ထိုနှစ်များမှာ မြတ်နိုးဖွေရှာ

By Vera-Yu

353K 63.3K 4.7K

Original Title : 当年万里觅封侯 English Title : Those Years in Quest of Honor Mine Original Author : Man Man He Qi... More

Description
Prologue
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68
Part 69
Part 70
Part 71
Part 72
Part 73
Part 74
Part 75
Part 76
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
Part 88
Part 89
Part 90
Part 91
Part 92
Part 93
Part 94
Part 95
Part 96
Part 97
Part 98
Part 99
Part 100
Part 101
Part 102
Part 103
Extra 1
Extra 2

Part 36

2.6K 566 45
By Vera-Yu

Unicode

ယွီရှီက ခပ်သုတ်သုတ် ထွက်သွားတော့သည်။ ကျုံးဝမ်မှာ ယွီရှီ ထွက်သွားသည်ကိုကြည့်ရင်း ရယ်ချင်စိတ်ကို အောင့်ထားရသည်။

ကောင်းပြီလေ။ ဆယ်ရက်တစ်ကြိမ်က... နွားကျောင်းသားနဲ့ ရက်ကန်းသမ ဒဏ္ဍာရီ ထက်စာရင်တော့ နည်းနည်းပိုကောင်းပါသေးတယ်။

ကျုံးဝမ်လည်း ခပ်ဖြည်းဖြည်းပြန်လာခဲ့သည်။ နေရာသို့ပြန်ရောက်သော် ရွှမ်ကျင်းတို့မှာ အခြားနေရာသို့ရွှေ့ရန် ဖိတ်ကြားခံရပြီးဖြစ်သည်။ ကျုံးဝမ်သည် သူတို့ကို သေချာဂရုတစိုက်ဖြင့် ရှောင်ရှားခဲ့ပြီးနောက် ထိုလူတို့ကို ထပ်မတွေ့ရတော့ပေ။

ရွှမ်ကျင်းက သူ့ဆီက ဘာလိုချင်နေတာလဲ။

ကျုံးဝမ်သည် လင်စစ် သူ့ကိုပေးလိုက်သော စက္ကူလုံးလေးကိုကိုင်ရင်း ဆောက်တည်ရာမရဖြစ်နေသည်။ တတိယမင်းသားသေဆုံးပြီး သုံးပတ်မြောက်တွင် လင်စစ်ကို သူအခေါ်လွှတ်ခဲ့သည်။ သို့သော် နှစ်ရက်ကြာသွားသည့်တိုင် လင်စစ်မှာ ပေါ်မလာခဲ့။ ကျုံးဝမ်သည်လည်း မြို့တော်ရှိ သူ့လူတို့ကို စေလွှတ်ကာ တိတ်တဆိတ်စုံစမ်းခိုင်းခဲ့သည်။ အချက်အလက်များ ရမလာခင် လင်စစ် သူ့ထံလာခဲ့သည်။

ခါတိုင်းကဲ့သို့ပင် လင်စစ်သည် အိမ်တော်ကို ညအချိန်မှ ဝင်လာသည်။ သူ့ပုံစံမှာ ထူးထူးခြားခြားမရှိလှသဖြင့် ကျုံးဝမ်စိတ်အေးရသည်။ သူတို့နှစ်ဦးသည် အတွင်းဆောင်သို့ ဝင်လာကြပြီး ကျုံးဝမ်က လင်စစ်အတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်သည်။

လင်စစ်က ထိုခွက်ကို လက်နှစ်ဖက်ဖြင့် မြန်မြန်ယူလိုက်သည်။ ထို့နောက် ခွက်ကိုပြန်ချလိုက်ပြီး လက်ဟန်ပြသည်။ "ကျွန်တော် အရင်တစ်ခေါက်လာတုန်းက သေချာခြေစမဖျောက်နိုင်လိုက်လို့ စတုတ္ထမင်းသား သိသွားတယ်"

ကျုံးဝမ်၏မျက်နှာရှိ ခံစားချက်တို့ပြောင်းသွားရသည်။ သူဘာမှမပြောနိုင်ခင် လင်စစ်က လျင်လျင်မြန်မြန် လက်ဟန်ပြသည်။ "သခင်လေးက မင်းသားငယ်ယွီရဲ့အကြောင်းတွေကို ကွယ်ဝှက်ထားဖို့ ပြောခဲ့တယ်မလား။ ကျွန်တော့်မှာ ရွေးစရာမရှိဘဲ ပဉ္စမမင်းသားဆီက သတင်းတွေကို သခင်လေးက ပိတ်ထားတယ်လို့ ပြောလိုက်ရတယ်။ သခင်လေးကို သတင်းလာနှိုက်ပေမဲ့ မရခဲ့ဘူး။ ဒါကြောင့်မို့ ဒီလိုလာပြီး မင်းသားငယ်ယွီအကြောင်း လာရှာတာက အလဟဿဖြစ်သွားတယ်ပေါ့"

ကျုံးဝမ် ခပ်ကျယ်ကျယ် ရယ်မိသည်။ "ငါက ရွှမ်ကျင်း ငါ့ကိုဘာလို့ ရုတ်တရက်ကြီး တွေ့ချင်ရတာလဲလို့ စဉ်းစားနေတာ"

လင်စစ်က အလွန်အမင်း အားနာနေဟန်ရှိသည်။ "ကျွန်တော့်ရဲ့ ပေါ့ဆမှုကြောင့် သခင်လေးကို ဆွဲထည့်မိသွားပါတယ်"

"ကိစ္စမရှိဘူး။ ရွှမ်ကျင်းက ငါတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို မသိတာလည်းမဟုတ်ဘူး။ ပြီးတော့လည်း ငါ သူ့ကိုမကြောက်ဘူး" ရွှမ်ကျင်းနှင့် ယွီရှီတို့မှာ ကမ္ဘာ့ရန်ဘက်များဖြစ်ကြသော်လည်း ကျုံးဝမ်နှင့်မူ ဟန်ပြသူငယ်ချင်းအဖြစ်တော့ ရှိခဲ့ကြသည်။ သူတို့နှစ်ဦးမှာ နှစ်ပေါင်းများစွာကြာအောင် မတွေ့ခဲ့ကြရသော်လည်း လွယ်လင့်တကူ တိုက်ခိုက်ရမည်တော့မဟုတ်။ ကျုံးဝမ်မှာ ထူးထွေခံစားမနေရပေ။ "အရင်တစ်ခေါက်က ငါ ယွီရှီကို ရှာချင်ဇောကြီးသွားလို့ မင်းကိုပြောစရာ အရေးကြီးကိစ္စတွေ မေ့သွားတယ်။ အခု မင်းကို ငါအကုန်ပြောပြမယ်"

ကျုံးဝမ် ရပ်တန့်လိုက်သည်။ "ငါမြို့တော်ကို ရောက်ကတည်းက ယွီရှီရဲ့မွေးကိစ္စကို မင်း ခဏခဏ ပြောဖူးတယ်။ ဒီအကြောင်းတွေကို ရွှမ်ချုံရှာတွေ့ပြီး နောက်ပိုင်းမှာမှ မင်းတို့ရှာတွေ့တာမလား"

လင်စစ်က ရှုပ်ထွေးသွားသော်လည်း ခေါင်းညိတ်လိုက်သည်။

"ဒါဆို မင်းက ရွှမ်ချုံရဲ့လမ်းစဉ်နောက်က အလွယ်လိုက်နေတာလား၊ ဒါမှမဟုတ်..." ကျုံဝမ် ခေတ္တတိတ်ဆိတ်သွားသည်။ သူမေးလိုက်သည်။ "ဒါမှမဟုတ် ရွှမ်ချုံ မင်းတို့ကို ရှာတွေ့စေချင်တဲ့ဟာကိုပဲ ရှာတွေ့နေတာလား"

လင်စစ်၏မျက်နှာမှာ အနည်းငယ်ပြောင်းသွားသည်။

လင်စစ်က အနည်းငယ်တွေးနေပြီးနောက် လက်ဟန်ဖြင့်ပြန်ဖြေသည်။ "ပဉ္စမမင်းသားက ဒီလိုဇာတ်ကွက်မျိုး ဖန်တီးနိုင်မှာမဟုတ်ဘူး"

"သူဖြစ်ရမယ်လို့ ပြောချင်တာမဟုတ်ဘူး" ကျုံးဝမ်ပြုံးလိုက်သည်။ "ရွှမ်ချုံက အသုံးမကျဘူးဆိုတာ အမှန်ပဲ။ ဒါပေမဲ့ အသုံးမကျတဲ့လူနားမှာ ထက်မြက်တဲ့လူတွေ ဝန်းရံနေတတ်တယ် မဟုတ်လား။ အရင်က တစ်ခုခုမှားနေတယ်လို့ ငါမတွေးမိဘူး။ ယွီရှီကြောင့် အလုပ်ရှုပ်နေတာနဲ့ဆိုတော့ အပိုစဉ်းစားချိန်မရှိခဲ့ဘူး။ ဒါပေမဲ့ အခုအကြိမ်ရေများလာတာနဲ့ တစ်ယောက်ယောက်က ငါ့ကိုရှေ့ရောက်အောင် တွန်းပေးနေတယ်လို့ ခံစားလာရတယ်။ ငါနည်းနည်းစိတ်ရှုပ်လာမိပြီ"

လင်စစ်က မျက်မှောင်ကြုတ်သည်။ "တစ်ယောက်ယောက်က စတုတ္ထမင်းသားကို လက်ကိုင်ဓားလို သုံးနေတယ်လို့ သခင်လေး သံသယဝင်နေတာလား"

ကျုံးဝမ်သည်လည်း မသေချာပေ။ "လက်ကိုင်ဓားက ဘယ်သူလဲဆိုတာ ပြောဖို့ခက်တယ်။ ရွှမ်ကျင်းလည်း ဖြစ်နိုင်တယ်။ မင်းလည်းဖြစ်နိုင်တယ်။ ယွီရှီလည်း... ဖြစ်နိုင်တယ်"

"တတိယမင်းသားက ဆုံးသွားပြီ။ အခု ရွှမ်ချုံနဲ့ရွှမ်ကျင်းက အကျိုးအမြတ်ရချင်လို့ ယွီရှီကိုပြဿနာရှာဖို့ တစ်ယောက်နဲ့တစ်ယောက် စောင့်နေကြတယ်။ မင်းတို့က အမြဲတမ်း ရွှမ်ချုံရဲ့နောက်ကောက်ကျနေတယ်။ ဒီအခြေအနေက နည်းနည်းတစ်မျိုးပဲ" ကျုံးဝမ်၏မျက်ခုံးတို့မှာ စုကျုံ့နေသည်။ "ယွီရှီရဲ့မူလဇာတ်မြစ်က ထီးနန်းလုဖို့အတွက် အဓိကသော့ချက်ပဲ။ လူတိုင်းက သိချင်နေကြတဲ့အချိန်မှာ သတင်းများပေါက်ကြားသွားလို့ကတော့ ရွှမ်ကျင်းနဲ့ရွှမ်ချုံက အခွင့်ကောင်းယူကြမှာပဲ... ဒါအရမ်းသိသာလွန်းတယ်"

လင်စစ်ရဲ့မျက်နှာမှာ ရှုပ်ထွေးလာသည်။ "ဘာပဲနေနေ ဒါက အိမ်ရှေ့စံနေရာနဲ့ သက်ဆိုင်နေတာပဲ။ စတုတ္တမင်းသားက မင်းသားယွီနဲ့လည်း ဆိုင်တယ်ဆိုတာကို ကြားကတည်းက သတိကြီးကြီးထားနေတာ။ သူ့ကိုဘယ်သူမှ နားချလို့မရဘူး"

ကျုံးဝမ် နှုတ်ခမ်းတို့ကို တင်းတင်းပိတ်ထားမိသည်။ "သူတင်မကဘူး။ ငါတောင်မှ..."

