ထိုနှစ်များမှာ မြတ်နိုးဖွေရှာ

By Vera-Yu

374K 65.3K 4.7K

Original Title : 当年万里觅封侯 English Title : Those Years in Quest of Honor Mine Original Author : Man Man He Qi... More

Description
Prologue
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68
Part 69
Part 70
Part 71
Part 72
Part 73
Part 74
Part 75
Part 76
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
Part 88
Part 89
Part 90
Part 91
Part 92
Part 93
Part 94
Part 95
Part 96
Part 97
Part 98
Part 99
Part 100
Part 101
Part 102
Part 103
Extra 1
Extra 2

Part 38

2.7K 612 61
By Vera-Yu


ကျုံးဝမ်မှာ ကြောက်လွန်း၍ စကားများပင် ထစ်လာသည်။ "မလုပ်နဲ့၊ မလုပ်နဲ့၊ မလုပ်နဲ့။ ငါ-ငါပဲ လုပ်လိုက်မယ်..."

ယွီရှီကိုကြည့်ရသည်မှာ ရေခဲတမျှ အေးစက်လွန်းလှသည်။ သူကခေါင်းမာမာနှင့်မေးသည်။ "မင်းရဲ့အတွင်းအင်္ကျီအသန့်တွေ ဘယ်မှာလဲ"

ယွီရှီတစ်ခုခု မူမမှန်ဖြစ်နေသည်ဟု ကျုံးဝမ်ခံစားနေရသည်။ အမျက်ဒေါသတို့ဖြင့် ရူးသွပ်တော့မယောင်ရှိပြီး အရက်မူးနေသည်လည်း ဖြစ်နိုင်သည်။ သို့သော် ယွီရှီ၏ကိုယ်မှ အရက်နံ့လည်းရမနေ။

သူထပ်ပြီးတော့ စိတ်လွတ်သွားတာများလား။ ဒါပေမဲ့ သူဒီလိုဖြစ်လောက်တဲ့အထိ လတ်တလောမှာ ဘာမှမဖြစ်ခဲ့ဘူးလေ။

သူ့မျက်နှာရိပ်မျက်နှာကဲအရတော့... ငါ့ကိုငါပဲ အပြစ်တင်ရမဲ့ပုံပဲ။

ကျုံးဝမ်သည် ယွီရှီ ယခုလိုမျိုးလုပ်နေသည်ကို ရပ်စေချင်သည်။ သို့သော် ယွီရှီနှင့်အကြည့်ဆုံမိသောအခါ သူ့စကားတို့မှာ ပျောက်ကွယ်သွားရတော့သည်။

ကျုံးဝမ်က သူ၏ခြောက်သွေ့နေသော နှုတ်ခမ်းတို့ကို တင်းတင်းပိတ်လိုက်ပြီး ဘေး၌ရှိသော အံဆွဲကိုလက်ညွှန်ပြလိုက်သည်။ "ပထမ... အံဆွဲမှာ"

ယွီရှီသည် မတ်တပ်ထရပ်လိုက်ကာ အံဆွဲကိုဖွင့်ပြီး ခေတ္တငြိမ်သက်သွားသည်။ ထို့နောက် အတွင်းအင်္ကျီအသန့်တို့ကို ထုတ်ယူလိုက်သည်။

ကျုံးဝမ်ကမူ ခေါင်းအုံးကိုမှီလျက် ခုတင်ခြေရင်းရှိ ယွီရှီကို လှမ်းကြည့်နေသည်။ သူ့နှလုံးခုန်သံမှာ အနည်းငယ်မျှ ပိုမြန်လာခဲ့သည်။

ယွီရှီက... သူ့ကိုအင်္ကျီချွတ်ပေးတော့မှာလား။

ယွီရှီ ယခင်က သူ့ကိုဘယ်လောက်ပဲ ကိုယ်တိုင်ပြုစုပေးခဲ့ပါစေ၊ ထိုအချိန်များတွင် သူအသိမရှိခဲ့ပေ။ ကျုံးဝမ်ထံတွင် ထိုအကြောင်းတို့နှင့် ပတ်သတ်ပြီး မှတ်ဉာဏ်တို့မရှိ။ ယခုအချိန်တွင်မူ သူတို့နှစ်ဦးစလုံး နိုးကြားနေကြသည်။ သူယွီရှီကို အင်္ကျီလဲခွင့်ပြုပေးလိုက်လျှင်...

လွန်ခဲ့သည့်တစ်ခေါက်ကကဲ့သို့ ကိစ္စထပ်ဖြစ်ခဲ့လျှင် မည်သို့လုပ်မည်နည်း။

တစ်ဖက်တွင်လည်း ယွီရှီသည် သူ့လက်ထဲရှိ အတွင်းဝတ်အသန့်တို့ကို တင်းတင်းဆုပ်ကိုင်ထားသည်။ သူ့ထံမှထွက်နေသော ဒေါသအမျက်တို့သည်လည်း ယုတ်လျော့နည်းပါးသွားခဲ့ပြီ။

ယခုမှပင် ယွီရှီ၏အတွေးတို့မှာ စုစုစည်းစည်းဖြစ်လာသည်။ ကျုံးဝမ် သူ့ထံသို့ မလာချင်ခဲ့တာမဟုတ်ဘဲ နေမကောင်းဖြစ်နေ၍ ရုပ်ပိုင်းဆိုင်ရာအရ မလှုပ်ရှားနိုင်၍ မလာနိုင်ခြင်းဖြစ်ကြောင်း သူနားလည်လာခဲ့သည်။

သူ့မျက်ဝန်းတို့မှာ ပို၍နူးညံ့လာသည်။ သူ့လက်ထဲရှိ အင်္ကျီတို့ကိုကြည့်ကာ အိပ်မက်မှနိုးလာသော လူတစ်ယောက်သဖွယ် ရပ်တန့်နေသည်။ ဆက်လုပ်ရန်လည်းမဟုတ်၊ ရပ်လိုက်ရန်လည်းမဟုတ်။

ကျုံးဝမ်မှာ ယွီရှီ၏မျက်လုံးတို့ကိုကြည့်ရင်း သူအသိအာရုံ ပြန်ကပ်လာပြီဖြစ်ကြောင်း သိလိုက်သည်။ အနည်းငယ် နှမြောတသဖြစ်မိသော်လည်း သူကချောင်းဟန့်ပြီး ပြောလိုက်သည်။ "ရပြီ။ ငါ့ကိုပဲပေးတော့..."

ယွီရှီက မျက်မှောင်ကြုတ်နေသည်။ ကျုံးဝမ်ကိုလျစ်လျူရှုလျက် အံဆွဲကို ဝေ့ကြည့်ကာ အခြားအရာတစ်ခုကို ထုတ်လိုက်သည်။ ကျုံးဝမ်မှာ ထိုအရာကို သေချာကြည့်ခွင့်မရလိုက်။

ကျုံးဝမ်က ယွီရှီကို ရင်တုန်ပန်းတုန်ဖြင့် သူ့ထံချဉ်းကပ်လာသည်ကို ကြည့်နေမိသည်။ ခေတ္တအကြည့်ဆုံပြီးနောက်တွင် ယွီရှီက အင်္ကျီတို့ကို ခုတင်ပေါ်သို့ ပစ်တင်လိုက်သည်။ လက်ထဲတွင်မူ အခြားအရာတစ်ခုကို ကိုင်ထားသည်။ ကျုံးဝမ်ထိုအရာကိုကြည့်လိုက်သည်— ထိုအရာမှာ သူ၏ခေါင်းစည်းကြိုးများထဲမှ တစ်ခုဖြစ်နေသည်။

ကျုံးဝမ်အံ့အားသင့်သွားသည်။ ယွီရှီက သူ့ကိုခေါင်းပါဖြီးပေးမလို့လား။

ကျုံးဝမ်စကားပြောသည်အထိ မစောင့်ဘဲ ယွီရှီက လက်ကိုမြှောက်ကာ ကျုံးဝမ်၏ခေါင်းစည်းကြိုးဖြင့် သူ့မျက်လုံးများသူအုပ်လိုက်သည်။

ကျုံးဝမ်ဆွံ့အသွားရသည်။

မင်းသားငယ်ယွီသည် သူမမြင်အပ်မမြင်သင့်သည်တို့ကို မမြင်မိဖို့ တကယ်ပဲ သံဓိဋ္ဌာန်ချထားခဲ့သည်။

မျက်လုံးကို ကာလိုက်ပြီးနောက်တွင် ယွီရှီက ရှေ့သို့ခြေနှစ်လှမ်းတိုးလာပြီး ခုတင်ပေါ်တွင်ထိုင်လိုက်သည်။

ဘာကိုမှမမြင်ရတော့သော ယွီရှီ၏လှုပ်ရှားမှုတို့မှာ ပို၍နှေးကွေးသွားသည်။ ရှေ့သို့ကုန်းလာကာ စောင်ကိုဂရုတစိုက်လိုက်စမ်းနေသည်။ သူ့လက်ဖျားတို့က စောင်အစွန်းကို ထိမိသည့်အခါ သူကစောင်ကိုအောက်သို့ လျှောချလိုက်သည်။

မျက်လုံးအုပ်ထားသော ယွီရှီထံတွင် မတူညီသော ခံ့ညားမှုတို့ရှိနေသည်။ ကျုံးဝမ်၏မျက်နှာတွင် အနီရောင်ဖျော့ဖျော့က နေရာယူလာသည်။ သူကလည်ချောင်းကိုရှင်းလျက် အသံနိမ့်နိမ့်ဖြင့်မေးလိုက်သည်။ "ဆက်ခံသူ... မင်းမမြင်ရဘူးမလား။ မထိသင့်တဲ့နေရာကို ထိမိသွားမှာ မကြောက်ဘူးလား"

ထိုစကားကိုကြားပြီးနောက် ယွီရှီက ခေတ္တတန့်သွားသည်။ သူက မျက်မှောင်ကြုတ်လျက် ဟန့်လိုက်သည်။ "မင်းလျှောက်မလှုပ်ရင် ငါမထိမိဘူး"

ကျုံးဝမ်က ခေါင်းအုံးပေါ်သို့ ပြန်မှီကာ ခက်ခက်ခဲခဲဖြင့် ခေါင်းညိတ်လိုက်သည်။ "အင်းပါ"

ယွီရှီသည် လက်တစ်ဖက်ဖြင့် ကျုံးဝမ်၏ပုခုံးကို စမ်းနေသည်။ သူ့လက်ဖျားတို့မှာ ကျုံးဝမ်၏ ကော်လာတစ်လျှောက် ဆင်းလာခဲ့ပြီး ကျုံးဝမ်၏အပြင်ဝတ်ကို ချွတ်လိုက်သည်။

ယွီရှီက အပြင်ဝတ်ကို ဘေးသို့ချလိုက်ပြီး ခေါင်းကိုအနည်းငယ်စောင်းလိုက်ပုံက ကျုံးဝမ်၏ကော်လာနေရာကို မှတ်မိရန် ကြိုးစားနေဟန်ရှိသည်။

ကျုံးဝမ်သည် သူနှင့်နှစ်ချီမျှသာ ကွာဝေးသော ယွီရှီကိုငေးကြည့်ရင်း လည်စေ့တို့မှာ အထက်အောက်လှုပ်ရှားနေသည်။

(T/N - ချီက တရုတ်အတိုင်းအတာအရ 'ပေ'ပါတဲ့)

ကျုံးဝမ်မှာ နည်းနည်းလေးမှ မရွေ့ရဲပေ။ ယွီရှီမျက်လုံးကိုအုပ်လျက် သူ့ကော်လာရှိ ပထမဆုံးကြယ်သီးကို လက်တစ်ဖက်ဖြင့် ဖြုတ်နေသည်ကို သူကြည့်နေမိသည်။

ကျုံးဝမ် ဆက်သည်းမခံနိုင်တော့ဘဲ သူမျက်လုံးများကိုပါ မှိတ်ပစ်လိုက်သည်။

သိုသော် သူထိုသို့လုပ်ပြီးချိန်၌ သူ့အတွေးများမှာ ပို၍ပင်အရိုင်းဆန်လာခဲ့သည်။

ယွီရှီ၏လှုပ်ရှားမှုတို့မှာ ညင်သာလွန်းလှသည်။ ကျုံးဝမ်ကြားနေရသည်မှာ ပွတ်တိုက်သံဖွဖွနှင့် ယွီရှီ၏ တိုးညင်းညင်းအသံရှူသံတို့သာ ဖြစ်သည်... ယွီရှီ၏အနည်းငယ်အေးစက်နေသော လက်ဖျားများကိုလည်း သူခံစားနေရသည်။

ကျုံးဝမ်မှာ သက်သောင့်သက်သာမရှိလှစွာ မျက်မှောင်ကြုတ်မိသည်။ အခြားအရာတစ်ခုခုကိုတွေးရန် သူအကောင်းဆုံးကြိုးစားနေမိသည်။ အံကိုကြိတ်လျက် သူတစ်ခုခုကို စဉ်းစားမိသွားသည်။ သူ့နှုတ်မှထွက်လာသည်မှာ "မင်းအဲ့တုန်းကလည်း ငါ့အင်္ကျီတွေကို ဒီလိုပဲ လဲပေးခဲ့တာလား"

ယွီရှီတောင့်ခနဲဖြစ်သွားသည်ကို ကျုံးဝမ်ခံစားလိုက်ရသည်။

ကျုံးဝမ်မှာ မယုံနိုင်ဖြစ်နေသည်။ "လဝက်လောက်ဆက်တိုက်ပဲ။ မင်း... မင်းမှာကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းတော်တော်များတာပဲ"

ယွီရှီကပြန်မဖြေ။ ကျုံးဝမ်၏ချွေးစိုနေသော အဝတ်တို့ကိုဘေးသို့ပို့ကာ ကျုံးဝမ်ကို စောင်ခြုံပေးလိုက်သည်။ ပြီးနောက် အင်္ကျီအသစ်များကိုယူကာ စောင်ထဲသို့လက်နှစ်ဘက်လုံး ထည့်လိုက်သည်။

သူလုပ်နေကိုင်နေပုံများမှာ တော်တော်လေးကျင့်သားရနေပုံပေါ်သည်။

ကျုံးဝမ်နှုတ်ခမ်းတို့ကို ဖိပိတ်ထားမိသည်။ မျက်လုံးများကိုလည်း မှိတ်ထားလိုက်ပြီး တီးတိုးပြောလိုက်သည်။ "အဲ့တုန်းက... ငါငြိမ်ငြိမ်လေးနေခဲ့လား"

ယွီရှီက ထပ်မံ၍တိတ်ဆိတ်နေပြန်သည်။

ကျုံးဝမ်သည် ယွီရှီကိုလျစ်လျူရှုရန် အတတ်နိုင်ဆုံးကြိုးစားကာ စကားစရန် လမ်းကြောင်းရှာနေသည်။ ထပ်မံ၍ ထစ်ထစ်အအဖြင့်ပြောသည်။ "ဒါဆို မင်းငါ့ကိုချွေးသုတ်ပေးတဲ့အချိန်မှာ..."

