ထိုနှစ်များမှာ မြတ်နိုးဖွေရှာ

By Vera-Yu

353K 63.3K 4.7K

Original Title : 当年万里觅封侯 English Title : Those Years in Quest of Honor Mine Original Author : Man Man He Qi... More

Description
Prologue
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 69
Part 70
Part 71
Part 72
Part 73
Part 74
Part 75
Part 76
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
Part 88
Part 89
Part 90
Part 91
Part 92
Part 93
Part 94
Part 95
Part 96
Part 97
Part 98
Part 99
Part 100
Part 101
Part 102
Part 103
Extra 1
Extra 2

Part 68

2.4K 543 43
By Vera-Yu

Unicode

ညစာစားပြီးနောက်တွင် ကျုံးဝမ်သည် ရွှမ်ကျင်းနှင့် ယနေ့တွေ့ခဲ့စဉ်က အကြောင်းတို့ကို ယွီရှီအား အသေးစိတ် ပြန်ပြောပြခဲ့လေသည်။ သူကမေးသည်။ "မင်းသားယွီက ဘာလုပ်မှာလဲ"

ယွီရှီက ခေတ္တနှုတ်ဆိတ်နေသည်။

ထို့နောက် ယွီရှီက ခေါင်းခါသည်။ "ငါမခန့်မှန်းနိုင်ဘူး"

"ငယ်ငယ်ထဲက သူ ဘာတွေးနေတယ်ဆိုတာကို ငါဘယ်တုန်းကမှ မခန့်မှန်းနိုင်ခဲ့ဘူး" ယွီရှီကပြောသည်။ "ဒါကြောင့်မို့ သူနဲ့မင်းကြီးကြားက ဆက်ဆံရေးကို ဆက်တိုက်ပိုဆိုးဝါးလာအောင်လို့ မင်းကြီး သူ့ကို ထိန်းချုပ်လို့ရမဲ့ နယ်ရုပ်လေးအဖြစ်ရှိနေပေးဖို့ ငါအရင်ဆန္ဒရှိခဲ့တာ... နောက်ဆုံးမှာ မင်းကြီးကသာ ရွှမ်ချုံကို အိမ်ရှေ့စံအဖြစ်ထားခဲ့ရင် မင်းသားယွီကို အိမ်ရှေ့စံအဖြစ် ထားတာနဲ့ အတူတူပဲ။ မင်းကြီး ငါ့ကိုအရမ်းအလိုလိုက်ထားတဲ့ အကြောင်းတစ်ခုက ငါက မင်းသားယွီအတွက် ရုပ်သေးရုပ်တစ်ရုပ် ဖြစ်လာမှာ မဟုတ်ဘူးဆိုတာ သူသိနေလို့ပဲ"

ကျုံးဝမ်ကမေးသည်။ "ပြောကြည့်... ရွှမ်ချုံ ပေတိလူမျိုးစုနဲ့ ပူးပေါင်းနေတယ်ဆိုတာကို သူသိတယ်လို့ မင်းထင်လား"

ယွီရှီကခေါင်းခါသည်။ "မသိနိုင်လောက်ဖို့ များတယ်"

ကျုံးဝမ်က ခေတ္တတန့်သွားသည်။ သူပြုံးလိုက်မိသည်။

ယွီရှီ၏မျက်လုံးထဲတွင် ရွှင်ပျပျ အရိပ်အယောင်တချို့ ပေါ်လာသည်။

"သတင်းက မင်းသမီးကြီးအန်းကော အိမ်တော်က ထွက်လာတာ။ တမင်ရည်ရွယ်ပြီး လုပ်တာလား၊ ဘာလားဆိုတာကို ပြောဖို့ခက်တယ်" ကျုံးဝမ်ကပြောသည်။ "ဆက်ခံသူ၊ မင်းသမီးကြီးအန်းကောကို သွားတွေ့မှာလား"

"ဒါပေါ့" ယွီရှီကပြောသည်။ "မနက်ဖြန်"

ကျုံးဝမ်ကမေးသည်။ "ငါလိုက်ခဲ့ရမလား"

"မလိုက်နဲ့။ ကိုယ်လုပ်တော်ယူဖို့ကိစ္စ..." ယွီရှီ အမှားလုပ်မိသည်မှာ ရှားပါးလှသည်။ "သူက မင်းကိုအပြစ်တင်ဖို့များတယ်။ ညှဉ်းဆဲခံရဖို့အကြောင်းကို လိုက်ရှာမနေနဲ့"

ကျုံးဝမ်က တမင်မေးလိုက်သည်။ "မင်းသမီးကြီး ငါ့ကိုရိုက်တာကို မင်းက ဘာမှမလုပ်ဘဲ ကြည့်ပဲကြည့်နေမှာလား"

"မဟုတ်ဘူး" ယွီရှီကပြန်ဖြေသည်။ "ဒါပေမဲ့ သူမင်းကိုမအော်တော့အောင် သူ့ပါးစပ်ကို ငါပိတ်ထားလို့မရဘူး။ ဒီကိစ္စနဲ့ပတ်သတ်ပြီး ဆက်ညှိနှိုင်းဖို့ မရှိတော့ဘူး၊ ဟုတ်ပြီလား။ မနက်ဖြန်ကျရင် အိမ်မှာ ကိုယ့်ဟာကိုယ်နေခဲ့"

ရွေးစရာမရှိတော့ဘဲ ကျုံးဝမ်ကခေါင်းညိတ်သည်။ "အိုး ဟုတ်သားပဲ။ နောက်ရက်တွေအတွင်းမှာ လင်စစ် ငါ့ကိုလာရှာရင် ခွင့်ပြုပေးဖို့ အိမ်တော်စစ်သည်တွေကို ဆက်ခံသူပြောပေးပါဦး။ သူ့ကိုထပ်ပြီး မတားနဲ့တော့။ ငါ့မှာ သူနဲ့လေးလေးနက်နက် ဆွေးနွေးစရာကိစ္စရှိတယ်"

ယွီရှီက အလိုအလျောက် မျက်မှောင်ကြုတ်သွားသည်။ သူ့ကိုကြည့်ရသည်မှာ အနည်းငယ် အင်တင်တင်ဖြစ်နေပုံပေါက်သည်။

ကျုံးဝမ် သိချင်နေမိသည်။ "ဆက်ခံသူ... အရမ်းထူးဆန်းတယ်လို့ ငါထင်တဲ့ ကိစ္စတစ်ခုရှိတယ်။ မင်း ဘာလို့ လင်စစ်ကို မုန်းနေတာလဲ"

ယွီရှီကမျက်လွှာချလိုက်ပြီး လက်ဖက်ရည်တစ်ငုံ သောက်လိုက်သည်။ သူကပြန်မဖြေ။

"သူက စကားမပြောတတ်တဲ့သူ တစ်ယောက်ပဲလေ။ သူ မင်းကိုစိတ်မတိုစေနိုင်ပါဘူး။ တကယ်တမ်းပြောရရင်..." ကျုံးဝမ်ကပြောသည်။ "သူက ရိုးသားတဲ့ လူကောင်းတစ်ယောက်ပဲ။ တစ်ယောက်ယောက်က သူ့ကိုမကြိုက်တာကို အမှန်အတိုင်းပြောရရင် ငါနားမလည်နိုင်ဘူး"

ယွီရှီကထေ့ငေါ့သံပြုသည်။ သူကကျုံးဝမ်ကို ပြန်မေးသည်။ "သူ့ကို ကိစ္စနည်းနည်း တာဝန်ပေးချင်တာကို ဘေးဖယ်ထားလိုက်ရင် ရွှမ်ကျင်းကိုယ်စား ပြောပေးချင်လို့လည်း မင်းသူ့ကိုတွေ့ချင်နေတာ မဟုတ်လား"

ကျုံးဝမ်မှင်တက်သွားသည်။ ယွီရှီက ဘယ်လိုသိသွားတာလဲ။

ယွီရှီက စကားဆက်သည်။ "ငါ ခန့်မှန်းတာ မမှားပြန်ဘူးဆိုရင်... သူနဲ့ရွှမ်ကျင်းက စကားများခဲ့တာ။ သူတို့နှစ်ယောက်က အခုအဆင်မပြေကြဘူးမလား"

ကျုံးဝမ်က တွေးပြီးနောက် ပြန်ဖြေသည်။ "အဆင်မပြေကြဘူး ရယ်လို့တော့လည်း မဟုတ်ဘူးလို့ ငါထင်တာပဲ... ဒီနေ့မှာတင်ကို သူ လင်စစ်ကို အပြစ်မတင်တော့ကြောင်းကို ရွှမ်ကျင်းက ငါ့ကိုပြောတယ်။ သူက လင်စစ်ကို ပြန်လာစေချင်နေတာ"

ယွီရှီ၏မျက်နှာသည် ဤစကားကိုကြားပြီးနောက် ပို၍ပင် မှုန်သိုးသိုးဖြစ်သွားတော့သည်။ မနှစ်မြို့စွာဖြင့် သူကပြောသည်။ "လူအမြင်မှာ သူတို့က ကွဲနေကြတယ်။ တကယ်တမ်းကျတော့ ဒါက ချစ်သူတွေကြားက ကတောက်ကဆ ဖြစ်တာလေး တစ်ခုပဲ။ ပြီးတော့ သူတို့က မင်းကိုတောင် ကြားထဲက စကားပို့တဲ့သူ လုပ်ခိုင်းလိုက်သေးတယ်... မူယာမာယာတွေ ပိုလွန်းပြီး အော်ဂလီဆန်ချင်စရာပဲ"

ကျုံးဝမ် မရယ်ဘဲမနေနိုင်။ "ငါ မင်းကိုမမေးရသေးဘူး။ သူတို့နှစ်ယောက်အကြောင်း ဘယ်လိုသိတာလဲဆိုတာ"

ယွီရှီက စိတ်မပါစွာပြောသည်။ "ကြာလှပြီလို့ထင်တာပဲ"

"ဘယ်လောက်ကြာတာလဲ" ကျုံးဝမ် အံ့အားသင့်သွားသည်။ "ငါတောင်မှ လွန်ခဲ့တဲ့လတွေကမှ သိတာ"

ယွီရှီကပြောသည်။ "လွန်တဲ့နှစ်တွေတုန်းက"

အံ့အားသင့်နေလျက်ပင် ကျုံးဝမ်ကပြောသည်။ "လင်စစ်က အဲ့တည်းက... ကြာလှပြီလား။ သူ့မှာ ဘယ်လိုလိပ်ပြာလုံတဲ့စိတ်မျိုး ရှိနေရတာလဲ။ အဲ့တုန်းက ချန်အန်းကိုပို့တဲ့ သူ့စာတွေမှာ သူ အစာစားချင်စိတ် မရှိတဲ့အထိ ငါ့ကိုအမြဲစိတ်ပူနေမိတယ်ဆိုပြီး ခဏခဏပြောတယ်။ တချို့ရက်တွေဆို သူ အစားမစားဘဲ နေနေတယ်လို့ ပြောတာကို ငါတကယ်ယုံခဲ့တာ။ သူ စိတ်မချမှာစိုးလို့ ငါနေကောင်းပါတယ်ဆိုပြီး သူ့ကိုလိမ်ထားခဲ့တာ။ တကယ်တမ်းကျတော့ သူက အစောကြီးကတည်းက ရွှမ်ကျင်းကို လုပ်ပြီးနေပြီတဲ့လား။ ဒါဆို လွန်ခဲ့တဲ့လတွေက သူ ဘာလို့ငါ့ရှေ့မှာ လာဟန်ဆောင်ပြနေတာလဲ"

"လုပ်တာ..." ယွီရှီမှာ ပါးစပ်မှပင် စကားတစ်ခွန်း ပြောမထွက်တော့။ သူက ကျုံးဝမ်ကိုကြည့်လိုက်ပြီး ပြောလိုက်သည်။ "သူတို့ အဲ့အဆင့်ရောက်ပြီလားတော့ ငါမသေချာဘူး၊ ဒါပေမဲ့ သူတို့နှစ်ယောက်ကြားမှာ တစ်ခုခုရှိနေခဲ့တာတော့ ကြာလှပြီ။ မဟုတ်ရင် အရင်တည်းက..."

