ထိုနှစ်များမှာ မြတ်နိုးဖွေရှာ

By Vera-Yu

353K 63.3K 4.7K

Original Title : 当年万里觅封侯 English Title : Those Years in Quest of Honor Mine Original Author : Man Man He Qi... More

Description
Prologue
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68
Part 69
Part 70
Part 71
Part 72
Part 73
Part 74
Part 75
Part 76
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
Part 88
Part 89
Part 90
Part 91
Part 92
Part 93
Part 94
Part 95
Part 96
Part 97
Part 98
Part 99
Part 100
Part 101
Part 102
Part 103
Extra 1
Extra 2

Part 44

2.4K 582 54
By Vera-Yu

Unicode

ကျုံးဝမ် ယွီရှီကို စောစောသွားမတွေ့ချင်သည်မဟုတ်။ သူ ပြဿနာတချို့ကို ဖြေရှင်းနေရသည်သာဖြစ်သည်။

ရွှမ်ကျင်းသည် တိုက်ခိုက်ရန် အဆင့်သင့်ပြန်လျက် သူ့ထံလာတွေ့ခဲ့သည်။

ယမန်နေ့က လင်စစ်သည် သူ့အတွက် မြို့ပြင်သို့ သွားရောက်ခဲ့သည်။ ကျုံးဝမ် အလျင်လိုနေမည်စိုး၍ မြင်းလှည်းနှင့်မသွားတော့ဘဲ ကိုယ်တိုင်မြင်းစီးသွားခဲ့သည်။ ကြံ့ခိုင်ဖွံ့ဖြိုးသောသူ ဖြစ်သည့်တိုင် သူပင်ပန်းခဲ့ရသည်။ နောက်တစ်နေ့တွင် သူ အနည်းငယ် နောက်ကျမှ အိပ်ရာထခဲ့သည်။ သူအိပ်ရာပေါ်မှ ထလိုက်ချိန်ဝယ် အပြင်၌ ရွှမ်ကျင်းက အိမ်တော်အတွင်းသို့ ဝင်နှင့်ပြီးဖြစ်သည်။

လင်စစ်သည် အင်္ကျီတစ်ချို့ကို ကောက်စွပ်လျက် ကျုံးဝမ်၏အခန်းသို့ လျင်မြန်စွာ ဝင်သွားခဲ့သည်။

"မင်း..." ကျုံးဝမ်သည်လည်း ခေါင်းကိုက်နေသည်။ "မင်းဘာလို့ ပုန်းနေတာလဲ။ သူ့ကို မရှင်းပြတော့ဘူးလား"

လင်စစ်၏မျက်လုံးတို့မှာ နီဆွေးလျက် ခေါင်းခါကာ လက်ဟန်ပြသည်။ "အရှင့်သားက ကျွန်တော့်ကို ရှာဖို့လာတာ မဟုတ်လောက်ဘူး။ ကျွန်တော့်ကို ရှာဖို့လာရင်တောင် သူ့ကိုထပ်တွေ့ဖို့ ကျွန်တော်ရှက်တယ်"

"မင်းသူ့ကို အခွင့်အရေးယူထားတာလေ။ မင်းရှက်ရမှာပေါ့" ထိုသို့ပြောလိုက်သည့်တိုင် ကျုံးဝမ်သည် လင်စစ်ကို အမြဲကာကွယ်ပေးနေကျပင်။ သူအနေနှင့် လင်စစ်ကို ဖိအားပေးမည်မဟုတ်။ သူက တိုးတိုးအမိန့်ပေးလိုက်သည်။ "ရွှမ်ယွီရဲ့ခြံဝန်းထဲသွားတော့"

အလွန်ဆုံးနေမှ ရွှမ်ကျင်းသည် ကျုံးဝမ်၏ခြံဝန်းကို လှန်လှောရှာဖွေနိုင်ရုံသာ။ သူ ရွှမ်ယွီ၏ခြံဝန်းနှင့် အထူးသဖြင့် ရွှမ်စုန်ရှင်း၏ခြံဝန်းကို ဇွတ်အတင်းဝင်ရောက်မည် မဟုတ်ပေ။

ကျုံးဝမ် အင်္ကျီတို့ကို ဆန့်လိုက်ပြီး ဆံပင်တို့ကို သပ်လိုက်သည်။ ထို့နောက် ရွှမ်ကျင်းကို နှုတ်ဆက်ရန် ထွက်လာခဲ့သည်။

လင်စစ်၏အခြေအနေနှင့်ပတ်သက်၍ ကျုံးဝမ် အနည်းငယ်စဉ်းစားကာ ရွှမ်ကျင်း၏မေးခွန်းတို့ကို ပြန်ဖြေနိုင်ရန် ပြင်ဆင်နေရသည်။ မထင်မှတ်ဘဲ ရွှမ်ကျင်းက ပါးစပ်ကိုဟလျက် ဒေါသတကြီး အော်ဟစ်လေသည်။ "ယွီရှီနဲ့ပတ်သက်တဲ့ ကောလာဟလတွေကို လျှောက်ဖွတာမင်းလား"

ကျုံးဝမ်မှာ ထိုမေးခွန်းကို ကြားပြီးနောက် ကြောင်အသွားရသည်။

သူတို့နှစ်ဦးမတွေ့ကြတော့သည်မှာ ကြာခဲ့လေပြီ။ ရွှမ်ကျင်းနှင့် ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံမှုတွင် ဤအကြောင်းနှင့်ပတ်သက်၍ ငြင်းခုံနေရလိမ့်မည်ဟု ကျုံးဝမ် မည်သည့်အခါကမှ မစဉ်းစားခဲ့။

ကျုံးဝမ်က ရွှမ်ကျင်းကို ထုံးတမ်းစဉ်လာအတိုင်း အရိုအသေပေးလိုက်သည်။ ရွှမ်ကျင်းက စိတ်တိုလျက်ပြောသည်။ "ငါ့ကို ဒီလိုလာမလုပ်ပြနဲ့"

ကျုံးဝမ် သက်ပြင်းချမိသည်။ သူသည်လည်း အရိုအသေမပေးချင်ပေ။ ရွှမ်ကျင်းအတွက် လက်ဖက်ရည်ယူလာပေးရန် အစေခံများကို လက်ဖြင့်အချက်ပြလိုက်ပြီး အတတ်နိုင်ဆုံး လက်အောက်ငယ်သားနှင့်တူအောင် ကြိုးစားပြနေသည်။ "ကျွန်တော် စတုတ္ထမင်းသားပြောတာတွေကို ဉာဏ်မမှီနိုင်ပါဘူး။ ဒီတလောမှာ ကျွန်တော် အခန်းတံခါးပိတ်နေပြီး အပြင်လည်းမထွက်ဖြစ်ပါဘူး။ အပြင်ဘက်မှာ ဘာတွေဖြစ်နေတယ်ဆိုတာကို ကျွန်တော်တကယ်မသိပါဘူး..."

"ငါ့ကိုအရူးလုပ်ဖို့မကြိုးစားနဲ့။ ရွှမ်ချုံက သူများရဲ့အပြစ်တင်တာ ခံရပြီးတော့ သူ့ကိုယ်သူ မရှင်းပြနိုင်ဘူး။ အခု သူက ငါ့ကိုပြဿနာရှာနေတယ်။ ငါ သူ့အိမ်တော်မှာ သူလျှိုတွေထားတယ်ဆိုပြီး ခမည်းတော်ဆီမှာ တိုင်မယ်တဲ့။ သူက ငါ သူ့ကိုချောင်ခိုတိုက်ခိုက်တယ်လို့ ပြောနေတယ်" ရွှမ်ကျင်းမှာ အလွန်တရာ အမျက်ထွက်နေသည်။ "ငါတွေးလေ၊တွေးလေ မင်းလုပ်တာတော်တော့်ကို ဖြစ်နိုင်တယ်ဆိုတာ သိလာတယ်"

ကျုံးဝမ် : "..."

ကျုံးဝမ် လုပ်ခဲ့တာမှန်သည်။ သို့သော် သူ 'ဆယ့်ငါး'ကိုသာ လုပ်ခဲ့ခြင်းဖြစ်သည်။ ကနဦး 'ပထမ'ကို မည်သူလုပ်သလဲဆိုသည်ကို သူတကယ်မသိ။

(T/N - နှစ်သစ်ရဲ့ပထမဆုံးနေ့နဲ့ ဆယ့်ငါးရက်မြောက်နေ့ကို ရည်ညွှန်းပါတယ်။ ပြောချင်တာကတော့ တစ်ခုခုက နောက်ဆုံးမှာတော့ ဖြစ်လာမှာပါပဲ။ အမြဲရှောင်လွှဲနေလို့တော့ မရဘူးတဲ့)

ကျုံးဝမ်က ရိုးသားစွာပြောလိုက်သည်။ "ကျွန်တော် တကယ်မသိပါဘူး"

"ငါယုံမယ်လို့ မင်းထင်နေလား" ရွှမ်ကျင်းမှာ ကျုံးဝမ်အပေါ် အတော်လေး မကျေမချမ်းဖြစ်နေသည်။ "ယွီရှီ အိပ်ရာပေါ်မှာ ဘယ်လိုဆိုတာကို သိနိုင်တာ မင်းတစ်ယောက်ပဲရှိတာ။ မင်းလျှောက်ဖြန့်တာ မဟုတ်ဘူးဆိုရင် တခြားဘယ်သူများ ဖြစ်နိုင်သေးလို့လဲ"

ကျုံးဝမ် စိတ်ပျက်သွားရသည်။ နှစ်များကြာညောင်းခဲ့သည့်တိုင် ရွှမ်ကျင်းမှာ အဘယ်ကြောင့် အလွန်တုံးအနေဆဲဖြစ်သနည်း။

ရွှမ်ကျင်းကို အလျင်မြန်ဆုံးနှင့် အယဉ်ကျေးဆုံး မောင်းထုတ်နိုင်မည့် နည်းလမ်းကိုစဉ်းစားလျက် ကျုံးဝမ်က တရိုတသေ ပြောလိုက်သည်။ "ကျွန်တော် မင်းသားငယ်ယွီရဲ့ အိပ်ဆောင်တော် လျှို့ဝှက်ချက်တွေကို မသိပါဘူး"

ရွှမ်ကျင်းက ခံစားချက်မဲ့စွာ ရယ်လိုက်သည်။ "အရင်က မင်းကို သူဝယ်ပြီးတော့ မင်းနဲ့အတူတူ တစ်နေရာထဲမှာ နှစ်တစ်ဝက်တောင် နေခဲ့တာလေ။ မင်းတို့နှစ်ယောက်ကြားက စည်းကမထင်ရှားဘူး။ ဘာကိုမှမသိပါဘူးလို့ အခုမင်းပြောတော့ရော ဘယ်သူကမင်းကိုယုံမှာလဲ" ရွှမ်ကျင်းက ကျုံးဝမ်ကို အထင်သေးစက်ဆုပ်စွာ ကြည့်လိုက်သည်။ "မင်းရဲ့အခြေအနေက ကူးစက်တတ်တယ် မဟုတ်ဘူးလား။ မင်းတစ်ယောက်တည်း ရှိနေတဲ့ဘာဖြစ်ဖြစ် တခြားသူတွေဆီ ပြန့်သွားနိုင်ပြီးတော့ သူတို့ကို... သူတို့ကို မင်းနဲ့အခြေအနေတူအောင် လုပ်လိုက်တာလေ"

