Part-14(Unicode + Zawgyi)

21.1K 764 24
                                        

(Unicode)

ညနေ5နာရီမှာတော့ ခွန်းနှောင်ကြိုးတစ်ယောက် ဈာန်မင်းတခေတ်ပြန်ရောက်နေသည်ကိုလဲမသိ၊ စိတ်တိုနေသည်ကိုလဲမသိဘဲ အပူအပင်ကင်းစွာ ခါတိုင်းနေ့တွေလိုပဲ ပျော်ပျော်ရွှင်ရွှင်ဖြင့်အိမ်ပြန်လာခဲ့သည်။

Taxi ပေါ်ကဆင်းပြီး အိမ်ဝိုင်းထဲဝင်လာသောအခါ ဈာန်မင်းတခေတ်၏ကားကိုတွေ့သွားခဲ့သည်။

*ဟင်..ခေတ်ပြန်ရောက်ပြီလား၊ ဖုန်းတောင်မဆက်ဘူး။ ခေတ်ကတော့..*

ခွန်း‌နှောင်ကြိုးပို၍ပျော်သွားကာ ဈာန်မင်းတခေတ်မျက်နှာကိုမြန်မြန်တွေ့ရဖို့အ‌တွက် အိမ်ထဲသို့မြန်မြန်ဝင်လာခဲ့သည်။ အိမ်အပေါ်ထပ်သို့မတက်သေးဘဲ ဧည့်ခန်းဆီသို့ကြည့်လိုက်သောအခါ ခွန်းနှောင်ကြိုးတစ်ယောက် ဈာန်မင်းတခေတ်အားတွေ့လိုက်ရသည်။ ထိုအခါ ခွန်းနှောင်ကြိုးပြုံးကာဈာန်မင်းတခေတ်ဆီသို့လျှောက်သွားလိုက်သည်။ ခွန်းနှောင်ကြိုးမသိလိုက်သည်က ဈာန်မင်းတခေတ်စိတ်ဆိုးပြီးဒေါသထွက်နေသည်ကိုပါ။

"ခေတ်..ပြန်ရောက်ပြီလား.."

"ပြန်ရောက်လို့ ခင်ဗျားကျုပ်ကိုမြင်နေရတာပေါ့!"

ခွန်းနည်းနည်းမသင်္ကာဖြစ်သွားသည်။ အရင်ကဆိုကျွန်တော်၊ကျွန်တော်ဟုသာပြောသော ခေတ်သည် ယခုတွင်တော့ ကျုပ်ဟုသုံးနှုန်းလာသည်။

"ခေတ်..ခေတ်..စိတ်မကြည်ဘူးလား? အလုပ်အဆင်မပြေလို့လားဟင်..."

ခွန်းမေးလိုက်တော့ မျက်ထောင့်နီကြီးဖြင့် ခွန်းအားကြည့်လာသည်။ ခေတ်၏ဒီလိုပုံစံမျိုး ခွန်းတစ်ခါမှမမြင်ဘူးပါ။ ဘာဖြစ်လို့ စိတ်တိုနေပါလိမ့်။

"အလုပ်ကအဆင်ပြေတယ်၊ အိမ်ပြန်ရောက်ရောက်ချင်းတော့ အမောမပြေဘူး၊ အမောမပြေတဲ့အပြင်စိတ်ပါတိုရသေးတယ်!"

"ဘာ..ဘာဖြစ်လို့လဲဟင်..."

"ကျုပ်အိမ်ပြန်ရောက်တော့ ခင်ဗျားကိုမတွေ့ဘူး၊ ထားပါ၊ ခင်ဗျားလဲအလုပ်ရှိတာပဲ၊ ဒါမဲ့ကျုပ်အိမ်မှာတစ်ခြားသူတစ်ယောက်ရောက်နေတာတောင်ကျုပ်မသိရတော့ စိတ်တိုတာပေါ့၊ ဘာလဲခင်ဗျားက လူတစ်ယောက်လုံးကိုကျုပ်အိမ်ပေါ်ခေါ်ထားတာတောင် ကျုပ်ကိုအကြောင်းမကြားရအောင် ခင်ဗျားက ဒီအိမ်ကိုခင်‌ဗျားအပိုင်လို့မှတ်နေတာလား?"

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now