ယွီရှီသည် ဤအကြောင်းပြောနေရသည်ကို သိပ်စိတ်မဝင်စားပေ။ သူက ကျုံးဝမ်၏ဆေးကို ကမ်းပေးလာသည်။ ကျုံးဝမ်မှာ အလွန့်အလွန်ကို သိချင်စိတ် ပြင်းပြနေမိသည်။ "အရင်တည်းက ဘာဖြစ်လဲ"

ယွီရှီသည် စိတ်မရှည်ဖြစ်လာနေသည်။ "မင်းကြားချင်တယ်လား"

ကျုံးဝမ်က အသည်းအသန် ခေါင်းညိတ်သည်။ ယွီရှီကပြောသည်။ "ဆေးအရင်သောက်လိုက်"

ရွေးစရာမရှိတော့ဘဲ ကျုံးဝမ်မှာ သူ့ဆေးလုံးကို သောက်လိုက်ရတော့သည်။ သူကချက်ချင်းပဲ လောဆော်သည်။ "ပြောပြတော့..."

ယွီရှီက တွေးနေရင်း မျက်လုံးကို မှေးလိုက်သည်။ "လွန်ခဲ့တဲ့ လေးနှစ်ကများလား။ ရွှမ်ကျင်းရဲ့မယ်တော် ကိုယ်လုပ်တော်ရှုက သူ့အိမ်တော်ကို သွားပြီး... လင်စစ်ကို သင်ခန်းစာပေးခဲ့တယ်"

ကျုံးဝမ်၏မျက်နှာပေါ်ရှိ ခံစားချက်တို့ ပြောင်းသွားသည်။ ယွီရှီက ဂရုမထားဘဲ စကားဆက်သည်။ "သူက ရက်ရက်စက်စက် မလုပ်ခဲ့ပါဘူး။ ပြီးတော့လည်း အားလုံးက နားလည်မှုလွဲတာလေး တစ်ခုပဲ"

"အဲ့အချိန်က... ကိုယ်လုပ်တော်ရှုရဲ့ မွေးနေ့နားနီးနေတဲ့အချိန်။ ဆယ်ပြည့်မွေးနေ့ဆိုတော့ ရွှမ်ကျင်းက သူ့ကိုယ်ပိုင်အိမ်တော်မှာ ကြီးကြီးကျယ်ကျယ် ကျင်းပဖို့အတွက် စားသောက်ပွဲတစ်ခု ပြင်ဆင်ထားတယ်။ ကိုယ်လုပ်တော်ရှုက သူ့အိမ်တော်ကို တစ်ရက်စောသွားပြီး လင်စစ်ကို ချက်ချင်းပဲ သတိထားမိသွားတယ်"

"လင်စစ်က အစေခံဝတ်စုံကို ဝတ်ထားပေမဲ့ အတွင်းဆောင်ထဲကို လွတ်လွတ်လပ်လပ် ဝင်ထွက်နေခဲ့တာ။ သူ့ကိုယ်ပေါ်မှာ မရှိသင့်တဲ့ ရှေးဟောင်းကျောက်စိမ်းဆွဲပြားလေးလည်း ရှိသေးတယ်။ ကိုယ်လုပ်တော်ရှုက သူ့ကိုသတိထားမိပြီး ထူးဆန်းတယ်ထင်လို့ သူ့အကြောင်းကိုမေးတယ်။ အစေခံအဖြစ် အဆင့်လျှောချခံရတဲ့ အပြစ်သားတစ်ယောက် ဆိုတာသိတော့ သူပိုအံ့ဩသွားတယ်"

"ကိုယ်လုပ်တော်ရှုက သူ အတွင်းဆောင်ထဲကို ခိုးဖို့ဝင်တာလို့ ထင်ခဲ့တာ။ ဒါကြောင့်မို့ သူ့အခန်းကိုရှာဖို့ အမိန့်ပေးခဲ့တယ်။ ထင်တဲ့အတိုင်း သူ ငွေစနဲ့ရွှေတွေ အများကြီးတွေ့ခဲ့တယ်။ သူက လစဉ်ဝင်ငွေတောင်မရှိတဲ့ အစေခံတစ်ယောက်လေ။ သူ့မှာ ဘယ်လိုလုပ် ငွေရှိနိုင်မလဲ။ ကိုယ်လုပ်တော်ရှုက သူ့ကို သေချာပေါက် သူခိုးပဲလို့ ယူဆခဲ့တယ်။ ဒါ့အပြင် လင်စစ်က လက်ဟန်ပဲပြတတ်တဲ့ အအတစ်ယောက်။ သူ့ကို ဘယ်သူက နားလည်နိုင်မလဲ"

"သူရှင်းမပြနိုင်လို့ ကြိုးတုပ်ခံလိုက်ရတယ်။ စစကတော့ ဒါက ကိစ္စကြီးတစ်ခုမဟုတ်ခဲ့ဘူး။ ဘယ်မိသားစုရဲ့ အလုပ်သမားတွေထဲမှာ သူခိုးတစ်ယောက်နှစ်ယောက် မရှိဘဲနေလို့လဲ။ ကိုယ်လုပ်တော်ရှုက သူ့မွေးနေ့ကို ကျင်းပနေတုန်းပဲဆိုတော့ သူ့ကို ပြင်းပြင်းထန်ထန် အပြစ်မပေးချင်ခဲ့ဘူး။ ဒါကြောင့်မို့ သူက အချက်နှစ်ဆယ့်ဘယ်လောက်လဲ... ရိုက်ဖို့ပဲ အမိန့်ပေးလိုက်တယ်"

ကျုံးဝမ်က မျက်မှောင်ကြုတ်လိုက်သည်။ "ပြီးတော့ရော"

"ပြီးတော့ ရွှမ်ကျင်းက အိမ်တော်ကိုပြန်လာပြီး တွေ့သွားတယ်။ အဲ့အချိန်မှာ သူတို့က လင်စစ်ကို ရိုက်လို့တောင် ပြီးတော့မယ်" ယွီရှီ၏ပုံမှာ စိတ်မဝင်စားလေဟန်ပင်။ "ဒါပေမဲ့ လင်စစ် ကြမ်းပေါ်မှာ အရိုက်ခံရပြီး ခြေကားရားလက်ကားရား ဖြစ်နေတာမြင်တော့ ရွှမ်ကျင်းက မိုးပေါ်ကို အော်ဟစ်ပြီး ဘယ်သူက လင်စစ်ကို ရိုက်ရဲတာလဲလို့ ကောင်းကင်ဘုံကို တိုင်တည်မေးတယ်။ အပြစ်ပေးတဲ့သူက ကိုယ်လုပ်တော်ရှုမှန်းလည်းသိရော၊ သူကအော်ငိုပြီးပြောတယ်။ 'မယ်တော်၊ သူ့ကိုသေအောင်ရိုက်ချင်ရင် ကျွန်တော့်ကို အရင်ရိုက်သတ်မှရမယ်'တဲ့"

ဆွံ့အလျက် ကျုံးဝမ်မှာ စိတ်ပျက်လက်ပျက်ဖြင့် မျက်နှာကိုလက်ဖဝါးနှင့် ရိုက်လိုက်တော့သည်။ ရွှမ်ကျင်း၊ ဒီအရူး...

ယွီရှီ၏မျက်နှာသည် ခံစားချက်တို့ ကင်းမဲ့နေသည်။ "ငါတောင်မှ လန့်သွားခဲ့တာ။ ကိုယ်လုပ်တော်ရှုဆို ပြောမနေနဲ့တော့"

ကျုံးဝမ်သည် စကားကို ခက်ခဲစွာ ပြောလိုက်ရသည်။ "ပြီးတော့ရော"

"ပြီးတော့ မရှိတော့ဘူး" ယွီရှီကပြောသည်။ "ကိုယ်လုပ်တော်ရှုက အရမ်းလန့်သွားပြီး ခဏလောက်ကြာအောင် ဘာမှမတုံ့ပြန်နိုင်ဘူး။ ရွှမ်ကျင်းက ကိုယ်လုပ်တော်ရှု လင်စစ်ကို သေအောင်ရိုက်တော့မယ်မှတ်ပြီး စိတ်မထိန်းနိုင်ဖြစ်လာတယ်။ ရွှမ်ကျင်းကို ရိုက်တံကနေ ကာဖို့အတွက် သူက ရှေ့တိုးသွားတယ်။ လင်စစ်က လှန်ချလိုက်ပြီး ရွှမ်ကျင်းကို သူ့ကိုယ်နဲ့ ပြန်ကာပေးထားတယ်။ ဒီလိုဖြစ်သွားလို့ လင်စစ်က အချက်ပိုနည်းနည်းတောင် ပိုရိုက်ခံလိုက်ရတယ်"

