ထိုနှစ်များမှာ မြတ်နိုးဖွေရှာ

By Vera-Yu

353K 63.3K 4.7K

Original Title : 当年万里觅封侯 English Title : Those Years in Quest of Honor Mine Original Author : Man Man He Qi... More

Description
Prologue
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68
Part 69
Part 70
Part 71
Part 72
Part 73
Part 74
Part 75
Part 76
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
Part 88
Part 89
Part 90
Part 91
Part 92
Part 93
Part 94
Part 95
Part 96
Part 97
Part 98
Part 99
Part 100
Part 101
Part 102
Part 103
Extra 1
Extra 2

Part 57

2.2K 545 35
By Vera-Yu

Unicode

ကျုံးဝမ်သည် စာဖတ်ခန်းရှေ့တွင် တစ်နာရီခန့် ရပ်နေခဲ့သည်။ အစေခံတို့မှာ အနီးမှဖြတ်သွားတိုင်း သူ့အား အံ့အားတကြီး ကြည့်ကြည့်သွားကြသည်။ သူ မျက်နှာကို ပွတ်လိုက်သည်။ သီးသန့်နေရန်အတွက် သူထွက်လာခဲ့သည်။

ယခုအချိန်တွင် သူ စာဖတ်ခန်းထဲသို့ အလောတကြီးဝင်လျက် ရှင်းပြခဲ့လျှင် ယွီရှီ မည်သို့တုံ့ပြန်မည်ကို သူသိချင်မိသည်။ သူစုံစမ်းခဲ့ရသမျှ ယွီရှီ၏နောက်ကြောင်းများကို အကုန်ဖွင့်ဟခဲ့လျှင်။

ကျုံးဝမ်မှာ စိတ်လိုက်မာန်ပါ လုပ်လိုက်ချင်သော်ငြား ကိုယ့်စိတ်ကို ပြန်ဖိသိပ်ထားမိပြန်သည်။

သူ ဤသို့မလုပ်ခင် ယွီရှီထံမှ မျက်နှာသာပေးခံရအောင် ဦးဆုံးဆောင်ရွက်ရမည်မှာ သေချာသည်။

ကျုံးဝမ် သူ့နောက်ကြောင်းကို သိနေခဲ့လျှင်ပင် နှင်ထုတ်ရလောက်အောင် ဒေါသထွက်သည်အထိ မဖြစ်ဖို့လိုသည်။ ဆန့်ကျင်ဘက်အနေနှင့် ထိုလျှို့ဝှက်အကြောင်းအရာများကို ဖြေရှင်းပြပြီး နေထိုင်ရန် ခွင့်ပြုကာ အကြံပေးတစ်ယောက်ဖြစ်လာအောင် ခွင့်ပြုပေလိမ့်မည်။

ကျုံးဝမ်သည် ဤကိစ္စနှင့်ပတ်သက်၍ တကယ့်ကိုပင် မြူမှုန်စာမျှ ယုံကြည်ချက်ရှိမနေပေ။

မည်သို့ပင်ဆိုဆို သူသည် မင်းသားနင်အိမ်တော်မှဖြစ်သည်။ ယခုအချိန်တွင် ရွှမ်ရွေ့သည်လည်း ထီးနန်းအတွက် ပြိုင်ဆိုင်မည့် အခြေအနေတွင်ရှိသည်။ ကျုံးဝမ်အား ရွှမ်ရွေ့က သူလျှိုလုပ်ရန် လွှတ်လိုက်သည်ဟု ယွီရှီ တွေးနေလေမလား။

ယခုအချိန်တွင်မူ အကောင်းဆုံးနည်းလမ်းမှာ...

ကျုံးဝမ် ရွေရွတ်လိုက်သည်။ "ငါ့ကိုတစ်ကြိမ်လုပ်ဖို့ သူ့ကိုခွင့်ပေးလိုက်မယ်"

တစ်ကြိမ်သာ။ ထို့နောက်တွင်မူ ယွီရှီအား တစ်သက်တာ လှည့်စားနိုင်ပြီဟု ကျုံးဝမ်ထံတွင် ယုံကြည်ချက်ရှိလာပေမည်။

သူ့စကားလုံးများသည် ဆေးလာပို့သော အစေခံမိန်းကလေးအား ကတုန်ကယင် ဖြစ်သွားသည်အထိ ကြောက်လန့်သွားစေသည်။ ကျုံးဝမ်က ဆေးခွက်အား ကူညီကိုင်ပေးလိုက်သည်။ "မင်း ဘာလို့အရမ်းကြောက်နေတာလဲ။ ငါမကိုက်စားပါဘူး"

သတိအနေအထားဖြင့် အစေခံမိန်းကလေးက ကျုံးဝမ်ကို ကြည့်နေသည်။ အစမှအဆုံးထိ သူသည် ကျုံးဝမ်အား မကောင်းသည့်လူတစ်ယောက်ဟုသာ မြင်မိသည်။

သူက ဘာမှမပြော။ ကျုံးဝမ် ဆေးသောက်ပြီးသည်ကို စောင့်ကြည့်နေပြီးနောက်တွင် ခွက်အလွတ်ဖြင့် အပြင်သို့ ကသုတ်ကပြာ ထွက်သွားတော့သည်။

ညနေစာမတိုင်မီ ယွီရှီသည် ဆင့်ခေါ်ခံခဲ့ရသည်။ ဤတစ်ခေါက်တွင်မူ ချုံအန်းမင်းကြီး ပြဿနာရှာနေခြင်း မဟုတ်တော့။ မြောက်ဘက်နယ်စပ်တွင် ဆူပူထကြွမှုများကို ယွီရှီထံ အကြောင်းကြားလိုက်ခြင်းဖြစ်သည်။ ယခုရက်ပိုင်းတွင် လွှတ်တော်၌ မတည်မငြိမ် ဖြစ်နေခဲ့ဟန်ရှိသည်။ ယွီရှီနှင့် သက်ဆိုင်သည်ဖြစ်စေ၊ မသက်ဆိုင်သည်ဖြစ်စေ ချုံအန်းမင်းကြီးသည် သူ့အား ရှိနေစေချင်သည်။ ယွီရှီမှာမူ ထိုကဲ့သို့ လုံးလုံးလျားလျား ဆန္ဒမရှိ။ ယခင်က သူ့တာဝန်တို့ကို လစ်ဟင်းစေမည်မဟုတ်ဟု ကျုံးဝမ်အား ကာကွယ်ရန်အလို့ငှာ သူကတိပေးခဲ့သည်။ ယခုမူ မင်းကြီး၏ဆင့်ခေါ်မှုတို့ကို ငြင်းဆိုနိုင်စွမ်း သူ့ထံတွင်မရှိတော့။

ကျုံးဝမ် သဲနာရီကိုကြည့်လိုက်သည်။ သက်ပြင်းချမိသည်။ ညနေစာစားပြီးနောက်တွင် ယွီရှီနံဘေး၌ တွယ်ကပ်နေမည်ဟု သူ မူလက စီစဉ်ထားသည်။ သို့သော် ယခုအချိန်တွင်မူ ဖြစ်နိုင်မည့်ဟန်မရှိ။ ယွီရှီ ယခု ပြန်လာလိမ့်ဦးမည်မဟုတ်။

သူ အနည်းငယ် နွမ်းလျနေသည်။ တော်ဝင်သမားတော် ညွှန်းသည့်ဆေးကို သူသောက်စဉ်ကတည်းက သူ့ကျန်းမာရေးမှာ အကောင်းဘက်သို့ ပြောင်းလဲလာသည်။ သူ ယခင်ကထက် ပို၍နှစ်ခြိုက်စွာ အိပ်ပျော်ခဲ့သည်။ နေ့စဉ်နေ့တိုင်း ယခင်နေ့ထက် နှစ်နာရီကြာ ပိုအိပ်ပျော်ခဲ့သည်။ ထို့ကြောင့် ကောင်းကင်ကြီး မည်းမှောင်လာသည်နှင့် အိပ်ချင်စိတ်တို့က သူ့အပေါ်ကြီးစိုးတော့သည်။ သူမျက်လုံးများကို ပွတ်လိုက်သည်။ ယွီရှီ၏အတွင်းဆောင်သို့ သူတန်းဝင်သွားသင့်သလားဆိုသည်ကို စဉ်းစားတွေဝေနေစဉ် ပြတင်းပေါက်မှန်ကူကွက်မှ အသံတိုးတိုးတစ်ခု ထွက်ပေါ်လာတော့သည်။

သူရင်တုန်သွားသည်။ သူ အခန်းတွင်း၌ လှည့်ပတ်ကြည့်မိသည်။ အစေခံမိန်းကလေးမှာ ထွက်သွားနှင့်လေပြီ။

ဦးစွာ ကျုံးဝမ် တံခါးပိတ်လိုက်သည်။ ထို့နောက် ပြတင်းပေါက်ကို သွားဖွင့်လိုက်သည်။ လင်စစ်က အခန်းတွင်းသို့ လွှားခနဲ ခုန်ဝင်လာသည်။

သူက လက်ဟန်ပြသည်။ "ကျွန်တော် မနက်က လာချင်ပေမဲ့ အိမ်တော်ရဲ့ လုံခြုံရေးက အရမ်းတင်းကျပ်လွန်းတယ်။ မင်းသားငယ်ယွီ ထွက်သွားလို့ အိမ်တော်စစ်သည် တစ်ဝက်လောက်က သူနဲ့လိုက်သွားမှပဲ ကျွန်တော် ခိုးဝင်လာလို့ရတယ်"

ကျုံးဝမ်က ခေါင်းညိတ်သည်။ "ရွှမ်ယွီနဲ့ ရွှမ်စုန်ရှင်းတို့ ကောင်းကောင်းရှိနေကြရဲ့လား"

လင်စစ်ကလည်း ခေါင်းညိတ်သည်။ လက်ဟန်ဖြင့် သူကပြောသည်။ "အရမ်းကောင်းကြပါတယ်။ သခင်မလေးက သခင်လေးကို အမြဲမေးနေပါတယ်"

"ဘာမှမဖြစ်လို့ တော်သေးတာပေါ့" ကျုံးဝမ်က ရင်အေးစွာ သက်ပြင်းချသည်။ "စစကတော့ သူတို့ကို မြို့တော်ကနေ တတ်နိုင်သမျှမြန်မြန် ထွက်သွားစေချင်ခဲ့တာ။ ဒါပေမဲ့ အခုတော့ မလိုတော့တဲ့ပုံပါပဲ။ ထန်မင် ချန်အန်းကို ရောက်နေပြီလားဆိုတာ မသေချာဘူး။ သူရောက်နေခဲ့ရင်... ချန်အန်းက လုံခြုံတဲ့နေရာမဟုတ်တော့ဘူး"

အကယ်၍ ထန်မင်သာ ရွှမ်ရွေ့အား ရူးမိုက်သောအလုပ်လုပ်အောင် ဆွဲဆောင်ဖြားယောင်းခဲ့လျှင် ဤကလေးနှစ်ယောက်သည် မသိကြောင်း၊ မပတ်သက်ကြောင်း လက်ဆုပ်လက်ကိုင်ပြနိုင်လျက် အမှုတွင် ပါဝင်တော့မည်မဟုတ်ပေ။

လင်စစ်က သူ့စကားတို့ကို ကြားကြားချင်း မျက်နှာတင်းသွားခဲ့သည်။ သူကတန့်သွားပြီး လက်ဟန်ပြသည်။ "ထန်မင်က ချန်အန်းကို မသွားခဲ့ဘူး"

အထိတ်တလန့်ဖြင့် ကျုံးဝမ်ကမေးသည်။ "သူမသွားဘူးလား။ ငါ မှားပြီးတော့ ခန့်မှန်းမိတာလား။ သူ ဒီလိုအစီအစဉ်ကြီး ချထားခဲ့တာ... ရွှမ်ရွေ့ကို တွေ့ဖို့မဟုတ်ဘူးလား"

လင်စစ်က လက်ဟန်ပြသည်။ "သခင်လေး ခန့်မှန်းတာမှန်ပါတယ်။ အဲ့ဒါက..."

