ထိုနှစ်များမှာ မြတ်နိုးဖွေရှာ

By Vera-Yu

353K 63.3K 4.7K

Original Title : 当年万里觅封侯 English Title : Those Years in Quest of Honor Mine Original Author : Man Man He Qi... More

Description
Prologue
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68
Part 69
Part 70
Part 71
Part 72
Part 73
Part 74
Part 75
Part 76
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
Part 88
Part 89
Part 90
Part 91
Part 92
Part 93
Part 94
Part 95
Part 96
Part 97
Part 98
Part 99
Part 100
Part 101
Part 102
Part 103
Extra 1
Extra 2

Part 51

2.2K 563 48
By Vera-Yu

Unicode

ထိုအခိုက်ဝယ် 'ဂရုစိုက်မခံခဲ့ရ'သည်မှာ နှစ်များစွာကြာပြီဖြစ်သော ကျုံးဝမ်၏မျက်လုံးတို့သည် ရုတ်တရက် ပြူးကျယ်သွားရတော့သည်။

ယခင်က အလိုလိုက် အကြိုက်ဆောင်ခံရခြင်းကို သူလည်း ခံစားခဲ့ရဖူးပါသည်။ မင်းသားနင်နှင့် ကြင်ယာတော်နင်တို့ သက်ရှိထင်ရှားရှိစဉ်တွင် ပထမအဆင့်မင်းသားအိမ်တော်မှ သခင်လေးတစ်ယောက်ပမာ ဆက်ခံသူနှင့်တန်းတူ တန်ဖိုးထားခံရလျက် ရိုသေလေးစားမှုများ ရရှိခဲ့သည်။

မင်းသားနင်သည် သိမ်မွေ့သော လူတစ်ဦးဖြစ်ပြီး သူ့အားမေတ္တာများပေးခဲ့သည်။ ကျုံးဝမ်အပေါ် စည်းကမ်းတင်းကြပ်သော ဖခင်တစ်ဦးမဟုတ်ခဲ့။ ကျုံးဝမ်နှင့်လင်စစ်တို့ မည်မျှပင် ဆိုးသွမ်းနေနေ၊ စိတ်တိုခြင်းအလျဉ်းမရှိခဲ့ပေ။ ကြင်ယာတော်နင်သည်လည်း ကျုံးဝမ်၏ လိုအင်ဆန္ဒမှန်သမျှတို့ကို ဖြည့်ဆည်းပေးကာ သူ၏သားဦးတစ်ယောက်ကဲ့သို့ပင် ဆက်ဆံခဲ့သည်။

သို့သော် ဤအမှတ်တရတို့သည် ဝေဝါးလျက် ကျန်ခဲ့လေပြီ။ သူပြန်တွေးမိလေတိုင်း အသေးစိတ်ကို ရေရေရာရာမမှတ်မိတော့။ လွန်ခဲ့သည့်ဘဝမှ မှတ်ဉာဏ်များကဲ့သို့ပင်။

မင်းသားနင် လူ့လောကမှ ထွက်သွားကတည်းက သူ့ကိုရည်ညွှန်းပြလျှင် 'အဖေ'ဟူ၍ ကျုံးဝမ်ထပ်မသုံးခဲ့တော့။

ဤလမ်းကို သူကိုယ်တိုင် ရွေးလျှောက်ခဲ့သည်။ မင်းသားအိမ်တော် ကံဆိုးမိုးမှောင် ကျခဲ့ချိန်ကတည်းက ကျုံးဝမ် သူ့ကိုယ်သူ မချစ်ချင်တော့။

အရာအားလုံးတွင် မရင်းနှီးမှုများကို အာရုံခံစားနေရသည်။ နှစ်ပေါင်းများစွာ ဒုက္ခခံစားခဲ့ရပြီးနောက်တွင် တယုတယ ဂရုစိုက်ခံရသည်ဟူသော ခံစားချက်ကို သူမေ့သွားခဲ့လေပြီ။ ယခုကဲ့သို့ ရုတ်တရက်ကြီး ပက်ပင်းခံစားလိုက်ရချိန်တွင် သူ့ရင်ထဲ၌ ဆောက်တည်ရာမရ ဖြစ်နေမိသည်။

ယွီရှီ၏အမြင်တွင်မူ သူ့နှလုံးသားထဲသို့ ဓားတစ်ချောင်းစိုက်သွင်းလိုက်သည့်နှယ်။

စိတ်မတင်းထားနိုင်စွာ ကျုံးဝမ်က ယွီရှီကို လှမ်းကြည့်လိုက်သည်။ သူလျှပ်တစ်ပြက် ပြောလိုက်မိသည်။ "မင်းကြီးက အရူးမဟုတ်ဘူး။ မင်း ငါ့အမှုကို အတင်းဝန်ခံလိုက်ရင် မင်း... မင်းအပြစ်ပေးမခံရဘူးလား။ ဒါမှမဟုတ် မင်း မင်းကြီးကို တစ်ခုခုများ ကတိပေးခဲ့ရသေးလား"

ယွီရှီ တွေးလိုက်သည်။ ကြည့်စမ်း၊ ဒီလူကတော့ ငါ့အတွက် စိတ်ပူနေပြန်ပြီ။

ဤသူသည် မည်ကဲ့သို့များ တာဝန်ယူစိတ် ပြင်းထန်လျက် အထီးကျန်သော လူတစ်ယောက် ဖြစ်လာရသနည်း။

ကျုံးဝမ်၏ ခန့်မှန်းချက်တို့ မှန်ခဲ့လေသည်။ အရာအားလုံးတွင် အပေးအယူရှိသည်။ ယွီရှီ ကျုံးဝမ်ကို ခေါင်းမာစွာ ကာကွယ်ချင်သည်ဆိုမှတော့ ချုံအန်းမင်းကြီးအား စိတ်ရင်းစေတနာတချို့ ပြသရပေမည်။

မနက်လွှတ်တော်အပြီးတွင် ယွီရှီသည် ချုံအန်းမင်းကြီးနှင့် ညှိနှိုင်းရန် ကျန်ရစ်ခဲ့သည်။

ယနေ့ကိစ္စများနှင့်ပတ်သတ်၍ ပြဿနာများဖန်တီးရန် တစ်ယောက်ယောက်က ရွှမ်ချုံကို အသုံးပြုလိုက်သည်မှာ ထင်ရှားသည်။ ချုံအန်းမင်းကြီး အမုန်းဆုံးအရာမှာ တော်ဝင်မင်းသားများအား အခြားသူများက ခြယ်လှယ်ခြင်းဖြစ်သည်။ ဤအကြောင်းကြောင့် ကျုံးဝမ်အား ကူညီရန် ယွီရှီက ခေါင်းမာမာနှင့် တောင်းဆိုလာသည့်အခါ ချုံအန်းမင်းကြီးက အလျှော့ပေးလိုက်ခြင်းဖြစ်သည်။ သူ ယွီရှီကို အလိုလိုက်ခြင်း တစ်ခုတည်းကြောင့်သာမဟုတ်၊ ပြဿနာဖန်တီးနေသည့် လူကို သေချာသိနိုင်ရန် ဤနောက်ကျိနေသည့် နက်ရှိုင်းလှသော ရေကန်ကို ရှင်းလင်းချင်ခြင်းကြောင့်သာဖြစ်သည်။

သို့သော် ချန်အန်းမင်းသားအား ရာထူးချနိုင်သည့် အခွင့်အရေးကို ဆုံးရှုံးလိုက်ရကတည်းက ချုံအန်းမင်းကြီးအနေနှင့် အလျော်အစားတော့ ပြန်တောင်းမှာ အသေအချာပင်။

ဥပမာအားဖြင့် ယွီရှီ နေ့စဉ် မနက်လွှတ်တော်တက်ရန်။

ထို့အပြင် သူ၏တာဝန်ဝတ္တရားတို့ကို လက်ထောက်အကြီးအကဲများနှင့် လွှဲမထားရန်။ သူပါဝင်သင့်သည့် အုပ်ချုပ်ရေးဆိုင်ရာ အမှုကိစ္စများတွင် ပါဝင်ရန်။

အခြားဥပမာတစ်ခုမှာ ဤအမှုကို ဖြေရှင်းပြီးလျှင် သူ့လုပ်ရပ်မှားတို့ကို ပြန်ဆင်ခြင်သည့်အနေဖြင့် နေအိမ်အကျယ်ချုပ် ငါးရက်နေရန်။ ထိုမှသာ တော်ဝင်အကဲဖြတ်တို့၏ ပါးစပ်များကို ပိတ်သွားစေမည်ဖြစ်သည်။

ယွီရှီက ခေါင်းငုံ့လျက် အရေးကြီးသော အချက်များကို ချန်လှပ်ကာ အသေးအဖွဲ အချက်များကို ပြောပြလိုက်သည်။ "သူက ငါ့ကို အိမ်မှာနေပြီး ရက်နည်းနည်း အပြစ်ဆင်ခြင်စေရုံပါပဲ... ကိစ္စမရှိဘူး။ ငါအကျင့်ဖြစ်နေပြီ"

ဤမျှလောက်ထိ ရိုးစင်းလိမ့်မည်ဟု ကျုံးဝမ်မယုံ။ သို့သော် ယွီရှီက ဘာကိုမှဆက်မပြောတော့။