ကျုံးဝမ် မရယ်မိအောင် ကြိုးစားနေသည်။ သူ လင်စစ်အတွက် ဝမ်းနည်းမနေမိ။

"ကိုယ်လုပ်တော်ရှုက တော်တော် ဝေခွဲမရဖြစ်သွားတယ်။ သူက သူ့မွေးနေ့ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင်ရုံပဲ၊ ဒါပေမဲ့ သူ့သားအရင်းကို ရိုက်မိလုနီးပါး ဖြစ်သွားတယ်။ စစကတော့ သူက လုံးလုံးသံသယမဝင်ခဲ့ဘူး။ ဒါပေမဲ့ ဒီကိစ္စကိုမြင်ပြီးတဲ့နောက် တစ်ခုခုလွဲနေပြီဆိုပြီး သူခံစားခဲ့ရတယ်။ သူ သူတို့နှစ်ယောက်ကို အချိန်အကြာကြီး စစ်မေးခဲ့တယ်... ဒါပေမဲ့ အဲ့အချိန်က သူတို့နှစ်ယောက်ကြားမှာ ဘာမှမရှိခဲ့သေးပုံပါပဲ။ သာမန်ထက် နည်းနည်းလောက် ပိုပြီးရင်းနှီးတဲ့ ဆက်ဆံရေးတစ်ခုပဲ ရှိခဲ့တာ။ သူတို့နဲ့ အိမ်တော်က အစေခံတွေကို မေးပြီးတဲ့နောက်မှာ ကိုယ်လုပ်တော်ရှုက ဘာအဖြေမှ မရခဲ့ဘူး။ ဒါကြောင့်မို့ ဒီကိစ္စက အဆုံးသတ်သွားတယ်"

ယွီရှီကဖြည့်ပြောသည်။ "နောက်တော့ ရွှမ်ကျင်းက လင်စစ်ကို တစ်ခုခုဖြစ်သွားမှာ စိုးရိမ်လို့ တန်ဖိုးရှိတဲ့ ဘာတစ်ခုကိုမှ ထပ်မပေးတော့ဘူး"

ယွီရှီသည် တွေးနေရင်း ဖယောင်တိုင်မီးတောက်လေးကို ကြည့်နေသည်။ သူ့ထံမှ သက်ပြင်းဖျဖျ ထွက်ပေါ်လာသည်။ "ရွှမ်ကျင်းရဲ့အိမ်တော်မှာ သစ်ကြားသီးပင်အိုကြီး တစ်ပင်ရှိတယ်။ အဲ့အပင်ရဲ့ သစ်ကြားသီးတွေက အရည်အသွေး အရမ်းကောင်းတယ်။ ရွှမ်ကျင်းက လင်စစ်ကို ငွေစနဲ့ရွှေတွေ ထပ်မပေးရဲတော့ သူ့ခြံဝန်းက သစ်ကြားသီးတွေကို အစားထိုးပေးတယ်။ တကယ်လို့ လင်စစ်မှာ တစ်ခုခုဝယ်ဖို့လိုတာ၊ ဝယ်ချင်တာရှိရင် ရွှမ်ကျင်းဆီမှာ သစ်ကြားသီးလေးတွေနဲ့ သူလိုချင်တာနဲ့ လဲလို့ရတယ်"

"နောက်တော့ ငါ ရွှမ်ကျင်းရဲ့အိမ်တော်ကို စားပွဲတော်အတွက် ထပ်သွားခဲ့တယ်" ယွီရှီကပြောသည်။ "သစ်ကြားသီးတွေကို အပင်ကနေခူးပြီး လင်စစ်ရဲ့ဝတ်ရုံလက်ထဲ ထိုးထည့်ပေးနေတာကို ငါကိုယ်တိုင် တစ်ခါမြင်ဖူးခဲ့တယ်။ အဲ့ပုံစံက... သူတို့ သေချာနားလည်လားတော့ ငါမကျိန်းသေပေမဲ့ ငါကတော့ သေချာသိနေခဲ့တယ်"

ကျုံးဝမ် ထိုမြင်ကွင်းကို မြင်ယောင်ကြည့်နေမိသည်။ ရွှမ်ကျင်းသည် နုံအသူတစ်ယောက်ဖြစ်သည် ဟူသောအချက်ကို ဖယ်လိုက်လျှင် ထိုမြင်ကွင်းသည် ပန်းချီကားထဲမှ မြင်ကွင်းသာပင်။ ကျုံးဝမ်၏မျက်လုံးထဲတွင် ရွှင်မြူးရိပ်များ ပေါ်လာသည်။ "အဲ့လိုလည်း မဟုတ်သေးဘူး။ ရွှမ်ကျင်းက အသုံးမကျရင်တောင် မင်းက ဘာလို့ လင်စစ်ကိုပဲ မုန်းနေရတာလဲ"

"ငါ သူ့ကိုမုန်းနေတာတင်မကဘူး။ သူတို့နှစ်ယောက်လုံးကို မနာလိုဘူး"

ယွီရှီ၏မျက်နှာထက်မှ အပြုံးသည် ပျောက်ကွယ်သွားတော့သည်။ အေးစက်စက်ဖြင့် သူကပြောသည်။ "ဘယ်လိုလုပ်ပြီးများ တူညီတဲ့ အခြေအနေတစ်ခုအောက်မှာ သူတို့နှစ်ယောက်ကတော့ ဘယ်တော့မှ မကွဲကွာရတာလဲ။ ပြီးတော့ သူတို့က ပျော်ပျော်ရွှင်ရွှင်တောင် နေနိုင်ကြတယ်။ အဲ့အစား ငါကတော့..."

ကျုံးဝမ်၏ရင်တွင် အောင့်သက်နာကျင်နေသည်။

"မင်းသာ ထွက်မသွားခဲ့ရင် ရွှမ်ကျင်း လင်စစ်ကို ကောင်းပေးတာထက် ပိုကောင်းအောင် ငါ သေချာပေါက် ဆက်ဆံခဲ့မှာပဲ"

ယွီရှီသည် ကျုံးဝမ်ကို ကြည့်လိုက်သည်။ သူက သူ့စကားကိုမဆက်ပေ။

ခုနစ်ကြာသွားခဲ့သည်။ ယခုပြန်တွေးကြည့်လျှင် ထိုနှစ်များသည် မည်သည့်အခါမှ ပျောက်ကင်းတော့မည် မဟုတ်သော အမာရွတ်များအဖြစ် ရှိနေခဲ့သည်။

ကျုံးဝမ်သည် လုံးဝဥဿုန် နေပြန်ကောင်းသေးသည်မဟုတ်။ သူ့ကိုယ်မှာ အားနည်းလျက် မောပန်းလွယ်နေခဲ့သည်။ ညစာစားပြီးနောက်တွင် သူ မရပ်မနား သမ်းဝေနေတော့သည်။ ယွီရှီ စကားပြောသည်ကို နားထောင်ရန် သူသည် အချိန်အကြာကြီးကြာအောင် အတင်းနိုးကြားစွာ နေနေခဲ့ရသည်။ ယခုမူ သူသည် မျက်လုံးဖွင့်ရန်ပင် မနည်းကြိုးစားနေရသည်။ ယွီရှီ စိတ်မချမ်းမြေ့သည်ကို သတိထားမိသောအခါ သူသည် ယွီရှီနှင့် စကားဆက်ပြောချင်နေမိသည်။ သို့သော် ယွီရှီက မတ်တပ်ထရပ်လျက် ပြောသည်။ "အိပ်တော့။ ငါ မင်းကို ဒီနေ့သွားဖို့ ခွင့်မပြုလိုက်သင့်ဘူး"

"ငါအဆင်ပြေပါတယ်၊ နည်းနည်းလေး ပင်ပန်းနေရုံပဲ" ကျုံးဝမ်က မျက်လုံးများကို ပွတ်လိုက်သည်။ "ငါ့ကြောင့်မို့နဲ့ မင်းလည်း ဒီရက်ပိုင်းမှာ အမြဲတမ်း အစောကြီးအိပ်နေရတယ်"

ယွီရှီက ခွန်းတုံ့ပြန်သည့်အနေဖြင့် မေးသည်။ "ငါ မင်းနဲ့အတူ အိပ်မယ်လို့ မင်းကိုဘယ်သူပြောလဲ"

ကျုံးဝမ်သည် ကြောင်အလျက် ကသိကအောက် ဖြစ်သွားသည်။ "မင်း... ငါနဲ့အတူတူ မအိပ်ဘူးလား"

ယွီရှီက ပြန်ဖြေသည်။ "ငါ့မှာ လုပ်စရာရှိသေးတယ်။ မင်း ကိုယ့်ဟာကိုယ် အရင်အိပ်နှင့်လိုက်"

ကျုံးဝမ်မှာ စိတ်မအေးနိုင်။ အိပ်ချင်စိတ်များကို ချိုးနှိမ်လျက် သူကမေးသည်။ "မင်း စာဖတ်ခန်းကို ထပ်သွားဦးမလို့လား"

ယွီရှီက ရယ်သည်။ ယွီရှီ ဖြေရှင်းသည်ကိုမစောင့်ဘဲ ကျုံးဝမ်က သူ့ကိုခြိမ်းခြောက်လိုက်သည်။ "တခြားအိမ်တော်တွေမှာ အိမ်တော်သခင်က သူ့ကိုယ်ပိုင်အခန်းထဲမှာ မအိပ်ဘူးဆိုတာ ဘာအဓိပ္ပာယ်လဲသိလား"

ယွီရှီသည် အမှန်အတိုင်းပြောရလျှင် ဤကိစ္စများကို မသိပေ။ မျက်မှောင်ကြုတ်လျက်သာ သူက ကျုံးဝမ်ကိုကြည့်နေသည်။ ကျုံးဝမ်က လိမ်ညာလှည့်ဖြားလျက်ပြောသည်။ "ဒါက ငါတို့စကားများထားတယ်ဆိုတဲ့ သဘောပဲ။ စုံတွဲတစ်တွဲက စကားများပြီး ယောက်ျားက ညသန်းခေါင်ကြီးမှာ သူ့မိန်းမသတ်တာကို ခံရမှာကြောက်လို့။ ဒါကြောင့်မို့ သူကစာဖတ်ခန်းမှာ အိပ်တာ"

ယွီရှီသည် အံ့ဩလွန်း၍ စကားမပြောနိုင်တော့ပေ။

ကျုံးဝမ်၏ပုံသည် လေးနက်လွန်းလှသည်။ "ဒါကအမှန်ပဲ။ ပြီးတော့ အိမ်တော်က လူကြီးတွေက လူငယ်စုံတွဲ အတူတူမအိပ်တာကို သိသွားရင် သူတို့က လာတောင်မေးပြီးတော့ ပြန်ပြေလည်သွားအောင် လုပ်ပေးတယ်။ ငါတို့ဘဝတွေက ကံမကောင်းဘူး။ ငါတို့ကို ထိန်းချုပ်ပေးမဲ့ လူကြီးတွေ မရှိဘူးဆိုပေမဲ့ ဒီအချက်ကြောင့်နဲ့တော့ မင်း စာဖတ်ခန်းထဲမှာ ပေါ့ပေါ့တန်တန်အိပ်ပြီး ကိုယ့်ကိုယ်ကိုယ် အရမ်းအလိုလိုက်လို့မရဘူးလေ၊ ဟုတ်တယ်မလား"

