Part-28(Unicode + Zawgyi)

18.9K 648 32
                                        

(Unicode)

-ဒေါက် ဒေါက် ဒေါက်-

-ကျွီ-

ထွန်းတောက်တံခါးကိုအကြာကြီးမခေါက်လိုက်ရ။ တံခါးကပွင့်လာလေသည်။

"သန့်ဇေ..ကူပါဦး"

ထွန်းတောက်၏ စိုးရိမ်တကြီးမျက်နှာကိုမြင်လိုက်ရတော့ သန့်ဇေလဲ ဘာမှထွေထွေထူးထူးမေးမနေတော့ဘဲ ဆေးအိတ်ယူ၍ ထွန်းတောက်ခေါ်ရာကိုလိုက်ခဲ့လိုက်သည်။ ငွေစင်ကြိုးကလဲ အလောတကြီးထထွက်သွားသော သူမ,၏ခင်ပွန်းနှင့် မကြာခင်ခဲအိုရဲ့ ခင်ပွန်းဖြစ်လာတော့မည့်ခဲအိုနောက်သို့အပြေးလေးလိုက်လာခဲ့သည်။

ထွန်းတောက် အိပ်ခန်းတံခါးကိုအမြန်ဖွင့်ကာ သန့်ဇေအား ခွန်းနှောင်ကြိုးကိုစမ်းသပ်ခိုင်းလိုက်သည်။ ထွန်းတောက်မျက်နှာဟာယခုဆိုလျှင်ပြောမပြတတ်အောင်ပင် ပူပန်နေပြီဖြစ်သည်။ ခွန်းနှောင်ကြိုးကလည်းသန့်ဇေရောက်လာပြီဆိုတာသိပေမဲ့ ဘာစကားမှပြန်မပြောနိုင်ပေ။ ဗိုက်ကိုသာဖိ၍ငိုနေသည်။ သန့်ဇေ ခွန်းနှောင်ကြိုးအားစိတ်ငြိမ်ငြိမ်ထားခိုင်းပြီး ဗိုက်ကိုမဖိနေရန်ပြောကာ လျင်မြန်စွာ စမ်းသပ်ပေးလိုက်သည်။

သန့်ဇေပထမတစ်ခါစမ်းသပ်ကြည့်တယ်။ ဒီအဖြေပဲထွက်နေ၍ နောက်တစ်ခါထပ်စမ်းတယ်။ ပြီးနောက်,နောက်တစ်ခါထပ်စမ်းတယ်။ စုစုပေါင်းသုံးကြိမ်တိတိစမ်းသပ်အပြီးမှာတော့ သူကောက်ချက်တစ်ခုကို ရဲဝံ့စွာချလိုက်တော့လေသည်။

"ဝမ်းသာစရာသတင်းပါ။ Congratulationsပါ ကိုခွန်းနှောင်ကြိုး၊ ကိုခွန်းနှောင်ကြိုးမှာ ကိုယ်ဝန်သုံးပတ်ရှိနေပါပြီ။"

သန့်ဇေကထိုစကားကို ပျော်ရွှင်စွာပြောပြလေတယ်။ ခွန်းနှောင်ကြိုးထိုစကားကိုကြားလိုက်သောအခါ နာကျင်နေသည့်ကြမှ အံ့ဩကာ ဝမ်းသာမျက်ရည်ကျမိလေသည်။ ထွန်းတောက်ဆိုလျှင် မတ်တပ်မေ့သွားသည်ဟုထင်ရသည်။ ခန္ဓာကိုယ်မှာတောင့်တင်းသွားကာ မလှုပ်မယှက်ရပ်နေလေသည်။ ဘေးမှ ငွေစင်ကြိုးကအသာခေါ်လိုက်မှ အသိပြန်ဝင်လာလေသည်။ သေချာပေါက်ငွေစင်ကြိုးမှာလဲ ဝမ်းသာနေကာ မျက်ရည်ပင်ကျလုမတတ်ပင်။

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now