ ဤကိစၥသည္ ဤအတိုင္းသာ ၿပီးသြားခဲ့သည္။

"ပုံေဖာ္တဲ့ေနရာမွာ ပိုၿပီးအေသးစိတ္ေပးပါဦး" ယြီရွီက အသံတိုးေဖ်ာ့ေဖ်ာ့ျဖင့္ ေျပာသည္။ "သူကေျပာတယ္... သူ စြန္းဝူခုန္းလိုခ်င္တယ္တဲ့"

ရႊံ့ေစး႐ုပ္လုပ္ေသာ လူအိုႀကီးသည္ ယခင္က ေတာ္ဝင္မ်ိဳးႏြယ္ကို တစ္ခါမွ မျမင္ခဲ့ဘူးေပ။ လိပ္ျပာလြင့္မတတ္ ထိတ္လန႔္သြားၿပီး သူသည္ ရႊံ့ေစး႐ုပ္လုပ္ကာ ဒူးေထာက္လ်က္ ဆက္သေလသည္။ သူ အခေၾကးေငြလည္း မေတာင္းရဲေပ။

ယြီရွီသည္ ေဈးသည္၏ ခုံေပၚသို႔ ေရႊေခ်ာင္းတစ္တုံး တင္လိုက္သည္။ ရႊံ့ေစး႐ုပ္ေလးကို ဂ႐ုတစိုက္ ကိုင္တြယ္လ်က္ ထမ္းစင္ေပၚသို႔ ျပန္တက္လာခဲ့သည္။

"အဲ့တုန္းက ငါ..." ယြီရွီသည္ ရႊံ့ေစး႐ုပ္ေလးကို ၾကည့္ေနရင္း တစ္ေယာက္တည္း ေျပာေနသည္။ "ငါ တကယ္တမ္းမွာ သူေျပာတာ နားေထာင္လို႔ မင္းကိုမဝယ္ေပးခဲ့တာ မဟုတ္ပါဘူး..."

"မင္း ရႊံ့ေစး႐ုပ္ေလး လိုခ်င္ခဲ့ေပမဲ့ ငါ မင္းကို မေပးနိုင္ခဲ့ဘူး..."

ယြီရွီသည္ မ်က္လုံးတို႔ကို မွိတ္ထားရင္း ေနာင္တျဖင့္ တစ္ကိုယ္လုံး တုန္ေနခဲ့သည္။

မင္းကို ဒီေလာက္ထိ ထိခိုက္ေစမိတဲ့အတြက္ ငါဘယ္လိုျပန္ေပးဆပ္ရမလဲ။

သူ အခ်ိန္ဆြဲေနသည္လား၊ က်ဳံးဝမ္ကို ႏွစ္သိမ့္ေပးခ်င္သည္လားေတာ့ သူမသိ။ ၿမိဳ႕လယ္ေခါင္တြင္ အခ်ိန္ၾကာျမင့္စြာ ပတ္ေနခဲ့ၿပီးေနာက္တြင္ ေရာက္တတ္ရာရာ ပစၥည္းေပါင္းမ်ားစြာ သူ ဝယ္ၿပီးေလၿပီ။ ယြီရွီသည္ ထိုအရာမ်ားကို မည္သူ႔ကိုမွ မထိေစခဲ့ဘဲ အိမ္ေတာ္သို႔ျပန္သည့္ လမ္းတစ္ေလၽွာက္တြင္ သူကိုယ္တိုင္ သယ္လာခဲ့သည္။

"သခင္ေလးက်ဳံး..." ယြီရွီသည္ စြန္းဝူခုန္း၏ေခါင္းရွိ ငွက္ေတာင္ေမႊးေလးကို လက္ျဖင့္ကာကြယ္ထားခဲ့သည္။ သာမန္အမူအရာမ်ိဳးျဖစ္ေအာင္ အတတ္နိုင္ဆုံး ျပဳျပင္လ်က္ သူေမးလိုက္သည္။ "သူ အိပ္ေနတာလား"

အိမ္ေတာ္ထိန္းဖုန္သည္ ယြီရွီကို သတိထားလ်က္ စူးစမ္းေနသည္။ ခ်ိဳသာစြာျဖင့္ သူကေျပာသည္။ "ဆက္ခံသူ... ဆက္ခံသူ ထြက္သြားၿပီး မၾကာခင္မွာပဲ... သခင္ေလးက်ဳံးက ခ်န္အန္းမင္းသားအိမ္ေတာ္ကို သြားလိုက္ပါတယ္"