"တကယ်လို့ ဒီလိုကိစ္စမျိုး ထပ်ဖြစ်ခဲ့ရင်... ငါ့ကိုကြိုပြောထားတာ ကောင်းလိမ့်မယ်" ယွီရှီက သူ့မျက်စိရှေ့တွင် တောက်လောင်နေသော 'သက်သေ'တို့ကို ကြည့်နေသည်။ "ဒီနေ့ ငါစိတ်ကြည်နေလို့သာ မနက်လွှတ်တော်တက်တာ။ ငါမသွားခဲ့ရင် ဘယ်လိုလုပ်မလဲ"
ကျုံးဝမ်သာ ရွှမ်ချုံလက်ထဲရောက်သွားလျှင် အဆုံးတွင်မတော့ ပြန်လွတ်မြောက်လာမည်ကို ယွီရှီသိသည်။ သို့သော် သူဆင်းရဲဒုက္ခကြီးကို ကျော်ဖြတ်ရပေဦးမည်။

စိုးကြောက်စိတ်ခပ်ပျပျသည် ယွီရှီ၏ရင်ထဲတွင် ရစ်ဝဲနေသည်။ ကျုံးဝမ်ကို မကျေမနပ်ဖြစ်စိတ်များကိုလည်း သူထိန်းချုပ်၍မရ။

အစမှအဆုံးအထိ ကျုံးဝမ်သည် သူ့ထံမှ အကူအညီမတောင်းခဲ့။

ကျုံးဝမ်ကို ရွှမ်ချုံနှိပ်စက်နေမည့် ပုံရိပ်များသည် သူ့စိတ်ထဲတွင် ဝဲလည်ခတ်နေသည်။ သူ့မျက်လုံးများ အနည်းငယ်နီရဲလာသည်။ သူ့ဒေါသတို့ကို ကျုံးဝမ်အပေါ်တွင် ပုံမချချင်သောကြောင့် မျက်လုံးကိုမှိတ်၍သာ စကားလမ်းကြောင်း လွှဲလိုက်တော့သည်။ "မင်းမှာငွေရှိလား"

ကျုံးဝမ် တုန်လှုပ်သွားသည်။ ဝေခွဲရခက်စွာဖြင့် သူကမေးလိုက်သည်။ "ဘာ... ငွေလဲ"

ယွီရှီ အလိုမကျဖြစ်သွားသည်။ အေးစက်စွာ သူကပြောသည်။ "တာ့လီခုံရုံးဆိုတာ မင်းဝင်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်းထွက်လို့ရတဲ့ နေရာများ မှတ်နေလား။ ငါ မင်းကို တခြားကိစ္စတွေအတွက် ဖိအားမပေးတာတောင် မင်းအတွက်တော်လှပြီ။ ဒီလာဘ်ထိုးတဲ့ငွေတွေကို မင်းပြန်မပေးတော့ဘူးလား"

"ဘ-ဘယ်လောက်လဲ"

ယွီရှီက သူ့လက်ထောက် မကြာသေးခင်ကမှ သူ့ကိုပေးထားသော စာရွက်စာတမ်းတို့ကို ကောက်ကိုင်ကာ တစ်ချက်ကြည့်လိုက်သည်။ "ငွေစသုံးထောင့်လေးရာ။ မင်းမြန်မြန်ပြန်ပေးနိုင်လေ... မြန်မြန်ထွက်သွားလို့ ရနိုင်လေပဲ"

ယွီရှီက ခေါင်းကိုငုံ့လျက် စာရွက်များကို ပြန်ဖတ်ရင်း မျက်ခုံးနှစ်ဖက်ကြားနေရာကို ဖိပွတ်နေသည်။

စောစောက သူနှင့်ရှီဟုန် တစ်နည်း ကိုယ့်ကိုယ်ကို ထိန်းချုပ်ခံထားရမှန်းမသိသော အရူးတို့ မနက်လွှတ်တော်တွင် အချိန်တော်တော်ကြာ ငြင်းခုန်ခဲ့ရသည်။ ထို့နောက် ချုံအန်းမင်းကြီးနှင့်လည်း အချိန်ကြာမြင့်စွာ ညှိနှိုင်းခဲ့ရပြန်သည်။ ယွီရှီ၏စိတ်သည် ယောက်ယက်ခတ်နေသည်။ ပြဿနာတက်မည်ကို စိုးရိမ်၍သာမဟုတ်လျှင် သူ့စိတ်ကိုငြိမ်အောင် ဦးစွာလုပ်မည်ဖြစ်သည်။ ယခုအချိန်တွင် ထိုလူတို့ ကျုံးဝမ်ကို နှိပ်စက်နေကြမည့် ပုံရိပ်တို့သည် သူ့ခေါင်းကို နှစ်ခြမ်းကွဲလုမတတ် ကိုက်ခဲစေသည်။ လောလောဆယ် ကျုံးဝမ် မြန်မြန်ထွက်သွား၍ရအောင် ဤကိစ္စကို သူ မြန်မြန်အဆုံးသတ်ချင်လှသည်။ သူ့စိတ်လွတ်ထွက်သွားပြီး ဒေါသစိတ်မွှန်လျက် ကျုံးဝမ်ကို လည်ပင်းညှစ်သတ်မိခြင်းမှ ရှောင်ရှားရန်လည်း ဖြစ်သည်။

(T/N - သူ့စိတ်ကို ငြိမ်အောင်လုပ်တယ်ဆိုတာ တစ်ယောက်ယောက်ကို သတ်တာကိုပြောတာပါ)

ဤသူကို ကာကွယ်ရန် ခက်ခဲလွန်းလှသည်။ ယွီရှီ၏ စိတ်မထိန်းနိုင်မှုကြောင့် သူသေဆုံးသွားခဲ့လျှင် အလဟဿဖြစ်ချေတော့မည်။

ဂနာမငြိမ်ဖြစ်လျက် ယွီရှီက စာရွက်ကိုလှန်လိုက်ပြီး ကျုံးဝမ်ကို ဆက်မကြည့်တော့ပေ။

ကျုံးဝမ်၏ အကြည့်တို့သည် ယွီရှီထံတွင် တည်မြဲလျက် နှလုံးသားထဲတွင် ခံစားချက်အမျိုးမျိုးတို့ ရောပြွန်းနေသည်။

ငွေစသုံးထောင်ကျော်သည် နည်းပါးသော ပမာဏမဟုတ်။ သို့သော် ချန်အန်းမင်းသား အိမ်တော်အနေနှင့်တော့ စုဆောင်းနိုင်သေးသည်။

ယခုလောလောဆယ်တွင် ငွေစာရင်းကို ရွှမ်စုန်ရှင်းက ကိုင်ထားသည်။ တစ်ယောက်ယောက်ကိုလွှတ်၍ သူ့အားအကြောင်းကြားလိုက်လျှင် ယခုချက်ချင်း မဟုတ်သည့်တိုင် ရတနာတချို့ကို ပေါင်နှံ၍ရသေးသည်။ သို့ဆိုလျှင် လုံလောက်ချေပြီ။

ဤနေရာသို့ ငွေရောက်သည်နှင့် သူပြန်သွားနိုင်လေပြီ။

ထန်မင် ရက်ပေါင်းများစွာ အကွက်ချထားခဲ့သော အစီအစဉ်သည် မျက်စိတစ်မှိတ်အတွင်း ဖြေရှင်းပြီးသွားတော့လေမလား။

လေးနာရီအတွင်းတွင် သူအိမ်ပြန်၍ရတော့မည်။ ရွှမ်ရွေ့အတွက် သူ ဦးနှောက်ခြောက်အောင် ဆက်စဉ်းစားနိုင်တော့မည်။ ချန်အန်းမင်းသားအိမ်တော်ကို ဆက်ကူညီနိုင်တော့မည်။

ကျုံးဝမ် ယွီရှီကို ကြည့်နေမိသည်။ သူ့ရင်ထဲတွင် မောဟိုက်လာသည်။ နှစ်ပေါင်းများစွာအတွင်းတွင် ဤသည်မှာ သူ သူ့ကိုယ်သူ 'ချစ်'ကြည့်ချင်သည့် ပထမဆုံးအကြိမ်ဖြစ်သည်။

"ငါ..." ကျုံးဝမ်က နူးညံ့စွာပြောလိုက်သည်။ "ငွေမရှိဘူး"

ယွီရှီက ခေါင်းကိုမော့လျက် ကျုံးဝမ်ကို စိုက်ကြည့်လာသည်။ သူ့မျက်လုံးများ လုံးဝနီရဲသွားတော့သည်။ သူက သူ၏အရိုင်းဆန်သော စိတ်တို့ကို ဖိချုပ်ထားရဟန်ပေါ်ပြီး ကျုံးဝမ်၏စကားတို့ကို ကောင်းကောင်းမကြားလိုက်ပုံပင်။ ဆွံ့အလျက် သူကမေးလိုက်သည်။ "မင်းဘာပြောလိုက်တယ်"

ကျုံးဝမ်၏လည်ဇလုတ်မှာ လှုပ်ရှားသွားသည်။ "ငါ့မှာငွေမရှိဘူး။ ငါပြန်မပေးနိုင်ဘူး"

ယွီရှီသည် ကျုံးဝမ်ကို ခပ်တွေတွေ စိုက်ကြည့်နေမိသည်။ သူ ဤသို့အဖြစ်မျိုးကို မျှော်လင့်မထားခဲ့သည်မှာ သေချာသည်။ သူ စနစ်တကျ နေရာချထားခဲ့သော အစီအစဉ်တို့သည် ဤအဆင့်တွင် တန့်သွားခဲ့သည်။

