ထိုနှစ်များမှာ မြတ်နိုးဖွေရှာ

By Vera-Yu

374K 65.3K 4.7K

Original Title : 当年万里觅封侯 English Title : Those Years in Quest of Honor Mine Original Author : Man Man He Qi... More

Description
Prologue
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68
Part 69
Part 70
Part 71
Part 72
Part 73
Part 74
Part 75
Part 76
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
Part 88
Part 89
Part 90
Part 91
Part 92
Part 93
Part 94
Part 95
Part 96
Part 97
Part 98
Part 99
Part 100
Part 101
Part 102
Part 103
Extra 1
Extra 2

Part 54

2.4K 566 12
By Vera-Yu

Unicode

လင်စစ်ထွက်သွားသည်ကိုကြည့်လျက် ကျုံးဝမ် သက်ပြင်းချမိသည်။

လင်စစ်တစ်ယောက် ခြေရာဖျောက်သွားပြီးနောက်တွင် ရွှမ်ကျင်းမှာ မြို့တော်တစ်ခုလုံးကို မြေလှန်၍ အိမ်တော်တိုင်းတွင် လင်စစ်အား ပြောင်ပြောင်ထင်းထင်း ရှာဖွေခဲ့သည်။ လင်စစ်ကိုပြန်ဖမ်းယူ၍ ခေါ်သွားမည်ဟုပင် ကြုံးဝါးထားသေးသည်။ ဤနောက်ကွယ်တွင် မရှင်းလင်းသော ခံစားချက်များမရှိနိုင်ဟု ကျုံးဝမ်မထင်။ သူသက်ပြင်းချမိသည်။ တစ်ယောက်ယောက်အား တွယ်ကပ်နေရသော ခံစားချက်ကို လင်စစ်တစ်ယောက် သေချာပေါက် နားလည်နိုင်မည်မဟုတ်ပေ။

ဤသည်မှာ... ဗိုက်ပြည့်နေသော လူတစ်ယောက်က ဗိုက်ဆာနေသောလူ၏ ဆာလောင်မှုကို နားမလည်နိုင်သကဲ့သို့ပင်။

ဤတစ်နေ့အတွင်းတွင် ကျုံးဝမ်မှာ အပျော်ကြီးပျော်ရလျက် အဝမ်းနည်းကြီး ဝမ်းနည်းခဲ့ရသည်။ လင်စစ်ကို ပြန်လွှတ်ပြီးနောက်တွင် အဝတ်များကို တင်းတင်းဆွဲလျက် ခုတင်ပေါ်တွင် သူလှဲလိုက်သည်။ ကနဦးတွင် အနည်းငယ် အနားယူရန်သာ ရည်ရွယ်ထားသော်ငြား မျက်လုံးပိတ်လိုက်သည်နှင့် သူအိပ်ပျော်သွားတော့သည်။

ကျုံးဝမ် အေးအေးချမ်းချမ်း မအိပ်ခဲ့ရ။ အိပ်တစ်ဝက်၊နိုးတစ်ဝက်ဖြစ်လျက် အိပ်မက်စမက်လေတော့သည်။

နန်းတော်တွင် ရွှမ်ရွေ့၏စာဖတ်ဖော် ဖြစ်ခဲ့စဉ်ကအကြောင်းကို သူမြင်မက်နေသည်။ ထိုအချိန်က သူနှင့်ရွှမ်ရွေ့ကြားတွင် နားလည်မှုလွဲခြင်းများ မရှိခဲ့သေး။ နေ့စဉ်နေ့တိုင်း သူတို့နှစ်ဦးမှာ နေရာတိုင်းသို့ အတူသွားလာခဲ့ကြသည်။ ရွှမ်ရွေ့မှာ သူ့နောက်သို့ အမြဲတစ်ကောက်ကောက် လိုက်နေခဲ့သည်။ အခြားသူများနှင့်ရှိလျှင် သူ့အား နာမည်တပ်ခေါ်သော်လည်း အခြားသူများ မရှိလျှင် ကျုံးဝမ်အား 'အစ်ကိုတော်'ဟု ခေါ်လေ့ရှိသည်။

သူ၏အခြားအိပ်မက်မှာ မင်းသားနင်၏ သစ္စာဖောက်သည့် အမှုအကြောင်းဖြစ်သည်။ သူသည် ထောင်ထဲတွင် ပိတ်လှောင်ခံရလျက် နေ့စဉ်အစစ်ဆေးခံခဲ့ရသည်။

တစ်ဖန် ယွီရှီ၏ကယ်ဆယ်မှုကိုခံရပြီး အရံခြံဝန်းထဲသို့ ရောက်သွားချိန်ကို အိပ်မက်မက်ပြန်သည်။ ဖျားဟန်ဆောင်လျက် သူငယ်စဉ်ကတည်းက ကုသပေးခဲ့သော တော်ဝင်သမားတော်ကြီးကို ပင့်ဖိတ်နိုင်ခဲ့စဉ်ကဖြစ်သည်။

တော်ဝင်သမားတော်ကြီးမှာ မင်းသားနင်ကို ငယ်စဉ်ကတည်းက ပြုစုကုသပေးခဲ့ပြီး ထို့နောက်တွင် ကျုံးဝမ်၊ ရွှမ်ရွေ့နှင့် အမွှာလေးနှစ်ယောက်တို့အား ကြည့်ရှုပေးခဲ့သည်။ သူသည် မင်းသားနင်အိမ်တော်၏ အယုံကြည်ရဆုံး လက်အောက်ငယ်သားဖြစ်ခဲ့သည်။

မင်းသားနင်သေဆုံးပြီးနောက် အခြေအမြစ်မရှိသော စွပ်စွဲချက်များကြောင့် သမားတော်ကြီးမှာ တော်ဝင်ကုသရေးဌာနမှ ထုတ်ပယ်ခြင်းခံခဲ့ရသည်။ ထိုအချိန်က မင်းသားနင်ကို ထောက်ခံသောလူများကို ချုံအန်းမင်းကြီး ရှင်းထုတ်နေချိန်ဖြစ်သည်။ သမားတော်ကြီး အသက်ရှင်နေသည်ကပင် ကံကောင်းလှချေပြီ။ ကျုံးဝမ်မှာ သူ့ကိုတွေ့ရရန်အလို့ငှာ ဖျားချင်ဟန်ဆောင်ခဲ့သည်။ သမားတော်ကြီးမှတစ်ဆင့် ရွှမ်ရွေ့နှင့်ပုရောဟိတ်ရှီတို့ထံ ဆက်သွယ်နိုင်ခဲ့သည်။

ချုံအန်းမင်းကြီးက ရွှမ်ရွေ့အား အသက်ချမ်းသာပေးလိုက်သည့်တိုင် သူသည် မင်းသားနင်၏ အကြီးဆုံးသား ဖြစ်နေသေးသည်။ သူက တစ်နေ့ပြီးတစ်နေ့ အသက်ကြီးလာနေသည်။ တစ်နေ့တွင် ချုံအန်းမင်းကြီးအတွက် သူသည် ဆူးညှောင့်တစ်ခု ဖြစ်လာမည်မှာ မလွဲပေ။

ဤမင်းဆက်၏ ပထမအဆင့်မင်းသားတို့အနက် အချို့မှာ သူတို့၏အစ်ကိုတော် နန်းတက်ပြီးနောက် ချမ်းသာကြွယ်ဝသော မင်းသားများဖြစ်လာရန်အလို့ငှာ မြို့တော်တွင် နေခဲ့ကြသည်။ အခြားမင်းသားတို့မှာ မင်းကြီးနှင့်ဆက်ဆံရေးအပေါ် မူတည်လျက် အသက်ပြည့်လျှင် ဘွဲ့ထူးကိုယ်စီချီးမြှင့်ခံရကာ ချမ်းသာလာခြင်း မဟုတ်လျှင် ကံမကောင်းသော နယ်မြေအပိုင်စား မင်းသားများသာ ဖြစ်လာကြသည်။ ရွှမ်ရွေ့မှာ ဤစံသတ်မှတ်ချက်များနှင့် တစ်ခုမှ ကိုက်ညီခြင်းမရှိခဲ့။ သူသည် မျက်နှာသာပေးခံရခြင်းမျိုး မရှိသကဲ့သို့ အသက်လည်း မပြည့်သေးပေ။ သို့သော် အဝေးရှိနယ်မြေတစ်ခုကို သူ့အား အပိုင်စားပေးခဲ့လျှင်ကောင်းမည်ဟု ကျုံးဝမ်တွေးခဲ့သည်။ ထိုမြေသည် အလွန်ကောင်းရန်မလို၊ အဝေးတွင်ရှိနေသရွေ့ အဆင်ပြေသည်။

ပုရောဟိတ်ရှီအားတောင်းဆိုရန် သမားတော်ကြီးကို သူပြောခဲ့သည်။ ပုရောဟိတ်ကြီးသည်လည်း ဤသည်မှာ အကောင်းဆုံးအစီအစဉ်ဖြစ်သည်ဟု ယုံကြည်ခဲ့သည်။ ရွှမ်ရွေအား စောစီးစွာအဝေးသို့ပို့ရန် ကျုံးဝမ်ကိုယ်စား မင်းကြီးထံတွင် သူတောင်းဆိုပေးလိုလားခဲ့သည်။

ရွှမ်ရွေ့အား နယ်မြေပိုင်မင်းသားအဖြစ် အမိန့်တော်စာ ထွက်လာပြီးနောက်တွင် ကျုံးဝမ်လေးမှာ လုံးလုံးစိတ်အေးသွားရတော့သည်။ ကိစ္စများ အဆင်တပြေ ဖြစ်သွားခဲ့ပြီဟု သူတွေးခဲ့သည်။ ကလေးများ မြန်နိုင်သမျှမြန်မြန် မြို့တော်မှ ထွက်သွားနိုင်စေရန် ဆုတောင်းလျက် နေ့ရက်များကို သူရေတွက်နေခဲ့သည်။

ထို့နောက်တွင်မတော့...