ယွီရှီက စိတ်မရှည်တော့ဘဲ သူ့နားသို့ကပ်ပြောလိုက်သည်ကို ကျုံးဝမ်ကြားလိုက်ရသည်။ "ပါးစပ်ပိတ်ထား"

ကျုံးဝမ်ပါးစပ်ပိတ်လိုက်သည်။

တစ်ခဏတွင် သူစိတ်လိုက်မာန်ပါ လုပ်ချင်မိသည်။ သူ တမင်တကာ လျှောက်လှုပ်သင့်လား။ အဲ့လိုဆို ယွီရှီကို သူမထိသင့်တဲ့နေရာကို ထိခိုင်းလိုက်နိုင်မယ်...

ထားလိုက်ပါတော့။

ယွီရှီ သူ့ကိုနုတ်နုတ်စင်းပစ်နိုင်တယ်။

ခဏအကြာတွင် ယွီရှီက ကျုံးဝမ်၏အတွင်းအင်္ကျီတို့ကို လဲပေးပြီးသွားလေပြီ။ သူမတ်တပ်ထရပ်ကာ ဘေးရှိခုံတစ်ခုံတွင် ဝင်ထိုင်လိုက်သည်။ ထို့နောက်တွင် သူ့မျက်လုံးကိုအုပ်ထားသော ခေါင်းစည်းကြိုးကိုဖြည်လိုက်ပြီး အသက်ပြင်းပြင်းရှူထုတ်လိုက်သည်။

ကျုံးဝမ်က ဘာမှမခံစားချင်ယောင်ဆောင်နေသည်။ "ကျေး-ကျေးဇူးပဲ"

မှုန်ကုပ်ကုပ်ဖြင့် ယွီရှီကပြောသည်။ "မလိုဘူး။ ငါသွားတော့မယ်"

ကျုံးဝမ် စိတ်ရှုပ်သွားသည်။ ဒီအတိုင်းသွားတော့မှာလား။

သူက ကြောင်အမ်းနေဆဲဖြစ်သော်လည်း ပြောဖို့ရန်မမေ့။ "စားပွဲပေါ်က အစာသွပ်မုန့်တွေ ယူသွားဦး"

ယွီရှီကတန့်သွားသည်။ သူနားလည်မှုလွဲသွားသည်ဟု ကျုံးဝမ်ကတွေးမိသဖြင့် လျင်မြန်စွာပြောလိုက်သည်။ "မင်းအရင်တစ်ခေါက်က ပြန်ပို့လိုက်တဲ့ဟာတွေ မဟုတ်ဘူး။ ငါ စုန်ရှင်းကို အသစ်လုပ်ခိုင်းထားတာ။ မုန့်တွေက... မုန့်တွေက နွေးနေလောက်သေးတယ်"

ယွီရှီ၏မျက်ဆံတို့ တုန်လှုပ်သွားရသည်။ သူကမုန့်ဘူးကိုကိုင်ကာ ပြန်ထွက်သွားတော့သည်။

အရာအားလုံး ဖြစ်ပျက်ပြီးသွားချိန်တွင် ကျုံးဝမ်မှာ ယွီရှီအဘယ်ကြောင့် ဤနေရာသို့လာသည်ဆိုသည်ကို နားမလည်နိုင်သေး။ ယွီရှီ၏နှလုံးသားမှာ သမုဒ္ဒရာကြမ်းပြင်ပေါ်မှ အပ်သဖွယ်ပင် နားလည်ရခက်လွန်းသည်။

ကျုံးဝမ်၏အဖျားမှာ နဂိုကတည်းကပင် နာလန်ထစအချိန်သို့ ရောက်နေလေပြီ။ ယွီရှီလာသည့်နေ့တွင် သူချွေးနှစ်ခါ ထွက်ခဲ့ရသောကြောင့် အဖျားမှာ အရှင်းပျောက်သွားရသည်။ နောက်တစ်နေ့တွင် သူလုံးဝကိုပြန်ကောင်းနေလေပြီ။

ကျန်းမာရေးပြန်ကောင်းပြီးနောက် ကျုံးဝမ်မှာ ရွှမ်ချုံထံတွင်ရှိနေသေးသော သွေးခုန်နှုန်းမှတ်တမ်းကို စတင်စိတ်ပူလာလေသည်။

သွေးခုန်နှုန်းမှတ်တမ်း၌ ထိုက်ယွီမင်းကြီး၏ လေးဆယ့်ခုနစ်နှစ်မြောက် ခြောက်လပိုင်းတွင် မင်းသမီးကြီးအန်းကော ကိုယ်ဝန်စရှိကြောင်းကို အသေးစိတ်မှတ်တမ်းတင်ထားသည်။

ရွှမ်ချုံ တော်ဝင်သင်္ချိုင်းအစေခံတို့ကို ဖွက်ထားသည့်ကိစ္စကို ဖော်ထုတ်လိုက်ရန်မခက်ခဲ။ အဆုံးတွင်မတော့ ထိုလူတို့မှာ အသက်ရှူနေသာ သက်ရှိလူသားများဖြစ်ကြသည်။ ရွှမ်ချုံအနေနှင့် ဘာကိုမှငြင်းဆိုနိုင်မည်မဟုတ်။ သွေးခုန်နှုန်းမှတ်တမ်းကတော့မတူ။ မည်သည့်နေရာတွင်မဆို ဖွက်ထားနိုင်သည်။ ရွှမ်ချုံ ဝန်မခံသရွေ့ မည်သူကမှ သူ့ကိုစွပ်စွဲ၍ ရနိုင်မည်မဟုတ်။ တူညီသောအစီအစဉ်မှာ နှစ်ခါအလုပ်မဖြစ်။

ရက်နည်းနည်းကြာပြီးနောက် ကျုံးဝမ်မှာ ပုရောဟိတ်ကြီးရှီ ချန်ထားခဲ့သော လူများအနက်မှ တစ်ဦးနှင့်တွေ့ခဲ့သည်။ ယခင်မင်းကြီး၏ မိန့်ခွန်းတော်မှတ် ထန်မင်။

ထန်မင်သည်လည်း တစ်ခါက ပုရောဟိတ်ရှီ၏ တပည့်ဖြစ်ခဲ့ဖူးသည်။ ထုံးစံအရဆိုလျှင် ကျုံးဝမ်၏ဆရာတူအစ်ကို ဖြစ်သည်။ တစ်ခုရှိသည်က ထန်မင်အနားယူခဲ့သည်မှာ နှစ်များစွာကြာခဲ့လေပြီ။ ထို့ကြောင့် ကျုံးဝမ်မှာ သူ့ထံတွင်ထိုသိုသော ဆရာတူအစ်ကိုမျိုး ရှိကြောင်းကို လုံးဝမသိခဲ့။

စုံစမ်းပြီးနောက်တွင် ထန်မင်မှာ ယခင်မင်းကြီး၏ မိန့်ခွန်းတော်မှတ်အဖြစ် ဆယ့်နှစ်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ကြောင်းကို သိလိုက်ရသည်။ မင်းကြီးနန်းတက်ပြီးနောက်တွင် ထန်မင်မှာ တာဝန်မှနုတ်ထွက်ကာ မြင်ကွင်းမှပျောက်သွားခဲ့သည်။

ထန်မင်ထံတွင် ဇနီးနှင့်သားသမီးမရှိ။ သူသည် မည်သူနှင့်မှလည်း အဆက်အဆံမလုပ်။ သူ့ကိုရှာရသည်မှာ ကျုံးဝမ်အတွက် တော်တော်အလုပ်ရှုပ်ခဲ့သည်။ နောက်ဆုံးတွင်မူ ထန်မင်မှာ မြို့အစွန်အဖျားရှိ အိမ်ကြီးအိမ်ကောင်းတစ်လုံးတွင် လောလောဆယ် နေထိုင်နေကြောင်းကို ရှာဖွေသိခဲ့ရသည်။

ကျုံးဝမ်အချိန်ဆွဲမနေရဲပေ။ ထိုနေ့မှာပင် သူမြို့တော်မှ ထွက်လာခဲ့သည်။ ထိုနေရာသို့ရောက်ရန် နေ့ဝက်ခန့် အချိန်ပေးလိုက်ရသည်။

နေ့စဉ်ရက်ဆက်ဆိုသလို ကျုံးဝမ်မှာ တံခါးပိတ်ထားသည်နှင့်သာ ကြုံခဲ့ရသည်။ သူထပ်မံ၍ အပြင်တွင်သာစောင့်နေရလိမ့်မည်ဟု တွေးထင်မိခဲ့သည်။ မထင်မှတ်ထားဘဲ ယခုအခေါက်တွင် သူ့နာမည်ကို ပြောလိုက်သည်နှင့် ထန်မင်၏အိမ်တော်အတွင်းသို့ ယဉ်ကျေးပျူငှာစွာ ဖိတ်ခေါ်ခံလိုက်ရသည်။

ထန်မင်မှာ ကျုံးဝမ်တွေးထင်ထားခဲ့သလို ဆက်ဆံရေးကျဲကာ လူ့ဂွစာအကျင့်မျိုးမရှိပေ။ ထိုအစား သူကခြိုးခြံရောင့်ရဲကာ တစ်ကိုယ်တည်းနေလိုဟန်ရှိသည်။ သူသည် အသက်ခြောက်ဆယ်ကျော်ပြီ ဖြစ်သော်လည်း တက်ကြွနိုးကြားလှသည်။ ကျုံးဝမ်ကို မြင်တွေ့လိုက်ရချိန်တွင် သူကအပြုံးဖြင့်ပြောသည်။ "မင်းက ကွေ့ယွမ်ဖြစ်ရမယ်"

ကျုံးဝမ်က ခပ်သွက်သွက်ပဲ ဟုတ်မှန်ကြောင်း ပြောလိုက်သည်။ သူသည် သူ့ကိုယ်သူ ဤလူ၏ဆရာတူညီလေးဖြစ်ကြောင်းကို မတွေးဝံ့ပေ။ ထို့ကြောင့် ဒူးထောက်ကာ အငယ်တစ်ယောက်၏ နှုတ်ဆက်နည်းအတိုင်း ဂါဝရပြုလိုက်သည်။ ထန်မင်က ကျုံးဝမ်ကို ကူထူပေးလျက် ပြုံးပြုံးရွှင်ရွှင်ဖြင့် အထဲသို့ ခေါ်သွားတော့သည်။

"ဆရာက မင်းအကြောင်းတွေကို ပြောဖူးတယ်။ ငါမင်းကို သိချင်နေတာတော့ကြာပြီ။ ဒါပေမဲ့ ငါ ခဏခဏလူလုံးပြလို့ မကောင်းဘူး" ထန်မင်က ကျုံးဝမ်အတွက် လက်ဖက်ရည်တစ်ခွက်ကို ကိုယ်တိုင်ငှဲ့ပေးလေသည်။ "ကျေးဇူးပြုပြီး"

ကျုံးဝမ်က တင်ပျဉ်ခွေထိုင်လိုက်ပြီး သူတို့နှစ်ဦးမှာ အလ္လာပသလ္လာပ စကားများပြောကြတော့သည်။

ထန်မင်က ညင်သာစွာပြောသည်။ "မင်းဒီကိုလာတယ်ဆိုတော့ ငါ့ကိုမေးစရာတစ်ခုခုတော့ရှိရမယ်"

ဤလူမှာ သူ၏ဆရာတူအစ်ကိုဖြစ်သည့်တိုင်၊ ပုရောဟိတ်ရှီ ချန်ခဲ့သောလူဖြစ်သည့်တိုင် ကျုံးဝမ်မှာ သူ့ကိုပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။ ကျုံးဝမ်သည် တစ်ဖက်လူကို အလုံးစုံမယုံရဲပေ။ အနည်းငယ်တွေးပြီးနောက်တွင် သူကသိပ်အရေးမကြီးသော မေးခွန်းကိုသာ မေးလိုက်သည်။ "ကျွန်တော် ဆရာတူအစ်ကိုကို မေးချင်ပါတယ်။ မင်းသမီးကြီးအန်းကောက ဆက်ဆံရအဆင်ပြေလား"

ထန်မင်ကနားမလည်ပေ။ "ဘာလို့မေးတာလဲ"

"အမှန်အတိုင်းပြောရရင်" ကျုံးဝမ်ကစပြောသည်။ "ကျွန်တော် ကိုယ့်ဘာကိုယ် ဖြေရှင်းလို့မရနိုင်တဲ့ ကိစ္စတစ်ခုကို ကြုံနေရတယ်။ မင်းသမီးကြီးအန်းကောရဲ့ လက်ကိုငှားချင်လို့ပါ"

ထန်မင်က ခေတ္တတိတ်ဆိတ်နေသည်။ သူကပြုံးသည်။ "သူဆက်ဆံရ အဆင်ပြေတယ်၊ အဆင်မပြေဘူးဆိုတာက အခြေအနေပေါ်မှာ မူတည်တယ်"

ထန်မင်က ကျုံးဝမ်ချီတုံချတုံဖြစ်နေသည်ကို သတိထားမိပုံပေါ်သည်။ သူက ဖြည်းဖြည်းချင်းပြောသည်။ "မင်းသမီးကြီးက မင်းကြီးရဲ့ညီမတော်ဖြစ်ပြီးတော့ မင်းကြီးရဲ့တစ်ဦးတည်းသော မောင်နှမပဲ။ သူ့ခင်ပွန်းသည်က မင်းသားယွီ။ အရင်မင်းကြီးအုပ်စိုးတဲ့အချိန်က ရှိနေခဲ့တဲ့လူတွေကို ထည့်တွက်ရင်တောင် သူ့လို ဂုဏ်သိက္ခာရှိပြီး အာဏာကြီးတဲ့မင်းသမီး မရှိတော့ဘူး။ အဲ့လိုလူကို လွယ်လွယ်နဲ့ အရူးလုပ်လို့မရဘူး..."