သူက လက်ဟန်ပြနေရင်း ခံစားချက်တို့ကို ထိန်းချုပ်နေဟန်ရှိသည်။ "ရွှမ်ရွေ့က ချန်အန်းကို ပြန်သွားခဲ့တာ မဟုတ်ပါဘူး။ သူ မြို့တော်က ထွက်သွားတာ ဆယ်ရက်တောင်မရှိခင်မှာပဲ ထန်မင်ရဲ့လူတွေနဲ့ တွေ့တော့တာပဲ။ သူ ချန်အန်းကို ပြန်သွားလို့မရဘူးလို့ ထန်မင်က သူ့ကိုပြောလိုက်တယ်။ သူ့အသက်ကို လိုချင်တဲ့လူတွေက ချန်အန်းမှာ စောင့်နေပြီးတော့ တိုက်ခိုက်ဖို့ အသင့်ပြင်နေတယ် ဆိုပြီးတော့ပေါ့"

ထိုအခိုက် သူ့ခေါင်းတစ်ခုလုံး ချာချာလည်သွားတော့သည်။

ထန်မင်...

လင်စစ်က လက်ဟန်ပြသည်။ "ရွှမ်ရွေ့က မယုံသင်္ကာတော့ ဖြစ်ခဲ့သေးတယ်။ ထန်မင်ရဲ့လူတွေ ပြောတာက၊ ပြောတာက..."

အသံတိုးတိုးဖြင့် ကျုံးဝမ်ကမေးသည်။ "ပြောမှာပြော"

လင်စစ်က အံကြိတ်လျက် လက်ဟန်ပြသည်။ "ထန်မင်ရဲ့လူတွေ ရွှမ်ရွေ့ကိုပြောတာက ချန်အန်းသာ လုံခြုံရင် ကျုံးဝမ်က သူကိုယ်တိုင် ဘာလို့မပြန်လဲတဲ့"

ကျုံးဝမ် ခပ်တွေတွေဖြစ်သွားသည်။ ရုတ်တရက်ဆိုသလို သူရယ်လိုက်မိသည်။

"ထန်မင်ရဲ့လူတွေကပြောသေးတယ်။ တကယ်လို့ အရှင့်သားသာ မယုံဘူးဆို နေမကောင်းသေးဘူးဆိုတဲ့ အကြောင်းပြချက်ကိုသုံးပြီး တောင်ပိုင်းကို ဖြည်းဖြည်းပြန်ပါတဲ့။ မြို့တော်က လှုပ်ရှားသံတွေကို နားစွင့်ပြီး မင်းကြီးက ချန်အန်းကို တိုက်ခိုက်ချင်နေလားဆိုတာကို စောင့်ကြည့်ပါတဲ့။ တကယ်ကိုပဲ လွန်ခဲ့တဲ့လဝက်က... သခင်လေးက လာဘ်ပေးလာဘ်ယူကိစ္စနဲ့ စွပ်စွဲခံရပြီးတော့ အဲ့ဒီနောက်ပိုင်းကိစ္စတွေဖြစ်တော့တာပဲ" လင်စစ်က လက်ဟန်ပြောသည်။

ကျုံးဝမ် မပြုံးဘဲမနေနိုင်။ လင်စစ်က သူ့ကိုကြည့်နေသည်။ သူ့အစား ခါးခါးသီးသီးကို စိတ်ပျက်နေမိသည်။ သူက ဆက်လက်၍ လက်ဟန်ပြသည်။ "သခင်လေးကျုံးနဲ့ မင်းသားငယ်ယွီတို့ ဒီကိစ္စကို ဖြေရှင်းပြီးတာတောင် ရွှမ်ရွေ့က ဒီကောလာဟလတချို့ကို ကြားသွားတုန်းပဲ။ လောလောလတ်လတ် အထိတ်တလန့်တွေ ကြုံထားရတော့ သူ ချန်အန်းကိုပြန်ဖို့ ပိုမရဲတော့ဘူး။ သူ ထန်မင်ရဲ့လူတွေနောက်လိုက်ပြီးတော့ တောင်ပိုင်းကနေပြန်လှည့်ခဲ့တယ်။ အိမ်တော်ထိန်းယန်ကတော့ တစ်ခုခုလွဲနေတယ်ဆိုပြီး ခံစားမိပေမဲ့လည်း ရွှမ်ရွေ့ကို မသွားဖို့ မပြောနိုင်ခဲ့ဘူး။ သခင်လေးဆီက အကူအညီတောင်းဖို့ဆိုပြီးပဲ မြို့တော်ကို လူတစ်ချို့လွှတ်လိုက်တယ်။ ဒါပေမဲ့ သခင်လေးက အိမ်တော်မှာ မရှိဘူး။ ကျွန်တော်ကပဲ စာပို့တဲ့သူကို ကြားဖြတ်တွေ့လိုက်တယ်။ ထောင်ချောက်ဖြစ်နေမှာစိုးလို့ နောက်တစ်နေ့မှာ ကျွန်တော်ကိုယ်တိုင် ဟိုဟိုဒီဒီလိုက်မေးခဲ့တယ်။ တကယ်ပဲ... မနေ့ညက ရွှမ်ရွေ့က မြို့တော်ရဲ့ ဆင်ခြေဖုံးမှာရှိတဲ့ ထန်မင်ရဲ့ တခြားစံအိမ်တော်ကို ရောက်လာခဲ့တယ်"

"တကယ်လို့မြို့စားမင်းသားကသာ..." ကျုံးဝမ်၏နှုတ်ခမ်းတို့ မဲ့သွားခဲ့သည်။ "...မြို့တော်ကို တိတ်တဆိတ်ပြန်လာခဲ့ရင် ဒါက ပုန်ကန်တဲ့ ရာဇဝတ်မှုပဲ"

စိတ်ပူပန်စွာဖြင့် လင်စစ်က လက်ဟန်ပြသည်။ "ဟုတ်ပါတယ်။ ရွှမ်ရွေ့က ချန်အန်းကို မပြန်ရဲလောက်တဲ့အထိ ကြောက်သွားခဲ့တာ။ ဒါပေမဲ့ သူဘယ်သွားတယ်ဆိုတာကို တခြားသူတွေ သိသွားရင် ဘယ်လိုလုပ်မလဲ။ ပြီးတော့လည်း သူ ဒါကို ဘယ်လောက်ကြာကြာ ဝှက်ထားနိုင်မှာလဲ။ သုံးလလား။ နှစ်ဝက်လား။ ချန်အန်းက မြို့စောင့်တပ်နဲ့ အရာရှိတွေက မျက်စိကန်းနေတာမှ မဟုတ်တာ။ သူတို့ ဘယ်လောက်စောင့်စောင့် အရှင့်သားသာ သူ့အပိုင်စားမြေကို ပြန်မရောက်ခဲ့ရင် သူတို့ မြို့တော်ကို ဒီအကြောင်း သတင်းမပို့ဘဲ နေပါ့မလား။ အဲ့အချိန်ရောက်လို့ မင်းကြီးသာ သိသွားခဲ့ရင် ဒါဆို..."

ကျုံးဝမ်၏မျက်လုံးတို့ နီရဲသွားသည်။ "ထန်မင်ကရော ဘယ်လိုလဲ"

အေးဆေးတည်ငြိမ်စွာဖြင့် ထန်မင်က လက်ဟန်ပြသည်။ "ကျွန်တော် ဒီနေ့ဒီကိုလာတာ ဒီကိစ္စကြောင့်ပါပဲ... ဒီရက်ပိုင်း ဒီလူအိုကြီး ဘယ်မှာပုန်းနေလဲဆိုတာကို မသိရပါဘူး။ ဖြစ်နိုင်တာကတော့ ရွှမ်ရွေ့ မြို့တော်ကိုပြန်ရောက်လာတဲ့အချိန်ကို စောင့်နေတဲ့ပုံပါပဲ။ အိမ်တော်ထိန်းယန် ကျွန်တော့်ဆီ ပို့လိုက်တဲ့စာထဲမှာ ဒီနေ့ည ဆယ့်နှစ်နာရီ ဆယ်မိနစ်ကျရင် ထန်မင်က အဲ့ဒီဆင်ခြေဖုံးက အိမ်တော်ကိုသွားပြီး ရွှမ်ရွေ့နဲ့ သွားတွေ့မယ်တဲ့။ သူ ဘယ်လောက်ပဲဖျောင်းဖျဖျောင်းဖျ၊ ဘယ်လောက်ကြာအောင် နားချလည်း အရာမထင်ဘူး။ သူ တတ်နိုင်သမျှ ကြိုးစားကြည့်ပေမဲ့ ကျွန်တော်တို့ကို စာပို့ရုံကလွဲပြီး မတတ်နိုင်ဘူး။ သခင်လေးကျုံး မင်းသားငယ်ယွီဆီက လူတချို့ငှားပြီး ဆင်ခြေဖုံးက အိမ်တော်ကို ဖျက်ဆီးနိုင်ရင်ကောင်းမယ်လို့ သူမျှော်လင့်နေတာ။ အိမ်တော်ထိန်းယန်ပြောတာက သခင်လေး ထန်မင်ကို ဆန္ဒရှိသလို လုပ်လို့ရတယ်။ ဒါပေမဲ့ ရွှမ်ရွေ့ မြို့တော်ကို ပြန်လာတယ်ဆိုတာကို မင်းသားငယ်ယွီကို လုံးဝအသိပေးလို့မဖြစ်ဘူးတဲ့။ ဒီကိစ္စကြီး ပြန့်မသွားအောင်၊ အရင်ကတစ်ခေါက် ဖြစ်ခဲ့ဖူးသလို ရွှမ်ရွေ့အသက်က အန္တရာယ်ရှိနိုင်တယ်"

