Part-42(Unicode + Zawgyi)

18.2K 607 28
                                        

(Unicode)


"ဟင်..ခေတ်..."

ဈာန်မင်းတခေတ် ဝင့်သဇင်၏လက်အား နောက်သို့ဆောင့်တွန်းလိုက်လေသည်။ ပြီးနောက် ခွန်းနှောင်ကြိုးအားကြည့်လိုက်သည်။

"ဘာဖြစ်သွားသေးလဲ?"

ခွန်းနှောင်ကြိုး ခေါင်းလေးယမ်းလိုက်သည်။ ဈာန်မင်းတခေတ်က ခွန်းနှောင်ကြိုးအား ချက်ချင်းပင်သူ့နောက်သို့ပို့လိုက်သည်။

"ဟက်...! ခွန်းနှောင်ကြိုး ဘာလဲ? ဒါကနောက်တစ်ယောက်လား? နင်ကဂေးလား ဟားဟားး"

ဝင့်သဇင်တစ်ယောက် မျက်နှာမဲ့ကာ လှောင်ပြောင်သလိုလုပ်၍ ရယ်လေသည်။

"ဝင့်သဇင် နင်.."

"ဒီမှာ အစ်မ စကားပြောဆင်ခြင်ရင်ကောင်းမယ်နော်..။"

ဝင့်သဇင်တစ်ယောက် သူမ,ရှေ့ရှိ ကောင်လေးအားကြည့်လိုက်သည်။

"မဆင်ခြင်တော့ နင်ကဘာလုပ်ချင်တုန်း! နင့်အကောင်က ငါ့ပါးကိုရိုက်တာ‌နော်... ဒီမှာCCTVတွေရှိတယ်။ လူတွေအားလုံးလဲရှိတယ်။ ဘယ်သူကဘယ်သူ့ကိုလက်အရင်ပါတာလဲဆိုတာအားလုံးမြင်သလို သိလဲသိတယ်။ ကိုယ်ထိလက်ရောက်စော်ကားမှုနဲ့ ‌တိုင်လိုက်လို့ ဂျေးထဲအောင်းနေရမယ်!"

ဝင့်သဇင်တစ်ယောက် မထီမဲ့မြင်ပုံစံဖြင့်ပြောလိုက်သည်။

ဈာန်မင်းတခေတ် ခွန်းနှောင်ကြိုးအား မျက်မှောင်ကြုတ်ကာ ကြည့်လိုက်တော့ ခွန်းနှောင်ကြိုးလည်း မျက်နှာငယ်လေးဖြင့် ပြန်ကြည့်လေသည်။ သူအမှားလုပ်ထားသည်မလား။

"ဒါဆိုပြောပါ။ အစ်မဘယ်လိုဖြစ်ချင်လဲ?"

"တောင်းပန်! ငါ့ကိုပြန်တောင်းပန်! ဒူးထောက်ပြီးတောင်းပန်..! ပြီးရင် နစ်နာကြေးပေးပေါ့..။ ဒါဆိုကျေနပ်ပေးမယ် ဟက်..!"

ဝင့်သဇင်တစ်ယောက် တစ်ချက်ရယ်ကာ ဈာန်မင်းတခေတ်အားကြည့်၍ပြောလေသည်။

"နစ်နာကြေးဘယ်လောက်လိုချင်လဲ?"

တောင်းပန်မယ်လို့တော့မပြော။ နစ်နာကြေးပေးရန်သာမေးလိုက်သည်။

"ဟွန်းး ပိုက်ဆံသိပ်ရှိနေတယ်ပေါ့..၊ သိန်းတစ်ထောင်..၊ ပေးကော... ပေးနိုင်လို့လား?"

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now