ထန်မင်၏အသံမှာ အနည်းငယ်တိုးသွားသည်။ သူပြုံးလိုက်သည်။ "သူက အခုမင်းကြီးကို ကူညီပြီးတော့ တော်ဝင်မင်းသားတစ်ပါးကို ပြုစုစောင့်ရှောက်ပေးနေတယ် ဆိုတာတော့ မပြောနဲ့ဦး"

ကျုံးဝမ်၏မျက်နှာမှာ ချက်ချင်းပြောင်းလဲသွားသည်။

ထန်မင်က ကျုံးဝမ်ကို နှစ်သိမ့်လိုသည့်သဘောဖြင့် ကြည့်သည်။ သူကကြင်ကြင်နာနာဖြင့်သာ စကားဆိုသည်။ "လန့်သွားစရာမလိုပါဘူး၊ ဆရာတူညီလေး။ ဆရာက သူမဆုံးပါးသွားခင် မင်းကို ဂရုစိုက်ပေးဖို့ ငါ့ကိုမှာသွားမှတော့ ငါမင်းကိုဘာမှထိန်ချန်ထားမှာ မဟုတ်ဘူး။ တချို့ကိစ္စတွေက... ငါမိန့်ခွန်းတော်မှတ်တာဝန် ထမ်းခဲ့တုန်းကတည်းက သိခဲ့တာ။ တခြားကိစ္စတွေကတော့ ဆရာမဆုံးခင် ငါ့ကိုပြောခဲ့တာ။ မင်းအခု သိချင်တာရှိရင် ငါ့မှာ အဖြေရှိနေသရွေ့ ငါမင်းကို ပြောပြမယ်"

ကျုံးဝမ်သည် ယခင်က အသိအကျွမ်းများထံ ရက်အတန်ကြာ သွားရောက်ခဲ့သည့်တိုင် ဤကဲ့သို့ ပွင့်လင်းလှသည့်လူမျိုးကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။ သူမည်ကဲ့သို့တုံ့ပြန်ရမည်ကို ယာယီအားဖြင့်မသိတော့။ သူကမေးခွန်းသာမေးလိုက်သည်။ "ဆ-ဆရာတူအစ်ကို အခုပြောလိုက်တာ မင်းသမီးကြီးက တော်ဝင်မင်းသားတစ်ပါးကို စောင့်ရှောက်ပေးနေတယ်ဆိုတာ။ ဒီကိစ္စနဲ့ပတ်သတ်ပြီး... အသေးစိတ်ပြောပြပေးလို့ရမလား"

ထန်မင်က ကျုံးဝမ်ကို ကြာမြင့်စွာ သေချာစိုက်ကြည့်နေသည်။ ထိုစကားလုံးများမှာ ပြောဖို့ပင်မလို။ မင်းငါ့ကိုမယုံဘူး။

ကျုံးဝမ်မှာ မသိချင်ဟန်ဆောင်နေသည်။ ဤကိစ္စသည် ယွီရှီနှင့် သက်ဆိုင်နေသည်။ သူသတိကြီးကြီးမထားပဲ မနေနိုင်။

ထန်မင်က တုံဏှိဘာဝေပင်။ လက်ဖက်ရည်တည်နေရင်း သူကပြောသည်။ "ဒီအကြောင်းက အရင်မင်းကြီးလက်ထက်တုန်းက စခဲ့တာ"

"အဲ့အချိန်က မင်းကြီးက မင်းသားအဆင့်ပဲ ရှိသေးတာ။ သူ့သားအကြီးဆုံးနဲ့ ဒုတိယမြောက်သားက တစ်ယောက်ပြီးတစ်ယောက် ဆုံးသွားတယ်။ သူခက်ခက်ခဲခဲ ကယ်ထားရတဲ့ တတိယသားကလည်း လေတိုက်ရင် ယိုင်လဲလောက်တဲ့အထိ အားနည်းတယ်။ တော်ဝင်သမားတော်တိုင်းက သူ့ကိုအသက်ရှည်မှာမဟုတ်ဘူးလို့ ပြောကြတယ်။ အဲ့အချိန်က အရင်မင်းကြီးက အခုမင်းကြီးကို အရမ်းစိတ်ပူခဲ့တယ်။ သူ့မှာ သားတော်တွေ၊ မြေးတော်တွေရဖို့ ကံကြမ္မာမပါလာဘူးဆိုပြီး။ အရင်မင်းကြီး အချိန်ကြာတဲ့အထိ အိမ်ရှေ့စံနေရာကို မကြေညာဘူးဆိုတာ ဒီကိစ္စကြောင့်ပဲ"

ကျုံးဝမ်တောင့်ခဲသွားသည်။ သူသည် ဤအကြောင်းကို ပထမဆုံးအကြိမ် ကြားဖူးခြင်းသာဖြစ်သည်။

"အဲ့အချိန်က မင်းကြီးက သုံးဆယ့်လေးနှစ်တောင် ရှိနေပြီ။ သူ့မှာ သားဆိုလို့ မကျန်းမာတဲ့သားတစ်ယောက်ပဲ ရှိတယ်။ အရင်မင်းကြီးက သူ့သားကိုစိတ်ပူပြီးတော့ အခုမင်းကြီးကလည်း သူ့အတွက်သူ စိတ်ပူခဲ့တယ်။ အဲ့ကလေးက..." ထန်မင်ကစကားရပ်လိုက်ပြီး ဆက်ပြောသည်။ "အဲ့အချိန်မှာ ရလာတာ"

"ကလေးရဲ့မွေးအမေက ဘယ်သူဆိုတာကို ငါမသိဘူး။ ငါထင်တာတော့... သူက တစ်ခုခု ထူးခြားချက်တော့ရှိရမယ်" ထန်မင်က ကျုံးဝမ်ကို မျက်လွှာပင့်ကြည့်သည်။ "သူဘယ်သူလဲမင်းသိလား"

ကျုံးဝမ်က ခေါင်းခါသည်။ "မသိဘူး။ တကယ်မသိပါဘူး။ ကျွန်တော် မပြောချင်လို့ ငြင်းတာမဟုတ်ပါဘူး"

ထန်မင်ကပြုံးသည်။ "ဘာဖြစ်ဖြစ်။ ဆရာတူညီလေး၊ ငါပြောတာအရင်နားထောင်... တွေးကြည့်စမ်း၊ ဆရာတူညီလေး။ တခြားအကြောင်းတွေထားတော့ မင်းသာမင်းကြီးနေရာမှာဆိုရင် အသက်ကလည်း သုံးဆယ်ကျော်နေပြီ သားလေးဖြစ်နိုင်တဲ့ ကလေးလည်းရလာပြီဆို မင်းမွေးခိုင်းမှာလား"

ကျုံးဝမ်က မျက်မှောင်ကြုတ်လျက် ခေါင်းညိတ်သည်။

"ဒါပေမဲ့ ဘယ်လိုလဲ" ရေနွေးက ပွက်ပွက်ဆူလာသည်။ ထန်မင်က မီးငြိမ်းလိုက်သည်။ "ကလေးအမေကို လူမြင်ခံလို့မရမှတော့ ကလေးအမေနေရာယူပေးမဲ့ တစ်ယောက်ယောက်ကို ရှာရတော့မယ်မလား။ မင်းကြီးက ဘယ်သူ့ကိုမှ မယုံခဲ့ဘူး။ ဒါကြောင့်မို့... သူက သူ့ရဲ့ညီမရင်းကို တွေးမိသွားတယ်"

ကျုံးဝမ်က အသံကိုတိုးလျက်မေးသည်။ "ဒါကကျွန်တော်နားမလည်တဲ့ အပိုင်းပဲ။ မင်းကြီးက ကလေးကိုအရေးကြီးတယ်လို့မြင်ရင်၊ ကလေးအမေကိုတောင် လူမြင်မခံနိုင်ရင် ကလေးကို တခြားကိုယ်လုပ်တော်ကို မွေးဖို့ပေးလိုက်လို့ရတာပဲ။ ဘာလို့..."

"အဖြေက နှစ်မျိုးရှိတယ်" ထန်မင်က ဖြည်းဖြည်းပြောသည်။ "အရင်ဆုံး အဲ့အချိန်က ကောလာဟလတွေမှာ ဒုတိယမင်းသား... တစ်နည်း အခုမင်းကြီးက သူ့ကလေးတွေကို အသက်ရှင်အောင်မွေးလို့မရဘူးလို့ ပြောကြတယ်။ မင်းကြီးကလည်း ယုံခဲ့ဟန်တူပါတယ်။ ဒါကြောင့်မို့ ကလေးကို သူ့နာမည်အောက်မှာမမွေးရဲဘူး။ ပုံမှန်ဆိုရင်တော့ ဒီသဘာဝလွန် အကြောင်းပြချက်ကြီးက မယုံနိုင်စရာပေါ့။ အရေးအကြီးဆုံးက..."

ထန်မင်က ကျုံးဝမ်ကို လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်သည်။ သူကဆက်ပြောသည်။ "မင်းကြီးက ထီးနန်းအတွက် ပြိုင်ဆိုင်လိုစိတ်ရှိနေပြီးသား။ မင်းကြီးက ခြေတစ်လှမ်းလှမ်းရင် ခြေသုံးလှမ်းကြိုကြည့်တတ်တဲ့လူမျိုး။ ဒီလိုအကွက်မျိုးနဲ့ သူကသူ့အနာဂတ်အတွက် ပြင်ဆင်နေတာ"

ကျုံးဝမ်က လက်ဖက်ရည်ခွက်ကို လက်ခံလိုက်သည်။ မျက်မှောင်ကြုတ်လျက် သူကမေးသည်။ "အဲ့အချိန်မှာ မင်းသမီးကြီးအန်းကောက မင်းသားယွီနဲ့ လက်ထပ်ပြီးသွားပြီလေ။ မင်းသားယွီအိမ်တော်က သူ့ကိုထောက်ပံ့ပေးမှာပဲ။ တခြားဘာစီစဉ်စရာလိုလို့လဲ"

"မဟုတ်ဘူး။ အဲ့အချိန်က မင်းကြီးက အိမ်ရှေ့စံမဟုတ်သေးပေမဲ့ သူဖြစ်လာမှာဆိုပြီး ယုံကြည်နေခဲ့တယ်။ သူ့အစီအစဉ်က မင်းသားယွီအိမ်တော်ရဲ့ အထောက်အပံ့ကိုရဖို့ မဟုတ်တော့ဘူး။ အဲ့အစား..." ထန်မင်ကအသံကိုနှိမ့်လိုက်သည်။ "ဒီမျိုးရိုးမတူတဲ့ မင်းသားရဲ့ရာထူးကို ဘယ်လိုပြန်ယူရမလဲဆိုတာပဲ"

ထန်မင်က သူ့လက်များကို ဆန့်ထုတ်လိုက်သည်။ "ဆရာတူညီလေးက အရင်ကနဲ့အခုအကြောင်း ရေးထားတဲ့စာတွေနဲ့ပတ်သတ်ပြီး နှံနှံစပ်စပ်ရှိတာပဲ။ မတူညီတဲ့မျိုးရိုးနဲ့ မင်းသားတွေဆိုတာ တိုင်းပြည်မငြိမ်သက်တဲ့အချိန်နဲ့ တော်ဝင်မိသားစုမှာ အင်အားအလုံအလောက်မရှိတဲ့ အချိန်မှာပဲ အဆင့်အတန်း သတ်မှတ်ပေးတယ်ဆိုတာ သိမှာပေါ့။ မင်းကြီးက ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ပြီဆိုတာနဲ့ အဲ့လိုကြီးကြီးမားမား အောင်မြင်ထားတဲ့သူတွေကို သတ်ပစ်ဖို့က အရင်ဆုံးလုပ်မှာပဲ မဟုတ်ဘူးလား။ ဒီလိုရာထူးမျိုးကို ကြာကြာထိန်းသိမ်းထားနိုင်ဖို့က အရင်မင်းသားယွီနဲ့ အခုမင်းသားယွီ နှစ်ယောက်စလုံးက ထက်မြက်လို့ပဲ။ ဒီလိုအလုပ်က တော်တော်လေးကို ခက်ခဲတယ်"

ကျုံးဝမ်၏မျက်လုံးထဲတွင် အမှောင်ရိပ်တချို့ ဖြတ်သန်းသွားသည်။ သူအံကြိတ်လိုက်သည်။ "မင်းသားယွီက လူအမဟုတ်ဘူး။ သူ..."

"မင်းသားယွီက သေချာပေါက် မအဘူး။ ဒါပေမဲ့ သူက မင်းသမီးကြီးကို လွန်ခဲ့တဲ့နှစ်တွေထဲက လက်ထပ်ပြီးသွားပြီ။ သူ့ရဲ့ အာဏာနဲ့ ကြွယ်ဝမှုတွေက ဒီဒုတိယမင်းသား... မဟုတ်ဘူး ငါပြောချင်တာ အခုမင်းကြီးအပေါ်မှာ မူတည်နေတာ ကြာခဲ့ပြီ။ ဒီအချိန်ရောက်မှတော့ သူနောက်ပြန်ဆုတ်လို့မရတော့ဘူး" ထန်မင်ကပြုံးသည်။ "ဒါကမင်းကြီးဆိုတာပဲ"

ထန်မင်ကဆက်ပြောသည်။ "ပုံမှန်ဆို မင်းကြီးရဲ့အပြုအမူတွေက ညင်းပျောင်းတယ်။ သူက အဲ့နှစ်မှာပဲ မင်းသားယွီကို ကိုယ်လုပ်တော်နှစ်ယောက် ချီးမြှင့်ခဲ့တယ်"

ကျုံးဝမ်သည် လွန်ခဲ့သည့်နှစ်များအတွင်း သူချုံအန်းမင်းကြီးနှင့် ပြောဆိုဆက်ဆံခဲ့သည့် အကြိမ်တိုင်းကို ပြန်လည်တွေးတောမိကာ ချွေးစေးများပြန်လာသည်။

ကျုံးဝမ်က အသံကိုနှိမ့်ပြောလိုက်သည်။ "မင်းကြီးရဲ့လှည့်စားတာခံရမှတော့ မင်းသားယွီ အမုန်းမပွားနိုင်ဘူးဆိုတာ ပြောလို့မရဘူး။ ဒီနှစ်တွေမှာ... သူ အစီအစဉ်တောင် ဆွဲပြီးလောက်ပြီ"

"ဟုတ်တာပေါ့" ထန်မင်က ခေါင်းညိတ်သည်။ "ဒါပေမဲ့ သူတို့က တစ်ယောက်နဲ့တစ်ယောက် အဆင်ပြေကြသလို ဟန်ဆောင်နေဦးမှာပဲ။ နေသရွေ့..."

ကျုံးဝမ်က အံကြိတ်လိုက်သည်။ "သူတို့နှစ်ယောက်စလုံးကို ထိန်းညှိပေးထားတဲ့ ယွီရှီ အသက်ရှင်နေသရွေ့ပေါ့"

ထန်မင်က ကျုံးဝမ်၏မျက်နှာရှိ ခံစားချက်တို့ကို အကဲခတ်လိုက်သည်။ ခေတ္တတိတ်ဆိတ်နေပြီနောက် သူကခပ်ဟဟရယ်သည်။ "ဆရာတူညီလေးကအခု... ငါဆက်မပြောဝံ့တော့ဘူး"

ကျုံးဝမ်က သူ့ခံစားချက်တို့ကို ထိန်းလိုက်သည်။ သူ့ခေါင်းကိုငုံ့လျက် သူကပြောသည်။ "ဆရာတူအစ်ကို ဆက်ပြောပါ"

"ဆရာတူညီလေးက မင်းသမီးကြီးအန်းကောနဲ့ ပတ်သတ်ပြီးမေးတာဆိုတော့ မင်းသမီးကြီးအကြောင်းကိုပဲ ငါပြောမယ်" ထန်မင်က လေးဖင့်စွာပြောသည်။ "မင်းအရင်ကအကြောင်းတွေ သိပြီးပြီဆိုတော့ မင်းသမီးကြီးအန်းကောရဲ့ အခြေအနေက လှည့်ကွက်များတယ်ဆိုတာကို သေချာပေါက်နားလည်ရမယ်။ ဒါပေမဲ့ မင်းသမီးကြီးက တော်ဝင်မျိုးနွယ်မှာ မွေးဖွားလာလို့ 'အဖေ'နဲ့ 'အစ်ကို'က အရေးအကြီးဆုံးဆိုတာကို စောစောထဲက သဘောပေါက်ခဲ့တယ်။ သူ့ဘဝတစ်လျှောက်လုံးမှာ ထီးနန်းကိုပဲ ဦးစားပေးဖို့လိုအပ်တယ်။ အဲ့တော့ မင်းကြီးက သူ့ကို ကလေးမွေးစားဖို့ပြောတော့ မင်းသမီးကြီးက တော်တော်လေးကို မလိုလားခဲ့ဘူး။ ဒါပေမဲ့ သူလက်ခံခဲ့တယ်။ ဘာပဲပြောပြော... အဲ့အချိန်က သူကသူ့ကလေးကို ဆုံးရှုံးထားတဲ့အချိန်ကိုး။ ပြီးတော့လည်း သူကိုယ်ဝန်ထပ်မဆောင်နိုင်တော့ဘူးလို့လည်း တော်ဝင်သမားတော်တွေက ပြောထားသေးတယ်"