(T/N - အခြေအနေ = being gay)

ကျုံးဝမ် တမေ့တမော ပင့်သက်ရှိုက်မိသည်။ သူအပြင်သို့ မျှော်ကြည့်လိုက်သည်... ရွှမ်ကျင်းသည် သူနှင့်အတူ လူများများမခေါ်ခဲ့။ သူ့ကိုဤနေရာ၌ ဖမ်းချုပ်ကာ ရိုက်နှက်ရန်မခက်လှ။ သို့သော် နောက်ပိုင်းဖြေရှင်းရမည့်ကိစ္စများက ဒုက္ခများလွန်းသည်။

ဦးနှောက်တစ်စိတ် ပျောက်နေသောသူနှင့် ငြင်းခုန်မနေတော့ရန် ကျုံးဝမ်ဆုံးဖြတ်လိုက်သည်။ သူပြုံးလိုက်သည်။ "ကူးစက်တတ်တယ်ဆိုတာ တကယ်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အရှင့်သား ကျွန်တော်နဲ့ဒီမှာရှိနေရင် ကောင်းမလာနိုင်ဘူးနော်"

ရွှမ်ကျင်းက ကျုံးဝမ်ကို အလန့်တကြား ကြည့်လိုက်သည်။ သူမျက်မှောင်ကြုတ်မိသည်။ "ငါ့ကိုမကြည့်နဲ့။ ငါကမင်းတို့လို မဟုတ်ဘူး။ ငါ့မှာအဲ့ပြဿနာမရှိဘူး"

ကျုံးဝမ် ခေါင်းညိတ်လိုက်သည်။ "မရှိဘူးလို့ မျှော်လင့်ပါတယ်။ အရှင့်သားမှာ တခြားမေးစရာများ ရှိသေးလား"

"ဘယ်သူက မင်းကိုမေးနေလို့လဲ။ လုပ်တဲ့သူက မင်းဆိုတာ ငါခန့်မှန်းပြီးသား။ ငါ ဒီကိုလာတာ မင်းကိုဆုံးမဖို့ပဲ။ မင်းလုပ်တဲ့ကိစ္စအတွက် တာဝန်ယူ။ ငါ့ပေါ်ကိုလွှဲမချနဲ့" ရွှမ်ကျင်းမှာ အလွန်မခံမရပ်နိုင်ဖြစ်နေသည်။ "ငါက ရွှမ်ချုံနဲ့မတူဘူး။ သူက သူ့အမေဘက်ကမိသားစု မင်းသားယွီအိမ်တော်ကို ကြောက်ရပေမဲ့ ငါကဘာမှကြောက်စရာမရှိဘူး"

ကျုံးဝမ်သည် ရွှမ်ကျင်းကိုကြည့်လျက် သူ့ရှေ့ဝယ်ဟန်ဆောင်နေရသည်ကို စိတ်ပျက်လာသည်။ သူ့အနေနှင့် ယွီရှီကိုသွားတွေ့ရန်လည်း ရှိနေသေးသည်။ ယွီရှီကို ဆယ်ရက်နေမှသာ တစ်ကြိမ်တွေ့ရသောကြောင့် အချိန်ဖြုန်းမနေချင်။ သူသက်ပြင်းချမိသည်။ "အရှင့်သား... ဒီကိုလာရတဲ့အကြောင်းအရင်းက တကယ်ပဲဘာများလဲ"

ရွှမ်ကျင်း၏ရည်ရွယ်ရင်းတို့မှာ ကျုံးဝမ်ထံတွင် ပေါ်သွားခဲ့သည်။ သူ ခေတ္တကြာသည်အထိ ဘာမှမပြောနိုင်ဘဲရှိသည်။ လက်ဖက်ရည်ကို သောက်သည်ဆိုရုံမျှ သောက်လိုက်ပြီး မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။ "လင်စစ်ဘယ်မှာလဲ။ မြန်မြန်ငါ့ဆီလက်လွှဲလိုက်"

ကျုံးဝမ်၏မျက်ဆံတို့ အနည်းငယ်ရွေ့လျားသွားသည်။ သူကပြောသည်။ "ပြီးခဲ့တဲ့ရက်တုန်းကတော့ သူလာခဲ့ပါတယ်"

ရွှမ်ကျင်း၏မျက်လုံးတို့ အရောင်တောက်သွားသည်။ ကျုံးဝမ်က စကားဆက်သည်။ "ဒါပေမဲ့ သူဒီမှာမနေပါဘူး။ သူပြောတာက သူ့ရဲ့မသင့်တော်တဲ့ အပြုအမူကြောင့် အရှင့်သားကို မရိုမသေပြုမိသွားလို့ အရှင့်သားနှင်ထုတ်တာ ခံလိုက်ရတယ်တဲ့။ ပြီးတော့ သူထွက်သွားတယ်"

ရွှမ်ကျင်းတစ်ယောက် ကြက်သေသေသွားသည်။ "ဘယ်ကိုလဲ"

"ကျွန်တော်မသိဘူး" ကျုံးဝမ်က တစ်ဖန်မေးခွန်းထုတ်လိုက်သည်။ "သူ့ကိုထပ်မတွေ့ချင်တော့ဘူးလို့ အရှင့်သားပြောခဲ့တာမဟုတ်ဘူးလား"

ရွှမ်ကျင်းထံ၌ တုံ့ပြန်စရာမရှိ။ သူက မပြတ်မသားပြောသည်။ "သူက ငါ့လျှို့ဝှက်ချက်တွေကို အများကြီးသိနေတာ။ ငါ သူ့ကိုဘယ်လိုလုပ် လျှောက်သွားနေခွင့်ပေးနိုင်မှာလဲ"

ကျုံးဝမ်က ခေါင်းညိတ်သည်။ "ဒါဆို တခြားလုပ်စရာမရှိတော့ဘူးပဲ။ သူဒီကိုလာတုန်းက စိတ်ဓာတ်တွေကျပြီးတော့ အာရုံတွေပြန့်နေတာ။ သူ့စကားတွေက အဓိပ္ပာယ်တောင်ဖော်မရဘူး။ ဘာဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော့်ကို ပြောပြီးတော့ သူထွက်သွားတယ်။ သူဘယ်သွားမယ်ဆိုတာ ပြောမသွားဘူး"

ရွှမ်ကျင်းက ကျုံးဝမ်ကို သံသယဖြင့် စူးစမ်းနေသည်။ "တကယ်လား"

ကျုံးဝမ်က ပွင့်ပွင့်လင်းလင်းပြောသည်။ "ကျွန်တော် အရှင့်သားကို ကွယ်ဝှက်မနေပါဘူး - ကျွန်တော်လည်း သူ့ကိုရှာနေတာပါ။ အရှင့်သား သူ့ကိုရှာတွေ့ဖြစ်ခဲ့ရင် ကျွန်တော့်ကို အကြောင်းကြားပေးပါ။ ဒီလိုမှပဲ ကျွန်တော်လည်း စိတ်အေးနိုင်မယ်"

ရွှမ်ကျင်းက ဆိတ်ဆိတ်ငြိမ်နေပြီးမှ မလှုပ်တလှုပ်ပြောလိုက်သည်။ "ငါသူ့ကိုရှာနိုင်ရင် စဉ်းစားပေးမယ်"

ကျုံးဝမ်က ရွှမ်ကျင်းကို ခေတ္တစိုက်ကြည့်နေပြီး ပြောလိုက်သည်။ "အရှင့်သား အရင်က ကျွန်တော့်ကို ထောင်ထဲကနေ ဝယ်ချင်ခဲ့တာ..."

"အပိုတွေလျှောက်မတွေးနဲ့" ရွှမ်ကျင်းက အလျင်စလိုအော်လိုက်သည်။ "ငါက အဲ့တုန်းက ငယ်သေးတယ်။ ငါ့ဦးနှောက်က ခဏတစ်ခုခုဖြစ်သွားလို့ အဲ့လိုတွေးခဲ့မိတာ။ ငါ မင်းကိုနည်းနည်းလေးတောင် မထိချင်ဘူး။ ငါမင်းကို ဝယ်ခဲ့ရင်တောင် မင်းကို ရိုက်နှက်ရုံလောက်ပဲ။ ပြီးရင် မင်းနေဖို့ နေရာတစ်ခုစီစဉ်ပေးမှာ"

ကျုံးဝမ်ပြုံးလိုက်သည်။ "ကျွန်တော်သိပါတယ်။ အရှင့်သားရဲ့ ရည်ရွယ်ချက်ကောင်းတာကို ကျွန်တော်အသိအမှတ်ပြုပါတယ်"

ရွှမ်ကျင်းက ရှက်ရွံ့သွားပြီးပြောသည်။ "အဲ့ဒါက စိတ်လိုက်မာန်ပါဖြစ်သွားရုံလေးပဲ။ ငါပိုက်ဆံတောင် မစုရသေးခင် မယ်တော်ဆူတာ ခံလိုက်ရတယ်။ ဒါတင်မကသေးဘူး။ ယွီရှီစစ်မေးတာပါ ခံလိုက်ရသေးတယ်။ ငါဘယ်သူ့ကိုဒေါသထွက်စေလို့..."

ကျုံးဝမ်က ရွှမ်ကျင်းကို ဆတ်ခနဲ ကြည့်လိုက်သည်။ "မင်းသားငယ်ယွီက အရှင့်သားက အဲ့တုန်းက စစ်မေးခဲ့တယ်ပေါ့"

"အင်း" ရွှမ်ကျင်းက မကျေမချမ်းပြောသည်။ "အဲ့အရူးက ငယ်ငယ်ထဲက ရူးနေတာပဲ..."

ကျုံးဝမ်၏ရင်ခုန်သံတို့ မြန်ဆန်လာသည်။ သူကပြောသည်။ "ကျွန်တော် အရှင့်သားကို အသေးစိတ်မေးပါရစေ"

ရွှမ်ကျင်းက ကျုံးဝမ်ကို စိတ်ပျက်လက်ပျက် လှမ်းကြည့်သည်။ "ငါကဘာလို့ သူ့အကြောင်းပြောရမှာလဲ"

ကျုံးဝမ်မှာ ဒေါသကိုမနည်း မျိုသိပ်နေရသည်။ "ကျွန်တော် လင်စစ်အကြောင်း သတင်းရရင် အရှင့်သားဆီ ချက်ချင်းလူလွှတ်ပြီး အကြောင်းကြားခိုင်းလိုက်ပါ့မယ်"

ရွှမ်ကျင်းက တန့်သွားသည်။

ရွှမ်ကျင်းက နှာခေါင်းကိုပွတ်လျက် ပြန်စဉ်းစားနေသည်။ သူက ကျုံးဝမ်ကို ဖြစ်ကြောင်းကုန်စင်ပြောပြပြီး ထပ်ဖြည့်စွက်သည်။ "ငါ့ကိုပြော။ သူငယ်ငယ်တည်းက စိတ်ကျန်းမာရေးမကောင်းနေတာ မဟုတ်ဘူးလား။ ပုံမှန်လူတွေက အဲ့လိုကိစ္စတွေ လုပ်နိုင်လို့လား။ ငါမယ်တော့်ကို အရင်ထဲက ပြောဖူးတယ်။ သူက ငယ်ငယ်ထဲက ထူးဆန်းနေတာ။ ငါ ခမည်းတော်ကိုလည်း ပြောပြချင်ပေမဲ့ သူက ယွီရှီကို မျက်နှာလိုက်ပြီး ငါ့စကားကိုနားမထောင်ဘူး..."