ယွီရှီ စိတ်ရှုပ်သွားသည်။ ဤသည်မှာ မည်သည်နှင့် မည်သို့သက်ဆိုင်သနည်း။

ကျုံးဝမ်၏ငြင်းခုံမှုသည် အလွန်တရာ ကျိုးကြောင်းဆီလျော်သည်။ "အိမ်တော်သခင်က စာဖတ်ခန်းထဲမှာအိပ်တာရဲ့ တခြားအခြေအနေက သူ အငယ်အနှောင်းနဲ့ တိတ်တိတ်လေး ခိုးတွေ့နေလို့။ ဒါပေမဲ့ မင်းရဲ့အိမ်တော် အခြေအနေတွေအရတော့ မင်းတိတ်တိတ်ကလေး ခိုးတွေ့ရအောင် ဘယ်သူကများ သင့်တော်လို့လဲ စဉ်းစားကြည့်။ အဲ့ဒီကလေးထိန်းတွေလား။ ငါ့ခါးမမီတမီ အရပ်နဲ့ အဲ့ဒီအစေခံကောင်မလေးတွေလား။ ဒါမှမဟုတ် တောင်ပုလေး တစ်လုံးလောက်စာ အရွယ်ရှိတဲ့ အဲ့ဒီအိမ်တော်စစ်သည်တွေလား။ အိမ်တော်ထိန်းဖုန်များလား။ တကယ်လို့ ဒီကောလာဟလတွေသာ ပြန့်သွားခဲ့ရင် အရမ်းနားဝင်ချိုလောက်မယ်လို့ မင်းထင်လား"

ယွီရှီ : "..."

ကျုံးဝမ်သည် သူ့ကိုယ်သူ လွန်စွာသနားနေမိသည်။ "ပြီးတော့လည်း မင်းဒီလိုအပြုအမူမျိုး လုပ်နေရင် ငါ့ကိုခက်ခဲအောင် လုပ်နေတာပဲ။ မင်း စာဖတ်ခန်းထဲမှာအိပ်ရင် မင်းရဲ့အိမ်တော်က လူတိုင်းက မင်း ငါ့ကိုမကြိုက်တော့ဘူးလို့ တွေးကုန်တော့မှာ။ အချိန်တစ်ခုကြာရင် သူတို့က ငါ့ကိုဂရုစိုက်ကြတော့မှာ မဟုတ်ဘူး။ တစ်ချိန်တည်းမှာပဲ သူတို့က ငါ့ကိုဝတ်ဖို့ ဝတ်စုံအစုတ်တွေ၊ စားဖို့ အကြွင်းအကျန်တွေပဲ ပေးကြတော့မှာ။ နောက်ဆုံးကျရင် ငါ့ကို ထင်းတဲထဲမှာပဲအိပ်ဖို့ မောင်းထုတ်ကြလိမ့်မယ်။ ဒီလိုနဲ့ ငါ့ခမျာ သီချင်းဆိုရင်းနဲ့ ဆန်ပြာနေရမှာ..."

ယွီရှီက တည်ကြည်စွာပြောသည်။ "ဆက်ပြီးတော့ လျှောက်ပြောနေလိုက်"

ကျုံးဝမ်က ရှက်ရွံ့စွာဖြင့် ပါးစပ်ပိတ်သွားသည်။

ယွီရှီက မျက်မှောင်ကြုတ်သည်။ "မင်းအရင်အိပ်နှင့်။ ငါမကြာခင် ပြန်လာခဲ့မယ်"

ယွီရှီသည် စာဖတ်ခန်းသို့ သွားလိုက်သည်။ ကျုံးဝမ်နှင့်အတူ ယနေ့လိုက်သွားသော အိမ်တော်စစ်သည်ကို ခေါ်လိုက်ရန် သူ လူတစ်ယောက်အား အမိန့်ပေးလိုက်သည်။

အိမ်တော်စစ်သည်သည် ကျုံးဝမ် လုပ်သမျှ၊ ပြောသမျှတို့ကို ယွီရှီထံသို့ စေ့စပ်စွာဖြင့် အသေးစိတ် လျှောက်တင်လေသည်။ သူ တစ်ခုလေးကိုမှ ချန်မထားခဲ့။

ရွှမ်ရွေ့ကို တွေ့သင့်၊မတွေ့သင့်ကို ကျုံးဝမ် တုံ့ဆိုင်းနေခဲ့ကြောင်း ယွီရှီကြားပြီးနောက် သူမှင်တက်သွားတော့သည်။ အိမ်တော်စစ်သည်ကပြောသည်။ "အရင်ချန်အန်းမင်းသားရဲ့ ညီမတော်က ကျွန်တော်တို့အိမ်တော်ကို လက်ဆောင်တွေပို့ဖို့ ခဏခဏ လူတွေလွှတ်ခဲ့ပါတယ်။ အခေါက်တိုင်းမှာ သူ သခင်လေးကျုံးကို တွေ့ချင်ပါတယ်ဆိုတဲ့ စကားလည်း ပါးလိုက်ပါတယ်။ သခင်လေးကျုံးက သူ့စာတွေကိုပြန်ပေမဲ့ သူ့ကိုတော့ သွားမတွေ့ပါဘူး။ ဒါ့အပြင် ဒီနေ့သွားပြီးတဲ့နောက်မှာ တခြားလုပ်စရာ ကိစ္စတွေ သိပ်မရှိပါဘူး။ အိမ်တော်ရင်းကို ခဏလောက်ဖြစ်ဖြစ် သွားချင်လားလို့ သခင်လေးကျုံးကို ဒီငယ်သားက သေချာမေးခဲ့ပါတယ်။ သခင်လေးကျုံးက သွားဖို့မလိုဘူးလို့ပဲ ပြောပါတယ်"

အိမ်တော်စစ်သည်က စကားဆက်သည်။ "ဒါပေမဲ့ သခင်လေးကျုံးရဲ့ ပုံကတော့ သေချာပေါက်ကို ချီတုံချတုံ ဖြစ်နေတဲ့ပုံပါပဲ"

ယွီရှီက မျက်လွှာချလိုက်သည်။ "သူ မင်းသားနင်ကို စိတ်ပျက်စေမိတယ်လို့ ခံစားနေရတုန်းပဲ"

အိမ်တော်စစ်သည်က ဤအကြောင်းများကို နားမလည်ပေ။ "ဒါဆို သခင်လေးက ဘာလို့ဒီအကြောင်းတွေကို ဆက်ခံသူနဲ့ မပြောရတာပါလဲ"

"ငါအလုပ်ပိုမှာစိုးပြီး သူ ငါ့ကိုဒီအကြောင်းတွေ မပြောပြတာ" ယွီရှီက မျက်လုံးကိုမှိတ်လျက် အသံနက်နက်ဖြင့် ပြောလိုက်သည်။ "အဲ့အစား ငါစိတ်မကောင်းဖြစ်မှာကိုကြောက်လို့ ငါ့ကိုအမြဲ ဟာသတွေလုပ်ပြနေတာ၊ သူ့ကိုယ်ပိုင်ခံစားချက်တွေကို လျစ်လျူရှုပြီးတော့လေ..."

အိမ်တော်စစ်သည်သည် သူ့သခင် အိမ်ရှေ့စံနေရာအတွက် ပြိုင်ဆိုင်တော့မည်ကို ခပ်ရေးရေး အာရုံရနေသည်။ သူက နေရခက်သော အသံဖြင့် သွေးဆောင်ကြည့်သည်။ "ဒါက ဘယ်လိုခက်ခဲလို့ပါလဲ။ ဆက်ခံသူရဲ့ ရည်မှန်းချက်တွေ နောင်တစ်ချိန်မှာ ပြည့်မြောက်ခဲ့ရင် အဲ့ဒီသခင်သေးသေးလေးကို ပထမအဆင့်မင်းသား ရာထူးပေးပြီးတော့ မင်းသားနင်လို့ နာမည်ထပ်ပေးလို့ရပါတယ်။ ပြီးရင် သခင်မလေးကို တတိယအဆင့် မင်းသမီးရာထူး ပေးလို့ရပါတယ်။ ဒီလိုဆို သခင်လေးကျုံးက မင်းသားနင်ကို အကုန်ကုန်အောင် အကြွေးဆပ်ပြီးသား ဖြစ်ပါလိမ့်မယ်"

ယွီရှီသည် စိတ်တက်ကြွလာသည်။ "...ဒါက တစ်ခုတည်းသော နည်းလမ်းပဲ"

26.11.2021

Thanks for reading

Zawgyi

ညစာစားၿပီးေနာက္တြင္ က်ဳံးဝမ္သည္ ရႊမ္က်င္းႏွင့္ ယေန႔ေတြ႕ခဲ့စဥ္က အေၾကာင္းတို႔ကို ယြီရွီအား အေသးစိတ္ ျပန္ေျပာျပခဲ့ေလသည္။ သူကေမးသည္။ "မင္းသားယြီက ဘာလုပ္မွာလဲ"

ယြီရွီက ေခတၱႏႈတ္ဆိတ္ေနသည္။

ထို႔ေနာက္ ယြီရွီက ေခါင္းခါသည္။ "ငါမခန႔္မွန္းနိုင္ဘူး"

"ငယ္ငယ္ထဲက သူ ဘာေတြးေနတယ္ဆိုတာကို ငါဘယ္တုန္းကမွ မခန႔္မွန္းနိုင္ခဲ့ဘူး" ယြီရွီကေျပာသည္။ "ဒါေၾကာင့္မို႔ သူနဲ႔မင္းႀကီးၾကားက ဆက္ဆံေရးကို ဆက္တိုက္ပိုဆိုးဝါးလာေအာင္လို႔ မင္းႀကီး သူ႔ကို ထိန္းခ်ဳပ္လို႔ရမဲ့ နယ္႐ုပ္ေလးအျဖစ္ရွိေနေပးဖို႔ ငါအရင္ဆႏၵရွိခဲ့တာ... ေနာက္ဆုံးမွာ မင္းႀကီးကသာ ရႊမ္ခ်ဳံကို အိမ္ေရွ႕စံအျဖစ္ထားခဲ့ရင္ မင္းသားယြီကို အိမ္ေရွ႕စံအျဖစ္ ထားတာနဲ႔ အတူတူပဲ။ မင္းႀကီး ငါ့ကိုအရမ္းအလိုလိုက္ထားတဲ့ အေၾကာင္းတစ္ခုက ငါက မင္းသားယြီအတြက္ ႐ုပ္ေသး႐ုပ္တစ္႐ုပ္ ျဖစ္လာမွာ မဟုတ္ဘူးဆိုတာ သူသိေနလို႔ပဲ"