လင်စစ်က ရပ်တန့်သွားသည်။ "သခင်လေးက ဘာလုပ်ချင်လို့လဲ။ သခင်လေးလည်း စုံစမ်းချင်လို့လား"

အကြံရချေပြီ။ လင်စစ်က မျက်မှောင်ကြုတ်လျက် လက်ဟန်ပြသည်။ "ဒါမှမဟုတ် သက်သေတွေအားလုံးကို သတ်ပစ်ချင်တာလား"

ကျုံးဝမ်၏ရည်ရွယ်ချက်တို့ အဖော်ခံလိုက်ရချေပြီ။ သူပြုံးလိုက်သည်။

ရွှမ်ကျင်းနှင့် ရွှမ်ချုံတို့မှာ ယခင်ကအကြောင်းများ သေချာနားလည်ချင်၍ ယွီရှီအကြောင်းစုံစမ်းနေကြသည်။ ကျုံးဝမ်မှာမူ ထိုသဲလွန်စဟောင်းတို့ကို လုံးဝချေဖျက်ချင်သည်။

ကျုံးဝမ်အတွက်တော့ ယွီရှီ၏အဖေမှာ မည်သူဖြစ်ဖြစ် အရေးမပါလှ။

ကျုံးဝမ်ကပြောသည်။ "စိတ်မပူနဲ့။ ငါ ရွှမ်ကျင်းကိုတော့ မထိခိုက်ပါဘူး... အခုလောလောဆယ် ငါ့ကိုနောက်ကနေ တွန်းနေတဲ့သူက ဘယ်သူလဲဆိုတာကို သိချင်တယ်"

ကျုံးဝမ် လင်စစ်ကို တစ်ချက်ကြည့်လိုက်သည်။ သူ့ပူပန်မှုများအကြောင်းပြီးနောက် အခြားအကြောင်းအရာကို ဆက်ပြောကြသည်။ "မင်းတို့လည်း နည်းနည်းပါးပါး ထူးဆန်းနေတယ်ဆိုပြီး မတွေးမိဘူးလား။ ယွီရှီက ငယ်ငယ်လေးနဲ့ ဒီလိုထိပ်တန်းလျှို့ဝှက်ချက်ကြီးကို ရှာတွေ့တာလဲ"

လင်စစ်မှာ အဖြေမရှိ။

ကျုံးဝမ် အခက်တွေ့သွားသည်။ ရွှမ်ကျင်းလို ဦးနှောက်မျိုးနဲ့... ရွှမ်ချုံတို့၊ ယွီရှီတို့နဲ့ ဘယ်လိုပြိုင်ပြီး ထီးနန်းလုမလဲ။

ကျုံးဝမ်က ဖြည်းဖြည်းပြောသည်။ "ဒါပေမဲ့ ယွီရှီ အမှန်ကိုသိသွားပြီး အမှန်တရားကို ခဏတာ လက်မခံနိုင်တာကတော့ တစ်ပိုင်းပေါ့။ အဲ့ဒါပြီးတော့ သူ့ရဲ့အပြုအမူအားလုံးက တစ်ယောက်ယောက်ရဲ့ ထိန်းချုပ်ခံထားရတာ ဖြစ်နိုင်လား"

"ယွီရှီ အေးစက်စာမှုန့်ကို ပထမဆုံးသိသွားတုန်းက အကြောင်းကို သေချာစုံစမ်းပေးဖို့ မင်းသားယွီအိမ်တော် အရံခြံဝန်းရဲ့ အိမ်တော်ထိန်းဖုန်ကို ငါအကူအညီတောင်းခဲ့တယ်" ကျုံးဝမ်က စကားပြောရပ်ကာ ရင်ထဲတွင် စုပုံလာသော ခံစားချက်အစိုင်အခဲတို့ကို ချေဖျက်နေသည်။ "အိမ်တော်ထိန်းဖုန်ပြောတာက ယွီရှီ အဲ့ကြောင်းကို ပထမဆုံးသိသွားတာက ရွှမ်ကျင်းရဲ့အိမ်တော်မှာတဲ့"

လင်စစ်က တောင့်တင်းသွားသည်။ သူက ခေါင်းကိုလျင်မြန်စွာရမ်းလျက် လက်ဟန်ပြသည်။ "စတုတ္ထမင်းသားက အဲ့ဒါတွေကို အရင်ကမစားခဲ့ဖူးဘူး"

"ဒါပေါ့၊ သူမစားဖူးဘူး" ကျုံးဝမ်၏မျက်လုံးတို့တွင် မကောင်းသော အငွေ့အသက်တို့ ဖြတ်သွားသည်။ "သူ့အိမ်တော်ရဲ့အစေခံတစ်ယောက်ပဲ။ တစ်နေ့မှာ သူ ခပ်ထွေထွေဖြစ်နေတုန်း ယွီရှီနဲ့ ဆုံတယ်။ အဲ့လူက ပုံမှန်စိတ် ဟုတ်ပုံမရဘူး။ အကြည့်တွေကလည်း မူမမှန်ဘူး။ ဒါကိုတွေ့တော့ ယွီရှီ နားမလည်နိုင်ဖြစ်သွားတယ်။ သူ့ဘေးနားမှာ ရှိတဲ့လူကိုမေးကြည့်တော့ အဲ့လူကရှင်းပြတယ်။ ပြီးတော့... ယွီရှီက အေးစက်စာမှုန့်ကို စသုံးတော့တာပဲ"

လင်စစ်က ခေတ္တတုန့်ဆိုင်းနေသည်။ "သခင်လေး၊ ကျွန်တော့်ကို ပွင့်ပွင့်လင်းလင်းပဲ ပြောခွင့်ပေးပါ။ မင်းသားငယ်ယွီသာ သူ့သဘောနဲ့သူ စားချင်စိတ်မရှိဘူးဆို ဘယ်သူမှ သူ့ကိုကျွေးလို့ရမှာ မဟုတ်ပါဘူး"

ဤအပြစ်ကို ရွှမ်ကျင်းထံသို့ တင်၍မရသည်ကို ကျုံးဝမ်လည်း သိသည်။ သို့တိုင်အောင် သူကပြောသည်။ "ဒါပေမဲ့ သူစိတ်မကောင်းနေတာကို တစ်ယောက်ယောက်ကသိပြီး ဒီဆေးမှုန့်ကိုသုံးရင် ခဏတော့ ဝမ်းနည်းနေတာတွေ ပျောက်တယ်ဆိုပြီး သက်သက်မဲ့ သွားပြောရင်ရော။ ယွီရှီက ဒါအဆိပ်ဖြစ်နိုင်တယ်ဆိုတာ မသိနိုင်ခဲ့လောက်ဘူး။ ဒါပေမဲ့ သူသတ်သေချင်တာကတော့ တစ်ပိုင်းပေါ့။ အပြင်လူတွေ သူ့ကိုဓားကမ်းတယ်ဆိုတာ သပ်သပ်ပဲ"

လင်စစ်ထံတွင် ငြင်းဆိုနိုင်စရာမရှိ။ သူကလက်ဟန်ပြသည်။ "ကျွန်တော် ဘာကိုမှတော့ သေချာမပြောဝံ့ပါဘူး။ ဒါပေမဲ့ စတုတ္ထမင်းသားက သူ့အလုပ်တွေကို ကွေ့ဝိုက်မနေတတ်ဘူး။ သူဒီလိုကိစ္စမျိုးကို မလုပ်နိုင်မှာ ကျွန်တော်စိုးရွံ့မိတယ်"

"ရွှမ်ကျင်းလုပ်တယ်လို့ ငါမပြောပါဘူး" ကျုံးဝမ်က အသံကိုနှိမ့်လျက် ဆက်ပြောသည်။ "အဲ့အချိန်က ငါ့ကို မြို့တော်မှာခေါ်ထားဖို့ ယွီရှီက ရွှမ်ချုံရဲ့အိမ်တော်ကိုသွားပြီး မြွေအလမ္ပာယ်ပြတာကို သွားကြည့်ခဲ့တယ်လို့ အိမ်တော်ထိန်းဖုန် ပြောဖူးတယ်။ မြွေတွေက အဆိပ်ရှိတာ သိသိနဲ့ မြွေတစ်ကောင်ကိုတောင် ကိုင်ခဲ့သေးတယ်။ လက်မှာတောင် အဲ့မြွေကိုက်တာ ခံလိုက်ရတယ်..."

ကျုံးဝမ်က လင်စစ်ကို ကြည့်လိုက်သည်။ "အဲ့အချိန်က ငါများများစားစား မတွေးခဲ့မိဘူး။ ဒါပေမဲ့ အခုသေသေချာချာ တွေးကြည့်မိမှ အရမ်းထူးဆန်းနေတယ်ဆိုတာ သတိထားမိတယ်။ မင်းကြီးရဲ့သားတော်တွေနဲ့ ဆွေတော်မျိုးတော်တွေရှေ့မှာ အဆိပ်ရှိမြွေတွေနဲ့ အလမ္ပာယ်ပြရလောက်အောင် မြွေအလမ္ပာယ်ဆရာက အဲ့လောက်သတ္တိရှိပါ့မလား"

လင်စစ်ကတန့်သွားသည်။ "ဒါဆို ပဉ္စမမင်းသားက... သူ့ကိုလုပ်ကြံတာလား"

"ငါအဲ့အချိန်ကို မှတ်မိတယ်။ အိမ်တော်ထိန်းဖုန်ပြောတာက အဲ့ဒါပြီးတော့ ရွှမ်ချုံက မင်းကြီးဆီမှာ အဆူခံရတယ်တဲ့" ကျုံးဝမ် မျက်လွှာချလိုက်သည်။ "ဒါတွေက ဖြစ်ခဲ့တာ အရမ်းကို ကြာနေပြီဆိုတော့ စုံစမ်းဖို့ရာ မဖြစ်နိုင်တော့ဘူး။ အမှန်တရားက အဲ့ကတည်းက ဖုံးကွယ်ထားခံရတယ်..."

လင်စစ်က ထိုအကြောင်းကို တွေးကြည့်ရင်း လက်ဟန်ပြသည်။ "တကယ်လို့ မင်းသားငယ်ယွီသာ သတ်သေချင်ရင် မရေမတွက်နိုင်တဲ့လူတွေက သူ့ကိုပံ့ပိုးပေးကြမှာပဲ။ ဘယ်လိုဖြစ်ဖြစ်..."