ကျုံးဝမ်၏နှလုံးသားထဲတွင် မွန်းကျပ်နေသည်။ အိပ်နေရင်း သူသက်ပြင်းရှည်ကြီးတစ်ခု ချလိုက်မိသည်။

သူ့အိပ်မက်ထဲတွင် သမားတော်ကြီးမှာ သူ့နားထဲသို့ မုန်းချင့်စဖွယ် တီးတိုးပြောနေသံကို သူကြားနေရသည်။

"အရှင့်သားက ဘယ်လိုလုပ်ပြီး သစ္စာဖောက်ဖြစ်မှာလဲ"

"မင်းသားယွီက ဒီနှစ်တွေမှာ မင်းကြီးအတွက် အကျင့်ပျက်ကိစ္စတွေ လုပ်နေတာ။ ဒီလူက တော်တော်အဆိပ်ပြင်းတယ်။ ဒီအခြေအနေက သေချာပေါက်ကို သူနဲ့ပတ်သတ်ရမယ်"

"တစ်ခုခုတော့ မှားနေပြီ။ အားလုံးက အရမ်းတိုက်ဆိုင်နေလွန်းတယ်ဆိုပေမဲ့ ထီးနန်းကို လက်လွှတ်ရလုနီးပါး ဖြစ်ခဲ့တာကို မင်းကြီးက ရုတ်တရက် ပြန်သတိရသွားလို့လားဆိုတာ ဘယ်သူသိမှာလဲ။ သူက အဲ့အချိန်ကတည်းက အခဲမကျေဖြစ်နေတာဆိုတော့ အခွင့်အရေးရတုန်း မြန်မြန်တုံ့ပြန်လိုက်တာပဲ"

"ဒီလူတွေရဲ့ ပုန်လျှိုးကွယ်လျှိုးအကြံတွေကြောင့်သာ အရှင့်သား ဒုက္ခရောက်ခဲ့ရတာ..."

"ကလေးတွေ မြို့တော်က မကြာခင် ထွက်သွားနိုင်လိမ့်မယ်။ သူတို့ထွက်သွားပြီဆိုတာနဲ့ မြို့တော်မှာ ဖြစ်ပျက်သမျှကို တာဝန်ခံစရာ လိုမှာမဟုတ်တော့ဘူး"

"သခင်လေးနဲ့ကျွန်တော် နှစ်ယောက်စလုံးက မင်းသားနင်ဆီမှာ အကြွေးတင်နေကြတယ်။ သူ့အတွက် လက်စားမချေပေးချင်ဘူးလား"

"အရှင့်သားအတွက်ဆို ကျွန်တော်ကတော့ သေမင်းဆီကိုတောင် အရောက်လှမ်းရဲတယ်။ သခင်လေးကရော ဘယ်လိုလဲ။ အရှင့်သားက သခင်လေးရဲ့မွေးစားအဖေနော်။ သူ့ကြောင့်သာမဟုတ်ရင် လွန်ခဲ့တဲ့နှစ်တွေမှာ သခင်လေး ကောင်းကောင်းနေခဲ့ရပါ့မလား။ သခင်လေး အခုချိန်အထိ အသက်ရှင်နေနိုင်မှာလား"

"သခင်လေး မင်းသားနင်ကို မတွေ့နိုင်ဘူးဆိုပေမဲ့ မင်းသားနင်ရဲ့ဆက်ခံသူကိုတော့ နေ့တိုင်းတွေ့နေရတာပဲ မဟုတ်ဘူးလား။ သခင်လေးအပေါ်မှာ... သူက လုံးဝမသင်္ကာမဖြစ်ဘူး"

"ယွီရှီက မင်းသားယွီရဲ့ တစ်ဦးတည်းသော တရားဝင်သား။ မင်းကြီးရဲ့ တရားမဝင်သားဆိုတဲ့ ကောလာဟလတွေလည်း ရှိတယ်။ ဘာပဲပြောပြော ဟုတ်ဟုတ်မဟုတ်ဟုတ် ယွီရှီက သူတို့နှစ်ယောက်အတွက် အရမ်းကို အဖိုးတန်နေတုန်းပဲ..."

"သူ မင်းသားနင်ကို မထိခိုက်စေခဲ့ရင်တောင် ဘာဖြစ်လဲ။ သူက သနားစရာကောင်းတယ်ဆိုပေမဲ့ မင်းသားနင်ရဲ့ကလေးတွေကရော သနားစရာ မကောင်းလို့လား။ ကလေးငယ်လေးတွေက အပြစ်ကင်းပေမဲ့ သူတို့အပေါ်မှာလည်း သက်ရောက်မှုက အတူတူပဲ မဟုတ်ဘူးလား"

"သခင်လေးက ဒီအတွက်လည်း ဆင်ခြေပေးနေပြန်ပြီလား။ သခင်လေး သတိထားပြီးလုပ်ရင် သခင်လေးရဲ့ အသက်ကိုလည်း ကယ်တင်နိုင်လိမ့်မယ်"

"ဒါအဆိပ်ပဲ..."

"ဒါအဆိပ်ပဲ..."

"ဒါအဆိပ်ပဲ..."

ကျုံးဝမ်၏နဖူးထက်တွင် ချွေးသီးများကျလာသည်။ သူ နိုးထလာချင်သော်လည်း အိပ်မက်ဆိုးတို့က သူ့အားလှောင်ပိတ်ထားခဲ့သည်။ သရဲတစ်ကောင်၏အသံနှယ် အသံတစ်ခုသည် သူ့နားထဲတွင် အခါမလပ် တီးတိုးပြောဆိုနေသည် : ဒါအဆိပ်ပဲ။

"အစကတည်းက ဒီနေရာကနေ ထွက်သွားဖို့ သခင်လေး စီစဉ်ထားတာ မဟုတ်ဘူးလား။ ဒီနေရာကနေ ထွက်သွားပြီး ချန်အန်းကိုသွားဖို့အတွက် ကျွန်တော့်ကို မြေပုံဆွဲခိုင်းပြီး လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပြင်ခိုင်းထားတာ မဟုတ်ဘူးလား"

"ဘာနေနေ သခင်လေးထွက်သွားမှာပဲ။ ဘာကိုမှ ကြောက်နေစရာမလိုဘူး။ သခင်လေးမထွက်သွားခင် ဒီအဆိပ်ကိုသုံးလိုက်။ ယွီရှီသောက်လိုက်တာကို ကြည့်ပြီးရင် ထွက်လာခဲ့တော့..."

"ဒီအဆိပ်က အစွမ်းပြဖို့ အချိန်အကြာကြီးကြာတယ်။ သခင်လေး ထွက်သွားဖို့အတွက် အချိန်လုံလောက်တယ်။ သခင်လေး မြို့တော်က ထွက်သွားပြီးရင် ယွီရှီကို အဆိပ်တက်လာလိမ့်မယ်။ သခင်လေးအနေနဲ့ လက်စားချေနိုင်ရုံတင်မကဘူး၊ အဖမ်းခံရမှာတောင် မဟုတ်ဘူး"

"သခင်လေးကို သူတို့ဖမ်းချင်ရင်တောင် ကောင်းကင်ကြီးက မျက်စိတစ်ဆုံး ရှိပြီးတော့ ပင်လယ်တွေက ကျယ်ပြန့်လွန်းတယ်။ သခင်လေး သွားနှင့်တာကြာပြီ။ သူတို့ ဘယ်သူ့ကိုဖမ်းနိုင်မှာလဲ"

"အဆိုးဆုံးအခြေအနေမှာဆိုရင် သခင်လေး ချန်အန်းကို အရင်ပြန်မလာနဲ့ပေါ့။ ဒီလူတွေက အရှင့်သားကို ဒီလောက်ပြဿနာတွေပေးထားတာ။ သူတို့ကို မုန်းတဲ့စိတ်လေးများ မရှိဘူးလား"

"မင်းသမီးကြီးအန်းကောက တင်းတင်းကြပ်ကြပ် ကာကွယ်ထားလို့ ယွီရှီကို အဆိပ်ခတ်ဖို့၊သတ်ဖို့ အရမ်းခက်နေတာသာ မဟုတ်ခဲ့ရင် ကျွန်တော်ကပဲ လုပ်လိုက်တယ်။ သခင်လေးကို ဘာလို့များ အနူးအညွတ် တောင်းဆိုနေဦးမလဲ"

"ယွီရှီက သခင်လေးကိုဆို နည်းနည်းလေးမှ မယုံကြည်တာမျိုး မရှိဘူး။ သူခံရသင့်တယ်"

"မင်းသားနင် သခင်လေးကို ဘယ်လောက်ကောင်းကောင်း ဆက်ဆံခဲ့လဲဆိုတာ မမေ့ပါနဲ့..."

"သခင်လေး မထွက်သွားခင် ဒီအဆိပ်ကို သူစားမဲ့ထဲ ရောထည့်လိုက်။ သူ့ကို ကုန်အောင် စားခိုင်းလိုက်။ သေချာမှတ်ထား၊ သေချာမှတ်ထား..."

"မြို့တော်က ထွက်သွားပြီးရင် မကြာခင်မှာပဲ သူ အဆိပ်ကြောင့် သေသွားပြီဆိုတဲ့ သတင်းကို သခင်လေး ကြားရလိမ့်မယ်..."

ယွီရှီအဆိပ်မိ၍ သေဆုံးသွားသည်။

ကျုံးဝမ် ဆတ်ခနဲ ထထိုင်လိုက်မိသည်။ သူ့အတွင်းဝတ်မှာ ချွေးများဖြင့် ရွဲရွဲစိုနေလေပြီ။ နေဝင်ချိန်သို့ ရောက်နေသော်လည်း အခန်းတွင်း၌ မီးအိမ်များကို မထွန်းညှိရသေး။ ခေတ္တကြာအောင် သူဘယ်ရောက်နေလဲဆိုသည်ကို သူမမှတ်မိနိုင်။

သူ့မျက်ခုံးကြားနေရာကို ဖိညှစ်လျက် အသက်ပြင်းပြင်း ရှူလိုက်မိသည်။ သူ ကိုယ့်ကိုယ်ကို နှစ်သိမ့်လိုက်သည်။ "ဘာမှမဖြစ်ဘူး၊ ဘာမှမဖြစ်ဘူး..."