ကျုံးဝမ်က ညင်သာစွာပြောသည်။ "ကျွန်တော် ငယ်ငယ်က ယွီရှီနဲ့ နှစ်ဝက်ကြာတဲ့အထိ အချိန်ကုန်ခဲ့ဖူးတယ်။ ကျွန်တော်ပြောနိုင်တာက... မင်းသမီးကြီးအန်းကောက သူ့ကိုတုန်နေအောင်ချစ်တာဆိုတာပဲ"

"တုန်နေအောင်ချစ်တာလား" ထန်မင်ကခေါင်းကိုရမ်းလျက် ပြုံးလိုက်သည်။ "အဲ့အချိန်က ငါ ရာထူးကနေနုတ်ထွက်ပြီး နှစ်တွေတောင် ကြာနေပြီ။ အသေးစိတ်တော့မပြောရဲပေမဲ့ ဆရာက ငါ့ကိုတစ်ခုပြောခဲ့တယ်။ ဆရာတူညီလေး ကြားချင်ရဲ့လား"

ကျုံးဝမ်ကပြောသည်။ "ဒါပေါ့။ ဆရာတူအစ်ကို၊ ကျေးဇူးပြုပြီး ဆက်ပြောပါ"

ထန်မင်ကပြောသည်။ "ကောလာဟလတွေအရ မင်းသားငယ်ယွီရဲ့စိတ်တွေက လွန်ခဲတဲ့ခြောက်နှစ်က ရုတ်တရက်ပြောင်းသွားတယ်။ ဘာလို့လဲဆိုတာ ဆရာတူညီလေးသိရဲ့လား"

ကျုံးဝမ်က ခေါင်းခါသည်။ "ကျွန်တော်မသေချာဘူး။ အဲ့တုန်းက ကျွန်တော်က ချန်အန်းကို သွားနေပြီ။ သူ့အကြောင်းကိုသူ သိသွားလို့လို့ပဲ ကျွန်တော် ခန့်မှန်းနိုင်တယ်"

ထန်မင်ကမေးသည်။ "သူဘာလို့သိသွားရတာလဲ"

ကျုံးဝမ် တောင့်ခနဲ့ဖြစ်သွားရသည်။ "ဒါက... သူစုံစမ်းခဲ့တာလို့ ကျွန်တော်ယုံကြည်တယ်"

ထန်မင်ကထပ်မေးသည်။ "ဒါဆို မင်းသားငယ်ယွီက ဘာလို့ ရုတ်တရက်ကြီးစုံစမ်းဖို့ ဆုံးဖြတ်လိုက်တာလဲ"

ကျုံးဝမ်ထံတွင် အဖြေမရှိ။

ထန်မင်ကသက်ပြင်းချလိုက်သည်။ "ဒါက ဆရာငါ့ကိုပြောခဲ့တာပဲ။ ဆရာပြောတာတော့ တစ်နေ့မှာ မင်းသမီးကြီးက ရုတ်တရက် မင်းသားငယ်ယွီကို ရက်နည်းနည်းကြာအောင် အတွေ့မခံခဲ့ဘူးတဲ့။ နောက်ပိုင်းကျတော့ သူဆန္ဒမပါဘဲ တွေ့လိုက်ရတဲ့အခါ... သဘောထားကွဲလွဲပြီးတော့ မင်းသားငယ်ယွီရဲ့မျက်နှာကို ရိုက်လိုက်တယ်။ သူ့ကို ခန်းမကြီးထဲမှာ နေ့စဉ်ရက်ဆက် ဒူးထောက်နေဖို့တောင် အပြစ်ပေးလိုက်သေးတယ်"

ကျုံးဝမ်မှာ ပြောစရာစကားမရှိဖြစ်ကာ မယုံကြည်နိုင်ဖြစ်နေသည်။ "မင်းသမီးကြီးက ယွီရှီကို အပြစ်ပေးတယ်လား။ ဘာလို့လဲ"

ထန်မင်က သက်ပြင်းချပြန်သည်။ "ဘာလို့လဲဆိုတော့ မင်းသမီးကြီး ပျက်ကျသွားတဲ့ကလေးက သူကျန်းမာရေး မကောင်းလို့မဟုတ်ဘူးဆိုပြီး တစ်ယောက်ယောက်က မင်းသမီးကြီးကို ပြောလိုက်လို့ပဲ။ အဲ့အစား မင်းသမီးကြီး ကိုယ်ဝန်ပျက်ကျအောင် မင်းကြီးက ဇာတ်လမ်းဆင်ထားတာတဲ့"

ကျုံးဝမ်က လက်ဗလာဖြင့် လက်ထဲတွင် ကိုင်ထားသော လက်ဖက်ရည်ခွက်ကို ကွဲသွားအောင် ဖျစ်ညှစ်လိုက်သည်။

ကြွေစသည် သူ့လက်ကို ထိုးရှသွားသည်။ ကျုံးဝမ်မျက်လုံးများကို မှိတ်ထားမိသည်။ သွေးများမှာ သူ့လက်ဖဝါးရှိ လက္ခဏာကြောင်းများအတိုင်း စီးကျနေသည်။

ကျစ်ရုန်...

ထန်မင်က အလွန်ထိတ်လန့်သွားရသည်။ သူက ကျုံးဝမ်၏လက်ကို ပတ်တီးစီးပေးဖို့ လျင်လျင်မြန်မြန် ကူညီပေးရန်လုပ်သော်လည်း ကျုံးဝမ်ကမူ အံကိုသာ တင်းတင်းကြိတ်ထားခဲ့သည်။ ခဏအကြာတွင် သူကပြောသည်။ "စိတ်မပူပါနဲ့။ ကျွန်တော် ဆရာတူအစ်ကိုကို အသေးစိတ်မေးချင်ပါတယ်"

ထန်မင်က ဝမ်းနည်းစွာပြောသည်။ "မင်းသမီးကြီးက အဲ့မတိုင်ခင်က မင်းသားငယ်ယွီကို အရမ်းချစ်ခဲ့တာ။ အဲ့လိုရုတ်တရက်ကြီး ပြောင်းလဲသွားတော့ မင်းသားငယ်ယွီလည်း သေချာပေါက်ကို လန့်သွားပြီးတော့ စိတ်ရှုပ်သွားမှာပဲ။ သူမွေးကတည်းက သူ့အကြောင်းနဲ့ပတ်သတ်တဲ့ ကောလာဟလတွေဆိုတာ ဘယ်တုန်းကမှ လျော့မသွားခဲ့ဘူး။ မင်းသားငယ်ယွီလည်း ဒါကိုတွေးမိပြီးတော့ သူ... အမှန်တရားကိုရှာဖို့ ဆုံးဖြတ်လိုက်တယ်"

ကျုံးဝမ်က အသက်ဝဝရှူလိုက်ရသည်။ သူ့မျက်နှာမှာ ဖြူဖျော့နေသည်။ "မင်းသမီးကြီးရဲ့ကလေးက တကယ်ပဲ..."

ထန်မင်က ပင့်သက်ရှိုက်သည်။ သူခေါင်းကိုရမ်းလျက်ပြောသည်။ "မဟုတ်ဘူး။ အဆိုးဆုံးကတော့ ဒါတွေအကုန်လုံးက တစ်ယောက်ယောက်ရဲ့ ထောင်ချောက်တွေချည်းပဲ။ မင်းသမီးကြီးရဲ့ကလေးက တကယ်ပဲ မင်းသမီးကြီးဘက်က မတော်တဆတစ်ခုခုဖြစ်လို့ ပျက်ကျသွားတာ။ ဒါပေမဲ့ မင်းသမီးကြီး ဒီကိစ္စကို အဆုံးထိ စုံစမ်းပြီး အကြောင်းစုံသိသွားတဲ့အချိန်ကျတော့ စက္ကူက မီးကိုမထိန်းချုပ်နိုင်တော့ဘူး။ မင်းသားငယ်ယွီက... အမှန်တရားတစ်ခုလုံးကို သိပြီးသွားပြီ"

ကျုံးဝမ်သည် လက်ထဲရှိ ကြွေထည်စလေးကို တင်းတင်းဆုပ်ကိုင်ထားမိသည်။ သူ့ကိုယ်တွင်းအင်္ဂါတို့မှာ နေရာများပြောင်းသွားသကဲ့သို့ပင်။ ကျုံးဝမ် တိတ်တဆိတ် ခံစားနေရသည်။ အချိန်တော်တော်ကြာပြီးနောက်တွင်မူ သူအနည်းငယ်ပြန်ကောင်းလာခဲ့သည်။

ထိုအိမ်မှ ထွက်ခွာလာစဉ် အတွေးတစ်ခုက ကျုံးဝမ်ထံ ရုတ်ခြည်းရောက်လာခဲ့သည်။ သူက ထန်မင်ကို ရုတ်ခနဲမေးလိုက်သည်။ "ဆရာတူအစ်ကိုပြောသမျှ အရင်ကအကြောင်းတွေက ကျစ်ရုန်နဲ့ပဲ ပတ်သတ်နေတယ်။ ကျွန်တော် သူ့အတွက်လာခဲ့သလိုမျိုး။ ဆရာတူအစ်ကို... ဘယ်လိုလုပ်ပြီးများ ကျွန်တော့်အတွေးတွေကို ရှင်းရှင်းလင်းလင်းသိနေရတာလဲ"

ထန်မင်က စိတ်ဆိုးသွားဟန်တူသည်။ "ဆရာတူညီလေးက ငါ့ကိုမယုံသေးဘူးပဲ။ ဒါပေမဲ့ ဒီနေ့ ငါပဲအားလုံးကိုပြောသွားတယ်။ မင်းကတော့ လျှို့ဝှက်ချက်လေးတစ်ခုတောင် ထုတ်မပြောဘူး။ မင်းဘာကိုကြောက်နေတာလဲ"

ကျုံးဝမ်၏မျက်လုံးတို့မှာ စိုးရိမ်မကင်းဖြစ်သွားသည်။ "ကျစ်ရုန်နဲ့ပတ်သတ်လာရင် ကျွန်တော် သတိမထားဘဲမနေနိုင်ဘူး"

"ဒါငါတို့ပထမဆုံးတွေ့တာပဲ။ မင်းငါ့ကို သံသယဖြစ်နေမယ်ဆိုတာ ဖြစ်သင့်ပါတယ်" ထန်မင်က ကျုံးဝမ် သတိအနေထားတွင်ရှိနေပုံကို ဂရုမစိုက်ပေ။ သူကပြောသည်။ "မင်းသားယွီကြောင့် မင်းလာတာကို ငါသိနေတာဘာလို့လဲဆိုတော့ ဆရာက ငါ့ကိုတစ်ခါကပြောဖူးလို့ပဲ..."

ကျုံးဝမ်မှာ အလွန်ရင်ထိတ်သွားသည်။ "ဆရာက ဘာပြောတာလဲ"

ထန်မင်က အနည်းငယ်ပြုံးလိုက်သည်။ "ဘာလို့ဆို ဆရာကငါ့ကိုပြောဖူးတယ်။ မင်း နန်းတော်မှာ ချန်အန်းမင်းသားအိမ်တော်က မင်းသားတွေနဲ့ စာသွားသင်ရတဲ့အချိန်တုန်းက မင်းက စာကလွဲပြီး ဘာကိုမှဂရုမစိုက်ခဲ့ဘူးတဲ့။ မင်းက မာနလည်းကြီး၊ စိတ်ကြီးဝင်ပြီးတော့ လူတိုင်းကို မတူမတန်သလိုဆက်ဆံတယ်။ ခြွင်းချက်အနေနဲ့... မင်းစိတ်လွင့်နေတတ်တယ်။ စိတ်လွင့်ပြီးတော့ ကျစ်ရုန်ကိုပဲ ငေးကြည့်နေတတ်တယ်"

20.8.2021

Thanks for reading

ဒီအပိုင်းက ရှုပ်လည်းရှုပ်တယ်၊ အရမ်းလည်း ရှည်တယ်နော်။ ဇာတ်ရှိန်တက်လာပြီ။

Zawgyi

က်ဳံးဝမ္မွာ ေၾကာက္လြန္း၍ စကားမ်ားပင္ ထစ္လာသည္။ "မလုပ္နဲ႔၊ မလုပ္နဲ႔၊ မလုပ္နဲ႔။ ငါ-ငါပဲ လုပ္လိုက္မယ္..."

ယြီရွီကိုၾကည့္ရသည္မွာ ေရခဲတမွ် ေအးစက္လြန္းလွသည္။ သူကေခါင္းမာမာႏွင့္ေမးသည္။ "မင္းရဲ႕အတြင္းအက်ႌအသန႔္ေတြ ဘယ္မွာလဲ"

ယြီရွီတစ္ခုခု မူမမွန္ျဖစ္ေနသည္ဟု က်ဳံးဝမ္ခံစားေနရသည္။ အမ်က္ေဒါသတို႔ျဖင့္ ႐ူးသြပ္ေတာ့မေယာင္ရွိၿပီး အရက္မူးေနသည္လည္း ျဖစ္ႏိုင္သည္။ သို႔ေသာ္ ယြီရွီ၏ကိုယ္မွ အရက္နံ႔လည္းရမေန။

သူထပ္ၿပီးေတာ့ စိတ္လြတ္သြားတာမ်ားလား။ ဒါေပမဲ့ သူဒီလိုျဖစ္ေလာက္တဲ့အထိ လတ္တေလာမွာ ဘာမွမျဖစ္ခဲ့ဘူးေလ။

သူ႔မ်က္ႏွာရိပ္မ်က္ႏွာကဲအရေတာ့... ငါ့ကိုငါပဲ အျပစ္တင္ရမဲ့ပုံပဲ။

က်ဳံးဝမ္သည္ ယြီရွီ ယခုလိုမ်ိဳးလုပ္ေနသည္ကို ရပ္ေစခ်င္သည္။ သို႔ေသာ္ ယြီရွီႏွင့္အၾကည့္ဆုံမိေသာအခါ သူ႔စကားတို႔မွာ ေပ်ာက္ကြယ္သြားရေတာ့သည္။

က်ဳံးဝမ္က သူ၏ေျခာက္ေသြ႕ေနေသာ ႏႈတ္ခမ္းတို႔ကို တင္းတင္းပိတ္လိုက္ၿပီး ေဘး၌ရွိေသာ အံဆြဲကိုလက္ၫႊန္ျပလိုက္သည္။ "ပထမ... အံဆြဲမွာ"

ယြီရွီသည္ မတ္တပ္ထရပ္လိုက္ကာ အံဆြဲကိုဖြင့္ၿပီး ေခတၱၿငိမ္သက္သြားသည္။ ထို႔ေနာက္ အတြင္းအက်ႌအသန႔္တို႔ကို ထုတ္ယူလိုက္သည္။

က်ဳံးဝမ္ကမူ ေခါင္းအုံးကိုမွီလ်က္ ခုတင္ေျခရင္းရွိ ယြီရွီကို လွမ္းၾကည့္ေနသည္။ သူ႔ႏွလုံးခုန္သံမွာ အနည္းငယ္မွ် ပိုျမန္လာခဲ့သည္။

ယြီရွီက... သူ႔ကိုအက်ႌခြၽတ္ေပးေတာ့မွာလား။

ယြီရွီ ယခင္က သူ႔ကိုဘယ္ေလာက္ပဲ ကိုယ္တိုင္ျပဳစုေပးခဲ့ပါေစ၊ ထိုအခ်ိန္မ်ားတြင္ သူအသိမရွိခဲ့ေပ။ က်ဳံးဝမ္ထံတြင္ ထိုအေၾကာင္းတို႔ႏွင့္ ပတ္သတ္ၿပီး မွတ္ဉာဏ္တို႔မရွိ။ ယခုအခ်ိန္တြင္မူ သူတို႔ႏွစ္ဦးစလုံး ႏိုးၾကားေနၾကသည္။ သူယြီရွီကို အက်ႌလဲခြင့္ျပဳေပးလိုက္လွ်င္...

