Unicode
ကျုံးဝမ်ထံတွင် လင်စစ်ကဲ့သို့ ခေါင်မိုးများ၊ နံရံများပေါ်သို့ ခုန်ပျံကျော်လွှားနိုင်စွမ်း မရှိချေ။ လူတစ်ယောက်အားခေါ်၍ မြင်းလှည်းသာ ပြင်ခိုင်းနိုင်သည်။ အချိန်မှာ နောက်ကျလွန်းလှပြီ။ ယခုအချိန်ဝယ် အိမ်တော်မှထွက်ခွာခြင်းသည် ညမထွက်ရအမိန့်ကို ဖောက်ဖျက်ရာ ရောက်ပေလိမ့်မည်။ တားဆီး၍ အစစ်ဆေးခံရမည်မှာမလွဲ။ သို့သော် ကျုံးဝမ်ထံတွင် ဤအကြောင်းကို ဂရုစိုက်ရန်အချိန်မရှိ။ ရွှမ်ယွီ၏ခွင့်ပြုမိန့်ကို ကိုင်လျက် ခြုံထည်ကိုလွှားကာ မြင်းလှည်းပေါ်သို့ တက်ခဲ့တော့သည်။
မင်းသားယွီအိမ်တော်၏ အရံခြံဝန်းပေါ်သို့ သွားနေစဉ် ကျုံးဝမ် မြင်းလှည်းပြတင်းပေါ်သို့ မှီထိုင်လိုက်သည်။ သူ့နှလုံးသားမှာ ဓားဖြင့်အမွှန်းခံနေရသလို နာကျင်နေသည်။
ယွီရှီ၏အိမ်တော်တွင် နေထိုင်ခဲ့ရသည့် နှစ်တစ်ဝက်တာကို သူအမှတ်ရမိဆဲပင်။ ရက်နည်းနည်းကြာတိုင်း နန်းတော်မှပို့လိုက်သော ဆုလာဘ်ပစ္စည်းများ ရောက်လာတတ်သည်။ အနောက်တိုင်းမှ လက်ဆောင်ပေးသော အဖိုးတန်မြင်းကဲ့သို့ ကြီးကြီးမားမားများမှစ၍ ယွီရှီနေ့စဉ်အသုံးပြုသော ပစ္စည်းသေးသေးမွှားမွှားများအထိ ပါဝင်သည်။ ချုံအန်းမင်းကြီး၏ နေ့စဉ်အတွေးတို့တွင် သူ့အကြောင်းက အမြဲပါဝင်နေခဲ့သည်။
မင်းကြီးမှာ သူ့အပေါ် အင်မတန်ကောင်းမွန်လွန်းလှ၍ အရံခြံဝန်းမှ အစေခံများကပင် ယွီရှီ၏မူလဇာတ်မြစ်နှင့် ပတ်သတ်၍ တီးတိုးစကားဆိုခဲ့ကြသည်။
ကျုံးဝမ်ငယ်တစ်ယောက် ကြားခဲ့စဉ်ကမူ ဘာကိုမှမကြားဟန်ဆောင်ခဲ့သည်။ မထင်မှတ်ဘဲ သူမော့ကြည့်လိုက်စဉ်တွင် သူ့ကိုရှာရန်လာသော ယွီရှီကို တွေ့လိုက်ရသည်။
သူတို့နှစ်ဦးကို ခန်းဆီးက ခြားထားသည်။ တစ်ယောက်ကို တစ်ယောက် စိတ်တိုတိုဖြင့်သာ ပြုံးပြလိုက်ကြပြီး အစေခံများ၏ အတင်းအဖျင်းများကို တိတ်တဆိတ် နားထောင်မိကြသည်။
ယွီရှီငယ်လေးသည် အလွန်တရာ နူးညံ့လွန်းလှသည်။ အစေခံများကို အပြစ်ပေးခဲသည်။ ကျုံးဝမ်မှာ အနေရခက်နေခဲ့သည်။ အစေခံများထွက်သွားပြီးနောက်တွင် သူက တမင်တကာ ဘာမှမဖြစ်ဟန်ဆောင်လျက် မေးလိုက်သည်။ "လူတွေဒီလိုပြောပြောနေတာကို မင်းခဏခဏကြားရတယ်မလား"
ယွီရှီက ခပ်ဖြည်းဖြည်းခေါင်းညိတ်သည်။
ကျုံးဝမ်၏နှစ်သိမ့်စကားတို့မှာ ဟန်လုပ်ထားရပုံနှင့်ဆင်သည်။ "မင်းကြီးမှာ ညီမတစ်ယောက်ပဲရှိတာ။ သူက မင်းသမီးကြီးပဲ။ သူ့မှာ တူဆိုလို့မင်းပဲရှိတာ။ သူမင်းကို ဂရုစိုက်မယ်ဆိုတာ သိသာနေတာပဲ။ ပြီးတော့လည်း မင်းက နောက်ဆို ဩဇာကြီးတဲ့ မင်းသားတစ်ပါးဖြစ်လာဦးမှာ။ မင်းကြီးက မင်းအပေါ်မှာ မှီခိုရမှာ..."
"ငါ့ကိုနှစ်သိမ့်စရာမလိုပါဘူး" ယွီရှီက ကျုံးဝမ်ကို တည်တည်ကြည်ကြည်ဖြင့်သာ စကားဖြတ်ပြောခဲ့သည်။ "ဒါတွေက အခြေအမြစ်မရှိတဲ့ သတင်းတွေပဲ။ ငါနားလည်ပါတယ်"
ကျုံးဝမ်က သဘောမပေါက်စွာ မေးလိုက်သည်။ "မင်းက ဘယ်လိုနားလည်သွားတာလဲ"
ယွီရှီကရယ်သည်။ "ငါ့အဖေနဲ့အမေက ငါ့ကိုဒီလောက်ချစ်တာ။ ငါက သူတို့ရဲ့သားအရင်း မဟုတ်ဘဲနေမလား။ နှစ်နှစ်ကာကာချစ်တာနဲ့ ဟန်ဆောင်ချစ်တာကိုတော့ ငါခွဲတတ်ပါသေးတယ်။ ငါ့မူလဇာတ်မြစ်ကိုငါ သံသယဝင်နေရင် ငါ့အနေနဲ့ သူတို့ရဲ့သား ဖြစ်ထိုက်ပါဦးမလား"
ကျုံးဝမ် ထင်ထင်ရှားရှားမှတ်မိနေသည်။ ထိုအချိန်က ယွီရှီသည် သူ့ကိုယ်သူ အပြည့်အဝယုံကြည်နေခဲ့သည်ကို။
အခြားသူများ၏ ထင်မြင်ချက်များ မည်သို့ပင်ရှိရှိ၊ ချုံအန်းမင်းကြီး၏ သူ့အပေါ်ချစ်ခင်မှုက မည်မျှပင် ထူးဆန်းထူးဆန်း၊ ယွီရှီသည် သူ့မိဘများအပေါ် အနည်းအကျဉ်းလေးတောင် သံသယမရှိခဲ့။
သို့ဆိုလျှင် ကျုံးဝမ် ထွက်သွားခဲ့ပြီးမကြာခင် ယွီရှီအဘယ်ကြောင့် သူကိုယ်တိုင်၏ ဇာတ်ကြောင်းကို ရုတ်တရက် စုံစမ်းခဲ့သနည်း။
ယခင်က ယွီရှီ၏အကျင့်မျိုးနှင့် စုံစမ်းဖို့မဆိုထားနှင့်— မြူမှုန်မျှလောက်သော သံသယကပင် မိဘအပေါ် အလွန်အကြူး စော်ကားရာကျနေလေပြီ။ သို့ဆိုရာတွင် မည်သည့်အကြောင်းအရာတို့ ဖြစ်ပျက်ခဲ့သနည်း။
ဤသို့ စုံစမ်းရန် သူ့ကိုမည်သူက သွေးဆောင်ခဲ့သနည်း။
ထို့အပြင် ထိုအချိန်က ယွီရှီသည် အလွန်ဆုံးရှိ ဆယ့်ခြောက်နှစ်ပင်။ သူမည်မျှအထိ စွမ်းဆောင်နိုင်ဦးမည်နည်း။
ရွှမ်ကျင်းနှင့် ရွှမ်ချုံတို့မှာ နှစ်များစွာကြာအောင် ယွီရှီကို ကြောက်ရွံ့ခဲ့ကြသည်။ နန်းတော်မှ ခွဲထွက်ကာ ကိုယ်ပိုင်အိမ်တော် ထူထောင်နိုင်ပြီး လူအင်အားကောင်းကောင်း အသုံးချနိုင်သည့် နှစ်များအပါအဝင် အချိန်တော်တော်ကြာ စုံစမ်းမှသာ အနည်းအကျဉ်းသိခဲ့ရသည်။ ထိုသည်ပင် ယခုလောလောလတ်လတ်မှ သိခဲ့ရခြင်းဖြစ်သည်။ ထိုအချိန်က သူသိချင်သော အဖြေတို့ကို ချောချောမွေ့မွေ့ ရှာတွေ့နိုင်အောင် ယွီရှီသည် အဘယ်မျှ စွမ်းဆောင်နိုင်ခဲ့သနည်း။
မည်သူက သူ့ကိုကူညီခဲ့သနည်း။
သို့တည်းမဟုတ် မည်သူက သူ့ကို ဖျက်ဆီးခဲ့သနည်း။
ယွီရှီငယ်မှာ ရည်ရွယ်ချက်မကောင်းသော လူတို့၏ ဖြားယောင်းခြင်းကို ခံခဲ့ရသည်။ တစ်ဆင့်ပြီးတစ်ဆင့် ယွီရှီ၏မွေးမိခင်မှစ၍ မင်းသမီးကြီးအန်းကော၊ မင်းသားယွီ၊ ယုတ်စွအဆုံး ချုံအန်းမင်းကြီးတိုင်သည်အထိ။ ဤလူမှာ ယွီရှီကို တိတ်တဆိတ် လမ်းပြကာ သူတန်ဖိုးထားနှစ်သက်ရသော မိသားစုဝင်တို့မှာ သူ့အပေါ် ဘယ်တုန်းကမှ စစ်မှန်စွာ မဆက်ဆံခဲ့ဟု ဖြည်းဖြည်းချင်း လက်ခံလာစေသည်။
ထိုကဲ့သို့ ကြင်နာတတ်သော ယွီရှီမှာ ယခုလိုအခြေအနေဖြစ်အောင် မသိမသာ ဖျက်ဆီးခံခဲ့ရသည်...
နောက်ပိုင်းတွင် ဖြစ်လာခဲ့သော ယွီရှီ၏သတ်သေရန် မကြာခဏကြိုးပမ်းမှုတို့မှာ ဤကဲ့သို့စိတ်ထိခိုက်ဖွယ် အသိတို့ကြောင့်ပေလား။ သို့မဟုတ် ထိုလူတို့၏ ဆန္ဒကိုဖြည့်ဆည်းပေးရန် အလို့ငှာပေလား။
သူမြို့တော်သို့ပြန်ရောက်ခါကစ နှလုံးသားမရှိသော အရူးတစ်ယောက်ကဲ့သို့ မေးခဲ့ဖူးသည်ကို ကျုံးဝမ်ရုတ်တရက် တွေးမိသွားသည်။ မင်းဘဝမှာ ဘာကများ ချောမွေ့မနေလို့လဲ။
ဘာကများ ချောမွေ့မနေလို့လဲတဲ့လား...