က်ဳံးဝမ္ကေမးသည္။ "ေျပာၾကည့္... ရႊမ္ခ်ဳံ ေပတိလူမ်ိဳးစုနဲ႔ ပူးေပါင္းေနတယ္ဆိုတာကို သူသိတယ္လို႔ မင္းထင္လား"

ယြီရွီကေခါင္းခါသည္။ "မသိနိုင္ေလာက္ဖို႔ မ်ားတယ္"

က်ဳံးဝမ္က ေခတၱတန႔္သြားသည္။ သူျပဳံးလိုက္မိသည္။

ယြီရွီ၏မ်က္လုံးထဲတြင္ ရႊင္ပ်ပ် အရိပ္အေယာင္တခ်ိဳ႕ ေပၚလာသည္။

"သတင္းက မင္းသမီးႀကီးအန္းေကာ အိမ္ေတာ္က ထြက္လာတာ။ တမင္ရည္ရြယ္ၿပီး လုပ္တာလား၊ ဘာလားဆိုတာကို ေျပာဖို႔ခက္တယ္" က်ဳံးဝမ္ကေျပာသည္။ "ဆက္ခံသူ၊ မင္းသမီးႀကီးအန္းေကာကို သြားေတြ႕မွာလား"

"ဒါေပါ့" ယြီရွီကေျပာသည္။ "မနက္ျဖန္"

က်ဳံးဝမ္ကေမးသည္။ "ငါလိုက္ခဲ့ရမလား"

"မလိုက္နဲ႔။ ကိုယ္လုပ္ေတာ္ယူဖို႔ကိစၥ..." ယြီရွီ အမွားလုပ္မိသည္မွာ ရွားပါးလွသည္။ "သူက မင္းကိုအျပစ္တင္ဖို႔မ်ားတယ္။ ညႇဥ္းဆဲခံရဖို႔အေၾကာင္းကို လိုက္ရွာမေနနဲ႔"

က်ဳံးဝမ္က တမင္ေမးလိုက္သည္။ "မင္းသမီးႀကီး ငါ့ကိုရိုက္တာကို မင္းက ဘာမွမလုပ္ဘဲ ၾကည့္ပဲၾကည့္ေနမွာလား"

"မဟုတ္ဘူး" ယြီရွီကျပန္ေျဖသည္။ "ဒါေပမဲ့ သူမင္းကိုမေအာ္ေတာ့ေအာင္ သူ႔ပါးစပ္ကို ငါပိတ္ထားလို႔မရဘူး။ ဒီကိစၥနဲ႔ပတ္သတ္ၿပီး ဆက္ညႇိႏွိုင္းဖို႔ မရွိေတာ့ဘူး၊ ဟုတ္ၿပီလား။ မနက္ျဖန္က်ရင္ အိမ္မွာ ကိုယ့္ဟာကိုယ္ေနခဲ့"

ေရြးစရာမရွိေတာ့ဘဲ က်ဳံးဝမ္ကေခါင္းညိတ္သည္။ "အိုး ဟုတ္သားပဲ။ ေနာက္ရက္ေတြအတြင္းမွာ လင္စစ္ ငါ့ကိုလာရွာရင္ ခြင့္ျပဳေပးဖို႔ အိမ္ေတာ္စစ္သည္ေတြကို ဆက္ခံသူေျပာေပးပါဦး။ သူ႔ကိုထပ္ၿပီး မတားနဲ႔ေတာ့။ ငါ့မွာ သူနဲ႔ေလးေလးနက္နက္ ေဆြးေႏြးစရာကိစၥရွိတယ္"

ယြီရွီက အလိုအေလ်ာက္ မ်က္ေမွာင္ၾကဳတ္သြားသည္။ သူ႔ကိုၾကည့္ရသည္မွာ အနည္းငယ္ အင္တင္တင္ျဖစ္ေနပုံေပါက္သည္။

က်ဳံးဝမ္ သိခ်င္ေနမိသည္။ "ဆက္ခံသူ... အရမ္းထူးဆန္းတယ္လို႔ ငါထင္တဲ့ ကိစၥတစ္ခုရွိတယ္။ မင္း ဘာလို႔ လင္စစ္ကို မုန္းေနတာလဲ"

ယြီရွီကမ်က္လႊာခ်လိုက္ၿပီး လက္ဖက္ရည္တစ္ငုံ ေသာက္လိုက္သည္။ သူကျပန္မေျဖ။

"သူက စကားမေျပာတတ္တဲ့သူ တစ္ေယာက္ပဲေလ။ သူ မင္းကိုစိတ္မတိုေစနိုင္ပါဘူး။ တကယ္တမ္းေျပာရရင္..." က်ဳံးဝမ္ကေျပာသည္။ "သူက ရိုးသားတဲ့ လူေကာင္းတစ္ေယာက္ပဲ။ တစ္ေယာက္ေယာက္က သူ႔ကိုမႀကိဳက္တာကို အမွန္အတိုင္းေျပာရရင္ ငါနားမလည္နိုင္ဘူး"

ယြီရွီကေထ့ေငါ့သံျပဳသည္။ သူကက်ဳံးဝမ္ကို ျပန္ေမးသည္။ "သူ႔ကို ကိစၥနည္းနည္း တာဝန္ေပးခ်င္တာကို ေဘးဖယ္ထားလိုက္ရင္ ရႊမ္က်င္းကိုယ္စား ေျပာေပးခ်င္လို႔လည္း မင္းသူ႔ကိုေတြ႕ခ်င္ေနတာ မဟုတ္လား"

က်ဳံးဝမ္မွင္တက္သြားသည္။ ယြီရွီက ဘယ္လိုသိသြားတာလဲ။

ယြီရွီက စကားဆက္သည္။ "ငါ ခန႔္မွန္းတာ မမွားျပန္ဘူးဆိုရင္... သူနဲ႔ရႊမ္က်င္းက စကားမ်ားခဲ့တာ။ သူတို႔ႏွစ္ေယာက္က အခုအဆင္မေျပၾကဘူးမလား"

က်ဳံးဝမ္က ေတြးၿပီးေနာက္ ျပန္ေျဖသည္။ "အဆင္မေျပၾကဘူး ရယ္လို႔ေတာ့လည္း မဟုတ္ဘူးလို႔ ငါထင္တာပဲ... ဒီေန႔မွာတင္ကို သူ လင္စစ္ကို အျပစ္မတင္ေတာ့ေၾကာင္းကို ရႊမ္က်င္းက ငါ့ကိုေျပာတယ္။ သူက လင္စစ္ကို ျပန္လာေစခ်င္ေနတာ"

ယြီရွီ၏မ်က္ႏွာသည္ ဤစကားကိုၾကားၿပီးေနာက္ ပို၍ပင္ မႈန္သိုးသိုးျဖစ္သြားေတာ့သည္။ မႏွစ္ၿမိဳ႕စြာျဖင့္ သူကေျပာသည္။ "လူအျမင္မွာ သူတို႔က ကြဲေနၾကတယ္။ တကယ္တမ္းက်ေတာ့ ဒါက ခ်စ္သူေတြၾကားက ကေတာက္ကဆ ျဖစ္တာေလး တစ္ခုပဲ။ ၿပီးေတာ့ သူတို႔က မင္းကိုေတာင္ ၾကားထဲက စကားပို႔တဲ့သူ လုပ္ခိုင္းလိုက္ေသးတယ္... မူယာမာယာေတြ ပိုလြန္းၿပီး ေအာ္ဂလီဆန္ခ်င္စရာပဲ"

က်ဳံးဝမ္ မရယ္ဘဲမေနနိုင္။ "ငါ မင္းကိုမေမးရေသးဘူး။ သူတို႔ႏွစ္ေယာက္အေၾကာင္း ဘယ္လိုသိတာလဲဆိုတာ"

ယြီရွီက စိတ္မပါစြာေျပာသည္။ "ၾကာလွၿပီလို႔ထင္တာပဲ"

"ဘယ္ေလာက္ၾကာတာလဲ" က်ဳံးဝမ္ အံ့အားသင့္သြားသည္။ "ငါေတာင္မွ လြန္ခဲ့တဲ့လေတြကမွ သိတာ"

ယြီရွီကေျပာသည္။ "လြန္တဲ့ႏွစ္ေတြတုန္းက"

အံ့အားသင့္ေနလ်က္ပင္ က်ဳံးဝမ္ကေျပာသည္။ "လင္စစ္က အဲ့တည္းက... ၾကာလွၿပီလား။ သူ႔မွာ ဘယ္လိုလိပ္ျပာလုံတဲ့စိတ္မ်ိဳး ရွိေနရတာလဲ။ အဲ့တုန္းက ခ်န္အန္းကိုပို႔တဲ့ သူ႔စာေတြမွာ သူ အစာစားခ်င္စိတ္ မရွိတဲ့အထိ ငါ့ကိုအျမဲစိတ္ပူေနမိတယ္ဆိုၿပီး ခဏခဏေျပာတယ္။ တခ်ိဳ႕ရက္ေတြဆို သူ အစားမစားဘဲ ေနေနတယ္လို႔ ေျပာတာကို ငါတကယ္ယုံခဲ့တာ။ သူ စိတ္မခ်မွာစိုးလို႔ ငါေနေကာင္းပါတယ္ဆိုၿပီး သူ႔ကိုလိမ္ထားခဲ့တာ။ တကယ္တမ္းက်ေတာ့ သူက အေစာႀကီးကတည္းက ရႊမ္က်င္းကို လုပ္ၿပီးေနၿပီတဲ့လား။ ဒါဆို လြန္ခဲ့တဲ့လေတြက သူ ဘာလို႔ငါ့ေရွ႕မွာ လာဟန္ေဆာင္ျပေနတာလဲ"

"လုပ္တာ..." ယြီရွီမွာ ပါးစပ္မွပင္ စကားတစ္ခြန္း ေျပာမထြက္ေတာ့။ သူက က်ဳံးဝမ္ကိုၾကည့္လိုက္ၿပီး ေျပာလိုက္သည္။ "သူတို႔ အဲ့အဆင့္ေရာက္ၿပီလားေတာ့ ငါမေသခ်ာဘူး၊ ဒါေပမဲ့ သူတို႔ႏွစ္ေယာက္ၾကားမွာ တစ္ခုခုရွိေနခဲ့တာေတာ့ ၾကာလွၿပီ။ မဟုတ္ရင္ အရင္တည္းက..."

