Part-21(Unicode + Zawgyi)

12.9K 496 66
                                    

(Unicode)

"ပြီးပြီလား?"

"ပြီးပြီ ခေတ်.."

"အင်း ဒါဆိုသွားမယ်"

ခွန်းခေါင်းတစ်ချက်ညိတ်ပြကာ ခေတ်ရဲ့အနောက်မှလိုက်လာခဲ့လိုက်သည်။

ဈာန်မင်းတခေတ်သွားသည့့်နောက်လိုက်ရမည်ဆိုသောကြောင့်ပျော်ကာ ခွန်းနှောင်ကြိုး သူတို့ဘယ်သွားမလဲဆိုတာတောင် မမေးမိ။ ဈာန်မင်းတခေတ် Driver seatတွင်ဝင်ထိုင်လိုက်ပြီး ခွန်းနှောင်ကြိုး Lover seatတွင်ဝင်ထိုင်ပြီးသည်နှင့် BMW အနက်ရောင်ကားလေးက နေရာတစ်ခုဆီသို့မောင်းနှင်ခဲ့လေသည်။

🌟🌟🌟

နေရာတစ်ခု၊ ပြောရမယ်ဆိုရင် ဟိုတယ်တစ်ခုပင်။
ထိုဟိုတယ်သို့ ဈာန်မင်းတခေတ်မောင်းသော BMW ကားအနက်ရောင်လေးသည်ဝင်ကာ ဟိုတယ်ရှေ့တွင်ရပ်လိုက်သည်။ ထိုဟိုတယ်ကတော့ ဈာန်မင်းတခေတ်တို့မိသားစုပိုင်သည့် 'New World' ဟိုတယ်ပင်။

ခွန်း ခေတ်ခေါ်သည့်နောက်သာ ဘာစကားတစ်ခွန်းမှမပြောဘဲလိုက်လာခဲ့လိုက်သည်။ အခန်းတစ်ခုသို့ရောက်သောအခါ ခွန်းလုံးဝအံ့ဩသွားရသည်။

"Suprise!!!"

လူစုံတက်စုံပင်။ ခေတ်၏ဖေဖေနဲ့မေမေ၊ ခွန်းအဒေါ်မိသားစု၊ ခေတ်၏သူငယ်ချင်းများ၊ အားလုံးပင်ရှိနေသည်။ စောနကစကားကိုတော့ ခေတ်၏သူငယ်ချင်းများမှပြောလိုက်ခြင်းဖြစ်သည်။

"ဒေါ်လေးတို့၊ အန်တီမြတ်တို့က ဘယ်လိုလုပ်.."

"ရော်..မေ့နေတာလား? ဒီနေ့ကသားတို့မင်္ဂလာနှစ်ပတ်လည်နေ့ဆိုတာ"

"ခွန်းမမေ့ပါဘူး အန်တီမြတ်..ခွန်းက...ခေတ်မေ့နေပြီတောင်ထင်တာ.."

ခွန်းနှောင်ကြိုး ဈာန်မင်းတခေတ်အား အသာစောင်းကြည့်ကာ ပြောလိုက်သည်။

"ခွန်းနှောင်ကြိုးရယ်..သူကမေ့စရာလား...၊ဒီနေ့လိုနေ့မျိုးကို အဟင်း...."

ဒေါ်လေးဘာအဓိပ္ပာယ်နှင့်ပြောသည်ဆိုတာခွန်းသိပါသည်။ သို့သော်လည်း ခွန်းပြုံး၍ပင်နေလိုက်သည်။

"ကဲ..အဓိကလူနှစ်ယောက်လဲ စုံပြီဆိုတော့ ကိတ်ခွဲရအောင်လေ.."

ထုံးစံအတိုင်း အာသွက်လျှာသွက် ထူးသက်ကပင်ပြောလိုက်လေသည်။

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Wo Geschichten leben. Entdecke jetzt