လြန္ခဲ့သည့္တစ္ေခါက္ကကဲ့သို႔ ကိစၥထပ္ျဖစ္ခဲ့လွ်င္ မည္သို႔လုပ္မည္နည္း။

တစ္ဖက္တြင္လည္း ယြီရွီသည္ သူ႔လက္ထဲရွိ အတြင္းဝတ္အသန႔္တို႔ကို တင္းတင္းဆုပ္ကိုင္ထားသည္။ သူ႔ထံမွထြက္ေနေသာ ေဒါသအမ်က္တို႔သည္လည္း ယုတ္ေလ်ာ့နည္းပါးသြားခဲ့ၿပီ။

ယခုမွပင္ ယြီရွီ၏အေတြးတို႔မွာ စုစုစည္းစည္းျဖစ္လာသည္။ က်ဳံးဝမ္ သူ႔ထံသို႔ မလာခ်င္ခဲ့တာမဟုတ္ဘဲ ေနမေကာင္းျဖစ္ေန၍ ႐ုပ္ပိုင္းဆိုင္ရာအရ မလႈပ္ရွားႏိုင္၍ မလာႏိုင္ျခင္းျဖစ္ေၾကာင္း သူနားလည္လာခဲ့သည္။

သူ႔မ်က္ဝန္းတို႔မွာ ပို၍ႏူးညံ့လာသည္။ သူ႔လက္ထဲရွိ အက်ႌတို႔ကိုၾကည့္ကာ အိပ္မက္မွႏိုးလာေသာ လူတစ္ေယာက္သဖြယ္ ရပ္တန႔္ေနသည္။ ဆက္လုပ္ရန္လည္းမဟုတ္၊ ရပ္လိုက္ရန္လည္းမဟုတ္။

က်ဳံးဝမ္မွာ ယြီရွီ၏မ်က္လုံးတို႔ကိုၾကည့္ရင္း သူအသိအာ႐ုံ ျပန္ကပ္လာၿပီျဖစ္ေၾကာင္း သိလိုက္သည္။ အနည္းငယ္ ႏွေျမာတသျဖစ္မိေသာ္လည္း သူကေခ်ာင္းဟန႔္ၿပီး ေျပာလိုက္သည္။ "ရၿပီ။ ငါ့ကိုပဲေပးေတာ့..."

ယြီရွီက မ်က္ေမွာင္ၾကဳတ္ေနသည္။ က်ဳံးဝမ္ကိုလ်စ္လ်ဴရႈလ်က္ အံဆြဲကို ေဝ့ၾကည့္ကာ အျခားအရာတစ္ခုကို ထုတ္လိုက္သည္။ က်ဳံးဝမ္မွာ ထိုအရာကို ေသခ်ာၾကည့္ခြင့္မရလိုက္။

က်ဳံးဝမ္က ယြီရွီကို ရင္တုန္ပန္းတုန္ျဖင့္ သူ႔ထံခ်ဥ္းကပ္လာသည္ကို ၾကည့္ေနမိသည္။ ေခတၱအၾကည့္ဆုံၿပီးေနာက္တြင္ ယြီရွီက အက်ႌတို႔ကို ခုတင္ေပၚသို႔ ပစ္တင္လိုက္သည္။ လက္ထဲတြင္မူ အျခားအရာတစ္ခုကို ကိုင္ထားသည္။ က်ဳံးဝမ္ထိုအရာကိုၾကည့္လိုက္သည္— ထိုအရာမွာ သူ၏ေခါင္းစည္းႀကိဳးမ်ားထဲမွ တစ္ခုျဖစ္ေနသည္။

က်ဳံးဝမ္အံ့အားသင့္သြားသည္။ ယြီရွီက သူ႔ကိုေခါင္းပါၿဖီးေပးမလို႔လား။

က်ဳံးဝမ္စကားေျပာသည္အထိ မေစာင့္ဘဲ ယြီရွီက လက္ကိုေျမႇာက္ကာ က်ဳံးဝမ္၏ေခါင္းစည္းႀကိဳးျဖင့္ သူ႔မ်က္လုံးမ်ားသူအုပ္လိုက္သည္။

က်ဳံးဝမ္ဆြံ႕အသြားရသည္။

မင္းသားငယ္ယြီသည္ သူမျမင္အပ္မျမင္သင့္သည္တို႔ကို မျမင္မိဖို႔ တကယ္ပဲ သံဓိ႒ာန္ခ်ထားခဲ့သည္။

မ်က္လုံးကို ကာလိုက္ၿပီးေနာက္တြင္ ယြီရွီက ေရွ႕သို႔ေျခႏွစ္လွမ္းတိုးလာၿပီး ခုတင္ေပၚတြင္ထိုင္လိုက္သည္။

ဘာကိုမွမျမင္ရေတာ့ေသာ ယြီရွီ၏လႈပ္ရွားမႈတို႔မွာ ပို၍ေႏွးေကြးသြားသည္။ ေရွ႕သို႔ကုန္းလာကာ ေစာင္ကိုဂ႐ုတစိုက္လိုက္စမ္းေနသည္။ သူ႔လက္ဖ်ားတို႔က ေစာင္အစြန္းကို ထိမိသည့္အခါ သူကေစာင္ကိုေအာက္သို႔ ေလွ်ာခ်လိုက္သည္။

မ်က္လုံးအုပ္ထားေသာ ယြီရွီထံတြင္ မတူညီေသာ ခံ့ညားမႈတို႔ရွိေနသည္။ က်ဳံးဝမ္၏မ်က္ႏွာတြင္ အနီေရာင္ေဖ်ာ့ေဖ်ာ့က ေနရာယူလာသည္။ သူကလည္ေခ်ာင္းကိုရွင္းလ်က္ အသံနိမ့္နိမ့္ျဖင့္ေမးလိုက္သည္။ "ဆက္ခံသူ... မင္းမျမင္ရဘူးမလား။ မထိသင့္တဲ့ေနရာကို ထိမိသြားမွာ မေၾကာက္ဘူးလား"

ထိုစကားကိုၾကားၿပီးေနာက္ ယြီရွီက ေခတၱတန႔္သြားသည္။ သူက မ်က္ေမွာင္ၾကဳတ္လ်က္ ဟန႔္လိုက္သည္။ "မင္းေလွ်ာက္မလႈပ္ရင္ ငါမထိမိဘူး"

က်ဳံးဝမ္က ေခါင္းအုံးေပၚသို႔ ျပန္မွီကာ ခက္ခက္ခဲခဲျဖင့္ ေခါင္းညိတ္လိုက္သည္။ "အင္းပါ"

ယြီရွီသည္ လက္တစ္ဖက္ျဖင့္ က်ဳံးဝမ္၏ပုခုံးကို စမ္းေနသည္။ သူ႔လက္ဖ်ားတို႔မွာ က်ဳံးဝမ္၏ ေကာ္လာတစ္ေလွ်ာက္ ဆင္းလာခဲ့ၿပီး က်ဳံးဝမ္၏အျပင္ဝတ္ကို ခြၽတ္လိုက္သည္။

ယြီရွီက အျပင္ဝတ္ကို ေဘးသို႔ခ်လိုက္ၿပီး ေခါင္းကိုအနည္းငယ္ေစာင္းလိုက္ပုံက က်ဳံးဝမ္၏ေကာ္လာေနရာကို မွတ္မိရန္ ႀကိဳးစားေနဟန္ရွိသည္။

က်ဳံးဝမ္သည္ သူႏွင့္ႏွစ္ခ်ီမွ်သာ ကြာေဝးေသာ ယြီရွီကိုေငးၾကည့္ရင္း လည္ေစ့တို႔မွာ အထက္ေအာက္လႈပ္ရွားေနသည္။

(T/N - ခ်ီက တ႐ုတ္အတိုင္းအတာအရ 'ေပ'ပါတဲ့)

က်ဳံးဝမ္မွာ နည္းနည္းေလးမွ မေ႐ြ႕ရဲေပ။ ယြီရွီမ်က္လုံးကိုအုပ္လ်က္ သူ႔ေကာ္လာရွိ ပထမဆုံးၾကယ္သီးကို လက္တစ္ဖက္ျဖင့္ ျဖဳတ္ေနသည္ကို သူၾကည့္ေနမိသည္။

က်ဳံးဝမ္ ဆက္သည္းမခံႏိုင္ေတာ့ဘဲ သူမ်က္လုံးမ်ားကိုပါ မွိတ္ပစ္လိုက္သည္။

သိုေသာ္ သူထိုသို႔လုပ္ၿပီးခ်ိန္၌ သူ႔အေတြးမ်ားမွာ ပို၍ပင္အ႐ိုင္းဆန္လာခဲ့သည္။

ယြီရွီ၏လႈပ္ရွားမႈတို႔မွာ ညင္သာလြန္းလွသည္။ က်ဳံးဝမ္ၾကားေနရသည္မွာ ပြတ္တိုက္သံဖြဖြႏွင့္ ယြီရွီ၏ တိုးညင္းညင္းအသံရႉသံတို႔သာ ျဖစ္သည္... ယြီရွီ၏အနည္းငယ္ေအးစက္ေနေသာ လက္ဖ်ားမ်ားကိုလည္း သူခံစားေနရသည္။

က်ဳံးဝမ္မွာ သက္ေသာင့္သက္သာမရွိလွစြာ မ်က္ေမွာင္ၾကဳတ္မိသည္။ အျခားအရာတစ္ခုခုကိုေတြးရန္ သူအေကာင္းဆုံးႀကိဳးစားေနမိသည္။ အံကိုႀကိတ္လ်က္ သူတစ္ခုခုကို စဥ္းစားမိသြားသည္။ သူ႔ႏႈတ္မွထြက္လာသည္မွာ "မင္းအဲ့တုန္းကလည္း ငါ့အက်ႌေတြကို ဒီလိုပဲ လဲေပးခဲ့တာလား"

ယြီရွီေတာင့္ခနဲျဖစ္သြားသည္ကို က်ဳံးဝမ္ခံစားလိုက္ရသည္။

က်ဳံးဝမ္မွာ မယုံႏိုင္ျဖစ္ေနသည္။ "လဝက္ေလာက္ဆက္တိုက္ပဲ။ မင္း... မင္းမွာကိုယ့္ကိုယ္ကိုယ္ ထိန္းခ်ဳပ္ႏိုင္စြမ္းေတာ္ေတာ္မ်ားတာပဲ"

ယြီရွီကျပန္မေျဖ။ က်ဳံးဝမ္၏ေခြၽးစိုေနေသာ အဝတ္တို႔ကိုေဘးသို႔ပို႔ကာ က်ဳံးဝမ္ကို ေစာင္ၿခဳံေပးလိုက္သည္။ ၿပီးေနာက္ အက်ႌအသစ္မ်ားကိုယူကာ ေစာင္ထဲသို႔လက္ႏွစ္ဘက္လုံး ထည့္လိုက္သည္။

သူလုပ္ေနကိုင္ေနပုံမ်ားမွာ ေတာ္ေတာ္ေလးက်င့္သားရေနပုံေပၚသည္။

က်ဳံးဝမ္ႏႈတ္ခမ္းတို႔ကို ဖိပိတ္ထားမိသည္။ မ်က္လုံးမ်ားကိုလည္း မွိတ္ထားလိုက္ၿပီး တီးတိုးေျပာလိုက္သည္။ "အဲ့တုန္းက... ငါၿငိမ္ၿငိမ္ေလးေနခဲ့လား"

ယြီရွီက ထပ္မံ၍တိတ္ဆိတ္ေနျပန္သည္။

က်ဳံးဝမ္သည္ ယြီရွီကိုလ်စ္လ်ဴရႈရန္ အတတ္ႏိုင္ဆုံးႀကိဳးစားကာ စကားစရန္ လမ္းေၾကာင္းရွာေနသည္။ ထပ္မံ၍ ထစ္ထစ္အအျဖင့္ေျပာသည္။ "ဒါဆို မင္းငါ့ကိုေခြၽးသုတ္ေပးတဲ့အခ်ိန္မွာ..."

ယြီရွီက စိတ္မရွည္ေတာ့ဘဲ သူ႔နားသို႔ကပ္ေျပာလိုက္သည္ကို က်ဳံးဝမ္ၾကားလိုက္ရသည္။ "ပါးစပ္ပိတ္ထား"

က်ဳံးဝမ္ပါးစပ္ပိတ္လိုက္သည္။

တစ္ခဏတြင္ သူစိတ္လိုက္မာန္ပါ လုပ္ခ်င္မိသည္။ သူ တမင္တကာ ေလွ်ာက္လႈပ္သင့္လား။ အဲ့လိုဆို ယြီရွီကို သူမထိသင့္တဲ့ေနရာကို ထိခိုင္းလိုက္ႏိုင္မယ္...