ကျုံးဝမ်ထံမှ စကားတစ်ခွန်းလေးပင် ထွက်မလာခဲ့။

လင်စစ်က လျင်မြန်စွာ လက်ဟန်ပြသည်။ "သခင်လေး၊ သခင်လေး မင်းသားငယ်ယွီရဲ့ လူတွေကို ထိန်းချုပ်နိုင်လား။ ကျွန်တော် စတုတ္ထမင်းသားကို အကူအညီတောင်းဖို့ တွေးကြည့်ပေမဲ့လည်း သူ ရွှမ်ရွေ့ကို ကာကွယ်မပေးမှာ စိုးရိမ်မိပြန်တယ်"

နေမထိထိုင်မသာစွာဖြင့် လင်စစ်က လက်ဟန်ပြသည်။ "မင်းသားငယ်ယွီ ဒီနေ့ အိမ်တော်မှာရှိမနေတာ ကံကောင်းတာပဲ။ သခင်လေး အရင်ဆုံး အဲ့ကို လူတချို့လွှတ်လိုက်လို့ရမလား။ ဒီကိစ္စကို ဒီညဖြေရှင်းလို့ရမလား။ အဲ့ဒါပြီးရင် သတိလစ်အောင် လုပ်ပြီးဖြစ်ဖြစ်၊ ကြိုးချည်ပြီးဖြစ်ဖြစ် ရွှမ်ရွေ့ကို ချန်အန်းပြန်ပို့ဖို့ အိမ်တော်ထိန်းယန်ကို မြန်နိုင်သမျှမြန်မြန် လုပ်ခိုင်းလို့ရပြီ။ ဒီလိုဆို မင်းသားငယ်ယွီ သိသွားရင်တောင် သူလိုက်ဖမ်းလို့မရတော့ဘူး။ ရွှမ်ရွေ့ ချန်အန်းကို ပြန်ရောက်တာနဲ့ ဒီကိစ္စက ပြီးသွားပြီ။ သခင်လေး..."

အလွန်အမင်း အသံကိုတိုးလျက် ကျုံးဝမ်ကပြောသည်။ "ကျစ်ရုန်ကို ဒီအကြောင်းလျှို့ဝှက်ထားရမယ်လား။ သူ့လူတွေသုံးပြီးတော့လေ"

လင်စစ်က ခေါင်းမညိတ်ခင် တုန့်ဆိုင်းနေသည်။

ကျုံးဝမ်က လေးပင်ထိုင်းမှိုင်းစွာပြောသည်။ "တကယ်လို့များ နောင်တစ်ချိန်မှာ တစ်ယောက်ယောက်ကနေပြီး ကျစ်ရုန်က ချန်အန်းမင်းသားကို ပြန်ပေးဆွဲပြီး အပိုင်စားမြေကို ပြန်မရအောင်တားပြီးတော့ အတူတူလျှို့ဝှက်ကြံစည်ကြပြီးမှ ချန်အန်းကို ပြန်လွှတ်လိုက်တယ်လို့ ပြောလာရင် ဘာလုပ်ကြမလဲ"

လင်စစ် တုန်လှုပ်သွားမိသည်။ အလျင်လိုနေသည့်အခိုက်တွင် သူဤအကြောင်းကို သတိမထားမိလိုက်။

"ရွှမ်ရွေ့ရဲ့အသက်ကတော့ အသက်ပေါ့။ ဒါဆို ကျစ်ရုန်ရဲ့အသက်ကရော စောက်အသက်မဟုတ်ဘူးလား..." ကျုံးဝမ်က မျက်လုံးများကိုမှိတ်လိုက်ပြီး ဆက်မပြောတော့ပေ။

လင်စစ်က ချက်ချင်းဒူးထောက်လိုက်သည်။ လက်ဟန်ပြသည်။ "ကျွန်တော် ဒီလိုမတွေးခဲ့မိပါဘူး။ ကျွန်တော်... ကျွန်တော် ရွှမ်ကျင်းကို အကူအညီတောင်းလိုက်ပါ့မယ်"

"မလိုဘူး" ကျုံးဝမ်က အသက်ပြင်းပြင်းရှူလိုက်သည်။ "ငါ့မှာ အစီအစဉ်ရှိတယ်... ဒီမှာစောင့်နေ။ အလွန်ဆုံးတစ်နာရီအတွင်းမှာ မင်းနဲ့ငါ မြို့တော်ကနေ ထွက်ကြမယ်"

ကျုံးဝမ်တစ်ဘက်သို့ လှည့်လိုက်ပြီး အခန်းအပြင်သို့ အလျင်စလို ထွက်သွားသည်။ အိမ်တော်ထိန်းဖုန်ကို တွေ့သည်နှင့်သူကပြောသည်။ "ကျွန်တော်... ကျွန်တော် သိပ်နေလို့မကောင်းဘူး။ ယွီရှီပြန်လာအောင်လို့ နည်းလမ်းလေးများ ရှာပေးလို့ရမလား"

အိမ်တော်ထိန်းဖုန်မှာ ထခုန်မိမတတ် ထိတ်လန့်သွားသည်။ သူက ကျုံးဝမ်ကို စူးစမ်းစွာကြည့်နေသည်။ သူ့မျက်နှာမှာ ဖျော့တော့လျက် မျက်လုံးများက အသက်မပါလှ။ သူ တကယ်ကို နေမကောင်းဖြစ်နေဟန်ရှိသည်။ ကြောက်ရွံ့ထစ်အစွာဖြင့် အိမ်တော်ထိန်းဖုန်ကပြောသည်။ "ဘ-ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ သခင်လေးရဲ့ဆေးက သခင်လေးမသောက်ခင်ကတည်းက တခြားလူတွေနဲ့ စမ်းသပ်ပြီးသား။ သခင်လေးရဲ့အစားအစာတွေကလည်း ဆက်ခံသူနဲ့ အတူတူပဲ။ ဘယ်လိုလုပ်ပြီး... ဘယ်နားမှာ နေလို့မကောင်းတာပါလဲ။ ကျွန်တော် တော်ဝင်သမားတော်ကို ခေါ်လိုက်ပါ့မယ်"

"ကျစ်ရုန်ကို အရင်ခေါ်ပေး" ကျုံးဝမ်က နူးညံ့စွာပြောသည်။ "ကျွန်တော် သူ့ကိုမတွေ့ရရင် တော်ဝင်သမားတော်ကို မတွေ့ဘူး"

အိမ်တော်ထိန်းဖုန်မှာ စိတ်ပူရလွန်းသဖြင့် ရူးတော့မတတ်ပင်။ သူက လူတစ်ယောက်ကို လွှတ်လျက် ယွီရှီအား ခေါ်ခိုင်းလိုက်တော့သည်။

ကျုံးဝမ်သည် ပင်မခန်းထဲတွင်ထိုင်လျက် စောင့်နေသည်။ မောပန်းနွမ်းနယ်လျက် သူ့ကိုယ်ကို စားပွဲပေါ်သို့မှီကာ ပြဿနာကြားမှ သူ့ကိုယ်သူ နှစ်သိမ့်နေသည်။ ဒီလိုလည်း အဆင်ပြေပါတယ်။ ငါ သူ့အတိတ်အကြောင်း သိပါတယ်လို့ ယွီရှီကိုမပြောခင် ယွီရှီကအရင် ငါ့အကြောင်းတွေ သိတော့မှာပဲ။

တစ်နာရီမပြည့်ခင်တွင် ယွီရှီက အေးစက်စက် အငွေ့အသက်များ လွှမ်းခြုံလျက် တော်ဝင်သမားတော်များကို ဦးဆောင်ကာ ပြန်ရောက်လာသည်။

တစ်ချက်ကြည့်လိုက်ရုံနှင့် ကျုံးဝမ်နေကောင်းသည်ကို ယွီရှီသိလိုက်သည်။ အေးစက်နေသော မျက်နှာဖြင့် အပေါ်ရုံကို သူချွတ်လိုက်သည်။ တော်ဝင်သမားတော်များကို ဦးစွာအနားယူရန် အမိန့်ပေးလိုက်သည်။

ယွီရှီက အားလုံးကို အခန်းပြင်သို့ ထွက်သွားခိုင်းလိုက်ပြီး မျက်လုံးများမှာ ဒေါသတို့ဖြင့် ပြည့်နေသည်။ "မင်း ဘာလို့ ညနေခင်းမှာ ဒီလိုကြီးကြီးကျယ်ကျယ် ပြဿနာရှာရတာလဲ။ မင်းကြီးရဲ့ ဝန်ကြီးဌာနတွေက အဆင့်မြင့်အရာရှိတွေအကုန် ရှိနေတဲ့အချိန်မှာ အိမ်တော်ကလူတွေက ရုတ်တရက်ကြီး ရောက်လာပြီးတော့ မင်းကဖျားနေပြီး ငါ့ကိုတွေ့မှ ဆေးသောက်မယ်လို့ လာပြောတယ်။ မင်း... အဲ့ဒီအဆင့်မြင့်အရာရှိတွေ ငါ့ကိုဘယ်လိုကြည့်ခဲ့ကြလဲဆိုတာ မင်းသိလား။ မင်းဘာလို့ ကောင်းကောင်းမအိပ်ရတာလဲ။ ဘာအတွက်နဲ့ ဒီလိုညုတုတုလုပ်နေရတာလဲ"

ကျုံးဝမ် ရယ်ချင်မိသည်။ သို့သော် သူ့နှုတ်ခမ်းများကို အနည်းငယ်သာ ကွေးညွတ်စေမိသည်။ အဆုံးတွင်မတော့ သူမရယ်နိုင်ချေ။

ကျုံးဝမ် ဤနေရာတွင် အချိန်ကြာမြင့်စွာထိုင်ရင်း သူလုပ်နိုင်စွမ်းရှိသည်တို့ကို ပုံဖော်နှင့်ပြီးဖြစ်သည်။ တိုတိုနှင့်လိုရင်းကိုသာ အနှစ်ချုပ်လျက် ထန်မင်နှင့်ရွှမ်ရွေ့တို့အကြောင်းကို ယွီရှီအား ပြောပြလိုက်တော့သည်။ ထို့နောက် သူကပြောသည်။ "ဒီည ငါတို့ မြို့ပြင်ကအိမ်ကို ဖျက်ဆီးပစ်မှဖြစ်မယ်။ အရုဏ်တက်တာနဲ့ အဲ့ဒီလူအိုကြီး ထွက်ပြေးသွားမှာကို ငါစိုးရိမ်မိတယ်"

