Part-13(Unicode + Zawgyi)

21.1K 729 20
                                        

(Unicode)

ဈာန်မင်းတခေတ်တို့ နောက်တစ်နေ့တွင်တော့ မွေးရပ်မြေဖြစ်တဲ့ မြန်မာနိုင်ငံသို့ပြန်လာခဲ့ကြသည်။ ဈာန်မင်းတခေတ်တို့ပြန်ရောက်ပြီး ဘယ်လောက်မှမကြာ ဈာန်မင်းတခေတ်အလုပ်ကိစ္စဖြင့်မန္တလေးသို့ ခရီးထွက်သွားသည်။

ထို့ကြောင့်အိမ်တွင် ခွန်းနှောင်ကြိုးတစ်ယောက်သာကျန်ခဲ့သည်။ တစ်အိမ်လုံးတွင်ခွန်းနှောင်ကြိုးတစ်ယောက်တည်းသာဖြစ်သည်။ ထွန်းတောက်ကလည်း သူ့ချစ်သူဖြင့် လာရှိုးသို့ပြန်လိုက်သွားသည်။ ဈာန်မင်းတခေတ်သွားတာ ဒီမနက်ခင်းမှဖြစ်သည်။ ထိုင်းကပြန်ရောက်ပြီး တစ်ရက်သာနားလိုက်ရသည်။ ပြီးတာနှင့် ခရီးထွက်သွားရသည်။

📲 Ringing 📲

📞Hello.. ဒေါ်လေး📞

"....."

📞ဟုတ်..ခွန်းလာခဲ့ပါ့မယ်..📞

"....."

📞အဲ့တာဆိုဖုန်းချလိုက်ပြီနော်...📞

📱Call End📱

🌟🌟🌟

ခွန်းဒေါ်လေးဖုန်းဆက်ခေါ်သဖြင့် ဒေါ်လေးတို့၏အိမ်သို့ရောက်နေခဲ့သည်။ ခွန်းဒီအိမ်မှထွက်လာခဲ့တာ ခေတ်နဲ့စေ့စပ်တဲ့နေ့ကတည်းကပင်။ ယခုမှသာဒီအိမ်သို့ ပြန်လည်ခြေချမိသည်။ ခဏကြာတော့ ဒေါ်လေးက အိမ်အပေါ်ထပ်မှဆင်းလာသည်။

"ဒေါ်လေး..."

-ဖြန်းး-

အားပျင်းလှတဲ့ရိုက်ချက်တစ်ခုခွန်း၏ပါးပြင်ပေါ်ကျလာသည်။ ဒေါ်သီသီလင်းတစ်ယောက် အိမ်ကိုအခုမှပြန်လာခဲ့သော ခွန်းနှောင်ကြိုးအား အငြိုးကြီးစွာရိုက်လိုက်သည်။

"ဒေါ်...လေး!!"

မယုံကြည်နိုင်စွာဖြင့် အော်ခေါ်လိုက်သည်။ ခွန်းမှာဘာအပြစ်မှမရှိဘဲနဲ့ နောက်ထပ်? နောက်ထပ်တစ်ခါ သူတို့သားအမိဆီက ပါးရိုက်ခံရတယ်။ မတရားလိုက်တာ။ ပထမတစ်ခါ မမကလျာက ခွန်းရဲ့ဘယ်ဘက်ပါးကို၊ ‌အခုဒုတိယတစ်ခါကဒေါ်လေး..ဒေါ်လေးကလည်းခွန်းရဲ့ညာဘက်ပါးကိုရိုက်တယ်။ သားအမိနှစ်ယောက်က လိုက်ပါပေတယ်။ အမေကညာဘက်၊သမီးကဘယ်ဘက်။

"နည်းသေးတယ်...နင်အခုလိုရိုက်ခံရတာ နည်းသေးတယ်.."

"ဘာလို့လဲ? ခွန်းဘာအမှားလုပ်မိလို့လဲ? ခွန်းကိုဘာလို့ရိုက်ရတာလဲ?ဘာလို့လဲ!!!"

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now