ထိုနေ့က ကျုံးဝမ် အဆိပ်ကို မသုံးခဲ့။

ထိုသို့လည်း မဟုတ်ပြန်။ သူသုံးခဲ့သည်၊ သို့သော် သမားတော်ကြီး ပေးသည့်အရာတော့မဟုတ်။ အိပ်ဆေးအနည်းငယ်မျှကိုသာ သုံးခဲ့ခြင်းဖြစ်သည်။

သူထွက်လာခဲ့သည့်ညတွင် ယွီရှီ အာရုံမရှိချိန်၌ ကျုံးဝမ်မှာ သူ့သေရည်ခွက်ထဲသို့ အိပ်ဆေးမှုန့်များ ထည့်ခဲ့သည်။ ယွီရှီမှာ ဘာကိုမှ သတိမထားမိဘဲ သေရည်ကို သောက်ခဲ့သည်။

ထိုညကို ကျုံးဝမ် ပြန်တွေးမိတိုင်း သူ ရင်ထဲတွင် တလှပ်လှပ်ဖြစ်မိသည်။ သူသာ ထိုအချိန်က အဆိပ်ထည့်လိုက်လျှင်။

ကျစ်ရုန်လေးသည် သူ့ကို အနည်းအကျဉ်းလေးပင် သံသယမဝင်ခဲ့။ သူ ထိုအဆိပ်တို့ကိုလည်း မျိုချလိုက်မည်သာ။

သူ အဆိပ်မခတ်မိခဲ့၍ မည်မျှကံကောင်းလိုက်သနည်း။

ယခုပြန်တွေးကြည့်လျှင် ယွီရှီကို အဆိပ်ခတ်ရန် ကျုံးဝမ်အတွက် သမားတော်ကြီး၏ အစီအစဉ်မှာ အလွန်ပင် ရိုးစင်းလွန်းလှသည်။ သို့သော် သူသာ ယွီရှီကို အမှန်တကယ် အဆိပ်ခတ်ဖြစ်ခဲ့လျှင် နောက်ဖြစ်လာမည့် အကျိုးဆက်များမှာ မည်သို့ရိုးစင်းနိုင်မည်နည်း။

သူလုပ်ကြောင်း ဝန်ခံလျက် တစ်ယောက်တည်း အပြစ်များအားလုံးကို ခံယူလျှင်ပင် ချုံအန်းမင်းကြီးအနေနှင့် မင်းသားနင်၏ မျိုးဆက်များကို အပြစ်မတင်ဘဲ နေမည်လား။

ချုံအန်းမင်းကြီး၏ ဟုန်းဟုန်းတောက် ဒေါသတို့အောက်တွင် ချန်အန်းတစ်ခုလုံးကို ယွီရှီနှင့်အတူတူ မြှုပ်နှံလိုက်နိုင်သည်။

သို့သော် မကျေမချမ်းဖြစ်မှုနှင့် လက်တုံ့ပြန်ချင်မှုတို့ လောင်မြိုက်နေချိန်တွင် လူအားလုံးတို့သည် ဆောက်တည်ရာမရ ဖြစ်ကြကုန်သည်။

ကျုံးဝမ် မြို့တော်မှ ထွက်ပြီးမကြာခင် သမားတော်ကြီးသည်လည်း မြို့တော်မှ ထွက်လာခဲ့သည်။ ထို့အပြင် သူက ကျုံးဝမ်ထက်ပင်စောလျက် ချန်အန်းသို့ ရောက်ခဲ့သေးသည်။

ယနေ့အချိန်ထိတိုင် ရွှမ်ရွေ့ငယ်လေးအား သမားတော်ကြီး မည်သည့်စကားတို့ကို ပြောထားသည်ကို ကျုံးဝမ်မသိသေး။ သို့တိုင်အောင် လေဒဏ်မိုးဒဏ်တို့ကို ကြံ့ကြံ့ခံလျက် သူ ချန်အန်းသို့ ရောက်ပြီးနောက်တွင် ရွှမ်ရွေ့က သူ့အား 'အစ်ကိုတော်'ဟူ၍ ထပ်မခေါ်တော့။

ရွှမ်ယွီနှင့်ရွှမ်စုန်ရှင်းတို့သည် ထိုအခါက ကလေးများသာ ရှိကြသေးသည်။ သူတို့ကြီးပြင်းလာပြီးနောက်တွင် ကျုံးဝမ်မှာ တစ်ခါက မင်းသားနင်၏ မွေးစားသားဖြစ်ခဲ့သည်ကို မသိခဲ့ရတော့။

ကျုံးဝမ်သည်လည်း ထိုအကြောင်းကို ထပ်မပြောတော့။

သူသည် မင်းသားနင်နှင့်ကြင်ယာတော်နင်တို့၏ ချီးမြှင့်သနားခဲ့မှုများကို ပြန်လည်ပေးဆပ်နေခြင်းသာဖြစ်သည်။ ကလေးတစ်ယောက်က သူ့အား အစ်ကိုအဖြစ် သဘောထားသည်ဖြစ်စေ၊ အကြံပေးအဖြစ် သဘောထားသည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်ဖြစ် သူဂရုမစိုက်။

နှစ်နှစ်အတွင်းတွင် သမားတော်ကြီးမှာ ချန်အန်း၌ပင် ကွယ်လွန်ခဲ့သည်။ ကျုံးဝမ်အားခေါ်သည့် အခေါ်အဝေါ်မှလွဲလျှင် ရွှမ်ရွေ့မှာ ယခင်ကအတိုင်းသာဖြစ်သည်။ တဖြည်းဖြည်းနှင့် ဤကိစ္စဟောင်းသည် လူတိုင်း၏ရင်ထဲတွင် အနည်ထိုင်လာတော့သည်။

ယနေ့အရှုပ်အထွေးမျိုးဖြစ်အောင် ထန်မင်က မွှေနှောက်ခဲ့ခြင်းသာ မဟုတ်လျှင် ကျုံးဝမ် ကိုယ်တိုင်ပင်လျှင် မေ့လျော့နေပေတော့မည်။

ထိုအချိန်က သူ ကိုယ့်ကိုယ်ကို ယုံကြည်မှု လွန်ကဲမနေသင့်။ သူ ချန်အန်းသို့ ပြန်ရောက်သည်နှင့် ရွှမ်ရွေ့အား ကောင်းကျိုး၊ဆိုးကျိုးများ ပြောပြခဲ့လျှင် ရွှမ်ရွေ့ နားလည်နိုင်ခဲ့လောက်သည်။

ကျုံးဝမ်အနေနှင့် 'အစ်ကိုတော်'ဟူ၍ အခေါ်ခံချင်စိတ် ပြင်းပြနေသည်မဟုတ်။ သို့သော် သူတို့နှစ်ဦးကြားတွင် အငြှိုးအတေးများ မရှိခဲ့လျှင် ကိစ္စများသည် အလွန်လွယ်ကူနေခဲ့လိမ့်မည်။

ဥပမာအားဖြင့် ထိုင်းမှိုင်း၍ ချီတုံချတုံဖြစ်နေတတ်သော ရွှမ်ရွေ့၏ပုံကိုမြင်ရလျှင် သို့မဟုတ် ကြောက်ရွံ့လျက် တိုးတက်မှုကို လိုလားသော စိတ်ဆန္ဒမရှိခဲ့လျှင် ကျုံးဝမ်အနေနှင့် အစ်ကိုကြီးတစ်ယောက်ကဲ့သို့ ပြုမူကာ သူ့အားရိုက်နှက်လျက် ပြုပြင်ပေးခဲ့မည်ဖြစ်သည်။

ဥပမာအားဖြင့် နေမကောင်းဖြစ်ဟန်ဆောင်ရန်အလို့ငှာ ဆေးသောက်ဖို့ကို ရွှမ်ရွေ့အား နားချရန်မှာ အလွန်ခက်ခဲမည်မဟုတ်။

သို့မဟုတ် ဥပမာအားဖြင့်...

ဝေးလံသော ချန်အန်း၌ရှိနေသည့် ရွှမ်ရွေ့တစ်ယောက် ထန်မင်၏စကားတို့ကို လွယ်လင့်တကူ နားယောင်နေမိမလားဆိုသည်ကို ကျုံးဝမ် စိတ်ပူဖို့မလိုတော့။

သို့သော် ကျုံးဝမ်မှာ ထိုအချိန်က ငယ်လွန်းခဲ့သည်။ တရားမျှတရေးဌာန၏ အချုပ်ခန်းထဲတွင် သုံးလကြာအောင် နေခဲ့ရသည့်တိုင် သူ၏တရွတ်ထိုးဆန်မှုနှင့် မာနတို့မှာ လျော့ပါးမသွားခဲ့သေး။ ချန်အန်းသို့ ကျုံးဝမ်ရောက်သွားသည့်နေ့မှာ သူ၏ဆယ့်ခုနစ်နှစ်မြောက် မွေးနေ့တွင် ဖြစ်သည်။ မျက်ဝန်းတလက်လက်ဖြင့် ရွှမ်ရွေ့တစ်ယောက် သူ့အား 'ကျုံးဝမ်'ဟုခေါ်ခဲ့ချိန်၊ သမားတော်ကြီးမှ သူ့အား သတိကြီးသည့် မျက်ဝန်းများဖြင့် 'သေခြင်းကိုကြောက်လျက် သစ္စာမရှိ' ဟူသော အဓိပ္ပာယ်ဖြင့် ကြည့်နေခဲ့ချိန်တွင် ကျုံးဝမ်မှာ သူ၏နှုတ်ခမ်းပါးတို့ကို တင်းတင်းပိတ်လျက် ဒေါသတို့ကို မျိုသိပ်ခဲ့ရသည်။ သူ ဘာကိုမှမရှင်းပြခဲ့တော့။

ရှင်းပြစရာ အဘယ်မှာနည်း။ သစ္စာရှိမှုကို ကောင်းကင်နှင့် ပထဝီမြေကြီးတို့ကသိသည်။ ကောင်းကင်တွင် သူ၏ဖခင်နှင့်မိခင်တို့ သိသည်၊ မင်းသားနင်နှင့် ကြင်ယာတော်နင်တို့လည်းသိသည်။ သူသည် ငယ်ရွယ်တော့သည်မဟုတ်။ ဤမွေးနေ့ပြီးလျှင် သူလူကြီးဖြစ်ချေပြီ။ ကလေးတစ်ယောက်နှင့် အရူးအိုကြီးတစ်ယောက်အား ရှင်းပြရန် အဘယ်မှာ လိုလိမ့်မည်နည်း။

ကျုံးဝမ် ကိုယ့်ကိုယ်ကို လှောင်ရယ်လိုက်သည်။ မည်သူကတော့ တစ်ချိန်က ရဲရင့်ပြီးမာနကြီးသည့် လူငယ်တစ်ဦး မဖြစ်ခဲ့သနည်း။

သူ နောင်တပြုပြင်ဆေး သောက်၍မရ။ ပြင်၍ရနိုင်ခဲ့လျှင် သူ ချန်အန်းသို့ ပြန်ရောက်သည့်နေ့တွင် ရွှမ်ရွေ့၏သံသယဝင်ခြင်းကို ခံရမည်ဆိုလျှင်တောင် ဤသည်းခံနိုင်ဖွယ်မရှိသော သမားအိုကြီးကို ဦးစွာသတ်ပစ်မိလိမ့်မည်။ ထို့နောက်တွင်မူ ဤနောက်ပိုင်းကိစ္စတို့ ဖြစ်လာလိမ့်မည်မဟုတ်...