ယွီရှီက မျက်လုံးများကို အနည်းငယ်မှေးလိုက်သည်။ "မင်းက တာ့လီခုံရုံးက လူတွေကို တိတ်တိတ်လေးငှားချင်တာလား"

"မဟုတ်ဘူး" ကျုံးဝမ်ကပြောသည်။ "လျှို့ဝှက်နေစရာမလိုဘူး။ ငါ့ကိုသာ လူတချို့ငှားလိုက်။ အခုအချိန်မှာ နန်းတော်ထဲကို လူတွေဝင်လို့ရနေသေးတာကို အခွင့်ကောင်းယူပြီး မင်းလျှို့ဝှက်စာရတယ်လို့ မင်းကြီးကို လျှောက်တင်လိုက်။ မသမာသူတွေ ချန်အန်းမင်းသားကို ဖမ်းထားတယ်ဆိုပြီးတော့။ အရင်ဆုံးလုပ်စရာရှိတာ လုပ်ပြီးမှ ကျန်တာကို သတင်းပို့မယ်လို့။ သူတို့တွေကို လူတွေဖြန့်ဝိုင်းခိုင်းပြီး သုတ်သင်ရမယ်။ အဲ့လိုဆို... ဘာပဲဖြစ်ဖြစ်၊ ဒီကိစ္စက မင်းနဲ့မဆိုင်တော့ဘူး"

အံ့အားသင့်လျက် ယွီရှီက ကျုံးဝမ်ကို ကြည့်နေသည်။ သူကပြောသည်။ "မင်းကြီးက ဒါကိုယုံမယ်လို့ မင်းထင်နေလား။ သူသေချာပေါက် ရွှမ်ရွေ့ကို သံသယဝင်မှာပဲ။ ပြီးတော့လည်း နည်းနည်းပါးပါး စုံစမ်းစစ်ဆေးပြီးတာနဲ့ ရွှမ်ရွေ့မြို့တော်ကို ပြန်လာတယ်ဆိုတာ သိမှာပဲ။ ရွှမ်ရွေ့ကို သတ်တဲ့အထိ မဟုတ်ရင်တောင်... ရွှမ်ရွေ့က သူရဲ့ဒုတိယအဆင့်မင်းသားဆိုတဲ့ နေရာကို ထိန်းထားနိုင်တော့မှာမဟုတ်ဘူး"

"ငါသိပါတယ်" အသွေးအသားထဲထိ နွမ်းလျစွာဖြင့် ကျုံးဝမ်က မျက်ခုံးနှစ်ဖက်ကြားနေရာကို ပွတ်သပ်လိုက်သည်။ "ငါ အတတ်နိုင်ဆုံး ကြိုးစားခဲ့ပြီးပြီ..."

ယွီရှီ၏မျက်လုံးတို့ အနည်းငယ်တုန်လှုပ်သွားသည်။ သူတို့သည် အလွန်တရာ အရေးကြီးလှသော အခြေအနေအလယ်သို့ ရောက်ရှိနေကြသည့်တိုင် ပီတီဖြာဘဝင်ခိုက်မှုမှာမှု သူ့ရင်ထဲသို့ ဝင်ရောက်လာခဲ့သည်။

ကျုံးဝမ်အနေနှင့် ရွှမ်ရွေ့ကို တတ်စွမ်းသရွေ့ ကယ်တင်ဖို့အတွက် သူ့ကိုအသုံးချနေသင့်သည် မဟုတ်လား။

အကယ်၍ သူသေသွားခဲ့လျှင်ပင် ကျုံးဝမ်နှင့် မည်သို့သက်ဆိုင်သနည်း။

အကယ်၍ ယွီရှီသာ ဤကိစ္စကို တိတ်တဆိတ်ဖြေရှင်းခဲ့လျှင် ရွှမ်ရွေ့သည် အနည်းအကျဉ်းလေးပင် ပွန်းပဲ့မှုမရှိဘဲ လွတ်မြောက်ပေလိမ့်မည်။

သူ့ကို ယခုကဲ့သို့ ဆောင်ရွက်စေလိုခြင်းသည် ကျုံးဝမ်အနေနှင့် သူပတ်သတ်ဆွဲသွင်းခံရမည်ကို စိုးရိမ်ကြောက်ရွံ့သည်ဟု ဆိုလိုသည်လား။

ယွီရှီသည် ကျုံးဝမ်ကို ဤကဲ့သို့ မေးကြည့်ချင်လှသည်။ မင်းအတွက် ငါက ရွှမ်ရွေ့ထက် ပိုအရေးကြီးလား။ မင်းရွှမ်ရွေ့ကို ပိုကြိုက်တာမဟုတ်ဘူးလား။

ယွီရှီတိတ်ဆိတ်နေသည်ကို သတိထားမိလျက် ကျုံးဝမ်က တွန့်ဆုတ်နေပြီး ပြောသည်။ "ဆက်ခံသူ... အဆင်ပြေရဲ့လား"

ယွီရှီက မျက်လုံးများကိုမှိတ်လျက် ထွေရာလေးပါးအတွေးတို့ကို ဖယ်ထုတ်လိုက်သည်။ "အစီအစဉ်က သိပ်အသေးစိတ်မကျဘူး။ ဆင်ခြေဖုံးကအိမ်တော်မှာ လူဘယ်နှယောက်ရှိတယ်ဆိုတာကို မင်းမသိဘူး၊ ငါလည်း မသိဘူး။ ဒါက သူတို့ထောင်ချောက်ထဲ ဝင်သွားသလို ဖြစ်မနေဘူးလား။ မင်းကမသိဘူး၊ ငါက ပိုလို့တောင်မသိဘူး။ ပြီးတော့လည်း သူတို့အကုန်လုံးကိုဖမ်းဖို့အတွက် ငါ မင်းကို လူဘယ်နှယောက်ပေးရမှာလဲ"

ကျုံးဝမ် တွေဝေသွားသည်။

"ငါမင်းကို လူတွေအများကြီးပေးလိုက်ရင် မင်းငါ့ဆီက စာကိုကိုင်ထားရင်တောင် ညကြီးမှာ မြို့တော်က ထွက်ဖို့လွယ်မှာမဟုတ်ဘူး" ယွီရှီကထေ့ငေါ့သည်။ "ပြီးတော့ရှိသေးတယ်။ မင်း ငါ့ကိုမင်းကြီးဆီက အရင် အာဏာငှားယူပြီးမှ ရွှမ်ရွေ့ကိုဖြားယောင်းတဲ့လူကို ဖမ်းစေချင်မှတော့ ဒီလိုကြီးကျယ်တဲ့ ဆောင်ရွက်မှုမျိုးကို ငါ့ကိုပေးလုပ်သင့်တာ မဟုတ်ဘူးလား။ ငါ ဒီလိုပထမအဆင့် အောင်မြင်မှုမျိုးကို လိုချင်တယ်"

"တကယ်တော့ ငါမင်းကြီးကို လျှောက်တင်ချင်ရင် ငါကိုယ်တိုင် သွားနေစရာတောင်မလိုဘူး" ယွီရှီက သူ့အပေါ်ရုံကို ကျုံးဝမ်ထံသို့ ပစ်ပေးလိုက်သည်။ "ဝတ်လိုက်။ ငါမင်းနဲ့အတူ မြို့ပြင်ရောက်အောင် လိုက်ခဲ့မယ်လို့ မင်းရဲ့ခွေးကိုပြောလိုက်"

ကျုံးဝမ် ပြန်မဖြေရသေးခင် ယွီရှီက သူ့ကိုလေးလေးနက်နက် စိုက်ကြည့်လာသည်။ သတ်ဖြတ်လိုစိတ်များက မျက်ဝန်းများတွင် ကိန်းအောင်းနေသည်။ "အရေးကြီးဆုံးကတော့... မင်းနဲ့ပတ်သတ်တာတဲ့ ကိစ္စတွေပဲ။ ငါ ရွှမ်ရွေ့ကို ကိုယ်တိုင်မေးရမဲ့ ကိစ္စတွေရှိတယ်"

17.10.2021

Thanks for reading

Zawgyi

က်ဳံးဝမ္သည္ စာဖတ္ခန္းေရွ႕တြင္ တစ္နာရီခန႔္ ရပ္ေနခဲ့သည္။ အေစခံတို႔မွာ အနီးမွျဖတ္သြားတိုင္း သူ႔အား အံ့အားတႀကီး ၾကည့္ၾကည့္သြားၾကသည္။ သူ မ်က္ႏွာကို ပြတ္လိုက္သည္။ သီးသန႔္ေနရန္အတြက္ သူထြက္လာခဲ့သည္။

ယခုအခ်ိန္တြင္ သူ စာဖတ္ခန္းထဲသို႔ အေလာတႀကီးဝင္လ်က္ ရွင္းျပခဲ့လွ်င္ ယြီရွီ မည္သို႔တုံ႔ျပန္မည္ကို သူသိခ်င္မိသည္။ သူစုံစမ္းခဲ့ရသမွ် ယြီရွီ၏ေနာက္ေၾကာင္းမ်ားကို အကုန္ဖြင့္ဟခဲ့လွ်င္။

က်ဳံးဝမ္မွာ စိတ္လိုက္မာန္ပါ လုပ္လိုက္ခ်င္ေသာ္ျငား ကိုယ့္စိတ္ကို ျပန္ဖိသိပ္ထားမိျပန္သည္။

သူ ဤသို႔မလုပ္ခင္ ယြီရွီထံမွ မ်က္ႏွာသာေပးခံရေအာင္ ဦးဆုံးေဆာင္႐ြက္ရမည္မွာ ေသခ်ာသည္။

က်ဳံးဝမ္ သူ႔ေနာက္ေၾကာင္းကို သိေနခဲ့လွ်င္ပင္ ႏွင္ထုတ္ရေလာက္ေအာင္ ေဒါသထြက္သည္အထိ မျဖစ္ဖို႔လိုသည္။ ဆန႔္က်င္ဘက္အေနႏွင့္ ထိုလွ်ိဳ႕ဝွက္အေၾကာင္းအရာမ်ားကို ေျဖရွင္းျပၿပီး ေနထိုင္ရန္ ခြင့္ျပဳကာ အႀကံေပးတစ္ေယာက္ျဖစ္လာေအာင္ ခြင့္ျပဳေပလိမ့္မည္။

က်ဳံးဝမ္သည္ ဤကိစၥႏွင့္ပတ္သက္၍ တကယ့္ကိုပင္ ျမဴမႈန္စာမွ် ယုံၾကည္ခ်က္ရွိမေနေပ။

မည္သို႔ပင္ဆိုဆို သူသည္ မင္းသားနင္အိမ္ေတာ္မွျဖစ္သည္။ ယခုအခ်ိန္တြင္ ႐ႊမ္ေ႐ြ႕သည္လည္း ထီးနန္းအတြက္ ၿပိဳင္ဆိုင္မည့္ အေျခအေနတြင္ရွိသည္။ က်ဳံးဝမ္အား ႐ႊမ္ေ႐ြ႕က သူလွ်ိဳလုပ္ရန္ လႊတ္လိုက္သည္ဟု ယြီရွီ ေတြးေနေလမလား။

ယခုအခ်ိန္တြင္မူ အေကာင္းဆုံးနည္းလမ္းမွာ...