ကျုံးဝမ်ထံတွင် ရွှမ်ကျင်းကိုဆက်ရှင်းပြနေရန် အားအင်မရှိတော့။ သူက မတ်တပ်ရပ်လိုက်ပြီး တွေဝေလျက်ပြောသည်။ "စိတ်ချပါ၊ အရှင့်သား။ ကျွန်တော် လင်စစ်သတင်းကို ကြားကြားချင်း ကျွန်တော်... ကျွန်တော် အရှင့်သားကို လူလွှတ်အကြောင်းကြားလိုက်ပါ့မယ်"

ရုတ်တရက်အတင်းပြန်ပို့ချင်နေသည့် ကျုံးဝမ်ကိုကြည့်ကာ ရွှမ်ကျင်းတစ်ယောက် သဘောမကျဖြစ်လာသည်။ သို့သော် သူ့ထံတွင် လုပ်စရာအလုပ်များ ရှိနေသေးသည်ကို ပြန်တွေးကြည့်မိလျက် ကျုံးဝမ်ကို ထပ်မနှောင့်ယှက်တော့ပေ။ ဟွန်းခနဲ အသံပြုလျက် သူထွက်လာခဲ့တော့သည်။

ကျုံးဝမ်သည် ခြံဝန်းထဲသို့ နှစ်ခေါက်ခန့် ဝေ့ဝိုက်ကြည့်လိုက်သော်ငြား လင်စစ်ကိုရှာမတွေ့။ လင်စစ်ပုန်းနေသည်ဟုသာ သူမှတ်ယူလိုက်ပြီး ဆက်ရှာမနေတော့ပေ။ ရွှမ်စုန်ရှင်းကို အသိပေးရန် အစေခံများကို မှာကြားပြီးနောက်တွင် သူတစ်ယောက်တည်း ထွက်လာခဲ့တော့သည်။

မင်းသားယွီအိမ်တော်၏အရံခြံဝန်း။ ကျုံးဝမ်မြင်းလှည်းပေါ်မှ ဆင်းလိုက်ချင်းချင်းမှာပင် လူတစ်ယောက်က ထွက်လာပြီး ခရီးဦးကြိုပြုသည်။ ထို့နောက် သူ့ကို အတွင်းခြံဝန်းထဲသို့ မြန်မြန်ခေါ်သွားတော့သည်။

"သခင်လေးကျုံး၊ နောက်ဆုံးတော့ ရောက်လာပြီပေါ့" အိမ်တော်ထိန်းဖုန်မှာ အလွန်တရာ ထိတ်လန့်ကြောက်ရွံ့နေသဖြင့် နဖူးထက်ဝယ် ချွေးစို့နေသည်။ သူကတိုးတိုးပြောသည်။ "ဆက်ခံသူက မနက်ထဲက အချိန်ကိုပဲ ခဏခဏမေးနေတယ်။ အခုတော့ ဘာလို့မှန်းမသိ မေးပြီးတာနဲ့ ဝုန်းခနဲ ဒေါသပေါက်ကွဲတော့တာပဲ။ သူ့အကြည့်တွေက ပုံမှန်မဟုတ်တော့ဘူး။ ချက်ချင်းပဲ... ဆက်ခံသူက အေးစက်စာမှုန့် ရှိသေးလားဆိုပြီးမေးတယ်"

ကျုံးဝမ် ရင်တုန်သွားသည်။ "ခင်ဗျား သူ့ကိုမပေးလိုက်ဘူးမလား"

"မပေးပါဘူး။ အဲ့လိုဆေးမျိုးကို ဒီအိမ်တော်မှာ မထားတာကြာပေါ့။ ကျွန်တော်တို့ မင်းသားက အရင်က ခဏခဏစစ်ဆေးထားတာ။ ရောင်းတဲ့သူလည်း မြို့တော်မှာ မရှိတော့တာ ကြာပါပြီ။ ဒါပေမဲ့ ဘယ်လိုစပ်ရမယ်ဆိုတာသိတဲ့ သမားတော်တွေကတော့ အတော်လေးများပါတယ်။ ဆက်ခံသူသာ လိုချင်ရင် သေချာပေါက်ရနိုင်ပါတယ်" အိမ်တော်ထိန်းဖုန်က နာကြည်းစွာပြောသည်။ "သခင်လေးကျုံး၊ ဆက်ခံသူ နှစ်နှစ်အတွင်း အဲ့ဟာတွေကို မသုံးခဲ့ပါဘူး။ ကျေးဇူးပြုပြီး ဆက်ခံသူကို မစပါနဲ့တော့... သူ အရင်ကထက် စိတ်ပိုလွတ်သွားလို့မဖြစ်ဘူး"

ကျုံးဝမ် မျက်မှောင်ကြုတ်လိုက်သည်။ "အိမ်တော်ကို လူတစ်ယောက်ယောက်လာလို့... ကျွန်တော်အခုသိပြီ"

အိမ်တော်ထိန်းဖုန် ထွက်သွားတော့သည်။ ကျုံးဝမ်သည်လည်း စာဖတ်ခန်းတွင်းသို့ တစ်ယောက်တည်း ဝင်လာခဲ့လိုက်သည်။

ယွီရှီစာဖတ်နေသည်။

ယွီရှီသည် စာအုပ်ကို ညာဘက်လက်တွင် ကိုင်ထားသည်။ သူ၏ဘယ်လက်မှာမူ စားပွဲပေါ်တွင် ရှိနေသည်။ သူ့ဘယ်လက်၏လက်ညှိုးသည် စားပွဲမျက်နှာပြင်ပေါ်တွင် ခပ်မြန်မြန်ခေါက်နေသည်။ သူ့ကိုကြည့်ရသည်မှာ တစ်ခုခုနှင့်ပတ်သက်၍ နေမထိထိုင်မသာဖြစ်နေပုံပေါ်သည်။

ကျုံးဝမ် သက်မတစ်ခုကို ညင်သာစွာချလိုက်သည်။ သူနူးညံ့စွာခေါ်လိုက်သည်။ "ဆက်ခံသူ"

ယွီရှီသည် သူ့ဘယ်လက်ဖဝါးကို စားပွဲမျက်နှာပြင်တွင် ဖြန့်ကပ်လျက် လှုပ်ရှားမှုတို့ကို ရပ်တန့်လိုက်သည်။

ယွီရှီက မော့မကြည့်လာခဲ့။ သူ့မျက်နှာမှာ ပုံမှန်ကဲ့သို့သာရှိနေပြီး အသံနက်နက်ဖြင့် ကျုံးဝမ်ကို မေးလိုက်သည်။ "ဒီကိုလာတာ အရမ်းစောနေသလားလို့"

ကျုံးဝမ်၏နှုတ်ခမ်းစွန်းတို့မှာ အပေါ်သို့ အနည်းငယ်ကွေးတက်သွားသည့်တိုင် သူ့နှလုံးသားမှာ နာကျင်မှုဖြင့် အောင့်သက်စူးရှနေသည်။

ကျုံးဝမ် တွေးကြည့်နေမိသည်။ သူကပြောသည်။ "ငါ ဒီကို စောစောလာမလို့ပါပဲ။ ဒါပေမဲ့ စတုတ္တမင်းသားက ရုတ်တရက်ကြီး ငါတို့အိမ်တော်ကို ရောက်လာတယ်။ ငါ့မှာ ရွေးစရာမှမရှိပဲ... အဲ့ဒါကြောင့် အချိန်ပုပ်သွားတယ်"

ကျုံးဝမ် စိတ်ထင်နေမိသည်လားတော့မသိ၊ သို့သော် ယွီရှီ၏မျက်မှောင်တို့မှာ အနည်းငယ်ပြေလျော့သွားသည်ဟု သူခံစားနေရသည်။

ယွီရှီက စာဆက်ဖတ်နေသည်။ သူကမေးသည်။ "ရွှမ်ကျင်းက မင်းဆီက ဘာလိုချင်တာတဲ့လဲ"

ကျုံးဝမ်က ဝင်ထိုင်လိုက်ပြီး ပြောပြသည်။ "လွန်ခဲ့တဲ့ရက်ကပလူပျံသွားတဲ့ ဆက်ခံသူရဲ့ကောလာဟလတွေကို ငါဖြန့်တာလို့ စတုတ္ထမင်းသားကထင်နေတာ"

ယွီရှီက တည်တည်ငြိမ်ငြိမ်ဖြင့်မေးသည်။ "မင်းမဟုတ်ဘူး"

ကျုံးဝမ်ဆွံ့အသွားသည်။ "ဘယ်သူလုပ်တယ်ဆိုတာ ဆက်ခံသူသိတာလား"

ယွီရှီက စာအုပ်ပိတ်လိုက်သည်။ "မင်းရဲ့လက်နာသေးလား"

ကျုံးဝမ်၏ညာလက်တွင် ပိတ်စဖြူက စည်းနှောင်ထားဆဲပင်။ ယွီရှီက မျက်မှောင်ကြုတ်ကာ စားပွဲပေါ်ရှိ ဘူးအသေးလေးကို ရှေ့သို့တွန်းပို့လိုက်သည်။ "ဒီဆေးက... မင်းရဲ့အိမ်တော်ကဆေးတွေထက် ပိုကောင်းလောက်တယ်"

ဆေး၏နံဘေးတွင် ခေါက်ထားသော ပိတ်စဖြူလေးတစ်ခုလည်း ရှိသည်။ ကျုံးဝမ်ထိုပိတ်စကိုပါ ယူလိုက်သည်။

ကျုံးဝမ်ပြန်ထိုင်လိုက်သည်။ သူ့လက်ရှိပိတ်စဖြူကိုဖြည်ကာ ဘေးသို့ချလိုက်သည်။ လက်တစ်ဖက်တည်းကိုသုံးလျက် ဆေးဘူးအဖုံးကို ဖွင့်နေသည်။ သူ့ဘယ်လက်သည် ညာလက်လောက်မသန်ပေ။ ထို့ကြောင့် ဆေးမှုန့်အချို့မှာ ဖိတ်ကျသွားခဲ့သည်။

ယွီရှီသည် အဝေးမှကြည့်နေသည်။

ကျုံးဝမ်မှာ တုံဏှိဘာဝေပင်။ ဆေးအချို့ကို သူ၏ညာလက်ဖဝါးပေါ်သို့ ဖြူးလိုက်သည်။ ဆေးမှုန့်တော်တော်များများမှာ သူ့အင်္ကျီပေါ်သို့သာ ကျကုန်သည်။ ဆေးအနံ့မှာ ခါးသက်သက်ရှိသည်။ ကျုံးဝမ် ခဏခဏ နှာချေနေမိသည်။ အလိုမကျစွာဖြင့် ယွီရှီက လှမ်းကြည့်လာသည်။

