Part-75 (Unicode + Zawgyi)

10.1K 295 2
                                        

(Unicode)

20ရက်နေ့ 12လပိုင်း

ဒီနေ့ဟာဈာန်မင်းတခေတ်၏25နှစ်ပြည့်မွေးနေ့ဖြစ်လေသည်။ သူသည်မြန်မာနိုင်ငံသို့ပြန်ရောက်ပြီးတစ်နှစ်အကြာမှပွဲလုပ်တာဖြစ်ပြီး အားလုံးရှေ့ထွက်တာပင်ဖြစ်သည်။ ထို့ကြောင့်ဖိတ်ခံထားရသည့်လူတိုင်းမှာမအားလျှင်တောင်ကျန်အလုပ်များကိုဖျက်၍ ဈာန်မင်းတခေတ်၏မွေးနေ့ပွဲသို့အားလုံးလိုလိုတက်ရောက်ကြလေသည်။

ဈာန်မင်းတခေတ်သည်ထိုပွဲတွင်သူ၏ခင်ပွန်းနှင့်ကလေးများကိုပွဲထုတ်မှာဖြစ်သောကြောင့် ဖိတ်ခံထားရသောမီဒီယာများမှာသတင်းအချက်အလက်များကိုသေချာယူနေကြလေသည်။

အဘယ်ကြောင့်ဆိုသော်လက်ထပ်ပြီးသည်ကိုတောင်ဒီတိုင်းသတင်းစာထဲထည့်၍ မီဒီယာတစ်ခုကိုသာပြောပြပြီး ခင်ပွန်းဖြစ်သူ၏ပုံကိုတောင်မပြခဲ့သောကြောင့်ဖြစ်သည်။ ယခုလိုကလေးများရှိလာမှပွဲထုတ်မည်ဆိုတော့ ဈာန်မင်းတခေတ်ကိုလိုချင်ခဲ့သည့်သူများဟာလည်း ဈာန်မင်းတခေတ်၏ခင်ပွန်းသည်ဈာန်မင်းတခေတ်နှင့်လိုက်လားမလိုက်လား ရုပ်ရည်ကအစအဆင်ပြေရဲ့လားဆိုပြီးအကဲဖြတ်ကြမှာပဲဖြစ်လေသည်။ လူတွေကကိုယ်မရနိုင်လျှင်တောင်သူတစ်ပါးရထားသည့်အရာကိုကောင်းမကောင်းလိုက်လံဆုံးဖြတ်ပြီးဝေဖန်တတ်ကြသေးသည်မလား။

အမှန်တိုင်းပြောရလျှင် ဈာန်မင်းတခေတ်ကိုလိုချင်နေသည့်အမျိုးသမီးထုကြီးသည်ဈာန်မင်းတခေတ်အိမ်ထောင်ကျပြီးတာတောင်လိုချင်နေတုန်းပင်ဖြစ်သည်။

ယခုထက်ထိအောင်ပဲပင်။ တစ်ချို့ဆိုပွဲလန့်တုန်းဖျာခင်းချင်ကြမည့်လူတွေတောင်ပါလေသည်။ ထို့ကြောင့် ဈာန်မင်းတခေတ်၏ခင်ပွန်းအပြစ်၊အမှားကိုမျက်စိဒေါက်ထောက်လိုက်ကြည့်နေကြလေသည်။

ညမှောင်လာလေပို၍လူစုံလာလေဖြစ်သည်။ ဖိတ်ထားသည်မှာလူအနည်းစုသာဖြစ်သည်။ သို့သော်ထိုလူအနည်းစုကပင်များနေလေသည်။

ဖခင်၏အသိမိတ်တွေများ၊ ရှယ်ယာရှင်များနှင့် ဈာန်မင်းတခေတ်၏စီးပွားရေးလုပ်ငန်းရှင်များအပါအဝင်မိခင်ဖြစ်သူ၏မိတ်ဆွေများပါ,ပါဝင်နေလေတော့လူအနည်းစုမှများသွားလေသည်။

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now