Part-26(Unicode + Zawgyi)

18.7K 629 53
                                        

(Unicode)

ခွန်းမုန့်စားပြီးသောအခါ ဆေးတစ်လုံးသောက်လိုက်သည်။ ပြီးနောက် သတို့သားနှင့်သတို့သမီးတို့က မင်္ဂလာဆောင်မည့်နေရာသို့သွားတော့မည်ဖြစ်သောကြောင့် ခေတ်ကခွန်းအားလာခေါ်သည်။

ထွန်းတောက်ကလည်း သူ့ချစ်သူရှိရာသို့သွားကာ သတို့သားနှင့်သတို့သမီးတို့၏ကားနောက်မှ လိုက်ရန်အိမ်မှထွက်ခဲ့ကြသည်။

သူငယ်ချင်းများကလည်း သတို့သားသတို့သမီးတို့၏ကားထွက်သည်နှင့် အလျှိုလျှို ထိုအိမ်မှထွက်ခဲ့ကြသည်။

သူတို့၏သူငယ်ချင်းငွေစင်ကြိုးက ကားများအဆင်သင့်လုပ်ပေးပြီးသားပင်။ ထို့ကြောင့် သတို့သား၊သတို့သမီးထွက်ပြီးသည်နှင့် သူတို့သူငယ်ချင်းအုပ်စုလည်း အိမ်မှထွက်လာခဲ့ကြသည်။

🌟🌟🌟

မင်္ဂလာဆောင်လုပ်သည့် ဟိုတယ်တွင်

"နေရတာအဆင်မပြေလို့လား? ဒါမှမဟုတ်တစ်ခုခုဖြစ်လို့လား?"

"အွန်း နည်းနည်းခေါင်းကိုက်လာလို့.."

"အင်း ခဏပဲ၊ ပြီးရင်ပြန်ကြမယ်"

"ရပါတယ် ခေတ်ရဲ့...၊ ခေတ်သူငယ်ချင်းကိုအားနာစရာကြီးဖြစ်နေမှာပေါ့.."

"ခင်ဗျားလောက် ဘယ်အရာမှအရေးမကြီးပါဘူး။"

ဈာန်ကထိုတစ်ခွန်းသာပြောလိုက်သည်။ ထိုစကားကိုကြားသောအခါ ခွန်းတစ်ယောက်မျက်နှာပေါ်မှာ အပြုံးပန်းများဝေဆာသွားလေသည်။

ခဏလောက်ကြာသောအခါ ခွန်းတို့ဝိုင်းဆီသို့သတို့သားနဲ့သတို့သမီးက လာရောက်ဧည့်ခံသည်။ ခွန်းတို့ဝိုင်းတွင်အပြင်လူမရှိ။ ခွန်းအပါအဝင် ခေတ်ရယ်၊ ခေတ်ရဲ့သူငယ်ချင်းတွေရယ်၊ ပိုင်နဲ့သူ့ချစ်သူကိုမိုးမြင့်ရယ်ပင်။

"အဝစားနော် အစ်ကိုခွန်း အားမနာနဲ့ရယ်..အစ်ကိုထွန်းတောက်ကောထည့်စားနော်..၊ အစ်ကိုမိုးမြင့်ကောပဲ၊ ကျန်တဲ့သူတွေကတော့ စားချင်စားမစားချင်နေ။ မစားရင်ပိုသက်သာသေး"

သတို့သမီးဖြစ်တဲ့ ငွေစင်ကြိုးက အပြုံးလေးဖြင့် ခွန်းတို့အားပြောလာသည်။ ခွန်းလဲမုန့်တစ်ခုစားနေရင်း ခေါင်းညိတ်ပြလိုက်သည်။

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now