(Unicode)
"ရောက်လာကြပြီလား..၊ လာ လာ အထဲဝင်"
ငွေစင်ကြိုးက အိမ်ရှင်ပီပီ သူငယ်ချင်းများကိုကြိုဆိုနေသည်။ သူငယ်ချင်းများကလည်း ဈာန်မင်းတခေတ်တို့ငါးယောက်ထဲပင်။ အားလုံး အတွင်းသိအဆင်းသိတွေပင်။ ခွန်းနှောင်ကြိုးမှလွဲ၍ပေါ့။
ထူးသက်ကတော့တံခါးဘေးတွင်ထိုင်သော ကျော်ဇင့်နှိုး၍ အိပ်ချင်မူးတူးပုံစံဖြင့် ကားပေါ်မှဆင်းလာသည်။ လူများအားလုံးဆင်းပြီးသော်လည်း မဆင်းလာသေးသည်မှာ ဈာန်မင်းတခေတ်နှင့် ခွန်းနှောင်ကြိုးပင်။
ဈာန် သူ့ပေါ်မှီကာပင်ပန်းလို့ထင်သည် နှစ်ခြိုက်စွာအိပ်နေသော ကောင်လေးကို နှိုးလည်းမနှိုးရက်ပေ။ ထိုကြောင့်ရောက်ပြီဖြစ်တာတောင်ဒီအတိုင်းသာထား၍ ဈာန်ကိုယ်တိုင်လည်း ကားပေါ်မှမဆင်းသေးပေ။
"ဟဲ့ ဈာန် ဆင်းလာလေ"
ငွေစင်ကြိုးမှ အခုထိမဆင်းလာသေးသောသူအား ပြောလိုက်သည်။
"အင်း ဇေယံခဏလောက်ကူပါအုံး"
ဇေယံခေါင်းတစ်ချက်ညိတ်ကာ ကားတံခါးကိုဆွဲဖွင့်ပြီး ခွန်းနှောင်ကြိုး၏ခေါင်းကိုအသာထိန်းပေးထားလိုက်သည်။ ဈာန်မင်းတခေတ်ကထိုအခါမှ ကားပေါ်မှဆင်းကာ ညာဘက်လက်ကိုတစ်ချက်ခါလိုက်ပြီး ကားထဲမှအိပ်နေသောသူအား အသာပွေ့လိုက်သည်။
ထို့နောက် ငွေစင်ကြိုးအားမေးကာသူတို့ နေရမည့်အခန်းကိုလိုက်ပြခိုင်းလိုက်သည်။ အခန်းထဲသို့ရောက်သောအခါ ခွန်းနှောင်ကြိုးကို ကုတင်ပေါ်သို့ဖြည်းဖြည်းချပေးကာ ဧည့်ခန်းသို့ပြန်လာခဲ့လိုက်သည်။ ဈာန်မင်းတခေတ်လှေကားပေါ်မှဆင်းလာတာကိုမြင်သောအခါ သူငယ်ချင်းများကဈာန်မင်းတခေတ်အားကြည့်နေလေသည်။
ဈာန်မင်းတခေတ်၏လုပ်ရက်များကြောင့် သူငယ်ချင်းများအားလုံး၏ စိတ်ထဲတွင်ထပ်တူညီစွာတွေးလိုက်သောအရာတစ်ခုရှိပါသည်။ ထိုအတွေးများကတော့- *မချစ်ဘူးသာပြောတယ်၊ သူ့ယောက်ျားအိပ်နေတာ အိပ်ရေးပျက်မှာစိုးလို့ နှိုးတောင်မနှိုးဘဲ အခန်းထဲထိတောင်ပွေ့ချီသွားလိုက်သေးတယ်* ဟူ၍ပင်။
YOU ARE READING
𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}
Fantasyဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ‼️Male pregnancy‼️ start Date - 1.8.2023 (Tuesday) End Date - 20.11.2023 (Monday) 🌷Second Fiction🌷 {COMPLETED} White Tulip🌷🤍
