Part-70(Unicode + Zawgyi)

5.4K 224 8
                                    

(Unicode)




တစ်ပတ်လောက်အကြာတွင် ခွန်းနှောင်ကြိုးဆေးရုံမှဆင်းလာခဲ့လေသည်။ ထို့နောက်မိသားစုနှင့်အတူပျော်ရွှင်စွာပင် နေ့ရက်များကိုဖြတ်သန်းခဲ့ကြသည်။

သမီးနှင့်သား2လသားအရွယ်တွင် ဈာန်မင်းတခေတ်တို့ Final examကိုဖြေကြရသည်။ examဖြေပြီးသော်လည်း မြန်မာနိုင်ငံသို့မပြန်ကြသေးဘဲထိုနိုင်ငံတွင်သာဆက်နေခဲ့ကြလေသည်။

ငွေစင်တို့မိသားစုကတော့သမီးလေးနှင်းပွင့်ရက်တစ်ရာပြည့်လုပ်ပြီးစာမေးပွဲတွေဖြေအပြီးတစ်လအကြာတွင် သန့်ဇေကအလုပ်ပြောင်းစာတင်ကာ စာကျသည်နှင့် ထိုင်းနိုင်ငံသို့ပြန်သွားကြလေသည်။

သန့်ဇေမပြန်ခင်တွင် ထွန်းတောက်တို့စုံတွဲသည် အငှားကိုယ်ဝန်ဖြင့်ကလေးယူကြရန် တိုင်ပင်ကြလေသည်။ ကိစ္စအဝဝပြီးသော်သန့်ဇေ၏အကူအညီနှင့်အငှားကိုယ်ဝန်ဖြင့်ကလေးယူကြရန်ပြင်ဆင်သည်။

သမီးနှင့်သား ငါးလအရွယ်တွင် ဦးစိုင်းသစ်တခေတ်တို့လင်မယားကပြန်သွားကြလေသည်။ထွန်းတောက်တို့ကတော့မပြန်သေးပေ။ ထိုအချိန်မှသာအငှားကိုယ်ဝန်ဖြင့်ကလေးယူကြသောကြောင့်ဖြစ်သည်။ ခွန်းနှောင်ကြိုးတို့ကတော့မြန်မာနိုင်ငံသို့ ကလေးနှစ်ယောက်အသက်2နှစ်လောက်မှပြန်မည်ဖြစ်သည်။ ဈာန်မင်းတခေတ်က exam resultထွက်ပြီး ကလေးနှစ်ယောက်ငါး‌လအရွယ်တွင်ဘွဲ့ယူရလေသည်။

ဦးစိုင်းသစ်တခေတ်တို့သည် ဈာန်မင်းတခေတ်ဘွဲ့ယူပြီးမှသာပြန်သွားကြတာပင်။ ဈာန်မင်းတခေတ်၏သူငယ်ချင်းများကတော့ဘွဲ့ယူပြီးတစ်လနှစ်လအကြာတွင်ပြန်သွားကြလေသည်။

ယခုအချိန်တွင်တော့ကလေးများသည် 2နှစ်အရွယ်ပင်ရှိနေကြလေပြီ။ မကြာခင်တွင်ခွန်းနှောင်ကြိုးတို့လည်းမြန်မာနိုင်ငံသို့ပြန်တော့မည်ဖြစ်သည်။ ထွန်းတောက်တို့နှစ်ယောက်ကလည်း ကလေးလေးမွေးပြီးပြီဖြစ်သည်။ သားလေးမွေးတာဖြစ်ပြီး မိခင်ဖြစ်သူကအမေရိကန်လူမျိုးဖြစ်တာကတစ်ကြောင်း မိခင်ဖြစ်သူမှာမျက်လုံးအပြာရောင်ဖြစ်တာကတစ်ကြောင်းကြောင့် ကလေးလေးသည် မျက်လုံးအပြာလေးကိုပိုင်ဆိုင်ထားကာ မိုးမြင့်ခေါင်နှင့်ပိုတူလေသည်။

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now