အပိုင်း ၂၁၄

Start from the beginning
                                    

ယန်လောင့်မျက်လုံးများတွင် အလင်းရောင်တစ်ချက် လက်ကနဲဖြစ်သွားပြီးနောက်
“ဒီဖြစ်စဉ်မှာ ဘိုခွန်းက ရှောင်ဟန်ရီကို ဖမ်းခေါ်သွားတဲ့ကိစ္စဟာ မင်းဖိုးဖိုးကြီးကို တစ်ယောက်ထဲ ခွဲထုတ်ချင်လို့ပဲပေါ့…ပြီးတော့ သူက ချီယန်နဲ့ ပေါင်းပြီး မိစ္ဆာဖမ်း ၀င်္ကဘာကို ချထားလိုက်တယ်…မင်း ဖိုးဖိုးကြီးကို တားထားတယ်…ငါတို့ ယန်မိသားစုကို ဖျက်ဆီးမယ်ပေါ့…ဒီ ဘုရင်နှစ်ကောင်က တကယ်အကွက်ကျကျ စီမံထားခဲ့တာပဲ..”

“မြေအောက်ကမ္ဘာနဲ့ မိစ္ဆာနယ်မြေ ဆက်သွယ်မှုအကြောင်း ဖိုးဖိုးတောင် မသိခဲ့ဘူးလား…”
ရှီယန်က အံ့သြသွားသည်။

ခေါင်းကိုခါယမ်းလိုက်ရင်း ယန်လောင်က
“မိစ္ဆာတွေနဲ့ အမှောင်နေသူတွေ နောက်ဆုံးအကြိမ် ပူပေါင်းခဲ့ကြတာဟာ သိပ်ကို ကြာလွန်းခဲ့ပြီ…အခုအချိန်နဲ့ဆို အရမ်းကို ဝေးကွာခဲ့ပြီဆိုတော့ ဒီလျှို့ဝှက်ချက်ကို ဘယ်သူမှ မသိတော့ဘူး…ငါတောင်မသိဘူးဆိုရင် ကျန်တဲ့ အရှေ့ပင်လယ်တစ်ခွင်က အင်အားစုတွေရဲ့ ခေါင်းဆောင်တွေအကုန်လုံးလဲ ဘယ်သူမှ သိစရာအကြောင်းမရှိဘူး…ဟာ…ဒီကိစ္စက တကယ့် ပြသနာကြီးပဲ…ငါထင်တယ် ငါတို့က ဒီအကြောင်းကို ဖွင့်ပြောရင်တောင် တခြားအဖွဲ့အစည်းကလူတွေက ယုံကြည်ကြမှာမဟုတ်ဘူး…အဲ့ဒီအစား ငါတို့ယန်မိသားစုက ဘာတွေ လှည့်စားပြန်ပြီလဲလို့ပဲ ထင်ကြမှာ…”

ရှီယန်က တိတ်ဆိတ်သွားသည်။
ယန်လောင်၏ စကားများသည် ယုတ္တိရှိမှန်း သူသိသည်။

အရှေ့ပင်လယ်တစ်ခုလုံးကို ရှင်းလင်းပစ်နိုင်လောက်သော ကြီးမားလှသည့် အပြောင်းအလဲကြီးအောက်တွင် အန္တရာယ်အဆင့်သာရှိသေးသော သူနှင့် ကျော်ကြားခြင်းမရှိသော သူ့နာမည်သည် ဘာလွှမ်းမိုးနိုင်စွမ်းမှ ရှိနေမည်မဟုတ်ပါ။

ပြီးတော့ သူက ယခုအချိန်တွင် ယန်မိသားစုကို ထိရောက်စွာ အကူအညီပေးနိုင်စွမ်းမရှိသေးမှန်းလဲ သူသိထားပါသည်။

“ဘာမှမဖြစ်ပါဘူး….ဒီအချက်အလက်တွေ အကုန်ရပြီးမှတော့ အနည်းဆုံးတော့ ငါတို့က မိစ္ဆာနယ်သားတွေနဲ့ အမှောင်နေသူတွေ ဘယ်ခြေလှမ်းလှမ်းတယ်ဆိုတာကို ကြိုသိထားရတာပေါ့…သူတို့ရဲ့ လှုပ်ရှားမှုတွေကို တွက်ဆလို့ ရလာပြီလေ…ငါတို့က စောစောစီးစီး ကာကွယ်မှုတွေ ပြုလုပ်ထားရမယ်…”
ယန်လာင်က ရှီယန့်ပုခုံးကို ပုတ်ကာ နှစ်သိမ့်လိုက်သည်။
“သိပ်လဲ စိတ်ပူမနေပါနဲ့…ယန်မိသားစုက အရှေ့ပင်လယ်မှာ နှစ်ပေါင်းများစွာ မယိုင်မလဲ ကြံ့ကြံ့ခံနိုင်ခဲ့တာဟာ ငါတို့မှာလဲ ကျောထောက်နောက်ခံရှိနေလို့ပါ…အဆိုးဆုံတွေ ဖြစ်လာပြီဆိုရင် ငါတို့က ယာယီ ဆုပ်ခွာလိုက်ကြရုံပေါ့…ဒီလူတွေ အခြေအနေမှန်ကို မြင်နိုင်ပြီဆိုတဲ့အချိန်ကျမှ ငါတို့က ပြန်လာပြီး တိုက်ခိုက်ကြတာပေါ့…ငါတို့က ယန်မိသားစုပိုင်ပစ္စည်းတွေကို ဆုံးရှုံးသွားတာမှမဟုတ်တာ…အင်မော်တယ်ကျွန်းကို စွန့်ခွာတာမှမဟုတ်ပဲ…အချိန်အတိုင်းအတာတစ်ခုရောက်ရင် ငါတို့က ပြန်ယူမှာပဲလေ…”

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now