Part-10 (Unicode+ Zawgyi)

14.7K 628 23
                                    

(Unicode)

နှစ်ဖက်လူကြီးများက ဆိုဖာပေါ်တွင်‌ထိုင်နေကြပြီး ခွန်းတို့ကတော့ အောက်တွင်ထိုင်ကာ နှစ်ဖက်လူကြီးများအား ကန်တော့ကြသည်။ လူကြီးများက ခွန်းတို့ကန်တော့ပြီးသောအခါ ဆု‌များအသီးသီးပေးကြ၏။

ထို့နောက် စကားနည်းနည်းပါးပါးပြောကာ ညတွင် Dinner Partyလည်းရှိသေးသည်မို့ အေးဆေးနားရန်ပြောပြီးပြန်သွားကြသည်။ ထူးဆန်းတာတစ်ခုရှိ၏။ ထိုအရာမှာ မမကလျာပင်။ ဒီနေ့တစ်နေ့လုံးမမကလျာသည် ခွန်းအား ဘာစကားတစ်ခွန်းမျှ မပြော။ နောက်ပြီး မမကလျာ၏ လက်သည်ပတ်တီးဖြင့်ဖြစ်နေသည်။ ဒေါ်လေးပြောပုံအရတော့ ရေချိုးခန်းတွင် ချော်လဲသည်ဟုပြောပြီး လက်အဆစ်လွဲသွားသည်ဟုပြောသည်။ မမကလျာသည် သူ့ကိုယ်သူအရမ်းဂရုစိုက်တတ်သောမိန်းကလေးဖြစ်၏။ ဘယ်လိုကြောင့် ချော်လဲတဲ့အထိဖြစ်ရပါလိမ့်။

"ခင်ဗျားအရင်ချိုးမှာလား? ကျွန်တော်အရင်ချိုးရမလား?"

"ရတယ် ခေတ်..ခေတ်အရင်ချိုးလဲရတယ်ရယ်..."

"....."

ခွန်းနှောင်ကြိုးပြောလိုက်သောအခါ ဈာန်မင်းတခေတ်ကဘာမျှပြန်မပြောဘဲ ရေချိုးခန်းထဲသို့ တဘက်တစ်ထည်ယူကာဝင်သွားသည်။ ဈာန်မင်းတခေတ်ဆိုတာ သူ့ကိုပြောသမျှစကားတိုင်းကိုပြန်ပြောတတ်သောသူမဟုတ်။ ခေါင်းလည်းမာသည်။

သူသည်လိုချင်တာရှိပြီဆို ဘယ်လောက်ပင်ခက်ခဲပါစေ မရ,ရအောင်လုပ်ယူတတ်သေးသည်။ သူမလုပ်ချင်သောအရာကိုလည်း အတင်းလုပ်ခိုင်း၍မရပေ။ မိဘနှစ်ပါးပင်မရ။ မိဘနှစ်ပါးသည်လည်း ဈာန်မင်းတခေတ်မလုပ်ချင်သောအရာများကို အတင်းအကြပ်မလုပ်ခိုင်းပေ။ ထို့ကြောင့် ဈာန်မင်းတခေတ်သည် မိဘများ၏ ပြောစကားများကိုမြေဝယ်မကျနားထောင်လေ့ရှိသည်။ နောက်ဆုံးတစ်ချက်ကတော့ သူ့အပိုင်ဟုသတ်မှတ်ထားလျှင် လူပင်ဖြစ်နေပါစေ သူပိုင်ဆိုင်သမျှကို တစ်ခြားသူအားထိခွင့်မပေးပေ။

🌟🌟🌟

ညနေ6နာရီလောက်တွင် ပါတီအတွက်အပြင်အဆင်အစားအသောက်များအားလုံးအဆင်သင့်ဖြစ်နေပြီဖြစ်သည်။ ‌ခွန်းတို့ မနက်အိမ်မှထွက်သွားပြီး 8နာရီလောက်တွင် အိမ်သို့အလုပ်သမားများလာကာ ပြင်ဆင်နေခဲ့ကြတာဖြစ်သည်။ ခွန်းတို့ နေ့လယ်ပြန်လာတောင် မပြီးသေး။ ခွန်းလဲပင်ပန်းနေ၍ ဘာတစ်ခုမှမကူညီနိုင်။ ယခုပါတီပွဲစချိန်နီးမှ ပြင်ဆင်ပြီး အောက်သို့ဆင်းလာခဲ့လိုက်သည်။

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now