က်ဳံးဝမ္ ေ႐ြ႐ြတ္လိုက္သည္။ "ငါ့ကိုတစ္ႀကိမ္လုပ္ဖို႔ သူ႔ကိုခြင့္ေပးလိုက္မယ္"

တစ္ႀကိမ္သာ။ ထို႔ေနာက္တြင္မူ ယြီရွီအား တစ္သက္တာ လွည့္စားႏိုင္ၿပီဟု က်ဳံးဝမ္ထံတြင္ ယုံၾကည္ခ်က္ရွိလာေပမည္။

သူ႔စကားလုံးမ်ားသည္ ေဆးလာပို႔ေသာ အေစခံမိန္းကေလးအား ကတုန္ကယင္ ျဖစ္သြားသည္အထိ ေၾကာက္လန႔္သြားေစသည္။ က်ဳံးဝမ္က ေဆးခြက္အား ကူညီကိုင္ေပးလိုက္သည္။ "မင္း ဘာလို႔အရမ္းေၾကာက္ေနတာလဲ။ ငါမကိုက္စားပါဘူး"

သတိအေနအထားျဖင့္ အေစခံမိန္းကေလးက က်ဳံးဝမ္ကို ၾကည့္ေနသည္။ အစမွအဆုံးထိ သူသည္ က်ဳံးဝမ္အား မေကာင္းသည့္လူတစ္ေယာက္ဟုသာ ျမင္မိသည္။

သူက ဘာမွမေျပာ။ က်ဳံးဝမ္ ေဆးေသာက္ၿပီးသည္ကို ေစာင့္ၾကည့္ေနၿပီးေနာက္တြင္ ခြက္အလြတ္ျဖင့္ အျပင္သို႔ ကသုတ္ကျပာ ထြက္သြားေတာ့သည္။

ညေနစာမတိုင္မီ ယြီရွီသည္ ဆင့္ေခၚခံခဲ့ရသည္။ ဤတစ္ေခါက္တြင္မူ ခ်ဳံအန္းမင္းႀကီး ျပႆနာရွာေနျခင္း မဟုတ္ေတာ့။ ေျမာက္ဘက္နယ္စပ္တြင္ ဆူပူထႂကြမႈမ်ားကို ယြီရွီထံ အေၾကာင္းၾကားလိုက္ျခင္းျဖစ္သည္။ ယခုရက္ပိုင္းတြင္ လႊတ္ေတာ္၌ မတည္မၿငိမ္ ျဖစ္ေနခဲ့ဟန္ရွိသည္။ ယြီရွီႏွင့္ သက္ဆိုင္သည္ျဖစ္ေစ၊ မသက္ဆိုင္သည္ျဖစ္ေစ ခ်ဳံအန္းမင္းႀကီးသည္ သူ႔အား ရွိေနေစခ်င္သည္။ ယြီရွီမွာမူ ထိုကဲ့သို႔ လုံးလုံးလ်ားလ်ား ဆႏၵမရွိ။ ယခင္က သူ႔တာဝန္တို႔ကို လစ္ဟင္းေစမည္မဟုတ္ဟု က်ဳံးဝမ္အား ကာကြယ္ရန္အလို႔ငွာ သူကတိေပးခဲ့သည္။ ယခုမူ မင္းႀကီး၏ဆင့္ေခၚမႈတို႔ကို ျငင္းဆိုႏိုင္စြမ္း သူ႔ထံတြင္မရွိေတာ့။

က်ဳံးဝမ္ သဲနာရီကိုၾကည့္လိုက္သည္။ သက္ျပင္းခ်မိသည္။ ညေနစာစားၿပီးေနာက္တြင္ ယြီရွီနံေဘး၌ တြယ္ကပ္ေနမည္ဟု သူ မူလက စီစဥ္ထားသည္။ သို႔ေသာ္ ယခုအခ်ိန္တြင္မူ ျဖစ္ႏိုင္မည့္ဟန္မရွိ။ ယြီရွီ ယခု ျပန္လာလိမ့္ဦးမည္မဟုတ္။

သူ အနည္းငယ္ ႏြမ္းလ်ေနသည္။ ေတာ္ဝင္သမားေတာ္ ၫႊန္းသည့္ေဆးကို သူေသာက္စဥ္ကတည္းက သူ႔က်န္းမာေရးမွာ အေကာင္းဘက္သို႔ ေျပာင္းလဲလာသည္။ သူ ယခင္ကထက္ ပို၍ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ခဲ့သည္။ ေန႔စဥ္ေန႔တိုင္း ယခင္ေန႔ထက္ ႏွစ္နာရီၾကာ ပိုအိပ္ေပ်ာ္ခဲ့သည္။ ထို႔ေၾကာင့္ ေကာင္းကင္ႀကီး မည္းေမွာင္လာသည္ႏွင့္ အိပ္ခ်င္စိတ္တို႔က သူ႔အေပၚႀကီးစိုးေတာ့သည္။ သူမ်က္လုံးမ်ားကို ပြတ္လိုက္သည္။ ယြီရွီ၏အတြင္းေဆာင္သို႔ သူတန္းဝင္သြားသင့္သလားဆိုသည္ကို စဥ္းစားေတြေဝေနစဥ္ ျပတင္းေပါက္မွန္ကူကြက္မွ အသံတိုးတိုးတစ္ခု ထြက္ေပၚလာေတာ့သည္။

သူရင္တုန္သြားသည္။ သူ အခန္းတြင္း၌ လွည့္ပတ္ၾကည့္မိသည္။ အေစခံမိန္းကေလးမွာ ထြက္သြားႏွင့္ေလၿပီ။

ဦးစြာ က်ဳံးဝမ္ တံခါးပိတ္လိုက္သည္။ ထို႔ေနာက္ ျပတင္းေပါက္ကို သြားဖြင့္လိုက္သည္။ လင္စစ္က အခန္းတြင္းသို႔ လႊားခနဲ ခုန္ဝင္လာသည္။

သူက လက္ဟန္ျပသည္။ "ကြၽန္ေတာ္ မနက္က လာခ်င္ေပမဲ့ အိမ္ေတာ္ရဲ႕ လုံၿခဳံေရးက အရမ္းတင္းက်ပ္လြန္းတယ္။ မင္းသားငယ္ယြီ ထြက္သြားလို႔ အိမ္ေတာ္စစ္သည္ တစ္ဝက္ေလာက္က သူနဲ႔လိုက္သြားမွပဲ ကြၽန္ေတာ္ ခိုးဝင္လာလို႔ရတယ္"

က်ဳံးဝမ္က ေခါင္းညိတ္သည္။ "႐ႊမ္ယြီနဲ႔ ႐ႊမ္စုန္ရွင္းတို႔ ေကာင္းေကာင္းရွိေနၾကရဲ႕လား"

လင္စစ္ကလည္း ေခါင္းညိတ္သည္။ လက္ဟန္ျဖင့္ သူကေျပာသည္။ "အရမ္းေကာင္းၾကပါတယ္။ သခင္မေလးက သခင္ေလးကို အၿမဲေမးေနပါတယ္"

"ဘာမွမျဖစ္လို႔ ေတာ္ေသးတာေပါ့" က်ဳံးဝမ္က ရင္ေအးစြာ သက္ျပင္းခ်သည္။ "စစကေတာ့ သူတို႔ကို ၿမိဳ႕ေတာ္ကေန တတ္ႏိုင္သမွ်ျမန္ျမန္ ထြက္သြားေစခ်င္ခဲ့တာ။ ဒါေပမဲ့ အခုေတာ့ မလိုေတာ့တဲ့ပုံပါပဲ။ ထန္မင္ ခ်န္အန္းကို ေရာက္ေနၿပီလားဆိုတာ မေသခ်ာဘူး။ သူေရာက္ေနခဲ့ရင္... ခ်န္အန္းက လုံၿခဳံတဲ့ေနရာမဟုတ္ေတာ့ဘူး"

အကယ္၍ ထန္မင္သာ ႐ႊမ္ေ႐ြ႕အား ႐ူးမိုက္ေသာအလုပ္လုပ္ေအာင္ ဆြဲေဆာင္ျဖားေယာင္းခဲ့လွ်င္ ဤကေလးႏွစ္ေယာက္သည္ မသိေၾကာင္း၊ မပတ္သက္ေၾကာင္း လက္ဆုပ္လက္ကိုင္ျပႏိုင္လ်က္ အမႈတြင္ ပါဝင္ေတာ့မည္မဟုတ္ေပ။

လင္စစ္က သူ႔စကားတို႔ကို ၾကားၾကားခ်င္း မ်က္ႏွာတင္းသြားခဲ့သည္။ သူကတန႔္သြားၿပီး လက္ဟန္ျပသည္။ "ထန္မင္က ခ်န္အန္းကို မသြားခဲ့ဘူး"

အထိတ္တလန႔္ျဖင့္ က်ဳံးဝမ္ကေမးသည္။ "သူမသြားဘူးလား။ ငါ မွားၿပီးေတာ့ ခန႔္မွန္းမိတာလား။ သူ ဒီလိုအစီအစဥ္ႀကီး ခ်ထားခဲ့တာ... ႐ႊမ္ေ႐ြ႕ကို ေတြ႕ဖို႔မဟုတ္ဘူးလား"

လင္စစ္က လက္ဟန္ျပသည္။ "သခင္ေလး ခန႔္မွန္းတာမွန္ပါတယ္။ အဲ့ဒါက..."

သူက လက္ဟန္ျပေနရင္း ခံစားခ်က္တို႔ကို ထိန္းခ်ဳပ္ေနဟန္ရွိသည္။ "႐ႊမ္ေ႐ြ႕က ခ်န္အန္းကို ျပန္သြားခဲ့တာ မဟုတ္ပါဘူး။ သူ ၿမိဳ႕ေတာ္က ထြက္သြားတာ ဆယ္ရက္ေတာင္မရွိခင္မွာပဲ ထန္မင္ရဲ႕လူေတြနဲ႔ ေတြ႕ေတာ့တာပဲ။ သူ ခ်န္အန္းကို ျပန္သြားလို႔မရဘူးလို႔ ထန္မင္က သူ႔ကိုေျပာလိုက္တယ္။ သူ႔အသက္ကို လိုခ်င္တဲ့လူေတြက ခ်န္အန္းမွာ ေစာင့္ေနၿပီးေတာ့ တိုက္ခိုက္ဖို႔ အသင့္ျပင္ေနတယ္ ဆိုၿပီးေတာ့ေပါ့"

ထိုအခိုက္ သူ႔ေခါင္းတစ္ခုလုံး ခ်ာခ်ာလည္သြားေတာ့သည္။

ထန္မင္...