ကျုံးဝမ်က ပိတ်စဖြူအသန့်ကို ခါဖြန့်လိုက်သည်။ အစွန်းတစ်ဖက်ကို သွားဖြင့်ကိုက်လျက် ကျန်တစ်ဖက်ကို ဘယ်လက်ဖြင့် ကိုင်ထားသည်။ ပိတ်စကို ဖြည်းညင်းစွာဖြင့် သူ့ညာလက်တွင် ရစ်ပတ်နေသည်။ ဂရုမစိုက်မိသော တခဏဝယ် ညာလက်ရှိဒဏ်ရာကို သူခိုက်မိသွားသည်။ ကျုံးဝမ်မှာ နာကျင်မှုကြောင့် မျက်မှောင်ကြုတ်လျက် စုတ်သပ်မိသည်။ ဆက်လက်သည်းမခံနိုင်တော့သော ယွီရှီမှာ မတ်တပ်ထရပ်လျက် ကျုံးဝမ်ထံသို့ လျှောက်လာခဲ့သည်။

ကျုံးဝမ် ရယ်ချင်သော်လည်း မရယ်ရဲ။

ယွီရှီက ကျုံးဝမ်၏ဘယ်လက်ကို ပုတ်ထုတ်လိုက်ပြီး ဒဏ်ရာကို ကိုယ်တိုင်စည်းပေးနေသည်။ ကျုံးဝမ်က ယွီရှီကို ငေးကြည့်ကာ ရွှမ်ကျင်းပြောခဲ့သောစကားတို့ကို အမှတ်ရနေသည်။

လွန်ခဲ့သောခုနစ်နှစ်က ကျုံးဝမ်ဖျားဟန်ဆောင်ရန် ဆေးသောက်ခဲ့ချိန်တွင် သူနှင့်ယွီရှီတို့သည် တစ်ယောက်နှင့်တစ်ယောက် ရက်အတော်ကြာ စကားမပြောဘဲ နေခဲ့ကြသည်။

ထိုရက်များက ယွီရှီသည်လည်း စိတ်မပျော်ဖြစ်ခဲ့သည်။ နေ့စဉ်ရက်ဆက် သူ့မျက်နှာတွင် အေးစက်မှုတို့က နေရာယူထားသည်။ ရွှမ်ကျင်းကို သူနန်းတော်တွင် တွေ့လိုက်စဉ်က ထိုအရိပ်အကဲမသိသော ရွှမ်ကျင်းသည် တမင်တကာ ယွီရှီနားတိုးကပ်လျက် သူနှင့်ကျုံးဝမ်တို့ ဘယ်လိုရှိနေသလဲဆိုသည်ကို မေးခဲ့သည်။

ကနဦးတွင် ယွီရှီ သူ့ကိုလျစ်လျူရှုထားခဲ့သည်။ သို့သော် ရွှမ်ကျင်းသည် သူ့ကိုလိုက်နှောင့်ယှက်ရန် ယတိပြတ်ဆုံးဖြတ်ထားသည်။ သူကယွီရှီကိုပြောသည်။ "မင်း သူ့ကိုပျင်းလာရင် ငါ့ကိုပေးလိုက်။ မင်းသူ့ကိုဝယ်ဈေးရဲ့ တစ်ဝက်ကို ငါမင်းကိုပေးမယ်။ ကိစ္စမရှိလှပါဘူး"

ယွီရှီငယ်လေး၏မျက်နှာမှာ ရုတ်တရက်ပြောင်းသွားခဲ့သည်။

ဤသည်မှာ ယွီရှီ အင်မတန်ဒေါသပေါက်ကွဲသည်ကို ရွှမ်ကျင်းမြင်ဖူးသည့် ပထမဦးဆုံးအကြိမ်ဖြစ်သည်။ သူက အလွန်အံ့အားသင့်သွားပြီး ယွီရှီသူ့ကိုတိုက်ခိုက်တော့မည်ဟု တွေးလိုက်မိသည်။ သို့သော် ယွီရှီက ဘာမှမလုပ်ခဲ့။

ထိုနေ့က ပုရောဟိတ်ရှီ၏ စာသင်ချိန်တွင် 'ဖောက်ပြန်ပျက်စီးသော လူ့ဆက်ဆံရေးများ'အကြောင်းနှင့် ပတ်သက်၍ သူ့အမြင်ကိုမေးခဲ့ချိန်တွင် ဆယ့်ငါးနှစ်အရွယ် ယွီရှီကမတ်တပ်ထရပ်ကာ ရွှမ်ကျင်း၏ရှေ့သို့ လျှောက်သွားခဲ့သည်။ လူတိုင်းကြည့်နေချိန်တွင် သူက ရွှမ်ကျင်းကို အကျင့်ပျက်ညီတစ်ယောက်နှင့် မိတ်ဆွေတစ်ယောက်ဖြစ်သည်ဟု ဒေါသတကြီး ကြိမ်းမောင်းခဲ့သည်။

ယွီကျစ်ရုန်သည် သူ့စကားလုံးများကို ခက်ထန်စွာသုံးနှုန်းလျက် အသံမှာလည်းကျယ်လောင်လှသည်။ သူ့ဆူပူမှုသည် ရွှမ်ကျင်းကို ဆွံ့အသွားစေသည်။ ပုရောဟိတ်ကြီးရှီသည်ပင် အံ့ဩကာ ထိုနေ့အတွက် သင်ခန်းစာများကို မေ့လျော့သွားခဲ့သည်။

ကျုံးဝမ်က ယွီရှီကို မော့ကြည့်လိုက်သည်။ ကျစ်ရုန်လေး၊ ဒါတောင်မှ မင်းအဲ့နေ့က ဘာမှမခံစားရဘူးလို့ ပြောရဲသေးတယ်။

ယွီရှီက လက်ကောက်ဝတ်ကို သူ့လက်ဖဝါးထဲတွင် ထည့်ထားရန် ကျုံးဝမ်ကိုပြောလိုက်သည်။ သူက ခေါင်းကိုငုံ့ကာ ကျုံးဝမ်ကို ပတ်တီးစည်းပေးနေသည်။ သူ့မျက်နှာမှာမူ အလိုမကျဖြစ်နေသည်။ "ပြီးပြီ"

ကျုံးဝမ်က ညာဘက်လက်ချောင်းများကို ညင်သာစွာလှုပ်ရှားလိုက်သည်။ ယွီရှီစည်းပေးသည့်ပတ်တီးမှာ လျော့ရဲမနေသကဲ့သို့ တင်းကျပ်၍လည်းမနေ၊ အနေတော်လေးသာဖြစ်သည်။

ကျုံးဝမ်သည် ထိုတည်ကြည်လေးနက်သည့် လူငယ်လေးအကြောင်းကို တွေးမိလိုက်သည်။ သူ့နှလုံးသားမှာ နာကျင်စွာဖြင့် တဆတ်ဆတ်တုန်ခါနေသည်။

"ဆက်ခံသူ..." ကျုံးဝမ်က နှုတ်ခမ်းတို့ကို တဒင်္ဂပိတ်ထားမိသည်။ သူနူးညံ့စွာမေးလိုက်သည်။ "ဒီနေ့ ငါတို့မနမ်းတော့ဘူးလား"

ယွီရှီမှာမူ ကျုံးဝမ် ဤကဲ့သို့ ရုတ်တရက်မေးလာလိမ့်မည်ဟု မထင်ထားခဲ့။ သူတောင့်တင်းသွားသည်။

ကျုံးဝမ် လည်ချောင်းရှင်းလိုက်သည်။ ထို့နောက် ခေါင်းငုံ့ကာ သူ့ညာလက်ကို ဖုံးအုပ်ထားသော ပိတ်စဖြူနှင့် ဆော့ကစားနေသည်။

သူခေါင်းငုံ့ထားစဉ် ယွီရှီ အံကြိတ်ထားသည့်ကြားမှ မယုံကြည်နိုင်သည့်လေသံဖြင့် တစ်ခွန်းစီပြောသော စကားတို့ကို ကြားလိုက်ရသည်။ "နေ။ မ။ ဝင်။ သေး။ ဘူး..."

ကျုံးဝမ်မျက်လုံးစုံမှိတ်လျက် သူ့နှုတ်ခမ်းတို့ကို တင်းတင်းပိတ်ထားမိသည်။ အား၊ သွားပြီ။ သူစကားမှားပြောမိပြန်ပြီ။

ကျုံးဝမ်သည် ခံစားချက်ကို မျက်နှာတွင်မပေါ်အောင် အတတ်နိုင်ဆုံးထိန်းနေသည်။ သူတစ်ခုခုပြောသည်ကို မစောင့်ဘဲ ယွီရှီက စိတ်အနှောင့်အယှက်ဖြစ်နေဟန်သာမက စိတ်တိုနေဟန်ဖြင့်ပါ သူ့ကိုပြောသည်။ "ကျုံးဝမ်... မင်းဘယ်တော့မှ မတင်းတိမ်နိုင်ဘူးလား၊ ဟင်"

ကျုံးဝမ်မှာ မည်သို့မှမတတ်နိုင်ဘဲ နားရွက်ဖျားတို့ ချက်ချင်းနီရဲသွားတော့သည်။

10.9.2021

Thanks for reading

Zawgyi

က်ဳံးဝမ္ ယြီရွီကို ေစာေစာသြားမေတြ႕ခ်င္သည္မဟုတ္။ သူ ျပႆနာတခ်ိဳ႕ကို ေျဖရွင္းေနရသည္သာျဖစ္သည္။

႐ႊမ္က်င္းသည္ တိုက္ခိုက္ရန္ အဆင့္သင့္ျပန္လ်က္ သူ႔ထံလာေတြ႕ခဲ့သည္။

ယမန္ေန႔က လင္စစ္သည္ သူ႔အတြက္ ၿမိဳ႕ျပင္သို႔ သြားေရာက္ခဲ့သည္။ က်ဳံးဝမ္ အလ်င္လိုေနမည္စိုး၍ ျမင္းလွည္းႏွင့္မသြားေတာ့ဘဲ ကိုယ္တိုင္ျမင္းစီးသြားခဲ့သည္။ ႀကံ့ခိုင္ဖြံ႕ၿဖိဳးေသာသူ ျဖစ္သည့္တိုင္ သူပင္ပန္းခဲ့ရသည္။ ေနာက္တစ္ေန႔တြင္ သူ အနည္းငယ္ ေနာက္က်မွ အိပ္ရာထခဲ့သည္။ သူအိပ္ရာေပၚမွ ထလိုက္ခ်ိန္ဝယ္ အျပင္၌ ႐ႊမ္က်င္းက အိမ္ေတာ္အတြင္းသို႔ ဝင္ႏွင့္ၿပီးျဖစ္သည္။

လင္စစ္သည္ အက်ႌတစ္ခ်ိဳ႕ကို ေကာက္စြပ္လ်က္ က်ဳံးဝမ္၏အခန္းသို႔ လ်င္ျမန္စြာ ဝင္သြားခဲ့သည္။

"မင္း..." က်ဳံးဝမ္သည္လည္း ေခါင္းကိုက္ေနသည္။ "မင္းဘာလို႔ ပုန္းေနတာလဲ။ သူ႔ကို မရွင္းျပေတာ့ဘူးလား"

လင္စစ္၏မ်က္လုံးတို႔မွာ နီေဆြးလ်က္ ေခါင္းခါကာ လက္ဟန္ျပသည္။ "အရွင့္သားက ကြၽန္ေတာ့္ကို ရွာဖို႔လာတာ မဟုတ္ေလာက္ဘူး။ ကြၽန္ေတာ့္ကို ရွာဖို႔လာရင္ေတာင္ သူ႔ကိုထပ္ေတြ႕ဖို႔ ကြၽန္ေတာ္ရွက္တယ္"

