Part-27(Unicode + Zawgyi)

11.2K 471 43
                                    

(Unicode)

နေ့ခင်းလည်းဖြစ် သူငယ်ချင်းတွေကလည်းမကြာခင်ဖြစ်လာတော့မည်လည်းဖြစ်သောကြောင့် ဈာန်မင်းတခေတ်တစ်ချီနှင့်သာ ကျေနပ်လိုက်သည်။ ခွန်းနှောင်ကြိုးကတော့  နေမကောင်းသည်နှင့် ပင်ပန်းသည့်ဒဏ်ပေါင်းကာ အိပ်ပျော်သွားလေသည်။

ဈာန်သန့်ရှင်းရေးလုပ်ပေးကာ အင်္ကျီတစ်ထည်လဲပေးပြီး ကုတင်ပေါ်တွင်သေချာပြန်တင်ပေးလိုက်သည်။ ထို့နောက် နှဖူးလေးအားဖွဖွနမ်းကာ စောင်သေချာခြုံပေးလိုက်သည်။

ထို့နောက်ပြတင်းပေါက်သို့သွားကာ အပြင်ကိုကြည့်နေသည်။ ခဏကြာတော့ ကားများအသီးသီးဝင်လာသည်ကိုတွေ့လိုက်ရသည်။ ဒီနေ့မှမင်္ဂလာဆောင်ပြီးသည့် အသစ်စက်စက် ဇနီးမောင်နှံနှစ်ဦး ပြန်လာကြပြီဖြစ်သည်။

ဈာန်လည်း ပြတင်းပေါက်နားမှကြည့်‌နေသည်ကိုခွာကာကုတင်ပေါ်မှ လူသားအားတစ်ချက်ကြည့်လိုက်ပြီး အိပ်နေသေးသည်မို့ အောက်ထပ်သို့ဆင်းလာခဲ့လိုက်သည်။

အောက်ထပ်သို့ရောက်သောအခါ သူငယ်ချင်းတစ်သိုက်နှင့်တန်းတိုးလေသည်။

"ဈာန် မြန်မြန်.. လာ..ရွှေကြိုးလာတား လာ..."

‌ကျော်ဇင်က ‌ဈာန်မင်းတခေတ်ကိုတွေ့တွေ့ခြင်းပြောလာသည်။

"တော်ပြီ၊ မင်းတို့ပဲ.."

"ဘာမှမင်းတို့မပဲနေနဲ့ တစ် နှစ် သုံး လေး ငါး၊ ဒီမှာငါးယောက်ဖြစ်နေလို့ မင်းဝင်လိုက်ရင်ခြောက်ယောက် လာခဲ့စမ်းပါကွာ.."

ဈာန်မင်းတခေတ်  စကားကိုတောင်ဆုံးအောင်မပြောလိုက်ရ၊ ထူးသက်ကကြားဖြတ်ပြောလာသည်။ ထူးသက်တို့သူငယ်ချင်း 4ယောက်ရယ် ငွေစင်ကြိုး၏ဝမ်းကွဲညီမလေးရယ်ဆိုတော့ လူက5ယောက်ဖြစ်နေလေသည်။ ထို့ကြောင့်6ယောက်ဖြစ်အောင် ဈာန်မင်းတခေတ်ကိုဝင်ခိုင်းတာပင်။

"မင်းတို့လူညီသွားအောင် ငါထွက်ပေးမယ်လေ..."

ဇေယံကပြောလာသည်။ ထိုအခါ မြတ်အောင်ကထပြောသည်။

"ဟျောင့်တွေ လာမှာလားမလာဘူးလား? ရှိတာမှဒီသူငယ်ချင်းလေးတွေကို..လာစမ်းပါကွာ.."

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now