လင္စစ္က လက္ဟန္ျပသည္။ "႐ႊမ္ေ႐ြ႕က မယုံသကၤာေတာ့ ျဖစ္ခဲ့ေသးတယ္။ ထန္မင္ရဲ႕လူေတြ ေျပာတာက၊ ေျပာတာက..."

အသံတိုးတိုးျဖင့္ က်ဳံးဝမ္ကေမးသည္။ "ေျပာမွာေျပာ"

လင္စစ္က အံႀကိတ္လ်က္ လက္ဟန္ျပသည္။ "ထန္မင္ရဲ႕လူေတြ ႐ႊမ္ေ႐ြ႕ကိုေျပာတာက ခ်န္အန္းသာ လုံၿခဳံရင္ က်ဳံးဝမ္က သူကိုယ္တိုင္ ဘာလို႔မျပန္လဲတဲ့"

က်ဳံးဝမ္ ခပ္ေတြေတြျဖစ္သြားသည္။ ႐ုတ္တရက္ဆိုသလို သူရယ္လိုက္မိသည္။

"ထန္မင္ရဲ႕လူေတြကေျပာေသးတယ္။ တကယ္လို႔ အရွင့္သားသာ မယုံဘူးဆို ေနမေကာင္းေသးဘူးဆိုတဲ့ အေၾကာင္းျပခ်က္ကိုသုံးၿပီး ေတာင္ပိုင္းကို ျဖည္းျဖည္းျပန္ပါတဲ့။ ၿမိဳ႕ေတာ္က လႈပ္ရွားသံေတြကို နားစြင့္ၿပီး မင္းႀကီးက ခ်န္အန္းကို တိုက္ခိုက္ခ်င္ေနလားဆိုတာကို ေစာင့္ၾကည့္ပါတဲ့။ တကယ္ကိုပဲ လြန္ခဲ့တဲ့လဝက္က... သခင္ေလးက လာဘ္ေပးလာဘ္ယူကိစၥနဲ႔ စြပ္စြဲခံရၿပီးေတာ့ အဲ့ဒီေနာက္ပိုင္းကိစၥေတြျဖစ္ေတာ့တာပဲ" လင္စစ္က လက္ဟန္ေျပာသည္။

က်ဳံးဝမ္ မၿပဳံးဘဲမေနႏိုင္။ လင္စစ္က သူ႔ကိုၾကည့္ေနသည္။ သူ႔အစား ခါးခါးသီးသီးကို စိတ္ပ်က္ေနမိသည္။ သူက ဆက္လက္၍ လက္ဟန္ျပသည္။ "သခင္ေလးက်ဳံးနဲ႔ မင္းသားငယ္ယြီတို႔ ဒီကိစၥကို ေျဖရွင္းၿပီးတာေတာင္ ႐ႊမ္ေ႐ြ႕က ဒီေကာလာဟလတခ်ိဳ႕ကို ၾကားသြားတုန္းပဲ။ ေလာေလာလတ္လတ္ အထိတ္တလန႔္ေတြ ႀကဳံထားရေတာ့ သူ ခ်န္အန္းကိုျပန္ဖို႔ ပိုမရဲေတာ့ဘူး။ သူ ထန္မင္ရဲ႕လူေတြေနာက္လိုက္ၿပီးေတာ့ ေတာင္ပိုင္းကေနျပန္လွည့္ခဲ့တယ္။ အိမ္ေတာ္ထိန္းယန္ကေတာ့ တစ္ခုခုလြဲေနတယ္ဆိုၿပီး ခံစားမိေပမဲ့လည္း ႐ႊမ္ေ႐ြ႕ကို မသြားဖို႔ မေျပာႏိုင္ခဲ့ဘူး။ သခင္ေလးဆီက အကူအညီေတာင္းဖို႔ဆိုၿပီးပဲ ၿမိဳ႕ေတာ္ကို လူတစ္ခ်ိဳ႕လႊတ္လိုက္တယ္။ ဒါေပမဲ့ သခင္ေလးက အိမ္ေတာ္မွာ မရွိဘူး။ ကြၽန္ေတာ္ကပဲ စာပို႔တဲ့သူကို ၾကားျဖတ္ေတြ႕လိုက္တယ္။ ေထာင္ေခ်ာက္ျဖစ္ေနမွာစိုးလို႔ ေနာက္တစ္ေန႔မွာ ကြၽန္ေတာ္ကိုယ္တိုင္ ဟိုဟိုဒီဒီလိုက္ေမးခဲ့တယ္။ တကယ္ပဲ... မေန႔ညက ႐ႊမ္ေ႐ြ႕က ၿမိဳ႕ေတာ္ရဲ႕ ဆင္ေျခဖုံးမွာရွိတဲ့ ထန္မင္ရဲ႕ တျခားစံအိမ္ေတာ္ကို ေရာက္လာခဲ့တယ္"

"တကယ္လို႔ၿမိဳ႕စားမင္းသားကသာ..." က်ဳံးဝမ္၏ႏႈတ္ခမ္းတို႔ မဲ့သြားခဲ့သည္။ "...ၿမိဳ႕ေတာ္ကို တိတ္တဆိတ္ျပန္လာခဲ့ရင္ ဒါက ပုန္ကန္တဲ့ ရာဇဝတ္မႈပဲ"

စိတ္ပူပန္စြာျဖင့္ လင္စစ္က လက္ဟန္ျပသည္။ "ဟုတ္ပါတယ္။ ႐ႊမ္ေ႐ြ႕က ခ်န္အန္းကို မျပန္ရဲေလာက္တဲ့အထိ ေၾကာက္သြားခဲ့တာ။ ဒါေပမဲ့ သူဘယ္သြားတယ္ဆိုတာကို တျခားသူေတြ သိသြားရင္ ဘယ္လိုလုပ္မလဲ။ ၿပီးေတာ့လည္း သူ ဒါကို ဘယ္ေလာက္ၾကာၾကာ ဝွက္ထားႏိုင္မွာလဲ။ သုံးလလား။ ႏွစ္ဝက္လား။ ခ်န္အန္းက ၿမိဳ႕ေစာင့္တပ္နဲ႔ အရာရွိေတြက မ်က္စိကန္းေနတာမွ မဟုတ္တာ။ သူတို႔ ဘယ္ေလာက္ေစာင့္ေစာင့္ အရွင့္သားသာ သူ႔အပိုင္စားေျမကို ျပန္မေရာက္ခဲ့ရင္ သူတို႔ ၿမိဳ႕ေတာ္ကို ဒီအေၾကာင္း သတင္းမပို႔ဘဲ ေနပါ့မလား။ အဲ့အခ်ိန္ေရာက္လို႔ မင္းႀကီးသာ သိသြားခဲ့ရင္ ဒါဆို..."

က်ဳံးဝမ္၏မ်က္လုံးတို႔ နီရဲသြားသည္။ "ထန္မင္ကေရာ ဘယ္လိုလဲ"

ေအးေဆးတည္ၿငိမ္စြာျဖင့္ ထန္မင္က လက္ဟန္ျပသည္။ "ကြၽန္ေတာ္ ဒီေန႔ဒီကိုလာတာ ဒီကိစၥေၾကာင့္ပါပဲ... ဒီရက္ပိုင္း ဒီလူအိုႀကီး ဘယ္မွာပုန္းေနလဲဆိုတာကို မသိရပါဘူး။ ျဖစ္ႏိုင္တာကေတာ့ ႐ႊမ္ေ႐ြ႕ ၿမိဳ႕ေတာ္ကိုျပန္ေရာက္လာတဲ့အခ်ိန္ကို ေစာင့္ေနတဲ့ပုံပါပဲ။ အိမ္ေတာ္ထိန္းယန္ ကြၽန္ေတာ့္ဆီ ပို႔လိုက္တဲ့စာထဲမွာ ဒီေန႔ည ဆယ့္ႏွစ္နာရီ ဆယ္မိနစ္က်ရင္ ထန္မင္က အဲ့ဒီဆင္ေျခဖုံးက အိမ္ေတာ္ကိုသြားၿပီး ႐ႊမ္ေ႐ြ႕နဲ႔ သြားေတြ႕မယ္တဲ့။ သူ ဘယ္ေလာက္ပဲေဖ်ာင္းဖ်ေဖ်ာင္းဖ်၊ ဘယ္ေလာက္ၾကာေအာင္ နားခ်လည္း အရာမထင္ဘူး။ သူ တတ္ႏိုင္သမွ် ႀကိဳးစားၾကည့္ေပမဲ့ ကြၽန္ေတာ္တို႔ကို စာပို႔႐ုံကလြဲၿပီး မတတ္ႏိုင္ဘူး။ သခင္ေလးက်ဳံး မင္းသားငယ္ယြီဆီက လူတခ်ိဳ႕ငွားၿပီး ဆင္ေျခဖုံးက အိမ္ေတာ္ကို ဖ်က္ဆီးႏိုင္ရင္ေကာင္းမယ္လို႔ သူေမွ်ာ္လင့္ေနတာ။ အိမ္ေတာ္ထိန္းယန္ေျပာတာက သခင္ေလး ထန္မင္ကို ဆႏၵရွိသလို လုပ္လို႔ရတယ္။ ဒါေပမဲ့ ႐ႊမ္ေ႐ြ႕ ၿမိဳ႕ေတာ္ကို ျပန္လာတယ္ဆိုတာကို မင္းသားငယ္ယြီကို လုံးဝအသိေပးလို႔မျဖစ္ဘူးတဲ့။ ဒီကိစၥႀကီး ျပန႔္မသြားေအာင္၊ အရင္ကတစ္ေခါက္ ျဖစ္ခဲ့ဖူးသလို ႐ႊမ္ေ႐ြ႕အသက္က အႏၲရာယ္ရွိႏိုင္တယ္"

က်ဳံးဝမ္ထံမွ စကားတစ္ခြန္းေလးပင္ ထြက္မလာခဲ့။

လင္စစ္က လ်င္ျမန္စြာ လက္ဟန္ျပသည္။ "သခင္ေလး၊ သခင္ေလး မင္းသားငယ္ယြီရဲ႕ လူေတြကို ထိန္းခ်ဳပ္ႏိုင္လား။ ကြၽန္ေတာ္ စတုတၳမင္းသားကို အကူအညီေတာင္းဖို႔ ေတြးၾကည့္ေပမဲ့လည္း သူ ႐ႊမ္ေ႐ြ႕ကို ကာကြယ္မေပးမွာ စိုးရိမ္မိျပန္တယ္"