ကျုံးဝမ် လက်ကိုမြှောက်ကာ သူ့မျက်နှာသူ ရိုက်လိုက်မိသည်။
မည်သည့်အရာသည် ချောမွေ့နေခဲ့သနည်း။
ယွီရှီ ဤမေးခွန်းကို ကြားခဲ့စဉ်က မည်သည်ကို တွေးခဲ့မည်နည်း။
သူစိတ်ဓာတ်မကျသွားသလို ဒေါသလည်းမဖြစ်ခဲ့။ ဘာမှမထူးဆန်းသကဲ့သို့ ရယ်ခဲ့သည်။
ထိုကဲ့သို့ တူညီသောစကားတို့ကို လွန်ခဲ့သောနှစ်များအတွင်း ရိုးအီနေအောင် သူကြားခဲ့ပြီးဖြစ်လောက်သည်။
ကျုံးဝမ် သူ့ခေါင်းကို ပြတင်းဘောင်နှင့် ဆောင့်လိုက်သည်။ အံကိုတင်းတင်းကြိတ်လျက် ယွီရှီစိတ်ဆင်းရဲခံစားနေခဲ့ရစဉ် သူမည်သည့်အလုပ်တွေ လုပ်နေခဲ့သည်ကို ပြန်တွေးကြည့်မိသည်။
ထိုကလေးများ အနည်းအကျဉ်းလေး ထိခိုက်မိမည့်အရေးကို စိုးရိမ်ကာ နန်ကျင်းသို့ နေ့ရောညပါ ဖြည်းဖြည်းနှင့်မှန်မှန် ခရီးနှင်နေခဲ့သည်။
ယွီရှီမှာ သူ့စိတ်ထဲတွင်ပင် ပေါ်မလာခဲ့။
မြင်းလှည်းသည် ရှေ့နောက်လှုပ်ယမ်းနေသည်။ တစ်နာရီခန့်အကြာတွင် မင်းသားယွီအိမ်တော်၏ အရံခြံဝန်းသို့ ရောက်ရှိခဲ့လေပြီ။ ကျုံးဝမ်မှာ ခန်းစီးစကို ဆွဲတင်ကာ အရံခြံဝန်းတံခါးဝကို စိုက်ကြည့်လျက် အတွေးတွင်မျောနေသည်။
ညလေအေးတို့သည် ကျုံးဝမ်ကို အရိုးထဲထိတိုင် စိမ့်အေးသွားစေသည်။ လေအေးတို့မှာ ဂယက်ထနေသော သူ့စိတ်အစုံကို အနည်းငယ်တော့ တည်ငြိမ်သွားစေသည်။
အကယ်၍ ယခုအချိန်တွင် ယွီရှီကို အတိတ်ကြောင်းများ သူအကုန်သိပြီးဖြစ်ကြောင်း ပြောလိုက်လျှင် သူ့ကို လုံးဝဉဿုံစိတ်တိုစေလိမ့်မည်။
ယွီရှီနေရာမှ ဝင်စဉ်းစားကြည့်လျှင် ကျုံးဝမ်ကို သူနှင့်ဝေးနိုင်သမျှဝေးအောင် နေစေချင်လိမ့်မည်။ ကျုံးဝမ် သူ့အတိတ်အကြောင်းကို မသိခဲ့လျှင် အကောင်းဆုံးပင် ဖြစ်သည်။
ယွီရှီသည် သွေးသားထဲထိတိုင် မာနကိုကိုင်စွဲထားသည်။ အခြားသူများ၏ သနားခံရမှုကို ရိုးရိုးသားသားပင်ဖြစ်စေ လိုချင်မည်မဟုတ်။
ယခုအချိန်တွင် ရှင်းရှင်းပြောရလျှင် သူမည်ကဲ့သို့ သိခဲ့ကြောင်း ယွီရှီကို ဘယ်လိုရှင်းပြရမည်ကို မဆိုထားနှင့်၊ ယွီရှီ အမျက်ထွက်ကာ သူ့ကို ဓားနှင့်ထထိုးမည်လား ဆိုသည်ကိုပင် ကျုံးဝမ် မရေရာလှပေ။
ကျုံးဝမ်အနေနှင့် သေရမှာကို မကြောက်သော်ငြား ယခုအချိန်တွင်တော့ မဖြစ်သေး။
ကျုံးဝမ်သည် အေးစက်စက်လေတို့နှင့်အတူ ချမ်းတုန်သွားသည်။
သူလုံးဝကို တည်ငြိမ်သွားခဲ့လေပြီ။
သူဘာကိုမှမသိသလို၊ မည်သည့်အရာမှ မဖြစ်ခဲ့သလို သူဟန်ဆောင်ရမည်။ ယွီရှီ သတိမထားမိခင် သူ့အိမ်တော်သူပြန်သင့်သည်။ သူတို့ နောက်များမှာ တွေ့ဆုံကြလျှင်ပင် သူဤကိစ္စကို လျှို့ဝှက်ထားရမည်။ ဦးစွာ မြို့တော်တွင်နေရစ်ရန် အစီအစဉ်တစ်ခု သူဆွဲထားရမည်။ အခြားအရာများကို ဖြည်းဖြည်းချင်းစီ ဖြေရှင်းသွား၍ရသည်။
လောလောဆယ်တွင် ယွီရှီသည် အကဲဆတ်ကာ သံသယများနေသည်။ အကြောင်းကိစ္စတို့ကို တရွေ့ရွေ့နှင့်သာ ချဉ်းကပ်သင့်သည်။
သူတို့နှစ်ဦး၏ဆက်ဆံရေးသည် ပြတ်ရှလွယ်သည်။ အတိမ်းအစောင်းလေး ရှိခဲ့လျှင်ပင် တစ်ယောက်ကိုတစ်ယောက် တွေ့ဖို့ရန် ခက်ခဲပေလိမ့်မည်။
ကျုံးဝမ်၏မြင်းလှည်းသမားမှာ သူမလှုပ်မယှက်ရှိနေသည်ကို သတိထားမိသွားပြီး နားမလည်စွာ မေးလာသည်။ "သခင်လေးကျုံး၊ ကျွန်တော် တံခါးသွားခေါက်လိုက်ရမလား။ ဒါမှမဟုတ်..."
"ဟင်..." ကျုံးဝမ် စကားတစ်ခွန်းပြောရန်ပင် လျှာလေးနေမိသည်။ "ငါတို့အိမ်တော်ကိုပဲ ပြန်စို့"
မြင်းလှည်းသမားမှာ အံ့ဩဆွံ့အသွားရသည်။ အချိန်မှာ ညလယ်ခေါင်ဖြစ်သည်။ သူတို့သွားလိုရာသို့ အခက်အခဲများကြားမှ ရောက်ရှိခဲ့ချေပြီ။ ယခုမူ လှည့်ပြန်ရမည်လား။
ကျုံးဝမ်က ခေါင်းညိတ်သည်။ "အိမ်-အိမ်တော်ကိုပဲ ပြန်စို့"
မြင်းလှည်းသမားမှာ ခေါင်းသာညိတ်နိုင်သည်။ သူ နှင်တံကို ကိုင်မြှောက်လိုက်ချင်းချင်းမှာပင် မြင်းလှည်းပေါ်ရှိ အလေးချိန်သည် ရုတ်တရက်လေးလာပြီး ချက်ချင်းပြန်ပေါ့သွားသည်။ ကျုံးဝမ်က ခုန်ချနှင့်ပြီးဖြစ်လေသည်။
တွေဝေစွာဖြင့် ကျုံးဝမ် ရေရွတ်လိုက်သည်။ "ချီးကိုပဲ တရွေ့ရွေ့ချဉ်းကပ်"
သူမစောင့်နိုင်တော့။
အရံအိမ်တော်ရှိ ပင်မအိပ်ဆောင်တွင် ယွီရှီမှာ မအိပ်ရသေး။
ယွီရှီသည် တစ်ယောက်တည်း စစ်တုရင်ကစားနေသည်။
အိမ်တော်ထိန်းဖုန်က ဘေးတွင်ရပ်လျက် ခေါင်းငုံ့ကာ ငိုက်မြည်းနေသည်။
ရက်အနည်းငယ်ခန့်က ယွီရှီသည် ကျုံးဝမ်အပေါ် စိတ်ဝင်စားမှုများ လျော့ကျသွားခဲ့သည်။ ချန်အန်းမင်းသားအိမ်တော်ရှိ သူလျှိုတို့ကို ပြန်ခေါ်ရန် အမိန့်ပေးခဲ့ပြီးနောက် အိမ်တော်ထိန်းဖုန်ကို ကျုံးဝမ်ထံ ပိုင်ဆိုင်ခွင့်စာချုပ်အား ပြန်ပေးစေသည်။ သူသည် တစ်ယောက်ပေါ်တစ်ယောက် အကြွေးမတင်ရအောင် ပြတ်ပြတ်သားသား ရေစက်ဖြတ်ချင်ပုံပေါ်သည်။
ပို့လိုက်သော ပိုင်ဆိုင်ခွင့်စာချုပ်မှာ ပြန်ရောက်လာခဲ့သည်။ သို့သော် ဤအရာကိုလည်း ယွီရှီစိတ်မဝင်စားခဲ့။ သူသိကြောင်းကိုသာပြောပြီး ကျုံးဝမ်အကြောင်း စကားပင်မဟတော့။
သာမန်နှင့်မတူတော့လျှင် တစ်ခုခုမှားယွင်းနေလေပြီ။ ယွီရှီ ငြိမ်သက်နေခြင်းသည် ကြောက်ဖွယ်ကောင်းလှသည်။ ဤအခြင်းအရာသည် အိမ်တော်ထိန်းဖုန်ကို ပို၍ ထိတ်လန့်စေသည်။
ကျုံးဝမ်ကို ပိုင်ဆိုင်ခွင့်စာချုပ် သွားပေးရန် စေခိုင်းခံရစဉ်က ယွီရှီကိုယ့်ကိုယ်ကို သတ်သေရန်စီစဉ်နေသလားဟု အိမ်တော်ထိန်းဖုန် စိုးရိမ်မိခဲ့သည်။ သူသေပြီးနောက် ကိစ္စအဝဝတို့ကို ကြိုတင်စီမံနေသည်လား။
တစ်ဆက်တည်းမှာပင် အိမ်တော်ထိန်းဖုန်သည် ဤရက်များအတွင်း အိမ်တော်ကို စောင့်ကြည့်ရန် လူနှစ်ဆတိုးလိုက်သည်။ သူတို့သည် နေ့ရောညပါ ယွီရှီကို စောင့်ကြည့်ခဲ့ကြသည်။
သို့သော် ယွီရှီသည် စိတ်ပူလောက်ဖွယ် မည်သည့်ကိစ္စကိုမှ မလုပ်ခဲ့ပေ။ ဤရက်များအတွင်း အချိန်မှန်စား၊ အချိန်မှန်အိပ်ကာ အိပ်မပျော်သည့် ညများတွင် မီးအိမ်မပါဘဲ အိမ်တော်တွင်း လျှောက်ပတ်ကြည့်ခြင်း အမှုကိုလည်း မပြုတော့ပေ။ အချိန်တော်တော်များများတွင် သူယခုလုပ်နေသော အရာကိုသာ လုပ်နေခဲ့သည်— တစ်ယောက်တည်း စစ်တုရင်ကစားခြင်း။
အသေးအဖွဲကိစ္စလေးတစ်ခုကတော့ ထူးဆန်းနေသည်။ ယွီရှီအတွက် အိမ်တော်ထိန်းဖုန် ပြန်ယူလာသော လက်ဖက်ခြောက်အိတ်ကလေးမှာ ပျောက်ဆုံးနေခဲ့သည်။
