Part-64(Unicode + Zawgyi)

12.3K 415 16
                                        

(Unicode)





ခွန်းနှောင်ကြိုးတစ်ယောက် အိပ်မက်ရှည်ကြီးကိုမက်ခဲ့ပြီးနောက် နိုးလာခဲ့လေသည်။ နိုးနိုးခြင်းမျက်လုံးဖွင့်ကြည့်လိုက်တော့ သူတို့အိမ်နှင့်မတူညီသောမျက်နှာကျက်အားတွေ့လိုက်ရသည်။ နှာခေါင်းထဲသို့စူးကနဲဝင်လာသောအနံ့ကြောင့် ဆေးရုံရောက်နေသည်ဆိုတာကိုသိလိုက်ရသည်။

"ကြိုးငယ်နိုးလာပြီလား?"

"အွန်းး ခေတ်..."

"အင်း ကိုယ်ရှိတယ်ကြိုးငယ်.. ခေါင်းမူးသေးလား?"

"အွန်း နည်းနည်းပါ၊ ခွန်းဘာဖြစ်သွားတာလဲဟင်.."

စိတ်ပူပန်စွာမေးမိတော့ ခေတ်ကရယ်သည်။ ပြီးနောက်ခွန်း‌နှဖူးလေးအားနမ်းလာခဲ့လေသည်။

"ကြိုးငယ် ဘာမှမဖြစ်ပါဘူး။ အားနည်းပြီးမူးလဲသွားလဲတာ.."

"ဖေ့...အဟင့်..."

"သားသား"

ခွန်းကိုမြင်တော့ အပြင်မှဝင်လာသည့်သားသားက သူ့ပါးပါး‌လေးပေါ်မှငိုမဲ့မဲ့ဖြစ်လာလေသည်။ ပါးပါးလေးဆိုတာက ပိုင့်ကိုပြောတာပင်။ သားသားကပိုင့်ကိုပါးပါးလေးလို့ခေါ်ပြီး ကိုမိုးမြင့်ကိုတော့ ဖေဖေကြီးဟုခေါ်လေသည်။

သားသားက ခွန်းအိပ်နေသည့်ကုတင်ပေါ်သို့တက်လာကာခွန်းအားဖက်လေသည်။ အင်းပေါ့သူလဲလန့်သွားရှာမှာပဲ။ ခွန်းတို့ သားသားမွေးနေ့အတွက် စောလာသောပိုင်တို့အားသွားကြိုရင်း လေဆိပ်တွင်ခွန်းမူးလဲသွားတာပဲဖြစ်သည်။

"သားသား ဖေဖေ့ပေါ်မတက်ရဘူးနော်.."

"ဝုတ်"

ခွန်းအခုမှအားလုံးကိုသေချာကြည့်မိသည်။ အားလုံးဆိုပေမဲ့ ခေတ်၊ ပိုင်ရယ်၊ကိုမိုးမြင့်ရယ်သုံးယောက်ထဲပင်။ ကျန်လူများကတော့အိမ်တွင်သာကျန်ခဲ့ကြသည်။ သုံးယောက်စလုံး၏မျက်နှာတွင်အပြုံးများကိုယ်စီနှင့်ပင်။ ဘာကိစ္စများရှိလို့ပါလိမ့်။ ထိုအပြုံးများကိုမြင်တော့ အိပ်မက်ကိုပြန်သတိရမိသည်။

"ခေတ်.."

"ဟင် ပြောလေ ကြိုးငယ်"

"ခွန်းလေ ခွန်းအိပ်မက်မက်တယ်သိလား"

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now