Part-4(Unicode+Zawgyi)

11.8K 551 20
                                    

(Unicode)

"မင်းသဘောဆန္ဒကောပါရဲ့လား?"

ဈာန်စကားစ,ပြောထဲကဘာတစ်ခုမှကောင်းသည်ဆိုးသည်မပြောခဲ့သော ဇေယံကရုတ်တရက်မေးလာသည်။ အားလုံး‌လဲ ဇေယံ့စကားကြောင့် ကြောင်အ,သွားကြသည်။

ဈာန်ခေါင်းငုံ့ပြီး ခေါက်ဆွဲတစ်လုတ်စားကာ ပြီးမှပြန်ဖြေလိုက်သည်။

"မင်းဘယ်လိုထင်လဲ ဇေယံ.."

ဇေယံ့၏အမေးကို ဈာန်မင်းတခေတ်အမေးနှင့်သာပြန်တုန့်ပြန်လိုက်သည်။ထိုအခါဇေယံက ဈာန်မင်းတခေတ်ကိုစိုက်ကြည့်ကာပြန်ဖြေလာသည်။

"မင်းလက်မထပ်ချင်ဘူးမလား?"

"ဟက်...!ငါလက်ထပ်ချင်တာ လက်မထပ်ချင်တာကအရေးမပါ,ပါဘူးကွာ...၊ငါမနေ့ကအမှားလုပ်ခဲ့မိတယ်...၊ ဒါကြောင့်ငါသူ့ကိုလက်ထပ်ရတာ...ပြီးတော့ဒီကိစ္စကိုသွေးရိုးသားရိုးလို့တော့ငါမထင်ဘူး။"

ဈာန်မင်းတခေတ်တစ်နေရာကိုစူးစိုက်ကြည့်ကာစားပွဲပေါ်တွင်တင်ထားသော လက်တစ်ဖက်ကိုတင်းကျပ်စွာဆုပ်လိုက်သည်။ ‌အံကိုကြိတ်ကာပြောသောကြောင့် မေးရိုးများကလဲထင်းထွက်နေသည်။

"ဘယ်လိုအမှားလဲကွ..!ပြောပြပါအုံး"

ထိုစကားကိုပြောသူမှာ ထူးသက်ဖြစ်သည်။

"ငါမှတ်မိသလောက်ကတော့..မနေ့ညကငါခေါင်းမဖော်နိုင်အောင်မူးသွားတာမင်းတို့လဲအသိ။ မင်းတို့ပြန်သွားပြီး ငါအိမ်အပေါ်တက်ပြီး ငါ့အခန်းငါဝင်အိပ်တယ် ဒါပဲမှတ်မိတယ်၊ မနက်နိုးလာတော့..."

ဈာန်မင်းတခေတ်စကားကိုခဏရပ်လိုက်သည်။

"မနက်နိုးလာတော့ အစ်ကိုခွန်းကမင်းဘေးမှာအဝတ်မပါဘဲအိပ်နေတယ်...မင်းကိုယ်မှာလဲအဝတ်မရှိဘူး။ ပြီးတော့ အစ်ကိုခွန်းတစ်ကိုယ်လုံးလဲ marking ရာတွေနဲ့ကြည့်ပဲ ငါပြောတာမှန်တယ်မလား?"

ကျော်ဇင်က သူအားလုံးကိုသိသောပုံစံဖြင့်ပြောလာသည်။ ခက်တာက သူပြောတာလဲအကုန်အမှန်တွေကြည့်ဖြစ်နေသည်။

"မင်းဗေဒင်ဟောစားတော့.."

ဈာန်မင်းတခေတ်ထိုသို့ပြောလိုက်တော့ ကျော်ဇင်က တဟားဟားနဲ့ထရယ်သည်။

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now