Part-58(Unicode + Zawgyi)

13.9K 464 18
                                        

(Unicode)




လွန်ခဲ့သော သုံးနှစ်ခန့်က New York တွင်ဖြစ်သည်။

ဈာန်မင်းတခေတ်တို့ New York သို့ရောက်တာ နှစ်လပင်ကျော်နေပြီဖြစ်သည်။

အရင်ငှားနေကြအိမ်ကို ဈာန်မင်းတခေတ်တို့ဝယ်လိုက်ပြီး ရှစ်ယောက်သားအတူတူနေကြသည်။ ခွန်းနှောင်ကြိုး၏အခြေအနေကလည်း ပို၍ကောင်းလာသည်။ အစားလဲစားသလို အအိပ်လဲမှန်လာသည်။ ထို့ကြောင့်မျက်နှာလေးမှာအမြဲကြည်လင်၍ ဝပင်ဝ,လာလေသည်။

ထွန်းတောက်တို့နှစ်ယောက်ကလည်း မကြာသေးခင်အချိန်ကပင် စေ့စပ်သွားကြလေသည်။ 'New World' လေဆိပ်တွင်ဖြစ်ပျက်သွားသောကိစ္စမှာ လိုင်းပေါ်တွင် လ‌အတော်ကြာသည်အထိပျံ့နှံ့သွားခဲ့သည်။ ထို့‌နောက်နှစ်ဖက်မိဘများတွေ့ဆုံကြကာ 5လပိုင်း 5ရက်နေ့တွင်စေ့စပ်လိုက်ကြလေသည်။

ယခုလကတော့ 6လပိုင်းဖြစ်လေသည်။ ဈာန်မင်းတခေတ်ကတော့ယခုအချိန်တွင်ကျောင်းမှာဖြစ်လေသည်။

📞 Ringing📞

📞 Ringing📞

အဆက်မပြတ်ဖုန်းခေါ်ဆိုနေသောကြောင့် ဈာန်မင်းတခေတ်ပါမောက္ခအားခွင့်တောင်းကာ အပြင်ထွက်၍ဖုန်းကိုင်လိုက်သည်။ ဖုန်းကိုကြည့်လိုက်တော့ သန့်ဇေထွန်းဆီမှဖြစ်လေသည်။

ဈာန်ဖုန်းကိုကိုင်မည်လုပ်တော့ဖုန်းခေါ်ဆိုမှုလေးကတော့ပြန်ကျသွားလေပြီ။ ထို့နောက်နောက်တစ်ကြိမ်ပြန်မြည်လာသည်။ ဈာန်ပြန်ဝင်လာသောဖုန်းလေးကို အမြန်ပင်ကိုင်လိုက်သည်။

"ဟယ်လို ကိုသန့် ဘာဖြစ်လို့လဲ?"

"ဈာန် ကိုခွန်းမူးလဲလို့ ဆေးခန်းရောက်နေတယ်"

"ဗျာ! ဟုတ်..ဟုတ်ကဲ့ ကိုသန့် ကျွန်တော်အခုပဲပြန်လာခဲ့မယ်နော်..အခုဆေးခန်းမှာပဲလား?"

"အေး ဆေးခန်းမှာပဲ ငါတည်နေရာပို့ထားပေးမယ်လာခဲ့လိုက် ဒါပဲနော်"

"ဟုတ်ကဲ့ ကိုသန့်"

ထို့နောက်ဖုန်းချကာ စာသင်ခန်းထဲသို့ပြန်ဝင်လိုက်ပြီး ပါမောက္ခအားအကြောင်းအကျိုးပြော၍ ခွင့်ယူလိုက်သည်။ ယခုအချိန်သည်ကာ မနက်10နာရီဖြစ်လေသည်။ ပါမောက္ခကိုပြောပြီး ဈာန်မင်းတခေတ်ပစ္စည်းတွေသိမ်းနေတုန်း သူငယ်ချင်းများကမေးလာသည်။

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now