Part-36(Unicode + Zawgyi)

16.7K 535 45
                                        

(Unicode)



ရက်အနည်းငယ်ကြာသော် ဈာန်မင်းတခေတ်တို့ သူငယ်ချင်းတစ်သိုက် ငွေစင်ကြိုးအိမ်မှ မြန်မာနိုင်ငံသို့ပြန်လာကြလေသည်။

ဈာန်မင်းတခေတ်ကတော့ အိမ်ရောက်ရောက်ခြင်းပင် ဖုန်းတစ်လုံးနှင့်အလုပ်ရှုပ်နေသည်။ ခွန်းနှောင်ကြိုးကတော့ အိပ်ခန်းသန့်ရှင်းရေးလုပ်လိုက် ဟိုဟာလုပ် ဒီဟာလုပ်၊ ဒေါ်အေးကိုကူညီလိုက်ဖြင့် အချိန်ကုန်သွားလေသည်။

နောက်တစ်နေ့တွင် ခွန်းနှောင်ကြိုးတစ်ယောက် ပုံမှန်အတိုင်းမနက်7နာရီလောက်တွင်သူ့ဆိုင်လေးသို့သွားသည်။ ညနေ5နာရီဆိုပြန်လာလေသည်။ ထိုသို့ဖြင့် အေးချမ်းစွာဖြတ်သန်းနေရင်း ခွန်နှောင်ကြိုး သူ့မှာ ဈာန်မင်းတခေတ်၏ရင်သွေးလေးရှိပြီဆိုသည့်အကြောင်းကိုလည်း ပြောရန်အမြဲစဉ်းစားနေသည်။ သို့သော်ယခုထိတော့မပြောဖြစ်သေး။

ထိုအရာကပင် သူ့အတွက်မကောင်းဖြစ်သွားစေသည်။ တနင်္ဂနွေနေ့တွင် ခွန်းနှောင်ကြိုး ဆေးရုံသို့သွားကာ ကလေးလေး၏အခြေနေအားသွားစစ်ဆေးခဲ့သည်။ တစ်လပြည့်သည့်အခါ အနီးနားရှိဆေးရုံတွင် တစ်ခေါက်သွားပြပါဟု သန့်ဇေထွန်းကမှာလိုက်သောကြောင့်ပင်။

ထိုအချိန်တွင် မျိုးကလျာလင်းတစ်ယောက်သူ့သူငယ်ချင်းဆေးရုံတက်‌နေသဖြင့် ဆေးရုံသို့လာချိန်နှင့်တိုးသွားသည်။

*ဟင် အဲ့တာခွန်းနှောင်ကြိုးမလား! ဘာကြောင့်သားဖွားမီးယပ်ဆီလာတာပါလိမ့်*

ကလျာတစ်ယောက် အကွယ်တစ်ခုတွင်ပုန်းနေ၍ ခွန်းနှောင်ကြိုးအားကြည့်နေလေသည်။ ထို့နောက်ငါးမိနစ်လောက်ကြာတော့ ခွန်းနှောင်ကြိုး ပြုံးပျော်ရွှင်စွာထွက်လာသည်ကိုလည်းမြင်လိုက်ရသည်။ ခွန်းနှောင်ကြိုးထွက်သွားပြီးသည်ထိစောင့်၍ ကလျာသူထင်နေတာမှန်မမှန်သိရဖို့ ထိုသားဖွားမီးယပ်ဆရာဝန်ဆီသွားတွေ့လိုက်သည်။

"ညီမက ဘာဖြစ်တာလဲ?"

"ဪ..ညီမကဘာမှမဖြစ်ပါဘူးရှင့်။ ဆရာမကိုမေးစရာလေးရှိလို့ပါ။ အထွေထူးကြီးတော့မဟုတ်ပါဘူး။ စောနကလာသွားတဲ့ကောင်လေးလေ၊ အဲ့ကောင်လေးက ညီမရဲ့မောင်လေးပါ။ သူဘာဖြစ်တာလဲဟင်.."

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now