ထားလိုက္ပါေတာ့။

ယြီရွီ သူ႔ကိုႏုတ္ႏုတ္စင္းပစ္ႏိုင္တယ္။

ခဏအၾကာတြင္ ယြီရွီက က်ဳံးဝမ္၏အတြင္းအက်ႌတို႔ကို လဲေပးၿပီးသြားေလၿပီ။ သူမတ္တပ္ထရပ္ကာ ေဘးရွိခုံတစ္ခုံတြင္ ဝင္ထိုင္လိုက္သည္။ ထို႔ေနာက္တြင္ သူ႔မ်က္လုံးကိုအုပ္ထားေသာ ေခါင္းစည္းႀကိဳးကိုျဖည္လိုက္ၿပီး အသက္ျပင္းျပင္းရႉထုတ္လိုက္သည္။

က်ဳံးဝမ္က ဘာမွမခံစားခ်င္ေယာင္ေဆာင္ေနသည္။ "ေက်း-ေက်းဇူးပဲ"

မႈန္ကုပ္ကုပ္ျဖင့္ ယြီရွီကေျပာသည္။ "မလိုဘူး။ ငါသြားေတာ့မယ္"

က်ဳံးဝမ္ စိတ္ရႈပ္သြားသည္။ ဒီအတိုင္းသြားေတာ့မွာလား။

သူက ေၾကာင္အမ္းေနဆဲျဖစ္ေသာ္လည္း ေျပာဖို႔ရန္မေမ့။ "စားပြဲေပၚက အစာသြပ္မုန႔္ေတြ ယူသြားဦး"

ယြီရွီကတန႔္သြားသည္။ သူနားလည္မႈလြဲသြားသည္ဟု က်ဳံးဝမ္ကေတြးမိသျဖင့္ လ်င္ျမန္စြာေျပာလိုက္သည္။ "မင္းအရင္တစ္ေခါက္က ျပန္ပို႔လိုက္တဲ့ဟာေတြ မဟုတ္ဘူး။ ငါ စုန္ရွင္းကို အသစ္လုပ္ခိုင္းထားတာ။ မုန႔္ေတြက... မုန႔္ေတြက ေႏြးေနေလာက္ေသးတယ္"

ယြီရွီ၏မ်က္ဆံတို႔ တုန္လႈပ္သြားရသည္။ သူကမုန႔္ဘူးကိုကိုင္ကာ ျပန္ထြက္သြားေတာ့သည္။

အရာအားလုံး ျဖစ္ပ်က္ၿပီးသြားခ်ိန္တြင္ က်ဳံးဝမ္မွာ ယြီရွီအဘယ္ေၾကာင့္ ဤေနရာသို႔လာသည္ဆိုသည္ကို နားမလည္ႏိုင္ေသး။ ယြီရွီ၏ႏွလုံးသားမွာ သမုဒၵရာၾကမ္းျပင္ေပၚမွ အပ္သဖြယ္ပင္ နားလည္ရခက္လြန္းသည္။

က်ဳံးဝမ္၏အဖ်ားမွာ နဂိုကတည္းကပင္ နာလန္ထစအခ်ိန္သို႔ ေရာက္ေနေလၿပီ။ ယြီရွီလာသည့္ေန႔တြင္ သူေခြၽးႏွစ္ခါ ထြက္ခဲ့ရေသာေၾကာင့္ အဖ်ားမွာ အရွင္းေပ်ာက္သြားရသည္။ ေနာက္တစ္ေန႔တြင္ သူလုံးဝကိုျပန္ေကာင္းေနေလၿပီ။

က်န္းမာေရးျပန္ေကာင္းၿပီးေနာက္ က်ဳံးဝမ္မွာ ႐ႊမ္ခ်ဳံထံတြင္ရွိေနေသးေသာ ေသြးခုန္ႏႈန္းမွတ္တမ္းကို စတင္စိတ္ပူလာေလသည္။

ေသြးခုန္ႏႈန္းမွတ္တမ္း၌ ထိုက္ယြီမင္းႀကီး၏ ေလးဆယ့္ခုနစ္ႏွစ္ေျမာက္ ေျခာက္လပိုင္းတြင္ မင္းသမီးႀကီးအန္းေကာ ကိုယ္ဝန္စရွိေၾကာင္းကို အေသးစိတ္မွတ္တမ္းတင္ထားသည္။

႐ႊမ္ခ်ဳံ ေတာ္ဝင္သခ်ႋဳင္းအေစခံတို႔ကို ဖြက္ထားသည့္ကိစၥကို ေဖာ္ထုတ္လိုက္ရန္မခက္ခဲ။ အဆုံးတြင္မေတာ့ ထိုလူတို႔မွာ အသက္ရႉေနသာ သက္ရွိလူသားမ်ားျဖစ္ၾကသည္။ ႐ႊမ္ခ်ဳံအေနႏွင့္ ဘာကိုမွျငင္းဆိုႏိုင္မည္မဟုတ္။ ေသြးခုန္ႏႈန္းမွတ္တမ္းကေတာ့မတူ။ မည္သည့္ေနရာတြင္မဆို ဖြက္ထားႏိုင္သည္။ ႐ႊမ္ခ်ဳံ ဝန္မခံသေ႐ြ႕ မည္သူကမွ သူ႔ကိုစြပ္စြဲ၍ ရႏိုင္မည္မဟုတ္။ တူညီေသာအစီအစဥ္မွာ ႏွစ္ခါအလုပ္မျဖစ္။

ရက္နည္းနည္းၾကာၿပီးေနာက္ က်ဳံးဝမ္မွာ ပုေရာဟိတ္ႀကီးရွီ ခ်န္ထားခဲ့ေသာ လူမ်ားအနက္မွ တစ္ဦးႏွင့္ေတြ႕ခဲ့သည္။ ယခင္မင္းႀကီး၏ မိန႔္ခြန္းေတာ္မွတ္ ထန္မင္။

ထန္မင္သည္လည္း တစ္ခါက ပုေရာဟိတ္ရွီ၏ တပည့္ျဖစ္ခဲ့ဖူးသည္။ ထုံးစံအရဆိုလွ်င္ က်ဳံးဝမ္၏ဆရာတူအစ္ကို ျဖစ္သည္။ တစ္ခုရွိသည္က ထန္မင္အနားယူခဲ့သည္မွာ ႏွစ္မ်ားစြာၾကာခဲ့ေလၿပီ။ ထို႔ေၾကာင့္ က်ဳံးဝမ္မွာ သူ႔ထံတြင္ထိုသိုေသာ ဆရာတူအစ္ကိုမ်ိဳး ရွိေၾကာင္းကို လုံးဝမသိခဲ့။

စုံစမ္းၿပီးေနာက္တြင္ ထန္မင္မွာ ယခင္မင္းႀကီး၏ မိန႔္ခြန္းေတာ္မွတ္အျဖစ္ ဆယ့္ႏွစ္ႏွစ္ၾကာ တာဝန္ထမ္းေဆာင္ခဲ့ေၾကာင္းကို သိလိုက္ရသည္။ မင္းႀကီးနန္းတက္ၿပီးေနာက္တြင္ ထန္မင္မွာ တာဝန္မွႏုတ္ထြက္ကာ ျမင္ကြင္းမွေပ်ာက္သြားခဲ့သည္။

ထန္မင္ထံတြင္ ဇနီးႏွင့္သားသမီးမရွိ။ သူသည္ မည္သူႏွင့္မွလည္း အဆက္အဆံမလုပ္။ သူ႔ကိုရွာရသည္မွာ က်ဳံးဝမ္အတြက္ ေတာ္ေတာ္အလုပ္ရႈပ္ခဲ့သည္။ ေနာက္ဆုံးတြင္မူ ထန္မင္မွာ ၿမိဳ႕အစြန္အဖ်ားရွိ အိမ္ႀကီးအိမ္ေကာင္းတစ္လုံးတြင္ ေလာေလာဆယ္ ေနထိုင္ေနေၾကာင္းကို ရွာေဖြသိခဲ့ရသည္။

က်ဳံးဝမ္အခ်ိန္ဆြဲမေနရဲေပ။ ထိုေန႔မွာပင္ သူၿမိဳ႕ေတာ္မွ ထြက္လာခဲ့သည္။ ထိုေနရာသို႔ေရာက္ရန္ ေန႔ဝက္ခန႔္ အခ်ိန္ေပးလိုက္ရသည္။

ေန႔စဥ္ရက္ဆက္ဆိုသလို က်ဳံးဝမ္မွာ တံခါးပိတ္ထားသည္ႏွင့္သာ ႀကဳံခဲ့ရသည္။ သူထပ္မံ၍ အျပင္တြင္သာေစာင့္ေနရလိမ့္မည္ဟု ေတြးထင္မိခဲ့သည္။ မထင္မွတ္ထားဘဲ ယခုအေခါက္တြင္ သူ႔နာမည္ကို ေျပာလိုက္သည္ႏွင့္ ထန္မင္၏အိမ္ေတာ္အတြင္းသို႔ ယဥ္ေက်းပ်ဴငွာစြာ ဖိတ္ေခၚခံလိုက္ရသည္။

ထန္မင္မွာ က်ဳံးဝမ္ေတြးထင္ထားခဲ့သလို ဆက္ဆံေရးက်ဲကာ လူ႔ဂြစာအက်င့္မ်ိဳးမရွိေပ။ ထိုအစား သူကၿခိဳးၿခံေရာင့္ရဲကာ တစ္ကိုယ္တည္းေနလိုဟန္ရွိသည္။ သူသည္ အသက္ေျခာက္ဆယ္ေက်ာ္ၿပီ ျဖစ္ေသာ္လည္း တက္ႂကြႏိုးၾကားလွသည္။ က်ဳံးဝမ္ကို ျမင္ေတြ႕လိုက္ရခ်ိန္တြင္ သူကအၿပဳံးျဖင့္ေျပာသည္။ "မင္းက ေကြ႕ယြမ္ျဖစ္ရမယ္"

က်ဳံးဝမ္က ခပ္သြက္သြက္ပဲ ဟုတ္မွန္ေၾကာင္း ေျပာလိုက္သည္။ သူသည္ သူ႔ကိုယ္သူ ဤလူ၏ဆရာတူညီေလးျဖစ္ေၾကာင္းကို မေတြးဝံ့ေပ။ ထို႔ေၾကာင့္ ဒူးေထာက္ကာ အငယ္တစ္ေယာက္၏ ႏႈတ္ဆက္နည္းအတိုင္း ဂါဝရျပဳလိုက္သည္။ ထန္မင္က က်ဳံးဝမ္ကို ကူထူေပးလ်က္ ၿပဳံးၿပဳံး႐ႊင္႐ႊင္ျဖင့္ အထဲသို႔ ေခၚသြားေတာ့သည္။

"ဆရာက မင္းအေၾကာင္းေတြကို ေျပာဖူးတယ္။ ငါမင္းကို သိခ်င္ေနတာေတာ့ၾကာၿပီ။ ဒါေပမဲ့ ငါ ခဏခဏလူလုံးျပလို႔ မေကာင္းဘူး" ထန္မင္က က်ဳံးဝမ္အတြက္ လက္ဖက္ရည္တစ္ခြက္ကို ကိုယ္တိုင္ငွဲ႔ေပးေလသည္။ "ေက်းဇူးျပဳၿပီး"

က်ဳံးဝမ္က တင္ပ်ဥ္ေခြထိုင္လိုက္ၿပီး သူတို႔ႏွစ္ဦးမွာ အလႅာပသလႅာပ စကားမ်ားေျပာၾကေတာ့သည္။

ထန္မင္က ညင္သာစြာေျပာသည္။ "မင္းဒီကိုလာတယ္ဆိုေတာ့ ငါ့ကိုေမးစရာတစ္ခုခုေတာ့ရွိရမယ္"

ဤလူမွာ သူ၏ဆရာတူအစ္ကိုျဖစ္သည့္တိုင္၊ ပုေရာဟိတ္ရွီ ခ်န္ခဲ့ေသာလူျဖစ္သည့္တိုင္ က်ဳံးဝမ္မွာ သူ႔ကိုပထမဆုံးအႀကိမ္ ေတြ႕ဖူးျခင္းျဖစ္သည္။ က်ဳံးဝမ္သည္ တစ္ဖက္လူကို အလုံးစုံမယုံရဲေပ။ အနည္းငယ္ေတြးၿပီးေနာက္တြင္ သူကသိပ္အေရးမႀကီးေသာ ေမးခြန္းကိုသာ ေမးလိုက္သည္။ "ကြၽန္ေတာ္ ဆရာတူအစ္ကိုကို ေမးခ်င္ပါတယ္။ မင္းသမီးႀကီးအန္းေကာက ဆက္ဆံရအဆင္ေျပလား"

ထန္မင္ကနားမလည္ေပ။ "ဘာလို႔ေမးတာလဲ"

"အမွန္အတိုင္းေျပာရရင္" က်ဳံးဝမ္ကစေျပာသည္။ "ကြၽန္ေတာ္ ကိုယ့္ဘာကိုယ္ ေျဖရွင္းလို႔မရႏိုင္တဲ့ ကိစၥတစ္ခုကို ႀကဳံေနရတယ္။ မင္းသမီးႀကီးအန္းေကာရဲ႕ လက္ကိုငွားခ်င္လို႔ပါ"

ထန္မင္က ေခတၱတိတ္ဆိတ္ေနသည္။ သူကၿပဳံးသည္။ "သူဆက္ဆံရ အဆင္ေျပတယ္၊ အဆင္မေျပဘူးဆိုတာက အေျခအေနေပၚမွာ မူတည္တယ္"

ထန္မင္က က်ဳံးဝမ္ခ်ီတုံခ်တုံျဖစ္ေနသည္ကို သတိထားမိပုံေပၚသည္။ သူက ျဖည္းျဖည္းခ်င္းေျပာသည္။ "မင္းသမီးႀကီးက မင္းႀကီးရဲ႕ညီမေတာ္ျဖစ္ၿပီးေတာ့ မင္းႀကီးရဲ႕တစ္ဦးတည္းေသာ ေမာင္ႏွမပဲ။ သူ႔ခင္ပြန္းသည္က မင္းသားယြီ။ အရင္မင္းႀကီးအုပ္စိုးတဲ့အခ်ိန္က ရွိေနခဲ့တဲ့လူေတြကို ထည့္တြက္ရင္ေတာင္ သူ႔လို ဂုဏ္သိကၡာရွိၿပီး အာဏာႀကီးတဲ့မင္းသမီး မရွိေတာ့ဘူး။ အဲ့လိုလူကို လြယ္လြယ္နဲ႔ အ႐ူးလုပ္လို႔မရဘူး..."

ထန္မင္၏အသံမွာ အနည္းငယ္တိုးသြားသည္။ သူၿပဳံးလိုက္သည္။ "သူက အခုမင္းႀကီးကို ကူညီၿပီးေတာ့ ေတာ္ဝင္မင္းသားတစ္ပါးကို ျပဳစုေစာင့္ေရွာက္ေပးေနတယ္ ဆိုတာေတာ့ မေျပာနဲ႔ဦး"

က်ဳံးဝမ္၏မ်က္ႏွာမွာ ခ်က္ခ်င္းေျပာင္းလဲသြားသည္။

ထန္မင္က က်ဳံးဝမ္ကို ႏွစ္သိမ့္လိုသည့္သေဘာျဖင့္ ၾကည့္သည္။ သူကၾကင္ၾကင္နာနာျဖင့္သာ စကားဆိုသည္။ "လန႔္သြားစရာမလိုပါဘူး၊ ဆရာတူညီေလး။ ဆရာက သူမဆုံးပါးသြားခင္ မင္းကို ဂ႐ုစိုက္ေပးဖို႔ ငါ့ကိုမွာသြားမွေတာ့ ငါမင္းကိုဘာမွထိန္ခ်န္ထားမွာ မဟုတ္ဘူး။ တခ်ိဳ႕ကိစၥေတြက... ငါမိန႔္ခြန္းေတာ္မွတ္တာဝန္ ထမ္းခဲ့တုန္းကတည္းက သိခဲ့တာ။ တျခားကိစၥေတြကေတာ့ ဆရာမဆုံးခင္ ငါ့ကိုေျပာခဲ့တာ။ မင္းအခု သိခ်င္တာရွိရင္ ငါ့မွာ အေျဖရွိေနသေ႐ြ႕ ငါမင္းကို ေျပာျပမယ္"

က်ဳံးဝမ္သည္ ယခင္က အသိအကြၽမ္းမ်ားထံ ရက္အတန္ၾကာ သြားေရာက္ခဲ့သည့္တိုင္ ဤကဲ့သို႔ ပြင့္လင္းလွသည့္လူမ်ိဳးကို ပထမဆုံးအႀကိမ္ ေတြ႕ဖူးျခင္းျဖစ္သည္။ သူမည္ကဲ့သို႔တုံ႔ျပန္ရမည္ကို ယာယီအားျဖင့္မသိေတာ့။ သူကေမးခြန္းသာေမးလိုက္သည္။ "ဆ-ဆရာတူအစ္ကို အခုေျပာလိုက္တာ မင္းသမီးႀကီးက ေတာ္ဝင္မင္းသားတစ္ပါးကို ေစာင့္ေရွာက္ေပးေနတယ္ဆိုတာ။ ဒီကိစၥနဲ႔ပတ္သတ္ၿပီး... အေသးစိတ္ေျပာျပေပးလို႔ရမလား"