ရုတ်တရက် သူက ဒေါသပေါက်ကွဲလေတော့သည်။ "ငါမင်းကို အပြစ်ကြီးကြီးပေးတာတောင် မဟုတ်ဘူး။ ငွေစသုံးထောင်ကျော်လေးပဲ။ မင်း ဘယ်လိုလုပ်ပြီး ပြန်မပေးနိုင်ရတာလဲ"

ကျုံးဝမ်က အရှက်မဲ့စွာ ခေါင်းယမ်းလိုက်သည်။ "ငါပြန်မပေးနိုင်ဘူး"

တာ့လီခုံရုံးအကြီးအကဲသည် နေရာတွင်ပင် တောင့်ခဲသွားတော့သည်။ သူ ဤနေရာတွင် သုံးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့်တိုင် ယူထားသောပစ္စည်းတို့ကို ပြန်ပေးရန်ငြင်းဆိုသည့် အရာရှိမျိုးကို သူပထမဆုံး တွေ့ဖူးခြင်းဖြစ်သည်။

သူ့အသက်ထက် ငွေကြေးက အရေးကြီးနေခဲ့သည်လား။

မျှော်လင့်မထားသောကိစ္စကို ရုတ်တရက်ကြုံတွေ့လိုက်ရသော ယွီရှီမှာ ဦးနှောက်များပင် ချာချာလည်သွားခဲ့သည်။ ကျုံးဝမ်ကို မရိုက်မိအောင် သူမနည်းထိန်းချုပ်နေရသည်။

ချစ်သူကို ရိုက်သောယောက်ျားတို့သည် အဆိုးဝါးဆုံးသော လူမျိုးများဖြစ်သည်ဟု ယွီရှီငယ်ငယ်က ခစားခဲ့ဖူးသော အစေခံမိန်းကလေးများက သတိပေးခဲ့ဖူးသည်။ သူတို့၏ချစ်သူ ဘယ်လောက်ပဲ အမှားလုပ်လုပ်၊ ယောက်ျားတို့အနေဖြင့် ချစ်သူအားမရိုက်သင့်။

ထို့နောက်တွင်မူ ယွီရှီသည် ထိုစကားများကို နှလုံးသားထဲထိတိုင် သိမ်းမှတ်ထားခဲ့သည်။

သူဘယ်လောက်ပဲ စိတ်တိုနေနေ၊ သူ ကျုံးဝမ်ကို ရိုက်၍မဖြစ်...

ယွီရှီ၏လက်များ အနည်းငယ်တုန်ယင်နေသည်။ သူ မနည်းပြောလိုက်ရသည်။ "ငါဂရုမစိုက်ဘူး။ မင်းရဲ့အိမ်တော် ဘာပဲလုပ်ရလုပ်ရ၊ ငွေကိုရအောင် ပြန်ပေးရမယ်..."

ကျုံးဝမ် ချောင်းဟန့်လိုက်သည်။ "ရွှမ်ရွေ့ထွက်သွားတုန်းက သူချီးမြှင့်ခံရတဲ့ ပစ္စည်းတွေအကုန်လုံးကို ယူသွားတယ်၊ ပြီးတော့လည်း... တန်ဖိုးရှိတဲ့ ပစ္စည်းတွေအားလုံးနဲ့ ငွေတွေအားလုံးက သူ့ဆီမှာ။ ငါတို့ ဒီမှာငွေသိပ်မကျန်တော့ဘူး"

ခေတ္တကြာသည်အထိ ယွီရှီက ဘာမှမတုံ့ပြန်ခဲ့။ မထင်မှတ်ပဲ ကျုံးဝမ်ကြောင့် သူဒေါသထွက်လွန်း၍ စိုးရိမ်လာမိသည်အထိ။ "ဒါဆို ဘာလုပ်မှာလဲ"

ကျုံးဝမ် မျက်လုံးများကို မှိတ်လိုက်သည်။ "ဒါဆို... ငါဒီမှာလောလောဆယ် နေရမှာလား"

ယွီရှီဆွံ့အသွားတော့သည်။

"ကွေ့ယွမ်" ယွီရှီက ခက်ခက်ခဲခဲဖြင့်ပင် ပြောလေသည်။ "ငါစိတ်မတိုဘူး၊ ဒါပေမဲ့ ငါမင်းကိုရှင်းရှင်းပြောမယ်။ မင်းကြောင့်နဲ့ မနက်လွှတ်တော်မှာ ငါရှီဟုန်နဲ့ စကားများခဲ့တယ်။ တော်ဝင်အကဲဖြတ်နဲ့ စကားများခဲ့တယ်။ ရွှမ်ချုံနဲ့စကားများခဲ့တယ်... အခုဆို မင်းသမီးကြီးနဲ့ မောင်းမဆောင်တစ်ခုလုံးလည်း ဒီအကြောင်းကို သိပြီးလောက်ပြီလို့ ငါထင်တယ်။ မင်းကြောင့်ပဲ ငါ မနက်လွှတ်တော်မှာ ပထမဆုံးအနေနဲ့ ပြဿနာကြီးရှာခဲ့တယ်။ အခု မင်းမှာငွေမရှိလို့ ဒီကိစ္စကို အဆုံးမသတ်နိုင်ဘူး။ အဲ့လူတွေ ငါ့ကိုဘယ်လိုတွေးနေကြမလဲဆိုတာ မင်းတွေးမိရဲ့လား"

ဒေါသတကြီး အံကြိတ်လျက် ယွီရှီကပြောသည်။ "လွှတ်တော်ပြီးတော့ ငါ ဒီအရူးရွှမ်ချုံကို ကတိပေးခဲ့သေးတယ်။ မင်းကို တာ့လီခုံရုံးကနေ အန္တရာယ်ကင်းကင်းနဲ့ ပြန်ထွက်သွားနိုင်အောင် မလုပ်နိုင်ရင် ငါ့ရဲ့တာ့လီခုံရုံးအကြီးအကဲနေရာကို သူ့ကိုပေးမယ်ဆိုပြီးတော့။ မင်း... ငါဂရုမစိုက်ဘူး။ ဒီကိုတစ်ယောက်ယောက် ခေါ်လိုက်ဖို့ ငါ မင်းကို ခြောက်နာရီအချိန်ပေးမယ်။ မင်း ဘယ်သူ့ကို အကူအညီတောင်းတောင်း၊ မိတ်ဆွေဟောင်းဖြစ်ဖြစ်၊ ဆွေမျိုးတစ်ယောက်ယောက်ဖြစ်ဖြစ် ငါဂရုမစိုက်ဘူး။ အဲ့အချိန်ဆို မင်းမှာငွေရှိနေရမယ်..."

ကျုံးဝမ် အသက်ရှူမှားသွားရသည်။ မလုပ်နိုင်သည့် အရာတစ်ခုကို ယွီရှီ အဘယ်ကြောင့် ကတိပေးခဲ့သနည်း။

ကျုံးဝမ်က တွန့်ဆုတ်နေပြီးနောက် ရှေ့သို့ခြေနှစ်လှမ်းတိုးလိုက်သည်။ ဒေါသပြင်းစွာထွက်လျက် ယွီရှီအော်ဟစ်လိုက်သည်။ "မလာနဲ့။ ညှိနှိုင်းလို့မရဘူး။ အပိုတွေမလုပ်နဲ့။ မြို့တော်ကလူတိုင်းက ဒီကိစ္စကို သေချာစောင့်ကြည့်နေကြတာ။ ဒါမှမဟုတ် ငါ ငါ့ဂုဏ်သိက္ခာကို ထည့်မတွက်သင့်ဘူးလို့ မင်းကပြောချင်တာလား"

"တွက်သင့်ပါတယ်၊ တွက်သင့်ပါတယ်၊ တွက်သင့်ပါတယ်..." ထို့နောက် ကျုံးဝမ်က အလွန်အမင်း ပျင်းရိဖွယ် ငြီးငြူတော့သည်။ "ဒါပေမဲ့ ငါ့မှာ တကယ်ငွေမှမရှိတာ။ မိတ်ဆွေဟောင်းတွေ ဆိုတာကလည်း... လူတွေရဲ့ဆက်ဆံရေး ဆိုတာမျိုးက အပေါ်ယံလောက်ပဲရှိပြီးတော့ အမြဲမတည်တံ့ဘူးလေ..."