အင်္ကျီရင်ဘတ်အိတ်ထဲသို့ ယွီရှီထည့်လိုက်သည်ကို အိမ်တော်ထိန်းဖုန် သေချာမှတ်မိသည်။ သို့သော် နောက်နေ့ ယွီရှီအဝတ်လဲရန် ကူညီပေးချိန်တွင် ထိုအိတ်ကလေးကို ရှာမတွေ့တော့ပေ။ အင်္ကျီလဲရင်း ကြမ်းပေါ်သို့ မတော်တဆကျသွားသည်ဟု ထင်သောကြောင့် ကြမ်းပေါ်တွင် သေချာသတိထား ရှာကြည့်သော်လည်း မတွေ့ရချေ။
အိမ်တော်ထိန်းဖုန်သည် တစ်ယောက်တည်းတွေးနေမိသည်။ ယွီရှီ မီးလင်းဖိုထဲကို ပစ်ထည့်လိုက်တာတော့ မဟုတ်ပါဘူးနော်။
သို့ဆိုလျှင် နှာမြောဖွယ်အတိပင်။
ထိုလက်ဖက်ခြောက် ပမာဏနည်းနည်းကို ကျုံးဝမ်ကိုယ်တိုင် သေချာဖြည်းဖြည်းချင်း ရွေးထားခြင်းဖြစ်သည်။ ကျုံးဝမ် လက်သန့်သန့်ဆေးကာ မီးခွက်ကို ကိုင်ဆောင်လျက် လက်ဖက်ခြောက်ဘူးအတွင်း နှံ့နှံ့စပ်စပ်ရှာထားခြင်းဖြစ်သည်။
နည်းပါးသော်လည်း အလတ်ဆတ်ဆုံးနှင့် အကောင်းမွန်ဆုံး လက်ဖက်ရွက်နုများ ဖြစ်သည်။
အိမ်တော်ထိန်းဖုန်မှာ ပို၍အိပ်ချင်လာသည်နှင့်အမျှ စိတ်များမှာလည်း ပိုပိုလွတ်လာသည်။ မျက်လုံးတို့ကို ပွတ်သပ်ကာ ရှေ့သို့တိုးလျက် ယွီရှီကို တိုးတိုးပြောလိုက်သည်။ "တတိယအချိန်တောင် ရောက်နေပြီ။ ဆက်ခံသူ အနားယူတော့မလား"
(T/N - ညဆယ့်တစ်နာရီကနေ တစ်နာရီအတွင်း)
ယွီရှီက စစ်တုရင်အဖြူလေးကို ဖျစ်ညှစ်လိုက်သည်။ ခေတ္တတုန့်ဆိုင်းပြီးနောက် ၎င်းကိုပြန်ချလိုက်ပြီး ခေါင်းညိတ်လိုက်သည်။ "ကျွန်တော် အိပ်တော့မယ်"
ယွီရှီက စစ်တုရင် အမဲနှင့်အဖြူတို့ကို ခွဲလိုက်သည်။ အိမ်တော်ထိန်းဖုန်က ရှေ့တိုးလာကာ အင်္ကျီချွတ်ရန် ကူညီပေးသည်။ ထိုစဉ်ရုတ်တရက် တစ်စုံတစ်ယောက်က ဧည့်သည်ရောက်နေကြောင်း အကြောင်းလာကြားသည်။
"မဖြစ်နိုင်တာ" အိမ်တော်ထိန်းဖုန်က ခေါင်းရှုပ်သွားသည်။ "ညသန်းခေါင်ကြီးမှာ ဘယ်သူက လာမှာလဲ။ မင်းသမီးကြီးက တစ်ခုခုပြောဖို့ လွှတ်လိုက်တာလား။ ဒါမှမဟုတ် နန်းတော်က တစ်ယောက်ယောက်လာတာလား"
အပြင်ဘက်မှအစေခံက ပြန်ဖြေသည်။ "ချန်အန်းမင်းသားအိမ်တော်က သခင်လေးကျုံးရောက်နေတာပါ"
ယွီရှီ၏လက်တို့ တုန်ယင်သွားရသည်။ စစ်တုရင်ဖြူလေးမှာ ကြမ်းပေါ်သို့ လွတ်ကျသွားသည်။
ကျုံးဝမ်တစ်ယောက် ခန်းဆောင်ထဲတွင် ထိုင်နေရင်း တွေးနေမိသည်။ ငါရူးနေတာပဲ။
ယွီရှီပေါက်ကွဲမည်ကို ကြောက်သောကြောင့် လောလောဆယ် သူသေသေချာချာ မရှင်းပြနိုင်သေး။ ထိုမှတော့ ယွီရှီကိုတွေ့လျှင် မည်သည့်စကားတို့ကို သူပြောသင့်သနည်း။
ကျုံးဝမ်၏ ထိတ်လန့်စိတ်တို့မှာ မြင့်တက်လာသည်။ ယွီရှီအိပ်နေလောက်ပါစေဟု သူဆုတောင်းနေမိသည်။ ထိုမှသာ သူဤနေရာတွင် ညလုံးပေါက်ထိုင်နေနိုင်မည်။ မနက်ဖြန်တွင်... မနက်ဖြန်အကြောင်းကို မနက်ဖြန်ရောက်မှသာ စဉ်းစားတော့မည်။
ကျုံးဝမ်သည် သူ၏အေးစက်ခြောက်သွေ့နေသော လက်တို့ကို အချင်းချင်းပွတ်သပ်နေမိသည်။ စိတ်တို့မှာ ပျံ့လွင့်လျက် ယွီရှီအိပ်နေပြီး သူ့ကိုလာတွေ့သူမှာ အိမ်တော်ထိန်းဖုန် ဖြစ်ရန်ကိုသာ မျှော်လင့်နေသည်။
ခန်းစီးနောက်မှ ခြေသံတို့ကို ကြားနေရသည်။ ကျုံးဝမ် ခေါင်းမော့လိုက်သည်...
ယွီရှီထွက်လာခြင်းဖြစ်သည်။
ယွီရှီအိပ်ရန် ပြင်ဆင်နေပြီဆိုသည်မှာ ထင်ရှားသည်။ သူ၏ရှုပ်ထွေးပွေလီသော အပေါ်ရုံမှာ ကိုယ်ပေါ်၌ မရှိတော့ပေ။ အတွင်းတွင် သာမန်အဖြူညစ်ရောင် အင်္ကျီကိုသာ ဝတ်ထားသည်။ ကြီးမားသော အမည်းရောင် ဝတ်ရုံကိုမူ ကိုယ်ပေါ်၌ ခြုံထားသည်။
ယွီရှီက မျက်မှောင်ကြုတ်လိုက်သည်။ "မင်းတို့အိမ်တော်မှာ တစ်ခုခုဖြစ်လို့လား"
ကျုံးဝမ်တောင့်ခဲသွားသည်။ သူခေါင်းခါမိသည်။ "မဟုတ်ဘူး။ ဘာမှမဖြစ်ဘူး"
ယွီရှီက ကျုံးဝမ်ကို မယုံသည့်ပုံဖြင့် ကြည့်နေသည်။ ကျုံးဝမ် စကားပြောရန် ခက်နေသည်ဟု တွေးမိသဖြင့် တစ်ဖက်သို့လှည့်ကာ အစေခံများကို အမိန့်ပေးလိုက်သည်။ "ထွက်သွားကြ၊ မင်းတို့အားလုံး"
အစေခံများအားလုံး ထွက်သွားကြပြီး အိမ်တော်ထိန်းဖုန်သာလျှင် ကျန်ခဲ့သည်။
ယွီရှီက ထိုင်ချလိုက်ပြီး စိတ်မရှည်စွာ မေးလိုက်သည်။ "ဒါဆို မင်းငါ့အိမ်တော်ကို ညသန်းခေါင်ကြီးလာရအောင် ဘာကများအရေးကြီးလို့လဲ"
ကျုံးဝမ် ယွီရှီကို မျက်လုံးပင့်ကြည့်လိုက်သည်။ ကြည့်ရင်းနှင့်ပင် သူကြက်သေသေနေမိသည်။
ဤကဲ့သို့ ရှုပ်ထွေးလှသည့် ကိစ္စများသာ မဖြစ်ခဲ့လျှင် ယွီရှီသည် ငယ်ငယ်တုန်းကကဲ့သို့ပင် ရှိနေဦးမည်မဟုတ်လား။
ကျောက်စိမ်းကဲ့သို့ ကြည်လင်ကာ အိမ်ကဲ့သို့ နွေးထွေးလှသည်။
ယခုယွီရှီသည်လည်း တစ်ခုခုလွဲမှားနေသည်ဟု ကျုံးဝမ်မထင်ပေ။ ကျောက်စိမ်းကဲ့သို့ ကြည်လင်သော ယွီကျစ်ရုန်သည် အဆင်ပြေသည်။ ပုန်ကန်ဆိုးသွမ်းသော ယခုယွီရှီသည်လည်း အဆင်ပြေသည်။
တစ်ခုပဲရှိသည်။ ဤကဲ့သို့ အခြေအနေဖြစ်အောင် ယွီရှီငယ်တစ်ယောက် ညှင်းပန်းခံခဲ့ရပုံကို တွေးမိတိုင်း ကျုံးဝမ်၏စိတ်နှလုံးသားတို့မှာ နာကျင်လာရသည်။
ယွီရှီမှာ အလွန်အမင်း စိတ်ပျက်နေလေပြီ။ "တကယ်ပဲ ဘာကိစ္စလဲ။ မင်း ငါ့ကိုပြောမှာလား၊ မပြောဘူးလား"
ကျုံးဝမ် အသက်ဝဝရှူလိုက်သည်။ သူ့ရင်ထဲရှိ အမုန်းတရားတို့ကို ဖိသိပ်လျက် သူပြောလိုက်သည်။ "ငါ- ငါအိပ်မက်ဆိုးမက်လို့"
ယွီရှီဆွံ့အသွားရသည်။ သူ့နားတို့ကို အလိုအလျောက် ပွတ်လိုက်မိသည်။ ထို့နောက် အိမ်တော်ထိန်းဖုန်ကိုကြည့်ကာ စိတ်ရှုပ်ထွေးလျက် မေးလိုက်သည်။ "ဘာ၊ မင်းဘာပြောလိုက်တယ်"
ကျုံးဝမ်က ချောင်းဟန့်ကာ ထပ်ပြောသည်။ "ငါအိပ်မက်ဆိုးမက်ပြီတော့ လန့်နိုးလာလို့"
အိမ်တော်ထိန်းဖုန်သည် သူ့အတွက် နေရာမရှိကြောင်းကို သဘောပေါက်ခဲ့လေပြီ။ ထိန်းချုပ်၍မရနိုင်ဖွယ် အပြုံးမျက်နှာဖြင့် သူကပြောလိုက်သည်။ "ဒီအစေခံကြီး အရင်သွားနှင့်ပါ့မယ်"
အိမ်တော်ထိန်းဖုန်က လျင်မြန်စွာပဲ ပျောက်သွားသည်။ အခန်းထဲ၌ လူနှစ်ဦးသာ ကျန်ခဲ့တော့သည်။
ယွီရှီသည် နေရာတွင်ပင် မှင်တက်နေမိသည်။ ရန်သူကြီးတစ်ယောက်ကို တွေ့နေရသကဲ့သို့ သူတွေးမိသည်။ ကျုံးဝမ်က အခု သူ့ရှေ့မှာ ချစ်စရာကောင်းအောင် လာချွဲပြနေတာလား။
သူ အေးစက်စာမှုန့်များ မတော်တဆ စားမိသွားတာလား။
သူလည်း ရူးသွားပြီလား။
ယွီရှီ၏လည်ချောင်းတို့မှာ ခြောက်ကပ်လာရသည်။ "မင်း..."