ေနမထိထိုင္မသာစြာျဖင့္ လင္စစ္က လက္ဟန္ျပသည္။ "မင္းသားငယ္ယြီ ဒီေန႔ အိမ္ေတာ္မွာရွိမေနတာ ကံေကာင္းတာပဲ။ သခင္ေလး အရင္ဆုံး အဲ့ကို လူတခ်ိဳ႕လႊတ္လိုက္လို႔ရမလား။ ဒီကိစၥကို ဒီညေျဖရွင္းလို႔ရမလား။ အဲ့ဒါၿပီးရင္ သတိလစ္ေအာင္ လုပ္ၿပီးျဖစ္ျဖစ္၊ ႀကိဳးခ်ည္ၿပီးျဖစ္ျဖစ္ ႐ႊမ္ေ႐ြ႕ကို ခ်န္အန္းျပန္ပို႔ဖို႔ အိမ္ေတာ္ထိန္းယန္ကို ျမန္ႏိုင္သမွ်ျမန္ျမန္ လုပ္ခိုင္းလို႔ရၿပီ။ ဒီလိုဆို မင္းသားငယ္ယြီ သိသြားရင္ေတာင္ သူလိုက္ဖမ္းလို႔မရေတာ့ဘူး။ ႐ႊမ္ေ႐ြ႕ ခ်န္အန္းကို ျပန္ေရာက္တာနဲ႔ ဒီကိစၥက ၿပီးသြားၿပီ။ သခင္ေလး..."

အလြန္အမင္း အသံကိုတိုးလ်က္ က်ဳံးဝမ္ကေျပာသည္။ "က်စ္႐ုန္ကို ဒီအေၾကာင္းလွ်ိဳ႕ဝွက္ထားရမယ္လား။ သူ႔လူေတြသုံးၿပီးေတာ့ေလ"

လင္စစ္က ေခါင္းမညိတ္ခင္ တုန႔္ဆိုင္းေနသည္။

က်ဳံးဝမ္က ေလးပင္ထိုင္းမႈိင္းစြာေျပာသည္။ "တကယ္လို႔မ်ား ေနာင္တစ္ခ်ိန္မွာ တစ္ေယာက္ေယာက္ကေနၿပီး က်စ္႐ုန္က ခ်န္အန္းမင္းသားကို ျပန္ေပးဆြဲၿပီး အပိုင္စားေျမကို ျပန္မရေအာင္တားၿပီးေတာ့ အတူတူလွ်ိဳ႕ဝွက္ႀကံစည္ၾကၿပီးမွ ခ်န္အန္းကို ျပန္လႊတ္လိုက္တယ္လို႔ ေျပာလာရင္ ဘာလုပ္ၾကမလဲ"

လင္စစ္ တုန္လႈပ္သြားမိသည္။ အလ်င္လိုေနသည့္အခိုက္တြင္ သူဤအေၾကာင္းကို သတိမထားမိလိုက္။

"႐ႊမ္ေ႐ြ႕ရဲ႕အသက္ကေတာ့ အသက္ေပါ့။ ဒါဆို က်စ္႐ုန္ရဲ႕အသက္ကေရာ ေစာက္အသက္မဟုတ္ဘူးလား..." က်ဳံးဝမ္က မ်က္လုံးမ်ားကိုမွိတ္လိုက္ၿပီး ဆက္မေျပာေတာ့ေပ။

လင္စစ္က ခ်က္ခ်င္းဒူးေထာက္လိုက္သည္။ လက္ဟန္ျပသည္။ "ကြၽန္ေတာ္ ဒီလိုမေတြးခဲ့မိပါဘူး။ ကြၽန္ေတာ္... ကြၽန္ေတာ္ ႐ႊမ္က်င္းကို အကူအညီေတာင္းလိုက္ပါ့မယ္"

"မလိုဘူး" က်ဳံးဝမ္က အသက္ျပင္းျပင္းရႉလိုက္သည္။ "ငါ့မွာ အစီအစဥ္ရွိတယ္... ဒီမွာေစာင့္ေန။ အလြန္ဆုံးတစ္နာရီအတြင္းမွာ မင္းနဲ႔ငါ ၿမိဳ႕ေတာ္ကေန ထြက္ၾကမယ္"

က်ဳံးဝမ္တစ္ဘက္သို႔ လွည့္လိုက္ၿပီး အခန္းအျပင္သို႔ အလ်င္စလို ထြက္သြားသည္။ အိမ္ေတာ္ထိန္းဖုန္ကို ေတြ႕သည္ႏွင့္သူကေျပာသည္။ "ကြၽန္ေတာ္... ကြၽန္ေတာ္ သိပ္ေနလို႔မေကာင္းဘူး။ ယြီရွီျပန္လာေအာင္လို႔ နည္းလမ္းေလးမ်ား ရွာေပးလို႔ရမလား"

အိမ္ေတာ္ထိန္းဖုန္မွာ ထခုန္မိမတတ္ ထိတ္လန႔္သြားသည္။ သူက က်ဳံးဝမ္ကို စူးစမ္းစြာၾကည့္ေနသည္။ သူ႔မ်က္ႏွာမွာ ေဖ်ာ့ေတာ့လ်က္ မ်က္လုံးမ်ားက အသက္မပါလွ။ သူ တကယ္ကို ေနမေကာင္းျဖစ္ေနဟန္ရွိသည္။ ေၾကာက္႐ြံ႕ထစ္အစြာျဖင့္ အိမ္ေတာ္ထိန္းဖုန္ကေျပာသည္။ "ဘ-ဘယ္လိုလုပ္ၿပီး ျဖစ္ႏိုင္မွာလဲ။ သခင္ေလးရဲ႕ေဆးက သခင္ေလးမေသာက္ခင္ကတည္းက တျခားလူေတြနဲ႔ စမ္းသပ္ၿပီးသား။ သခင္ေလးရဲ႕အစားအစာေတြကလည္း ဆက္ခံသူနဲ႔ အတူတူပဲ။ ဘယ္လိုလုပ္ၿပီး... ဘယ္နားမွာ ေနလို႔မေကာင္းတာပါလဲ။ ကြၽန္ေတာ္ ေတာ္ဝင္သမားေတာ္ကို ေခၚလိုက္ပါ့မယ္"

"က်စ္႐ုန္ကို အရင္ေခၚေပး" က်ဳံးဝမ္က ႏူးညံ့စြာေျပာသည္။ "ကြၽန္ေတာ္ သူ႔ကိုမေတြ႕ရရင္ ေတာ္ဝင္သမားေတာ္ကို မေတြ႕ဘူး"

အိမ္ေတာ္ထိန္းဖုန္မွာ စိတ္ပူရလြန္းသျဖင့္ ႐ူးေတာ့မတတ္ပင္။ သူက လူတစ္ေယာက္ကို လႊတ္လ်က္ ယြီရွီအား ေခၚခိုင္းလိုက္ေတာ့သည္။

က်ဳံးဝမ္သည္ ပင္မခန္းထဲတြင္ထိုင္လ်က္ ေစာင့္ေနသည္။ ေမာပန္းႏြမ္းနယ္လ်က္ သူ႔ကိုယ္ကို စားပြဲေပၚသို႔မွီကာ ျပႆနာၾကားမွ သူ႔ကိုယ္သူ ႏွစ္သိမ့္ေနသည္။ ဒီလိုလည္း အဆင္ေျပပါတယ္။ ငါ သူ႔အတိတ္အေၾကာင္း သိပါတယ္လို႔ ယြီရွီကိုမေျပာခင္ ယြီရွီကအရင္ ငါ့အေၾကာင္းေတြ သိေတာ့မွာပဲ။

တစ္နာရီမျပည့္ခင္တြင္ ယြီရွီက ေအးစက္စက္ အေငြ႕အသက္မ်ား လႊမ္းၿခဳံလ်က္ ေတာ္ဝင္သမားေတာ္မ်ားကို ဦးေဆာင္ကာ ျပန္ေရာက္လာသည္။

တစ္ခ်က္ၾကည့္လိုက္႐ုံႏွင့္ က်ဳံးဝမ္ေနေကာင္းသည္ကို ယြီရွီသိလိုက္သည္။ ေအးစက္ေနေသာ မ်က္ႏွာျဖင့္ အေပၚ႐ုံကို သူခြၽတ္လိုက္သည္။ ေတာ္ဝင္သမားေတာ္မ်ားကို ဦးစြာအနားယူရန္ အမိန႔္ေပးလိုက္သည္။

ယြီရွီက အားလုံးကို အခန္းျပင္သို႔ ထြက္သြားခိုင္းလိုက္ၿပီး မ်က္လုံးမ်ားမွာ ေဒါသတို႔ျဖင့္ ျပည့္ေနသည္။ "မင္း ဘာလို႔ ညေနခင္းမွာ ဒီလိုႀကီးႀကီးက်ယ္က်ယ္ ျပႆနာရွာရတာလဲ။ မင္းႀကီးရဲ႕ ဝန္ႀကီးဌာနေတြက အဆင့္ျမင့္အရာရွိေတြအကုန္ ရွိေနတဲ့အခ်ိန္မွာ အိမ္ေတာ္ကလူေတြက ႐ုတ္တရက္ႀကီး ေရာက္လာၿပီးေတာ့ မင္းကဖ်ားေနၿပီး ငါ့ကိုေတြ႕မွ ေဆးေသာက္မယ္လို႔ လာေျပာတယ္။ မင္း... အဲ့ဒီအဆင့္ျမင့္အရာရွိေတြ ငါ့ကိုဘယ္လိုၾကည့္ခဲ့ၾကလဲဆိုတာ မင္းသိလား။ မင္းဘာလို႔ ေကာင္းေကာင္းမအိပ္ရတာလဲ။ ဘာအတြက္နဲ႔ ဒီလိုညဳတုတုလုပ္ေနရတာလဲ"

က်ဳံးဝမ္ ရယ္ခ်င္မိသည္။ သို႔ေသာ္ သူ႔ႏႈတ္ခမ္းမ်ားကို အနည္းငယ္သာ ေကြးၫြတ္ေစမိသည္။ အဆုံးတြင္မေတာ့ သူမရယ္ႏိုင္ေခ်။