ယွီရှီ၏ဒေါသမီးဟုန်တို့သည် ပို၍ပင်အရှိန်ညီးစွာ တောက်လောင်လေတော့သည်။ "ဒါဆို ငါတို့ဘယ်လိုလုပ်သင့်လဲ။ မင်းရဲ့ကျောက်စိမ်းဆွဲပြားတွေရော။ ယပ်တောင်တွေ။ အဲ့ဒါတွေကို သွားပေါင်လိုက်။ ပြီးရင် ရှီကျင်း မင်းဖို့ချန်ထားတဲ့ လက်ရေးလှစာနဲ့ ပန်းချီကားတွေရောပဲ။ အဲ့ဒါတွေကို ငွေနဲ့သွားလဲလိုက်"

"အဲ့ဒါတွေက တန်ဖိုးသိပ်မရှိလှပါဘူး။ ငွေတုံးနည်းနည်းပဲရမှာ။ လောက်မှာမဟုတ်ဘူး" ကျုံးဝမ်က အတန်ကြာ ဝေ့ဝိုက်နေမိသည်။ ထို့နောက်တွင်မူ ဘွင်းဘွင်းရှင်းရှင်းသာ ပြောချလိုက်တော့သည်။ "ဆက်ခံသူ၊ ငါ့ကို... ငွေချေးပေးရင် ဘယ်လိုလဲ"

ပထမဆုံးအနေဖြင့် တာ့လီခုံရုံး၏အကြီးအကဲသည် ပြစ်မှုကျူးလွန်သော အရာရှိ၏ ကျိုးကြောင်းမဆက်စပ်စွာ အားကိုးခြင်းကို ခံလိုက်ရတော့သည်။ ခေတ္တကြာသည်အထိ သူဘာကိုမှ မတုံ့ပြန်နိုင်။

နူးညံ့သော အသံဖြင့် ကျုံးဝမ်က ပြောလိုက်သည်။ "ငါ့မှာ ဘာမှမရှိဘူး။ ငါ့မှာရှိသမျှနဲ့ဆို... ငါ့ကိုယ်ငါ မင်းဆီမှာ အာမခံထားလို့ရလား"

ယွီရှီ၏နှုတ်မှ မည်သည့်စကားမှ ထွက်မလာခဲ့။ ထို့နောက် ယွီရှီက အမျက်ခြောင်းခြောင်းထွက်ကာ တုန်ရီသောအသံဖြင့် ပြောလိုက်သည်။ "အဓိပ္ပာယ်။ မရှိတဲ့။ စကားတွေ။ ပြောတာ။ ရပ်တော့"

မင်းသားယွီအိမ်တော်၏ အရံခြံဝန်း။

အိမ်တော်ထိန်းဖုန်သည် အဆင့်နိမ့်အိမ်တော်ထိန်းများကို စာရင်းမှတ်နည်းသင်ပေးရင်း ပေသီးတချောက်ချောက်ခေါက်နေသည်။

"ဒီမှာ အရေးကြီးဆုံးကဘာလဲ။ ဆက်ခံသူပဲ" မတိုင်မီလေးက အိမ်တော်ထိန်းဖုန်သည် ပဉ္စမမင်းသားအိမ်တော်မှ ပြဿနာလာရှာသော အိမ်တော်ထိန်းကို အားသိပ်မစိုက်လိုက်ရဘဲ နှင်ထုတ်လိုက်နိုင်သည်။ ပူပူနွေးနွေး ဖြစ်ထားသည့် ကိစ္စကိုအကြောင်းပြု၍ သူက အခြားအိမ်တော်ထိန်းများကို သင်ပြနေသည်။ "ဒီနေ့ဆို ဆက်ခံသူနဲ့ ပဉ္စမမင်းသားတို့ ရန်ထပ်ဖြစ်ခဲ့တာ ရှစ်ပုံဆယ်ပုံလောက် သေချာတယ်။ အခုလေးကပဲ ပဉ္စမမင်းသားအိမ်တော်က အိမ်တော်ထိန်းတစ်ယောက်လာပြီး ကိုယ်လုပ်တော်ယွီ အကြောင်းတချို့ကြောင့် စိတ်တိုပြီးနေမကောင်းဖြစ်နေတယ်လို့ ပြောသွားတယ်။ သူနှလုံးအောင့်နေတာ သက်တမ်းရင့်ဂျင်ဆင်းလိုတယ်တဲ့။ ငါတို့ရဲ့ ပင်မခြံဝန်းထဲမှာ အရည်အသွေးကောင်းတာမရှိလို့ ဒီခြံဝန်းကိုလာပြီးတော့ နည်းနည်းလာချေးတာ။ လူပုံစံရှိတဲ့ဂျင်ဆင်းကို ငါတို့ဂိုထောင်ကနေ ထုတ်ပေးဖို့တောင် သူတို့ကပြောသေးတယ်။ ဒီလိုဖြစ်လာခဲ့ရင် မင်းတို့ဘာလုပ်သင့်လဲ"

အဆင့်နိမ့်အိမ်တော်ထိန်းက ကြောင်တောင်တောင်မေးလိုက်သည်။ "ကျွန်တော်တို့ ဘာလုပ်သင့်လဲ"

"မရဘူးလို့ ပြောရမှာပေါ့" အိမ်တော်ထိန်းဖုန်က စိတ်မရှည်စွာပြောသည်။ "ကိုယ်လုပ်တော်ယွီရဲ့ ခန္ဓာကိုယ်က တန်ဖိုးရှိတယ်ဆိုပေမဲ့ ငါတို့ဆက်ခံသူရဲ့ ခန္ဓာကိုယ်ကရော တန်ဖိုးမရှိလို့လား။ ဆက်ခံသူ အရမ်းနာမကျန်းဖြစ်တဲ့ တစ်နေ့ရောက်လာခဲ့ရင် သူသက်တမ်းရင့်ဂျင်ဆင်းကို သုံးရမှာ။ ဒါဆိုဘာဖြစ်မလဲ"

အဆင့်နိမ့်အိမ်တော်ထိန်းက မေးသည်။ "ကိုယ်လုပ်တော်ယွီက ဘယ်လိုလုပ်ပြီး နေမကောင်းဖြစ်သွားတာလဲ"

အိမ်တော်ထိန်းဖုန်က လက်ကိုခါယမ်းလိုက်သည်။ "ဘယ်သူကသိမှာလဲ။ ဒေါသထွက်လို့ဖြစ်တာလို့ သူတို့ကပြောတာပဲ... ငါတို့နဲ့ ဘာမှမဆိုင်ဘူး။ ဘာဖြစ်ဖြစ်ပါ၊ ဆက်ပြောမယ်။ ငါတို့အိမ်တော်မှာ ဒုတိယအရေးကြီးဆုံးက ဘာလဲ"

အိမ်တော်ထိန်းဖုန်က စာရင်းစာအုပ်ကို ရိုက်လိုက်သည်။ "စာရင်းစာအုပ်ပဲ"

သူ စကားပြောပြီးပြီးချင်းတွင် ယွီရှီ၏နံဘေး၌ အမြဲရှိသော အိမ်တော်စစ်သည်တစ်ဦးက အမောတကောပြေးလာသည်။ သူကပြောသည်။ "ဆက်ခံသူက ငွေလိုတယ်တဲ့"

အိမ်တော်ထိန်းဖုန် အံ့အားသင့်သွားသည်။ "ဆက်ခံသူ ဒီနေ့ မနက်လွှတ်တော်ကိုသွားတာ မဟုတ်ဘူးလား။ ဘာလို့ ငွေပိုလိုတာလဲ။ ဘယ်လောက်လိုတာတဲ့လဲ"

အိမ်တော်စစ်သည်က လက်တစ်ဖက်ကိုလက်သီးဆုပ်လျက် အခြားတစ်ဖက်ဖြင့် အုပ်ကိုင်လိုက်သည်။ "သိပ်မများပါဘူး။ ငွေစသုံးထောင့်လေးရာပါ"

25.9.2021

Thanks for reading

Zawgyi

ထိုအခိုက္ဝယ္ 'ဂ႐ုစိုက္မခံခဲ့ရ'သည္မွာ ႏွစ္မ်ားစြာၾကာၿပီျဖစ္ေသာ က်ဳံးဝမ္၏မ်က္လုံးတို႔သည္ ႐ုတ္တရက္ ျပဴးက်ယ္သြားရေတာ့သည္။

ယခင္က အလိုလိုက္ အႀကိဳက္ေဆာင္ခံရျခင္းကို သူလည္း ခံစားခဲ့ရဖူးပါသည္။ မင္းသားနင္ႏွင့္ ၾကင္ယာေတာ္နင္တို႔ သက္ရွိထင္ရွားရွိစဥ္တြင္ ပထမအဆင့္မင္းသားအိမ္ေတာ္မွ သခင္ေလးတစ္ေယာက္ပမာ ဆက္ခံသူႏွင့္တန္းတူ တန္ဖိုးထားခံရလ်က္ ႐ိုေသေလးစားမႈမ်ား ရရွိခဲ့သည္။

မင္းသားနင္သည္ သိမ္ေမြ႕ေသာ လူတစ္ဦးျဖစ္ၿပီး သူ႔အားေမတၱာမ်ားေပးခဲ့သည္။ က်ဳံးဝမ္အေပၚ စည္းကမ္းတင္းၾကပ္ေသာ ဖခင္တစ္ဦးမဟုတ္ခဲ့။ က်ဳံးဝမ္ႏွင့္လင္စစ္တို႔ မည္မွ်ပင္ ဆိုးသြမ္းေနေန၊ စိတ္တိုျခင္းအလ်ဥ္းမရွိခဲ့ေပ။ ၾကင္ယာေတာ္နင္သည္လည္း က်ဳံးဝမ္၏ လိုအင္ဆႏၵမွန္သမွ်တို႔ကို ျဖည့္ဆည္းေပးကာ သူ၏သားဦးတစ္ေယာက္ကဲ့သို႔ပင္ ဆက္ဆံခဲ့သည္။

သို႔ေသာ္ ဤအမွတ္တရတို႔သည္ ေဝဝါးလ်က္ က်န္ခဲ့ေလၿပီ။ သူျပန္ေတြးမိေလတိုင္း အေသးစိတ္ကို ေရေရရာရာမမွတ္မိေတာ့။ လြန္ခဲ့သည့္ဘဝမွ မွတ္ဉာဏ္မ်ားကဲ့သို႔ပင္။

