Part-53(Unicode + Zawgyi)

6.8K 308 10
                                    

(Unicode)




သန့်ဇေတစ်ယောက် ဈာန်မင်းတခေတ်အား ညည်းညူကာ သူ့အလုပ်လဲသူ‌လုပ်ပေးပြန်သည်။

"ရပြီလား ဟေ့ကောင်"

"အဟွတ်.. ‌ဖြည်းဖြည်းဖိပါဗျာ..၊ ကိုသန့်မိန်းမဆိုရင် အခုလိုလုပ်မှာမဟုတ်ဘူးမလား?"

"ဒါကတော့ငါ့မိန်းမပဲကွ! ဖြည်းဖြည်းလုပ်မှာပေါ့..တူမလား မင်းနဲ့"

ထိုသို့ပြောကာ ကျောအားဖိနေတာကိုရပ်၍ ရေချိုးခန်းထဲမှထွက်လာလေသည်။ ဈာန်မင်းတခေတ်ကတော့ စားထားသမျှကိုပြန်အန်ထွက်နေသောကြောင့် လမ်းလျှောက်ရန်အားပင်မရှိတော့..။

အပြင်သို့ထွက်လာပြီး ကုတင်ပေါ်သို့လှဲချကာ သန့်ဇေအားမေးလိုက်သည်။

"ကိုသန့် ဒီဟာကြီးက ဘယ်အချိန်ထိဖြစ်မှာလဲ? အခုဆိုကျွန်တော့်မှာ အစားအသောက်ပါပျက်နေပြီ.."

ဈာန်မင်းတခေတ် ရှုံ့မဲ့ကာပြောလိုက်သည်။

"အေး ဒါအစပဲရှိသေးတယ်၊ နောက်ဆိုပိုဆိုးမှာငါ့ကောင်ရေ..."

သန့်ဇေပြောသောအခါ ဈာန်မင်းတခေတ်တစ်‌ယောက် သက်ပြင်းသာအခါခါချနေလေသည်။

ထို့နောက်ပြန်သက်သာသွားမှ နှစ်ယောက်သားအောက်ထပ်သို့ဆင်းလာကြလေသည်။

"ခေတ် သက်သာလား? ခေါင်းမူးတာ..၊ အန်ချင်တာရော?"

"အင်း သက်သာပါတယ် သရက်သီးသုပ်ထားလား?"

"အွန်း ဒီမှာ စားရုံပဲ.."

ဈာန်မင်းတခေတ်ခေါင်းညိတ်ကာသရက်သီးသုပ်အားစားလေသည်။ ခွန်းနှောင်ကြိုးက သရက်သီးသုပ်ကို နှစ်ပန်းကန်ခွဲကာ ဈာန်မင်းတခေတ်အားတစ်ပန်းကန်၊ သူရယ် ထွန်းတောက်ရယ် မိုးမြင့်ခေါင်ရယ် သန့်ဇေရယ်အတွက်ကတစ်ပန်းကန်ခွဲထားလေသည်။

‌ဒေါ်နုဝေကတော့ မစားဟုပြောသောကြောင့် ဖိုးဝလေးအတွက် တစ်ပန်းကန်နည်းနည်းခွဲထားလိုက်သည်။

"အင်း ခွန်းမစပ်ဘူးလား?"

"နည်းနည်းပဲစပ်တယ် ဟီးး ကောင်းတယ်မလား? မင်းအကြိုက်လေ ဟုတ်တယ်မလား?"

"ဒါပေါ့..ငါ့ရဲ့ခွန်းလေးကအခုထိငါ့အကြိုက်သိသေးသားပဲ...။ ကောင်းတယ် စပ်စပ်လေး ခွန်းကအစပ်တအားမစားဘူးမလား?"

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now