(Unicode)
ခွန်းနှောင်ကြိုး ဧည့်ခန်းမှပြန်လာကာ ထမင်းစားခန်းတွင်ထားခဲ့သော အသီးဖျော်ရည်အားယူကာ သောက်လိုက်သည်။
-ခွမ်း-
"မသောက်နဲ့!!!"
ဒေါ်ခင်အေးတစ်ယောက် အသီးဖျော်ရည်ခွက်ကိုဘေးသို့ရိုက်ချလိုက်သည်။
"ဒေါ်.....ဒေါ်အေး..."
ရုတ်တရက်မို့ ခွန်းနှောင်ကြိုးလန့်သွားလေသည်။ ထို့နောက်ဗိုက်လေးကိုကိုင်၍ ဒေါ်ခင်အေးအားကြည့်ကာ အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလာသည်။
"ဟို...သားခွန်း...အဲ့..အဲ့ထဲမှာ"
"ခွန်းနှောင်ကြိုး..သွားအိပ်တော့.."
ဈာန်မင်းတခေတ်ဘယ်အချိန်ထဲကဆင်းလာမှန်း နှစ်ယောက်စလုံးမသိကြပေ။ ခွန်းနှောင်ကြိုး ဈာန်မင်းတခေတ်ကိုတစ်လှည့်၊ ဒေါ်ခင်အေးအားတစ်လှည့်ဖြင့် မယုံကြည်နိုင်စွာကြည့်နေသည်။
"ပြောတာကြာလား?! အပေါ်တက် သွားအိပ်တော့..!"
အော်တာမဟုတ်ပေမဲ့ အသံမှာအနည်းငယ်မာနေသည်။ ထို့ကြောင့်ခွန်းနှောင်ကြိုး ဈာန်မင်းတခေတ်အားကြည့်ကာ သိချင်သည်များရှိနေသော်လည်းဘာမှမပြောဘဲ အပေါ်သို့တက်သွားလေသည်။
လန့်သွားသောကြောင့် ဘာအသံမှပင်ထွက်နိုင်သေးပေ။ အိမ်ပေါ်ထပ်သို့တက်ပြီးအိပ်ခန်းတွင်းသို့ဝင်ကာ တုန်ရီနေသောလက်ဖြင့် စားပွဲတွင်တင်ထားသောရေခရားထဲမှရေကိုဖန်ခွက်ထဲထည့်ကာ သောက်လိုက်သည်။
ထို့နောက်မှ မျက်လုံးမှိတ်လိုက်ကာစိတ်ကိုဖြည်းဖြည်းချင်းလျှော့ပြီးကုတင်ပေါ်တက်၍ တရားလေးနားထောင်ကာ အိပ်ရန်ပြင်လိုက်သည်။
.....
"ဒေါ်အေး ကျွန်တော်နဲ့အပေါ်လိုက်ခဲ့ပါ။"
ဒေါ်ခင်အေးလည်း ဘာစကားတစ်ခွန်းမှမဆိုတော့ဘဲ ဈာန်မင်းတခေတ်ခေါ်ရာသာလိုက်ခဲ့သည်။
စာဖတ်ခန်းထဲရောက်သော် ဈာန်မင်းတခေတ် ထိုင်ခုံတွင်ထိုင်လိုက်သည်။
"ဒေါ်အေးကိုဘယ်သူခိုင်းတာလဲ? အာ..မေ့နေတာ..ဒေါ်သီသီလင်းခိုင်းတာသိရဲ့သားနဲ့..! ကဲပါ..၊မေးခွန်းပြောင်းမယ်။ ဘာဖြစ်လို့ ခွန်းနှောင်ကြိုးကိုမသောက်ခိုင်းရတာလဲ? ဒေါ်သီသီလင်းသိသွားရင်ဘယ်လိုလုပ်မလဲ?"
YOU ARE READING
𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}
Fantasyဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ‼️Male pregnancy‼️ start Date - 1.8.2023 (Tuesday) End Date - 20.11.2023 (Monday) 🌷Second Fiction🌷 {COMPLETED} White Tulip🌷🤍