ကျုံးဝမ်၏လည်ချောင်းထဲတွင် ယားယံနေသည်။ သူချောင်းစဆိုးတော့သည်။

သူ့နဖူးကို သူစမ်းလိုက်သည်။ အနည်းငယ် နွေးနေဟန်ပင်။

တစ်နေကုန် လှုပ်ရှားနေပြီးနောက်တွင် သူ တစ်ဖန်ထပ်ဖျားတော့မည့်ဟန်ရှိသည်။

ကျုံးဝမ် မစွန့်စားရဲ။ အိပ်ခန်းအပြင်သို့ထွက်ကာ တံခါးကို သူတွန်းဖွင့်လိုက်သည်။ ထို့နောက် သူ ဖျားနေလောက်ကြောင်းကို အိမ်တော်ထိန်းဖုန်အား ပြောပြရန် ခြံဝန်းထဲရှိ အစေခံကို အမိန့်ပေးလိုက်သည်။

ကျုံးဝမ်မှာ အိပ်ခန်းထဲသို့ပြန်လာပြီး မီးအိမ်လေးကို ထွန်းညှိလိုက်သည်။ ခုတင်ပေါ်တွင်လှဲလျက် အလွန်စိတ်ဖိစီးနေမိသည်။ အဖျားပျောက်အောင် ဆေးမြန်မြန်သောက်နိုင်လျှင်ကောင်းမည်။ နောက်ဆုံးတွင်တော့ မင်းသားယွီအိမ်တော်သို့ရောက်အောင် သူ ဇွတ်အတင်း ဝင်ရောက်နိုင်ခဲ့လေပြီ။ သူနေနိုင်မည့်ရက်များ မည်မျှကျန်ဦးမည်ကို သူမသိ။ သူ့အဖျားကြောင့် အချိန်နှောင့်နှေးခဲ့ရလျှင် နှမြောဖွယ်ကောင်းပေမည်။

သူနေမကောင်းဖြစ်လျှင် အိမ်တော်ထိန်းဖုန်က ယွီရှီအား သူ့ထံလာတွေ့ရန် ခွင့်ပြုမည်လား ဆိုသည်မှာ မသေချာ... မင်းသားငယ်ယွီသည် အဖိုးတန်၍ အရေးပါလှသည်။ သူ အဖျားကူးသွားလျှင် ကောင်းမည်မဟုတ်။

ကျုံးဝမ် တစ်ခုခုကို တွေးလိုက်မိသည်။ သူ့ရင်ထဲတွင် အမုန်းတရားများ ပေါ်ပေါက်လာတော့သည်။

သူနေမကောင်းဖြစ်ခဲ့လျှင် အနမ်းများရတော့မည်မဟုတ်။

ကျုံးဝမ်၏ခေါင်းသည် ပူသထက် ပူလာခဲ့သည်။ ခေါင်းထဲတွင် ခပ်ထွေထွေဖြစ်လျက် သူတွေးနေမိသည်။ တစ်ခါနမ်းရင် နှစ်ချန်၊ ပါးစပ်ဟနမ်းရင် သုံးချန်... သူအသက်ရှည်ကာ ယွီရှီ၏နံဘေးတွင် အချိန်ကြာမြင့်စွာ နေခဲ့ရလျှင် သူအနည်းငယ် ပိုကြိုးစားပါက ဤအကြွေးကို နှစ်အနည်းငယ်အတွင်း ပြန်ပေးနိုင်ပေလိမ့်မည်။ သို့သော် အကြွေးပြန်ဆပ်ပြီးလျှင် မည်သို့နည်း။ နမ်းခြင်းမှ သူ ငွေရနေဦးမည်လား။

နှစ်ချန်သည်လည်း ငွေသာလျှင်ဖြစ်သည်...

ကပ်စေးနှဲတစ်ယောက်ကဲ့သို့ ကျုံးဝမ် ရေတွက်နေမိစဉ် တစ်ယောက်ယောက် အခန်းထဲဝင်လာသည်ကို သူခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ ပူလောင်နေသည်။ မျက်လုံးများကို အတင်းကြိုးစားဖွင့်လျက် သူစွေကြည့်လိုက်သည်... ကောင်းကင်မှာ မှောင်မည်းနေချေပြီ။ အခန်းထဲရှိ မီးအလင်းမှာ မှိန်လွန်းလှသည်။ ကျုံးဝမ်မှာ သူ့အဖျားကြောင့် ရီဝေနေခဲ့သည်။ ဤလူမည်သူဆိုသည်ကို သူမပြောနိုင်။

ကျုံးဝမ် မျက်လုံးများကို မှိတ်လိုက်သည်။ ယွီရှီ၏စကားသံတို့တွင် ဒေါသသံများ စွက်နေသည်ကို သူကြားလိုက်ရသည်။ "မင်း ဘယ်တုန်းက နေမကောင်းဖြစ်သွားတာလဲ"

ကျုံးဝမ် ချောင်းဆိုးလေတော့သည်။

ယွီရှီမှာ အံစုံကြိတ်ထားမိသည်။ "မင်း နေရတာ သက်သောင့်သက်သာ မရှိဘူးဆိုရင်လည်း စောစောကတည်းက ဘာလို့မပြောတာလဲ"

ကျုံးဝမ်၏စိတ်တို့သည် အနည်းငယ် ကြည်လင်လာခဲ့သည်။ သူကပြုံးသည်။ "ငါလည်း သတိမထားမိဘူး။ ငါနဲ့ဝေးဝေးနေ။ မင်းကို အဖျားမကူး..."

ယွီရှီက လှည့်ထွက်သွားသည်။ ခေတ္တအကြာတွင် တော်ဝင်သမားတော်တစ်ယောက်က အခန်းတွင်းသို့ ဝင်လာသည်။ ကျုံးဝမ်၏သွေးကြောကို စမ်းသပ်ပြီးနောက်တွင် သူပြန်ထွက်သွားတော့သည်။ အနည်းငယ်မျှသာ ကြာပြီးနောက်တွင် ယွီရှီက ဆေးခွက်ကိုကိုင်လျက် ပြန်ဝင်လာသည်။

ကျုံးဝမ်ထပ်ပြောမည့် စကားတို့ကိုမစောင့်ဘဲ ယွီရှီက စိတ်မရှည်စွာ ပြောလိုက်သည်။ "ပါးစပ်ပိတ်ထား"

ကျုံးဝမ်မှာ နာနာခံခံဖြင့်ပင် ဆေးခွက်ကိုယူလျက် မျက်မှောင်ကြုတ်ရင်းသာ ဆေးသောက်လိုက်ရသည်။

ယွီရှီက ကျုံးဝမ်ကို အေးစက်စွာ စိုက်ကြည့်နေသည်။ သူ့အတွင်းရင်ဘတ်အိတ်ထဲမှ အဝတ်အိတ်လေးတစ်ခုကို သူထုတ်လိုက်သည်။

ကျုံးဝမ်မှာ ဝေခွဲမရနိုင်ဖြစ်သွားသည်။

ယွီရှီက သူ့အဝတ်အိတ်လေးထဲမှ တစ်ခုခုကို နှုတ်ယူလိုက်သည်။ ထိုအရာကို ကျုံးဝမ် ရေရေရာရာ မမြင်ရသေးခင်မှာပင် ယွီရှီက သူ့ပါးစပ်ထဲသို့ ထိုပစ္စည်းလေးကို ထည့်ပေးခဲ့သည်။

ထိုပစ္စည်းလေးမှာ မုယောသကြားချိုချဉ်လေးပင် ဖြစ်သည်။

သူ ယခုလေးတင်မှ အိပ်မက်မက်ထား၍ကြောင့်လားတော့မသိ၊ လွန်ခဲ့သည့် ခုနစ်နှစ်က မှတ်ဉာဏ်တို့သည် သူ့ဦးနှောက်ထဲသို့ မုန်တိုင်းကြီးတစ်ခုပမာ မွှေနှောက်တိုက်ခတ်သွားခဲ့သည်။ ကျုံးဝမ်၏နှလုံးသားမှာ အဆမတန် နာကျင်နေသောကြောင့် သူ့မျက်ဝန်းများကို နီရဲစေခဲ့သည်။

ယွီရှီ သတိပြုမိသွားမည်ကို ကျုံးဝမ်မလိုလား။ သူက တစ်ဘက်သို့လှည့်လျက် ခေါင်းအုံးပေါ်သို့ မျက်နှာအပ်လိုက်သည်။ အနည်းငယ် တုန်ရီနေသောအသံဖြင့် သူပြောလိုက်သည်။ "ဒါဘာချိုချဉ်လဲ။ ဘာလို့အရမ်းချိုနေရတာလဲ..."

29.9.2021

Thanks for reading

Zawgyi

လင္စစ္ထြက္သြားသည္ကိုၾကည့္လ်က္ က်ဳံးဝမ္ သက္ျပင္းခ်မိသည္။

လင္စစ္တစ္ေယာက္ ေျခရာေဖ်ာက္သြားၿပီးေနာက္တြင္ ႐ႊမ္က်င္းမွာ ၿမိဳ႕ေတာ္တစ္ခုလုံးကို ေျမလွန္၍ အိမ္ေတာ္တိုင္းတြင္ လင္စစ္အား ေျပာင္ေျပာင္ထင္းထင္း ရွာေဖြခဲ့သည္။ လင္စစ္ကိုျပန္ဖမ္းယူ၍ ေခၚသြားမည္ဟုပင္ ႀကဳံးဝါးထားေသးသည္။ ဤေနာက္ကြယ္တြင္ မရွင္းလင္းေသာ ခံစားခ်က္မ်ားမရွိႏိုင္ဟု က်ဳံးဝမ္မထင္။ သူသက္ျပင္းခ်မိသည္။ တစ္ေယာက္ေယာက္အား တြယ္ကပ္ေနရေသာ ခံစားခ်က္ကို လင္စစ္တစ္ေယာက္ ေသခ်ာေပါက္ နားလည္ႏိုင္မည္မဟုတ္ေပ။

ဤသည္မွာ... ဗိုက္ျပည့္ေနေသာ လူတစ္ေယာက္က ဗိုက္ဆာေနေသာလူ၏ ဆာေလာင္မႈကို နားမလည္ႏိုင္သကဲ့သို႔ပင္။

ဤတစ္ေန႔အတြင္းတြင္ က်ဳံးဝမ္မွာ အေပ်ာ္ႀကီးေပ်ာ္ရလ်က္ အဝမ္းနည္းႀကီး ဝမ္းနည္းခဲ့ရသည္။ လင္စစ္ကို ျပန္လႊတ္ၿပီးေနာက္တြင္ အဝတ္မ်ားကို တင္းတင္းဆြဲလ်က္ ခုတင္ေပၚတြင္ သူလွဲလိုက္သည္။ ကနဦးတြင္ အနည္းငယ္ အနားယူရန္သာ ရည္႐ြယ္ထားေသာ္ျငား မ်က္လုံးပိတ္လိုက္သည္ႏွင့္ သူအိပ္ေပ်ာ္သြားေတာ့သည္။

က်ဳံးဝမ္ ေအးေအးခ်မ္းခ်မ္း မအိပ္ခဲ့ရ။ အိပ္တစ္ဝက္၊ႏိုးတစ္ဝက္ျဖစ္လ်က္ အိပ္မက္စမက္ေလေတာ့သည္။

