Part-46 (Unicode + Zawgyi)

10.5K 429 45
                                    

(Unicode)



"ဈာန်.."

ဇေယံ ဈာန်မင်းတခေတ်ရှိရာသို့လာကာခေါ်လိုက်သည်။ ဈာန်မင်းတခေတ်ကတော့ ဘာမှပြန်မပြောပေ။

"မင်းအင်္ကျီလဲလိုက်အုံး..။ အစ်ကိုခွန်းပြန်နိုးလာလို့ ဒီလိုပုံစံကိုမြင်သွားရင်အဆင်မပြေဘူးလေ.."

ထိုသို့ဇေယံပြောမှ ဈာန်မင်းတခေတ်က ဇေယံ့အားကြည့်လာကာ ခေါင်းညိတ်၍ထလိုက်သည်။ ဇေယံက အင်္ကျီကို ဈာန်မင်းတခေတ်၏ပခုံးပေါ်သို့တင်ပေးလိုက်သည်။ လက်မှာယခုထိပင်မဆေးရသေးပေ။ ထို့ကြောင့်သွေးများမှာ ခြောက်တောင်ခြောက်နေပြီပင်။

ဈာန်မင်းတခေတ် ရေချိုးခန်းရှိဘေစင်တွင် လက်ကိုသေချာပွတ်ဆေးလိုက်သည်။ ထို့နောက် operation roomမှ ခွန်းနှောင်ကြိုးကိုဆရာဝန်ကြီးများထုတ်လာစဉ်က သူနှင့်စကားပြောခဲ့သော ဆရာဝန်မှာသူ့အား ခေါင်းညိတ်ပြခဲ့‌သည်ကိုစဥ်းစားမိသွားသည်။ ထိုအကြောင်းကိုစဉ်းစားလိုက်ရင်း မျက်လုံးများကိုမှိတ်ကာ ခေါင်းမော့၍ မျက်နှာကိုလက်ဖြင့်ပွတ်ချလိုက်သည်။ ပြီးနောက်အသက်ဝဝရှူကာ မျက်နှာပါတစ်ခါတည်းသစ်၍ အင်္ကျီလဲလိုက်သည်။

ရေချိုးခန်းထဲမှပြန်လာထွက်လာပြီး ခွန်းနှောင်ကြိုးရှိရာကုတင်‌နားသို့သွားကာပြန်ထိုင်လိုက်သည်။

နေ့လယ်ရောက်သောအခါ ထမင်းစားရန်လာခေါ်ကြသော်လည်း ဈာန်မင်းတခေတ် ခေါင်းသာခါ၍ငြင်းလိုက်သည်။ ခေါ်မရသည့်အဆုံး အားလုံးက လွှတ်ပေးထားလိုက်ကြသည်။ ထို့နောက်သူတို့အားလုံး ထမင်းသွားစားကြလေသည်။

-ကျွီ-

"အဆင်ပြေရဲ့လား?"

ဝင်လာသောသူသည် ဈာန်မင်းတခေတ်နားသို့ရပ်ကာ ခွန်းနှောင်ကြိုးအားကြည့်၍မေးလိုက်သည်။

"အင်း နည်းနည်းပေါ့.."

"တအားလဲစိတ်မပူပါနဲ့ မကြာခင်အားလုံးအဆင်ပြေသွားမှာပါ.."

"ကြိုးငယ်အကြောင်းကို ဆေရုံအုပ်ကြီးအပါအဝင် တစ်ခြားဘယ်သူတွေသိသေးလဲ?"

"သိပ်မသိပါဘူး။ ငါရယ် မင်းရယ် ဆေးရုံအုပ်ကြီးရယ်..၊ ပြီးတော့ သားဖွားမီးယပ်ဆရာဝန်မတစ်ယောက်ရယ် ဒါပဲသိတာ..၊ ငါတို့ဝင်သွားပြီးတော့ ဆေးရုံအုပ်က ကျန်တဲ့သူတွေကို ခွဲစိတ်တဲ့နေရာနားမလာခိုင်းဘူးလေ..ဆရာမကလည်းစိတ်ချရပါတယ်"

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now