မင္းသားနင္ လူ႔ေလာကမွ ထြက္သြားကတည္းက သူ႔ကိုရည္ၫႊန္းျပလွ်င္ 'အေဖ'ဟူ၍ က်ဳံးဝမ္ထပ္မသုံးခဲ့ေတာ့။

ဤလမ္းကို သူကိုယ္တိုင္ ေ႐ြးေလွ်ာက္ခဲ့သည္။ မင္းသားအိမ္ေတာ္ ကံဆိုးမိုးေမွာင္ က်ခဲ့ခ်ိန္ကတည္းက က်ဳံးဝမ္ သူ႔ကိုယ္သူ မခ်စ္ခ်င္ေတာ့။

အရာအားလုံးတြင္ မရင္းႏွီးမႈမ်ားကို အာ႐ုံခံစားေနရသည္။ ႏွစ္ေပါင္းမ်ားစြာ ဒုကၡခံစားခဲ့ရၿပီးေနာက္တြင္ တယုတယ ဂ႐ုစိုက္ခံရသည္ဟူေသာ ခံစားခ်က္ကို သူေမ့သြားခဲ့ေလၿပီ။ ယခုကဲ့သို႔ ႐ုတ္တရက္ႀကီး ပက္ပင္းခံစားလိုက္ရခ်ိန္တြင္ သူ႔ရင္ထဲ၌ ေဆာက္တည္ရာမရ ျဖစ္ေနမိသည္။

ယြီရွီ၏အျမင္တြင္မူ သူ႔ႏွလုံးသားထဲသို႔ ဓားတစ္ေခ်ာင္းစိုက္သြင္းလိုက္သည့္ႏွယ္။

စိတ္မတင္းထားႏိုင္စြာ က်ဳံးဝမ္က ယြီရွီကို လွမ္းၾကည့္လိုက္သည္။ သူလွ်ပ္တစ္ျပက္ ေျပာလိုက္မိသည္။ "မင္းႀကီးက အ႐ူးမဟုတ္ဘူး။ မင္း ငါ့အမႈကို အတင္းဝန္ခံလိုက္ရင္ မင္း... မင္းအျပစ္ေပးမခံရဘူးလား။ ဒါမွမဟုတ္ မင္း မင္းႀကီးကို တစ္ခုခုမ်ား ကတိေပးခဲ့ရေသးလား"

ယြီရွီ ေတြးလိုက္သည္။ ၾကည့္စမ္း၊ ဒီလူကေတာ့ ငါ့အတြက္ စိတ္ပူေနျပန္ၿပီ။

ဤသူသည္ မည္ကဲ့သို႔မ်ား တာဝန္ယူစိတ္ ျပင္းထန္လ်က္ အထီးက်န္ေသာ လူတစ္ေယာက္ ျဖစ္လာရသနည္း။

က်ဳံးဝမ္၏ ခန႔္မွန္းခ်က္တို႔ မွန္ခဲ့ေလသည္။ အရာအားလုံးတြင္ အေပးအယူရွိသည္။ ယြီရွီ က်ဳံးဝမ္ကို ေခါင္းမာစြာ ကာကြယ္ခ်င္သည္ဆိုမွေတာ့ ခ်ဳံအန္းမင္းႀကီးအား စိတ္ရင္းေစတနာတခ်ိဳ႕ ျပသရေပမည္။

မနက္လႊတ္ေတာ္အၿပီးတြင္ ယြီရွီသည္ ခ်ဳံအန္းမင္းႀကီးႏွင့္ ညႇိႏႈိင္းရန္ က်န္ရစ္ခဲ့သည္။

ယေန႔ကိစၥမ်ားႏွင့္ပတ္သတ္၍ ျပႆနာမ်ားဖန္တီးရန္ တစ္ေယာက္ေယာက္က ႐ႊမ္ခ်ဳံကို အသုံးျပဳလိုက္သည္မွာ ထင္ရွားသည္။ ခ်ဳံအန္းမင္းႀကီး အမုန္းဆုံးအရာမွာ ေတာ္ဝင္မင္းသားမ်ားအား အျခားသူမ်ားက ျခယ္လွယ္ျခင္းျဖစ္သည္။ ဤအေၾကာင္းေၾကာင့္ က်ဳံးဝမ္အား ကူညီရန္ ယြီရွီက ေခါင္းမာမာႏွင့္ ေတာင္းဆိုလာသည့္အခါ ခ်ဳံအန္းမင္းႀကီးက အေလွ်ာ့ေပးလိုက္ျခင္းျဖစ္သည္။ သူ ယြီရွီကို အလိုလိုက္ျခင္း တစ္ခုတည္းေၾကာင့္သာမဟုတ္၊ ျပႆနာဖန္တီးေနသည့္ လူကို ေသခ်ာသိႏိုင္ရန္ ဤေနာက္က်ိေနသည့္ နက္ရႈိင္းလွေသာ ေရကန္ကို ရွင္းလင္းခ်င္ျခင္းေၾကာင့္သာျဖစ္သည္။

သို႔ေသာ္ ခ်န္အန္းမင္းသားအား ရာထူးခ်ႏိုင္သည့္ အခြင့္အေရးကို ဆုံးရႈံးလိုက္ရကတည္းက ခ်ဳံအန္းမင္းႀကီးအေနႏွင့္ အေလ်ာ္အစားေတာ့ ျပန္ေတာင္းမွာ အေသအခ်ာပင္။

ဥပမာအားျဖင့္ ယြီရွီ ေန႔စဥ္ မနက္လႊတ္ေတာ္တက္ရန္။

ထို႔အျပင္ သူ၏တာဝန္ဝတၱရားတို႔ကို လက္ေထာက္အႀကီးအကဲမ်ားႏွင့္ လႊဲမထားရန္။ သူပါဝင္သင့္သည့္ အုပ္ခ်ဳပ္ေရးဆိုင္ရာ အမႈကိစၥမ်ားတြင္ ပါဝင္ရန္။

အျခားဥပမာတစ္ခုမွာ ဤအမႈကို ေျဖရွင္းၿပီးလွ်င္ သူ႔လုပ္ရပ္မွားတို႔ကို ျပန္ဆင္ျခင္သည့္အေနျဖင့္ ေနအိမ္အက်ယ္ခ်ဳပ္ ငါးရက္ေနရန္။ ထိုမွသာ ေတာ္ဝင္အကဲျဖတ္တို႔၏ ပါးစပ္မ်ားကို ပိတ္သြားေစမည္ျဖစ္သည္။

ယြီရွီက ေခါင္းငုံ႔လ်က္ အေရးႀကီးေသာ အခ်က္မ်ားကို ခ်န္လွပ္ကာ အေသးအဖြဲ အခ်က္မ်ားကို ေျပာျပလိုက္သည္။ "သူက ငါ့ကို အိမ္မွာေနၿပီး ရက္နည္းနည္း အျပစ္ဆင္ျခင္ေစ႐ုံပါပဲ... ကိစၥမရွိဘူး။ ငါအက်င့္ျဖစ္ေနၿပီ"

ဤမွ်ေလာက္ထိ ႐ိုးစင္းလိမ့္မည္ဟု က်ဳံးဝမ္မယုံ။ သို႔ေသာ္ ယြီရွီက ဘာကိုမွဆက္မေျပာေတာ့။

"တကယ္လို႔ ဒီလိုကိစၥမ်ိဳး ထပ္ျဖစ္ခဲ့ရင္... ငါ့ကိုႀကိဳေျပာထားတာ ေကာင္းလိမ့္မယ္" ယြီရွီက သူ႔မ်က္စိေရွ႕တြင္ ေတာက္ေလာင္ေနေသာ 'သက္ေသ'တို႔ကို ၾကည့္ေနသည္။ "ဒီေန႔ ငါစိတ္ၾကည္ေနလို႔သာ မနက္လႊတ္ေတာ္တက္တာ။ ငါမသြားခဲ့ရင္ ဘယ္လိုလုပ္မလဲ"

က်ဳံးဝမ္သာ ႐ႊမ္ခ်ဳံလက္ထဲေရာက္သြားလွ်င္ အဆုံးတြင္မေတာ့ ျပန္လြတ္ေျမာက္လာမည္ကို ယြီရွီသိသည္။ သို႔ေသာ္ သူဆင္းရဲဒုကၡႀကီးကို ေက်ာ္ျဖတ္ရေပဦးမည္။

စိုးေၾကာက္စိတ္ခပ္ပ်ပ်သည္ ယြီရွီ၏ရင္ထဲတြင္ ရစ္ဝဲေနသည္။ က်ဳံးဝမ္ကို မေက်မနပ္ျဖစ္စိတ္မ်ားကိုလည္း သူထိန္းခ်ဳပ္၍မရ။

အစမွအဆုံးအထိ က်ဳံးဝမ္သည္ သူ႔ထံမွ အကူအညီမေတာင္းခဲ့။

က်ဳံးဝမ္ကို ႐ႊမ္ခ်ဳံႏွိပ္စက္ေနမည့္ ပုံရိပ္မ်ားသည္ သူ႔စိတ္ထဲတြင္ ဝဲလည္ခတ္ေနသည္။ သူ႔မ်က္လုံးမ်ား အနည္းငယ္နီရဲလာသည္။ သူ႔ေဒါသတို႔ကို က်ဳံးဝမ္အေပၚတြင္ ပုံမခ်ခ်င္ေသာေၾကာင့္ မ်က္လုံးကိုမွိတ္၍သာ စကားလမ္းေၾကာင္း လႊဲလိုက္ေတာ့သည္။ "မင္းမွာေငြရွိလား"