အိမ္ေတာ္ထိန္းဖုန္သည္ ယြီရွီစိတ္လြတ္သြားမည္ကို ေသလုမတတ္ စိုးရြံ့မိသည္။ မထင္မွတ္ဘဲ ယြီရွီက ေခါင္းကိုသာ အသာညိတ္ျပေလသည္။ "သိၿပီ"

သူ႔လက္မ်ားသည္ မသိမသာ တုန္ယင္ေနခဲ့ၿပီး စြန္းဝူခုန္း၏လက္ကို မေတာ္တဆ တိုက္မိသြားေတာ့သည္။ သူသည္ ထိုအပိုင္းအစမ်ားကို ဝတ္႐ုံလက္ျဖင့္ အေလာတႀကီး ဖမ္းလိုက္သည္။ ေရွ႕စကားႏွင့္ မသက္ဆိုင္ေသာ စကားတို႔ကို သူေျပာခဲ့သည္။ "ဒါဆို ကၽြန္ေတာ္ သူ႔အတြက္ ဒါကို သိမ္းထားေပးမယ္... ျမန္ျမန္သြားၿပီး ေကာ္ယူခဲ့။ သူ႔အတြက္ ျပန္ျပင္ေပးရမယ္"

အိမ္ေတာ္ထိန္းဖုန္၏ မ်က္လုံးတို႔သည္ လၽွပ္တစ္ျပက္အတြင္း နီရဲလာသည္။ သိေၾကာင္းအသံျပဳလ်က္ သူထြက္လာခဲ့သည္။

ယြီရွီသည္ စာဖတ္ခန္းထဲတြင္ ကိုယ့္ကိုယ္ကိုယ္ ေလွာင္ပိတ္ထားသည္။ သို႔ေသာ္ သူ႔လက္မ်ားမွာ အလြန္တုန္ရီေနခဲ့သည္။ အပိုင္းတစ္ခုကို ျပဳျပင္ၿပီးေနာက္တြင္ အျခားတစ္ပိုင္းကို သူ ပ်က္စီးသြားေစျပန္သည္။ သို႔ေသာ္ ေနာက္ထပ္အပိုင္းမ်ား ပ်က္စီးသြားမည္ကိုစိုး၍ သူစိတ္မတိုဝံ့ေပ။ ေဒါသကိုထိန္းခ်ဳပ္လ်က္ ရႊံ့ေစး႐ုပ္ကို နည္းနည္းခ်င္းစီ ျဖည္းျဖည္းႏွင့္မွန္မွန္ ျပန္ျပင္ေနေလသည္။

ယြီရွီသည္ ရႊံ့ေစး႐ုပ္ကို ေလးနာရီထက္မနည္း ျပဳျပင္ေနခဲ့သည္။ ထိုအခ်ိန္အတြင္းတြင္ နန္းေတာ္မွလူတို႔သည္ အမိန႔္ေတာ္ျပန္တမ္းကို လာေရာက္ျပန္ၾကားခဲ့သည္။ ခ်ဳံအန္းမင္းႀကီးသည္ ေနာက္ဆုံးတြင္ေတာ့ သူ႔ကို သားအျဖစ္ အသိအမွတ္ျပဳခဲ့ေလၿပီ။ ကန႔္လန႔္ကာေနာက္ကြယ္တြင္ ယြီရွီသည္ ရႊံ့ေစး႐ုပ္ေလးကို ျပန္ဆက္ေနရင္း ဒူးပင္မေထာက္အားေပ။ တစ္ေယာက္ေယာက္ကို ေခၚ၍သာ အမိန႔္ေတာ္ျပန္တမ္းကို ယူေစသည္။

မ်ားမၾကာမီတြင္ ေတာ္ဝင္မိသားစုဝင္မ်ား ေရာက္လာၾကေတာ့သည္။ သက္ႀကီးအႏြယ္ေတာ္မ်ားကပင္ လာေရာက္ခဲ့ၾကသည္။ သို႔တိုင္ေအာင္ သူတို႔သည္ ယြီရွီကို မေတြ႕နိုင္ၾကေပ။

ညနက္လာခ်ိန္တြင္မူ ယြီရွီ၏လက္ထဲရွိ ရႊံ့ေစး႐ုပ္ေလးသည္ ပုံေဖာ္၍မရနိုင္ေအာင္အထိ အပိုင္းပိုင္းအစစ ျဖစ္သြားေလၿပီ။ သို႔ေသာ္ သူ စိတ္မတိုရဲ။ အႀကိမ္ေရမ်ားစြာ မတ္တပ္ထရပ္လိုက္၊ ျပန္ထိုင္လိုက္ လုပ္ေနမိသည္။

"ငါေတာင္းပန္ပါတယ္..."

