Part-71(Unicode + Zawgyi)

9.4K 302 10
                                        

(Unicode)





ထွဋ်ထက်လေး၏မွေးနေ့ပြီးသော် ခွန်းနှောင်ကြိုးတို့တတွေမြန်မာနိုင်ငံသို့ပြန်ကြရန်ပြင်ဆင်နေကြသည်။ လူကြီးများအားလုံးသည် ကိုယ်အလုပ်နှင့်ကိုယ်ဖြစ်၍မအားကြပေ။ တစ်အိမ်လုံးသိမ်းစရာရှိတာသိမ်းပြီး အိမ်သန့်ရှင်းရေးလုပ်နေကြသည်။ ကလေးများကတော့ ဧည့်ခန်းထဲတွင်ဆော့နေကြလေသည်။

ထွဋ်ထက်လေးက‌လည်း လမ်းလျှောက်တက်နေပြီဖြစ်သောကြောင့် သူ့အစ်ကိုတွေအစ်မတွေနောက်ကို တတောက်တောက်လျှောက်လိုက်နေသည်။

"ဖေဖေ.."

ခွန်းအိပ်ခန်းထဲတွင် အင်္ကျီအဝတ်စားများထည့်နေစဉ်သားကြီးကခေါ်လာလေသည်။ ခွန်းလည်းသားကိုပြုံးကာပြန်ထူးလိုက်သည်။

"ပြောလေ သား..၊ ဘာဖြစ်လို့လဲ? တစ်ခုခုလိုလို့လား?"

"ဟုတ်ကဲ့ ဖေဖေ သားသိချင်တာတစ်ခုရှိလို့.."

"ဟေ..ပြောလေ..ဘာသိချင်တာလဲ?"

သားကအထူးအဆန်းပြောလာသည်မို့ခွန်းအံ့ဩသွားကာအလုပ်ဆက်မလုပ်တော့ဘဲ ဆိုဖာတွင်ဝင်ထိုင်လိုက်သည်။ ထိုအခါသားကခွန်းနားသို့လာလေသည်။

"မားမားပေးထားတဲ့လက်ကောက်လေးဘယ်မှာထားလဲသိချင်လို့.."

"ဪ..အဲ့တာလား..၊ နေဦးဖေဖေယူပေးမယ်"

ပြောကာ ခွန်းနှောင်ကြိုးထ၍ဖွင့်ထားသောဗီရိုထဲမှ အံဆွဲတစ်ခုကိုဖွင့်ကာ ထိုထဲမှဘူးအနီရောင်လေးကိုယူလိုက်သည်။

"ဒီမှာသား.. သားကဘာလုပ်မလို့လဲ?"

"ဘာမှမလုပ်ပါဘူး။ လှလို့ဒီတိုင်းထပ်ကြည့်ချင်လို့ပါ.."

"ဟုတ်ပါပြီဗျာ..၊ တစ်ယောက်ယောက်ကိုများပေးချင်နေပြီလား? ဟမ်..ဖေဖေ့ကိုမှန်မှန်ပြောနော်.."

သားကတော့ ခွန်းကိုမလိမ်တတ်ဘဲလိမ်နေပြန်ပါပြီ။ ခွန်းသိပါသည်။ 'လှလို့' ဆိုတာအကြောင်းပြချက်တစ်ခုသက်သက်မှန်း။ တကယ့်အကြောင်းအရင်းတစ်ခုတော့ရှိရမည်။

"မဟုတ်ပါဘူး ဖေဖေရဲ့..၊ ဒါမဲ့.."

"အင်း ပြောလေ..ဒါမဲ့ဘာဖြစ်လဲ?"

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now