က်ဳံးဝမ္ တုန္လႈပ္သြားသည္။ ေဝခြဲရခက္စြာျဖင့္ သူကေမးလိုက္သည္။ "ဘာ... ေငြလဲ"

ယြီရွီ အလိုမက်ျဖစ္သြားသည္။ ေအးစက္စြာ သူကေျပာသည္။ "တာ့လီခုံ႐ုံးဆိုတာ မင္းဝင္ခ်င္တိုင္းဝင္၊ ထြက္ခ်င္တိုင္းထြက္လို႔ရတဲ့ ေနရာမ်ား မွတ္ေနလား။ ငါ မင္းကို တျခားကိစၥေတြအတြက္ ဖိအားမေပးတာေတာင္ မင္းအတြက္ေတာ္လွၿပီ။ ဒီလာဘ္ထိုးတဲ့ေငြေတြကို မင္းျပန္မေပးေတာ့ဘူးလား"

"ဘ-ဘယ္ေလာက္လဲ"

ယြီရွီက သူ႔လက္ေထာက္ မၾကာေသးခင္ကမွ သူ႔ကိုေပးထားေသာ စာ႐ြက္စာတမ္းတို႔ကို ေကာက္ကိုင္ကာ တစ္ခ်က္ၾကည့္လိုက္သည္။ "ေငြစသုံးေထာင့္ေလးရာ။ မင္းျမန္ျမန္ျပန္ေပးႏိုင္ေလ... ျမန္ျမန္ထြက္သြားလို႔ ရႏိုင္ေလပဲ"

ယြီရွီက ေခါင္းကိုငုံ႔လ်က္ စာ႐ြက္မ်ားကို ျပန္ဖတ္ရင္း မ်က္ခုံးႏွစ္ဖက္ၾကားေနရာကို ဖိပြတ္ေနသည္။

ေစာေစာက သူႏွင့္ရွီဟုန္ တစ္နည္း ကိုယ့္ကိုယ္ကို ထိန္းခ်ဳပ္ခံထားရမွန္းမသိေသာ အ႐ူးတို႔ မနက္လႊတ္ေတာ္တြင္ အခ်ိန္ေတာ္ေတာ္ၾကာ ျငင္းခုန္ခဲ့ရသည္။ ထို႔ေနာက္ ခ်ဳံအန္းမင္းႀကီးႏွင့္လည္း အခ်ိန္ၾကာျမင့္စြာ ညႇိႏႈိင္းခဲ့ရျပန္သည္။ ယြီရွီ၏စိတ္သည္ ေယာက္ယက္ခတ္ေနသည္။ ျပႆနာတက္မည္ကို စိုးရိမ္၍သာမဟုတ္လွ်င္ သူ႔စိတ္ကိုၿငိမ္ေအာင္ ဦးစြာလုပ္မည္ျဖစ္သည္။ ယခုအခ်ိန္တြင္ ထိုလူတို႔ က်ဳံးဝမ္ကို ႏွိပ္စက္ေနၾကမည့္ ပုံရိပ္တို႔သည္ သူ႔ေခါင္းကို ႏွစ္ျခမ္းကြဲလုမတတ္ ကိုက္ခဲေစသည္။ ေလာေလာဆယ္ က်ဳံးဝမ္ ျမန္ျမန္ထြက္သြား၍ရေအာင္ ဤကိစၥကို သူ ျမန္ျမန္အဆုံးသတ္ခ်င္လွသည္။ သူ႔စိတ္လြတ္ထြက္သြားၿပီး ေဒါသစိတ္မႊန္လ်က္ က်ဳံးဝမ္ကို လည္ပင္းညႇစ္သတ္မိျခင္းမွ ေရွာင္ရွားရန္လည္း ျဖစ္သည္။

(T/N - သူ႔စိတ္ကို ၿငိမ္ေအာင္လုပ္တယ္ဆိုတာ တစ္ေယာက္ေယာက္ကို သတ္တာကိုေျပာတာပါ)

ဤသူကို ကာကြယ္ရန္ ခက္ခဲလြန္းလွသည္။ ယြီရွီ၏ စိတ္မထိန္းႏိုင္မႈေၾကာင့္ သူေသဆုံးသြားခဲ့လွ်င္ အလဟႆျဖစ္ေခ်ေတာ့မည္။

ဂနာမၿငိမ္ျဖစ္လ်က္ ယြီရွီက စာ႐ြက္ကိုလွန္လိုက္ၿပီး က်ဳံးဝမ္ကို ဆက္မၾကည့္ေတာ့ေပ။

က်ဳံးဝမ္၏ အၾကည့္တို႔သည္ ယြီရွီထံတြင္ တည္ၿမဲလ်က္ ႏွလုံးသားထဲတြင္ ခံစားခ်က္အမ်ိဳးမ်ိဳးတို႔ ေရာႁပြန္းေနသည္။

ေငြစသုံးေထာင္ေက်ာ္သည္ နည္းပါးေသာ ပမာဏမဟုတ္။ သို႔ေသာ္ ခ်န္အန္းမင္းသား အိမ္ေတာ္အေနႏွင့္ေတာ့ စုေဆာင္းႏိုင္ေသးသည္။

ယခုေလာေလာဆယ္တြင္ ေငြစာရင္းကို ႐ႊမ္စုန္ရွင္းက ကိုင္ထားသည္။ တစ္ေယာက္ေယာက္ကိုလႊတ္၍ သူ႔အားအေၾကာင္းၾကားလိုက္လွ်င္ ယခုခ်က္ခ်င္း မဟုတ္သည့္တိုင္ ရတနာတခ်ိဳ႕ကို ေပါင္ႏွံ၍ရေသးသည္။ သို႔ဆိုလွ်င္ လုံေလာက္ေခ်ၿပီ။

ဤေနရာသို႔ ေငြေရာက္သည္ႏွင့္ သူျပန္သြားႏိုင္ေလၿပီ။

ထန္မင္ ရက္ေပါင္းမ်ားစြာ အကြက္ခ်ထားခဲ့ေသာ အစီအစဥ္သည္ မ်က္စိတစ္မွိတ္အတြင္း ေျဖရွင္းၿပီးသြားေတာ့ေလမလား။

ေလးနာရီအတြင္းတြင္ သူအိမ္ျပန္၍ရေတာ့မည္။ ႐ႊမ္ေ႐ြ႕အတြက္ သူ ဦးေႏွာက္ေျခာက္ေအာင္ ဆက္စဥ္းစားႏိုင္ေတာ့မည္။ ခ်န္အန္းမင္းသားအိမ္ေတာ္ကို ဆက္ကူညီႏိုင္ေတာ့မည္။

က်ဳံးဝမ္ ယြီရွီကို ၾကည့္ေနမိသည္။ သူ႔ရင္ထဲတြင္ ေမာဟိုက္လာသည္။ ႏွစ္ေပါင္းမ်ားစြာအတြင္းတြင္ ဤသည္မွာ သူ သူ႔ကိုယ္သူ 'ခ်စ္'ၾကည့္ခ်င္သည့္ ပထမဆုံးအႀကိမ္ျဖစ္သည္။

"ငါ..." က်ဳံးဝမ္က ႏူးညံ့စြာေျပာလိုက္သည္။ "ေငြမရွိဘူး"

ယြီရွီက ေခါင္းကိုေမာ့လ်က္ က်ဳံးဝမ္ကို စိုက္ၾကည့္လာသည္။ သူ႔မ်က္လုံးမ်ား လုံးဝနီရဲသြားေတာ့သည္။ သူက သူ၏အ႐ိုင္းဆန္ေသာ စိတ္တို႔ကို ဖိခ်ဳပ္ထားရဟန္ေပၚၿပီး က်ဳံးဝမ္၏စကားတို႔ကို ေကာင္းေကာင္းမၾကားလိုက္ပုံပင္။ ဆြံ႕အလ်က္ သူကေမးလိုက္သည္။ "မင္းဘာေျပာလိုက္တယ္"

က်ဳံးဝမ္၏လည္ဇလုတ္မွာ လႈပ္ရွားသြားသည္။ "ငါ့မွာေငြမရွိဘူး။ ငါျပန္မေပးႏိုင္ဘူး"

ယြီရွီသည္ က်ဳံးဝမ္ကို ခပ္ေတြေတြ စိုက္ၾကည့္ေနမိသည္။ သူ ဤသို႔အျဖစ္မ်ိဳးကို ေမွ်ာ္လင့္မထားခဲ့သည္မွာ ေသခ်ာသည္။ သူ စနစ္တက် ေနရာခ်ထားခဲ့ေသာ အစီအစဥ္တို႔သည္ ဤအဆင့္တြင္ တန႔္သြားခဲ့သည္။

႐ုတ္တရက္ သူက ေဒါသေပါက္ကြဲေလေတာ့သည္။ "ငါမင္းကို အျပစ္ႀကီးႀကီးေပးတာေတာင္ မဟုတ္ဘူး။ ေငြစသုံးေထာင္ေက်ာ္ေလးပဲ။ မင္း ဘယ္လိုလုပ္ၿပီး ျပန္မေပးႏိုင္ရတာလဲ"

က်ဳံးဝမ္က အရွက္မဲ့စြာ ေခါင္းယမ္းလိုက္သည္။ "ငါျပန္မေပးႏိုင္ဘူး"