က်ဳံးဝမ္ ဤေနရာတြင္ အခ်ိန္ၾကာျမင့္စြာထိုင္ရင္း သူလုပ္ႏိုင္စြမ္းရွိသည္တို႔ကို ပုံေဖာ္ႏွင့္ၿပီးျဖစ္သည္။ တိုတိုႏွင့္လိုရင္းကိုသာ အႏွစ္ခ်ဳပ္လ်က္ ထန္မင္ႏွင့္႐ႊမ္ေ႐ြ႕တို႔အေၾကာင္းကို ယြီရွီအား ေျပာျပလိုက္ေတာ့သည္။ ထို႔ေနာက္ သူကေျပာသည္။ "ဒီည ငါတို႔ ၿမိဳ႕ျပင္ကအိမ္ကို ဖ်က္ဆီးပစ္မွျဖစ္မယ္။ အ႐ုဏ္တက္တာနဲ႔ အဲ့ဒီလူအိုႀကီး ထြက္ေျပးသြားမွာကို ငါစိုးရိမ္မိတယ္"

ယြီရွီက မ်က္လုံးမ်ားကို အနည္းငယ္ေမွးလိုက္သည္။ "မင္းက တာ့လီခုံ႐ုံးက လူေတြကို တိတ္တိတ္ေလးငွားခ်င္တာလား"

"မဟုတ္ဘူး" က်ဳံးဝမ္ကေျပာသည္။ "လွ်ိဳ႕ဝွက္ေနစရာမလိုဘူး။ ငါ့ကိုသာ လူတခ်ိဳ႕ငွားလိုက္။ အခုအခ်ိန္မွာ နန္းေတာ္ထဲကို လူေတြဝင္လို႔ရေနေသးတာကို အခြင့္ေကာင္းယူၿပီး မင္းလွ်ိဳ႕ဝွက္စာရတယ္လို႔ မင္းႀကီးကို ေလွ်ာက္တင္လိုက္။ မသမာသူေတြ ခ်န္အန္းမင္းသားကို ဖမ္းထားတယ္ဆိုၿပီးေတာ့။ အရင္ဆုံးလုပ္စရာရွိတာ လုပ္ၿပီးမွ က်န္တာကို သတင္းပို႔မယ္လို႔။ သူတို႔ေတြကို လူေတြျဖန႔္ဝိုင္းခိုင္းၿပီး သုတ္သင္ရမယ္။ အဲ့လိုဆို... ဘာပဲျဖစ္ျဖစ္၊ ဒီကိစၥက မင္းနဲ႔မဆိုင္ေတာ့ဘူး"

အံ့အားသင့္လ်က္ ယြီရွီက က်ဳံးဝမ္ကို ၾကည့္ေနသည္။ သူကေျပာသည္။ "မင္းႀကီးက ဒါကိုယုံမယ္လို႔ မင္းထင္ေနလား။ သူေသခ်ာေပါက္ ႐ႊမ္ေ႐ြ႕ကို သံသယဝင္မွာပဲ။ ၿပီးေတာ့လည္း နည္းနည္းပါးပါး စုံစမ္းစစ္ေဆးၿပီးတာနဲ႔ ႐ႊမ္ေ႐ြ႕ၿမိဳ႕ေတာ္ကို ျပန္လာတယ္ဆိုတာ သိမွာပဲ။ ႐ႊမ္ေ႐ြ႕ကို သတ္တဲ့အထိ မဟုတ္ရင္ေတာင္... ႐ႊမ္ေ႐ြ႕က သူရဲ႕ဒုတိယအဆင့္မင္းသားဆိုတဲ့ ေနရာကို ထိန္းထားႏိုင္ေတာ့မွာမဟုတ္ဘူး"

"ငါသိပါတယ္" အေသြးအသားထဲထိ ႏြမ္းလ်စြာျဖင့္ က်ဳံးဝမ္က မ်က္ခုံးႏွစ္ဖက္ၾကားေနရာကို ပြတ္သပ္လိုက္သည္။ "ငါ အတတ္ႏိုင္ဆုံး ႀကိဳးစားခဲ့ၿပီးၿပီ..."

ယြီရွီ၏မ်က္လုံးတို႔ အနည္းငယ္တုန္လႈပ္သြားသည္။ သူတို႔သည္ အလြန္တရာ အေရးႀကီးလွေသာ အေျခအေနအလယ္သို႔ ေရာက္ရွိေနၾကသည့္တိုင္ ပီတီျဖာဘဝင္ခိုက္မႈမွာမႈ သူ႔ရင္ထဲသို႔ ဝင္ေရာက္လာခဲ့သည္။

က်ဳံးဝမ္အေနႏွင့္ ႐ႊမ္ေ႐ြ႕ကို တတ္စြမ္းသေ႐ြ႕ ကယ္တင္ဖို႔အတြက္ သူ႔ကိုအသုံးခ်ေနသင့္သည္ မဟုတ္လား။

အကယ္၍ သူေသသြားခဲ့လွ်င္ပင္ က်ဳံးဝမ္ႏွင့္ မည္သို႔သက္ဆိုင္သနည္း။

အကယ္၍ ယြီရွီသာ ဤကိစၥကို တိတ္တဆိတ္ေျဖရွင္းခဲ့လွ်င္ ႐ႊမ္ေ႐ြ႕သည္ အနည္းအက်ဥ္းေလးပင္ ပြန္းပဲ့မႈမရွိဘဲ လြတ္ေျမာက္ေပလိမ့္မည္။

သူ႔ကို ယခုကဲ့သို႔ ေဆာင္႐ြက္ေစလိုျခင္းသည္ က်ဳံးဝမ္အေနႏွင့္ သူပတ္သတ္ဆြဲသြင္းခံရမည္ကို စိုးရိမ္ေၾကာက္႐ြံ႕သည္ဟု ဆိုလိုသည္လား။

ယြီရွီသည္ က်ဳံးဝမ္ကို ဤကဲ့သို႔ ေမးၾကည့္ခ်င္လွသည္။ မင္းအတြက္ ငါက ႐ႊမ္ေ႐ြ႕ထက္ ပိုအေရးႀကီးလား။ မင္း႐ႊမ္ေ႐ြ႕ကို ပိုႀကိဳက္တာမဟုတ္ဘူးလား။

ယြီရွီတိတ္ဆိတ္ေနသည္ကို သတိထားမိလ်က္ က်ဳံးဝမ္က တြန႔္ဆုတ္ေနၿပီး ေျပာသည္။ "ဆက္ခံသူ... အဆင္ေျပရဲ႕လား"

ယြီရွီက မ်က္လုံးမ်ားကိုမွိတ္လ်က္ ေထြရာေလးပါးအေတြးတို႔ကို ဖယ္ထုတ္လိုက္သည္။ "အစီအစဥ္က သိပ္အေသးစိတ္မက်ဘူး။ ဆင္ေျခဖုံးကအိမ္ေတာ္မွာ လူဘယ္ႏွေယာက္ရွိတယ္ဆိုတာကို မင္းမသိဘူး၊ ငါလည္း မသိဘူး။ ဒါက သူတို႔ေထာင္ေခ်ာက္ထဲ ဝင္သြားသလို ျဖစ္မေနဘူးလား။ မင္းကမသိဘူး၊ ငါက ပိုလို႔ေတာင္မသိဘူး။ ၿပီးေတာ့လည္း သူတို႔အကုန္လုံးကိုဖမ္းဖို႔အတြက္ ငါ မင္းကို လူဘယ္ႏွေယာက္ေပးရမွာလဲ"

က်ဳံးဝမ္ ေတြေဝသြားသည္။

"ငါမင္းကို လူေတြအမ်ားႀကီးေပးလိုက္ရင္ မင္းငါ့ဆီက စာကိုကိုင္ထားရင္ေတာင္ ညႀကီးမွာ ၿမိဳ႕ေတာ္က ထြက္ဖို႔လြယ္မွာမဟုတ္ဘူး" ယြီရွီကေထ့ေငါ့သည္။ "ၿပီးေတာ့ရွိေသးတယ္။ မင္း ငါ့ကိုမင္းႀကီးဆီက အရင္ အာဏာငွားယူၿပီးမွ ႐ႊမ္ေ႐ြ႕ကိုျဖားေယာင္းတဲ့လူကို ဖမ္းေစခ်င္မွေတာ့ ဒီလိုႀကီးက်ယ္တဲ့ ေဆာင္႐ြက္မႈမ်ိဳးကို ငါ့ကိုေပးလုပ္သင့္တာ မဟုတ္ဘူးလား။ ငါ ဒီလိုပထမအဆင့္ ေအာင္ျမင္မႈမ်ိဳးကို လိုခ်င္တယ္"

"တကယ္ေတာ့ ငါမင္းႀကီးကို ေလွ်ာက္တင္ခ်င္ရင္ ငါကိုယ္တိုင္ သြားေနစရာေတာင္မလိုဘူး" ယြီရွီက သူ႔အေပၚ႐ုံကို က်ဳံးဝမ္ထံသို႔ ပစ္ေပးလိုက္သည္။ "ဝတ္လိုက္။ ငါမင္းနဲ႔အတူ ၿမိဳ႕ျပင္ေရာက္ေအာင္ လိုက္ခဲ့မယ္လို႔ မင္းရဲ႕ေခြးကိုေျပာလိုက္"

က်ဳံးဝမ္ ျပန္မေျဖရေသးခင္ ယြီရွီက သူ႔ကိုေလးေလးနက္နက္ စိုက္ၾကည့္လာသည္။ သတ္ျဖတ္လိုစိတ္မ်ားက မ်က္ဝန္းမ်ားတြင္ ကိန္းေအာင္းေနသည္။ "အေရးႀကီးဆုံးကေတာ့... မင္းနဲ႔ပတ္သတ္တာတဲ့ ကိစၥေတြပဲ။ ငါ ႐ႊမ္ေ႐ြ႕ကို ကိုယ္တိုင္ေမးရမဲ့ ကိစၥေတြရွိတယ္"

17.10.2021

Thanks for reading                                                                                                                                                                                                                                                                                           

Continue Reading

You'll Also Like

583K 92.6K 198
I don't own this story.I just translate it.So, credit to original author. Chinese Name- 小人鱼 Author- Du lai E Tran- N/A Genre- Comedy,shounen ai,Yaoi ...
49K 5.7K 20
Ruan Yan အလုပ်အသစ်မှာ CEO ကို အရပ်ရှည် ချမ်းသာပြီးခန့်ညားမယ်လို့မျှော်လင့်ထားတယ်။ အရေးကြီးတာ 'Mary Sue' ဖြစ်ဖို့ပေါ့။ ဒါပေမယ့် ဇာတ်လမ်းက သူမျှော်လင့...
524K 97K 70
Author: Fly Far, 向远飞 Genre: Action, Comedy, Fantasy, Mecha, Romance, Sci-fi, Shounen Ai, Xuanhuan Status: 63 chapters + 4 extras Associated Name: 拜我...
293K 56.1K 89
Author - Cyan Wings ( 青色羽翼 ) Chapters - 42 + 5 extras ( completed ) I do not own this story . All credit goes to original authors.