သတိႀကီးစြာျဖင့္ ယြီရွီသည္ ေကာ္ရည္တခ်ိဳ႕ကို ယူလိုက္ၿပီး ရႊံ့ေစး႐ုပ္ေလးအေပၚ သုတ္လိမ္းလိုက္သည္။ အက္ကြဲေနေသာအသံျဖင့္ သူကေျပာသည္။ "ငါ အတတ္နိုင္ဆုံး ႀကိဳးစားခဲ့ၿပီးၿပီ၊ ဒါေပမဲ့ မင္းကို ဒီလိုမ်ိဳးျဖစ္ေအာင္ နာက်င္ေစခဲ့တယ္..."

"ငါတကယ္မသိဘူး..." ယြီရွီသည္ ေနာက္ဆုံးတြင္ေတာ့ စိတ္မထိန္းနိုင္ေတာ့ေပ။ ရႊံ့ေစး႐ုပ္ကို သူ စားပြဲေပၚသို႔ တင္ထားလိုက္သည္။ လက္သီးကို တင္းတင္းဆုပ္ထားမိသည္။ "ဘယ္လမ္းက အေကာင္းဆုံးလဲဆိုတာကို ငါတကယ္မသိဘူး..."

မင္းသားယြီအိမ္ေတာ္၏ အရံၿခံဝန္းထဲသို႔ က်ဳံးဝမ္ အေျပးျပန္လာခ်ိန္တြင္ အခ်ိန္မွာ ညသန္းေခါင္ ျဖစ္ေနေလၿပီ။

အိမ္ေတာ္ထိန္းဖုန္က က်ဳံးဝမ္ကို ျမင္သည္ႏွင့္ ေၾကာက္ရြံ့မႈေၾကာင့္ ထခုန္မိမတတ္ ျဖစ္သြားေတာ့သည္။ ေသြးမ်ားျဖင့္ စိုရႊဲလာေသာ က်ဳံးဝမ္၏ နဖူးျပင္ကို လက္ညႇိုးထိုးကာ သူကေျပာသည္။ "သခင္ေလး ဘာျဖစ္လာတာလဲ။ ေသြးေတြခ်ည္းပဲ..."

"ဘာမွမဟုတ္ပါဘူး" က်ဳံးဝမ္က တည္ၾကည္စြာ ျပဳံးျပသည္။ သူသည္ ေသြးမ်ားကို ခ်က္ခ်င္း သုတ္ပစ္လိုက္ေတာ့သည္။ "ကၽြန္ေတာ္ အရိုအေသေပးရင္း ျဖစ္သြားတာ။ ကၽြန္ေတာ္... ညေနက သတင္းတခ်ိဳ႕ ၾကားတယ္။ တစ္ၿမိဳ႕လုံးအႏွံ့ ေၾကညာေနတာ။ တစ္ၿမိဳ႕လုံးလည္း စိတ္လႈပ္ရွားေနၾကတယ္။ ဆက္ခံသူ ဘယ္မွာလဲ"

အိမ္ေတာ္ထိန္းဖုန္က တံေတြးမ်ိဳခ်လိုက္သည္။ "စာဖတ္ခန္းထဲမွာပါ..."

က်ဳံးဝမ္ကေခါင္းညိတ္ၿပီး သူ႔ကိုယ္ပိုင္ၿခံဝန္းထဲသို႔ ျပန္သြားရန္ ျပင္လိုက္သည္။ သို႔ေသာ္ အိမ္ေတာ္ထိန္းဖုန္က အေဆာတလ်င္ ေျပာလိုက္သည္။ "သခင္ေလး ဆက္ခံသူကို အရင္သြားေတြ႕သင့္ပါတယ္"

ထို႔ေနာက္တြင္မူ က်ဳံးဝမ္သည္ စာဖတ္ခန္းတံခါးကို တြန္းဖြင့္လိုက္ေတာ့သည္။

အထဲတြင္ ရႈပ္ပြေနသည္။ အမိန႔္ေတာ္ျပန္တမ္းသည္ အစိတ္စိတ္အႁမႊာႁမႊာ ဆုပ္ျဖဲခံထားရသည္။ စားပြဲေပၚတြင္ ပုံေဖာ္၍မရနိုင္ေသာ ေသးငယ္သည့္ အရာမ်ားရွိသည္။ ျပတင္းေပါက္ေအာက္တြင္ ယြီရွီသည္ အဝတ္အစား ဖရိုဖရဲျဖင့္ ထိုင္ေနသည္။ သူ႔လက္ထဲတြင္ စကၠဴျဖင့္ ထုပ္ထားေသာ ပစၥည္းတစ္ခုရွိသည္။

က်ဳံးဝမ္၏ႏွလုံးမွာ ခုန္တက္သြားေတာ့သည္။ ေအးစက္စာမႈန႔္...