ယြီရွီသည္ ဤအေၾကာင္းေျပာေနရသည္ကို သိပ္စိတ္မဝင္စားေပ။ သူက က်ဳံးဝမ္၏ေဆးကို ကမ္းေပးလာသည္။ က်ဳံးဝမ္မွာ အလြန႔္အလြန္ကို သိခ်င္စိတ္ ျပင္းျပေနမိသည္။ "အရင္တည္းက ဘာျဖစ္လဲ"

ယြီရွီသည္ စိတ္မရွည္ျဖစ္လာေနသည္။ "မင္းၾကားခ်င္တယ္လား"

က်ဳံးဝမ္က အသည္းအသန္ ေခါင္းညိတ္သည္။ ယြီရွီကေျပာသည္။ "ေဆးအရင္ေသာက္လိုက္"

ေရြးစရာမရွိေတာ့ဘဲ က်ဳံးဝမ္မွာ သူ႔ေဆးလုံးကို ေသာက္လိုက္ရေတာ့သည္။ သူကခ်က္ခ်င္းပဲ ေလာေဆာ္သည္။ "ေျပာျပေတာ့..."

ယြီရွီက ေတြးေနရင္း မ်က္လုံးကို ေမွးလိုက္သည္။ "လြန္ခဲ့တဲ့ ေလးႏွစ္ကမ်ားလား။ ရႊမ္က်င္းရဲ့မယ္ေတာ္ ကိုယ္လုပ္ေတာ္ရႈက သူ႔အိမ္ေတာ္ကို သြားၿပီး... လင္စစ္ကို သင္ခန္းစာေပးခဲ့တယ္"

က်ဳံးဝမ္၏မ်က္ႏွာေပၚရွိ ခံစားခ်က္တို႔ ေျပာင္းသြားသည္။ ယြီရွီက ဂ႐ုမထားဘဲ စကားဆက္သည္။ "သူက ရက္ရက္စက္စက္ မလုပ္ခဲ့ပါဘူး။ ၿပီးေတာ့လည္း အားလုံးက နားလည္မႈလြဲတာေလး တစ္ခုပဲ"

"အဲ့အခ်ိန္က... ကိုယ္လုပ္ေတာ္ရႈရဲ့ ေမြးေန႔နားနီးေနတဲ့အခ်ိန္။ ဆယ္ျပည့္ေမြးေန႔ဆိုေတာ့ ရႊမ္က်င္းက သူ႔ကိုယ္ပိုင္အိမ္ေတာ္မွာ ႀကီးႀကီးက်ယ္က်ယ္ က်င္းပဖို႔အတြက္ စားေသာက္ပြဲတစ္ခု ျပင္ဆင္ထားတယ္။ ကိုယ္လုပ္ေတာ္ရႈက သူ႔အိမ္ေတာ္ကို တစ္ရက္ေစာသြားၿပီး လင္စစ္ကို ခ်က္ခ်င္းပဲ သတိထားမိသြားတယ္"

"လင္စစ္က အေစခံဝတ္စုံကို ဝတ္ထားေပမဲ့ အတြင္းေဆာင္ထဲကို လြတ္လြတ္လပ္လပ္ ဝင္ထြက္ေနခဲ့တာ။ သူ႔ကိုယ္ေပၚမွာ မရွိသင့္တဲ့ ေရွးေဟာင္းေက်ာက္စိမ္းဆြဲျပားေလးလည္း ရွိေသးတယ္။ ကိုယ္လုပ္ေတာ္ရႈက သူ႔ကိုသတိထားမိၿပီး ထူးဆန္းတယ္ထင္လို႔ သူ႔အေၾကာင္းကိုေမးတယ္။ အေစခံအျဖစ္ အဆင့္ေလၽွာခ်ခံရတဲ့ အျပစ္သားတစ္ေယာက္ ဆိုတာသိေတာ့ သူပိုအံ့ဩသြားတယ္"

"ကိုယ္လုပ္ေတာ္ရႈက သူ အတြင္းေဆာင္ထဲကို ခိုးဖို႔ဝင္တာလို႔ ထင္ခဲ့တာ။ ဒါေၾကာင့္မို႔ သူ႔အခန္းကိုရွာဖို႔ အမိန႔္ေပးခဲ့တယ္။ ထင္တဲ့အတိုင္း သူ ေငြစနဲ႔ေရႊေတြ အမ်ားႀကီးေတြ႕ခဲ့တယ္။ သူက လစဥ္ဝင္ေငြေတာင္မရွိတဲ့ အေစခံတစ္ေယာက္ေလ။ သူ႔မွာ ဘယ္လိုလုပ္ ေငြရွိနိုင္မလဲ။ ကိုယ္လုပ္ေတာ္ရႈက သူ႔ကို ေသခ်ာေပါက္ သူခိုးပဲလို႔ ယူဆခဲ့တယ္။ ဒါ့အျပင္ လင္စစ္က လက္ဟန္ပဲျပတတ္တဲ့ အအတစ္ေယာက္။ သူ႔ကို ဘယ္သူက နားလည္နိုင္မလဲ"

"သူရွင္းမျပနိုင္လို႔ ႀကိဳးတုပ္ခံလိုက္ရတယ္။ စစကေတာ့ ဒါက ကိစၥႀကီးတစ္ခုမဟုတ္ခဲ့ဘူး။ ဘယ္မိသားစုရဲ့ အလုပ္သမားေတြထဲမွာ သူခိုးတစ္ေယာက္ႏွစ္ေယာက္ မရွိဘဲေနလို႔လဲ။ ကိုယ္လုပ္ေတာ္ရႈက သူ႔ေမြးေန႔ကို က်င္းပေနတုန္းပဲဆိုေတာ့ သူ႔ကို ျပင္းျပင္းထန္ထန္ အျပစ္မေပးခ်င္ခဲ့ဘူး။ ဒါေၾကာင့္မို႔ သူက အခ်က္ႏွစ္ဆယ့္ဘယ္ေလာက္လဲ... ရိုက္ဖို႔ပဲ အမိန႔္ေပးလိုက္တယ္"

က်ဳံးဝမ္က မ်က္ေမွာင္ၾကဳတ္လိုက္သည္။ "ၿပီးေတာ့ေရာ"

"ၿပီးေတာ့ ရႊမ္က်င္းက အိမ္ေတာ္ကိုျပန္လာၿပီး ေတြ႕သြားတယ္။ အဲ့အခ်ိန္မွာ သူတို႔က လင္စစ္ကို ရိုက္လို႔ေတာင္ ၿပီးေတာ့မယ္" ယြီရွီ၏ပုံမွာ စိတ္မဝင္စားေလဟန္ပင္။ "ဒါေပမဲ့ လင္စစ္ ၾကမ္းေပၚမွာ အရိုက္ခံရၿပီး ေျခကားရားလက္ကားရား ျဖစ္ေနတာျမင္ေတာ့ ရႊမ္က်င္းက မိုးေပၚကို ေအာ္ဟစ္ၿပီး ဘယ္သူက လင္စစ္ကို ရိုက္ရဲတာလဲလို႔ ေကာင္းကင္ဘုံကို တိုင္တည္ေမးတယ္။ အျပစ္ေပးတဲ့သူက ကိုယ္လုပ္ေတာ္ရႈမွန္းလည္းသိေရာ၊ သူကေအာ္ငိုၿပီးေျပာတယ္။ 'မယ္ေတာ္၊ သူ႔ကိုေသေအာင္ရိုက္ခ်င္ရင္ ကၽြန္ေတာ့္ကို အရင္ရိုက္သတ္မွရမယ္'တဲ့"

ဆြံ့အလ်က္ က်ဳံးဝမ္မွာ စိတ္ပ်က္လက္ပ်က္ျဖင့္ မ်က္ႏွာကိုလက္ဖဝါးႏွင့္ ရိုက္လိုက္ေတာ့သည္။ ရႊမ္က်င္း၊ ဒီအ႐ူး...

ယြီရွီ၏မ်က္ႏွာသည္ ခံစားခ်က္တို႔ ကင္းမဲ့ေနသည္။ "ငါေတာင္မွ လန႔္သြားခဲ့တာ။ ကိုယ္လုပ္ေတာ္ရႈဆို ေျပာမေနနဲ႔ေတာ့"

က်ဳံးဝမ္သည္ စကားကို ခက္ခဲစြာ ေျပာလိုက္ရသည္။ "ၿပီးေတာ့ေရာ"

"ၿပီးေတာ့ မရွိေတာ့ဘူး" ယြီရွီကေျပာသည္။ "ကိုယ္လုပ္ေတာ္ရႈက အရမ္းလန႔္သြားၿပီး ခဏေလာက္ၾကာေအာင္ ဘာမွမတုံ႔ျပန္နိုင္ဘူး။ ရႊမ္က်င္းက ကိုယ္လုပ္ေတာ္ရႈ လင္စစ္ကို ေသေအာင္ရိုက္ေတာ့မယ္မွတ္ၿပီး စိတ္မထိန္းနိုင္ျဖစ္လာတယ္။ ရႊမ္က်င္းကို ရိုက္တံကေန ကာဖို႔အတြက္ သူက ေရွ႕တိုးသြားတယ္။ လင္စစ္က လွန္ခ်လိုက္ၿပီး ရႊမ္က်င္းကို သူ႔ကိုယ္နဲ႔ ျပန္ကာေပးထားတယ္။ ဒီလိုျဖစ္သြားလို႔ လင္စစ္က အခ်က္ပိုနည္းနည္းေတာင္ ပိုရိုက္ခံလိုက္ရတယ္"

က်ဳံးဝမ္ မရယ္မိေအာင္ ႀကိဳးစားေနသည္။ သူ လင္စစ္အတြက္ ဝမ္းနည္းမေနမိ။

"ကိုယ္လုပ္ေတာ္ရႈက ေတာ္ေတာ္ ေဝခြဲမရျဖစ္သြားတယ္။ သူက သူ႔ေမြးေန႔ကို ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ျဖတ္သန္းခ်င္႐ုံပဲ၊ ဒါေပမဲ့ သူ႔သားအရင္းကို ရိုက္မိလုနီးပါး ျဖစ္သြားတယ္။ စစကေတာ့ သူက လုံးလုံးသံသယမဝင္ခဲ့ဘူး။ ဒါေပမဲ့ ဒီကိစၥကိုျမင္ၿပီးတဲ့ေနာက္ တစ္ခုခုလြဲေနၿပီဆိုၿပီး သူခံစားခဲ့ရတယ္။ သူ သူတို႔ႏွစ္ေယာက္ကို အခ်ိန္အၾကာႀကီး စစ္ေမးခဲ့တယ္... ဒါေပမဲ့ အဲ့အခ်ိန္က သူတို႔ႏွစ္ေယာက္ၾကားမွာ ဘာမွမရွိခဲ့ေသးပုံပါပဲ။ သာမန္ထက္ နည္းနည္းေလာက္ ပိုၿပီးရင္းႏွီးတဲ့ ဆက္ဆံေရးတစ္ခုပဲ ရွိခဲ့တာ။ သူတို႔နဲ႔ အိမ္ေတာ္က အေစခံေတြကို ေမးၿပီးတဲ့ေနာက္မွာ ကိုယ္လုပ္ေတာ္ရႈက ဘာအေျဖမွ မရခဲ့ဘူး။ ဒါေၾကာင့္မို႔ ဒီကိစၥက အဆုံးသတ္သြားတယ္"

