Part-1(Unicode+Zawgyi)

57.3K 1.4K 43
                                        

(Unicode)

မနက်ခင်း‌နေရောင်ခြည်အလင်းတန်းလေးများသည်  လိုက်ကာများမချထား‌သောကြောင့် မှန်ကိုဖောက်ထွင်းကာအခန်းတွင်းသို့ဖြာကျ‌နေသည်။ နေရောင်ခြည်ခပ်နွေးနွေးက အခန်းတွင်းသို့ဖြာကျနေကာကုတင်ထက်ရှိလူသားနှစ်ယောက်မှာလည်း အိမ်မောကျနေလျက်...။

-ဒေါက် ဒေါက် ဒေါက်-

"အားး ကျွတ်!!"

ဈာန် ခေါင်းကိုကိုင်၍ ထလိုက်သည်။ ပြီးနောက် မျက်လုံးများကိုဖြည်းဖြည်းချင်းဖွင့်ကာ နားထင်ကိုဖိနေလိုက်သည်။ မျက်လုံးဖွင့်ဖွင့်ခြင်းတွေ့လိုက်ရတာက ကုတင်အောက်ရှိ ပွလန်ကျဲနေသော အဝတ်အစားများ။ ကိုယ့် ကိုယ်ပေါ်ကိုပြန်ကြည့်ပြန်တော့ အဝတ်စားတစ်ထည်မျှမရှိ။ ထို့ကြောင့် ဘေးကိုလှည့်ကာ ဘေးနားမှာ တစ်ယောက်ယောက်မရှိပါစေနဲ့ဟု ဆုတောင်းကာ ကြည့်လိုက်သည်။ သို့သော်ဈာန့်ဆုတောင်းမပြည့်ခဲ့ပေ။

-ဒေါက် ဒေါက် ဒေါက်-

"အင်းးး"

ခွန်းသံရှည်ဆွဲကာ ဟိုလှုပ်ဒီလှုပ်ဖြင့် နိုးလာသည်။ ညက ဝိုင်ကတော်တော်ပြင်းသောကြောင့် ယခုချိန်ထိပင် အမူးမပြေဘဲ ခေါင်းကိုက်နေစဲ။

"ဘယ်နှနာရီရှိပြီလဲ မသိဘူး။ ဒေါ်လေးတော့ဆူတော့မှာပဲ.."

ခွန်း ဘေးဘီကိုမကြည့်ဘဲ ကုတင်ပေါ်ထထိုင်ကာတစ်ကိုယ်တည်းရေရွတ်နေလိုက်သည်။ ထို့နောက်ကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်မိတော့ အင်္ကျီအဝတ်အစားကမရှိ။

"ဟင်..အင်...အင်္ကျီတွေ‌လဲမရှိဘူး။ အားး ခေါင်းကိုက်လိုက်တာ..ကိုယ်ပေါ်ကအနီကွက်တွေက ဘာတွေလဲ! ဝိုင်နဲ့မတည့်လို့များလား"

ခွန်းကိုယ့်ကိုယ်ကိုယ်ကြည့်၍အတွေးများနေလေသည်။

မနေ့ညက ခေတ်၏မွေးနေ့ပွဲမလို့ ခွန်း ‌ဒေါ်လေးတို့မိသားစုနှင့်အတူ ခေတ်၏ကိုယ်ပိုင်အိမ်သို့လာခဲ့သည်။ အစပိုင်းတွင်တော့ လူကြီးများရှိသေးကာ ညနက်လာတော့ လူကြီးများကပြန်သွားကြလေသည်။ ခွန်းကိုကျ ဒေါ်လေးက မမကလျာနှင့်အတူထားခဲ့သည်။

မမကလျာကလည်း ဒေါ်လေးတို့ပြန်သွားသည်နှင့် သူ့အသိမိတ်ဆွေများဆီသွားကာ သောက်စားနေလေသည်။ ခေတ်ကိုကြည့်တော့လဲ ခေတ်ကသူ့သူငယ်ချင်းများနှင့်‌အတူပျော်ပါးနေလေသည်။ ခဏကြာတော့ မမကလျာကို လူတစ်ယောက်က နား,နားကပ်ကာ ဘာပြောလိုက်မှန်းမသိ။ မမကလျာက ခွန်းဆီလာကာ ဝိုင်တစ်ခွက်တိုက်သည်။ ခွန်းမသောက်ချင်ပေမဲ့ မမကလျာစကားကိုငြင်းပယ်လို့မရတာမို့သောက်လိုက်ရသည်။

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now