"မင္းသူ႔ကို အခြင့္အေရးယူထားတာေလ။ မင္းရွက္ရမွာေပါ့" ထိုသို႔ေျပာလိုက္သည့္တိုင္ က်ဳံးဝမ္သည္ လင္စစ္ကို အၿမဲကာကြယ္ေပးေနက်ပင္။ သူအေနႏွင့္ လင္စစ္ကို ဖိအားေပးမည္မဟုတ္။ သူက တိုးတိုးအမိန႔္ေပးလိုက္သည္။ "႐ႊမ္ယြီရဲ႕ၿခံဝန္းထဲသြားေတာ့"

အလြန္ဆုံးေနမွ ႐ႊမ္က်င္းသည္ က်ဳံးဝမ္၏ၿခံဝန္းကို လွန္ေလွာရွာေဖြႏိုင္႐ုံသာ။ သူ ႐ႊမ္ယြီ၏ၿခံဝန္းႏွင့္ အထူးသျဖင့္ ႐ႊမ္စုန္ရွင္း၏ၿခံဝန္းကို ဇြတ္အတင္းဝင္ေရာက္မည္ မဟုတ္ေပ။

က်ဳံးဝမ္ အက်ႌတို႔ကို ဆန႔္လိုက္ၿပီး ဆံပင္တို႔ကို သပ္လိုက္သည္။ ထို႔ေနာက္ ႐ႊမ္က်င္းကို ႏႈတ္ဆက္ရန္ ထြက္လာခဲ့သည္။

လင္စစ္၏အေျခအေနႏွင့္ပတ္သက္၍ က်ဳံးဝမ္ အနည္းငယ္စဥ္းစားကာ ႐ႊမ္က်င္း၏ေမးခြန္းတို႔ကို ျပန္ေျဖႏိုင္ရန္ ျပင္ဆင္ေနရသည္။ မထင္မွတ္ဘဲ ႐ႊမ္က်င္းက ပါးစပ္ကိုဟလ်က္ ေဒါသတႀကီး ေအာ္ဟစ္ေလသည္။ "ယြီရွီနဲ႔ပတ္သက္တဲ့ ေကာလာဟလေတြကို ေလွ်ာက္ဖြတာမင္းလား"

က်ဳံးဝမ္မွာ ထိုေမးခြန္းကို ၾကားၿပီးေနာက္ ေၾကာင္အသြားရသည္။

သူတို႔ႏွစ္ဦးမေတြ႕ၾကေတာ့သည္မွာ ၾကာခဲ့ေလၿပီ။ ႐ႊမ္က်င္းႏွင့္ ပထမဆုံးအႀကိမ္ ျပန္လည္ေတြ႕ဆုံမႈတြင္ ဤအေၾကာင္းႏွင့္ပတ္သက္၍ ျငင္းခုံေနရလိမ့္မည္ဟု က်ဳံးဝမ္ မည္သည့္အခါကမွ မစဥ္းစားခဲ့။

က်ဳံးဝမ္က ႐ႊမ္က်င္းကို ထုံးတမ္းစဥ္လာအတိုင္း အ႐ိုအေသေပးလိုက္သည္။ ႐ႊမ္က်င္းက စိတ္တိုလ်က္ေျပာသည္။ "ငါ့ကို ဒီလိုလာမလုပ္ျပနဲ႔"

က်ဳံးဝမ္ သက္ျပင္းခ်မိသည္။ သူသည္လည္း အ႐ိုအေသမေပးခ်င္ေပ။ ႐ႊမ္က်င္းအတြက္ လက္ဖက္ရည္ယူလာေပးရန္ အေစခံမ်ားကို လက္ျဖင့္အခ်က္ျပလိုက္ၿပီး အတတ္ႏိုင္ဆုံး လက္ေအာက္ငယ္သားႏွင့္တူေအာင္ ႀကိဳးစားျပေနသည္။ "ကြၽန္ေတာ္ စတုတၳမင္းသားေျပာတာေတြကို ဉာဏ္မမွီႏိုင္ပါဘူး။ ဒီတေလာမွာ ကြၽန္ေတာ္ အခန္းတံခါးပိတ္ေနၿပီး အျပင္လည္းမထြက္ျဖစ္ပါဘူး။ အျပင္ဘက္မွာ ဘာေတြျဖစ္ေနတယ္ဆိုတာကို ကြၽန္ေတာ္တကယ္မသိပါဘူး..."

"ငါ့ကိုအ႐ူးလုပ္ဖို႔မႀကိဳးစားနဲ႔။ ႐ႊမ္ခ်ဳံက သူမ်ားရဲ႕အျပစ္တင္တာ ခံရၿပီးေတာ့ သူ႔ကိုယ္သူ မရွင္းျပႏိုင္ဘူး။ အခု သူက ငါ့ကိုျပႆနာရွာေနတယ္။ ငါ သူ႔အိမ္ေတာ္မွာ သူလွ်ိဳေတြထားတယ္ဆိုၿပီး ခမည္းေတာ္ဆီမွာ တိုင္မယ္တဲ့။ သူက ငါ သူ႔ကိုေခ်ာင္ခိုတိုက္ခိုက္တယ္လို႔ ေျပာေနတယ္" ႐ႊမ္က်င္းမွာ အလြန္တရာ အမ်က္ထြက္ေနသည္။ "ငါေတြးေလ၊ေတြးေလ မင္းလုပ္တာေတာ္ေတာ့္ကို ျဖစ္ႏိုင္တယ္ဆိုတာ သိလာတယ္"

က်ဳံးဝမ္ : "..."

က်ဳံးဝမ္ လုပ္ခဲ့တာမွန္သည္။ သို႔ေသာ္ သူ 'ဆယ့္ငါး'ကိုသာ လုပ္ခဲ့ျခင္းျဖစ္သည္။ ကနဦး 'ပထမ'ကို မည္သူလုပ္သလဲဆိုသည္ကို သူတကယ္မသိ။

(T/N - ႏွစ္သစ္ရဲ႕ပထမဆုံးေန႔နဲ႔ ဆယ့္ငါးရက္ေျမာက္ေန႔ကို ရည္ၫႊန္းပါတယ္။ ေျပာခ်င္တာကေတာ့ တစ္ခုခုက ေနာက္ဆုံးမွာေတာ့ ျဖစ္လာမွာပါပဲ။ အၿမဲေရွာင္လႊဲေနလို႔ေတာ့ မရဘူးတဲ့)

က်ဳံးဝမ္က ႐ိုးသားစြာေျပာလိုက္သည္။ "ကြၽန္ေတာ္ တကယ္မသိပါဘူး"

"ငါယုံမယ္လို႔ မင္းထင္ေနလား" ႐ႊမ္က်င္းမွာ က်ဳံးဝမ္အေပၚ အေတာ္ေလး မေက်မခ်မ္းျဖစ္ေနသည္။ "ယြီရွီ အိပ္ရာေပၚမွာ ဘယ္လိုဆိုတာကို သိႏိုင္တာ မင္းတစ္ေယာက္ပဲရွိတာ။ မင္းေလွ်ာက္ျဖန႔္တာ မဟုတ္ဘူးဆိုရင္ တျခားဘယ္သူမ်ား ျဖစ္ႏိုင္ေသးလို႔လဲ"

က်ဳံးဝမ္ စိတ္ပ်က္သြားရသည္။ ႏွစ္မ်ားၾကာေညာင္းခဲ့သည့္တိုင္ ႐ႊမ္က်င္းမွာ အဘယ္ေၾကာင့္ အလြန္တုံးအေနဆဲျဖစ္သနည္း။

႐ႊမ္က်င္းကို အလ်င္ျမန္ဆုံးႏွင့္ အယဥ္ေက်းဆုံး ေမာင္းထုတ္ႏိုင္မည့္ နည္းလမ္းကိုစဥ္းစားလ်က္ က်ဳံးဝမ္က တ႐ိုတေသ ေျပာလိုက္သည္။ "ကြၽန္ေတာ္ မင္းသားငယ္ယြီရဲ႕ အိပ္ေဆာင္ေတာ္ လွ်ိဳ႕ဝွက္ခ်က္ေတြကို မသိပါဘူး"

႐ႊမ္က်င္းက ခံစားခ်က္မဲ့စြာ ရယ္လိုက္သည္။ "အရင္က မင္းကို သူဝယ္ၿပီးေတာ့ မင္းနဲ႔အတူတူ တစ္ေနရာထဲမွာ ႏွစ္တစ္ဝက္ေတာင္ ေနခဲ့တာေလ။ မင္းတို႔ႏွစ္ေယာက္ၾကားက စည္းကမထင္ရွားဘူး။ ဘာကိုမွမသိပါဘူးလို႔ အခုမင္းေျပာေတာ့ေရာ ဘယ္သူကမင္းကိုယုံမွာလဲ" ႐ႊမ္က်င္းက က်ဳံးဝမ္ကို အထင္ေသးစက္ဆုပ္စြာ ၾကည့္လိုက္သည္။ "မင္းရဲ႕အေျခအေနက ကူးစက္တတ္တယ္ မဟုတ္ဘူးလား။ မင္းတစ္ေယာက္တည္း ရွိေနတဲ့ဘာျဖစ္ျဖစ္ တျခားသူေတြဆီ ျပန႔္သြားႏိုင္ၿပီးေတာ့ သူတို႔ကို... သူတို႔ကို မင္းနဲ႔အေျခအေနတူေအာင္ လုပ္လိုက္တာေလ"

(T/N - အေျခအေန = being gay)

က်ဳံးဝမ္ တေမ့တေမာ ပင့္သက္ရႈိက္မိသည္။ သူအျပင္သို႔ ေမွ်ာ္ၾကည့္လိုက္သည္... ႐ႊမ္က်င္းသည္ သူႏွင့္အတူ လူမ်ားမ်ားမေခၚခဲ့။ သူ႔ကိုဤေနရာ၌ ဖမ္းခ်ဳပ္ကာ ႐ိုက္ႏွက္ရန္မခက္လွ။ သို႔ေသာ္ ေနာက္ပိုင္းေျဖရွင္းရမည့္ကိစၥမ်ားက ဒုကၡမ်ားလြန္းသည္။

ဦးေႏွာက္တစ္စိတ္ ေပ်ာက္ေနေသာသူႏွင့္ ျငင္းခုန္မေနေတာ့ရန္ က်ဳံးဝမ္ဆုံးျဖတ္လိုက္သည္။ သူၿပဳံးလိုက္သည္။ "ကူးစက္တတ္တယ္ဆိုတာ တကယ္ျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင့္ အရွင့္သား ကြၽန္ေတာ္နဲ႔ဒီမွာရွိေနရင္ ေကာင္းမလာႏိုင္ဘူးေနာ္"

႐ႊမ္က်င္းက က်ဳံးဝမ္ကို အလန႔္တၾကား ၾကည့္လိုက္သည္။ သူမ်က္ေမွာင္ၾကဳတ္မိသည္။ "ငါ့ကိုမၾကည့္နဲ႔။ ငါကမင္းတို႔လို မဟုတ္ဘူး။ ငါ့မွာအဲ့ျပႆနာမရွိဘူး"