ယြီရွီကျဖည့္ေျပာသည္။ "ေနာက္ေတာ့ ရႊမ္က်င္းက လင္စစ္ကို တစ္ခုခုျဖစ္သြားမွာ စိုးရိမ္လို႔ တန္ဖိုးရွိတဲ့ ဘာတစ္ခုကိုမွ ထပ္မေပးေတာ့ဘူး"

ယြီရွီသည္ ေတြးေနရင္း ဖေယာင္တိုင္မီးေတာက္ေလးကို ၾကည့္ေနသည္။ သူ႔ထံမွ သက္ျပင္းဖ်ဖ် ထြက္ေပၚလာသည္။ "ရႊမ္က်င္းရဲ့အိမ္ေတာ္မွာ သစ္ၾကားသီးပင္အိုႀကီး တစ္ပင္ရွိတယ္။ အဲ့အပင္ရဲ့ သစ္ၾကားသီးေတြက အရည္အေသြး အရမ္းေကာင္းတယ္။ ရႊမ္က်င္းက လင္စစ္ကို ေငြစနဲ႔ေရႊေတြ ထပ္မေပးရဲေတာ့ သူ႔ၿခံဝန္းက သစ္ၾကားသီးေတြကို အစားထိုးေပးတယ္။ တကယ္လို႔ တစ္ခုခုဝယ္ဖို႔လိုတာ၊ ဝယ္ခ်င္တာရွိရင္ ရႊမ္က်င္းဆီမွာ သစ္ၾကားသီးေလးေတြနဲ႔ သူလိုခ်င္တာနဲ႔ လဲလို႔ရတယ္"

"ေနာက္ေတာ့ ငါ ရႊမ္က်င္းရဲ့အိမ္ေတာ္ကို စားပြဲေတာ္အတြက္ ထပ္သြားခဲ့တယ္" ယြီရွီကေျပာသည္။ "သစ္ၾကားသီးေတြကို အပင္ကေနခူးၿပီး လင္စစ္ရဲ့ဝတ္႐ုံလက္ထဲ ထိုးထည့္ေပးေနတာကို ငါကိုယ္တိုင္ တစ္ခါျမင္ဖူးခဲ့တယ္။ အဲ့ပုံစံက... သူတို႔ ေသခ်ာနားလည္လားေတာ့ ငါမက်ိန္းေသေပမဲ့ ငါကေတာ့ ေသခ်ာသိေနခဲ့တယ္"

က်ဳံးဝမ္ ထိုျမင္ကြင္းကို ျမင္ေယာင္ၾကည့္ေနမိသည္။ ရႊမ္က်င္းသည္ ႏုံအသူတစ္ေယာက္ျဖစ္သည္ ဟူေသာအခ်က္ကို ဖယ္လိုက္လၽွင္ ထိုျမင္ကြင္းသည္ ပန္းခ်ီကားထဲမွ ျမင္ကြင္းသာပင္။ က်ဳံးဝမ္၏မ်က္လုံးထဲတြင္ ရႊင္ျမဴးရိပ္မ်ား ေပၚလာသည္။ "အဲ့လိုလည္း မဟုတ္ေသးဘူး။ ရႊမ္က်င္းက အသုံးမက်ရင္ေတာင္ မင္းက ဘာလို႔ လင္စစ္ကိုပဲ မုန္းေနရတာလဲ"

"ငါ သူ႔ကိုမုန္းေနတာတင္မကဘူး။ သူတို႔ႏွစ္ေယာက္လုံးကို မနာလိုဘူး"

ယြီရွီ၏မ်က္ႏွာထက္မွ အျပဳံးသည္ ေပ်ာက္ကြယ္သြားေတာ့သည္။ ေအးစက္စက္ျဖင့္ သူကေျပာသည္။ "ဘယ္လိုလုပ္ၿပီးမ်ား တူညီတဲ့ အေျခအေနတစ္ခုေအာက္မွာ သူတို႔ႏွစ္ေယာက္ကေတာ့ ဘယ္ေတာ့မွ မကြဲကြာရတာလဲ။ ၿပီးေတာ့ သူတို႔က ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေတာင္ ေနနိုင္ၾကတယ္။ အဲ့အစား ငါကေတာ့..."

က်ဳံးဝမ္၏ရင္တြင္ ေအာင့္သက္နာက်င္ေနသည္။

"မင္းသာ ထြက္မသြားခဲ့ရင္ ရႊမ္က်င္း လင္စစ္ကို ေကာင္းေပးတာထက္ ပိုေကာင္းေအာင္ ငါ ေသခ်ာေပါက္ ဆက္ဆံခဲ့မွာပဲ"

ယြီရွီသည္ က်ဳံးဝမ္ကို ၾကည့္လိုက္သည္။ သူက သူ႔စကားကိုမဆက္ေပ။

ခုနစ္ၾကာသြားခဲ့သည္။ ယခုျပန္ေတြးၾကည့္လၽွင္ ထိုႏွစ္မ်ားသည္ မည္သည့္အခါမွ ေပ်ာက္ကင္းေတာ့မည္ မဟုတ္ေသာ အမာရြတ္မ်ားအျဖစ္ ရွိေနခဲ့သည္။

က်ဳံးဝမ္သည္ လုံးဝဥႆုန္ ေနျပန္ေကာင္းေသးသည္မဟုတ္။ သူ႔ကိုယ္မွာ အားနည္းလ်က္ ေမာပန္းလြယ္ေနခဲ့သည္။ ညစာစားၿပီးေနာက္တြင္ သူ မရပ္မနား သမ္းေဝေနေတာ့သည္။ ယြီရွီ စကားေျပာသည္ကို နားေထာင္ရန္ သူသည္ အခ်ိန္အၾကာႀကီးၾကာေအာင္ အတင္းနိုးၾကားစြာ ေနေနခဲ့ရသည္။ ယခုမူ သူသည္ မ်က္လုံးဖြင့္ရန္ပင္ မနည္းႀကိဳးစားေနရသည္။ ယြီရွီ စိတ္မခ်မ္းေျမ့သည္ကို သတိထားမိေသာအခါ သူသည္ ယြီရွီႏွင့္ စကားဆက္ေျပာခ်င္ေနမိသည္။ သို႔ေသာ္ ယြီရွီက မတ္တပ္ထရပ္လ်က္ ေျပာသည္။ "အိပ္ေတာ့။ ငါ မင္းကို ဒီေန႔သြားဖို႔ ခြင့္မျပဳလိုက္သင့္ဘူး"

"ငါအဆင္ေျပပါတယ္၊ နည္းနည္းေလး ပင္ပန္းေန႐ုံပဲ" က်ဳံးဝမ္က မ်က္လုံးမ်ားကို ပြတ္လိုက္သည္။ "ငါ့ေၾကာင့္မို႔နဲ႔ မင္းလည္း ဒီရက္ပိုင္းမွာ အျမဲတမ္း အေစာႀကီးအိပ္ေနရတယ္"

ယြီရွီက ခြန္းတုံ႔ျပန္သည့္အေနျဖင့္ ေမးသည္။ "ငါ မင္းနဲ႔အတူ အိပ္မယ္လို႔ မင္းကိုဘယ္သူေျပာလဲ"

က်ဳံးဝမ္သည္ ေၾကာင္အလ်က္ ကသိကေအာက္ ျဖစ္သြားသည္။ "မင္း... ငါနဲ႔အတူတူ မအိပ္ဘူးလား"

ယြီရွီက ျပန္ေျဖသည္။ "ငါ့မွာ လုပ္စရာရွိေသးတယ္။ မင္း ကိုယ့္ဟာကိုယ္ အရင္အိပ္ႏွင့္လိုက္"

က်ဳံးဝမ္မွာ စိတ္မေအးနိုင္။ အိပ္ခ်င္စိတ္မ်ားကို ခ်ိဳးႏွိမ္လ်က္ သူကေမးသည္။ "မင္း စာဖတ္ခန္းကို ထပ္သြားဦးမလို႔လား"

ယြီရွီက ရယ္သည္။ ယြီရွီ ေျဖရွင္းသည္ကိုမေစာင့္ဘဲ က်ဳံးဝမ္က သူ႔ကိုၿခိမ္းေျခာက္လိုက္သည္။ "တျခားအိမ္ေတာ္ေတြမွာ အိမ္ေတာ္သခင္က သူ႔ကိုယ္ပိုင္အခန္းထဲမွာ မအိပ္ဘူးဆိုတာ ဘာအဓိပၸာယ္လဲသိလား"

ယြီရွီသည္ အမွန္အတိုင္းေျပာရလၽွင္ ဤကိစၥမ်ားကို မသိေပ။ မ်က္ေမွာင္ၾကဳတ္လ်က္သာ သူက က်ဳံးဝမ္ကိုၾကည့္ေနသည္။ က်ဳံးဝမ္က လိမ္ညာလွည့္ျဖားလ်က္ေျပာသည္။ "ဒါက ငါတို႔စကားမ်ားထားတယ္ဆိုတဲ့ သေဘာပဲ။ စုံတြဲတစ္တြဲက စကားမ်ားၿပီး ေယာက္်ားက ညသန္းေခါင္ႀကီးမွာ သူ႔မိန္းမသတ္တာကို ခံရမွာေၾကာက္လို႔။ ဒါေၾကာင့္မို႔ သူကစာဖတ္ခန္းမွာ အိပ္တာ"

ယြီရွီသည္ အံ့ဩလြန္း၍ စကားမေျပာနိုင္ေတာ့ေပ။

က်ဳံးဝမ္၏ပုံသည္ ေလးနက္လြန္းလွသည္။ "ဒါကအမွန္ပဲ။ ၿပီးေတာ့ အိမ္ေတာ္က လူႀကီးေတြက လူငယ္စုံတြဲ အတူတူမအိပ္တာကို သိသြားရင္ သူတို႔က လာေတာင္ေမးၿပီးေတာ့ ျပန္ေျပလည္သြားေအာင္ လုပ္ေပးတယ္။ ငါတို႔ဘဝေတြက ကံမေကာင္းဘူး။ ငါတို႔ကို ထိန္းခ်ဳပ္ေပးမဲ့ လူႀကီးေတြ မရွိဘူးဆိုေပမဲ့ ဒီအခ်က္ေၾကာင့္နဲ႔ေတာ့ မင္း စာဖတ္ခန္းထဲမွာ ေပါ့ေပါ့တန္တန္အိပ္ၿပီး ကိုယ့္ကိုယ္ကိုယ္ အရမ္းအလိုလိုက္လို႔မရဘူးေလ၊ ဟုတ္တယ္မလား"