ကျုံးဝမ်၏လည်စေ့မှာ အပေါ်အောက်ရွေ့လျားသွားသည်။ သူကပြောသည်။ "ငါအရင်က အိပ်မက်ဆိုးမက်ရင် မ-မင်းပဲ ငါ့ကိုနှစ်သိမ့်ပေးခဲ့တာ မဟုတ်ဘူးလား"
အချိန်တော်တော်ကြာ ယွီရှီတိတ်ဆိတ်နေမိသည်။
ယွီရှီက ထိတ်လန့်ဖွယ် သူ့ရုပ်သူ လက်ညှိုးထိုးလျက် အသက်မပါစွာ ပြောသည်။ "အရင်ဆုံး ငါမင်းကို နှစ်သိမ့်မယ်၊ မနှစ်သိမ့်ဘူးဆိုတာကို မပြောနဲ့ဦး။ ငါမင်းကို အခုနှစ်သိမ့်ရင်တောင်... မင်းအိပ်ပျော်နိုင်မှာလား"
သေချာပေါက် အိပ်မပျော်နိုင်ပါ။
ကျုံးဝမ်က မျက်ခုံးကြုတ်လျက် အသက်ပြင်းပြင်းရှူလိုက်သည်။ ဤသည်မှာ အလွန်တရာဆိုးဝါးလှသော အကြောင်းပြချက်ဆိုသည်ကို သူလည်းသိနေခဲ့သည်။ သို့သော် သူ့အနေနှင့် ယခုအချိန်တွင် အခြားမည်သည်ကိုများ ပြောနိုင်ဦးမည်နည်း။
သူက ဖျစ်ညှစ်၍ ပြောလိုက်ရသည်။ "လွန်ခဲ့တဲ့နှစ်ရက်က ငါလေအေးထဲမှာ အကြာကြီးနေမိသွားတယ်။ ငါခေါင်းက သေချာမတွေးနိုင်ဘူးနေမယ်။ ငါ... ဒီမှာ မင်းနဲ့အတူ နေလို့ရမလား"
ယွီရှီက ကျုံးဝမ်ကို မယုံနိုင်စွာ အထက်အောက်ကြည့်လိုက်သည်။ "မင်းအအေးမိတာလား၊ စိတ်ရောဂါဖြစ်သွားတာလား။ မင်းနေမကောင်းဘူးဆို တော်ဝင်သမားတော်ကို သွားရှာရမှာလေ။ ငါ့ကိုလာရှာလို့ ဘာထူးမှာလဲ"
ကျုံးဝမ်ထံတွင် ဖြေစရာမရှိ။ ခေါင်းကိုသာငုံ့လျက် ဆိတ်ဆိတ်ငြိမ်နေသည်။
ကျုံးဝမ်၏မျက်နှာတစ်ဝက်ပေါ်သို့သာ အလင်းကျရောက်နေသည်။ ဤသည်မှာ သူ့ကို ပိန်လှီညှိုးနွမ်းဟန် ပေါက်စေသည်။
ယွီရှီက သူ့ကိုအတန်ကြာအောင် စိုက်ကြည့်နေသည်။ ဆက်၍သည်းမခံနိုင်တော့သကဲ့သို့ မတ်တပ်ထရပ်ကာ သူပြောလိုက်သည်။ "ငါ့မှာ မင်းနဲ့အတူဖြုန်းဖို့ အချိန်မရှိဘူး။ ပြောစရာမရှိရင် အခုချက်ချင်း ထွက်သွားတော့"
ကျုံးဝမ်က မျက်လွှာပင့်ကြည့်လိုက်သည်။ တိုးညင်းသောအသံဖြင့် သူကပြောသည်။ "ကျစ်ရုန်"
ယွီရှီရပ်တန့်သွားသည်။
ခေတ္တအကြာတွင် ယွီရှီက ခပ်မြန်မြန် မတ်တပ်ထရပ်လိုက်သည်။ ကျုံးဝမ်ရှေ့သို့ရောက်အောင် ခြေလှမ်းအနည်းငယ်လှမ်းလိုက်ပြီး ကျုံးဝမ်၏ထိုင်ခုံပေါ်သို့ လက်နှစ်ဖက်တင်လိုက်သ်ည။ အံကိုတင်းတင်းကြိတ်ကာ သူက တစ်ခွန်းစီပြောလိုက်သည်။ "မင်း။ တကယ်ပဲ။ ဘာလုပ်ချင်နေတာလဲ"
ယွီရှီကြောင့် ကြောက်ရွံ့ကာ ကျုံးဝမ်၏ရင်တုန်သွားရသည်။ ယွီရှီထံမှလာသော ဖိအားတို့ကို မသိကျိုးကျွံပြုရန် ကြိုးစားလျက် ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် လုပ်လိုက်သည်။ ရိုးသားပွင့်လင်းစွာ သူဖြေလိုက်သည်။ "ငါအိပ်မက်ဆိုးမမက်ပါဘူး။ မင်းကိုတွေ့ချင်ရုံတင်ပါ"
ယွီရှီက လှောင်သည်။ "ငါယုံမယ်လို့ မင်းထင်နေလား"
ကျုံးဝမ်သည် ယွီရှီ၏လက်ကို ဖမ်းကိုင်လိုက်ချင်သော်လည်း ယွီရှီရွံရှာသွားမည်ကိုလည်း စိုးရိမ်မိပြန်သည်။ "ငါ အမှန်ကို ပြောနေတာပါ"
ယွီရှီက ကျုံးဝမ်ကို ငုံ့ကြည့်နေသည်။ တခဏအကြာတွင် သူကပြောသည်။ "ကျုံးဝမ်၊ အခုက ညသန်းခေါင်ကြီး။ အခန်းထဲမှာ မင်းနဲ့ငါ နှစ်ယောက်ပဲရှိတယ်။ ဘာဖြစ်တော့မယ်ဆိုတာကို မင်းသိတယ်မလား"
ကျုံးဝမ်၏နားရွက်တို့မှာ နီဖျော့ဖျော့အရောင်သန်းလာသည်။ သူလည်ချောင်းကို ရှင်းလိုက်သည်။ "ငါသိပါတယ်... အင်း"
ယွီရှီက ထေ့ငေါ့ပြောသည်။ "ငါနားလည်ပြီ"
ကျုံးဝမ် ရင်တုန်သွားသည်။ ယွီရှီက ဘာကိုနားလည်တာလဲ။
ယွီရှီက ကျုံးဝမ်ကို အေးစက်စက်မျက်ဝန်းတို့ဖြင့် စိုက်ကြည့်နေသည်။ "ပြော။ မင်းရဲ့အိမ်တော်မှာ ဘာဖြစ်တာလဲ။ မင်းကိုယ်မင်း ငါ့ကိုလာရောင်းနေရအောင် ရွှမ်ရွေ့လား။ လမ်းမှာ သူတစ်ခုခုဖြစ်လို့လား"
ကျုံးဝမ်အံကြိတ်မိသည်။ ဤသည်မှာ ယွီရှီ၏အမှားမဟုတ်ပေ။
အယုံအကြည်မရှိအောင် ယုံကြည်မှုကို ဖျက်ဆီးခဲ့သူမှာ သူကိုယ်တိုင်ပင် ဖြစ်သည်။
ယွီရှီက ခပ်ထေ့ထေ့ပြောသည်။ "ဒါမှမဟုတ် ရွှမ်ယွီလား။ မြို့တော်မှာ သူ့လုံခြုံရေးကို ငါ့ကိုတာဝန်ယူစေချင်တာလား"
ကျုံးဝမ်ပြန်မဖြေသည်ကို ယွီရှီသတိထားမိသွားသည်။ သူကပြောသည်။ "ဒါမှမဟုတ် ရွှမ်စုန်ရှင်းလား။ ဘာလဲ။ သူ့ကိုလက်ထပ်ပေးဖို့ မိသားစုကောင်းကောင်း ငါ့ကိုလာရှာခိုင်းတာလား"
ကျုံးဝမ် သက်မချလိုက်သည်။ သူဆုံးဖြတ်ပြီးချေပြီ။
ယွီရှီမှာ စိတ်မရှည်နိုင်တော့။ "ကျုံးဝမ်၊ အပေးအယူမလုပ်ခင် ကိုယ်လိုချင်တာကို ရှင်းအောင်ပြောရမယ်လို့ မင်းမသင်ဖူးဘူးလား။ မင်းလိုချင်တာကို စကားတစ်ခွန်းတန်တစ်ခွန်း၊ နှစ်ခွန်းတန်နှစ်ခွန်းပြော။ အခုချက်ချင်း ရှင်းအောင်ပြော"
ကျုံးဝမ်က ယွီရှီကိုကြည့်လိုက်သည်။ သူ့အသံမှာ အလွန်တိုးဖျော့လွန်းလှသည်။ "ငါ့မှာ... မင်းကိုတောင်းဆိုစရာ တစ်ခုတော့ရှိတယ်"
ယွီရှီခေါင်းငုံ့လိုက်သည်။ သူ့နဖူးပေါ်သို့ ဆံစတစ်ချို့ ကျလာပြီး သူ့မျက်နှာကို မမြင်နိုင်အောင် ဖုံးသွားသည်။ ယွီရှီ ရယ်လိုက်သည်။ "ထင်တဲ့အတိုင်းပဲကိုး"
ယွီရှီက အေးစက်စွာပြောလိုက်သည်။ "တစ်ခုပဲလား"
ကျုံးဝမ်က ခေါင်းညိတ်သည်။
ယွီရှီက ခေါင်းကို ရုတ်တရက် ပြန်မော့လိုက်သည်။ "ပြော"
ကျုံးဝမ် တံတွေးမျိုချမိသည်။ အလွန့်အလွန်တိုးညင်းသော အသံဖြင့် သူပြောလိုက်သည်။ "မင်း... ညင်သာပေးပါ"
10.8.2021
Thanks for reading
Zawgyi
က်ဳံးဝမ္ထံတြင္ လင္စစ္ကဲ့သို႔ ေခါင္မိုးမ်ား၊ နံရံမ်ားေပၚသို႔ ခုန္ပ်ံေက်ာ္လႊားႏိုင္စြမ္း မရွိေခ်။ လူတစ္ေယာက္အားေခၚ၍ ျမင္းလွည္းသာ ျပင္ခိုင္းႏိုင္သည္။ အခ်ိန္မွာ ေနာက္က်လြန္းလွၿပီ။ ယခုအခ်ိန္ဝယ္ အိမ္ေတာ္မွထြက္ခြာျခင္းသည္ ညမထြက္ရအမိန႔္ကို ေဖာက္ဖ်က္ရာ ေရာက္ေပလိမ့္မည္။ တားဆီး၍ အစစ္ေဆးခံရမည္မွာမလြဲ။ သို႔ေသာ္ က်ဳံးဝမ္ထံတြင္ ဤအေၾကာင္းကို ဂ႐ုစိုက္ရန္အခ်ိန္မရွိ။ ႐ႊမ္ယြီ၏ခြင့္ျပဳမိန႔္ကို ကိုင္လ်က္ ၿခဳံထည္ကိုလႊားကာ ျမင္းလွည္းေပၚသို႔ တက္ခဲ့ေတာ့သည္။
မင္းသားယြီအိမ္ေတာ္၏ အရံၿခံဝန္းေပၚသို႔ သြားေနစဥ္ က်ဳံးဝမ္ ျမင္းလွည္းျပတင္းေပၚသို႔ မွီထိုင္လိုက္သည္။ သူ႔ႏွလုံးသားမွာ ဓားျဖင့္အမႊန္းခံေနရသလို နာက်င္ေနသည္။
ယြီရွီ၏အိမ္ေတာ္တြင္ ေနထိုင္ခဲ့ရသည့္ ႏွစ္တစ္ဝက္တာကို သူအမွတ္ရမိဆဲပင္။ ရက္နည္းနည္းၾကာတိုင္း နန္းေတာ္မွပို႔လိုက္ေသာ ဆုလာဘ္ပစၥည္းမ်ား ေရာက္လာတတ္သည္။ အေနာက္တိုင္းမွ လက္ေဆာင္ေပးေသာ အဖိုးတန္ျမင္းကဲ့သို႔ ႀကီးႀကီးမားမားမ်ားမွစ၍ ယြီရွီေန႔စဥ္အသုံးျပဳေသာ ပစၥည္းေသးေသးမႊားမႊားမ်ားအထိ ပါဝင္သည္။ ခ်ဳံအန္းမင္းႀကီး၏ ေန႔စဥ္အေတြးတို႔တြင္ သူ႔အေၾကာင္းက အၿမဲပါဝင္ေနခဲ့သည္။
မင္းႀကီးမွာ သူ႔အေပၚ အင္မတန္ေကာင္းမြန္လြန္းလွ၍ အရံၿခံဝန္းမွ အေစခံမ်ားကပင္ ယြီရွီ၏မူလဇာတ္ျမစ္ႏွင့္ ပတ္သတ္၍ တီးတိုးစကားဆိုခဲ့ၾကသည္။
က်ဳံးဝမ္ငယ္တစ္ေယာက္ ၾကားခဲ့စဥ္ကမူ ဘာကိုမွမၾကားဟန္ေဆာင္ခဲ့သည္။ မထင္မွတ္ဘဲ သူေမာ့ၾကည့္လိုက္စဥ္တြင္ သူ႔ကိုရွာရန္လာေသာ ယြီရွီကို ေတြ႕လိုက္ရသည္။
သူတို႔ႏွစ္ဦးကို ခန္းဆီးက ျခားထားသည္။ တစ္ေယာက္ကို တစ္ေယာက္ စိတ္တိုတိုျဖင့္သာ ၿပဳံးျပလိုက္ၾကၿပီး အေစခံမ်ား၏ အတင္းအဖ်င္းမ်ားကို တိတ္တဆိတ္ နားေထာင္မိၾကသည္။
ယြီရွီငယ္ေလးသည္ အလြန္တရာ ႏူးညံ့လြန္းလွသည္။ အေစခံမ်ားကို အျပစ္ေပးခဲသည္။ က်ဳံးဝမ္မွာ အေနရခက္ေနခဲ့သည္။ အေစခံမ်ားထြက္သြားၿပီးေနာက္တြင္ သူက တမင္တကာ ဘာမွမျဖစ္ဟန္ေဆာင္လ်က္ ေမးလိုက္သည္။ "လူေတြဒီလိုေျပာေျပာေနတာကို မင္းခဏခဏၾကားရတယ္မလား"
ယြီရွီက ခပ္ျဖည္းျဖည္းေခါင္းညိတ္သည္။
က်ဳံးဝမ္၏ႏွစ္သိမ့္စကားတို႔မွာ ဟန္လုပ္ထားရပုံႏွင့္ဆင္သည္။ "မင္းႀကီးမွာ ညီမတစ္ေယာက္ပဲရွိတာ။ သူက မင္းသမီးႀကီးပဲ။ သူ႔မွာ တူဆိုလို႔မင္းပဲရွိတာ။ သူမင္းကို ဂ႐ုစိုက္မယ္ဆိုတာ သိသာေနတာပဲ။ ၿပီးေတာ့လည္း မင္းက ေနာက္ဆို ဩဇာႀကီးတဲ့ မင္းသားတစ္ပါးျဖစ္လာဦးမွာ။ မင္းႀကီးက မင္းအေပၚမွာ မွီခိုရမွာ..."