က်ဳံးဝမ္ ေခါင္းညိတ္လိုက္သည္။ "မရွိဘူးလို႔ ေမွ်ာ္လင့္ပါတယ္။ အရွင့္သားမွာ တျခားေမးစရာမ်ား ရွိေသးလား"

"ဘယ္သူက မင္းကိုေမးေနလို႔လဲ။ လုပ္တဲ့သူက မင္းဆိုတာ ငါခန႔္မွန္းၿပီးသား။ ငါ ဒီကိုလာတာ မင္းကိုဆုံးမဖို႔ပဲ။ မင္းလုပ္တဲ့ကိစၥအတြက္ တာဝန္ယူ။ ငါ့ေပၚကိုလႊဲမခ်နဲ႔" ႐ႊမ္က်င္းမွာ အလြန္မခံမရပ္ႏိုင္ျဖစ္ေနသည္။ "ငါက ႐ႊမ္ခ်ဳံနဲ႔မတူဘူး။ သူက သူ႔အေမဘက္ကမိသားစု မင္းသားယြီအိမ္ေတာ္ကို ေၾကာက္ရေပမဲ့ ငါကဘာမွေၾကာက္စရာမရွိဘူး"

က်ဳံးဝမ္သည္ ႐ႊမ္က်င္းကိုၾကည့္လ်က္ သူ႔ေရွ႕ဝယ္ဟန္ေဆာင္ေနရသည္ကို စိတ္ပ်က္လာသည္။ သူ႔အေနႏွင့္ ယြီရွီကိုသြားေတြ႕ရန္လည္း ရွိေနေသးသည္။ ယြီရွီကို ဆယ္ရက္ေနမွသာ တစ္ႀကိမ္ေတြ႕ရေသာေၾကာင့္ အခ်ိန္ျဖဳန္းမေနခ်င္။ သူသက္ျပင္းခ်မိသည္။ "အရွင့္သား... ဒီကိုလာရတဲ့အေၾကာင္းအရင္းက တကယ္ပဲဘာမ်ားလဲ"

႐ႊမ္က်င္း၏ရည္႐ြယ္ရင္းတို႔မွာ က်ဳံးဝမ္ထံတြင္ ေပၚသြားခဲ့သည္။ သူ ေခတၱၾကာသည္အထိ ဘာမွမေျပာႏိုင္ဘဲရွိသည္။ လက္ဖက္ရည္ကို ေသာက္သည္ဆို႐ုံမွ် ေသာက္လိုက္ၿပီး မ်က္ေမွာင္ၾကဳတ္လ်က္ ေျပာလိုက္သည္။ "လင္စစ္ဘယ္မွာလဲ။ ျမန္ျမန္ငါ့ဆီလက္လႊဲလိုက္"

က်ဳံးဝမ္၏မ်က္ဆံတို႔ အနည္းငယ္ေ႐ြ႕လ်ားသြားသည္။ သူကေျပာသည္။ "ၿပီးခဲ့တဲ့ရက္တုန္းကေတာ့ သူလာခဲ့ပါတယ္"

႐ႊမ္က်င္း၏မ်က္လုံးတို႔ အေရာင္ေတာက္သြားသည္။ က်ဳံးဝမ္က စကားဆက္သည္။ "ဒါေပမဲ့ သူဒီမွာမေနပါဘူး။ သူေျပာတာက သူ႔ရဲ႕မသင့္ေတာ္တဲ့ အျပဳအမူေၾကာင့္ အရွင့္သားကို မ႐ိုမေသျပဳမိသြားလို႔ အရွင့္သားႏွင္ထုတ္တာ ခံလိုက္ရတယ္တဲ့။ ၿပီးေတာ့ သူထြက္သြားတယ္"

႐ႊမ္က်င္းတစ္ေယာက္ ၾကက္ေသေသသြားသည္။ "ဘယ္ကိုလဲ"

"ကြၽန္ေတာ္မသိဘူး" က်ဳံးဝမ္က တစ္ဖန္ေမးခြန္းထုတ္လိုက္သည္။ "သူ႔ကိုထပ္မေတြ႕ခ်င္ေတာ့ဘူးလို႔ အရွင့္သားေျပာခဲ့တာမဟုတ္ဘူးလား"

႐ႊမ္က်င္းထံ၌ တုံ႔ျပန္စရာမရွိ။ သူက မျပတ္မသားေျပာသည္။ "သူက ငါ့လွ်ိဳ႕ဝွက္ခ်က္ေတြကို အမ်ားႀကီးသိေနတာ။ ငါ သူ႔ကိုဘယ္လိုလုပ္ ေလွ်ာက္သြားေနခြင့္ေပးႏိုင္မွာလဲ"

က်ဳံးဝမ္က ေခါင္းညိတ္သည္။ "ဒါဆို တျခားလုပ္စရာမရွိေတာ့ဘူးပဲ။ သူဒီကိုလာတုန္းက စိတ္ဓာတ္ေတြက်ၿပီးေတာ့ အာ႐ုံေတြျပန႔္ေနတာ။ သူ႔စကားေတြက အဓိပၸာယ္ေတာင္ေဖာ္မရဘူး။ ဘာျဖစ္ခဲ့တယ္ဆိုတာ ကြၽန္ေတာ့္ကို ေျပာၿပီးေတာ့ သူထြက္သြားတယ္။ သူဘယ္သြားမယ္ဆိုတာ ေျပာမသြားဘူး"

႐ႊမ္က်င္းက က်ဳံးဝမ္ကို သံသယျဖင့္ စူးစမ္းေနသည္။ "တကယ္လား"

က်ဳံးဝမ္က ပြင့္ပြင့္လင္းလင္းေျပာသည္။ "ကြၽန္ေတာ္ အရွင့္သားကို ကြယ္ဝွက္မေနပါဘူး - ကြၽန္ေတာ္လည္း သူ႔ကိုရွာေနတာပါ။ အရွင့္သား သူ႔ကိုရွာေတြ႕ျဖစ္ခဲ့ရင္ ကြၽန္ေတာ့္ကို အေၾကာင္းၾကားေပးပါ။ ဒီလိုမွပဲ ကြၽန္ေတာ္လည္း စိတ္ေအးႏိုင္မယ္"

႐ႊမ္က်င္းက ဆိတ္ဆိတ္ၿငိမ္ေနၿပီးမွ မလႈပ္တလႈပ္ေျပာလိုက္သည္။ "ငါသူ႔ကိုရွာႏိုင္ရင္ စဥ္းစားေပးမယ္"

က်ဳံးဝမ္က ႐ႊမ္က်င္းကို ေခတၱစိုက္ၾကည့္ေနၿပီး ေျပာလိုက္သည္။ "အရွင့္သား အရင္က ကြၽန္ေတာ့္ကို ေထာင္ထဲကေန ဝယ္ခ်င္ခဲ့တာ..."

"အပိုေတြေလွ်ာက္မေတြးနဲ႔" ႐ႊမ္က်င္းက အလ်င္စလိုေအာ္လိုက္သည္။ "ငါက အဲ့တုန္းက ငယ္ေသးတယ္။ ငါ့ဦးေႏွာက္က ခဏတစ္ခုခုျဖစ္သြားလို႔ အဲ့လိုေတြးခဲ့မိတာ။ ငါ မင္းကိုနည္းနည္းေလးေတာင္ မထိခ်င္ဘူး။ ငါမင္းကို ဝယ္ခဲ့ရင္ေတာင္ မင္းကို ႐ိုက္ႏွက္႐ုံေလာက္ပဲ။ ၿပီးရင္ မင္းေနဖို႔ ေနရာတစ္ခုစီစဥ္ေပးမွာ"

က်ဳံးဝမ္ၿပဳံးလိုက္သည္။ "ကြၽန္ေတာ္သိပါတယ္။ အရွင့္သားရဲ႕ ရည္႐ြယ္ခ်က္ေကာင္းတာကို ကြၽန္ေတာ္အသိအမွတ္ျပဳပါတယ္"

႐ႊမ္က်င္းက ရွက္႐ြံ႕သြားၿပီးေျပာသည္။ "အဲ့ဒါက စိတ္လိုက္မာန္ပါျဖစ္သြား႐ုံေလးပဲ။ ငါပိုက္ဆံေတာင္ မစုရေသးခင္ မယ္ေတာ္ဆူတာ ခံလိုက္ရတယ္။ ဒါတင္မကေသးဘူး။ ယြီရွီစစ္ေမးတာပါ ခံလိုက္ရေသးတယ္။ ငါဘယ္သူ႔ကိုေဒါသထြက္ေစလို႔..."

က်ဳံးဝမ္က ႐ႊမ္က်င္းကို ဆတ္ခနဲ ၾကည့္လိုက္သည္။ "မင္းသားငယ္ယြီက အရွင့္သားက အဲ့တုန္းက စစ္ေမးခဲ့တယ္ေပါ့"

"အင္း" ႐ႊမ္က်င္းက မေက်မခ်မ္းေျပာသည္။ "အဲ့အ႐ူးက ငယ္ငယ္ထဲက ႐ူးေနတာပဲ..."

က်ဳံးဝမ္၏ရင္ခုန္သံတို႔ ျမန္ဆန္လာသည္။ သူကေျပာသည္။ "ကြၽန္ေတာ္ အရွင့္သားကို အေသးစိတ္ေမးပါရေစ"

႐ႊမ္က်င္းက က်ဳံးဝမ္ကို စိတ္ပ်က္လက္ပ်က္ လွမ္းၾကည့္သည္။ "ငါကဘာလို႔ သူ႔အေၾကာင္းေျပာရမွာလဲ"

က်ဳံးဝမ္မွာ ေဒါသကိုမနည္း မ်ိဳသိပ္ေနရသည္။ "ကြၽန္ေတာ္ လင္စစ္အေၾကာင္း သတင္းရရင္ အရွင့္သားဆီ ခ်က္ခ်င္းလူလႊတ္ၿပီး အေၾကာင္းၾကားခိုင္းလိုက္ပါ့မယ္"

႐ႊမ္က်င္းက တန႔္သြားသည္။

႐ႊမ္က်င္းက ႏွာေခါင္းကိုပြတ္လ်က္ ျပန္စဥ္းစားေနသည္။ သူက က်ဳံးဝမ္ကို ျဖစ္ေၾကာင္းကုန္စင္ေျပာျပၿပီး ထပ္ျဖည့္စြက္သည္။ "ငါ့ကိုေျပာ။ သူငယ္ငယ္တည္းက စိတ္က်န္းမာေရးမေကာင္းေနတာ မဟုတ္ဘူးလား။ ပုံမွန္လူေတြက အဲ့လိုကိစၥေတြ လုပ္ႏိုင္လို႔လား။ ငါမယ္ေတာ့္ကို အရင္ထဲက ေျပာဖူးတယ္။ သူက ငယ္ငယ္ထဲက ထူးဆန္းေနတာ။ ငါ ခမည္းေတာ္ကိုလည္း ေျပာျပခ်င္ေပမဲ့ သူက ယြီရွီကို မ်က္ႏွာလိုက္ၿပီး ငါ့စကားကိုနားမေထာင္ဘူး..."