ထန္မင္က က်ဳံးဝမ္ကို ၾကာျမင့္စြာ ေသခ်ာစိုက္ၾကည့္ေနသည္။ ထိုစကားလုံးမ်ားမွာ ေျပာဖို႔ပင္မလို။ မင္းငါ့ကိုမယုံဘူး။

က်ဳံးဝမ္မွာ မသိခ်င္ဟန္ေဆာင္ေနသည္။ ဤကိစၥသည္ ယြီရွီႏွင့္ သက္ဆိုင္ေနသည္။ သူသတိႀကီးႀကီးမထားပဲ မေနႏိုင္။

ထန္မင္က တုံဏွိဘာေဝပင္။ လက္ဖက္ရည္တည္ေနရင္း သူကေျပာသည္။ "ဒီအေၾကာင္းက အရင္မင္းႀကီးလက္ထက္တုန္းက စခဲ့တာ"

"အဲ့အခ်ိန္က မင္းႀကီးက မင္းသားအဆင့္ပဲ ရွိေသးတာ။ သူ႔သားအႀကီးဆုံးနဲ႔ ဒုတိယေျမာက္သားက တစ္ေယာက္ၿပီးတစ္ေယာက္ ဆုံးသြားတယ္။ သူခက္ခက္ခဲခဲ ကယ္ထားရတဲ့ တတိယသားကလည္း ေလတိုက္ရင္ ယိုင္လဲေလာက္တဲ့အထိ အားနည္းတယ္။ ေတာ္ဝင္သမားေတာ္တိုင္းက သူ႔ကိုအသက္ရွည္မွာမဟုတ္ဘူးလို႔ ေျပာၾကတယ္။ အဲ့အခ်ိန္က အရင္မင္းႀကီးက အခုမင္းႀကီးကို အရမ္းစိတ္ပူခဲ့တယ္။ သူ႔မွာ သားေတာ္ေတြ၊ ေျမးေတာ္ေတြရဖို႔ ကံၾကမၼာမပါလာဘူးဆိုၿပီး။ အရင္မင္းႀကီး အခ်ိန္ၾကာတဲ့အထိ အိမ္ေရွ႕စံေနရာကို မေၾကညာဘူးဆိုတာ ဒီကိစၥေၾကာင့္ပဲ"

က်ဳံးဝမ္ေတာင့္ခဲသြားသည္။ သူသည္ ဤအေၾကာင္းကို ပထမဆုံးအႀကိမ္ ၾကားဖူးျခင္းသာျဖစ္သည္။

"အဲ့အခ်ိန္က မင္းႀကီးက သုံးဆယ့္ေလးႏွစ္ေတာင္ ရွိေနၿပီ။ သူ႔မွာ သားဆိုလို႔ မက်န္းမာတဲ့သားတစ္ေယာက္ပဲ ရွိတယ္။ အရင္မင္းႀကီးက သူ႔သားကိုစိတ္ပူၿပီးေတာ့ အခုမင္းႀကီးကလည္း သူ႔အတြက္သူ စိတ္ပူခဲ့တယ္။ အဲ့ကေလးက..." ထန္မင္ကစကားရပ္လိုက္ၿပီး ဆက္ေျပာသည္။ "အဲ့အခ်ိန္မွာ ရလာတာ"

"ကေလးရဲ႕ေမြးအေမက ဘယ္သူဆိုတာကို ငါမသိဘူး။ ငါထင္တာေတာ့... သူက တစ္ခုခု ထူးျခားခ်က္ေတာ့ရွိရမယ္" ထန္မင္က က်ဳံးဝမ္ကို မ်က္လႊာပင့္ၾကည့္သည္။ "သူဘယ္သူလဲမင္းသိလား"

က်ဳံးဝမ္က ေခါင္းခါသည္။ "မသိဘူး။ တကယ္မသိပါဘူး။ ကြၽန္ေတာ္ မေျပာခ်င္လို႔ ျငင္းတာမဟုတ္ပါဘူး"

ထန္မင္ကၿပဳံးသည္။ "ဘာျဖစ္ျဖစ္။ ဆရာတူညီေလး၊ ငါေျပာတာအရင္နားေထာင္... ေတြးၾကည့္စမ္း၊ ဆရာတူညီေလး။ တျခားအေၾကာင္းေတြထားေတာ့ မင္းသာမင္းႀကီးေနရာမွာဆိုရင္ အသက္ကလည္း သုံးဆယ္ေက်ာ္ေနၿပီ သားေလးျဖစ္ႏိုင္တဲ့ ကေလးလည္းရလာၿပီဆို မင္းေမြးခိုင္းမွာလား"

က်ဳံးဝမ္က မ်က္ေမွာင္ၾကဳတ္လ်က္ ေခါင္းညိတ္သည္။

"ဒါေပမဲ့ ဘယ္လိုလဲ" ေရေႏြးက ပြက္ပြက္ဆူလာသည္။ ထန္မင္က မီးၿငိမ္းလိုက္သည္။ "ကေလးအေမကို လူျမင္ခံလို႔မရမွေတာ့ ကေလးအေမေနရာယူေပးမဲ့ တစ္ေယာက္ေယာက္ကို ရွာရေတာ့မယ္မလား။ မင္းႀကီးက ဘယ္သူ႔ကိုမွ မယုံခဲ့ဘူး။ ဒါေၾကာင့္မို႔... သူက သူ႔ရဲ႕ညီမရင္းကို ေတြးမိသြားတယ္"

က်ဳံးဝမ္က အသံကိုတိုးလ်က္ေမးသည္။ "ဒါကကြၽန္ေတာ္နားမလည္တဲ့ အပိုင္းပဲ။ မင္းႀကီးက ကေလးကိုအေရးႀကီးတယ္လို႔ျမင္ရင္၊ ကေလးအေမကိုေတာင္ လူျမင္မခံႏိုင္ရင္ ကေလးကို တျခားကိုယ္လုပ္ေတာ္ကို ေမြးဖို႔ေပးလိုက္လို႔ရတာပဲ။ ဘာလို႔..."

"အေျဖက ႏွစ္မ်ိဳးရွိတယ္" ထန္မင္က ျဖည္းျဖည္းေျပာသည္။ "အရင္ဆုံး အဲ့အခ်ိန္က ေကာလာဟလေတြမွာ ဒုတိယမင္းသား... တစ္နည္း အခုမင္းႀကီးက သူ႔ကေလးေတြကို အသက္ရွင္ေအာင္ေမြးလို႔မရဘူးလို႔ ေျပာၾကတယ္။ မင္းႀကီးကလည္း ယုံခဲ့ဟန္တူပါတယ္။ ဒါေၾကာင့္မို႔ ကေလးကို သူ႔နာမည္ေအာက္မွာမေမြးရဲဘူး။ ပုံမွန္ဆိုရင္ေတာ့ ဒီသဘာဝလြန္ အေၾကာင္းျပခ်က္ႀကီးက မယုံႏိုင္စရာေပါ့။ အေရးအႀကီးဆုံးက..."

ထန္မင္က က်ဳံးဝမ္ကို လက္ဖက္ရည္တစ္ခြက္ ငွဲ႔ေပးလိုက္သည္။ သူကဆက္ေျပာသည္။ "မင္းႀကီးက ထီးနန္းအတြက္ ၿပိဳင္ဆိုင္လိုစိတ္ရွိေနၿပီးသား။ မင္းႀကီးက ေျခတစ္လွမ္းလွမ္းရင္ ေျခသုံးလွမ္းႀကိဳၾကည့္တတ္တဲ့လူမ်ိဳး။ ဒီလိုအကြက္မ်ိဳးနဲ႔ သူကသူ႔အနာဂတ္အတြက္ ျပင္ဆင္ေနတာ"

က်ဳံးဝမ္က လက္ဖက္ရည္ခြက္ကို လက္ခံလိုက္သည္။ မ်က္ေမွာင္ၾကဳတ္လ်က္ သူကေမးသည္။ "အဲ့အခ်ိန္မွာ မင္းသမီးႀကီးအန္းေကာက မင္းသားယြီနဲ႔ လက္ထပ္ၿပီးသြားၿပီေလ။ မင္းသားယြီအိမ္ေတာ္က သူ႔ကိုေထာက္ပံ့ေပးမွာပဲ။ တျခားဘာစီစဥ္စရာလိုလို႔လဲ"

"မဟုတ္ဘူး။ အဲ့အခ်ိန္က မင္းႀကီးက အိမ္ေရွ႕စံမဟုတ္ေသးေပမဲ့ သူျဖစ္လာမွာဆိုၿပီး ယုံၾကည္ေနခဲ့တယ္။ သူ႔အစီအစဥ္က မင္းသားယြီအိမ္ေတာ္ရဲ႕ အေထာက္အပံ့ကိုရဖို႔ မဟုတ္ေတာ့ဘူး။ အဲ့အစား..." ထန္မင္ကအသံကိုႏွိမ့္လိုက္သည္။ "ဒီမ်ိဳး႐ိုးမတူတဲ့ မင္းသားရဲ႕ရာထူးကို ဘယ္လိုျပန္ယူရမလဲဆိုတာပဲ"

ထန္မင္က သူ႔လက္မ်ားကို ဆန႔္ထုတ္လိုက္သည္။ "ဆရာတူညီေလးက အရင္ကနဲ႔အခုအေၾကာင္း ေရးထားတဲ့စာေတြနဲ႔ပတ္သတ္ၿပီး ႏွံႏွံစပ္စပ္ရွိတာပဲ။ မတူညီတဲ့မ်ိဳး႐ိုးနဲ႔ မင္းသားေတြဆိုတာ တိုင္းျပည္မၿငိမ္သက္တဲ့အခ်ိန္နဲ႔ ေတာ္ဝင္မိသားစုမွာ အင္အားအလုံအေလာက္မရွိတဲ့ အခ်ိန္မွာပဲ အဆင့္အတန္း သတ္မွတ္ေပးတယ္ဆိုတာ သိမွာေပါ့။ မင္းႀကီးက ကိုယ့္ေျခေထာက္ေပၚကိုယ္ ရပ္တည္ႏိုင္ၿပီဆိုတာနဲ႔ အဲ့လိုႀကီးႀကီးမားမား ေအာင္ျမင္ထားတဲ့သူေတြကို သတ္ပစ္ဖို႔က အရင္ဆုံးလုပ္မွာပဲ မဟုတ္ဘူးလား။ ဒီလိုရာထူးမ်ိဳးကို ၾကာၾကာထိန္းသိမ္းထားႏိုင္ဖို႔က အရင္မင္းသားယြီနဲ႔ အခုမင္းသားယြီ ႏွစ္ေယာက္စလုံးက ထက္ျမက္လို႔ပဲ။ ဒီလိုအလုပ္က ေတာ္ေတာ္ေလးကို ခက္ခဲတယ္"

က်ဳံးဝမ္၏မ်က္လုံးထဲတြင္ အေမွာင္ရိပ္တခ်ိဳ႕ ျဖတ္သန္းသြားသည္။ သူအံႀကိတ္လိုက္သည္။ "မင္းသားယြီက လူအမဟုတ္ဘူး။ သူ..."

"မင္းသားယြီက ေသခ်ာေပါက္ မအဘူး။ ဒါေပမဲ့ သူက မင္းသမီးႀကီးကို လြန္ခဲ့တဲ့ႏွစ္ေတြထဲက လက္ထပ္ၿပီးသြားၿပီ။ သူ႔ရဲ႕ အာဏာနဲ႔ ႂကြယ္ဝမႈေတြက ဒီဒုတိယမင္းသား... မဟုတ္ဘူး ငါေျပာခ်င္တာ အခုမင္းႀကီးအေပၚမွာ မူတည္ေနတာ ၾကာခဲ့ၿပီ။ ဒီအခ်ိန္ေရာက္မွေတာ့ သူေနာက္ျပန္ဆုတ္လို႔မရေတာ့ဘူး" ထန္မင္ကၿပဳံးသည္။ "ဒါကမင္းႀကီးဆိုတာပဲ"

ထန္မင္ကဆက္ေျပာသည္။ "ပုံမွန္ဆို မင္းႀကီးရဲ႕အျပဳအမူေတြက ညင္းေပ်ာင္းတယ္။ သူက အဲ့ႏွစ္မွာပဲ မင္းသားယြီကို ကိုယ္လုပ္ေတာ္ႏွစ္ေယာက္ ခ်ီးျမႇင့္ခဲ့တယ္"

က်ဳံးဝမ္သည္ လြန္ခဲ့သည့္ႏွစ္မ်ားအတြင္း သူခ်ဳံအန္းမင္းႀကီးႏွင့္ ေျပာဆိုဆက္ဆံခဲ့သည့္ အႀကိမ္တိုင္းကို ျပန္လည္ေတြးေတာမိကာ ေခြၽးေစးမ်ားျပန္လာသည္။

က်ဳံးဝမ္က အသံကိုႏွိမ့္ေျပာလိုက္သည္။ "မင္းႀကီးရဲ႕လွည့္စားတာခံရမွေတာ့ မင္းသားယြီ အမုန္းမပြားႏိုင္ဘူးဆိုတာ ေျပာလို႔မရဘူး။ ဒီႏွစ္ေတြမွာ... သူ အစီအစဥ္ေတာင္ ဆြဲၿပီးေလာက္ၿပီ"

"ဟုတ္တာေပါ့" ထန္မင္က ေခါင္းညိတ္သည္။ "ဒါေပမဲ့ သူတို႔က တစ္ေယာက္နဲ႔တစ္ေယာက္ အဆင္ေျပၾကသလို ဟန္ေဆာင္ေနဦးမွာပဲ။ ေနသေ႐ြ႕..."