ဘယ်လိုဖြစ်ဖြစ် သူက လူတွေအများကြီးအတွက် အတားအဆီးဖြစ်နေတာ။

"ငါနားလည်ပါတယ်။ ဒါပေမဲ့ စိတ်တိုနေတုန်းပဲ..." ကျုံးဝမ်က ထပ်ပြောသည်။ "မေ့လိုက်ပါတော့။ အခုတော့ မီးတောက်ထဲ လောင်စာထည့်နေတာ ဘယ်သူလဲဆိုတာကိုပဲ သိချင်တယ်။ လင်စစ်၊ ငါ ရွှမ်ချုံကနေ စချင်တယ်"

ကျုံးဝမ်က ဖြည်းဖြည်းပြောသည်။ "ရွှမ်ချုံရဲ့နောက်ကနေ မှီလိုက်ပြီး သူ့အကျန်တွေကိုပဲ မသိချင်ဘူး"

လင်စစ်က ခံစားသွားရသည်။ "ဒီအရှုပ်အထွေးကြားထဲ ပါချင်တယ်ဆိုတာ သခင်လေးသေချာရဲ့လား"

ကျုံးဝမ်ပြုံးလိုက်သည်။ "ငါပါချင်တာမဟုတ်ဘူး၊ ငါက... ထားလိုက်ပါတော့။ ငါသေချာ ရှင်းပြလို့မရဘူး"

"ငါ့လူတချို့ ရွှမ်ချုံရဲ့အိမ်တော်မှာရှိတယ်။ ကြိုးစားကြည့်ကြတာပေါ့" ကျုံးဝမ်ကပြောသည်။ "ဘယ်လိုဖြစ်ဖြစ် သူတို့က မသင့်မမြတ်ဖြစ်ပြီးသားပဲ။ ကြောက်စရာ ဘာမှမရှိဘူး... တော်ဝင်သင်္ချိုင်းတော်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အစေခံတချို့ကိုပဲ အရင်လိုချင်တယ်"

လင်စစ်၏နှလုံးသားထဲ၌ ထိတ်လန့်တုန်လှုပ်သွားရသည်။ "ဘယ်လိုလဲ"

"လုပ်ဇာတ်လေးတွေ ဖန်တီးရမှာပေါ့။ ငါ့မှာ အစီအစဉ်ရှိတယ်" ကျုံးဝမ်က မျက်လွှာကိုချလျက် ခပ်အုပ်အုပ်အသံဖြင့် မေးသည်။ "...ပြောကြည့်၊ ပုရောဟိတ်ရှီက ဒီအကြောင်းတွေကို သိနေခဲ့မလားဆိုတာ"

လင်စစ်သည် ကျုံးဝမ်အဘယ်ကြောင့် ရှီကျင်းအကြောင်း ရုတ်တရက်ပြောနေလဲဆိုသည်ကို နားမလည်နိုင်။ ခေတ္တမျှတန့်သွားပြီးနောက်တွင် သူလက်ဟန်ပြလိုက်သည် "သူအသက်အရွယ်အရတော့ သိနိုင်ပါတယ်။ ဒါပေမဲ့ ပုရောဟိတ်ကြီးက လွန်ခဲ့တဲ့နှစ်တွေထဲက ဆုံးသွားပြီလေ၊ သခင်လေးဘာလို့မေးနေတာလဲ"

"သူမဆုံးခင်က ပုရောဟိတ်ကြီးက ငါ့ဆီကို စာတွေတစ်ခေါက်ပို့ခဲ့သေးတယ်။ သူ လူတွေကို ချန်ထားခဲ့တယ်တဲ့" ကျုံးဝမ်က သူ့ကိုယ်သူ လှောင်ရယ်လိုက်သည်။ "ငါက စိတ်ပျက်စရာပဲ။ ပုရောဟိတ်ကြီးက အနာဂတ်မှာ ငါထပ်စွပ်စွဲခံရမှာစိုးလို့ ငါ့ကိုအသက်ရှင်အောင် ကူညီပေးဖို့ လူတွေချန်ခဲ့တယ်။ ဒါပေမဲ့ သူတို့က ပုရောဟိတ်ကြီးရဲ့လူတွေဆိုတော့... သတင်းဟောင်းတွေကို သိလောက်တယ်"

ကျုံးဝမ် အသက်ပြင်းပြင်းရှူလိုက်မိသည်။ "ရွှမ်ချုံရဲ့ဘက်ကနေ သတင်းတွေက အရမ်းနည်းလွန်းတယ်။ ပြီးတော့ သတင်းတွေက အလုံးစုံယုံလို့မရဘူး။ ပုရောဟိတ်ကြီးဘက်ကနေ သတင်းအပိုလေးတွေ ငါရနိုင်လောက်တယ်"

"ရွှမ်ချုံဆီက သတင်းတွေခိုးနေတာကို ရွှမ်ကျင်းကို ရပ်ခိုင်းဖို့ဖြစ်နိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ ချင့်ချိန်ယုံဖို့တော့ သူ့ကိုသတိပေးလိုက်ပါ" ကျုံးဝမ်က အတော်လေးကို မြန်မြန်ပြောသည်။ "တစ်ယောက်ယောက်က ရွှမ်ကျင်းကို လက်ကိုင်ဓားလို သုံးချင်ရင် ရွှမ်ချုံကိုလည်း မသုံးနိုင်ဘူးလို့ ပြောလို့မရဘူး"

လင်စစ်က လက်ဟန်ပြသည်။ "သခင်လေး၊ တကယ်လို့ သခင်လေး မင်းသားငယ်ယွီရဲ့ အယုံအကြည်ကို နောင်များမှာ ရခဲ့ရင်..."

ကျုံးဝမ် ဟားတိုက်ရယ်မောမိသည်။ "ဒါဆိုရင်တော့ တချို့ကိစ္စတွေက တော်တော်လေးကို လွယ်ကူသွားမှာပဲ"

လင်စစ်က ဆက်၍လက်ဟန်ပြသည်။ "နောင်တစ်ချိန်မှာ တစ်ခုခုဖြစ်ခဲ့ရင် စတုတ္ထမင်းသား အသက်ရှင်နေစေဖို့ သခင်လေးကို တောင်းဆိုပါရစေ"

ကျုံးဝမ်ကပြုံးသည်။ "ကောင်းပြီလေ"

နောက်တစ်နေ့တွင် အိမ်တော်တွင်နေရန် နေမကောင်းကြောင်း အကြောင်းပြထားသော ရွှမ်စုန်ရှင်းမှာ စိတ်လက်ကြည်သာနေသည်။ အစေခံများကို အမိန့်ပေး၍ ချန်အန်းဒေသထွက် အစာသွပ်မုန့်များလုပ်စေသည်။ မုန့်များမှာ ပုံစံမျိုးစုံ အရွယ်မျိုးစုံဖြင့် များပြားလှသည်။

ကျုံးဝမ်သည် ပုရောဟိတ်ရှီ၏လူများနှင့် အချိန်းအချက်လုပ်ပြီးဖြစ်သည်။ သူအိမ်တော်သို့ ပြန်ရောက်သည်နှင့် စားပွဲပေါ်တွင် လှပသောမုန့်မျိုးစုံနှင့် ပြည့်နေသည်ကို တွေ့လိုက်ရသည်။ သူပြုံးလိုက်မိသည်။ "ဘယ်လိုလုပ်ပြီး ဒီမုန့်တွေလုပ်ဖို့ စိတ်ကူးရသွားတာလဲ"

"ရွှမ်ယွီက အိမ်နဲ့ အစ်ကိုကြီးကို လွမ်းနေတာ။ မနေ့က ဘယ်သူမှမရှိတုန်း သူငိုနေတာနဲ့" ရွှမ်စုန်ရှင်းမှာ သူ့မောင်ငိုနေသည်ကို မကြည့်ရက်နိုင်။ သူသည် အပြောဆိုးသလောက် နှလုံးနူးညံ့သည်။ "ချန်အန်းမု့န်လေးတွေလုပ်ပြီးတော့... သူ့ကိုပျော်စေချင်လို့"

ကျုံးဝမ်၏နှုတ်ခမ်းထက်တွင် အပြုံးတစ်ပွင့်ပေါ်လာသည်။ "အောင်မြင်သွားလား"

ရွှမ်စုန်ရှင်းက ရယ်လျက် ခေါင်းညိတ်သည်။ "ကျုံးဝမ်လည်း အိမ်ကိုလွမ်းနေမယ်ထင်လို့ အပိုလုပ်ထားတယ်။ ဒါတွေက ကျုံးဝမ်ရဲ့ဟာတွေပဲ"

ကျုံးဝမ် ပြုံးပြလိုက်ပြီး ချန်အန်းက တကယ်တမ်းမှာ ကျွန်တော့်အိမ်မဟုတ်ပါဘူး ဆိုသည့်စကားကိုမူ မျိုသိပ်ထားလိုက်သည်။ သူထိုင်လိုက်ပြီး မုန့်တစ်ခုချင်းစီတိုင်းကို မြည်းစမ်းကြည့်နေသည်။ သူချီးကျူးမိသည်။ "ပုံမှန်ဆိုရင်တော့ ဒီလိုမဖြစ်ပေမဲ့ ဒီမုန့်တွေမစားရတာ လချီနေတော့ အရမ်းအရသာရှိတယ်လို့ ခံစားရတယ်"

စားနေရင်းဖြင့် ကျုံးဝမ်က ပြောသည်။ "မုန့်နည်းနည်းကို လက်ဆောင်ပေးလိုက်လို့ရမလား"

ရွှမ်စုန်ရှင်း၏နှုတ်ခမ်းတို့မှာ အနည်းငယ်ကွေးသွားသည်။ "မရီးလေးကို ပေးဖို့လား"

ကျုံးဝမ်က ပြုံးလိုက်သော်လည်း ပြန်မဖြေပေ။ ရွှမ်စုန်ရှင်းသည် ချစ်သူတို့အကြောင်း ဆက်မေးရမှာကို ရှက်လွန်းလှသည်။ သူထွက်လာကာ လှပသေသပ်သော ဘူးကိုကိုယ်တိုင်ရွေးလျက် ကျုံးဝမ်၏ခြံဝန်းထံသို့ ပို့ပေးရန် အစေခံများကို စေခိုင်းလိုက်သည်။

ကျုံးဝမ်သည်လည်း ထိုဘူးကို မင်းသားယွီအိမ်တော်၏ အရံခြံဝန်းသို့ ပို့ခိုင်းလိုက်တော့သည်။ လေးနာရီပင်မကြာလိုက်၊ ထိုဘူးမှာ ပိတ်လျက်သား ပြန်ရောက်လာခဲ့သည်။

ကျုံးဝမ် မျက်မှောင်ကြုတ်လိုက်မိသည်။ ယွီရှီက... ငါ့ရဲ့လက်ဆောင်ကို မစားဘူးလို့ ဆိုလိုချင်တာလား"

ယွီရှီက စိတ်ပူလွန်နေတာလား၊ ငါ့ကိုမယုံတာလား။

ဘူးပြန်လာပို့သော အိမ်တော်စစ်သည်မှာ အရပ်အလွန်ရှည်ပြီး ကြံ့ခိုင်ဖွံ့ဖြိုးသည်။ သူ့ကို မြင်ဖူးနေသည်ဟု ကျုံးဝမ်ခံစားနေရသည်။ သူ တွန့်တွန့်ဆုတ်ဆုတ်ဖြင့် မေးလိုက်သည်။ "မင်းသားငယ်ယွီက မလိုချင်ဘူးတဲ့လား"

"သခင်လေးကျုံး စိတ်ပူဖို့ မလိုပါဘူး" အိမ်တော်စစ်သည်က ဘူးကို စားပွဲပေါ်သို့ လက်နှစ်ဖက်ဖြင့် တင်လိုက်ပြီး နောက်သို့ခြေနှစ်လှမ်းဆုတ်လိုက်သည်။ "ကျွန်တော်တို့ ဆက်ခံသူပြောတာက အချိန်ဆယ်ရက်မပြည့်သေးလို့ သခင်လေးကျုံးအနေနဲ့ ကိုယ့်သဘောနဲ့ကိုယ် ဆက်ခံသူကို မဆက်သွယ်ရဘူးတဲ့"

ကျုံးဝမ်၏နှုတ်မှ စကားတစ်ခွန်းပင် ထွက်မလာခဲ့တော့။

သူသည် ထို'ဆယ်ရက်တစ်ကြိမ်' ကိစ္စကို မေ့၍ပင်နေလေပြီ။ ယွီရှီ နောက်နေခဲ့သည်သာ မဟုတ်ပေဘူးလား။

ကျုံးဝမ် ဆွံ့အသွားရသည်။ "ဒါက အစာသွပ်မုန့်သပ်သပ်ပါပဲ..."

