Part-2 (Unicode+ Zawgyi)

14.9K 691 23
                                    

(Unicode)

ဈာန်‌ရေမိုးချိုးပြီးတော့ အဝတ်စားလဲကာအပြင်သို့ထွက်လာသည်။ လက်တွင်ပတ်ထားသောနာရီကိုကြည့်လိုက်တော့ နေ့လယ်တောင်ရောက်နေပြီဖြစ်သည်။ စားပွဲ‌ပေါ်တွင်တင်ထားသောဖုန်းကိုကောက်ယူကာ သူငယ်ချင်းဖြစ်သူဘုန်းဇေယံထံစာပို့လိုက်သည်။

💬ငါခဏနေ ×××ဆိုင်ကိုလာခဲ့မယ်...၊ မင်းတို့‌လူစုထားလိုက်...ပြောစရာလဲရှိတယ်💬

ထိုသို့ပို့ကာပြန်စာကိုမစောင့်တော့ဘဲဖုန်းကိုပိတ်ကာဘောင်းဘီအိတ်ကပ်ထဲသို့ထည့်လိုက်ပြီးအောက်ထပ်သို့ အရင်ဦးဆုံးဆင်းလာခဲ့လိုက်သည်။ ထိုကောင်လေးကို 'ထ,နိုင်ရဲ့လား' ဟုမေးချင်သော်လည်းလျစ်လျူရှုကာတမင်မမေးဘဲ အောက်ထပ်သို့သာဆင်းလာခဲ့သည်။

ခွန်းနှောင်ကြိုးဆိုတဲ့ကောင်လေးက ဖြူစင်ပြီးအပြစ်ကင်းပေမဲ့ အဲ့ဒီမိသားစုရဲ့ မိသားစုဝင်တစ်ဦးဖြစ်လာခဲ့တာကတော့ သူ့အတွက်ကံဆိုးတာပဲ။
အဒေါ်ဖြစ်သူကလဲ မကောင်း၊ အဒေါ့်ရဲ့ယောက်ျားကလဲမကောင်း၊ အဆိုးဆုံးကတော့ သူတို့ရဲ့သမီးမျိုးကလျာလင်းဆိုသူပဲ။ မိန်းကလေးတန်မဲ့ ပွေလွန်းရှုပ်လွန်းတယ်။ night out ကလဲထွက်သေး၊ယဉ်ကျေးမှုကလဲမရှိ။ တကယ်..သူ့အကြောင်းပြောရရင်ပြောမဆုံးနိုင်ပဲ။

"သား..လာ ဒီမှာထိုင်...သားခွန်းကော...သား"

"သူလာ‌ပါလိမ့်မယ် မေမေ..."

"အေးပါအေးပါ။"

ပြောရင်းဆိုရင်းပင် ထိုကောင်လေးကဆင်းလာသည်။ အသက်ကတော့ရှည်အုံးမည်။

"သားခွန်း..လာ သားစျာန်ဘေးမှာလာထိုင်..."

"ဟုတ်ကဲ့ အန်တီမြတ်"

ခွန်း အန်တီမြတ်ကိုခေါင်းညိတ်ကာ ခေတ်ရဲ့ဘေးမှာဝင်ထိုင်လိုက်သည်။

"ကဲ..ကလေးတွေဆင်းလာပြီဆိုတော့ လူကြီးတွေတိုင်ပင်ထားတာကိုပြောပြရတာပေါ့... ဖေဖေတို့ကတော့ သားတို့ကိုနောက်လလောက်မှ လက်ထပ်စေချင်ပေမဲ့..သားခွန်းရဲ့အဒေါ်က အမြန်ဆုံးစီစဉ်စေချင်တယ်ဆိုတော့ နောက်အပတ်25ရက်နေ့မှာ သားတို့မင်္ဂလာပွဲကိုစီစဉ်လိုက်တယ်..၊ သားတို့သဘောကကော..."

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Onde histórias criam vida. Descubra agora