Extra-3 (End)

6.8K 151 12
                                    

(သတိ! အချိုတွေများသောကြောင့်ဆီးချိုတက်နိုင်ပါသည်။)

(Unicode)

စက္ကန့်တွေကရွေ့လျားနေသလိုနေ့ရက်တွေဟာလည်းတစ်နေ့ပြီးတစ်နေ့ကုန်ဆုံးနေသည်။ ထို့အတူလတွေဟာလည်းအလီလီပြောင်းလဲနေကြလေသည်။

ယခုလသည် Marchလဖြစ်လေသည်။ ကလေးများလည်းကျောင်းများပိတ်သွားပြီဖြစ်ရာ မိသားစုလိုက်ခရီးထွက်ကြရန်ခွန်းနှောင်ကြိုးတို့ပြင်ဆင်နေကြလေသည်။

"ကလေးတွေ စောစောအိပ်ကြမယ်နော်..မနက်ဖြန်ခရီးထွက်မှာ.."

"ဟုတ်ကဲ့ဖေဖေ" ဟုအားလုံးထံမှပြိုင်တူအသံထွက်လာလေသည်။ သို့သော်အငယ်ဆုံးလေး၏အသံတော့မပါချေ။

"သားငယ် ဖေဖေပြောတာကြားလား?"

"ဟွန်...ဖေဖေကလည်းသားသားဆော့ချင်သေးတာကို"

"မနက်ဖြန်ခရီးထွက်ရမှာလေ သားသားရယ်.."

"ဟင့်..ဟုတ်ကဲ့ပါ"

ခွန်းအင်္ကျီတွေထည့်ရင်းကလေးတွေကိုပြုံးကာကြည့်လိုက်သည်။ ကလေးတွေကအဆိုးကြီးတော့မဟုတ် ပြောရင်ရပါသည်။ တော်ပါသေးသည်။ ပြောလို့ဆိုလို့ရလို့။

"သားကြီး သားဒယ်ဒီကိုသွားခေါ်လိုက်အုံး ဖေဖေကအိပ်မယ်လို့"

"ဟုတ်ကဲ့ဖေဖေ"

သားကြီးဟာယခုဆိုလျှင်အသက်12နှစ်ပင်ရှိနေလေပြီ။ အသက်ကြီးလေပိုလိမ္မာလေဖြစ်သောသားကြီးဟာခွန်းရဲ့ညာလက်ရုံးလေးလိုတောင်ဖြစ်နေလေပြီ။

"ဖေဖေ ဒယ်ဒီကလာခဲ့ပါမယ်တဲ့"

"ဟုတ်ပြီဗျာ..လာကလေးတွေ ကလေးတို့အခန်းဆီသွားကြမယ်"

"ဟုတ်ကဲ့ ဖေဖေ"

ထို့နောက်ခွန်းနှောင်ကြိုးတို့ငါးယောက်သားသူတို့အခန်းမှထွက်ကာ နှောင်သွေးလေး၏အခန်းကိုအရင်သွားကြသည်။ နှောင်သွေးလေးကိုအခန်းထဲပို့ပြီးကိုယ်လက်သန့်စင်အိပ်ရာထဲဝင်မှ ခွန်းနှောင်ကြိုးအိပ်ခန်းမီးပိတ်ကာ အိပ်ရာဝင်အနမ်းပေး၍ပြန်ထွက်လာခဲ့လိုက်သည်။

နှောင်သွေးလေးကိုသိပ်ပြီးတော့ အမြွှာနှစ်ယောက်ကိုသူတို့အခန်းထဲပို့ပေးကာကိုယ်လက်သန့်စင်ပေးပြီး အိပ်ရာဝင်စေသည်။ ပြီးနောက်ညအိပ်ရာဝင်အနမ်းလေးပေးကာ ‌အခန်းမီးပိတ်ပေးပြီးနောက်ဆုံးတွင်တော့မျောက်လောင်းလေးကိုသိပ်ရန်သာကျန်တော့သည်။

Yayımlanan bölümlerin sonuna geldiniz.

⏰ Son güncelleme: Feb 18 ⏰

Yeni bölümlerden haberdar olmak için bu hikayeyi Kütüphanenize ekleyin!

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Hikayelerin yaşadığı yer. Şimdi keşfedin