"ငါ့ကိုႏွစ္သိမ့္စရာမလိုပါဘူး" ယြီရွီက က်ဳံးဝမ္ကို တည္တည္ၾကည္ၾကည္ျဖင့္သာ စကားျဖတ္ေျပာခဲ့သည္။ "ဒါေတြက အေျခအျမစ္မရွိတဲ့ သတင္းေတြပဲ။ ငါနားလည္ပါတယ္"
က်ဳံးဝမ္က သေဘာမေပါက္စြာ ေမးလိုက္သည္။ "မင္းက ဘယ္လိုနားလည္သြားတာလဲ"
ယြီရွီကရယ္သည္။ "ငါ့အေဖနဲ႔အေမက ငါ့ကိုဒီေလာက္ခ်စ္တာ။ ငါက သူတို႔ရဲ႕သားအရင္း မဟုတ္ဘဲေနမလား။ ႏွစ္ႏွစ္ကာကာခ်စ္တာနဲ႔ ဟန္ေဆာင္ခ်စ္တာကိုေတာ့ ငါခြဲတတ္ပါေသးတယ္။ ငါ့မူလဇာတ္ျမစ္ကိုငါ သံသယဝင္ေနရင္ ငါ့အေနနဲ႔ သူတို႔ရဲ႕သား ျဖစ္ထိုက္ပါဦးမလား"
က်ဳံးဝမ္ ထင္ထင္ရွားရွားမွတ္မိေနသည္။ ထိုအခ်ိန္က ယြီရွီသည္ သူ႔ကိုယ္သူ အျပည့္အဝယုံၾကည္ေနခဲ့သည္ကို။
အျခားသူမ်ား၏ ထင္ျမင္ခ်က္မ်ား မည္သို႔ပင္ရွိရွိ၊ ခ်ဳံအန္းမင္းႀကီး၏ သူ႔အေပၚခ်စ္ခင္မႈက မည္မွ်ပင္ ထူးဆန္းထူးဆန္း၊ ယြီရွီသည္ သူ႔မိဘမ်ားအေပၚ အနည္းအက်ဥ္းေလးေတာင္ သံသယမရွိခဲ့။
သို႔ဆိုလွ်င္ က်ဳံးဝမ္ ထြက္သြားခဲ့ၿပီးမၾကာခင္ ယြီရွီအဘယ္ေၾကာင့္ သူကိုယ္တိုင္၏ ဇာတ္ေၾကာင္းကို ႐ုတ္တရက္ စုံစမ္းခဲ့သနည္း။
ယခင္က ယြီရွီ၏အက်င့္မ်ိဳးႏွင့္ စုံစမ္းဖို႔မဆိုထားႏွင့္— ျမဴမႈန္မွ်ေလာက္ေသာ သံသယကပင္ မိဘအေပၚ အလြန္အၾကဴး ေစာ္ကားရာက်ေနေလၿပီ။ သို႔ဆိုရာတြင္ မည္သည့္အေၾကာင္းအရာတို႔ ျဖစ္ပ်က္ခဲ့သနည္း။
ဤသို႔ စုံစမ္းရန္ သူ႔ကိုမည္သူက ေသြးေဆာင္ခဲ့သနည္း။
ထို႔အျပင္ ထိုအခ်ိန္က ယြီရွီသည္ အလြန္ဆုံးရွိ ဆယ့္ေျခာက္ႏွစ္ပင္။ သူမည္မွ်အထိ စြမ္းေဆာင္ႏိုင္ဦးမည္နည္း။
႐ႊမ္က်င္းႏွင့္ ႐ႊမ္ခ်ဳံတို႔မွာ ႏွစ္မ်ားစြာၾကာေအာင္ ယြီရွီကို ေၾကာက္႐ြံ႕ခဲ့ၾကသည္။ နန္းေတာ္မွ ခြဲထြက္ကာ ကိုယ္ပိုင္အိမ္ေတာ္ ထူေထာင္ႏိုင္ၿပီး လူအင္အားေကာင္းေကာင္း အသုံးခ်ႏိုင္သည့္ ႏွစ္မ်ားအပါအဝင္ အခ်ိန္ေတာ္ေတာ္ၾကာ စုံစမ္းမွသာ အနည္းအက်ဥ္းသိခဲ့ရသည္။ ထိုသည္ပင္ ယခုေလာေလာလတ္လတ္မွ သိခဲ့ရျခင္းျဖစ္သည္။ ထိုအခ်ိန္က သူသိခ်င္ေသာ အေျဖတို႔ကို ေခ်ာေခ်ာေမြ႕ေမြ႕ ရွာေတြ႕ႏိုင္ေအာင္ ယြီရွီသည္ အဘယ္မွ် စြမ္းေဆာင္ႏိုင္ခဲ့သနည္း။
မည္သူက သူ႔ကိုကူညီခဲ့သနည္း။
သို႔တည္းမဟုတ္ မည္သူက သူ႔ကို ဖ်က္ဆီးခဲ့သနည္း။
ယြီရွီငယ္မွာ ရည္႐ြယ္ခ်က္မေကာင္းေသာ လူတို႔၏ ျဖားေယာင္းျခင္းကို ခံခဲ့ရသည္။ တစ္ဆင့္ၿပီးတစ္ဆင့္ ယြီရွီ၏ေမြးမိခင္မွစ၍ မင္းသမီးႀကီးအန္းေကာ၊ မင္းသားယြီ၊ ယုတ္စြအဆုံး ခ်ဳံအန္းမင္းႀကီးတိုင္သည္အထိ။ ဤလူမွာ ယြီရွီကို တိတ္တဆိတ္ လမ္းျပကာ သူတန္ဖိုးထားႏွစ္သက္ရေသာ မိသားစုဝင္တို႔မွာ သူ႔အေပၚ ဘယ္တုန္းကမွ စစ္မွန္စြာ မဆက္ဆံခဲ့ဟု ျဖည္းျဖည္းခ်င္း လက္ခံလာေစသည္။
ထိုကဲ့သို႔ ၾကင္နာတတ္ေသာ ယြီရွီမွာ ယခုလိုအေျခအေနျဖစ္ေအာင္ မသိမသာ ဖ်က္ဆီးခံခဲ့ရသည္...
ေနာက္ပိုင္းတြင္ ျဖစ္လာခဲ့ေသာ ယြီရွီ၏သတ္ေသရန္ မၾကာခဏႀကိဳးပမ္းမႈတို႔မွာ ဤကဲ့သို႔စိတ္ထိခိုက္ဖြယ္ အသိတို႔ေၾကာင့္ေပလား။ သို႔မဟုတ္ ထိုလူတို႔၏ ဆႏၵကိုျဖည့္ဆည္းေပးရန္ အလို႔ငွာေပလား။
သူၿမိဳ႕ေတာ္သို႔ျပန္ေရာက္ခါကစ ႏွလုံးသားမရွိေသာ အ႐ူးတစ္ေယာက္ကဲ့သို႔ ေမးခဲ့ဖူးသည္ကို က်ဳံးဝမ္႐ုတ္တရက္ ေတြးမိသြားသည္။ မင္းဘဝမွာ ဘာကမ်ား ေခ်ာေမြ႕မေနလို႔လဲ။
ဘာကမ်ား ေခ်ာေမြ႕မေနလို႔လဲတဲ့လား...