က်ဳံးဝမ္က အံႀကိတ္လိုက္သည္။ "သူတို႔ႏွစ္ေယာက္စလုံးကို ထိန္းညႇိေပးထားတဲ့ ယြီရွီ အသက္ရွင္ေနသေ႐ြ႕ေပါ့"

ထန္မင္က က်ဳံးဝမ္၏မ်က္ႏွာရွိ ခံစားခ်က္တို႔ကို အကဲခတ္လိုက္သည္။ ေခတၱတိတ္ဆိတ္ေနၿပီေနာက္ သူကခပ္ဟဟရယ္သည္။ "ဆရာတူညီေလးကအခု... ငါဆက္မေျပာဝံ့ေတာ့ဘူး"

က်ဳံးဝမ္က သူ႔ခံစားခ်က္တို႔ကို ထိန္းလိုက္သည္။ သူ႔ေခါင္းကိုငုံ႔လ်က္ သူကေျပာသည္။ "ဆရာတူအစ္ကို ဆက္ေျပာပါ"

"ဆရာတူညီေလးက မင္းသမီးႀကီးအန္းေကာနဲ႔ ပတ္သတ္ၿပီးေမးတာဆိုေတာ့ မင္းသမီးႀကီးအေၾကာင္းကိုပဲ ငါေျပာမယ္" ထန္မင္က ေလးဖင့္စြာေျပာသည္။ "မင္းအရင္ကအေၾကာင္းေတြ သိၿပီးၿပီဆိုေတာ့ မင္းသမီးႀကီးအန္းေကာရဲ႕ အေျခအေနက လွည့္ကြက္မ်ားတယ္ဆိုတာကို ေသခ်ာေပါက္နားလည္ရမယ္။ ဒါေပမဲ့ မင္းသမီးႀကီးက ေတာ္ဝင္မ်ိဳးႏြယ္မွာ ေမြးဖြားလာလို႔ 'အေဖ'နဲ႔ 'အစ္ကို'က အေရးအႀကီးဆုံးဆိုတာကို ေစာေစာထဲက သေဘာေပါက္ခဲ့တယ္။ သူ႔ဘဝတစ္ေလွ်ာက္လုံးမွာ ထီးနန္းကိုပဲ ဦးစားေပးဖို႔လိုအပ္တယ္။ အဲ့ေတာ့ မင္းႀကီးက သူ႔ကို ကေလးေမြးစားဖို႔ေျပာေတာ့ မင္းသမီးႀကီးက ေတာ္ေတာ္ေလးကို မလိုလားခဲ့ဘူး။ ဒါေပမဲ့ သူလက္ခံခဲ့တယ္။ ဘာပဲေျပာေျပာ... အဲ့အခ်ိန္က သူကသူ႔ကေလးကို ဆုံးရႈံးထားတဲ့အခ်ိန္ကိုး။ ၿပီးေတာ့လည္း သူကိုယ္ဝန္ထပ္မေဆာင္ႏိုင္ေတာ့ဘူးလို႔လည္း ေတာ္ဝင္သမားေတာ္ေတြက ေျပာထားေသးတယ္"

က်ဳံးဝမ္က ညင္သာစြာေျပာသည္။ "ကြၽန္ေတာ္ ငယ္ငယ္က ယြီရွီနဲ႔ ႏွစ္ဝက္ၾကာတဲ့အထိ အခ်ိန္ကုန္ခဲ့ဖူးတယ္။ ကြၽန္ေတာ္ေျပာႏိုင္တာက... မင္းသမီးႀကီးအန္းေကာက သူ႔ကိုတုန္ေနေအာင္ခ်စ္တာဆိုတာပဲ"

"တုန္ေနေအာင္ခ်စ္တာလား" ထန္မင္ကေခါင္းကိုရမ္းလ်က္ ၿပဳံးလိုက္သည္။ "အဲ့အခ်ိန္က ငါ ရာထူးကေနႏုတ္ထြက္ၿပီး ႏွစ္ေတြေတာင္ ၾကာေနၿပီ။ အေသးစိတ္ေတာ့မေျပာရဲေပမဲ့ ဆရာက ငါ့ကိုတစ္ခုေျပာခဲ့တယ္။ ဆရာတူညီေလး ၾကားခ်င္ရဲ႕လား"

က်ဳံးဝမ္ကေျပာသည္။ "ဒါေပါ့။ ဆရာတူအစ္ကို၊ ေက်းဇူးျပဳၿပီး ဆက္ေျပာပါ"

ထန္မင္ကေျပာသည္။ "ေကာလာဟလေတြအရ မင္းသားငယ္ယြီရဲ႕စိတ္ေတြက လြန္ခဲတဲ့ေျခာက္ႏွစ္က ႐ုတ္တရက္ေျပာင္းသြားတယ္။ ဘာလို႔လဲဆိုတာ ဆရာတူညီေလးသိရဲ႕လား"

က်ဳံးဝမ္က ေခါင္းခါသည္။ "ကြၽန္ေတာ္မေသခ်ာဘူး။ အဲ့တုန္းက ကြၽန္ေတာ္က ခ်န္အန္းကို သြားေနၿပီ။ သူ႔အေၾကာင္းကိုသူ သိသြားလို႔လို႔ပဲ ကြၽန္ေတာ္ ခန႔္မွန္းႏိုင္တယ္"

ထန္မင္ကေမးသည္။ "သူဘာလို႔သိသြားရတာလဲ"

က်ဳံးဝမ္ ေတာင့္ခနဲ႔ျဖစ္သြားရသည္။ "ဒါက... သူစုံစမ္းခဲ့တာလို႔ ကြၽန္ေတာ္ယုံၾကည္တယ္"

ထန္မင္ကထပ္ေမးသည္။ "ဒါဆို မင္းသားငယ္ယြီက ဘာလို႔ ႐ုတ္တရက္ႀကီးစုံစမ္းဖို႔ ဆုံးျဖတ္လိုက္တာလဲ"

က်ဳံးဝမ္ထံတြင္ အေျဖမရွိ။

ထန္မင္ကသက္ျပင္းခ်လိုက္သည္။ "ဒါက ဆရာငါ့ကိုေျပာခဲ့တာပဲ။ ဆရာေျပာတာေတာ့ တစ္ေန႔မွာ မင္းသမီးႀကီးက ႐ုတ္တရက္ မင္းသားငယ္ယြီကို ရက္နည္းနည္းၾကာေအာင္ အေတြ႕မခံခဲ့ဘူးတဲ့။ ေနာက္ပိုင္းက်ေတာ့ သူဆႏၵမပါဘဲ ေတြ႕လိုက္ရတဲ့အခါ... သေဘာထားကြဲလြဲၿပီးေတာ့ မင္းသားငယ္ယြီရဲ႕မ်က္ႏွာကို ႐ိုက္လိုက္တယ္။ သူ႔ကို ခန္းမႀကီးထဲမွာ ေန႔စဥ္ရက္ဆက္ ဒူးေထာက္ေနဖို႔ေတာင္ အျပစ္ေပးလိုက္ေသးတယ္"

က်ဳံးဝမ္မွာ ေျပာစရာစကားမရွိျဖစ္ကာ မယုံၾကည္ႏိုင္ျဖစ္ေနသည္။ "မင္းသမီးႀကီးက ယြီရွီကို အျပစ္ေပးတယ္လား။ ဘာလို႔လဲ"

ထန္မင္က သက္ျပင္းခ်ျပန္သည္။ "ဘာလို႔လဲဆိုေတာ့ မင္းသမီးႀကီး ပ်က္က်သြားတဲ့ကေလးက သူက်န္းမာေရး မေကာင္းလို႔မဟုတ္ဘူးဆိုၿပီး တစ္ေယာက္ေယာက္က မင္းသမီးႀကီးကို ေျပာလိုက္လို႔ပဲ။ အဲ့အစား မင္းသမီးႀကီး ကိုယ္ဝန္ပ်က္က်ေအာင္ မင္းႀကီးက ဇာတ္လမ္းဆင္ထားတာတဲ့"

က်ဳံးဝမ္က လက္ဗလာျဖင့္ လက္ထဲတြင္ ကိုင္ထားေသာ လက္ဖက္ရည္ခြက္ကို ကြဲသြားေအာင္ ဖ်စ္ညႇစ္လိုက္သည္။

ေႂကြစသည္ သူ႔လက္ကို ထိုးရွသြားသည္။ က်ဳံးဝမ္မ်က္လုံးမ်ားကို မွိတ္ထားမိသည္။ ေသြးမ်ားမွာ သူ႔လက္ဖဝါးရွိ လကၡဏာေၾကာင္းမ်ားအတိုင္း စီးက်ေနသည္။

က်စ္႐ုန္...

ထန္မင္က အလြန္ထိတ္လန႔္သြားရသည္။ သူက က်ဳံးဝမ္၏လက္ကို ပတ္တီးစီးေပးဖို႔ လ်င္လ်င္ျမန္ျမန္ ကူညီေပးရန္လုပ္ေသာ္လည္း က်ဳံးဝမ္ကမူ အံကိုသာ တင္းတင္းႀကိတ္ထားခဲ့သည္။ ခဏအၾကာတြင္ သူကေျပာသည္။ "စိတ္မပူပါနဲ႔။ ကြၽန္ေတာ္ ဆရာတူအစ္ကိုကို အေသးစိတ္ေမးခ်င္ပါတယ္"

ထန္မင္က ဝမ္းနည္းစြာေျပာသည္။ "မင္းသမီးႀကီးက အဲ့မတိုင္ခင္က မင္းသားငယ္ယြီကို အရမ္းခ်စ္ခဲ့တာ။ အဲ့လို႐ုတ္တရက္ႀကီး ေျပာင္းလဲသြားေတာ့ မင္းသားငယ္ယြီလည္း ေသခ်ာေပါက္ကို လန႔္သြားၿပီးေတာ့ စိတ္ရႈပ္သြားမွာပဲ။ သူေမြးကတည္းက သူ႔အေၾကာင္းနဲ႔ပတ္သတ္တဲ့ ေကာလာဟလေတြဆိုတာ ဘယ္တုန္းကမွ ေလ်ာ့မသြားခဲ့ဘူး။ မင္းသားငယ္ယြီလည္း ဒါကိုေတြးမိၿပီးေတာ့ သူ... အမွန္တရားကိုရွာဖို႔ ဆုံးျဖတ္လိုက္တယ္"

က်ဳံးဝမ္က အသက္ဝဝရႉလိုက္ရသည္။ သူ႔မ်က္ႏွာမွာ ျဖဴေဖ်ာ့ေနသည္။ "မင္းသမီးႀကီးရဲ႕ကေလးက တကယ္ပဲ..."

ထန္မင္က ပင့္သက္ရႈိက္သည္။ သူေခါင္းကိုရမ္းလ်က္ေျပာသည္။ "မဟုတ္ဘူး။ အဆိုးဆုံးကေတာ့ ဒါေတြအကုန္လုံးက တစ္ေယာက္ေယာက္ရဲ႕ ေထာင္ေခ်ာက္ေတြခ်ည္းပဲ။ မင္းသမီးႀကီးရဲ႕ကေလးက တကယ္ပဲ မင္းသမီးႀကီးဘက္က မေတာ္တဆတစ္ခုခုျဖစ္လို႔ ပ်က္က်သြားတာ။ ဒါေပမဲ့ မင္းသမီးႀကီး ဒီကိစၥကို အဆုံးထိ စုံစမ္းၿပီး အေၾကာင္းစုံသိသြားတဲ့အခ်ိန္က်ေတာ့ စကၠဴက မီးကိုမထိန္းခ်ဳပ္ႏိုင္ေတာ့ဘူး။ မင္းသားငယ္ယြီက... အမွန္တရားတစ္ခုလုံးကို သိၿပီးသြားၿပီ"

က်ဳံးဝမ္သည္ လက္ထဲရွိ ေႂကြထည္စေလးကို တင္းတင္းဆုပ္ကိုင္ထားမိသည္။ သူ႔ကိုယ္တြင္းအဂၤါတို႔မွာ ေနရာမ်ားေျပာင္းသြားသကဲ့သို႔ပင္။ က်ဳံးဝမ္ တိတ္တဆိတ္ ခံစားေနရသည္။ အခ်ိန္ေတာ္ေတာ္ၾကာၿပီးေနာက္တြင္မူ သူအနည္းငယ္ျပန္ေကာင္းလာခဲ့သည္။

ထိုအိမ္မွ ထြက္ခြာလာစဥ္ အေတြးတစ္ခုက က်ဳံးဝမ္ထံ ႐ုတ္ျခည္းေရာက္လာခဲ့သည္။ သူက ထန္မင္ကို ႐ုတ္ခနဲေမးလိုက္သည္။ "ဆရာတူအစ္ကိုေျပာသမွ် အရင္ကအေၾကာင္းေတြက က်စ္႐ုန္နဲ႔ပဲ ပတ္သတ္ေနတယ္။ ကြၽန္ေတာ္ သူ႔အတြက္လာခဲ့သလိုမ်ိဳး။ ဆရာတူအစ္ကို... ဘယ္လိုလုပ္ၿပီးမ်ား ကြၽန္ေတာ့္အေတြးေတြကို ရွင္းရွင္းလင္းလင္းသိေနရတာလဲ"

ထန္မင္က စိတ္ဆိုးသြားဟန္တူသည္။ "ဆရာတူညီေလးက ငါ့ကိုမယုံေသးဘူးပဲ။ ဒါေပမဲ့ ဒီေန႔ ငါပဲအားလုံးကိုေျပာသြားတယ္။ မင္းကေတာ့ လွ်ိဳ႕ဝွက္ခ်က္ေလးတစ္ခုေတာင္ ထုတ္မေျပာဘူး။ မင္းဘာကိုေၾကာက္ေနတာလဲ"

က်ဳံးဝမ္၏မ်က္လုံးတို႔မွာ စိုးရိမ္မကင္းျဖစ္သြားသည္။ "က်စ္႐ုန္နဲ႔ပတ္သတ္လာရင္ ကြၽန္ေတာ္ သတိမထားဘဲမေနႏိုင္ဘူး"

"ဒါငါတို႔ပထမဆုံးေတြ႕တာပဲ။ မင္းငါ့ကို သံသယျဖစ္ေနမယ္ဆိုတာ ျဖစ္သင့္ပါတယ္" ထန္မင္က က်ဳံးဝမ္ သတိအေနထားတြင္ရွိေနပုံကို ဂ႐ုမစိုက္ေပ။ သူကေျပာသည္။ "မင္းသားယြီေၾကာင့္ မင္းလာတာကို ငါသိေနတာဘာလို႔လဲဆိုေတာ့ ဆရာက ငါ့ကိုတစ္ခါကေျပာဖူးလို႔ပဲ..."

က်ဳံးဝမ္မွာ အလြန္ရင္ထိတ္သြားသည္။ "ဆရာက ဘာေျပာတာလဲ"

ထန္မင္က အနည္းငယ္ၿပဳံးလိုက္သည္။ "ဘာလို႔ဆို ဆရာကငါ့ကိုေျပာဖူးတယ္။ မင္း နန္းေတာ္မွာ ခ်န္အန္းမင္းသားအိမ္ေတာ္က မင္းသားေတြနဲ႔ စာသြားသင္ရတဲ့အခ်ိန္တုန္းက မင္းက စာကလြဲၿပီး ဘာကိုမွဂ႐ုမစိုက္ခဲ့ဘူးတဲ့။ မင္းက မာနလည္းႀကီး၊ စိတ္ႀကီးဝင္ၿပီးေတာ့ လူတိုင္းကို မတူမတန္သလိုဆက္ဆံတယ္။ ႁခြင္းခ်က္အေနနဲ႔... မင္းစိတ္လြင့္ေနတတ္တယ္။ စိတ္လြင့္ၿပီးေတာ့ က်စ္႐ုန္ကိုပဲ ေငးၾကည့္ေနတတ္တယ္"

20.8.2021

Thanks for reading

ဒီအပိုင္းက ရႈပ္လည္းရႈပ္တယ္၊ အရမ္းလည္း ရွည္တယ္ေနာ္။ ဇာတ္ရွိန္တက္လာၿပီ။

Continue Reading

You'll Also Like

329K 33.3K 131
ဘာသာပြန်သူ - စွဲညို့အသင်း
554K 99.8K 70
Author: Fly Far, 向远飞 Genre: Action, Comedy, Fantasy, Mecha, Romance, Sci-fi, Shounen Ai, Xuanhuan Status: 63 chapters + 4 extras Associated Name: 拜我...
121K 11.1K 82
ဘာသာပြန်သူ စွဲညို့အသင်း
173K 16.6K 154
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မွားယြင္းေသာ လက္ထ...