Part-67(Unicode + Zawgyi)

11.1K 353 15
                                        

(Unicode)




ည11နာရီလောက်တွင် အောက်ထပ်ရှိလူတစ်စုမှာ ရေချိန်လဲအတော်ပင်ကိုက်နေကြလေပြီ။ ထို့ကြောင့်အိပ်ရန်သာဆုံးဖြတ်၍ အခန်းသော့တောင်းကာကိုယ့်အခန်းကိုတက်ခဲ့ကြသည်။

သန့်ဇေတို့ကတော့ ဈာန်မင်းတခေတ်တို့ပြန်ပြီးမကြာအခန်းသော့တောင်းကာ အခန်းထဲသို့ဝင်သွားကြလေသည်။ ထို့ကြောင့်အောက်ထပ်တွင် မိုးမြင့်ခေါင်၊ထွန်းတောက်ပိုင်၊ ဘုန်းဇေယံ၊ ထူးသက်၊ ကျော်ဇင်နှင့်မြတ်အောင်တို့သာကျန်ခဲ့ကြသည်။

ထို့နောက်သူတို့အုပ်စုလမ်းခွဲကြကာ ကိုယ့်အခန်းကိုယ်ဝင်၍အိပ်ကြတော့သည်။ နှစ်ယောက်တစ်ခန်းစီအိပ်တာကြောင့် ထွန်းတောက်တို့အတွဲကတစ်ခန်း၊ ဇေယံနှင့်ထူးသက်ကတစ်ခန်း၊ ကျော်ဇင်နှင့်မြတ်အောင်ကတစ်ခန်းစီနေကြလေသည်။

မိုးမြင့်ခေါင်တို့အခန်းတွင်ဖြစ်သည်။ မိုးမြင့်ခေါင်တစ်ယောက် အမူးသမားလေးအားထိန်းနေရလေသည်။ သူကတော့ စီးပွားရေးလုပ်ငန်းရှင်များနှင့်မကြာခဏဆိုသလိုသောက်ရတာကြောင့်ဘယ်လောက်သောက်သောက်ပင်မမူးတော့ပေ။

"ကိုကို.."

"‌ဗျာ.."

"ကိုကိုလေ အေ့... ခွန်း..ခွန်းတို့ကို အားကျလား?"

"မကျပါဘူး။ ကိုကို့မှာကလေးရှိတာကို..အားကျစရာလား?"

"ဟွန်...တကယ်လား?"

"တကယ်ပေါ့ဗျာ.."

"ကိုကို.."

"ဗျာ.."

"ကလေးက ကလေးမမွေးနိုင်ဘူးနော် ပြီးတော့မိန်းမတွေလိုရင်သားကိတ်ကိတ်ကြီးတွေလဲမပါဘူး။ အဲ့တာတောင်မှ ကိုကိုက ကလေးကိုအသက်ရှင်နေသရွေ့ချစ်နိုင်လား?"

"ဒီမှာကလေး..ကလေးကိုလက်ထပ်တုန်းကကိုကို ကတိသစ္စာတွေဆိုထားတယ်လေ.. အဲ့ဒီကတိသစ္စာတွေကို ကိုကိုသေရင်တောင်မဖောက်ဖျက်ဘူး။ အဲ့တာယုံနော်.. ပြွတ်စ်! အကယ်၍ကလေးကချည်နှောင်ချင်တယ်ဆိုရင် ကိုကိုတို့ကလေးယူကြတာပေါ့.."

မိုးမြင့်ခေါင်၏စကားကိုကြားသော် ထွန်းတောက်ပိုင်တစ်ယောက်ပြုံးလိုက်ကာ ဖက်နမ်း၍ပြောလိုက်သည်။

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now