နန္းေတာ္တြင္ ႐ႊမ္ေ႐ြ႕၏စာဖတ္ေဖာ္ ျဖစ္ခဲ့စဥ္ကအေၾကာင္းကို သူျမင္မက္ေနသည္။ ထိုအခ်ိန္က သူႏွင့္႐ႊမ္ေ႐ြ႕ၾကားတြင္ နားလည္မႈလြဲျခင္းမ်ား မရွိခဲ့ေသး။ ေန႔စဥ္ေန႔တိုင္း သူတို႔ႏွစ္ဦးမွာ ေနရာတိုင္းသို႔ အတူသြားလာခဲ့ၾကသည္။ ႐ႊမ္ေ႐ြ႕မွာ သူ႔ေနာက္သို႔ အၿမဲတစ္ေကာက္ေကာက္ လိုက္ေနခဲ့သည္။ အျခားသူမ်ားႏွင့္ရွိလွ်င္ သူ႔အား နာမည္တပ္ေခၚေသာ္လည္း အျခားသူမ်ား မရွိလွ်င္ က်ဳံးဝမ္အား 'အစ္ကိုေတာ္'ဟု ေခၚေလ့ရွိသည္။

သူ၏အျခားအိပ္မက္မွာ မင္းသားနင္၏ သစၥာေဖာက္သည့္ အမႈအေၾကာင္းျဖစ္သည္။ သူသည္ ေထာင္ထဲတြင္ ပိတ္ေလွာင္ခံရလ်က္ ေန႔စဥ္အစစ္ေဆးခံခဲ့ရသည္။

တစ္ဖန္ ယြီရွီ၏ကယ္ဆယ္မႈကိုခံရၿပီး အရံၿခံဝန္းထဲသို႔ ေရာက္သြားခ်ိန္ကို အိပ္မက္မက္ျပန္သည္။ ဖ်ားဟန္ေဆာင္လ်က္ သူငယ္စဥ္ကတည္းက ကုသေပးခဲ့ေသာ ေတာ္ဝင္သမားေတာ္ႀကီးကို ပင့္ဖိတ္ႏိုင္ခဲ့စဥ္ကျဖစ္သည္။

ေတာ္ဝင္သမားေတာ္ႀကီးမွာ မင္းသားနင္ကို ငယ္စဥ္ကတည္းက ျပဳစုကုသေပးခဲ့ၿပီး ထို႔ေနာက္တြင္ က်ဳံးဝမ္၊ ႐ႊမ္ေ႐ြ႕ႏွင့္ အမႊာေလးႏွစ္ေယာက္တို႔အား ၾကည့္ရႈေပးခဲ့သည္။ သူသည္ မင္းသားနင္အိမ္ေတာ္၏ အယုံၾကည္ရဆုံး လက္ေအာက္ငယ္သားျဖစ္ခဲ့သည္။

မင္းသားနင္ေသဆုံးၿပီးေနာက္ အေျခအျမစ္မရွိေသာ စြပ္စြဲခ်က္မ်ားေၾကာင့္ သမားေတာ္ႀကီးမွာ ေတာ္ဝင္ကုသေရးဌာနမွ ထုတ္ပယ္ျခင္းခံခဲ့ရသည္။ ထိုအခ်ိန္က မင္းသားနင္ကို ေထာက္ခံေသာလူမ်ားကို ခ်ဳံအန္းမင္းႀကီး ရွင္းထုတ္ေနခ်ိန္ျဖစ္သည္။ သမားေတာ္ႀကီး အသက္ရွင္ေနသည္ကပင္ ကံေကာင္းလွေခ်ၿပီ။ က်ဳံးဝမ္မွာ သူ႔ကိုေတြ႕ရရန္အလို႔ငွာ ဖ်ားခ်င္ဟန္ေဆာင္ခဲ့သည္။ သမားေတာ္ႀကီးမွတစ္ဆင့္ ႐ႊမ္ေ႐ြ႕ႏွင့္ပုေရာဟိတ္ရွီတို႔ထံ ဆက္သြယ္ႏိုင္ခဲ့သည္။

ခ်ဳံအန္းမင္းႀကီးက ႐ႊမ္ေ႐ြ႕အား အသက္ခ်မ္းသာေပးလိုက္သည့္တိုင္ သူသည္ မင္းသားနင္၏ အႀကီးဆုံးသား ျဖစ္ေနေသးသည္။ သူက တစ္ေန႔ၿပီးတစ္ေန႔ အသက္ႀကီးလာေနသည္။ တစ္ေန႔တြင္ ခ်ဳံအန္းမင္းႀကီးအတြက္ သူသည္ ဆူးေညႇာင့္တစ္ခု ျဖစ္လာမည္မွာ မလြဲေပ။

ဤမင္းဆက္၏ ပထမအဆင့္မင္းသားတို႔အနက္ အခ်ိဳ႕မွာ သူတို႔၏အစ္ကိုေတာ္ နန္းတက္ၿပီးေနာက္ ခ်မ္းသာႂကြယ္ဝေသာ မင္းသားမ်ားျဖစ္လာရန္အလို႔ငွာ ၿမိဳ႕ေတာ္တြင္ ေနခဲ့ၾကသည္။ အျခားမင္းသားတို႔မွာ မင္းႀကီးႏွင့္ဆက္ဆံေရးအေပၚ မူတည္လ်က္ အသက္ျပည့္လွ်င္ ဘြဲ႕ထူးကိုယ္စီခ်ီးျမႇင့္ခံရကာ ခ်မ္းသာလာျခင္း မဟုတ္လွ်င္ ကံမေကာင္းေသာ နယ္ေျမအပိုင္စား မင္းသားမ်ားသာ ျဖစ္လာၾကသည္။ ႐ႊမ္ေ႐ြ႕မွာ ဤစံသတ္မွတ္ခ်က္မ်ားႏွင့္ တစ္ခုမွ ကိုက္ညီျခင္းမရွိခဲ့။ သူသည္ မ်က္ႏွာသာေပးခံရျခင္းမ်ိဳး မရွိသကဲ့သို႔ အသက္လည္း မျပည့္ေသးေပ။ သို႔ေသာ္ အေဝးရွိနယ္ေျမတစ္ခုကို သူ႔အား အပိုင္စားေပးခဲ့လွ်င္ေကာင္းမည္ဟု က်ဳံးဝမ္ေတြးခဲ့သည္။ ထိုေျမသည္ အလြန္ေကာင္းရန္မလို၊ အေဝးတြင္ရွိေနသေ႐ြ႕ အဆင္ေျပသည္။

ပုေရာဟိတ္ရွီအားေတာင္းဆိုရန္ သမားေတာ္ႀကီးကို သူေျပာခဲ့သည္။ ပုေရာဟိတ္ႀကီးသည္လည္း ဤသည္မွာ အေကာင္းဆုံးအစီအစဥ္ျဖစ္သည္ဟု ယုံၾကည္ခဲ့သည္။ ႐ႊမ္ေ႐ြအား ေစာစီးစြာအေဝးသို႔ပို႔ရန္ က်ဳံးဝမ္ကိုယ္စား မင္းႀကီးထံတြင္ သူေတာင္းဆိုေပးလိုလားခဲ့သည္။

႐ႊမ္ေ႐ြ႕အား နယ္ေျမပိုင္မင္းသားအျဖစ္ အမိန႔္ေတာ္စာ ထြက္လာၿပီးေနာက္တြင္ က်ဳံးဝမ္ေလးမွာ လုံးလုံးစိတ္ေအးသြားရေတာ့သည္။ ကိစၥမ်ား အဆင္တေျပ ျဖစ္သြားခဲ့ၿပီဟု သူေတြးခဲ့သည္။ ကေလးမ်ား ျမန္ႏိုင္သမွ်ျမန္ျမန္ ၿမိဳ႕ေတာ္မွ ထြက္သြားႏိုင္ေစရန္ ဆုေတာင္းလ်က္ ေန႔ရက္မ်ားကို သူေရတြက္ေနခဲ့သည္။

ထို႔ေနာက္တြင္မေတာ့...

က်ဳံးဝမ္၏ႏွလုံးသားထဲတြင္ မြန္းက်ပ္ေနသည္။ အိပ္ေနရင္း သူသက္ျပင္းရွည္ႀကီးတစ္ခု ခ်လိုက္မိသည္။

သူ႔အိပ္မက္ထဲတြင္ သမားေတာ္ႀကီးမွာ သူ႔နားထဲသို႔ မုန္းခ်င့္စဖြယ္ တီးတိုးေျပာေနသံကို သူၾကားေနရသည္။

"အရွင့္သားက ဘယ္လိုလုပ္ၿပီး သစၥာေဖာက္ျဖစ္မွာလဲ"

"မင္းသားယြီက ဒီႏွစ္ေတြမွာ မင္းႀကီးအတြက္ အက်င့္ပ်က္ကိစၥေတြ လုပ္ေနတာ။ ဒီလူက ေတာ္ေတာ္အဆိပ္ျပင္းတယ္။ ဒီအေျခအေနက ေသခ်ာေပါက္ကို သူနဲ႔ပတ္သတ္ရမယ္"

"တစ္ခုခုေတာ့ မွားေနၿပီ။ အားလုံးက အရမ္းတိုက္ဆိုင္ေနလြန္းတယ္ဆိုေပမဲ့ ထီးနန္းကို လက္လႊတ္ရလုနီးပါး ျဖစ္ခဲ့တာကို မင္းႀကီးက ႐ုတ္တရက္ ျပန္သတိရသြားလို႔လားဆိုတာ ဘယ္သူသိမွာလဲ။ သူက အဲ့အခ်ိန္ကတည္းက အခဲမေက်ျဖစ္ေနတာဆိုေတာ့ အခြင့္အေရးရတုန္း ျမန္ျမန္တုံ႔ျပန္လိုက္တာပဲ"

"ဒီလူေတြရဲ႕ ပုန္လွ်ိဳးကြယ္လွ်ိဳးအႀကံေတြေၾကာင့္သာ အရွင့္သား ဒုကၡေရာက္ခဲ့ရတာ..."