ယြီရွီ စိတ္ရႈပ္သြားသည္။ ဤသည္မွာ မည္သည္ႏွင့္ မည္သို႔သက္ဆိုင္သနည္း။

က်ဳံးဝမ္၏ျငင္းခုံမႈသည္ အလြန္တရာ က်ိဳးေၾကာင္းဆီေလ်ာ္သည္။ "အိမ္ေတာ္သခင္က စာဖတ္ခန္းထဲမွာအိပ္တာရဲ့ တျခားအေျခအေနက သူ အငယ္အေႏွာင္းနဲ႔ တိတ္တိတ္ေလး ခိုးေတြ႕ေနလို႔။ ဒါေပမဲ့ မင္းရဲ့အိမ္ေတာ္ အေျခအေနေတြအရေတာ့ မင္းတိတ္တိတ္ကေလး ခိုးေတြ႕ရေအာင္ ဘယ္သူကမ်ား သင့္ေတာ္လို႔လဲ စဥ္းစားၾကည့္။ အဲ့ဒီကေလးထိန္းေတြလား။ ငါ့ခါးမမီတမီ အရပ္နဲ႔ အဲ့ဒီအေစခံေကာင္မေလးေတြလား။ ဒါမွမဟုတ္ ေတာင္ပုေလး တစ္လုံးေလာက္စာ အရြယ္ရွိတဲ့ အဲ့ဒီအိမ္ေတာ္စစ္သည္ေတြလား။ အိမ္ေတာ္ထိန္းဖုန္မ်ားလား။ တကယ္လို႔ ဒီေကာလာဟလေတြသာ ျပန႔္သြားခဲ့ရင္ အရမ္းနားဝင္ခ်ိဳေလာက္မယ္လို႔ မင္းထင္လား"

ယြီရွီ : "..."

က်ဳံးဝမ္သည္ သူ႔ကိုယ္သူ လြန္စြာသနားေနမိသည္။ "ၿပီးေတာ့လည္း မင္းဒီလိုအျပဳအမူမ်ိဳး လုပ္ေနရင္ ငါ့ကိုခက္ခဲေအာင္ လုပ္ေနတာပဲ။ မင္း စာဖတ္ခန္းထဲမွာအိပ္ရင္ မင္းရဲ့အိမ္ေတာ္က လူတိုင္းက မင္း ငါ့ကိုမႀကိဳက္ေတာ့ဘူးလို႔ ေတြးကုန္ေတာ့မွာ။ အခ်ိန္တစ္ခုၾကာရင္ သူတို႔က ငါ့ကိုဂ႐ုစိုက္ၾကေတာ့မွာ မဟုတ္ဘူး။ တစ္ခ်ိန္တည္းမွာပဲ သူတို႔က ငါ့ကိုဝတ္ဖို႔ ဝတ္စုံအစုတ္ေတြ၊ စားဖို႔ အႂကြင္းအက်န္ေတြပဲ ေပးၾကေတာ့မွာ။ ေနာက္ဆုံးက်ရင္ ငါ့ကို ထင္းတဲထဲမွာပဲအိပ္ဖို႔ ေမာင္းထုတ္ၾကလိမ့္မယ္။ ဒီလိုနဲ႔ ငါ့ခမ်ာ သီခ်င္းဆိုရင္းနဲ႔ ဆန္ျပာေနရမွာ..."

ယြီရွီက တည္ၾကည္စြာေျပာသည္။ "ဆက္ၿပီးေတာ့ ေလၽွာက္ေျပာေနလိုက္"

က်ဳံးဝမ္က ရွက္ရြံ့စြာျဖင့္ ပါးစပ္ပိတ္သြားသည္။

ယြီရွီက မ်က္ေမွာင္ၾကဳတ္သည္။ "မင္းအရင္အိပ္ႏွင့္။ ငါမၾကာခင္ ျပန္လာခဲ့မယ္"

ယြီရွီသည္ စာဖတ္ခန္းသို႔ သြားလိုက္သည္။ က်ဳံးဝမ္ႏွင့္အတူ ယေန႔လိုက္သြားေသာ အိမ္ေတာ္စစ္သည္ကို ေခၚလိုက္ရန္ သူ လူတစ္ေယာက္အား အမိန႔္ေပးလိုက္သည္။

အိမ္ေတာ္စစ္သည္သည္ က်ဳံးဝမ္ လုပ္သမၽွ၊ ေျပာသမၽွတို႔ကို ယြီရွီထံသို႔ ေစ့စပ္စြာျဖင့္ အေသးစိတ္ ေလၽွာက္တင္ေလသည္။ သူ တစ္ခုေလးကိုမွ ခ်န္မထားခဲ့။

ရႊမ္ေရြ႕ကို ေတြ႕သင့္၊မေတြ႕သင့္ကို က်ဳံးဝမ္ တုံ႔ဆိုင္းေနခဲ့ေၾကာင္း ယြီရွီၾကားၿပီးေနာက္ သူမွင္တက္သြားေတာ့သည္။ အိမ္ေတာ္စစ္သည္ကေျပာသည္။ "အရင္ခ်န္အန္းမင္းသားရဲ့ ညီမေတာ္က ကၽြန္ေတာ္တို႔အိမ္ေတာ္ကို လက္ေဆာင္ေတြပို႔ဖို႔ ခဏခဏ လူေတြလႊတ္ခဲ့ပါတယ္။ အေခါက္တိုင္းမွာ သူ သခင္ေလးက်ဳံးကို ေတြ႕ခ်င္ပါတယ္ဆိုတဲ့ စကားလည္း ပါးလိုက္ပါတယ္။ သခင္ေလးက်ဳံးက သူ႔စာေတြကိုျပန္ေပမဲ့ သူ႔ကိုေတာ့ သြားမေတြ႕ပါဘူး။ ဒါ့အျပင္ ဒီေန႔သြားၿပီးတဲ့ေနာက္မွာ တျခားလုပ္စရာ ကိစၥေတြ သိပ္မရွိပါဘူး။ အိမ္ေတာ္ရင္းကို ခဏေလာက္ျဖစ္ျဖစ္ သြားခ်င္လားလို႔ သခင္ေလးက်ဳံးကို ဒီငယ္သားက ေသခ်ာေမးခဲ့ပါတယ္။ သခင္ေလးက်ဳံးက သြားဖို႔မလိုဘူးလို႔ပဲ ေျပာပါတယ္"

အိမ္ေတာ္စစ္သည္က စကားဆက္သည္။ "ဒါေပမဲ့ သခင္ေလးက်ဳံးရဲ့ ပုံကေတာ့ ေသခ်ာေပါက္ကို ခ်ီတုံခ်တုံ ျဖစ္ေနတဲ့ပုံပါပဲ"

ယြီရွီက မ်က္လႊာခ်လိုက္သည္။ "သူ မင္းသားနင္ကို စိတ္ပ်က္ေစမိတယ္လို႔ ခံစားေနရတုန္းပဲ"

အိမ္ေတာ္စစ္သည္က ဤအေၾကာင္းမ်ားကို နားမလည္ေပ။ "ဒါဆို သခင္ေလးက ဘာလို႔ဒီအေၾကာင္းေတြကို ဆက္ခံသူနဲ႔ မေျပာရတာပါလဲ"

"ငါအလုပ္ပိုမွာစိုးၿပီး သူ ငါ့ကိုဒီအေၾကာင္းေတြ မေျပာျပတာ" ယြီရွီက မ်က္လုံးကိုမွိတ္လ်က္ အသံနက္နက္ျဖင့္ ေျပာလိုက္သည္။ "အဲ့အစား ငါစိတ္မေကာင္းျဖစ္မွာကိုေၾကာက္လို႔ ငါ့ကိုအျမဲ ဟာသေတြလုပ္ျပေနတာ၊ သူ႔ကိုယ္ပိုင္ခံစားခ်က္ေတြကို လ်စ္လ်ဴရႈၿပီးေတာ့ေလ..."

အိမ္ေတာ္စစ္သည္သည္ သူ႔သခင္ အိမ္ေရွ႕စံေနရာအတြက္ ၿပိဳင္ဆိုင္ေတာ့မည္ကို ခပ္ေရးေရး အာ႐ုံရေနသည္။ သူက ေနရခက္ေသာ အသံျဖင့္ ေသြးေဆာင္ၾကည့္သည္။ "ဒါက ဘယ္လိုခက္ခဲလို႔ပါလဲ။ ဆက္ခံသူရဲ့ ရည္မွန္းခ်က္ေတြ ေနာင္တစ္ခ်ိန္မွာ ျပည့္ေျမာက္ခဲ့ရင္ အဲ့ဒီသခင္ေသးေသးေလးကို ပထမအဆင့္မင္းသား ရာထူးေပးၿပီးေတာ့ မင္းသားနင္လို႔ နာမည္ထပ္ေပးလို႔ရပါတယ္။ ၿပီးရင္ သခင္မေလးကို တတိယအဆင့္ မင္းသမီးရာထူး ေပးလို႔ရပါတယ္။ ဒီလိုဆို သခင္ေလးက်ဳံးက မင္းသားနင္ကို အကုန္ကုန္ေအာင္ အေႂကြးဆပ္ၿပီးသား ျဖစ္ပါလိမ့္မယ္"

ယြီရွီသည္ စိတ္တက္ႂကြလာသည္။ "...ဒါက တစ္ခုတည္းေသာ နည္းလမ္းပဲ"

26.11.2021

Thanks for reading

Continue Reading

You'll Also Like

773K 116K 196
Author(s) - Metasequoia 水杉 Mm translator - Dora_lucy Total chapter - 90 Chapters Start date - 26.7.2021 I don't own thi...
49K 5.7K 20
Ruan Yan အလုပ်အသစ်မှာ CEO ကို အရပ်ရှည် ချမ်းသာပြီးခန့်ညားမယ်လို့မျှော်လင့်ထားတယ်။ အရေးကြီးတာ 'Mary Sue' ဖြစ်ဖို့ပေါ့။ ဒါပေမယ့် ဇာတ်လမ်းက သူမျှော်လင့...
734K 102K 149
တစ်​ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုး​ကောင်​​လေး​တွေမှာလည်း အချစ်​တွေရှိတယ်~ ထရိုး​ကောင်​လေး​တွေမှာလည်း ခံစားချက်​တွေရှိတယ်~
583K 92.6K 198
I don't own this story.I just translate it.So, credit to original author. Chinese Name- 小人鱼 Author- Du lai E Tran- N/A Genre- Comedy,shounen ai,Yaoi ...