မိသားစုစစ်သည်မှာ ဘာဖြစ်နေသည်ဆိုသည်ကို လုံးဝမသိ။ ယွီရှီ သူ့ကိုမှာလိုက်သော စကားတို့ကိုသာ ကြက်တူရွေးနှုတ်တိုက် ရွတ်ပြနေသည်။ "ဒီလိုမဖြစ်ပါဘူး။ စည်းကမ်းက စည်းကမ်းပါပဲ"

ကျုံးဝမ်သည် ဒေါသကြောင့်မူးဝေလာသည်။ တုန်ယီနေသော လက်တို့ဖြင့် လက်ဖက်ရည်ခွက်ကို ကိုင်ကာ အနည်းငယ်သောက်လိုက်သည်။

အိမ်တော်စစ်သည်က ထပ်ဖြည့်ပြောသည်။ "ဒါပေမဲ့ ဒီမုန့်ဘူးကို မြင်ပြီးတော့ ကျွန်တော်တို့ ဆက်ခံသူက ကျေနပ်သွားတဲ့ပုံပါပဲ။ ဒါကြောင့် ဆက်ခံသူကပြောတယ်။ နောက်ကျရင် သခင်လေးကျုံး လိမ်လိမ်မာမာနေရင် အချိန်ကို ဆယ်ရက်ကနေ ကိုးရက်ကို လျှော့ပေးကောင်းလျှော့ပေးနိုင်တယ်တဲ့"

ထပ်မံ၍ ကျုံးဝမ် ဆွံ့အသွားရပြန်သည်။

မင်းသားငယ်ယွီက လူတွေကို ဘယ်အချိန်မှာ အပြစ်ပေးရမယ်၊ ဘယ်အချိန်မှာ ဆုချရမယ်ဆိုတာကို ကောင်းကောင်းသိတာပဲ။

အိမ်တော်စစ်သည်က အလေးအနက်ပြောသည်။ "သခင်လေးကျုံး ဒီဘူးကို ပြန်ယူထားလိုက်ဖို့ ကျွန်တော် တောင်းဆိုပါရစေ။ ဒါပေမဲ့ သခင်လေးကျုံး စိတ်ပျက်ဖို့ မလိုပါဘူး။ ကျွန်တော် ဆက်ခံသူကို သေချာလေး မေးကြည့်တော့ နောက်ငါးရက်နေမှ သခင်လေး ဒီဘူးကို ပို့လို့ရမယ်လို့ ဆက်ခံသူက ပြောပါတယ်"

ကျုံးဝမ်က အားမရှိစွာပြောသည်။ "ငါ ငါးရက်အထိ မစောင့်နိုင်ဘူး။ နောက်နေ့ဆိုရင် ဒီမုန့်တွေက မကောင်းတော့ဘူး"

အိမ်တော်စစ်သည်က တောင့်ခဲသွားသည်။ "ဒါပေမဲ့ စည်းကမ်းက... ဒီလိုပဲသတ်မှတ်ထားပါတယ်။ သခင်လေးကျုံး ရှင်းပြချင်တာများ ရှိသေးလား"

ကျုံးဝမ် ခေါင်းခါသည်။ "ငါ့မှာ။ ဘာမှပြောစရာမရှိတော့ဘူး"

အိမ်တော်စစ်သည်က ဒူးတစ်ဖက်ထောက်လိုက်ပြီး ပြန်ထကာ ထွက်သွားတော့သည်။

ကျုံးဝမ်သည် ပြန်ရောက်လာသော မုန့်ဘူးကို စိုက်ကြည့်နေမိသည်။ အချိန်တော်တော်ကြာသည်အထိ သူဆွံ့အနေမိသည်။

သူ့မှာတော့ ယွီရှီအကြောင်းတွေးကာ နေ့စဉ်မပျက် မောပန်းလျက် စိတ်ဖိအားများနေရသည်။ သို့သော် ယွီရှီကမူ နေ့တိုင်း မည်သည့်အရာများကိုပဲ လုပ်နေခဲ့သနည်း။

ဒီအကြောင်းကို ထားလိုက်ပါဦး။ နောက်ကျလို့များ ယွီရှီ ကြင်ယာတော်ယွီနဲ့ လက်ထပ်ပြီးသွားရင် သူ့ကြင်ယာတော်အတွက် စည်းကမ်းပေါင်း သောင်းခြောက်ထောင် ထုတ်နေဦးမှာလား။

မင်္ဂလာဦးညမှာ ယွီရှီက မျက်နှာကြီးမှုန်သုန်ပြီးတော့ သူ့ကြင်ယာတော်ကို စည်းကမ်းတွေ သတ်မှတ်နေမှာလား။ ဆယ်ရက်တစ်ကြိမ် ငါ့အိပ်ရာမှာ ငါနဲ့အတူ လှဲလို့ရမယ်။ တခြားကိစ္စတွေက ဆွေးနွေးခွင့်မရှိ။

လက်ထပ်ပြီး ဆယ်နှစ်နေလို့ ကြင်ယာတော်ယွီ ကောင်းကောင်းမွန်မွန်နေထိုင်ရင် ယွီရှီ သူ့ကို အပိုဆုချီးမြှင့်လိမ့်မယ်။ အခုကစပြီး ခုနစ်ရက်ပြည့်တိုင်း ငါ့ကိုတစ်ကြိမ်လာတွေ့လို့ရမယ်။

နှစ်နှစ်ဆယ်ကြာရင်တော့ ယွီရှီနဲ့ လက်ကိုင်ဖို့ ကြင်ယာတော်ယွီကို ကံကမျက်နှာသာပေးကောင်းရဲ့။

နှစ်သုံးဆယ်ကြာပြီးနောက်မှာ ယွီရှီက နမ်းဖို့ကို လက်ခံမယ်။

ယခင်က ကျုံးဝမ်သည် တချို့လူများက ဖြည်းဖြည်းဆေးဆေးလုပ်ရတာ ကြိုက်သည်ကို ကြားဖူးခဲ့သည်။ သိုသော် ယွီရှီကဲ့သို့ နှေးကွေးသော လူမျိုးရှိလိမ့်မည်ဟု သူမထင်ခဲ့။

ဒီလိုနှုန်းမျိုးနဲ့ဆို နှစ်သုံးဆယ်ကြာမှ နမ်းနိုင်ရင် ဒါဆို... ဒါဆို...

အဲ့ဒါ ကရော ဘယ်လိုလဲ။

ယွီရှီရဲ့ အစီအစဉ်က ဘာလဲ။

လူ့သက်တမ်းကုန်ခါနီးမှ ကြင်ယာတော်ယွီက အတားအဆီးတွေကို ကျော်ဖြတ်ပြီးတော့ ယွီရှီရဲ့နှစ်ဆယ်ချီ စာမေးပွဲတွေကို အောင်နိုင်မှာလား။ ဒီလိုအခက်အခဲတွေ ကျော်လွန်ပြီးမှ ယွီရှီရဲ့ ယုံကြည်မှုကို ရပြီးတော့ သူနဲ့... ဖို့ ခွင့်ပြုချက်ရမှာလား။

ဤသည်မှာ တစ်ဘဝလုံးနှင့်ရင်းပြီး လူတစ်ယောက်ကို စစ်ဆေးနေခြင်းဖြစ်သည်။

ကျုံးဝမ် မျှော်လင့်ချက်မဲ့စွာ တွေးမိသည်။ ယွီရှီရဲ့စိတ်ထဲမှာ အဲ့လိုခန္ဓာကိုယ်ချင်း နှီးနှောတဲ့ကိစ္စမျိုးက တစ်သက်မှာ တစ်ခါပဲ လုပ်ရမှာများလား။

ဘဝတစ်လျှောက်လုံးတွင်မှ တစ်ကြိမ်သာ လိင်အမှုကိစ္စ ဆောင်ရွက်ခြင်း။

ကျုံးဝမ်မှာ ကတုန်ကယင်ဖြင့် ဘူးကိုဖွင့်လိုက်သည်။ မုန့်တစ်ခုကို တစ်ကိုက်ကိုက်ကာ သူရေရွတ်မိသည်။ "မင်းသားငယ်ယွီက သူ့ရဲ့ပထမဆုံးအကြိမ်ကို တကယ်အလေးထားတာပဲ..."

16.8.2021

Thanks for reading

T/N - မသိသေးတဲ့သူတွေအတွက် ရည်ညွှန်းပါတယ်။ နွားကျောင်းသားနဲ့ ရက်ကန်းသမဒဏ္ဍာရီက အကျဉ်းချုပ်ပြောရရင် နွားကျောင်းသားနဲ့ နတ်သမီးခုနစ်ဖော်ထဲက အထွေးဆုံးညီမလေးနဲ့ ဇာတ်လမ်းပေါ့။ နောက်ကျ နတ်သမီးတို့ရဲ့မယ်တော်ကခွဲလို့ ကွဲကွာရတဲ့အခါ ကောင်းကင်မြစ်နဲ့ ခြားနေခဲ့ကြပြီးတော့ တစ်နှစ်တစ်ခါပဲ တွေ့ကြရတယ်တဲ့။ တရုတ်ပြက္ခဒိန် ခုနစ်လမြောက်လရဲ့ ခုနစ်ရက်မြောက်နေ့မှာ ငှက်ကျားတံတားပေါ်မှာ ချစ်သူနှစ်ဦး ဆုံစည်းကြလို့ အဲ့နေ့မှာ Qixi festival တရုတ်ချစ်သူများနေ့ကို ကျင်းပကြတယ်။ ဒီနှစ်ဆိုရင်တော့ တမြန်မနေ့ရှစ်လပိုင်း ဆယ့်လေးရက်နေ့ကပေါ့။

စကားမစပ် ဆွံ့အအောင် အလုပ်နိုင်ဆုံးဆုကို ယွီရှီကို ပေးရမယ်နော် (≧▽≦)


Zawgyi

ယြီရွီက ခပ္သုတ္သုတ္ ထြက္သြားေတာ့သည္။ က်ဳံးဝမ္မွာ ယြီရွီ ထြက္သြားသည္ကိုၾကည့္ရင္း ရယ္ခ်င္စိတ္ကို ေအာင့္ထားရသည္။

ေကာင္းၿပီေလ။ ဆယ္ရက္တစ္ႀကိမ္က... ႏြားေက်ာင္းသားနဲ႔ ရက္ကန္းသမ ဒ႑ာရီ ထက္စာရင္ေတာ့ နည္းနည္းပိုေကာင္းပါေသးတယ္။

က်ဳံးဝမ္လည္း ခပ္ျဖည္းျဖည္းျပန္လာခဲ့သည္။ ေနရာသို႔ျပန္ေရာက္ေသာ္ ႐ႊမ္က်င္းတို႔မွာ အျခားေနရာသို႔ေ႐ႊ႕ရန္ ဖိတ္ၾကားခံရၿပီးျဖစ္သည္။ က်ဳံးဝမ္သည္ သူတို႔ကို ေသခ်ာဂ႐ုတစိုက္ျဖင့္ ေရွာင္ရွားခဲ့ၿပီးေနာက္ ထိုလူတို႔ကို ထပ္မေတြ႕ရေတာ့ေပ။

႐ႊမ္က်င္းက သူ႔ဆီက ဘာလိုခ်င္ေနတာလဲ။

က်ဳံးဝမ္သည္ လင္စစ္ သူ႔ကိုေပးလိုက္ေသာ စကၠဴလုံးေလးကိုကိုင္ရင္း ေဆာက္တည္ရာမရျဖစ္ေနသည္။ တတိယမင္းသားေသဆုံးၿပီး သုံးပတ္ေျမာက္တြင္ လင္စစ္ကို သူအေခၚလႊတ္ခဲ့သည္။ သို႔ေသာ္ ႏွစ္ရက္ၾကာသြားသည့္တိုင္ လင္စစ္မွာ ေပၚမလာခဲ့။ က်ဳံးဝမ္သည္လည္း ၿမိဳ႕ေတာ္ရွိ သူ႔လူတို႔ကို ေစလႊတ္ကာ တိတ္တဆိတ္စုံစမ္းခိုင္းခဲ့သည္။ အခ်က္အလက္မ်ား ရမလာခင္ လင္စစ္ သူ႔ထံလာခဲ့သည္။

ခါတိုင္းကဲ့သို႔ပင္ လင္စစ္သည္ အိမ္ေတာ္ကို ညအခ်ိန္မွ ဝင္လာသည္။ သူ႔ပုံစံမွာ ထူးထူးျခားျခားမရွိလွသျဖင့္ က်ဳံးဝမ္စိတ္ေအးရသည္။ သူတို႔ႏွစ္ဦးသည္ အတြင္းေဆာင္သို႔ ဝင္လာၾကၿပီး က်ဳံးဝမ္က လင္စစ္အတြက္ လက္ဖက္ရည္တစ္ခြက္ ငွဲ႔ေပးလိုက္သည္။

