Part-32(Unicode + Zawgyi)

18.5K 599 42
                                        

(Unicode)


-ကျွီ-

"ခေတ်.."

ဈာန်မင်းတခေတ်ဝင်ဝင်ခြင်းပင် သူ့နာမည်ကိုခေါ်သံကြားလိုက်ရသည်။ ကုတင်ပေါ်မှ လူကိုကြည့်လိုက်မိတော့ မျက်လုံးများမှိတ်ကာ အိပ်ပျော်နေသည်။ ဈာန်မင်းတခေတ်ဝင်လာ၍ သူ့နာမည်ကိုခေါ်သည်မဟုတ်။ ယောင်ကာခေါ်နေခြင်းဖြစ်သည်။

"ခေတ်..ခေတ်..ခေတ်ဘယ်မှာလဲ..ခေတ်..!"

ခွန်းနှောင်ကြိုးယောင်ကာ ဈာန်မင်းတခေတ်၏နာမည်အား ခေါ်မြဲသာခေါ်နေသည်။ ထို့နောက် အသံမှာပိုကျယ်လာပြီး လက်ပါလေထဲဝဲ၍ ဈာန်မင်းတခေတ်အားလိုက်ရှာနေသည်။

"ခေတ်..!"

"ကျွန်တော်ရှိတယ်.."

ထိုသို့ပြောကာ ဈာန်မင်းတခေတ် စားစရာများကို စားပွဲပေါ်သို့ ကမန်းကတန်းတင်ကာ ကုတင်ပေါ်သို့ဝင်ထိုင်လေသည်။

"ခေတ်..."

ခွန်းနှောင်ကြိုး မျက်လုံးဖွင့်လာကာ ဈာန်မင်းတခေတ်အား မျက်ရည်ရွှဲနေသော မျက်လုံးများဖြင့်ကြည့်ကာ ခေါ်လိုက်သည်။

"ကိုယ်ရှိတယ်..ကိုယ်ဒီမှာရှိနေပါတယ် ကြိုးငယ်.."

ဈာန်မင်းတခေတ် ထိုသို့ပြောပြီး ခွန်းနှောင်ကြိုး၏ လက်ကလေးကိုကိုင်ကာနှဖူးအားခပ်ဖွဖွလေး နမ်းလိုက်သည်။

"ခေတ် ခွန်းကိုထားသွားပြီထင်နေတာ..."

ခွန်းနှောင်ကြိုး ဝမ်းနည်းစွာပြောလာ၍ မျက်ရည်များကျလာသည်။

"ကိုယ်ကဘာလို့ထားသွားရမှာလဲ ကိုယ့်ကြိုးငယ်.."

ဈာန်မင်းတခေတ် လေ‌ပြည်အေးလေးဖြင့်သာပြန်ပြောလေသည်။

"ခွန်းအိပ်မက်မက်တယ် ခေတ်က..ခေတ်က ခွန်းကိုထားပြီးအဝေးဆုံးကို ထွက်သွားတာတဲ့..ခွန်းကြောက်တယ်၊ ခေတ်ထားသွားမှာကို ခွန်းကြောက်တယ်..."

"မထားခဲ့ပါဘူးလို့ ကိုယ်မပြောဘူး ကိုယ့်ကြိုးငယ်.."

ဟုတ်သည်။ ဈာန် ထိုလူသားအား မဖြစ်နိုင်သည့်အရာကို မပြောချင်။ တစ်ချိန်မှာတော့ ဒီလူသားကိုထားခဲ့ရအုံးမည်။ သို့သော် ဈာန်မင်းတခေတ်ဆိုတာ အပြောထက် လက်တွေ့ကို ပိုယုံကြည်သည်မို့ ပါးစပ်ဖြင့် မဖြစ်နိုင်သည့်ကတိတွေကို မပေး။ လက်တွေ့သာလုပ်မည်ဖြစ်သည်။

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now