က်ဳံးဝမ္ လက္ကိုေျမႇာက္ကာ သူ႔မ်က္ႏွာသူ ႐ိုက္လိုက္မိသည္။
မည္သည့္အရာသည္ ေခ်ာေမြ႕ေနခဲ့သနည္း။
ယြီရွီ ဤေမးခြန္းကို ၾကားခဲ့စဥ္က မည္သည္ကို ေတြးခဲ့မည္နည္း။
သူစိတ္ဓာတ္မက်သြားသလို ေဒါသလည္းမျဖစ္ခဲ့။ ဘာမွမထူးဆန္းသကဲ့သို႔ ရယ္ခဲ့သည္။
ထိုကဲ့သို႔ တူညီေသာစကားတို႔ကို လြန္ခဲ့ေသာႏွစ္မ်ားအတြင္း ႐ိုးအီေနေအာင္ သူၾကားခဲ့ၿပီးျဖစ္ေလာက္သည္။
က်ဳံးဝမ္ သူ႔ေခါင္းကို ျပတင္းေဘာင္ႏွင့္ ေဆာင့္လိုက္သည္။ အံကိုတင္းတင္းႀကိတ္လ်က္ ယြီရွီစိတ္ဆင္းရဲခံစားေနခဲ့ရစဥ္ သူမည္သည့္အလုပ္ေတြ လုပ္ေနခဲ့သည္ကို ျပန္ေတြးၾကည့္မိသည္။
ထိုကေလးမ်ား အနည္းအက်ဥ္းေလး ထိခိုက္မိမည့္အေရးကို စိုးရိမ္ကာ နန္က်င္းသို႔ ေန႔ေရာညပါ ျဖည္းျဖည္းႏွင့္မွန္မွန္ ခရီးႏွင္ေနခဲ့သည္။
ယြီရွီမွာ သူ႔စိတ္ထဲတြင္ပင္ ေပၚမလာခဲ့။
ျမင္းလွည္းသည္ ေရွ႕ေနာက္လႈပ္ယမ္းေနသည္။ တစ္နာရီခန႔္အၾကာတြင္ မင္းသားယြီအိမ္ေတာ္၏ အရံၿခံဝန္းသို႔ ေရာက္ရွိခဲ့ေလၿပီ။ က်ဳံးဝမ္မွာ ခန္းစီးစကို ဆြဲတင္ကာ အရံၿခံဝန္းတံခါးဝကို စိုက္ၾကည့္လ်က္ အေတြးတြင္ေမ်ာေနသည္။
ညေလေအးတို႔သည္ က်ဳံးဝမ္ကို အ႐ိုးထဲထိတိုင္ စိမ့္ေအးသြားေစသည္။ ေလေအးတို႔မွာ ဂယက္ထေနေသာ သူ႔စိတ္အစုံကို အနည္းငယ္ေတာ့ တည္ၿငိမ္သြားေစသည္။
အကယ္၍ ယခုအခ်ိန္တြင္ ယြီရွီကို အတိတ္ေၾကာင္းမ်ား သူအကုန္သိၿပီးျဖစ္ေၾကာင္း ေျပာလိုက္လွ်င္ သူ႔ကို လုံးဝဉႆုံစိတ္တိုေစလိမ့္မည္။
ယြီရွီေနရာမွ ဝင္စဥ္းစားၾကည့္လွ်င္ က်ဳံးဝမ္ကို သူႏွင့္ေဝးႏိုင္သမွ်ေဝးေအာင္ ေနေစခ်င္လိမ့္မည္။ က်ဳံးဝမ္ သူ႔အတိတ္အေၾကာင္းကို မသိခဲ့လွ်င္ အေကာင္းဆုံးပင္ ျဖစ္သည္။
ယြီရွီသည္ ေသြးသားထဲထိတိုင္ မာနကိုကိုင္စြဲထားသည္။ အျခားသူမ်ား၏ သနားခံရမႈကို ႐ိုး႐ိုးသားသားပင္ျဖစ္ေစ လိုခ်င္မည္မဟုတ္။
ယခုအခ်ိန္တြင္ ရွင္းရွင္းေျပာရလွ်င္ သူမည္ကဲ့သို႔ သိခဲ့ေၾကာင္း ယြီရွီကို ဘယ္လိုရွင္းျပရမည္ကို မဆိုထားႏွင့္၊ ယြီရွီ အမ်က္ထြက္ကာ သူ႔ကို ဓားႏွင့္ထထိုးမည္လား ဆိုသည္ကိုပင္ က်ဳံးဝမ္ မေရရာလွေပ။
က်ဳံးဝမ္အေနႏွင့္ ေသရမွာကို မေၾကာက္ေသာ္ျငား ယခုအခ်ိန္တြင္ေတာ့ မျဖစ္ေသး။
က်ဳံးဝမ္သည္ ေအးစက္စက္ေလတို႔ႏွင့္အတူ ခ်မ္းတုန္သြားသည္။
သူလုံးဝကို တည္ၿငိမ္သြားခဲ့ေလၿပီ။
သူဘာကိုမွမသိသလို၊ မည္သည့္အရာမွ မျဖစ္ခဲ့သလို သူဟန္ေဆာင္ရမည္။ ယြီရွီ သတိမထားမိခင္ သူ႔အိမ္ေတာ္သူျပန္သင့္သည္။ သူတို႔ ေနာက္မ်ားမွာ ေတြ႕ဆုံၾကလွ်င္ပင္ သူဤကိစၥကို လွ်ိဳ႕ဝွက္ထားရမည္။ ဦးစြာ ၿမိဳ႕ေတာ္တြင္ေနရစ္ရန္ အစီအစဥ္တစ္ခု သူဆြဲထားရမည္။ အျခားအရာမ်ားကို ျဖည္းျဖည္းခ်င္းစီ ေျဖရွင္းသြား၍ရသည္။
ေလာေလာဆယ္တြင္ ယြီရွီသည္ အကဲဆတ္ကာ သံသယမ်ားေနသည္။ အေၾကာင္းကိစၥတို႔ကို တေ႐ြ႕ေ႐ြ႕ႏွင့္သာ ခ်ဥ္းကပ္သင့္သည္။
သူတို႔ႏွစ္ဦး၏ဆက္ဆံေရးသည္ ျပတ္ရွလြယ္သည္။ အတိမ္းအေစာင္းေလး ရွိခဲ့လွ်င္ပင္ တစ္ေယာက္ကိုတစ္ေယာက္ ေတြ႕ဖို႔ရန္ ခက္ခဲေပလိမ့္မည္။
က်ဳံးဝမ္၏ျမင္းလွည္းသမားမွာ သူမလႈပ္မယွက္ရွိေနသည္ကို သတိထားမိသြားၿပီး နားမလည္စြာ ေမးလာသည္။ "သခင္ေလးက်ဳံး၊ ကြၽန္ေတာ္ တံခါးသြားေခါက္လိုက္ရမလား။ ဒါမွမဟုတ္..."
"ဟင္..." က်ဳံးဝမ္ စကားတစ္ခြန္းေျပာရန္ပင္ လွ်ာေလးေနမိသည္။ "ငါတို႔အိမ္ေတာ္ကိုပဲ ျပန္စို႔"
ျမင္းလွည္းသမားမွာ အံ့ဩဆြံ႕အသြားရသည္။ အခ်ိန္မွာ ညလယ္ေခါင္ျဖစ္သည္။ သူတို႔သြားလိုရာသို႔ အခက္အခဲမ်ားၾကားမွ ေရာက္ရွိခဲ့ေခ်ၿပီ။ ယခုမူ လွည့္ျပန္ရမည္လား။
က်ဳံးဝမ္က ေခါင္းညိတ္သည္။ "အိမ္-အိမ္ေတာ္ကိုပဲ ျပန္စို႔"
ျမင္းလွည္းသမားမွာ ေခါင္းသာညိတ္ႏိုင္သည္။ သူ ႏွင္တံကို ကိုင္ေျမႇာက္လိုက္ခ်င္းခ်င္းမွာပင္ ျမင္းလွည္းေပၚရွိ အေလးခ်ိန္သည္ ႐ုတ္တရက္ေလးလာၿပီး ခ်က္ခ်င္းျပန္ေပါ့သြားသည္။ က်ဳံးဝမ္က ခုန္ခ်ႏွင့္ၿပီးျဖစ္ေလသည္။
ေတြေဝစြာျဖင့္ က်ဳံးဝမ္ ေရ႐ြတ္လိုက္သည္။ "ခ်ီးကိုပဲ တေ႐ြ႕ေ႐ြ႕ခ်ဥ္းကပ္"
သူမေစာင့္ႏိုင္ေတာ့။
အရံအိမ္ေတာ္ရွိ ပင္မအိပ္ေဆာင္တြင္ ယြီရွီမွာ မအိပ္ရေသး။
ယြီရွီသည္ တစ္ေယာက္တည္း စစ္တုရင္ကစားေနသည္။
အိမ္ေတာ္ထိန္းဖုန္က ေဘးတြင္ရပ္လ်က္ ေခါင္းငုံ႔ကာ ငိုက္ျမည္းေနသည္။
ရက္အနည္းငယ္ခန႔္က ယြီရွီသည္ က်ဳံးဝမ္အေပၚ စိတ္ဝင္စားမႈမ်ား ေလ်ာ့က်သြားခဲ့သည္။ ခ်န္အန္းမင္းသားအိမ္ေတာ္ရွိ သူလွ်ိဳတို႔ကို ျပန္ေခၚရန္ အမိန႔္ေပးခဲ့ၿပီးေနာက္ အိမ္ေတာ္ထိန္းဖုန္ကို က်ဳံးဝမ္ထံ ပိုင္ဆိုင္ခြင့္စာခ်ဳပ္အား ျပန္ေပးေစသည္။ သူသည္ တစ္ေယာက္ေပၚတစ္ေယာက္ အေႂကြးမတင္ရေအာင္ ျပတ္ျပတ္သားသား ေရစက္ျဖတ္ခ်င္ပုံေပၚသည္။
ပို႔လိုက္ေသာ ပိုင္ဆိုင္ခြင့္စာခ်ဳပ္မွာ ျပန္ေရာက္လာခဲ့သည္။ သို႔ေသာ္ ဤအရာကိုလည္း ယြီရွီစိတ္မဝင္စားခဲ့။ သူသိေၾကာင္းကိုသာေျပာၿပီး က်ဳံးဝမ္အေၾကာင္း စကားပင္မဟေတာ့။
သာမန္ႏွင့္မတူေတာ့လွ်င္ တစ္ခုခုမွားယြင္းေနေလၿပီ။ ယြီရွီ ၿငိမ္သက္ေနျခင္းသည္ ေၾကာက္ဖြယ္ေကာင္းလွသည္။ ဤအျခင္းအရာသည္ အိမ္ေတာ္ထိန္းဖုန္ကို ပို၍ ထိတ္လန႔္ေစသည္။
က်ဳံးဝမ္ကို ပိုင္ဆိုင္ခြင့္စာခ်ဳပ္ သြားေပးရန္ ေစခိုင္းခံရစဥ္က ယြီရွီကိုယ့္ကိုယ္ကို သတ္ေသရန္စီစဥ္ေနသလားဟု အိမ္ေတာ္ထိန္းဖုန္ စိုးရိမ္မိခဲ့သည္။ သူေသၿပီးေနာက္ ကိစၥအဝဝတို႔ကို ႀကိဳတင္စီမံေနသည္လား။
တစ္ဆက္တည္းမွာပင္ အိမ္ေတာ္ထိန္းဖုန္သည္ ဤရက္မ်ားအတြင္း အိမ္ေတာ္ကို ေစာင့္ၾကည့္ရန္ လူႏွစ္ဆတိုးလိုက္သည္။ သူတို႔သည္ ေန႔ေရာညပါ ယြီရွီကို ေစာင့္ၾကည့္ခဲ့ၾကသည္။
သို႔ေသာ္ ယြီရွီသည္ စိတ္ပူေလာက္ဖြယ္ မည္သည့္ကိစၥကိုမွ မလုပ္ခဲ့ေပ။ ဤရက္မ်ားအတြင္း အခ်ိန္မွန္စား၊ အခ်ိန္မွန္အိပ္ကာ အိပ္မေပ်ာ္သည့္ ညမ်ားတြင္ မီးအိမ္မပါဘဲ အိမ္ေတာ္တြင္း ေလွ်ာက္ပတ္ၾကည့္ျခင္း အမႈကိုလည္း မျပဳေတာ့ေပ။ အခ်ိန္ေတာ္ေတာ္မ်ားမ်ားတြင္ သူယခုလုပ္ေနေသာ အရာကိုသာ လုပ္ေနခဲ့သည္— တစ္ေယာက္တည္း စစ္တုရင္ကစားျခင္း။
အေသးအဖြဲကိစၥေလးတစ္ခုကေတာ့ ထူးဆန္းေနသည္။ ယြီရွီအတြက္ အိမ္ေတာ္ထိန္းဖုန္ ျပန္ယူလာေသာ လက္ဖက္ေျခာက္အိတ္ကေလးမွာ ေပ်ာက္ဆုံးေနခဲ့သည္။
