Part-3(Unicode+Zawgyi)

12.5K 609 25
                                    

(Unicode)

ခွန်းအတွေးလွန်နေစဉ် ဒေါ်လေးကထပ်ပြောလာသည်။

"ဟဲ့ ဘာတွေတွေးနေတာလဲ ငါပြောတာကြားလား?"

"ခွန်းကြားပါတယ် ဒေါ်လေး...ခွန်းဒေါ်လေးတို့ရဲ့ကျေးဇူးကိုတစ်သက်မမေ့ပါဘူး။ ဒါပေမဲ့..."

"အို...ဒါပေမဲ့တွေ မ‌မဲ့တွေမလိုချင်ဘူး။ နင်ငါတို့ကျေးဇူးကိုမမေ့ရုံနဲ့မရဘူး။ ပြန်ဆပ်ရမယ်လေ...အခုဆို ငါတို့ကအဆင်ပြေနေတာမှမဟုတ်တာ..."

ဒေါ်သီသီလင်းတစ်ယောက် သူ,မ လိုချင်တာမရ,ရအောင် ဆွဲပြောနေသည်။ ဒေါ်သီသီလင်းသည် အကြမ်းကော၊ အနုကော၊ ဆယ့်နှစ်မျိုးကကြိုးစုံအောင်ကတတ်သော မိန်းမတစ်ယောက်ဖြစ်သည်။

ယခုစကားဝိုင်းတွင် ယောက်ျားဖြစ်သူမှ ဘာမှဝင်မပြောသေးသော်လည်း သူ,မကတော့ သူ,မလိုချင်တာကိုရအောင်ပြောရမည်။

"အမှန်ဆို အဲ့နေရာကငါ့နေရာပါ ခွန်းနှောင်ကြိုး...
ဟင်းးဟင်းး နင့်ကံကမဆိုသလောက်လေးကောင်းသွားလို့ပါ။"

မနက် ခေတ်တို့အိမ်မှာထဲက ဘာတစ်ခွန်းမှဝင်မပြောခဲ့တဲ့ မမကလျာက ရုတ်တရက်ထပြောလာသည်။ ခွန်း မမကလျာပြောတာကိုနားမလည်ပေ။

"နင်ကလေ..ဈာန့်လိုသူဌေးသားနဲ့မတန်ဘူးသိလား ဟွန်းး ငါသတိလေးလွတ်‌သွားလို့ နင်ကံကောင်းသွားတယ်မှတ်!"

"ကဲပါသမီးရယ်..ဖြစ်ပြီးတာပဲဖြစ်ပြီးပြီပဲ...၊သားခွန်းကိုပြောမနေပါတော့နဲ့!"

မမကလျာကခွန်းကိုဆူတော့ ဦးလေးကဝင်ပြောလာသည်။

"သားခွန်း မင်းလဲသိတဲ့အတိုင်း ဦးလေးရဲ့ ကုမ္ပဏီက ဒေဝါလီခံရတော့မယ်လေ...ဒါကြောင့်ဦးလေးတောင်းဆိုတာပါ ငါ့တူရာ...မင်းနဲ့မောင်ဈာန်မင်းတခေတ်လက်ထပ်ပြီးရင် ဦးလေးကို ပိုက်ဆံနည်းနည်းလောက်ချေးပေးပါလား..."

"အို...ဘာလို့ချေးမှာလဲ ဒီလောက်လေးတောင်မကူညီနိုင်ဘူးပေါ့။ သူ့ကိုငယ်ငယ်ကတည်းကနေ ဒီအရွယ်ထိကျွေးမွေးစောင့်ရှောက်ခဲ့တာ ကျွန်‌မတို့မိသားစုပါတော်..."

ဦးလေးကလဲ ခွန်းဘက်ကပါမလိုလိုနဲ့ သူလိုချင်ရာကို လေပြည်အေးလေးဖြင့်ဆွဲခေါ်သွားခဲ့သည်။ တစ်မိသားစုလုံး အတူတူနဲ့အလူလူပါပဲ။ နောက်ဆုံးတော့လည်း ခွန်းဘက်မှာ ဘယ်သူမှမရှိ။ ခွန်းတစ်ယောက်ထဲသာရှိသည်။

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now