"ကေလးေတြ ၿမိဳ႕ေတာ္က မၾကာခင္ ထြက္သြားႏိုင္လိမ့္မယ္။ သူတို႔ထြက္သြားၿပီဆိုတာနဲ႔ ၿမိဳ႕ေတာ္မွာ ျဖစ္ပ်က္သမွ်ကို တာဝန္ခံစရာ လိုမွာမဟုတ္ေတာ့ဘူး"

"သခင္ေလးနဲ႔ကြၽန္ေတာ္ ႏွစ္ေယာက္စလုံးက မင္းသားနင္ဆီမွာ အေႂကြးတင္ေနၾကတယ္။ သူ႔အတြက္ လက္စားမေခ်ေပးခ်င္ဘူးလား"

"အရွင့္သားအတြက္ဆို ကြၽန္ေတာ္ကေတာ့ ေသမင္းဆီကိုေတာင္ အေရာက္လွမ္းရဲတယ္။ သခင္ေလးကေရာ ဘယ္လိုလဲ။ အရွင့္သားက သခင္ေလးရဲ႕ေမြးစားအေဖေနာ္။ သူ႔ေၾကာင့္သာမဟုတ္ရင္ လြန္ခဲ့တဲ့ႏွစ္ေတြမွာ သခင္ေလး ေကာင္းေကာင္းေနခဲ့ရပါ့မလား။ သခင္ေလး အခုခ်ိန္အထိ အသက္ရွင္ေနႏိုင္မွာလား"

"သခင္ေလး မင္းသားနင္ကို မေတြ႕ႏိုင္ဘူးဆိုေပမဲ့ မင္းသားနင္ရဲ႕ဆက္ခံသူကိုေတာ့ ေန႔တိုင္းေတြ႕ေနရတာပဲ မဟုတ္ဘူးလား။ သခင္ေလးအေပၚမွာ... သူက လုံးဝမသကၤာမျဖစ္ဘူး"

"ယြီရွီက မင္းသားယြီရဲ႕ တစ္ဦးတည္းေသာ တရားဝင္သား။ မင္းႀကီးရဲ႕ တရားမဝင္သားဆိုတဲ့ ေကာလာဟလေတြလည္း ရွိတယ္။ ဘာပဲေျပာေျပာ ဟုတ္ဟုတ္မဟုတ္ဟုတ္ ယြီရွီက သူတို႔ႏွစ္ေယာက္အတြက္ အရမ္းကို အဖိုးတန္ေနတုန္းပဲ..."

"သူ မင္းသားနင္ကို မထိခိုက္ေစခဲ့ရင္ေတာင္ ဘာျဖစ္လဲ။ သူက သနားစရာေကာင္းတယ္ဆိုေပမဲ့ မင္းသားနင္ရဲ႕ကေလးေတြကေရာ သနားစရာ မေကာင္းလို႔လား။ ကေလးငယ္ေလးေတြက အျပစ္ကင္းေပမဲ့ သူတို႔အေပၚမွာလည္း သက္ေရာက္မႈက အတူတူပဲ မဟုတ္ဘူးလား"

"သခင္ေလးက ဒီအတြက္လည္း ဆင္ေျခေပးေနျပန္ၿပီလား။ သခင္ေလး သတိထားၿပီးလုပ္ရင္ သခင္ေလးရဲ႕ အသက္ကိုလည္း ကယ္တင္ႏိုင္လိမ့္မယ္"

"ဒါအဆိပ္ပဲ..."

"ဒါအဆိပ္ပဲ..."

"ဒါအဆိပ္ပဲ..."

က်ဳံးဝမ္၏နဖူးထက္တြင္ ေခြၽးသီးမ်ားက်လာသည္။ သူ ႏိုးထလာခ်င္ေသာ္လည္း အိပ္မက္ဆိုးတို႔က သူ႔အားေလွာင္ပိတ္ထားခဲ့သည္။ သရဲတစ္ေကာင္၏အသံႏွယ္ အသံတစ္ခုသည္ သူ႔နားထဲတြင္ အခါမလပ္ တီးတိုးေျပာဆိုေနသည္ : ဒါအဆိပ္ပဲ။

"အစကတည္းက ဒီေနရာကေန ထြက္သြားဖို႔ သခင္ေလး စီစဥ္ထားတာ မဟုတ္ဘူးလား။ ဒီေနရာကေန ထြက္သြားၿပီး ခ်န္အန္းကိုသြားဖို႔အတြက္ ကြၽန္ေတာ့္ကို ေျမပုံဆြဲခိုင္းၿပီး လိုအပ္တဲ့ စာ႐ြက္စာတမ္းေတြ ျပင္ခိုင္းထားတာ မဟုတ္ဘူးလား"

"ဘာေနေန သခင္ေလးထြက္သြားမွာပဲ။ ဘာကိုမွ ေၾကာက္ေနစရာမလိုဘူး။ သခင္ေလးမထြက္သြားခင္ ဒီအဆိပ္ကိုသုံးလိုက္။ ယြီရွီေသာက္လိုက္တာကို ၾကည့္ၿပီးရင္ ထြက္လာခဲ့ေတာ့..."

"ဒီအဆိပ္က အစြမ္းျပဖို႔ အခ်ိန္အၾကာႀကီးၾကာတယ္။ သခင္ေလး ထြက္သြားဖို႔အတြက္ အခ်ိန္လုံေလာက္တယ္။ သခင္ေလး ၿမိဳ႕ေတာ္က ထြက္သြားၿပီးရင္ ယြီရွီကို အဆိပ္တက္လာလိမ့္မယ္။ သခင္ေလးအေနနဲ႔ လက္စားေခ်ႏိုင္႐ုံတင္မကဘူး၊ အဖမ္းခံရမွာေတာင္ မဟုတ္ဘူး"

"သခင္ေလးကို သူတို႔ဖမ္းခ်င္ရင္ေတာင္ ေကာင္းကင္ႀကီးက မ်က္စိတစ္ဆုံး ရွိၿပီးေတာ့ ပင္လယ္ေတြက က်ယ္ျပန႔္လြန္းတယ္။ သခင္ေလး သြားႏွင့္တာၾကာၿပီ။ သူတို႔ ဘယ္သူ႔ကိုဖမ္းႏိုင္မွာလဲ"

"အဆိုးဆုံးအေျခအေနမွာဆိုရင္ သခင္ေလး ခ်န္အန္းကို အရင္ျပန္မလာနဲ႔ေပါ့။ ဒီလူေတြက အရွင့္သားကို ဒီေလာက္ျပႆနာေတြေပးထားတာ။ သူတို႔ကို မုန္းတဲ့စိတ္ေလးမ်ား မရွိဘူးလား"

"မင္းသမီးႀကီးအန္းေကာက တင္းတင္းၾကပ္ၾကပ္ ကာကြယ္ထားလို႔ ယြီရွီကို အဆိပ္ခတ္ဖို႔၊သတ္ဖို႔ အရမ္းခက္ေနတာသာ မဟုတ္ခဲ့ရင္ ကြၽန္ေတာ္ကပဲ လုပ္လိုက္တယ္။ သခင္ေလးကို ဘာလို႔မ်ား အႏူးအၫြတ္ ေတာင္းဆိုေနဦးမလဲ"

"ယြီရွီက သခင္ေလးကိုဆို နည္းနည္းေလးမွ မယုံၾကည္တာမ်ိဳး မရွိဘူး။ သူခံရသင့္တယ္"

"မင္းသားနင္ သခင္ေလးကို ဘယ္ေလာက္ေကာင္းေကာင္း ဆက္ဆံခဲ့လဲဆိုတာ မေမ့ပါနဲ႔..."

"သခင္ေလး မထြက္သြားခင္ ဒီအဆိပ္ကို သူစားမဲ့ထဲ ေရာထည့္လိုက္။ သူ႔ကို ကုန္ေအာင္ စားခိုင္းလိုက္။ ေသခ်ာမွတ္ထား၊ ေသခ်ာမွတ္ထား..."

"ၿမိဳ႕ေတာ္က ထြက္သြားၿပီးရင္ မၾကာခင္မွာပဲ သူ အဆိပ္ေၾကာင့္ ေသသြားၿပီဆိုတဲ့ သတင္းကို သခင္ေလး ၾကားရလိမ့္မယ္..."

ယြီရွီအဆိပ္မိ၍ ေသဆုံးသြားသည္။

က်ဳံးဝမ္ ဆတ္ခနဲ ထထိုင္လိုက္မိသည္။ သူ႔အတြင္းဝတ္မွာ ေခြၽးမ်ားျဖင့္ ႐ြဲ႐ြဲစိုေနေလၿပီ။ ေနဝင္ခ်ိန္သို႔ ေရာက္ေနေသာ္လည္း အခန္းတြင္း၌ မီးအိမ္မ်ားကို မထြန္းညႇိရေသး။ ေခတၱၾကာေအာင္ သူဘယ္ေရာက္ေနလဲဆိုသည္ကို သူမမွတ္မိႏိုင္။

သူ႔မ်က္ခုံးၾကားေနရာကို ဖိညႇစ္လ်က္ အသက္ျပင္းျပင္း ရႉလိုက္မိသည္။ သူ ကိုယ့္ကိုယ္ကို ႏွစ္သိမ့္လိုက္သည္။ "ဘာမွမျဖစ္ဘူး၊ ဘာမွမျဖစ္ဘူး..."

ထိုေန႔က က်ဳံးဝမ္ အဆိပ္ကို မသုံးခဲ့။

ထိုသို႔လည္း မဟုတ္ျပန္။ သူသုံးခဲ့သည္၊ သို႔ေသာ္ သမားေတာ္ႀကီး ေပးသည့္အရာေတာ့မဟုတ္။ အိပ္ေဆးအနည္းငယ္မွ်ကိုသာ သုံးခဲ့ျခင္းျဖစ္သည္။

သူထြက္လာခဲ့သည့္ညတြင္ ယြီရွီ အာ႐ုံမရွိခ်ိန္၌ က်ဳံးဝမ္မွာ သူ႔ေသရည္ခြက္ထဲသို႔ အိပ္ေဆးမႈန႔္မ်ား ထည့္ခဲ့သည္။ ယြီရွီမွာ ဘာကိုမွ သတိမထားမိဘဲ ေသရည္ကို ေသာက္ခဲ့သည္။

ထိုညကို က်ဳံးဝမ္ ျပန္ေတြးမိတိုင္း သူ ရင္ထဲတြင္ တလွပ္လွပ္ျဖစ္မိသည္။ သူသာ ထိုအခ်ိန္က အဆိပ္ထည့္လိုက္လွ်င္။

က်စ္႐ုန္ေလးသည္ သူ႔ကို အနည္းအက်ဥ္းေလးပင္ သံသယမဝင္ခဲ့။ သူ ထိုအဆိပ္တို႔ကိုလည္း မ်ိဳခ်လိုက္မည္သာ။

သူ အဆိပ္မခတ္မိခဲ့၍ မည္မွ်ကံေကာင္းလိုက္သနည္း။

ယခုျပန္ေတြးၾကည့္လွ်င္ ယြီရွီကို အဆိပ္ခတ္ရန္ က်ဳံးဝမ္အတြက္ သမားေတာ္ႀကီး၏ အစီအစဥ္မွာ အလြန္ပင္ ႐ိုးစင္းလြန္းလွသည္။ သို႔ေသာ္ သူသာ ယြီရွီကို အမွန္တကယ္ အဆိပ္ခတ္ျဖစ္ခဲ့လွ်င္ ေနာက္ျဖစ္လာမည့္ အက်ိဳးဆက္မ်ားမွာ မည္သို႔႐ိုးစင္းႏိုင္မည္နည္း။