က်ဳံးဝမ္ထံတြင္ ႐ႊမ္က်င္းကိုဆက္ရွင္းျပေနရန္ အားအင္မရွိေတာ့။ သူက မတ္တပ္ရပ္လိုက္ၿပီး ေတြေဝလ်က္ေျပာသည္။ "စိတ္ခ်ပါ၊ အရွင့္သား။ ကြၽန္ေတာ္ လင္စစ္သတင္းကို ၾကားၾကားခ်င္း ကြၽန္ေတာ္... ကြၽန္ေတာ္ အရွင့္သားကို လူလႊတ္အေၾကာင္းၾကားလိုက္ပါ့မယ္"

႐ုတ္တရက္အတင္းျပန္ပို႔ခ်င္ေနသည့္ က်ဳံးဝမ္ကိုၾကည့္ကာ ႐ႊမ္က်င္းတစ္ေယာက္ သေဘာမက်ျဖစ္လာသည္။ သို႔ေသာ္ သူ႔ထံတြင္ လုပ္စရာအလုပ္မ်ား ရွိေနေသးသည္ကို ျပန္ေတြးၾကည့္မိလ်က္ က်ဳံးဝမ္ကို ထပ္မေႏွာင့္ယွက္ေတာ့ေပ။ ဟြန္းခနဲ အသံျပဳလ်က္ သူထြက္လာခဲ့ေတာ့သည္။

က်ဳံးဝမ္သည္ ၿခံဝန္းထဲသို႔ ႏွစ္ေခါက္ခန႔္ ေဝ့ဝိုက္ၾကည့္လိုက္ေသာ္ျငား လင္စစ္ကိုရွာမေတြ႕။ လင္စစ္ပုန္းေနသည္ဟုသာ သူမွတ္ယူလိုက္ၿပီး ဆက္ရွာမေနေတာ့ေပ။ ႐ႊမ္စုန္ရွင္းကို အသိေပးရန္ အေစခံမ်ားကို မွာၾကားၿပီးေနာက္တြင္ သူတစ္ေယာက္တည္း ထြက္လာခဲ့ေတာ့သည္။

မင္းသားယြီအိမ္ေတာ္၏အရံၿခံဝန္း။ က်ဳံးဝမ္ျမင္းလွည္းေပၚမွ ဆင္းလိုက္ခ်င္းခ်င္းမွာပင္ လူတစ္ေယာက္က ထြက္လာၿပီး ခရီးဦးႀကိဳျပဳသည္။ ထို႔ေနာက္ သူ႔ကို အတြင္းၿခံဝန္းထဲသို႔ ျမန္ျမန္ေခၚသြားေတာ့သည္။

"သခင္ေလးက်ဳံး၊ ေနာက္ဆုံးေတာ့ ေရာက္လာၿပီေပါ့" အိမ္ေတာ္ထိန္းဖုန္မွာ အလြန္တရာ ထိတ္လန႔္ေၾကာက္႐ြံ႕ေနသျဖင့္ နဖူးထက္ဝယ္ ေခြၽးစို႔ေနသည္။ သူကတိုးတိုးေျပာသည္။ "ဆက္ခံသူက မနက္ထဲက အခ်ိန္ကိုပဲ ခဏခဏေမးေနတယ္။ အခုေတာ့ ဘာလို႔မွန္းမသိ ေမးၿပီးတာနဲ႔ ဝုန္းခနဲ ေဒါသေပါက္ကြဲေတာ့တာပဲ။ သူ႔အၾကည့္ေတြက ပုံမွန္မဟုတ္ေတာ့ဘူး။ ခ်က္ခ်င္းပဲ... ဆက္ခံသူက ေအးစက္စာမႈန႔္ ရွိေသးလားဆိုၿပီးေမးတယ္"

က်ဳံးဝမ္ ရင္တုန္သြားသည္။ "ခင္ဗ်ား သူ႔ကိုမေပးလိုက္ဘူးမလား"

"မေပးပါဘူး။ အဲ့လိုေဆးမ်ိဳးကို ဒီအိမ္ေတာ္မွာ မထားတာၾကာေပါ့။ ကြၽန္ေတာ္တို႔ မင္းသားက အရင္က ခဏခဏစစ္ေဆးထားတာ။ ေရာင္းတဲ့သူလည္း ၿမိဳ႕ေတာ္မွာ မရွိေတာ့တာ ၾကာပါၿပီ။ ဒါေပမဲ့ ဘယ္လိုစပ္ရမယ္ဆိုတာသိတဲ့ သမားေတာ္ေတြကေတာ့ အေတာ္ေလးမ်ားပါတယ္။ ဆက္ခံသူသာ လိုခ်င္ရင္ ေသခ်ာေပါက္ရႏိုင္ပါတယ္" အိမ္ေတာ္ထိန္းဖုန္က နာၾကည္းစြာေျပာသည္။ "သခင္ေလးက်ဳံး၊ ဆက္ခံသူ ႏွစ္ႏွစ္အတြင္း အဲ့ဟာေတြကို မသုံးခဲ့ပါဘူး။ ေက်းဇူးျပဳၿပီး ဆက္ခံသူကို မစပါနဲ႔ေတာ့... သူ အရင္ကထက္ စိတ္ပိုလြတ္သြားလို႔မျဖစ္ဘူး"

က်ဳံးဝမ္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။ "အိမ္ေတာ္ကို လူတစ္ေယာက္ေယာက္လာလို႔... ကြၽန္ေတာ္အခုသိၿပီ"

အိမ္ေတာ္ထိန္းဖုန္ ထြက္သြားေတာ့သည္။ က်ဳံးဝမ္သည္လည္း စာဖတ္ခန္းတြင္းသို႔ တစ္ေယာက္တည္း ဝင္လာခဲ့လိုက္သည္။

ယြီရွီစာဖတ္ေနသည္။

ယြီရွီသည္ စာအုပ္ကို ညာဘက္လက္တြင္ ကိုင္ထားသည္။ သူ၏ဘယ္လက္မွာမူ စားပြဲေပၚတြင္ ရွိေနသည္။ သူ႔ဘယ္လက္၏လက္ညႇိဳးသည္ စားပြဲမ်က္ႏွာျပင္ေပၚတြင္ ခပ္ျမန္ျမန္ေခါက္ေနသည္။ သူ႔ကိုၾကည့္ရသည္မွာ တစ္ခုခုႏွင့္ပတ္သက္၍ ေနမထိထိုင္မသာျဖစ္ေနပုံေပၚသည္။

က်ဳံးဝမ္ သက္မတစ္ခုကို ညင္သာစြာခ်လိုက္သည္။ သူႏူးညံ့စြာေခၚလိုက္သည္။ "ဆက္ခံသူ"

ယြီရွီသည္ သူ႔ဘယ္လက္ဖဝါးကို စားပြဲမ်က္ႏွာျပင္တြင္ ျဖန႔္ကပ္လ်က္ လႈပ္ရွားမႈတို႔ကို ရပ္တန႔္လိုက္သည္။

ယြီရွီက ေမာ့မၾကည့္လာခဲ့။ သူ႔မ်က္ႏွာမွာ ပုံမွန္ကဲ့သို႔သာရွိေနၿပီး အသံနက္နက္ျဖင့္ က်ဳံးဝမ္ကို ေမးလိုက္သည္။ "ဒီကိုလာတာ အရမ္းေစာေနသလားလို႔"

က်ဳံးဝမ္၏ႏႈတ္ခမ္းစြန္းတို႔မွာ အေပၚသို႔ အနည္းငယ္ေကြးတက္သြားသည့္တိုင္ သူ႔ႏွလုံးသားမွာ နာက်င္မႈျဖင့္ ေအာင့္သက္စူးရွေနသည္။

က်ဳံးဝမ္ ေတြးၾကည့္ေနမိသည္။ သူကေျပာသည္။ "ငါ ဒီကို ေစာေစာလာမလို႔ပါပဲ။ ဒါေပမဲ့ စတုတၱမင္းသားက ႐ုတ္တရက္ႀကီး ငါတို႔အိမ္ေတာ္ကို ေရာက္လာတယ္။ ငါ့မွာ ေ႐ြးစရာမွမရွိပဲ... အဲ့ဒါေၾကာင့္ အခ်ိန္ပုပ္သြားတယ္"

က်ဳံးဝမ္ စိတ္ထင္ေနမိသည္လားေတာ့မသိ၊ သို႔ေသာ္ ယြီရွီ၏မ်က္ေမွာင္တို႔မွာ အနည္းငယ္ေျပေလ်ာ့သြားသည္ဟု သူခံစားေနရသည္။

ယြီရွီက စာဆက္ဖတ္ေနသည္။ သူကေမးသည္။ "႐ႊမ္က်င္းက မင္းဆီက ဘာလိုခ်င္တာတဲ့လဲ"

က်ဳံးဝမ္က ဝင္ထိုင္လိုက္ၿပီး ေျပာျပသည္။ "လြန္ခဲ့တဲ့ရက္ကပလူပ်ံသြားတဲ့ ဆက္ခံသူရဲ႕ေကာလာဟလေတြကို ငါျဖန႔္တာလို႔ စတုတၳမင္းသားကထင္ေနတာ"

ယြီရွီက တည္တည္ၿငိမ္ၿငိမ္ျဖင့္ေမးသည္။ "မင္းမဟုတ္ဘူး"

က်ဳံးဝမ္ဆြံ႕အသြားသည္။ "ဘယ္သူလုပ္တယ္ဆိုတာ ဆက္ခံသူသိတာလား"

ယြီရွီက စာအုပ္ပိတ္လိုက္သည္။ "မင္းရဲ႕လက္နာေသးလား"

က်ဳံးဝမ္၏ညာလက္တြင္ ပိတ္စျဖဴက စည္းေႏွာင္ထားဆဲပင္။ ယြီရွီက မ်က္ေမွာင္ၾကဳတ္ကာ စားပြဲေပၚရွိ ဘူးအေသးေလးကို ေရွ႕သို႔တြန္းပို႔လိုက္သည္။ "ဒီေဆးက... မင္းရဲ႕အိမ္ေတာ္ကေဆးေတြထက္ ပိုေကာင္းေလာက္တယ္"

ေဆး၏နံေဘးတြင္ ေခါက္ထားေသာ ပိတ္စျဖဴေလးတစ္ခုလည္း ရွိသည္။ က်ဳံးဝမ္ထိုပိတ္စကိုပါ ယူလိုက္သည္။

က်ဳံးဝမ္ျပန္ထိုင္လိုက္သည္။ သူ႔လက္ရွိပိတ္စျဖဴကိုျဖည္ကာ ေဘးသို႔ခ်လိုက္သည္။ လက္တစ္ဖက္တည္းကိုသုံးလ်က္ ေဆးဘူးအဖုံးကို ဖြင့္ေနသည္။ သူ႔ဘယ္လက္သည္ ညာလက္ေလာက္မသန္ေပ။ ထို႔ေၾကာင့္ ေဆးမႈန႔္အခ်ိဳ႕မွာ ဖိတ္က်သြားခဲ့သည္။

ယြီရွီသည္ အေဝးမွၾကည့္ေနသည္။

က်ဳံးဝမ္မွာ တုံဏွိဘာေဝပင္။ ေဆးအခ်ိဳ႕ကို သူ၏ညာလက္ဖဝါးေပၚသို႔ ျဖဴးလိုက္သည္။ ေဆးမႈန႔္ေတာ္ေတာ္မ်ားမ်ားမွာ သူ႔အက်ႌေပၚသို႔သာ က်ကုန္သည္။ ေဆးအနံ႔မွာ ခါးသက္သက္ရွိသည္။ က်ဳံးဝမ္ ခဏခဏ ႏွာေခ်ေနမိသည္။ အလိုမက်စြာျဖင့္ ယြီရွီက လွမ္းၾကည့္လာသည္။