တာ့လီခုံ႐ုံးအႀကီးအကဲသည္ ေနရာတြင္ပင္ ေတာင့္ခဲသြားေတာ့သည္။ သူ ဤေနရာတြင္ သုံးႏွစ္ၾကာ တာဝန္ထမ္းေဆာင္ခဲ့သည့္တိုင္ ယူထားေသာပစၥည္းတို႔ကို ျပန္ေပးရန္ျငင္းဆိုသည့္ အရာရွိမ်ိဳးကို သူပထမဆုံး ေတြ႕ဖူးျခင္းျဖစ္သည္။

သူ႔အသက္ထက္ ေငြေၾကးက အေရးႀကီးေနခဲ့သည္လား။

ေမွ်ာ္လင့္မထားေသာကိစၥကို ႐ုတ္တရက္ႀကဳံေတြ႕လိုက္ရေသာ ယြီရွီမွာ ဦးေႏွာက္မ်ားပင္ ခ်ာခ်ာလည္သြားခဲ့သည္။ က်ဳံးဝမ္ကို မ႐ိုက္မိေအာင္ သူမနည္းထိန္းခ်ဳပ္ေနရသည္။

ခ်စ္သူကို ႐ိုက္ေသာေယာက္်ားတို႔သည္ အဆိုးဝါးဆုံးေသာ လူမ်ိဳးမ်ားျဖစ္သည္ဟု ယြီရွီငယ္ငယ္က ခစားခဲ့ဖူးေသာ အေစခံမိန္းကေလးမ်ားက သတိေပးခဲ့ဖူးသည္။ သူတို႔၏ခ်စ္သူ ဘယ္ေလာက္ပဲ အမွားလုပ္လုပ္၊ ေယာက္်ားတို႔အေနျဖင့္ ခ်စ္သူအားမ႐ိုက္သင့္။

ထို႔ေနာက္တြင္မူ ယြီရွီသည္ ထိုစကားမ်ားကို ႏွလုံးသားထဲထိတိုင္ သိမ္းမွတ္ထားခဲ့သည္။

သူဘယ္ေလာက္ပဲ စိတ္တိုေနေန၊ သူ က်ဳံးဝမ္ကို ႐ိုက္၍မျဖစ္...

ယြီရွီ၏လက္မ်ား အနည္းငယ္တုန္ယင္ေနသည္။ သူ မနည္းေျပာလိုက္ရသည္။ "ငါဂ႐ုမစိုက္ဘူး။ မင္းရဲ႕အိမ္ေတာ္ ဘာပဲလုပ္ရလုပ္ရ၊ ေငြကိုရေအာင္ ျပန္ေပးရမယ္..."

က်ဳံးဝမ္ ေခ်ာင္းဟန႔္လိုက္သည္။ "႐ႊမ္ေ႐ြ႕ထြက္သြားတုန္းက သူခ်ီးျမႇင့္ခံရတဲ့ ပစၥည္းေတြအကုန္လုံးကို ယူသြားတယ္၊ ၿပီးေတာ့လည္း... တန္ဖိုးရွိတဲ့ ပစၥည္းေတြအားလုံးနဲ႔ ေငြေတြအားလုံးက သူ႔ဆီမွာ။ ငါတို႔ ဒီမွာေငြသိပ္မက်န္ေတာ့ဘူး"

ေခတၱၾကာသည္အထိ ယြီရွီက ဘာမွမတုံ႔ျပန္ခဲ့။ မထင္မွတ္ပဲ က်ဳံးဝမ္ေၾကာင့္ သူေဒါသထြက္လြန္း၍ စိုးရိမ္လာမိသည္အထိ။ "ဒါဆို ဘာလုပ္မွာလဲ"

က်ဳံးဝမ္ မ်က္လုံးမ်ားကို မွိတ္လိုက္သည္။ "ဒါဆို... ငါဒီမွာေလာေလာဆယ္ ေနရမွာလား"

ယြီရွီဆြံ႕အသြားေတာ့သည္။

"ေကြ႕ယြမ္" ယြီရွီက ခက္ခက္ခဲခဲျဖင့္ပင္ ေျပာေလသည္။ "ငါစိတ္မတိုဘူး၊ ဒါေပမဲ့ ငါမင္းကိုရွင္းရွင္းေျပာမယ္။ မင္းေၾကာင့္နဲ႔ မနက္လႊတ္ေတာ္မွာ ငါရွီဟုန္နဲ႔ စကားမ်ားခဲ့တယ္။ ေတာ္ဝင္အကဲျဖတ္နဲ႔ စကားမ်ားခဲ့တယ္။ ႐ႊမ္ခ်ဳံနဲ႔စကားမ်ားခဲ့တယ္... အခုဆို မင္းသမီးႀကီးနဲ႔ ေမာင္းမေဆာင္တစ္ခုလုံးလည္း ဒီအေၾကာင္းကို သိၿပီးေလာက္ၿပီလို႔ ငါထင္တယ္။ မင္းေၾကာင့္ပဲ ငါ မနက္လႊတ္ေတာ္မွာ ပထမဆုံးအေနနဲ႔ ျပႆနာႀကီးရွာခဲ့တယ္။ အခု မင္းမွာေငြမရွိလို႔ ဒီကိစၥကို အဆုံးမသတ္ႏိုင္ဘူး။ အဲ့လူေတြ ငါ့ကိုဘယ္လိုေတြးေနၾကမလဲဆိုတာ မင္းေတြးမိရဲ႕လား"

ေဒါသတႀကီး အံႀကိတ္လ်က္ ယြီရွီကေျပာသည္။ "လႊတ္ေတာ္ၿပီးေတာ့ ငါ ဒီအ႐ူး႐ႊမ္ခ်ဳံကို ကတိေပးခဲ့ေသးတယ္။ မင္းကို တာ့လီခုံ႐ုံးကေန အႏၲရာယ္ကင္းကင္းနဲ႔ ျပန္ထြက္သြားႏိုင္ေအာင္ မလုပ္ႏိုင္ရင္ ငါ့ရဲ႕တာ့လီခုံ႐ုံးအႀကီးအကဲေနရာကို သူ႔ကိုေပးမယ္ဆိုၿပီးေတာ့။ မင္း... ငါဂ႐ုမစိုက္ဘူး။ ဒီကိုတစ္ေယာက္ေယာက္ ေခၚလိုက္ဖို႔ ငါ မင္းကို ေျခာက္နာရီအခ်ိန္ေပးမယ္။ မင္း ဘယ္သူ႔ကို အကူအညီေတာင္းေတာင္း၊ မိတ္ေဆြေဟာင္းျဖစ္ျဖစ္၊ ေဆြမ်ိဳးတစ္ေယာက္ေယာက္ျဖစ္ျဖစ္ ငါဂ႐ုမစိုက္ဘူး။ အဲ့အခ်ိန္ဆို မင္းမွာေငြရွိေနရမယ္..."

က်ဳံးဝမ္ အသက္ရႉမွားသြားရသည္။ မလုပ္ႏိုင္သည့္ အရာတစ္ခုကို ယြီရွီ အဘယ္ေၾကာင့္ ကတိေပးခဲ့သနည္း။

က်ဳံးဝမ္က တြန႔္ဆုတ္ေနၿပီးေနာက္ ေရွ႕သို႔ေျခႏွစ္လွမ္းတိုးလိုက္သည္။ ေဒါသျပင္းစြာထြက္လ်က္ ယြီရွီေအာ္ဟစ္လိုက္သည္။ "မလာနဲ႔။ ညႇိႏႈိင္းလို႔မရဘူး။ အပိုေတြမလုပ္နဲ႔။ ၿမိဳ႕ေတာ္ကလူတိုင္းက ဒီကိစၥကို ေသခ်ာေစာင့္ၾကည့္ေနၾကတာ။ ဒါမွမဟုတ္ ငါ ငါ့ဂုဏ္သိကၡာကို ထည့္မတြက္သင့္ဘူးလို႔ မင္းကေျပာခ်င္တာလား"

"တြက္သင့္ပါတယ္၊ တြက္သင့္ပါတယ္၊ တြက္သင့္ပါတယ္..." ထို႔ေနာက္ က်ဳံးဝမ္က အလြန္အမင္း ပ်င္းရိဖြယ္ ၿငီးျငဴေတာ့သည္။ "ဒါေပမဲ့ ငါ့မွာ တကယ္ေငြမွမရွိတာ။ မိတ္ေဆြေဟာင္းေတြ ဆိုတာကလည္း... လူေတြရဲ႕ဆက္ဆံေရး ဆိုတာမ်ိဳးက အေပၚယံေလာက္ပဲရွိၿပီးေတာ့ အၿမဲမတည္တံ့ဘူးေလ..."