သူလုပ္ေၾကာင္း ဝန္ခံလ်က္ တစ္ေယာက္တည္း အျပစ္မ်ားအားလုံးကို ခံယူလွ်င္ပင္ ခ်ဳံအန္းမင္းႀကီးအေနႏွင့္ မင္းသားနင္၏ မ်ိဳးဆက္မ်ားကို အျပစ္မတင္ဘဲ ေနမည္လား။

ခ်ဳံအန္းမင္းႀကီး၏ ဟုန္းဟုန္းေတာက္ ေဒါသတို႔ေအာက္တြင္ ခ်န္အန္းတစ္ခုလုံးကို ယြီရွီႏွင့္အတူတူ ျမႇဳပ္ႏွံလိုက္ႏိုင္သည္။

သို႔ေသာ္ မေက်မခ်မ္းျဖစ္မႈႏွင့္ လက္တုံ႔ျပန္ခ်င္မႈတို႔ ေလာင္ၿမိဳက္ေနခ်ိန္တြင္ လူအားလုံးတို႔သည္ ေဆာက္တည္ရာမရ ျဖစ္ၾကကုန္သည္။

က်ဳံးဝမ္ ၿမိဳ႕ေတာ္မွ ထြက္ၿပီးမၾကာခင္ သမားေတာ္ႀကီးသည္လည္း ၿမိဳ႕ေတာ္မွ ထြက္လာခဲ့သည္။ ထို႔အျပင္ သူက က်ဳံးဝမ္ထက္ပင္ေစာလ်က္ ခ်န္အန္းသို႔ ေရာက္ခဲ့ေသးသည္။

ယေန႔အခ်ိန္ထိတိုင္ ႐ႊမ္ေ႐ြ႕ငယ္ေလးအား သမားေတာ္ႀကီး မည္သည့္စကားတို႔ကို ေျပာထားသည္ကို က်ဳံးဝမ္မသိေသး။ သို႔တိုင္ေအာင္ ေလဒဏ္မိုးဒဏ္တို႔ကို ႀကံ့ႀကံ့ခံလ်က္ သူ ခ်န္အန္းသို႔ ေရာက္ၿပီးေနာက္တြင္ ႐ႊမ္ေ႐ြ႕က သူ႔အား 'အစ္ကိုေတာ္'ဟူ၍ ထပ္မေခၚေတာ့။

႐ႊမ္ယြီႏွင့္႐ႊမ္စုန္ရွင္းတို႔သည္ ထိုအခါက ကေလးမ်ားသာ ရွိၾကေသးသည္။ သူတို႔ႀကီးျပင္းလာၿပီးေနာက္တြင္ က်ဳံးဝမ္မွာ တစ္ခါက မင္းသားနင္၏ ေမြးစားသားျဖစ္ခဲ့သည္ကို မသိခဲ့ရေတာ့။

က်ဳံးဝမ္သည္လည္း ထိုအေၾကာင္းကို ထပ္မေျပာေတာ့။

သူသည္ မင္းသားနင္ႏွင့္ၾကင္ယာေတာ္နင္တို႔၏ ခ်ီးျမႇင့္သနားခဲ့မႈမ်ားကို ျပန္လည္ေပးဆပ္ေနျခင္းသာျဖစ္သည္။ ကေလးတစ္ေယာက္က သူ႔အား အစ္ကိုအျဖစ္ သေဘာထားသည္ျဖစ္ေစ၊ အႀကံေပးအျဖစ္ သေဘာထားသည္ျဖစ္ေစ၊ မည္သို႔ပင္ျဖစ္ျဖစ္ သူဂ႐ုမစိုက္။

ႏွစ္ႏွစ္အတြင္းတြင္ သမားေတာ္ႀကီးမွာ ခ်န္အန္း၌ပင္ ကြယ္လြန္ခဲ့သည္။ က်ဳံးဝမ္အားေခၚသည့္ အေခၚအေဝၚမွလြဲလွ်င္ ႐ႊမ္ေ႐ြ႕မွာ ယခင္ကအတိုင္းသာျဖစ္သည္။ တျဖည္းျဖည္းႏွင့္ ဤကိစၥေဟာင္းသည္ လူတိုင္း၏ရင္ထဲတြင္ အနည္ထိုင္လာေတာ့သည္။

ယေန႔အရႈပ္အေထြးမ်ိဳးျဖစ္ေအာင္ ထန္မင္က ေမႊေႏွာက္ခဲ့ျခင္းသာ မဟုတ္လွ်င္ က်ဳံးဝမ္ ကိုယ္တိုင္ပင္လွ်င္ ေမ့ေလ်ာ့ေနေပေတာ့မည္။

ထိုအခ်ိန္က သူ ကိုယ့္ကိုယ္ကို ယုံၾကည္မႈ လြန္ကဲမေနသင့္။ သူ ခ်န္အန္းသို႔ ျပန္ေရာက္သည္ႏွင့္ ႐ႊမ္ေ႐ြ႕အား ေကာင္းက်ိဳး၊ဆိုးက်ိဳးမ်ား ေျပာျပခဲ့လွ်င္ ႐ႊမ္ေ႐ြ႕ နားလည္ႏိုင္ခဲ့ေလာက္သည္။

က်ဳံးဝမ္အေနႏွင့္ 'အစ္ကိုေတာ္'ဟူ၍ အေခၚခံခ်င္စိတ္ ျပင္းျပေနသည္မဟုတ္။ သို႔ေသာ္ သူတို႔ႏွစ္ဦးၾကားတြင္ အျငႇိဳးအေတးမ်ား မရွိခဲ့လွ်င္ ကိစၥမ်ားသည္ အလြန္လြယ္ကူေနခဲ့လိမ့္မည္။

ဥပမာအားျဖင့္ ထိုင္းမႈိင္း၍ ခ်ီတုံခ်တုံျဖစ္ေနတတ္ေသာ ႐ႊမ္ေ႐ြ႕၏ပုံကိုျမင္ရလွ်င္ သို႔မဟုတ္ ေၾကာက္႐ြံ႕လ်က္ တိုးတက္မႈကို လိုလားေသာ စိတ္ဆႏၵမရွိခဲ့လွ်င္ က်ဳံးဝမ္အေနႏွင့္ အစ္ကိုႀကီးတစ္ေယာက္ကဲ့သို႔ ျပဳမူကာ သူ႔အား႐ိုက္ႏွက္လ်က္ ျပဳျပင္ေပးခဲ့မည္ျဖစ္သည္။

ဥပမာအားျဖင့္ ေနမေကာင္းျဖစ္ဟန္ေဆာင္ရန္အလို႔ငွာ ေဆးေသာက္ဖို႔ကို ႐ႊမ္ေ႐ြ႕အား နားခ်ရန္မွာ အလြန္ခက္ခဲမည္မဟုတ္။

သို႔မဟုတ္ ဥပမာအားျဖင့္...

ေဝးလံေသာ ခ်န္အန္း၌ရွိေနသည့္ ႐ႊမ္ေ႐ြ႕တစ္ေယာက္ ထန္မင္၏စကားတို႔ကို လြယ္လင့္တကူ နားေယာင္ေနမိမလားဆိုသည္ကို က်ဳံးဝမ္ စိတ္ပူဖို႔မလိုေတာ့။

သို႔ေသာ္ က်ဳံးဝမ္မွာ ထိုအခ်ိန္က ငယ္လြန္းခဲ့သည္။ တရားမွ်တေရးဌာန၏ အခ်ဳပ္ခန္းထဲတြင္ သုံးလၾကာေအာင္ ေနခဲ့ရသည့္တိုင္ သူ၏တ႐ြတ္ထိုးဆန္မႈႏွင့္ မာနတို႔မွာ ေလ်ာ့ပါးမသြားခဲ့ေသး။ ခ်န္အန္းသို႔ က်ဳံးဝမ္ေရာက္သြားသည့္ေန႔မွာ သူ၏ဆယ့္ခုနစ္ႏွစ္ေျမာက္ ေမြးေန႔တြင္ ျဖစ္သည္။ မ်က္ဝန္းတလက္လက္ျဖင့္ ႐ႊမ္ေ႐ြ႕တစ္ေယာက္ သူ႔အား 'က်ဳံးဝမ္'ဟုေခၚခဲ့ခ်ိန္၊ သမားေတာ္ႀကီးမွ သူ႔အား သတိႀကီးသည့္ မ်က္ဝန္းမ်ားျဖင့္ 'ေသျခင္းကိုေၾကာက္လ်က္ သစၥာမရွိ' ဟူေသာ အဓိပၸာယ္ျဖင့္ ၾကည့္ေနခဲ့ခ်ိန္တြင္ က်ဳံးဝမ္မွာ သူ၏ႏႈတ္ခမ္းပါးတို႔ကို တင္းတင္းပိတ္လ်က္ ေဒါသတို႔ကို မ်ိဳသိပ္ခဲ့ရသည္။ သူ ဘာကိုမွမရွင္းျပခဲ့ေတာ့။

ရွင္းျပစရာ အဘယ္မွာနည္း။ သစၥာရွိမႈကို ေကာင္းကင္ႏွင့္ ပထဝီေျမႀကီးတို႔ကသိသည္။ ေကာင္းကင္တြင္ သူ၏ဖခင္ႏွင့္မိခင္တို႔ သိသည္၊ မင္းသားနင္ႏွင့္ ၾကင္ယာေတာ္နင္တို႔လည္းသိသည္။ သူသည္ ငယ္႐ြယ္ေတာ့သည္မဟုတ္။ ဤေမြးေန႔ၿပီးလွ်င္ သူလူႀကီးျဖစ္ေခ်ၿပီ။ ကေလးတစ္ေယာက္ႏွင့္ အ႐ူးအိုႀကီးတစ္ေယာက္အား ရွင္းျပရန္ အဘယ္မွာ လိုလိမ့္မည္နည္း။

က်ဳံးဝမ္ ကိုယ့္ကိုယ္ကို ေလွာင္ရယ္လိုက္သည္။ မည္သူကေတာ့ တစ္ခ်ိန္က ရဲရင့္ၿပီးမာနႀကီးသည့္ လူငယ္တစ္ဦး မျဖစ္ခဲ့သနည္း။

သူ ေနာင္တျပဳျပင္ေဆး ေသာက္၍မရ။ ျပင္၍ရႏိုင္ခဲ့လွ်င္ သူ ခ်န္အန္းသို႔ ျပန္ေရာက္သည့္ေန႔တြင္ ႐ႊမ္ေ႐ြ႕၏သံသယဝင္ျခင္းကို ခံရမည္ဆိုလွ်င္ေတာင္ ဤသည္းခံႏိုင္ဖြယ္မရွိေသာ သမားအိုႀကီးကို ဦးစြာသတ္ပစ္မိလိမ့္မည္။ ထို႔ေနာက္တြင္မူ ဤေနာက္ပိုင္းကိစၥတို႔ ျဖစ္လာလိမ့္မည္မဟုတ္...