က်ဳံးဝမ္က ပိတ္စျဖဴအသန႔္ကို ခါျဖန႔္လိုက္သည္။ အစြန္းတစ္ဖက္ကို သြားျဖင့္ကိုက္လ်က္ က်န္တစ္ဖက္ကို ဘယ္လက္ျဖင့္ ကိုင္ထားသည္။ ပိတ္စကို ျဖည္းညင္းစြာျဖင့္ သူ႔ညာလက္တြင္ ရစ္ပတ္ေနသည္။ ဂ႐ုမစိုက္မိေသာ တခဏဝယ္ ညာလက္ရွိဒဏ္ရာကို သူခိုက္မိသြားသည္။ က်ဳံးဝမ္မွာ နာက်င္မႈေၾကာင့္ မ်က္ေမွာင္ၾကဳတ္လ်က္ စုတ္သပ္မိသည္။ ဆက္လက္သည္းမခံႏိုင္ေတာ့ေသာ ယြီရွီမွာ မတ္တပ္ထရပ္လ်က္ က်ဳံးဝမ္ထံသို႔ ေလွ်ာက္လာခဲ့သည္။

က်ဳံးဝမ္ ရယ္ခ်င္ေသာ္လည္း မရယ္ရဲ။

ယြီရွီက က်ဳံးဝမ္၏ဘယ္လက္ကို ပုတ္ထုတ္လိုက္ၿပီး ဒဏ္ရာကို ကိုယ္တိုင္စည္းေပးေနသည္။ က်ဳံးဝမ္က ယြီရွီကို ေငးၾကည့္ကာ ႐ႊမ္က်င္းေျပာခဲ့ေသာစကားတို႔ကို အမွတ္ရေနသည္။

လြန္ခဲ့ေသာခုနစ္ႏွစ္က က်ဳံးဝမ္ဖ်ားဟန္ေဆာင္ရန္ ေဆးေသာက္ခဲ့ခ်ိန္တြင္ သူႏွင့္ယြီရွီတို႔သည္ တစ္ေယာက္ႏွင့္တစ္ေယာက္ ရက္အေတာ္ၾကာ စကားမေျပာဘဲ ေနခဲ့ၾကသည္။

ထိုရက္မ်ားက ယြီရွီသည္လည္း စိတ္မေပ်ာ္ျဖစ္ခဲ့သည္။ ေန႔စဥ္ရက္ဆက္ သူ႔မ်က္ႏွာတြင္ ေအးစက္မႈတို႔က ေနရာယူထားသည္။ ႐ႊမ္က်င္းကို သူနန္းေတာ္တြင္ ေတြ႕လိုက္စဥ္က ထိုအရိပ္အကဲမသိေသာ ႐ႊမ္က်င္းသည္ တမင္တကာ ယြီရွီနားတိုးကပ္လ်က္ သူႏွင့္က်ဳံးဝမ္တို႔ ဘယ္လိုရွိေနသလဲဆိုသည္ကို ေမးခဲ့သည္။

ကနဦးတြင္ ယြီရွီ သူ႔ကိုလ်စ္လ်ဴရႈထားခဲ့သည္။ သို႔ေသာ္ ႐ႊမ္က်င္းသည္ သူ႔ကိုလိုက္ေႏွာင့္ယွက္ရန္ ယတိျပတ္ဆုံးျဖတ္ထားသည္။ သူကယြီရွီကိုေျပာသည္။ "မင္း သူ႔ကိုပ်င္းလာရင္ ငါ့ကိုေပးလိုက္။ မင္းသူ႔ကိုဝယ္ေဈးရဲ႕ တစ္ဝက္ကို ငါမင္းကိုေပးမယ္။ ကိစၥမရွိလွပါဘူး"

ယြီရွီငယ္ေလး၏မ်က္ႏွာမွာ ႐ုတ္တရက္ေျပာင္းသြားခဲ့သည္။

ဤသည္မွာ ယြီရွီ အင္မတန္ေဒါသေပါက္ကြဲသည္ကို ႐ႊမ္က်င္းျမင္ဖူးသည့္ ပထမဦးဆုံးအႀကိမ္ျဖစ္သည္။ သူက အလြန္အံ့အားသင့္သြားၿပီး ယြီရွီသူ႔ကိုတိုက္ခိုက္ေတာ့မည္ဟု ေတြးလိုက္မိသည္။ သို႔ေသာ္ ယြီရွီက ဘာမွမလုပ္ခဲ့။

ထိုေန႔က ပုေရာဟိတ္ရွီ၏ စာသင္ခ်ိန္တြင္ 'ေဖာက္ျပန္ပ်က္စီးေသာ လူ႔ဆက္ဆံေရးမ်ား'အေၾကာင္းႏွင့္ ပတ္သက္၍ သူ႔အျမင္ကိုေမးခဲ့ခ်ိန္တြင္ ဆယ့္ငါးႏွစ္အ႐ြယ္ ယြီရွီကမတ္တပ္ထရပ္ကာ ႐ႊမ္က်င္း၏ေရွ႕သို႔ ေလွ်ာက္သြားခဲ့သည္။ လူတိုင္းၾကည့္ေနခ်ိန္တြင္ သူက ႐ႊမ္က်င္းကို အက်င့္ပ်က္ညီတစ္ေယာက္ႏွင့္ မိတ္ေဆြတစ္ေယာက္ျဖစ္သည္ဟု ေဒါသတႀကီး ႀကိမ္းေမာင္းခဲ့သည္။

ယြီက်စ္႐ုန္သည္ သူ႔စကားလုံးမ်ားကို ခက္ထန္စြာသုံးႏႈန္းလ်က္ အသံမွာလည္းက်ယ္ေလာင္လွသည္။ သူ႔ဆူပူမႈသည္ ႐ႊမ္က်င္းကို ဆြံ႕အသြားေစသည္။ ပုေရာဟိတ္ႀကီးရွီသည္ပင္ အံ့ဩကာ ထိုေန႔အတြက္ သင္ခန္းစာမ်ားကို ေမ့ေလ်ာ့သြားခဲ့သည္။

က်ဳံးဝမ္က ယြီရွီကို ေမာ့ၾကည့္လိုက္သည္။ က်စ္႐ုန္ေလး၊ ဒါေတာင္မွ မင္းအဲ့ေန႔က ဘာမွမခံစားရဘူးလို႔ ေျပာရဲေသးတယ္။

ယြီရွီက လက္ေကာက္ဝတ္ကို သူ႔လက္ဖဝါးထဲတြင္ ထည့္ထားရန္ က်ဳံးဝမ္ကိုေျပာလိုက္သည္။ သူက ေခါင္းကိုငုံ႔ကာ က်ဳံးဝမ္ကို ပတ္တီးစည္းေပးေနသည္။ သူ႔မ်က္ႏွာမွာမူ အလိုမက်ျဖစ္ေနသည္။ "ၿပီးၿပီ"

က်ဳံးဝမ္က ညာဘက္လက္ေခ်ာင္းမ်ားကို ညင္သာစြာလႈပ္ရွားလိုက္သည္။ ယြီရွီစည္းေပးသည့္ပတ္တီးမွာ ေလ်ာ့ရဲမေနသကဲ့သို႔ တင္းက်ပ္၍လည္းမေန၊ အေနေတာ္ေလးသာျဖစ္သည္။

က်ဳံးဝမ္သည္ ထိုတည္ၾကည္ေလးနက္သည့္ လူငယ္ေလးအေၾကာင္းကို ေတြးမိလိုက္သည္။ သူ႔ႏွလုံးသားမွာ နာက်င္စြာျဖင့္ တဆတ္ဆတ္တုန္ခါေနသည္။

"ဆက္ခံသူ..." က်ဳံးဝမ္က ႏႈတ္ခမ္းတို႔ကို တဒဂၤပိတ္ထားမိသည္။ သူႏူးညံ့စြာေမးလိုက္သည္။ "ဒီေန႔ ငါတို႔မနမ္းေတာ့ဘူးလား"

ယြီရွီမွာမူ က်ဳံးဝမ္ ဤကဲ့သို႔ ႐ုတ္တရက္ေမးလာလိမ့္မည္ဟု မထင္ထားခဲ့။ သူေတာင့္တင္းသြားသည္။

က်ဳံးဝမ္ လည္ေခ်ာင္းရွင္းလိုက္သည္။ ထို႔ေနာက္ ေခါင္းငုံ႔ကာ သူ႔ညာလက္ကို ဖုံးအုပ္ထားေသာ ပိတ္စျဖဴႏွင့္ ေဆာ့ကစားေနသည္။

သူေခါင္းငုံ႔ထားစဥ္ ယြီရွီ အံႀကိတ္ထားသည့္ၾကားမွ မယုံၾကည္ႏိုင္သည့္ေလသံျဖင့္ တစ္ခြန္းစီေျပာေသာ စကားတို႔ကို ၾကားလိုက္ရသည္။ "ေန။ မ။ ဝင္။ ေသး။ ဘူး..."

က်ဳံးဝမ္မ်က္လုံးစုံမွိတ္လ်က္ သူ႔ႏႈတ္ခမ္းတို႔ကို တင္းတင္းပိတ္ထားမိသည္။ အား၊ သြားၿပီ။ သူစကားမွားေျပာမိျပန္ၿပီ။

က်ဳံးဝမ္သည္ ခံစားခ်က္ကို မ်က္ႏွာတြင္မေပၚေအာင္ အတတ္ႏိုင္ဆုံးထိန္းေနသည္။ သူတစ္ခုခုေျပာသည္ကို မေစာင့္ဘဲ ယြီရွီက စိတ္အေႏွာင့္အယွက္ျဖစ္ေနဟန္သာမက စိတ္တိုေနဟန္ျဖင့္ပါ သူ႔ကိုေျပာသည္။ "က်ဳံးဝမ္... မင္းဘယ္ေတာ့မွ မတင္းတိမ္ႏိုင္ဘူးလား၊ ဟင္"

က်ဳံးဝမ္မွာ မည္သို႔မွမတတ္ႏိုင္ဘဲ နား႐ြက္ဖ်ားတို႔ ခ်က္ခ်င္းနီရဲသြားေတာ့သည္။

10.9.2021

Thanks for reading

Continue Reading

You'll Also Like

73K 8.1K 31
Total Chapters - 25 + Epilogue + Extra Original Author - Công Tử Như Lan,Gongzi Rulan, 公子如兰 Eng Translator - -iana- ⚠︎ ᴛʜɪs ɪs ᴛʜᴇ ғᴜɴ ᴛʀᴀsʟᴀᴛɪᴏɴ...
52.8K 9.3K 12
I've got permission from English translator! You can read English version here: https://ruiruitranslates.blogspot.com/p/what-is-it-like-to-have-jealo...
3.4K 212 2
~~★ Mm translation ★~~ Both Zawgyi and Unicode available. Type : Web Novel Author : 如似我闻 Status in COO : 1 chapter (completed) Credit to all origin...
89K 8.5K 108
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မွားယြင္းေသာ လက္ထ...