Part-11(Unicode + Zawgyi)

10.9K 493 23
                                    

(Unicode)

နောက်တစ်နေ့မနက်ခင်းတွင်တော့ အသစ်စက်စက်မောင်နှံနှစ်ယောက်မှာ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့သို့သွားရန်ပြင်ဆင်နေကြလေသည်။ နှစ်ရက်အိပ်သုံးရက်ပြန်ခရီးဖြစ်၏။ 'New World' ပိုင်သောလေယာဉ်နှင့်သွားကြမည်ဖြစ်၏။ New World သည် လုပ်ငန်းပေါင်းမျိုးစုံရှိ၏။ ထပ်၍လဲ တိုးချဲ့နေသေးသည်။

"ခေတ်.."

ဈာန်ရေချိုးခန်းမှထွက်လာသည်နှင့် ခွန်းနှောင်ကြိုး၏အသံကိုကြားလိုက်ရသည်။ ပြန်၍မထူးဘဲ 'ဘာလဲ ပြော!' ဟူသောအကြည့်ဖြင့်ကြည့်ပေးလိုက်သည်။

"ဟို...အင်္ကျီကဘယ်နှစုံထည့်မှာလဲ?"

"ပိုပိုလိုလို5စုံလောက်ပဲထည့်ပေါ့..အဲ့လောက်တော့မလိုပါဘူး။ လိုမှာစိုးလို့..."

"အွန်းး ခွန်းထည့်ပေးထားမယ်နော်.."

"....."

ဈာန်ဘာမှပြန်မပြော။ လုပ်ချင်သလိုသာလုပ်ရန် လွှတ်ပေးထားလိုက်သည်။

ခွန်း၏အမေးကို ခေတ်ကပြန်မဖြေ။ တိတ်ဆိတ်ခြင်းဆိုတာ တစ်ခါတလေမှာ 'လုပ်၊ သဘော'ဟု အဓိပ္ပာယ်ရတယ်တဲ့။ ဒါဆို ခေတ်က ထည့်ပေးဆိုသည့်သ‌ဘောပေ။ ခေတ်ကသူများပြောသောစကားကို အမြဲပြန်မပြော။ တစ်ခါတလေမှသာ ပြန်ပြောသည်။ ခွန်းကလည်း ဒီအေးစက်စက်ပုံစံလေးကိုပင် ချစ်နေသည်ပင်။

10နာရီလောက်တွင် ခွန်းတို့လေဆိပ်မှ စထွက်ခဲ့ကြသည်။ ကိုယ်ပိုင်လေယာဉ်နှင့်ဖြစ်သောကြောင့် လူ‌စောင့်စရာမလို၊ အချိန်စောင့်စရာမလို၊ လူအားလုံးစုံတာနှင့် လေယာဉ်စထွက်တော့တာပင်။ လေယာဉ်ပေါ်တွင် ခွန်းတို့နှစ်ဖက်မိသားစုများနှင့်မိတ်‌ဆွေများပင်ရှိသည်။ ဒေါ်လေးတို့မိသားစုရယ်၊ ခေတ်ရဲ့မိဘတွေရယ်၊ ခေတ်ရဲ့သူငယ်ချင်းလေးယောက်ရယ်သာ။ ခွန်း၏သူငယ်ချင်းထွန်းတောက်ကတော့ သူတို့ကိုယ်ပိုင်လေယာဉ်နှင့်သာ လက်မှတ်ထိုးအမီလာမည်ဟု မနက်က ကိုမိုးမြင့်ဖုန်းလှမ်းဆက်ပြောသည်။ အကြောင်းမှာ ထွန်းတောက် ညကအမူးလွန်ပြီးမထနိုင်၍ဟုပြောသည်။ ခွန်းလဲ ခေါင်းကိုက်နေသေးပေမဲ့ ဆေးသောက်ထား၍ အနည်းငယ်တော့သက်သာသည်။ ခွန်းသောက်တာကလည်း ဝိုင်အပျော့စားဆိုတော့ ခေတ်မွေးနေ့ကသောက်သည့် ဝိုင်လောက်တော့မမူးပေ။

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now