အက်ႌရင္ဘတ္အိတ္ထဲသို႔ ယြီရွီထည့္လိုက္သည္ကို အိမ္ေတာ္ထိန္းဖုန္ ေသခ်ာမွတ္မိသည္။ သို႔ေသာ္ ေနာက္ေန႔ ယြီရွီအဝတ္လဲရန္ ကူညီေပးခ်ိန္တြင္ ထိုအိတ္ကေလးကို ရွာမေတြ႕ေတာ့ေပ။ အက်ႌလဲရင္း ၾကမ္းေပၚသို႔ မေတာ္တဆက်သြားသည္ဟု ထင္ေသာေၾကာင့္ ၾကမ္းေပၚတြင္ ေသခ်ာသတိထား ရွာၾကည့္ေသာ္လည္း မေတြ႕ရေခ်။
အိမ္ေတာ္ထိန္းဖုန္သည္ တစ္ေယာက္တည္းေတြးေနမိသည္။ ယြီရွီ မီးလင္းဖိုထဲကို ပစ္ထည့္လိုက္တာေတာ့ မဟုတ္ပါဘူးေနာ္။
သို႔ဆိုလွ်င္ ႏွာေျမာဖြယ္အတိပင္။
ထိုလက္ဖက္ေျခာက္ ပမာဏနည္းနည္းကို က်ဳံးဝမ္ကိုယ္တိုင္ ေသခ်ာျဖည္းျဖည္းခ်င္း ေ႐ြးထားျခင္းျဖစ္သည္။ က်ဳံးဝမ္ လက္သန႔္သန႔္ေဆးကာ မီးခြက္ကို ကိုင္ေဆာင္လ်က္ လက္ဖက္ေျခာက္ဘူးအတြင္း ႏွံ႔ႏွံ႔စပ္စပ္ရွာထားျခင္းျဖစ္သည္။
နည္းပါးေသာ္လည္း အလတ္ဆတ္ဆုံးႏွင့္ အေကာင္းမြန္ဆုံး လက္ဖက္႐ြက္ႏုမ်ား ျဖစ္သည္။
အိမ္ေတာ္ထိန္းဖုန္မွာ ပို၍အိပ္ခ်င္လာသည္ႏွင့္အမွ် စိတ္မ်ားမွာလည္း ပိုပိုလြတ္လာသည္။ မ်က္လုံးတို႔ကို ပြတ္သပ္ကာ ေရွ႕သို႔တိုးလ်က္ ယြီရွီကို တိုးတိုးေျပာလိုက္သည္။ "တတိယအခ်ိန္ေတာင္ ေရာက္ေနၿပီ။ ဆက္ခံသူ အနားယူေတာ့မလား"
(T/N - ညဆယ့္တစ္နာရီကေန တစ္နာရီအတြင္း)
ယြီရွီက စစ္တုရင္အျဖဴေလးကို ဖ်စ္ညႇစ္လိုက္သည္။ ေခတၱတုန႔္ဆိုင္းၿပီးေနာက္ ၎ကိုျပန္ခ်လိုက္ၿပီး ေခါင္းညိတ္လိုက္သည္။ "ကြၽန္ေတာ္ အိပ္ေတာ့မယ္"
ယြီရွီက စစ္တုရင္ အမဲႏွင့္အျဖဴတို႔ကို ခြဲလိုက္သည္။ အိမ္ေတာ္ထိန္းဖုန္က ေရွ႕တိုးလာကာ အက်ႌခြၽတ္ရန္ ကူညီေပးသည္။ ထိုစဥ္႐ုတ္တရက္ တစ္စုံတစ္ေယာက္က ဧည့္သည္ေရာက္ေနေၾကာင္း အေၾကာင္းလာၾကားသည္။
"မျဖစ္ႏိုင္တာ" အိမ္ေတာ္ထိန္းဖုန္က ေခါင္းရႈပ္သြားသည္။ "ညသန္းေခါင္ႀကီးမွာ ဘယ္သူက လာမွာလဲ။ မင္းသမီးႀကီးက တစ္ခုခုေျပာဖို႔ လႊတ္လိုက္တာလား။ ဒါမွမဟုတ္ နန္းေတာ္က တစ္ေယာက္ေယာက္လာတာလား"
အျပင္ဘက္မွအေစခံက ျပန္ေျဖသည္။ "ခ်န္အန္းမင္းသားအိမ္ေတာ္က သခင္ေလးက်ဳံးေရာက္ေနတာပါ"
ယြီရွီ၏လက္တို႔ တုန္ယင္သြားရသည္။ စစ္တုရင္ျဖဴေလးမွာ ၾကမ္းေပၚသို႔ လြတ္က်သြားသည္။
က်ဳံးဝမ္တစ္ေယာက္ ခန္းေဆာင္ထဲတြင္ ထိုင္ေနရင္း ေတြးေနမိသည္။ ငါ႐ူးေနတာပဲ။
ယြီရွီေပါက္ကြဲမည္ကို ေၾကာက္ေသာေၾကာင့္ ေလာေလာဆယ္ သူေသေသခ်ာခ်ာ မရွင္းျပႏိုင္ေသး။ ထိုမွေတာ့ ယြီရွီကိုေတြ႕လွ်င္ မည္သည့္စကားတို႔ကို သူေျပာသင့္သနည္း။
က်ဳံးဝမ္၏ ထိတ္လန႔္စိတ္တို႔မွာ ျမင့္တက္လာသည္။ ယြီရွီအိပ္ေနေလာက္ပါေစဟု သူဆုေတာင္းေနမိသည္။ ထိုမွသာ သူဤေနရာတြင္ ညလုံးေပါက္ထိုင္ေနႏိုင္မည္။ မနက္ျဖန္တြင္... မနက္ျဖန္အေၾကာင္းကို မနက္ျဖန္ေရာက္မွသာ စဥ္းစားေတာ့မည္။
က်ဳံးဝမ္သည္ သူ၏ေအးစက္ေျခာက္ေသြ႕ေနေသာ လက္တို႔ကို အခ်င္းခ်င္းပြတ္သပ္ေနမိသည္။ စိတ္တို႔မွာ ပ်ံ႕လြင့္လ်က္ ယြီရွီအိပ္ေနၿပီး သူ႔ကိုလာေတြ႕သူမွာ အိမ္ေတာ္ထိန္းဖုန္ ျဖစ္ရန္ကိုသာ ေမွ်ာ္လင့္ေနသည္။
ခန္းစီးေနာက္မွ ေျခသံတို႔ကို ၾကားေနရသည္။ က်ဳံးဝမ္ ေခါင္းေမာ့လိုက္သည္...
ယြီရွီထြက္လာျခင္းျဖစ္သည္။
ယြီရွီအိပ္ရန္ ျပင္ဆင္ေနၿပီဆိုသည္မွာ ထင္ရွားသည္။ သူ၏ရႈပ္ေထြးေပြလီေသာ အေပၚ႐ုံမွာ ကိုယ္ေပၚ၌ မရွိေတာ့ေပ။ အတြင္းတြင္ သာမန္အျဖဴညစ္ေရာင္ အက်ႌကိုသာ ဝတ္ထားသည္။ ႀကီးမားေသာ အမည္းေရာင္ ဝတ္႐ုံကိုမူ ကိုယ္ေပၚ၌ ၿခဳံထားသည္။
ယြီရွီက မ်က္ေမွာင္ၾကဳတ္လိုက္သည္။ "မင္းတို႔အိမ္ေတာ္မွာ တစ္ခုခုျဖစ္လို႔လား"
က်ဳံးဝမ္ေတာင့္ခဲသြားသည္။ သူေခါင္းခါမိသည္။ "မဟုတ္ဘူး။ ဘာမွမျဖစ္ဘူး"
ယြီရွီက က်ဳံးဝမ္ကို မယုံသည့္ပုံျဖင့္ ၾကည့္ေနသည္။ က်ဳံးဝမ္ စကားေျပာရန္ ခက္ေနသည္ဟု ေတြးမိသျဖင့္ တစ္ဖက္သို႔လွည့္ကာ အေစခံမ်ားကို အမိန႔္ေပးလိုက္သည္။ "ထြက္သြားၾက၊ မင္းတို႔အားလုံး"
အေစခံမ်ားအားလုံး ထြက္သြားၾကၿပီး အိမ္ေတာ္ထိန္းဖုန္သာလွ်င္ က်န္ခဲ့သည္။
ယြီရွီက ထိုင္ခ်လိုက္ၿပီး စိတ္မရွည္စြာ ေမးလိုက္သည္။ "ဒါဆို မင္းငါ့အိမ္ေတာ္ကို ညသန္းေခါင္ႀကီးလာရေအာင္ ဘာကမ်ားအေရးႀကီးလို႔လဲ"
က်ဳံးဝမ္ ယြီရွီကို မ်က္လုံးပင့္ၾကည့္လိုက္သည္။ ၾကည့္ရင္းႏွင့္ပင္ သူၾကက္ေသေသေနမိသည္။
ဤကဲ့သို႔ ရႈပ္ေထြးလွသည့္ ကိစၥမ်ားသာ မျဖစ္ခဲ့လွ်င္ ယြီရွီသည္ ငယ္ငယ္တုန္းကကဲ့သို႔ပင္ ရွိေနဦးမည္မဟုတ္လား။
ေက်ာက္စိမ္းကဲ့သို႔ ၾကည္လင္ကာ အိမ္ကဲ့သို႔ ေႏြးေထြးလွသည္။
ယခုယြီရွီသည္လည္း တစ္ခုခုလြဲမွားေနသည္ဟု က်ဳံးဝမ္မထင္ေပ။ ေက်ာက္စိမ္းကဲ့သို႔ ၾကည္လင္ေသာ ယြီက်စ္႐ုန္သည္ အဆင္ေျပသည္။ ပုန္ကန္ဆိုးသြမ္းေသာ ယခုယြီရွီသည္လည္း အဆင္ေျပသည္။
တစ္ခုပဲရွိသည္။ ဤကဲ့သို႔ အေျခအေနျဖစ္ေအာင္ ယြီရွီငယ္တစ္ေယာက္ ညႇင္းပန္းခံခဲ့ရပုံကို ေတြးမိတိုင္း က်ဳံးဝမ္၏စိတ္ႏွလုံးသားတို႔မွာ နာက်င္လာရသည္။
ယြီရွီမွာ အလြန္အမင္း စိတ္ပ်က္ေနေလၿပီ။ "တကယ္ပဲ ဘာကိစၥလဲ။ မင္း ငါ့ကိုေျပာမွာလား၊ မေျပာဘူးလား"
က်ဳံးဝမ္ အသက္ဝဝရႉလိုက္သည္။ သူ႔ရင္ထဲရွိ အမုန္းတရားတို႔ကို ဖိသိပ္လ်က္ သူေျပာလိုက္သည္။ "ငါ- ငါအိပ္မက္ဆိုးမက္လို႔"
ယြီရွီဆြံ႕အသြားရသည္။ သူ႔နားတို႔ကို အလိုအေလ်ာက္ ပြတ္လိုက္မိသည္။ ထို႔ေနာက္ အိမ္ေတာ္ထိန္းဖုန္ကိုၾကည့္ကာ စိတ္ရႈပ္ေထြးလ်က္ ေမးလိုက္သည္။ "ဘာ၊ မင္းဘာေျပာလိုက္တယ္"
က်ဳံးဝမ္က ေခ်ာင္းဟန႔္ကာ ထပ္ေျပာသည္။ "ငါအိပ္မက္ဆိုးမက္ၿပီေတာ့ လန႔္ႏိုးလာလို႔"
အိမ္ေတာ္ထိန္းဖုန္သည္ သူ႔အတြက္ ေနရာမရွိေၾကာင္းကို သေဘာေပါက္ခဲ့ေလၿပီ။ ထိန္းခ်ဳပ္၍မရႏိုင္ဖြယ္ အၿပဳံးမ်က္ႏွာျဖင့္ သူကေျပာလိုက္သည္။ "ဒီအေစခံႀကီး အရင္သြားႏွင့္ပါ့မယ္"
အိမ္ေတာ္ထိန္းဖုန္က လ်င္ျမန္စြာပဲ ေပ်ာက္သြားသည္။ အခန္းထဲ၌ လူႏွစ္ဦးသာ က်န္ခဲ့ေတာ့သည္။
ယြီရွီသည္ ေနရာတြင္ပင္ မွင္တက္ေနမိသည္။ ရန္သူႀကီးတစ္ေယာက္ကို ေတြ႕ေနရသကဲ့သို႔ သူေတြးမိသည္။ က်ဳံးဝမ္က အခု သူ႔ေရွ႕မွာ ခ်စ္စရာေကာင္းေအာင္ လာခြၽဲျပေနတာလား။
သူ ေအးစက္စာမႈန႔္မ်ား မေတာ္တဆ စားမိသြားတာလား။
သူလည္း ႐ူးသြားၿပီလား။
ယြီရွီ၏လည္ေခ်ာင္းတို႔မွာ ေျခာက္ကပ္လာရသည္။ "မင္း..."