က်ဳံးဝမ္၏လည္ေခ်ာင္းထဲတြင္ ယားယံေနသည္။ သူေခ်ာင္းစဆိုးေတာ့သည္။

သူ႔နဖူးကို သူစမ္းလိုက္သည္။ အနည္းငယ္ ေႏြးေနဟန္ပင္။

တစ္ေနကုန္ လႈပ္ရွားေနၿပီးေနာက္တြင္ သူ တစ္ဖန္ထပ္ဖ်ားေတာ့မည့္ဟန္ရွိသည္။

က်ဳံးဝမ္ မစြန႔္စားရဲ။ အိပ္ခန္းအျပင္သို႔ထြက္ကာ တံခါးကို သူတြန္းဖြင့္လိုက္သည္။ ထို႔ေနာက္ သူ ဖ်ားေနေလာက္ေၾကာင္းကို အိမ္ေတာ္ထိန္းဖုန္အား ေျပာျပရန္ ၿခံဝန္းထဲရွိ အေစခံကို အမိန႔္ေပးလိုက္သည္။

က်ဳံးဝမ္မွာ အိပ္ခန္းထဲသို႔ျပန္လာၿပီး မီးအိမ္ေလးကို ထြန္းညႇိလိုက္သည္။ ခုတင္ေပၚတြင္လွဲလ်က္ အလြန္စိတ္ဖိစီးေနမိသည္။ အဖ်ားေပ်ာက္ေအာင္ ေဆးျမန္ျမန္ေသာက္ႏိုင္လွ်င္ေကာင္းမည္။ ေနာက္ဆုံးတြင္ေတာ့ မင္းသားယြီအိမ္ေတာ္သို႔ေရာက္ေအာင္ သူ ဇြတ္အတင္း ဝင္ေရာက္ႏိုင္ခဲ့ေလၿပီ။ သူေနႏိုင္မည့္ရက္မ်ား မည္မွ်က်န္ဦးမည္ကို သူမသိ။ သူ႔အဖ်ားေၾကာင့္ အခ်ိန္ေႏွာင့္ေႏွးခဲ့ရလွ်င္ ႏွေျမာဖြယ္ေကာင္းေပမည္။

သူေနမေကာင္းျဖစ္လွ်င္ အိမ္ေတာ္ထိန္းဖုန္က ယြီရွီအား သူ႔ထံလာေတြ႕ရန္ ခြင့္ျပဳမည္လား ဆိုသည္မွာ မေသခ်ာ... မင္းသားငယ္ယြီသည္ အဖိုးတန္၍ အေရးပါလွသည္။ သူ အဖ်ားကူးသြားလွ်င္ ေကာင္းမည္မဟုတ္။

က်ဳံးဝမ္ တစ္ခုခုကို ေတြးလိုက္မိသည္။ သူ႔ရင္ထဲတြင္ အမုန္းတရားမ်ား ေပၚေပါက္လာေတာ့သည္။

သူေနမေကာင္းျဖစ္ခဲ့လွ်င္ အနမ္းမ်ားရေတာ့မည္မဟုတ္။

က်ဳံးဝမ္၏ေခါင္းသည္ ပူသထက္ ပူလာခဲ့သည္။ ေခါင္းထဲတြင္ ခပ္ေထြေထြျဖစ္လ်က္ သူေတြးေနမိသည္။ တစ္ခါနမ္းရင္ ႏွစ္ခ်န္၊ ပါးစပ္ဟနမ္းရင္ သုံးခ်န္... သူအသက္ရွည္ကာ ယြီရွီ၏နံေဘးတြင္ အခ်ိန္ၾကာျမင့္စြာ ေနခဲ့ရလွ်င္ သူအနည္းငယ္ ပိုႀကိဳးစားပါက ဤအေႂကြးကို ႏွစ္အနည္းငယ္အတြင္း ျပန္ေပးႏိုင္ေပလိမ့္မည္။ သို႔ေသာ္ အေႂကြးျပန္ဆပ္ၿပီးလွ်င္ မည္သို႔နည္း။ နမ္းျခင္းမွ သူ ေငြရေနဦးမည္လား။

ႏွစ္ခ်န္သည္လည္း ေငြသာလွ်င္ျဖစ္သည္...

ကပ္ေစးႏွဲတစ္ေယာက္ကဲ့သို႔ က်ဳံးဝမ္ ေရတြက္ေနမိစဥ္ တစ္ေယာက္ေယာက္ အခန္းထဲဝင္လာသည္ကို သူခံစားလိုက္ရသည္။ သူ႔ခႏၶာကိုယ္တစ္ခုလုံးမွာ ပူေလာင္ေနသည္။ မ်က္လုံးမ်ားကို အတင္းႀကိဳးစားဖြင့္လ်က္ သူေစြၾကည့္လိုက္သည္... ေကာင္းကင္မွာ ေမွာင္မည္းေနေခ်ၿပီ။ အခန္းထဲရွိ မီးအလင္းမွာ မွိန္လြန္းလွသည္။ က်ဳံးဝမ္မွာ သူ႔အဖ်ားေၾကာင့္ ရီေဝေနခဲ့သည္။ ဤလူမည္သူဆိုသည္ကို သူမေျပာႏိုင္။

က်ဳံးဝမ္ မ်က္လုံးမ်ားကို မွိတ္လိုက္သည္။ ယြီရွီ၏စကားသံတို႔တြင္ ေဒါသသံမ်ား စြက္ေနသည္ကို သူၾကားလိုက္ရသည္။ "မင္း ဘယ္တုန္းက ေနမေကာင္းျဖစ္သြားတာလဲ"

က်ဳံးဝမ္ ေခ်ာင္းဆိုးေလေတာ့သည္။

ယြီရွီမွာ အံစုံႀကိတ္ထားမိသည္။ "မင္း ေနရတာ သက္ေသာင့္သက္သာ မရွိဘူးဆိုရင္လည္း ေစာေစာကတည္းက ဘာလို႔မေျပာတာလဲ"

က်ဳံးဝမ္၏စိတ္တို႔သည္ အနည္းငယ္ ၾကည္လင္လာခဲ့သည္။ သူကၿပဳံးသည္။ "ငါလည္း သတိမထားမိဘူး။ ငါနဲ႔ေဝးေဝးေန။ မင္းကို အဖ်ားမကူး..."

ယြီရွီက လွည့္ထြက္သြားသည္။ ေခတၱအၾကာတြင္ ေတာ္ဝင္သမားေတာ္တစ္ေယာက္က အခန္းတြင္းသို႔ ဝင္လာသည္။ က်ဳံးဝမ္၏ေသြးေၾကာကို စမ္းသပ္ၿပီးေနာက္တြင္ သူျပန္ထြက္သြားေတာ့သည္။ အနည္းငယ္မွ်သာ ၾကာၿပီးေနာက္တြင္ ယြီရွီက ေဆးခြက္ကိုကိုင္လ်က္ ျပန္ဝင္လာသည္။

က်ဳံးဝမ္ထပ္ေျပာမည့္ စကားတို႔ကိုမေစာင့္ဘဲ ယြီရွီက စိတ္မရွည္စြာ ေျပာလိုက္သည္။ "ပါးစပ္ပိတ္ထား"

က်ဳံးဝမ္မွာ နာနာခံခံျဖင့္ပင္ ေဆးခြက္ကိုယူလ်က္ မ်က္ေမွာင္ၾကဳတ္ရင္းသာ ေဆးေသာက္လိုက္ရသည္။

ယြီရွီက က်ဳံးဝမ္ကို ေအးစက္စြာ စိုက္ၾကည့္ေနသည္။ သူ႔အတြင္းရင္ဘတ္အိတ္ထဲမွ အဝတ္အိတ္ေလးတစ္ခုကို သူထုတ္လိုက္သည္။

က်ဳံးဝမ္မွာ ေဝခြဲမရႏိုင္ျဖစ္သြားသည္။

ယြီရွီက သူ႔အဝတ္အိတ္ေလးထဲမွ တစ္ခုခုကို ႏႈတ္ယူလိုက္သည္။ ထိုအရာကို က်ဳံးဝမ္ ေရေရရာရာ မျမင္ရေသးခင္မွာပင္ ယြီရွီက သူ႔ပါးစပ္ထဲသို႔ ထိုပစၥည္းေလးကို ထည့္ေပးခဲ့သည္။

ထိုပစၥည္းေလးမွာ မုေယာသၾကားခ်ိဳခ်ဥ္ေလးပင္ ျဖစ္သည္။

သူ ယခုေလးတင္မွ အိပ္မက္မက္ထား၍ေၾကာင့္လားေတာ့မသိ၊ လြန္ခဲ့သည့္ ခုနစ္ႏွစ္က မွတ္ဉာဏ္တို႔သည္ သူ႔ဦးေႏွာက္ထဲသို႔ မုန္တိုင္းႀကီးတစ္ခုပမာ ေမႊေႏွာက္တိုက္ခတ္သြားခဲ့သည္။ က်ဳံးဝမ္၏ႏွလုံးသားမွာ အဆမတန္ နာက်င္ေနေသာေၾကာင့္ သူ႔မ်က္ဝန္းမ်ားကို နီရဲေစခဲ့သည္။

ယြီရွီ သတိျပဳမိသြားမည္ကို က်ဳံးဝမ္မလိုလား။ သူက တစ္ဘက္သို႔လွည့္လ်က္ ေခါင္းအုံးေပၚသို႔ မ်က္ႏွာအပ္လိုက္သည္။ အနည္းငယ္ တုန္ရီေနေသာအသံျဖင့္ သူေျပာလိုက္သည္။ "ဒါဘာခ်ိဳခ်ဥ္လဲ။ ဘာလို႔အရမ္းခ်ိဳေနရတာလဲ..."

29.9.2021

Thanks for reading

Continue Reading

You'll Also Like

88.2K 3.3K 87
ကြိုက်မိတဲ့ Novel တွေ Webtoon တွေ review ရေးမယ်။ ခံစားချက်တွေ ကိုယ့်အမြင်တွေပါမယ် Spoiler တွေလည်းပါနိုင်တယ်။ ႀကိဳက္မိတဲ့ Novel ေတြ Webtoon ေတြ review...
554K 99.8K 70
Author: Fly Far, 向远飞 Genre: Action, Comedy, Fantasy, Mecha, Romance, Sci-fi, Shounen Ai, Xuanhuan Status: 63 chapters + 4 extras Associated Name: 拜我...
144K 13.4K 71
"အရှင်မင်းကြီး လက်ညှိုးညွှန်ရာ ရွှေဖြစ်စေရမယ်လို့ ကိုယ်ကတိပေးတယ်။ အပေးအယူက မင်း ကိုယ့်ကိုယ်ကိုယ် ပေးအပ်ရမယ်။" ~~~ Myanmar translation of 江山许你 by 白芥子 ...
173K 16.6K 154
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မွားယြင္းေသာ လက္ထ...