လင္စစ္က ထိုခြက္ကို လက္ႏွစ္ဖက္ျဖင့္ ျမန္ျမန္ယူလိုက္သည္။ ထို႔ေနာက္ ခြက္ကိုျပန္ခ်လိုက္ၿပီး လက္ဟန္ျပသည္။ "ကြၽန္ေတာ္ အရင္တစ္ေခါက္လာတုန္းက ေသခ်ာေျခစမေဖ်ာက္ႏိုင္လိုက္လို႔ စတုတၳမင္းသား သိသြားတယ္"

က်ဳံးဝမ္၏မ်က္ႏွာရွိ ခံစားခ်က္တို႔ေျပာင္းသြားရသည္။ သူဘာမွမေျပာႏိုင္ခင္ လင္စစ္က လ်င္လ်င္ျမန္ျမန္ လက္ဟန္ျပသည္။ "သခင္ေလးက မင္းသားငယ္ယြီရဲ႕အေၾကာင္းေတြကို ကြယ္ဝွက္ထားဖို႔ ေျပာခဲ့တယ္မလား။ ကြၽန္ေတာ့္မွာ ေ႐ြးစရာမရွိဘဲ ပၪၥမမင္းသားဆီက သတင္းေတြကို သခင္ေလးက ပိတ္ထားတယ္လို႔ ေျပာလိုက္ရတယ္။ သခင္ေလးကို သတင္းလာႏႈိက္ေပမဲ့ မရခဲ့ဘူး။ ဒါေၾကာင့္မို႔ ဒီလိုလာၿပီး မင္းသားငယ္ယြီအေၾကာင္း လာရွာတာက အလဟႆျဖစ္သြားတယ္ေပါ့"

က်ဳံးဝမ္ ခပ္က်ယ္က်ယ္ ရယ္မိသည္။ "ငါက ႐ႊမ္က်င္း ငါ့ကိုဘာလို႔ ႐ုတ္တရက္ႀကီး ေတြ႕ခ်င္ရတာလဲလို႔ စဥ္းစားေနတာ"

လင္စစ္က အလြန္အမင္း အားနာေနဟန္ရွိသည္။ "ကြၽန္ေတာ့္ရဲ႕ ေပါ့ဆမႈေၾကာင့္ သခင္ေလးကို ဆြဲထည့္မိသြားပါတယ္"

"ကိစၥမရွိဘူး။ ႐ႊမ္က်င္းက ငါတို႔ႏွစ္ေယာက္ရဲ႕ ဆက္ဆံေရးကို မသိတာလည္းမဟုတ္ဘူး။ ၿပီးေတာ့လည္း ငါ သူ႔ကိုမေၾကာက္ဘူး" ႐ႊမ္က်င္းႏွင့္ ယြီရွီတို႔မွာ ကမာၻ႔ရန္ဘက္မ်ားျဖစ္ၾကေသာ္လည္း က်ဳံးဝမ္ႏွင့္မူ ဟန္ျပသူငယ္ခ်င္းအျဖစ္ေတာ့ ရွိခဲ့ၾကသည္။ သူတို႔ႏွစ္ဦးမွာ ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ မေတြ႕ခဲ့ၾကရေသာ္လည္း လြယ္လင့္တကူ တိုက္ခိုက္ရမည္ေတာ့မဟုတ္။ က်ဳံးဝမ္မွာ ထူးေထြခံစားမေနရေပ။ "အရင္တစ္ေခါက္က ငါ ယြီရွီကို ရွာခ်င္ေဇာႀကီးသြားလို႔ မင္းကိုေျပာစရာ အေရးႀကီးကိစၥေတြ ေမ့သြားတယ္။ အခု မင္းကို ငါအကုန္ေျပာျပမယ္"

က်ဳံးဝမ္ ရပ္တန႔္လိုက္သည္။ "ငါၿမိဳ႕ေတာ္ကို ေရာက္ကတည္းက ယြီရွီရဲ႕ေမြးကိစၥကို မင္း ခဏခဏ ေျပာဖူးတယ္။ ဒီအေၾကာင္းေတြကို ႐ႊမ္ခ်ဳံရွာေတြ႕ၿပီး ေနာက္ပိုင္းမွာမွ မင္းတို႔ရွာေတြ႕တာမလား"

လင္စစ္က ရႈပ္ေထြးသြားေသာ္လည္း ေခါင္းညိတ္လိုက္သည္။

"ဒါဆို မင္းက ႐ႊမ္ခ်ဳံရဲ႕လမ္းစဥ္ေနာက္က အလြယ္လိုက္ေနတာလား၊ ဒါမွမဟုတ္..." က်ဳံဝမ္ ေခတၱတိတ္ဆိတ္သြားသည္။ သူေမးလိုက္သည္။ "ဒါမွမဟုတ္ ႐ႊမ္ခ်ဳံ မင္းတို႔ကို ရွာေတြ႕ေစခ်င္တဲ့ဟာကိုပဲ ရွာေတြ႕ေနတာလား"

လင္စစ္၏မ်က္ႏွာမွာ အနည္းငယ္ေျပာင္းသြားသည္။

လင္စစ္က အနည္းငယ္ေတြးေနၿပီးေနာက္ လက္ဟန္ျဖင့္ျပန္ေျဖသည္။ "ပၪၥမမင္းသားက ဒီလိုဇာတ္ကြက္မ်ိဳး ဖန္တီးႏိုင္မွာမဟုတ္ဘူး"

"သူျဖစ္ရမယ္လို႔ ေျပာခ်င္တာမဟုတ္ဘူး" က်ဳံးဝမ္ၿပဳံးလိုက္သည္။ "႐ႊမ္ခ်ဳံက အသုံးမက်ဘူးဆိုတာ အမွန္ပဲ။ ဒါေပမဲ့ အသုံးမက်တဲ့လူနားမွာ ထက္ျမက္တဲ့လူေတြ ဝန္းရံေနတတ္တယ္ မဟုတ္လား။ အရင္က တစ္ခုခုမွားေနတယ္လို႔ ငါမေတြးမိဘူး။ ယြီရွီေၾကာင့္ အလုပ္ရႈပ္ေနတာနဲ႔ဆိုေတာ့ အပိုစဥ္းစားခ်ိန္မရွိခဲ့ဘူး။ ဒါေပမဲ့ အခုအႀကိမ္ေရမ်ားလာတာနဲ႔ တစ္ေယာက္ေယာက္က ငါ့ကိုေရွ႕ေရာက္ေအာင္ တြန္းေပးေနတယ္လို႔ ခံစားလာရတယ္။ ငါနည္းနည္းစိတ္ရႈပ္လာမိၿပီ"

လင္စစ္က မ်က္ေမွာင္ၾကဳတ္သည္။ "တစ္ေယာက္ေယာက္က စတုတၳမင္းသားကို လက္ကိုင္ဓားလို သုံးေနတယ္လို႔ သခင္ေလး သံသယဝင္ေနတာလား"

က်ဳံးဝမ္သည္လည္း မေသခ်ာေပ။ "လက္ကိုင္ဓားက ဘယ္သူလဲဆိုတာ ေျပာဖို႔ခက္တယ္။ ႐ႊမ္က်င္းလည္း ျဖစ္ႏိုင္တယ္။ မင္းလည္းျဖစ္ႏိုင္တယ္။ ယြီရွီလည္း... ျဖစ္ႏိုင္တယ္"

"တတိယမင္းသားက ဆုံးသြားၿပီ။ အခု ႐ႊမ္ခ်ဳံနဲ႔႐ႊမ္က်င္းက အက်ိဳးအျမတ္ရခ်င္လို႔ ယြီရွီကိုျပႆနာရွာဖို႔ တစ္ေယာက္နဲ႔တစ္ေယာက္ ေစာင့္ေနၾကတယ္။ မင္းတို႔က အၿမဲတမ္း ႐ႊမ္ခ်ဳံရဲ႕ေနာက္ေကာက္က်ေနတယ္။ ဒီအေျခအေနက နည္းနည္းတစ္မ်ိဳးပဲ" က်ဳံးဝမ္၏မ်က္ခုံးတို႔မွာ စုက်ဳံ႕ေနသည္။ "ယြီရွီရဲ႕မူလဇာတ္ျမစ္က ထီးနန္းလုဖို႔အတြက္ အဓိကေသာ့ခ်က္ပဲ။ လူတိုင္းက သိခ်င္ေနၾကတဲ့အခ်ိန္မွာ သတင္းမ်ားေပါက္ၾကားသြားလို႔ကေတာ့ ႐ႊမ္က်င္းနဲ႔႐ႊမ္ခ်ဳံက အခြင့္ေကာင္းယူၾကမွာပဲ... ဒါအရမ္းသိသာလြန္းတယ္"

လင္စစ္ရဲ႕မ်က္ႏွာမွာ ရႈပ္ေထြးလာသည္။ "ဘာပဲေနေန ဒါက အိမ္ေရွ႕စံေနရာနဲ႔ သက္ဆိုင္ေနတာပဲ။ စတုတၱမင္းသားက မင္းသားယြီနဲ႔လည္း ဆိုင္တယ္ဆိုတာကို ၾကားကတည္းက သတိႀကီးႀကီးထားေနတာ။ သူ႔ကိုဘယ္သူမွ နားခ်လို႔မရဘူး"

က်ဳံးဝမ္ ႏႈတ္ခမ္းတို႔ကို တင္းတင္းပိတ္ထားမိသည္။ "သူတင္မကဘူး။ ငါေတာင္မွ..."

လင္စစ္က ရပ္တန႔္သြားသည္။ "သခင္ေလးက ဘာလုပ္ခ်င္လို႔လဲ။ သခင္ေလးလည္း စုံစမ္းခ်င္လို႔လား"

အႀကံရေခ်ၿပီ။ လင္စစ္က မ်က္ေမွာင္ၾကဳတ္လ်က္ လက္ဟန္ျပသည္။ "ဒါမွမဟုတ္ သက္ေသေတြအားလုံးကို သတ္ပစ္ခ်င္တာလား"

က်ဳံးဝမ္၏ရည္႐ြယ္ခ်က္တို႔ အေဖာ္ခံလိုက္ရေခ်ၿပီ။ သူၿပဳံးလိုက္သည္။

႐ႊမ္က်င္းႏွင့္ ႐ႊမ္ခ်ဳံတို႔မွာ ယခင္ကအေၾကာင္းမ်ား ေသခ်ာနားလည္ခ်င္၍ ယြီရွီအေၾကာင္းစုံစမ္းေနၾကသည္။ က်ဳံးဝမ္မွာမူ ထိုသဲလြန္စေဟာင္းတို႔ကို လုံးဝေခ်ဖ်က္ခ်င္သည္။

က်ဳံးဝမ္အတြက္ေတာ့ ယြီရွီ၏အေဖမွာ မည္သူျဖစ္ျဖစ္ အေရးမပါလွ။

က်ဳံးဝမ္ကေျပာသည္။ "စိတ္မပူနဲ႔။ ငါ ႐ႊမ္က်င္းကိုေတာ့ မထိခိုက္ပါဘူး... အခုေလာေလာဆယ္ ငါ့ကိုေနာက္ကေန တြန္းေနတဲ့သူက ဘယ္သူလဲဆိုတာကို သိခ်င္တယ္"

က်ဳံးဝမ္ လင္စစ္ကို တစ္ခ်က္ၾကည့္လိုက္သည္။ သူ႔ပူပန္မႈမ်ားအေၾကာင္းၿပီးေနာက္ အျခားအေၾကာင္းအရာကို ဆက္ေျပာၾကသည္။ "မင္းတို႔လည္း နည္းနည္းပါးပါး ထူးဆန္းေနတယ္ဆိုၿပီး မေတြးမိဘူးလား။ ယြီရွီက ငယ္ငယ္ေလးနဲ႔ ဒီလိုထိပ္တန္းလွ်ိဳ႕ဝွက္ခ်က္ႀကီးကို ရွာေတြ႕တာလဲ"