က်ဳံးဝမ္၏လည္ေစ့မွာ အေပၚေအာက္ေ႐ြ႕လ်ားသြားသည္။ သူကေျပာသည္။ "ငါအရင္က အိပ္မက္ဆိုးမက္ရင္ မ-မင္းပဲ ငါ့ကိုႏွစ္သိမ့္ေပးခဲ့တာ မဟုတ္ဘူးလား"
အခ်ိန္ေတာ္ေတာ္ၾကာ ယြီရွီတိတ္ဆိတ္ေနမိသည္။
ယြီရွီက ထိတ္လန႔္ဖြယ္ သူ႔႐ုပ္သူ လက္ညႇိဳးထိုးလ်က္ အသက္မပါစြာ ေျပာသည္။ "အရင္ဆုံး ငါမင္းကို ႏွစ္သိမ့္မယ္၊ မႏွစ္သိမ့္ဘူးဆိုတာကို မေျပာနဲ႔ဦး။ ငါမင္းကို အခုႏွစ္သိမ့္ရင္ေတာင္... မင္းအိပ္ေပ်ာ္ႏိုင္မွာလား"
ေသခ်ာေပါက္ အိပ္မေပ်ာ္ႏိုင္ပါ။
က်ဳံးဝမ္က မ်က္ခုံးၾကဳတ္လ်က္ အသက္ျပင္းျပင္းရႉလိုက္သည္။ ဤသည္မွာ အလြန္တရာဆိုးဝါးလွေသာ အေၾကာင္းျပခ်က္ဆိုသည္ကို သူလည္းသိေနခဲ့သည္။ သို႔ေသာ္ သူ႔အေနႏွင့္ ယခုအခ်ိန္တြင္ အျခားမည္သည္ကိုမ်ား ေျပာႏိုင္ဦးမည္နည္း။
သူက ဖ်စ္ညႇစ္၍ ေျပာလိုက္ရသည္။ "လြန္ခဲ့တဲ့ႏွစ္ရက္က ငါေလေအးထဲမွာ အၾကာႀကီးေနမိသြားတယ္။ ငါေခါင္းက ေသခ်ာမေတြးႏိုင္ဘူးေနမယ္။ ငါ... ဒီမွာ မင္းနဲ႔အတူ ေနလို႔ရမလား"
ယြီရွီက က်ဳံးဝမ္ကို မယုံႏိုင္စြာ အထက္ေအာက္ၾကည့္လိုက္သည္။ "မင္းအေအးမိတာလား၊ စိတ္ေရာဂါျဖစ္သြားတာလား။ မင္းေနမေကာင္းဘူးဆို ေတာ္ဝင္သမားေတာ္ကို သြားရွာရမွာေလ။ ငါ့ကိုလာရွာလို႔ ဘာထူးမွာလဲ"
က်ဳံးဝမ္ထံတြင္ ေျဖစရာမရွိ။ ေခါင္းကိုသာငုံ႔လ်က္ ဆိတ္ဆိတ္ၿငိမ္ေနသည္။
က်ဳံးဝမ္၏မ်က္ႏွာတစ္ဝက္ေပၚသို႔သာ အလင္းက်ေရာက္ေနသည္။ ဤသည္မွာ သူ႔ကို ပိန္လွီညႇိဳးႏြမ္းဟန္ ေပါက္ေစသည္။
ယြီရွီက သူ႔ကိုအတန္ၾကာေအာင္ စိုက္ၾကည့္ေနသည္။ ဆက္၍သည္းမခံႏိုင္ေတာ့သကဲ့သို႔ မတ္တပ္ထရပ္ကာ သူေျပာလိုက္သည္။ "ငါ့မွာ မင္းနဲ႔အတူျဖဳန္းဖို႔ အခ်ိန္မရွိဘူး။ ေျပာစရာမရွိရင္ အခုခ်က္ခ်င္း ထြက္သြားေတာ့"
က်ဳံးဝမ္က မ်က္လႊာပင့္ၾကည့္လိုက္သည္။ တိုးညင္းေသာအသံျဖင့္ သူကေျပာသည္။ "က်စ္႐ုန္"
ယြီရွီရပ္တန႔္သြားသည္။
ေခတၱအၾကာတြင္ ယြီရွီက ခပ္ျမန္ျမန္ မတ္တပ္ထရပ္လိုက္သည္။ က်ဳံးဝမ္ေရွ႕သို႔ေရာက္ေအာင္ ေျခလွမ္းအနည္းငယ္လွမ္းလိုက္ၿပီး က်ဳံးဝမ္၏ထိုင္ခုံေပၚသို႔ လက္ႏွစ္ဖက္တင္လိုက္သ္ည။ အံကိုတင္းတင္းႀကိတ္ကာ သူက တစ္ခြန္းစီေျပာလိုက္သည္။ "မင္း။ တကယ္ပဲ။ ဘာလုပ္ခ်င္ေနတာလဲ"
ယြီရွီေၾကာင့္ ေၾကာက္႐ြံ႕ကာ က်ဳံးဝမ္၏ရင္တုန္သြားရသည္။ ယြီရွီထံမွလာေသာ ဖိအားတို႔ကို မသိက်ိဳးကြၽံျပဳရန္ ႀကိဳးစားလ်က္ ကိုယ့္ကိုယ္ကို တည္ၿငိမ္ေအာင္ လုပ္လိုက္သည္။ ႐ိုးသားပြင့္လင္းစြာ သူေျဖလိုက္သည္။ "ငါအိပ္မက္ဆိုးမမက္ပါဘူး။ မင္းကိုေတြ႕ခ်င္႐ုံတင္ပါ"
ယြီရွီက ေလွာင္သည္။ "ငါယုံမယ္လို႔ မင္းထင္ေနလား"
က်ဳံးဝမ္သည္ ယြီရွီ၏လက္ကို ဖမ္းကိုင္လိုက္ခ်င္ေသာ္လည္း ယြီရွီ႐ြံရွာသြားမည္ကိုလည္း စိုးရိမ္မိျပန္သည္။ "ငါ အမွန္ကို ေျပာေနတာပါ"
ယြီရွီက က်ဳံးဝမ္ကို ငုံ႔ၾကည့္ေနသည္။ တခဏအၾကာတြင္ သူကေျပာသည္။ "က်ဳံးဝမ္၊ အခုက ညသန္းေခါင္ႀကီး။ အခန္းထဲမွာ မင္းနဲ႔ငါ ႏွစ္ေယာက္ပဲရွိတယ္။ ဘာျဖစ္ေတာ့မယ္ဆိုတာကို မင္းသိတယ္မလား"
က်ဳံးဝမ္၏နား႐ြက္တို႔မွာ နီေဖ်ာ့ေဖ်ာ့အေရာင္သန္းလာသည္။ သူလည္ေခ်ာင္းကို ရွင္းလိုက္သည္။ "ငါသိပါတယ္... အင္း"
ယြီရွီက ေထ့ေငါ့ေျပာသည္။ "ငါနားလည္ၿပီ"
က်ဳံးဝမ္ ရင္တုန္သြားသည္။ ယြီရွီက ဘာကိုနားလည္တာလဲ။
ယြီရွီက က်ဳံးဝမ္ကို ေအးစက္စက္မ်က္ဝန္းတို႔ျဖင့္ စိုက္ၾကည့္ေနသည္။ "ေျပာ။ မင္းရဲ႕အိမ္ေတာ္မွာ ဘာျဖစ္တာလဲ။ မင္းကိုယ္မင္း ငါ့ကိုလာေရာင္းေနရေအာင္ ႐ႊမ္ေ႐ြ႕လား။ လမ္းမွာ သူတစ္ခုခုျဖစ္လို႔လား"
က်ဳံးဝမ္အံႀကိတ္မိသည္။ ဤသည္မွာ ယြီရွီ၏အမွားမဟုတ္ေပ။
အယုံအၾကည္မရွိေအာင္ ယုံၾကည္မႈကို ဖ်က္ဆီးခဲ့သူမွာ သူကိုယ္တိုင္ပင္ ျဖစ္သည္။
ယြီရွီက ခပ္ေထ့ေထ့ေျပာသည္။ "ဒါမွမဟုတ္ ႐ႊမ္ယြီလား။ ၿမိဳ႕ေတာ္မွာ သူ႔လုံၿခဳံေရးကို ငါ့ကိုတာဝန္ယူေစခ်င္တာလား"
က်ဳံးဝမ္ျပန္မေျဖသည္ကို ယြီရွီသတိထားမိသြားသည္။ သူကေျပာသည္။ "ဒါမွမဟုတ္ ႐ႊမ္စုန္ရွင္းလား။ ဘာလဲ။ သူ႔ကိုလက္ထပ္ေပးဖို႔ မိသားစုေကာင္းေကာင္း ငါ့ကိုလာရွာခိုင္းတာလား"
က်ဳံးဝမ္ သက္မခ်လိုက္သည္။ သူဆုံးျဖတ္ၿပီးေခ်ၿပီ။
ယြီရွီမွာ စိတ္မရွည္ႏိုင္ေတာ့။ "က်ဳံးဝမ္၊ အေပးအယူမလုပ္ခင္ ကိုယ္လိုခ်င္တာကို ရွင္းေအာင္ေျပာရမယ္လို႔ မင္းမသင္ဖူးဘူးလား။ မင္းလိုခ်င္တာကို စကားတစ္ခြန္းတန္တစ္ခြန္း၊ ႏွစ္ခြန္းတန္ႏွစ္ခြန္းေျပာ။ အခုခ်က္ခ်င္း ရွင္းေအာင္ေျပာ"
က်ဳံးဝမ္က ယြီရွီကိုၾကည့္လိုက္သည္။ သူ႔အသံမွာ အလြန္တိုးေဖ်ာ့လြန္းလွသည္။ "ငါ့မွာ... မင္းကိုေတာင္းဆိုစရာ တစ္ခုေတာ့ရွိတယ္"
ယြီရွီေခါင္းငုံ႔လိုက္သည္။ သူ႔နဖူးေပၚသို႔ ဆံစတစ္ခ်ိဳ႕ က်လာၿပီး သူ႔မ်က္ႏွာကို မျမင္ႏိုင္ေအာင္ ဖုံးသြားသည္။ ယြီရွီ ရယ္လိုက္သည္။ "ထင္တဲ့အတိုင္းပဲကိုး"
ယြီရွီက ေအးစက္စြာေျပာလိုက္သည္။ "တစ္ခုပဲလား"
က်ဳံးဝမ္က ေခါင္းညိတ္သည္။
ယြီရွီက ေခါင္းကို ႐ုတ္တရက္ ျပန္ေမာ့လိုက္သည္။ "ေျပာ"
က်ဳံးဝမ္ တံေတြးမ်ိဳခ်မိသည္။ အလြန႔္အလြန္တိုးညင္းေသာ အသံျဖင့္ သူေျပာလိုက္သည္။ "မင္း... ညင္သာေပးပါ"
10.8.2021
Thanks for reading