Part-61(Unicode +Zawgyi)

6.5K 296 16
                                    

(Unicode)





7လပိုင်း 13ရက်ဖြစ်သည်။ ယခုဈာန်မင်းတခေတ်တို့သူငယ်ချင်းတစ်သိုက် လေဆိပ်သို့ရောက်နေတာဖြစ်သည်။ ထွန်းတောက်ပိုင်၏ မင်္ဂလာပွဲသို့သွားကြမှာပင်။ မိုးမြင့်ခေါင်တို့က လွန်ခဲ့တဲ့တစ်ပတ်လောက်ကပင် မင်္ဂလာဆောင်ဖိတ်စာလှမ်းပို့လိုက်သည်။

ထို့ကြောင့် ပွဲနေ့မရောက်ခင် တစ်ရက်ကြို၍ရောက်အောင်သွားကြတာပင်။ မိုးမြင့်ခေါင်တို့က 'New World' အပါအဝင်ကုမ္ပဏီတော်တော်များများနှင့်ရင်းနှီးသောကြောင့် စီးပွားရေးလုပ်ငန်းရှင်အများစုကလာရောက်ဂုဏ်ပြုကြမှာဖြစ်သည်။

ထိုအချိန်မှ ဈာန်မင်းတခေတ်က ခွန်းနှောင်ကြိုး၏ကိုယ်ဝန်ကိုဖွင့်ပြောမှာဖြစ်သည်။ ယခုထိတိုင် ဈာန်မင်းတခေတ်၏မိဘများသည် ခွန်းနှောင်ကြိုးတွင်ကိုယ်ဝန်ရှိသေးကြောင်းကိုမသိရသေးပေ။

အားလုံးလေ‌ယာဉ်ပေါ်တွင်ရောက်နေကြပြီဖြစ်သည်။ ယခုတစ်ခါတော့ကိုယ်ပိုင်လေယာဉ်မဟုတ်။ လက်မှတ်ဖြတ်၍ သွားကြတာပဲဖြစ်သည်။

မိုးမြင့်ခေါင်နှင့် သန့်ဇေထွန်းကညီအစ်ကိုဝမ်းကွဲဖြစ်သောကြောင့် ‌ငွေစင်ကြိုး၏မိဘများကိုလည်းဖိတ်ထားလေသည်။ မိုးမြင့်ခေါင်တို့မိဘနှင့် ငွေစင်ကြိုးတို့မိဘများကလည်း အနည်းအကျဉ်းသိကြပါသည်။

"ကြိုးငယ် ခေါင်းမူးသေးလား?"

"အွန်း နည်းနည်း၊ အိပ်ချင်တယ်ခေတ်..."

"အင်း ကိုယ့်ပေါ်မှီအိပ်နော်..ခဏဆိုရောက်တော့မှာပါ"

"အင်း"

ထို့နောက် ခွန်းနှောင်ကြိုးလည်း ဈာန်မင်းတခေတ်ပေါ်သို့မှီအိပ်လိုက်သည်။ ကျန်လူများကလည်းသူ့နေရာသူထိုင်၍ အိပ်သူကအိပ်၊ ဖုန်းကြည့်သူကကြည့်နှင့်ပင်။

🌟🌟🌟

ညအချိန်တွင် ဈာန်မင်းတခေတ်တို့ Switzerland နိုင်ငံသို့ရောက်ရှိသွားကြလေသည်။ ထွန်းတောက်ပိုင်တို့လာကြိုတာကြောင့် သူတို့တည်းသည့်ဟိုတယ်ကိုလိုက်ရှာရန်အခက်မတွေ့လိုက်ပေ။

လေဆိပ်မှနေ၍သူတို့တည်းသည့်ဟိုတယ်သို့ နာရီဝက်လောက်အကြာတွင်ရောက်ရှိသွားကြသည်။ ဟိုတယ်သို့ရောက်သော် အချိန်က8နာရီဖြစ်လေသည်။

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now