လင္စစ္မွာ အေျဖမရွိ။

က်ဳံးဝမ္ အခက္ေတြ႕သြားသည္။ ႐ႊမ္က်င္းလို ဦးေႏွာက္မ်ိဳးနဲ႔... ႐ႊမ္ခ်ဳံတို႔၊ ယြီရွီတို႔နဲ႔ ဘယ္လိုၿပိဳင္ၿပီး ထီးနန္းလုမလဲ။

က်ဳံးဝမ္က ျဖည္းျဖည္းေျပာသည္။ "ဒါေပမဲ့ ယြီရွီ အမွန္ကိုသိသြားၿပီး အမွန္တရားကို ခဏတာ လက္မခံႏိုင္တာကေတာ့ တစ္ပိုင္းေပါ့။ အဲ့ဒါၿပီးေတာ့ သူ႔ရဲ႕အျပဳအမူအားလုံးက တစ္ေယာက္ေယာက္ရဲ႕ ထိန္းခ်ဳပ္ခံထားရတာ ျဖစ္ႏိုင္လား"

"ယြီရွီ ေအးစက္စာမႈန႔္ကို ပထမဆုံးသိသြားတုန္းက အေၾကာင္းကို ေသခ်ာစုံစမ္းေပးဖို႔ မင္းသားယြီအိမ္ေတာ္ အရံၿခံဝန္းရဲ႕ အိမ္ေတာ္ထိန္းဖုန္ကို ငါအကူအညီေတာင္းခဲ့တယ္" က်ဳံးဝမ္က စကားေျပာရပ္ကာ ရင္ထဲတြင္ စုပုံလာေသာ ခံစားခ်က္အစိုင္အခဲတို႔ကို ေခ်ဖ်က္ေနသည္။ "အိမ္ေတာ္ထိန္းဖုန္ေျပာတာက ယြီရွီ အဲ့ေၾကာင္းကို ပထမဆုံးသိသြားတာက ႐ႊမ္က်င္းရဲ႕အိမ္ေတာ္မွာတဲ့"

လင္စစ္က ေတာင့္တင္းသြားသည္။ သူက ေခါင္းကိုလ်င္ျမန္စြာရမ္းလ်က္ လက္ဟန္ျပသည္။ "စတုတၳမင္းသားက အဲ့ဒါေတြကို အရင္ကမစားခဲ့ဖူးဘူး"

"ဒါေပါ့၊ သူမစားဖူးဘူး" က်ဳံးဝမ္၏မ်က္လုံးတို႔တြင္ မေကာင္းေသာ အေငြ႕အသက္တို႔ ျဖတ္သြားသည္။ "သူ႔အိမ္ေတာ္ရဲ႕အေစခံတစ္ေယာက္ပဲ။ တစ္ေန႔မွာ သူ ခပ္ေထြေထြျဖစ္ေနတုန္း ယြီရွီနဲ႔ ဆုံတယ္။ အဲ့လူက ပုံမွန္စိတ္ ဟုတ္ပုံမရဘူး။ အၾကည့္ေတြကလည္း မူမမွန္ဘူး။ ဒါကိုေတြ႕ေတာ့ ယြီရွီ နားမလည္ႏိုင္ျဖစ္သြားတယ္။ သူ႔ေဘးနားမွာ ရွိတဲ့လူကိုေမးၾကည့္ေတာ့ အဲ့လူကရွင္းျပတယ္။ ၿပီးေတာ့... ယြီရွီက ေအးစက္စာမႈန႔္ကို စသုံးေတာ့တာပဲ"

လင္စစ္က ေခတၱတုန႔္ဆိုင္းေနသည္။ "သခင္ေလး၊ ကြၽန္ေတာ့္ကို ပြင့္ပြင့္လင္းလင္းပဲ ေျပာခြင့္ေပးပါ။ မင္းသားငယ္ယြီသာ သူ႔သေဘာနဲ႔သူ စားခ်င္စိတ္မရွိဘူးဆို ဘယ္သူမွ သူ႔ကိုေကြၽးလို႔ရမွာ မဟုတ္ပါဘူး"

ဤအျပစ္ကို ႐ႊမ္က်င္းထံသို႔ တင္၍မရသည္ကို က်ဳံးဝမ္လည္း သိသည္။ သို႔တိုင္ေအာင္ သူကေျပာသည္။ "ဒါေပမဲ့ သူစိတ္မေကာင္းေနတာကို တစ္ေယာက္ေယာက္ကသိၿပီး ဒီေဆးမႈန႔္ကိုသုံးရင္ ခဏေတာ့ ဝမ္းနည္းေနတာေတြ ေပ်ာက္တယ္ဆိုၿပီး သက္သက္မဲ့ သြားေျပာရင္ေရာ။ ယြီရွီက ဒါအဆိပ္ျဖစ္ႏိုင္တယ္ဆိုတာ မသိႏိုင္ခဲ့ေလာက္ဘူး။ ဒါေပမဲ့ သူသတ္ေသခ်င္တာကေတာ့ တစ္ပိုင္းေပါ့။ အျပင္လူေတြ သူ႔ကိုဓားကမ္းတယ္ဆိုတာ သပ္သပ္ပဲ"

လင္စစ္ထံတြင္ ျငင္းဆိုႏိုင္စရာမရွိ။ သူကလက္ဟန္ျပသည္။ "ကြၽန္ေတာ္ ဘာကိုမွေတာ့ ေသခ်ာမေျပာဝံ့ပါဘူး။ ဒါေပမဲ့ စတုတၳမင္းသားက သူ႔အလုပ္ေတြကို ေကြ႕ဝိုက္မေနတတ္ဘူး။ သူဒီလိုကိစၥမ်ိဳးကို မလုပ္ႏိုင္မွာ ကြၽန္ေတာ္စိုး႐ြံ႕မိတယ္"

"႐ႊမ္က်င္းလုပ္တယ္လို႔ ငါမေျပာပါဘူး" က်ဳံးဝမ္က အသံကိုႏွိမ့္လ်က္ ဆက္ေျပာသည္။ "အဲ့အခ်ိန္က ငါ့ကို ၿမိဳ႕ေတာ္မွာေခၚထားဖို႔ ယြီရွီက ႐ႊမ္ခ်ဳံရဲ႕အိမ္ေတာ္ကိုသြားၿပီး ေႁမြအလမၸာယ္ျပတာကို သြားၾကည့္ခဲ့တယ္လို႔ အိမ္ေတာ္ထိန္းဖုန္ ေျပာဖူးတယ္။ ေႁမြေတြက အဆိပ္ရွိတာ သိသိနဲ႔ ေႁမြတစ္ေကာင္ကိုေတာင္ ကိုင္ခဲ့ေသးတယ္။ လက္မွာေတာင္ အဲ့ေႁမြကိုက္တာ ခံလိုက္ရတယ္..."

က်ဳံးဝမ္က လင္စစ္ကို ၾကည့္လိုက္သည္။ "အဲ့အခ်ိန္က ငါမ်ားမ်ားစားစား မေတြးခဲ့မိဘူး။ ဒါေပမဲ့ အခုေသေသခ်ာခ်ာ ေတြးၾကည့္မိမွ အရမ္းထူးဆန္းေနတယ္ဆိုတာ သတိထားမိတယ္။ မင္းႀကီးရဲ႕သားေတာ္ေတြနဲ႔ ေဆြေတာ္မ်ိဳးေတာ္ေတြေရွ႕မွာ အဆိပ္ရွိေႁမြေတြနဲ႔ အလမၸာယ္ျပရေလာက္ေအာင္ ေႁမြအလမၸာယ္ဆရာက အဲ့ေလာက္သတၱိရွိပါ့မလား"

လင္စစ္ကတန႔္သြားသည္။ "ဒါဆို ပၪၥမမင္းသားက... သူ႔ကိုလုပ္ႀကံတာလား"

"ငါအဲ့အခ်ိန္ကို မွတ္မိတယ္။ အိမ္ေတာ္ထိန္းဖုန္ေျပာတာက အဲ့ဒါၿပီးေတာ့ ႐ႊမ္ခ်ဳံက မင္းႀကီးဆီမွာ အဆူခံရတယ္တဲ့" က်ဳံးဝမ္ မ်က္လႊာခ်လိုက္သည္။ "ဒါေတြက ျဖစ္ခဲ့တာ အရမ္းကို ၾကာေနၿပီဆိုေတာ့ စုံစမ္းဖို႔ရာ မျဖစ္ႏိုင္ေတာ့ဘူး။ အမွန္တရားက အဲ့ကတည္းက ဖုံးကြယ္ထားခံရတယ္..."

လင္စစ္က ထိုအေၾကာင္းကို ေတြးၾကည့္ရင္း လက္ဟန္ျပသည္။ "တကယ္လို႔ မင္းသားငယ္ယြီသာ သတ္ေသခ်င္ရင္ မေရမတြက္ႏိုင္တဲ့လူေတြက သူ႔ကိုပံ့ပိုးေပးၾကမွာပဲ။ ဘယ္လိုျဖစ္ျဖစ္..."

ဘယ္လိုျဖစ္ျဖစ္ သူက လူေတြအမ်ားႀကီးအတြက္ အတားအဆီးျဖစ္ေနတာ။

"ငါနားလည္ပါတယ္။ ဒါေပမဲ့ စိတ္တိုေနတုန္းပဲ..." က်ဳံးဝမ္က ထပ္ေျပာသည္။ "ေမ့လိုက္ပါေတာ့။ အခုေတာ့ မီးေတာက္ထဲ ေလာင္စာထည့္ေနတာ ဘယ္သူလဲဆိုတာကိုပဲ သိခ်င္တယ္။ လင္စစ္၊ ငါ ႐ႊမ္ခ်ဳံကေန စခ်င္တယ္"

က်ဳံးဝမ္က ျဖည္းျဖည္းေျပာသည္။ "႐ႊမ္ခ်ဳံရဲ႕ေနာက္ကေန မွီလိုက္ၿပီး သူ႔အက်န္ေတြကိုပဲ မသိခ်င္ဘူး"

လင္စစ္က ခံစားသြားရသည္။ "ဒီအရႈပ္အေထြးၾကားထဲ ပါခ်င္တယ္ဆိုတာ သခင္ေလးေသခ်ာရဲ႕လား"

က်ဳံးဝမ္ၿပဳံးလိုက္သည္။ "ငါပါခ်င္တာမဟုတ္ဘူး၊ ငါက... ထားလိုက္ပါေတာ့။ ငါေသခ်ာ ရွင္းျပလို႔မရဘူး"

"ငါ့လူတခ်ိဳ႕ ႐ႊမ္ခ်ဳံရဲ႕အိမ္ေတာ္မွာရွိတယ္။ ႀကိဳးစားၾကည့္ၾကတာေပါ့" က်ဳံးဝမ္ကေျပာသည္။ "ဘယ္လိုျဖစ္ျဖစ္ သူတို႔က မသင့္မျမတ္ျဖစ္ၿပီးသားပဲ။ ေၾကာက္စရာ ဘာမွမရွိဘူး... ေတာ္ဝင္သခ်ႋဳင္းေတာ္မွာ တာဝန္ထမ္းေဆာင္ခဲ့တဲ့ အေစခံတခ်ိဳ႕ကိုပဲ အရင္လိုခ်င္တယ္"

လင္စစ္၏ႏွလုံးသားထဲ၌ ထိတ္လန႔္တုန္လႈပ္သြားရသည္။ "ဘယ္လိုလဲ"