ယြီရွီ၏ေဒါသမီးဟုန္တို႔သည္ ပို၍ပင္အရွိန္ညီးစြာ ေတာက္ေလာင္ေလေတာ့သည္။ "ဒါဆို ငါတို႔ဘယ္လိုလုပ္သင့္လဲ။ မင္းရဲ႕ေက်ာက္စိမ္းဆြဲျပားေတြေရာ။ ယပ္ေတာင္ေတြ။ အဲ့ဒါေတြကို သြားေပါင္လိုက္။ ၿပီးရင္ ရွီက်င္း မင္းဖို႔ခ်န္ထားတဲ့ လက္ေရးလွစာနဲ႔ ပန္းခ်ီကားေတြေရာပဲ။ အဲ့ဒါေတြကို ေငြနဲ႔သြားလဲလိုက္"

"အဲ့ဒါေတြက တန္ဖိုးသိပ္မရွိလွပါဘူး။ ေငြတုံးနည္းနည္းပဲရမွာ။ ေလာက္မွာမဟုတ္ဘူး" က်ဳံးဝမ္က အတန္ၾကာ ေဝ့ဝိုက္ေနမိသည္။ ထို႔ေနာက္တြင္မူ ဘြင္းဘြင္းရွင္းရွင္းသာ ေျပာခ်လိုက္ေတာ့သည္။ "ဆက္ခံသူ၊ ငါ့ကို... ေငြေခ်းေပးရင္ ဘယ္လိုလဲ"

ပထမဆုံးအေနျဖင့္ တာ့လီခုံ႐ုံး၏အႀကီးအကဲသည္ ျပစ္မႈက်ဴးလြန္ေသာ အရာရွိ၏ က်ိဳးေၾကာင္းမဆက္စပ္စြာ အားကိုးျခင္းကို ခံလိုက္ရေတာ့သည္။ ေခတၱၾကာသည္အထိ သူဘာကိုမွ မတုံ႔ျပန္ႏိုင္။

ႏူးညံ့ေသာ အသံျဖင့္ က်ဳံးဝမ္က ေျပာလိုက္သည္။ "ငါ့မွာ ဘာမွမရွိဘူး။ ငါ့မွာရွိသမွ်နဲ႔ဆို... ငါ့ကိုယ္ငါ မင္းဆီမွာ အာမခံထားလို႔ရလား"

ယြီရွီ၏ႏႈတ္မွ မည္သည့္စကားမွ ထြက္မလာခဲ့။ ထို႔ေနာက္ ယြီရွီက အမ်က္ေျခာင္းေျခာင္းထြက္ကာ တုန္ရီေသာအသံျဖင့္ ေျပာလိုက္သည္။ "အဓိပၸာယ္။ မရွိတဲ့။ စကားေတြ။ ေျပာတာ။ ရပ္ေတာ့"

မင္းသားယြီအိမ္ေတာ္၏ အရံၿခံဝန္း။

အိမ္ေတာ္ထိန္းဖုန္သည္ အဆင့္နိမ့္အိမ္ေတာ္ထိန္းမ်ားကို စာရင္းမွတ္နည္းသင္ေပးရင္း ေပသီးတေခ်ာက္ေခ်ာက္ေခါက္ေနသည္။

"ဒီမွာ အေရးႀကီးဆုံးကဘာလဲ။ ဆက္ခံသူပဲ" မတိုင္မီေလးက အိမ္ေတာ္ထိန္းဖုန္သည္ ပၪၥမမင္းသားအိမ္ေတာ္မွ ျပႆနာလာရွာေသာ အိမ္ေတာ္ထိန္းကို အားသိပ္မစိုက္လိုက္ရဘဲ ႏွင္ထုတ္လိုက္ႏိုင္သည္။ ပူပူေႏြးေႏြး ျဖစ္ထားသည့္ ကိစၥကိုအေၾကာင္းျပဳ၍ သူက အျခားအိမ္ေတာ္ထိန္းမ်ားကို သင္ျပေနသည္။ "ဒီေန႔ဆို ဆက္ခံသူနဲ႔ ပၪၥမမင္းသားတို႔ ရန္ထပ္ျဖစ္ခဲ့တာ ရွစ္ပုံဆယ္ပုံေလာက္ ေသခ်ာတယ္။ အခုေလးကပဲ ပၪၥမမင္းသားအိမ္ေတာ္က အိမ္ေတာ္ထိန္းတစ္ေယာက္လာၿပီး ကိုယ္လုပ္ေတာ္ယြီ အေၾကာင္းတခ်ိဳ႕ေၾကာင့္ စိတ္တိုၿပီးေနမေကာင္းျဖစ္ေနတယ္လို႔ ေျပာသြားတယ္။ သူႏွလုံးေအာင့္ေနတာ သက္တမ္းရင့္ဂ်င္ဆင္းလိုတယ္တဲ့။ ငါတို႔ရဲ႕ ပင္မၿခံဝန္းထဲမွာ အရည္အေသြးေကာင္းတာမရွိလို႔ ဒီၿခံဝန္းကိုလာၿပီးေတာ့ နည္းနည္းလာေခ်းတာ။ လူပုံစံရွိတဲ့ဂ်င္ဆင္းကို ငါတို႔ဂိုေထာင္ကေန ထုတ္ေပးဖို႔ေတာင္ သူတို႔ကေျပာေသးတယ္။ ဒီလိုျဖစ္လာခဲ့ရင္ မင္းတို႔ဘာလုပ္သင့္လဲ"

အဆင့္နိမ့္အိမ္ေတာ္ထိန္းက ေၾကာင္ေတာင္ေတာင္ေမးလိုက္သည္။ "ကြၽန္ေတာ္တို႔ ဘာလုပ္သင့္လဲ"

"မရဘူးလို႔ ေျပာရမွာေပါ့" အိမ္ေတာ္ထိန္းဖုန္က စိတ္မရွည္စြာေျပာသည္။ "ကိုယ္လုပ္ေတာ္ယြီရဲ႕ ခႏၶာကိုယ္က တန္ဖိုးရွိတယ္ဆိုေပမဲ့ ငါတို႔ဆက္ခံသူရဲ႕ ခႏၶာကိုယ္ကေရာ တန္ဖိုးမရွိလို႔လား။ ဆက္ခံသူ အရမ္းနာမက်န္းျဖစ္တဲ့ တစ္ေန႔ေရာက္လာခဲ့ရင္ သူသက္တမ္းရင့္ဂ်င္ဆင္းကို သုံးရမွာ။ ဒါဆိုဘာျဖစ္မလဲ"

အဆင့္နိမ့္အိမ္ေတာ္ထိန္းက ေမးသည္။ "ကိုယ္လုပ္ေတာ္ယြီက ဘယ္လိုလုပ္ၿပီး ေနမေကာင္းျဖစ္သြားတာလဲ"

အိမ္ေတာ္ထိန္းဖုန္က လက္ကိုခါယမ္းလိုက္သည္။ "ဘယ္သူကသိမွာလဲ။ ေဒါသထြက္လို႔ျဖစ္တာလို႔ သူတို႔ကေျပာတာပဲ... ငါတို႔နဲ႔ ဘာမွမဆိုင္ဘူး။ ဘာျဖစ္ျဖစ္ပါ၊ ဆက္ေျပာမယ္။ ငါတို႔အိမ္ေတာ္မွာ ဒုတိယအေရးႀကီးဆုံးက ဘာလဲ"

အိမ္ေတာ္ထိန္းဖုန္က စာရင္းစာအုပ္ကို ႐ိုက္လိုက္သည္။ "စာရင္းစာအုပ္ပဲ"

သူ စကားေျပာၿပီးၿပီးခ်င္းတြင္ ယြီရွီ၏နံေဘး၌ အၿမဲရွိေသာ အိမ္ေတာ္စစ္သည္တစ္ဦးက အေမာတေကာေျပးလာသည္။ သူကေျပာသည္။ "ဆက္ခံသူက ေငြလိုတယ္တဲ့"

အိမ္ေတာ္ထိန္းဖုန္ အံ့အားသင့္သြားသည္။ "ဆက္ခံသူ ဒီေန႔ မနက္လႊတ္ေတာ္ကိုသြားတာ မဟုတ္ဘူးလား။ ဘာလို႔ ေငြပိုလိုတာလဲ။ ဘယ္ေလာက္လိုတာတဲ့လဲ"

အိမ္ေတာ္စစ္သည္က လက္တစ္ဖက္ကိုလက္သီးဆုပ္လ်က္ အျခားတစ္ဖက္ျဖင့္ အုပ္ကိုင္လိုက္သည္။ "သိပ္မမ်ားပါဘူး။ ေငြစသုံးေထာင့္ေလးရာပါ"

25.9.2021

Thanks for reading

Continue Reading

You'll Also Like

74.8K 15.2K 42
ပါရမီရွင္အျဖစ္ေမြးဖြားလာသူ လင္႐ႊမ္းဇီသည္ သူ႔အတိတ္ဘဝမွာ ကမာၻၾကီးကို မလႊမ္းမိုးခဲ့ေသာ္လည္း ယန္ထ်န္းဟန္အေပၚ သစၥာေဖာက္ခဲ့သည္။ သူနဲ႔ အရင္းနွီးဆံုး သူငယ္ခ်...
3.4K 212 2
~~★ Mm translation ★~~ Both Zawgyi and Unicode available. Type : Web Novel Author : 如似我闻 Status in COO : 1 chapter (completed) Credit to all origin...
736K 102K 149
တစ်​ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုး​ကောင်​​လေး​တွေမှာလည်း အချစ်​တွေရှိတယ်~ ထရိုး​ကောင်​လေး​တွေမှာလည်း ခံစားချက်​တွေရှိတယ်~
49K 5.7K 20
Ruan Yan အလုပ်အသစ်မှာ CEO ကို အရပ်ရှည် ချမ်းသာပြီးခန့်ညားမယ်လို့မျှော်လင့်ထားတယ်။ အရေးကြီးတာ 'Mary Sue' ဖြစ်ဖို့ပေါ့။ ဒါပေမယ့် ဇာတ်လမ်းက သူမျှော်လင့...