သူ သူ႔ကိုယ္သူ ခါးခါးသီးသီး မုန္းတီးမိသည္။ က်ဳံးဝမ္သည္ ထိုသခၤ်ိဳင္းဂူကို က်ိဳးေၾကာင္းမစဥ္းစားဘဲ သြားေရာက္ခဲ့သည္။ သူသည္ ယြီရွီ ထိုအရာမ်ားကို တစ္ဖန္ျပန္စားျဖစ္ေအာင္ တြန္းအားျဖစ္ေစခဲ့သည္။

က်ဳံးဝမ္သည္ ေရွ႕သို႔ ေျခလွမ္းအနည္းငယ္ တိုးလိုက္သည္။ ယြီရွီ၏လက္ထဲမွ အရာကို မဖယ္နိုင္ခင္မွာပင္ သူ ႐ုတ္ျခည္း ေၾကာင္အသြားရသည္။

"မင္း..."

မယုံၾကည္နိုင္စြာျဖင့္ က်ဳံးဝမ္သည္ ယြီရွီ၏လက္ထဲမွ အရာကို စိုက္ၾကည့္ေနမိသည္။ ထိုအခိုက္ သူ႔မ်က္လုံးတို႔ နီရဲလာေတာ့သည္။ "မင္းဘာလို႔ ဒါကိုသိမ္းထားရတာလဲ..."

လေရာင္ေအာက္တြင္ သူ႔စိတ္တို႔ကို ထိန္းခ်ဳပ္၍မရေတာ့ေပ။ ယြီရွီသည္ က်ဳံးဝမ္ကို သတိမထားမိဘဲ သူ႔လက္ထဲရွိ စာရြက္ေလးကို မိန္းေမာေတြေဝလ်က္သာ ဖြင့္လိုက္သည္။ အထဲတြင္ အစိမ္းေရာင္ လက္ဖက္ရြက္မ်ား လက္တစ္ဆိတ္စာရွိသည္။ ယြီရွီသည္ အရြက္ေလးတစ္ဖဲ့ကို ယူလိုက္သည္။ တန္ဖိုးႀကီး ရတနာတစ္ခုပမာ သူ႔ပါးစပ္ထဲသို႔ ထည့္လိုက္ေတာ့သည္။

ဤသည္မွာ ခ်န္အန္းမွ လက္ဖက္ရြက္မ်ားျဖစ္သည္။ က်ဳံးဝမ္သည္ ဤလက္တစ္ဆိတ္စာမၽွသာ က်န္ေတာ့သည္အထိ လက္ဖက္ရည္ လုပ္ေသာက္ခဲ့သည္။

သို႔ေသာ္ အိမ္ေတာ္ထိန္းဖုန္သည္ မတိုင္မီက ဤသို႔ေျပာခဲ့သည္။ ပမာဏ မမ်ားေသာ္လည္း လက္ဖက္ပင္၏ အညႊန႔္ေလးမ်ား ျဖစ္သည္ဟူ၍။

သခင္ေလးက်ဳံးကိုယ္တိုင္ တစ္ရြက္ခ်င္းစီ ေရြးထားျခင္းျဖစ္သည္ဟူ၍။

ဤမၽွေလာက္သာ က်န္ေတာ့ေသာေၾကာင့္ ယြီရွီသည္ လက္ဖက္ရည္ ႏွပ္မေသာက္ရက္ေခ်။

6.12.2021

Thanks for reading

I am not crying (T-T)

Continue Reading

You'll Also Like

734K 102K 149
တစ်​ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုး​ကောင်​​လေး​တွေမှာလည်း အချစ်​တွေရှိတယ်~ ထရိုး​ကောင်​လေး​တွေမှာလည်း ခံစားချက်​တွေရှိတယ်~
583K 92.6K 198
I don't own this story.I just translate it.So, credit to original author. Chinese Name- 小人鱼 Author- Du lai E Tran- N/A Genre- Comedy,shounen ai,Yaoi ...
685K 123K 90
Title- I Just Want to Be in a Relationship Author- Lian Shou Status in COO- 96 Chapters+6 extras Original Publisher - JJWXC English translator- Flyin...
293K 56.1K 89
Author - Cyan Wings ( 青色羽翼 ) Chapters - 42 + 5 extras ( completed ) I do not own this story . All credit goes to original authors.