"လုပ္ဇာတ္ေလးေတြ ဖန္တီးရမွာေပါ့။ ငါ့မွာ အစီအစဥ္ရွိတယ္" က်ဳံးဝမ္က မ်က္လႊာကိုခ်လ်က္ ခပ္အုပ္အုပ္အသံျဖင့္ ေမးသည္။ "...ေျပာၾကည့္၊ ပုေရာဟိတ္ရွီက ဒီအေၾကာင္းေတြကို သိေနခဲ့မလားဆိုတာ"

လင္စစ္သည္ က်ဳံးဝမ္အဘယ္ေၾကာင့္ ရွီက်င္းအေၾကာင္း ႐ုတ္တရက္ေျပာေနလဲဆိုသည္ကို နားမလည္ႏိုင္။ ေခတၱမွ်တန႔္သြားၿပီးေနာက္တြင္ သူလက္ဟန္ျပလိုက္သည္ "သူအသက္အ႐ြယ္အရေတာ့ သိႏိုင္ပါတယ္။ ဒါေပမဲ့ ပုေရာဟိတ္ႀကီးက လြန္ခဲ့တဲ့ႏွစ္ေတြထဲက ဆုံးသြားၿပီေလ၊ သခင္ေလးဘာလို႔ေမးေနတာလဲ"

"သူမဆုံးခင္က ပုေရာဟိတ္ႀကီးက ငါ့ဆီကို စာေတြတစ္ေခါက္ပို႔ခဲ့ေသးတယ္။ သူ လူေတြကို ခ်န္ထားခဲ့တယ္တဲ့" က်ဳံးဝမ္က သူ႔ကိုယ္သူ ေလွာင္ရယ္လိုက္သည္။ "ငါက စိတ္ပ်က္စရာပဲ။ ပုေရာဟိတ္ႀကီးက အနာဂတ္မွာ ငါထပ္စြပ္စြဲခံရမွာစိုးလို႔ ငါ့ကိုအသက္ရွင္ေအာင္ ကူညီေပးဖို႔ လူေတြခ်န္ခဲ့တယ္။ ဒါေပမဲ့ သူတို႔က ပုေရာဟိတ္ႀကီးရဲ႕လူေတြဆိုေတာ့... သတင္းေဟာင္းေတြကို သိေလာက္တယ္"

က်ဳံးဝမ္ အသက္ျပင္းျပင္းရႉလိုက္မိသည္။ "႐ႊမ္ခ်ဳံရဲ႕ဘက္ကေန သတင္းေတြက အရမ္းနည္းလြန္းတယ္။ ၿပီးေတာ့ သတင္းေတြက အလုံးစုံယုံလို႔မရဘူး။ ပုေရာဟိတ္ႀကီးဘက္ကေန သတင္းအပိုေလးေတြ ငါရႏိုင္ေလာက္တယ္"

"႐ႊမ္ခ်ဳံဆီက သတင္းေတြခိုးေနတာကို ႐ႊမ္က်င္းကို ရပ္ခိုင္းဖို႔ျဖစ္ႏိုင္မွာမဟုတ္ဘူး။ ဒါေပမဲ့ ခ်င့္ခ်ိန္ယုံဖို႔ေတာ့ သူ႔ကိုသတိေပးလိုက္ပါ" က်ဳံးဝမ္က အေတာ္ေလးကို ျမန္ျမန္ေျပာသည္။ "တစ္ေယာက္ေယာက္က ႐ႊမ္က်င္းကို လက္ကိုင္ဓားလို သုံးခ်င္ရင္ ႐ႊမ္ခ်ဳံကိုလည္း မသုံးႏိုင္ဘူးလို႔ ေျပာလို႔မရဘူး"

လင္စစ္က လက္ဟန္ျပသည္။ "သခင္ေလး၊ တကယ္လို႔ သခင္ေလး မင္းသားငယ္ယြီရဲ႕ အယုံအၾကည္ကို ေနာင္မ်ားမွာ ရခဲ့ရင္..."

က်ဳံးဝမ္ ဟားတိုက္ရယ္ေမာမိသည္။ "ဒါဆိုရင္ေတာ့ တခ်ိဳ႕ကိစၥေတြက ေတာ္ေတာ္ေလးကို လြယ္ကူသြားမွာပဲ"

လင္စစ္က ဆက္၍လက္ဟန္ျပသည္။ "ေနာင္တစ္ခ်ိန္မွာ တစ္ခုခုျဖစ္ခဲ့ရင္ စတုတၳမင္းသား အသက္ရွင္ေနေစဖို႔ သခင္ေလးကို ေတာင္းဆိုပါရေစ"

က်ဳံးဝမ္ကၿပဳံးသည္။ "ေကာင္းၿပီေလ"

ေနာက္တစ္ေန႔တြင္ အိမ္ေတာ္တြင္ေနရန္ ေနမေကာင္းေၾကာင္း အေၾကာင္းျပထားေသာ ႐ႊမ္စုန္ရွင္းမွာ စိတ္လက္ၾကည္သာေနသည္။ အေစခံမ်ားကို အမိန႔္ေပး၍ ခ်န္အန္းေဒသထြက္ အစာသြပ္မုန႔္မ်ားလုပ္ေစသည္။ မုန႔္မ်ားမွာ ပုံစံမ်ိဳးစုံ အ႐ြယ္မ်ိဳးစုံျဖင့္ မ်ားျပားလွသည္။

က်ဳံးဝမ္သည္ ပုေရာဟိတ္ရွီ၏လူမ်ားႏွင့္ အခ်ိန္းအခ်က္လုပ္ၿပီးျဖစ္သည္။ သူအိမ္ေတာ္သို႔ ျပန္ေရာက္သည္ႏွင့္ စားပြဲေပၚတြင္ လွပေသာမုန႔္မ်ိဳးစုံႏွင့္ ျပည့္ေနသည္ကို ေတြ႕လိုက္ရသည္။ သူၿပဳံးလိုက္မိသည္။ "ဘယ္လိုလုပ္ၿပီး ဒီမုန႔္ေတြလုပ္ဖို႔ စိတ္ကူးရသြားတာလဲ"

"႐ႊမ္ယြီက အိမ္နဲ႔ အစ္ကိုႀကီးကို လြမ္းေနတာ။ မေန႔က ဘယ္သူမွမရွိတုန္း သူငိုေနတာနဲ႔" ႐ႊမ္စုန္ရွင္းမွာ သူ႔ေမာင္ငိုေနသည္ကို မၾကည့္ရက္ႏိုင္။ သူသည္ အေျပာဆိုးသေလာက္ ႏွလုံးႏူးညံ့သည္။ "ခ်န္အန္းမု႔န္ေလးေတြလုပ္ၿပီးေတာ့... သူ႔ကိုေပ်ာ္ေစခ်င္လို႔"

က်ဳံးဝမ္၏ႏႈတ္ခမ္းထက္တြင္ အၿပဳံးတစ္ပြင့္ေပၚလာသည္။ "ေအာင္ျမင္သြားလား"

႐ႊမ္စုန္ရွင္းက ရယ္လ်က္ ေခါင္းညိတ္သည္။ "က်ဳံးဝမ္လည္း အိမ္ကိုလြမ္းေနမယ္ထင္လို႔ အပိုလုပ္ထားတယ္။ ဒါေတြက က်ဳံးဝမ္ရဲ႕ဟာေတြပဲ"

က်ဳံးဝမ္ ၿပဳံးျပလိုက္ၿပီး ခ်န္အန္းက တကယ္တမ္းမွာ ကြၽန္ေတာ့္အိမ္မဟုတ္ပါဘူး ဆိုသည့္စကားကိုမူ မ်ိဳသိပ္ထားလိုက္သည္။ သူထိုင္လိုက္ၿပီး မုန႔္တစ္ခုခ်င္းစီတိုင္းကို ျမည္းစမ္းၾကည့္ေနသည္။ သူခ်ီးက်ဴးမိသည္။ "ပုံမွန္ဆိုရင္ေတာ့ ဒီလိုမျဖစ္ေပမဲ့ ဒီမုန႔္ေတြမစားရတာ လခ်ီေနေတာ့ အရမ္းအရသာရွိတယ္လို႔ ခံစားရတယ္"

စားေနရင္းျဖင့္ က်ဳံးဝမ္က ေျပာသည္။ "မုန႔္နည္းနည္းကို လက္ေဆာင္ေပးလိုက္လို႔ရမလား"

႐ႊမ္စုန္ရွင္း၏ႏႈတ္ခမ္းတို႔မွာ အနည္းငယ္ေကြးသြားသည္။ "မရီးေလးကို ေပးဖို႔လား"

က်ဳံးဝမ္က ၿပဳံးလိုက္ေသာ္လည္း ျပန္မေျဖေပ။ ႐ႊမ္စုန္ရွင္းသည္ ခ်စ္သူတို႔အေၾကာင္း ဆက္ေမးရမွာကို ရွက္လြန္းလွသည္။ သူထြက္လာကာ လွပေသသပ္ေသာ ဘူးကိုကိုယ္တိုင္ေ႐ြးလ်က္ က်ဳံးဝမ္၏ၿခံဝန္းထံသို႔ ပို႔ေပးရန္ အေစခံမ်ားကို ေစခိုင္းလိုက္သည္။

က်ဳံးဝမ္သည္လည္း ထိုဘူးကို မင္းသားယြီအိမ္ေတာ္၏ အရံၿခံဝန္းသို႔ ပို႔ခိုင္းလိုက္ေတာ့သည္။ ေလးနာရီပင္မၾကာလိုက္၊ ထိုဘူးမွာ ပိတ္လ်က္သား ျပန္ေရာက္လာခဲ့သည္။

က်ဳံးဝမ္ မ်က္ေမွာင္ၾကဳတ္လိုက္မိသည္။ ယြီရွီက... ငါ့ရဲ႕လက္ေဆာင္ကို မစားဘူးလို႔ ဆိုလိုခ်င္တာလား"

ယြီရွီက စိတ္ပူလြန္ေနတာလား၊ ငါ့ကိုမယုံတာလား။

ဘူးျပန္လာပို႔ေသာ အိမ္ေတာ္စစ္သည္မွာ အရပ္အလြန္ရွည္ၿပီး ႀကံ့ခိုင္ဖြံ႕ၿဖိဳးသည္။ သူ႔ကို ျမင္ဖူးေနသည္ဟု က်ဳံးဝမ္ခံစားေနရသည္။ သူ တြန႔္တြန႔္ဆုတ္ဆုတ္ျဖင့္ ေမးလိုက္သည္။ "မင္းသားငယ္ယြီက မလိုခ်င္ဘူးတဲ့လား"

"သခင္ေလးက်ဳံး စိတ္ပူဖို႔ မလိုပါဘူး" အိမ္ေတာ္စစ္သည္က ဘူးကို စားပြဲေပၚသို႔ လက္ႏွစ္ဖက္ျဖင့္ တင္လိုက္ၿပီး ေနာက္သို႔ေျခႏွစ္လွမ္းဆုတ္လိုက္သည္။ "ကြၽန္ေတာ္တို႔ ဆက္ခံသူေျပာတာက အခ်ိန္ဆယ္ရက္မျပည့္ေသးလို႔ သခင္ေလးက်ဳံးအေနနဲ႔ ကိုယ့္သေဘာနဲ႔ကိုယ္ ဆက္ခံသူကို မဆက္သြယ္ရဘူးတဲ့"

က်ဳံးဝမ္၏ႏႈတ္မွ စကားတစ္ခြန္းပင္ ထြက္မလာခဲ့ေတာ့။

သူသည္ ထို'ဆယ္ရက္တစ္ႀကိမ္' ကိစၥကို ေမ့၍ပင္ေနေလၿပီ။ ယြီရွီ ေနာက္ေနခဲ့သည္သာ မဟုတ္ေပဘူးလား။

က်ဳံးဝမ္ ဆြံ႕အသြားရသည္။ "ဒါက အစာသြပ္မုန႔္သပ္သပ္ပါပဲ..."

မိသားစုစစ္သည္မွာ ဘာျဖစ္ေနသည္ဆိုသည္ကို လုံးဝမသိ။ ယြီရွီ သူ႔ကိုမွာလိုက္ေသာ စကားတို႔ကိုသာ ၾကက္တူေ႐ြးႏႈတ္တိုက္ ႐ြတ္ျပေနသည္။ "ဒီလိုမျဖစ္ပါဘူး။ စည္းကမ္းက စည္းကမ္းပါပဲ"

က်ဳံးဝမ္သည္ ေဒါသေၾကာင့္မူးေဝလာသည္။ တုန္ယီေနေသာ လက္တို႔ျဖင့္ လက္ဖက္ရည္ခြက္ကို ကိုင္ကာ အနည္းငယ္ေသာက္လိုက္သည္။

အိမ္ေတာ္စစ္သည္က ထပ္ျဖည့္ေျပာသည္။ "ဒါေပမဲ့ ဒီမုန႔္ဘူးကို ျမင္ၿပီးေတာ့ ကြၽန္ေတာ္တို႔ ဆက္ခံသူက ေက်နပ္သြားတဲ့ပုံပါပဲ။ ဒါေၾကာင့္ ဆက္ခံသူကေျပာတယ္။ ေနာက္က်ရင္ သခင္ေလးက်ဳံး လိမ္လိမ္မာမာေနရင္ အခ်ိန္ကို ဆယ္ရက္ကေန ကိုးရက္ကို ေလွ်ာ့ေပးေကာင္းေလွ်ာ့ေပးႏိုင္တယ္တဲ့"

ထပ္မံ၍ က်ဳံးဝမ္ ဆြံ႕အသြားရျပန္သည္။

မင္းသားငယ္ယြီက လူေတြကို ဘယ္အခ်ိန္မွာ အျပစ္ေပးရမယ္၊ ဘယ္အခ်ိန္မွာ ဆုခ်ရမယ္ဆိုတာကို ေကာင္းေကာင္းသိတာပဲ။

အိမ္ေတာ္စစ္သည္က အေလးအနက္ေျပာသည္။ "သခင္ေလးက်ဳံး ဒီဘူးကို ျပန္ယူထားလိုက္ဖို႔ ကြၽန္ေတာ္ ေတာင္းဆိုပါရေစ။ ဒါေပမဲ့ သခင္ေလးက်ဳံး စိတ္ပ်က္ဖို႔ မလိုပါဘူး။ ကြၽန္ေတာ္ ဆက္ခံသူကို ေသခ်ာေလး ေမးၾကည့္ေတာ့ ေနာက္ငါးရက္ေနမွ သခင္ေလး ဒီဘူးကို ပို႔လို႔ရမယ္လို႔ ဆက္ခံသူက ေျပာပါတယ္"

က်ဳံးဝမ္က အားမရွိစြာေျပာသည္။ "ငါ ငါးရက္အထိ မေစာင့္ႏိုင္ဘူး။ ေနာက္ေန႔ဆိုရင္ ဒီမုန႔္ေတြက မေကာင္းေတာ့ဘူး"

အိမ္ေတာ္စစ္သည္က ေတာင့္ခဲသြားသည္။ "ဒါေပမဲ့ စည္းကမ္းက... ဒီလိုပဲသတ္မွတ္ထားပါတယ္။ သခင္ေလးက်ဳံး ရွင္းျပခ်င္တာမ်ား ရွိေသးလား"

က်ဳံးဝမ္ ေခါင္းခါသည္။ "ငါ့မွာ။ ဘာမွေျပာစရာမရွိေတာ့ဘူး"

အိမ္ေတာ္စစ္သည္က ဒူးတစ္ဖက္ေထာက္လိုက္ၿပီး ျပန္ထကာ ထြက္သြားေတာ့သည္။

က်ဳံးဝမ္သည္ ျပန္ေရာက္လာေသာ မုန႔္ဘူးကို စိုက္ၾကည့္ေနမိသည္။ အခ်ိန္ေတာ္ေတာ္ၾကာသည္အထိ သူဆြံ႕အေနမိသည္။

သူ႔မွာေတာ့ ယြီရွီအေၾကာင္းေတြးကာ ေန႔စဥ္မပ်က္ ေမာပန္းလ်က္ စိတ္ဖိအားမ်ားေနရသည္။ သို႔ေသာ္ ယြီရွီကမူ ေန႔တိုင္း မည္သည့္အရာမ်ားကိုပဲ လုပ္ေနခဲ့သနည္း။

ဒီအေၾကာင္းကို ထားလိုက္ပါဦး။ ေနာက္က်လို႔မ်ား ယြီရွီ ၾကင္ယာေတာ္ယြီနဲ႔ လက္ထပ္ၿပီးသြားရင္ သူ႔ၾကင္ယာေတာ္အတြက္ စည္းကမ္းေပါင္း ေသာင္းေျခာက္ေထာင္ ထုတ္ေနဦးမွာလား။

မဂၤလာဦးညမွာ ယြီရွီက မ်က္ႏွာႀကီးမႈန္သုန္ၿပီးေတာ့ သူ႔ၾကင္ယာေတာ္ကို စည္းကမ္းေတြ သတ္မွတ္ေနမွာလား။ ဆယ္ရက္တစ္ႀကိမ္ ငါ့အိပ္ရာမွာ ငါနဲ႔အတူ လွဲလို႔ရမယ္။ တျခားကိစၥေတြက ေဆြးေႏြးခြင့္မရွိ။

လက္ထပ္ၿပီး ဆယ္ႏွစ္ေနလို႔ ၾကင္ယာေတာ္ယြီ ေကာင္းေကာင္းမြန္မြန္ေနထိုင္ရင္ ယြီရွီ သူ႔ကို အပိုဆုခ်ီးျမႇင့္လိမ့္မယ္။ အခုကစၿပီး ခုနစ္ရက္ျပည့္တိုင္း ငါ့ကိုတစ္ႀကိမ္လာေတြ႕လို႔ရမယ္။

ႏွစ္ႏွစ္ဆယ္ၾကာရင္ေတာ့ ယြီရွီနဲ႔ လက္ကိုင္ဖို႔ ၾကင္ယာေတာ္ယြီကို ကံကမ်က္ႏွာသာေပးေကာင္းရဲ႕။

ႏွစ္သုံးဆယ္ၾကာၿပီးေနာက္မွာ ယြီရွီက နမ္းဖို႔ကို လက္ခံမယ္။

ယခင္က က်ဳံးဝမ္သည္ တခ်ိဳ႕လူမ်ားက ျဖည္းျဖည္းေဆးေဆးလုပ္ရတာ ႀကိဳက္သည္ကို ၾကားဖူးခဲ့သည္။ သိုေသာ္ ယြီရွီကဲ့သို႔ ေႏွးေကြးေသာ လူမ်ိဳးရွိလိမ့္မည္ဟု သူမထင္ခဲ့။

ဒီလိုႏႈန္းမ်ိဳးနဲ႔ဆို ႏွစ္သုံးဆယ္ၾကာမွ နမ္းႏိုင္ရင္ ဒါဆို... ဒါဆို...

အဲ့ဒါ ကေရာ ဘယ္လိုလဲ။

ယြီရွီရဲ႕ အစီအစဥ္က ဘာလဲ။

လူ႔သက္တမ္းကုန္ခါနီးမွ ၾကင္ယာေတာ္ယြီက အတားအဆီးေတြကို ေက်ာ္ျဖတ္ၿပီးေတာ့ ယြီရွီရဲ႕ႏွစ္ဆယ္ခ်ီ စာေမးပြဲေတြကို ေအာင္ႏိုင္မွာလား။ ဒီလိုအခက္အခဲေတြ ေက်ာ္လြန္ၿပီးမွ ယြီရွီရဲ႕ ယုံၾကည္မႈကို ရၿပီးေတာ့ သူနဲ႔... ဖို႔ ခြင့္ျပဳခ်က္ရမွာလား။

ဤသည္မွာ တစ္ဘဝလုံးႏွင့္ရင္းၿပီး လူတစ္ေယာက္ကို စစ္ေဆးေနျခင္းျဖစ္သည္။

က်ဳံးဝမ္ ေမွ်ာ္လင့္ခ်က္မဲ့စြာ ေတြးမိသည္။ ယြီရွီရဲ႕စိတ္ထဲမွာ အဲ့လိုခႏၶာကိုယ္ခ်င္း ႏွီးေႏွာတဲ့ကိစၥမ်ိဳးက တစ္သက္မွာ တစ္ခါပဲ လုပ္ရမွာမ်ားလား။

ဘဝတစ္ေလွ်ာက္လုံးတြင္မွ တစ္ႀကိမ္သာ လိင္အမႈကိစၥ ေဆာင္႐ြက္ျခင္း။

က်ဳံးဝမ္မွာ ကတုန္ကယင္ျဖင့္ ဘူးကိုဖြင့္လိုက္သည္။ မုန႔္တစ္ခုကို တစ္ကိုက္ကိုက္ကာ သူေရ႐ြတ္မိသည္။ "မင္းသားငယ္ယြီက သူ႔ရဲ႕ပထမဆုံးအႀကိမ္ကို တကယ္အေလးထားတာပဲ..."

16.8.2021

Thanks for reading

T/N - မသိေသးတဲ့သူေတြအတြက္ ရည္ၫႊန္းပါတယ္။ ႏြားေက်ာင္းသားနဲ႔ ရက္ကန္းသမဒ႑ာရီက အက်ဥ္းခ်ဳပ္ေျပာရရင္ ႏြားေက်ာင္းသားနဲ႔ နတ္သမီးခုနစ္ေဖာ္ထဲက အေထြးဆုံးညီမေလးနဲ႔ ဇာတ္လမ္းေပါ့။ ေနာက္က် နတ္သမီးတို႔ရဲ႕မယ္ေတာ္ကခြဲလို႔ ကြဲကြာရတဲ့အခါ ေကာင္းကင္ျမစ္နဲ႔ ျခားေနခဲ့ၾကၿပီးေတာ့ တစ္ႏွစ္တစ္ခါပဲ ေတြ႕ၾကရတယ္တဲ့။ တ႐ုတ္ျပကၡဒိန္ ခုနစ္လေျမာက္လရဲ႕ ခုနစ္ရက္ေျမာက္ေန႔မွာ ငွက္က်ားတံတားေပၚမွာ ခ်စ္သူႏွစ္ဦး ဆုံစည္းၾကလို႔ အဲ့ေန႔မွာ Qixi festival တ႐ုတ္ခ်စ္သူမ်ားေန႔ကို က်င္းပၾကတယ္။ ဒီႏွစ္ဆိုရင္ေတာ့ တျမန္မေန႔ ရွစ္လပိုင္း ဆယ့္ေလးရက္ေန႔ကေပါ့။

စကားမစပ္ ဆြံ႕အေအာင္ အလုပ္ႏိုင္ဆုံးဆုကို ယြီရွီကို ေပးရမယ္ေနာ္ (≧▽≦)

Continue Reading

You'll Also Like

735K 102K 149
တစ်​ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုး​ကောင်​​လေး​တွေမှာလည်း အချစ်​တွေရှိတယ်~ ထရိုး​ကောင်​လေး​တွေမှာလည်း ခံစားချက်​တွေရှိတယ်~
2M 339K 200
I Became A Virtuous Wife And Loving Mother In Another Cultivation World Original Title - 贤妻良母 (xiánqī-liángmǔ) Original Author - 金元宝 (jīn yuánbǎo) En...
230K 23.7K 106
ဘာသာပြန်သူ - စွဲညို့အသင်း
475K 67.1K 55
အသက္ ၂၂ နွစ္မွာ ရွန္ခ်န္လင္တစ္ေယာက္ အေကာင္းဆံုး အမ်ိဳးသားဇာတ္ေဆာင္ဆုကို ရရွိခဲ့တယ္။ ဆုကိုကိုင္ မ်က္ရည္ေလး၀ဲျပီး ေက်းဇူးတင္စကားေျပာေနခ်ိန္မွာပဲ မ်က္နွ...