Part-43(Unicode + Zawgyi)

11K 445 34
                                    

(Unicode)

(Tulip's Note - ကြိုတင်သတိပေးပါရစေ။ တစ်ပိုင်းလုံးခွေးစာဖြစ်သည့်မို့ အစားလွန်ပြီးသေနိုင်ပါသည်။ကြိုက်တဲ့သူများ, များများစားကြပါ။)


"ကျွန်တော် New York သွားရတော့မယ် ဖေဖေနဲ့မေမေ"

"....."

တိတ်ဆိတ်သွားသောပတ်ဝန်းကျင်ဖြိုခွင်းလိုက်တာက ဈာန်မင်းတခေတ်ပင်။ ထိုအခါအပြုံးကိုယ်စီရှိနေကြသော သုံးယောက်သားခမျာ ရုတ်ချည်းဆိုသလိုငြိမ်သွားကာ အပြုံးများအစားမျက်နှာများပေါ်တွင်အံ့ဩရိပ်များဖြစ်သွားလေသည်။

"ရုတ်တရက်ကြီးပါလား"

"ဟုတ်တယ် ဖေဖေ၊ မေးလ်ရထားတာက ကြာပြီ။ ကျွန်တော်ဗီဇာကိစ္စတွေနဲ့အလုပ်ရှုပ်နေလို့ မပြောဖြစ်တာ..."

ဦးစိုင်းသစ်တခေတ်ပြောတော့ ဈာန်မင်းတခေတ်လည်း မပြောဖြစ်သည့်အကြောင်း‌ရင်းကိုရှင်းပြလေသည်။

"သားငယ် New York သွားတော့ သားခွန်းကိုပါခေါ်သွားမှာလား"

"မခေါ်သွားတော့ဘူး မေမေ၊ သူ့ကိုမေမေတို့နဲ့ပဲထားခဲ့တော့မယ်။ အဲ့တာလဲပြောချင်လို့ မေမေတို့ဆီလာတာလဲပါတယ်"

မိသားစုသုံးယောက်၏စကားသံသာကြားရပြီး တစ်စုံတစ်ယောက်၏စကားသံတော့မကြားရပေ။

ခွန်းနှောင်ကြိုး‌တစ်ယောက် ဝမ်းသာဝမ်းနည်းအခြေအနေဖြစ်သွားလေသည်။

သူဘယ်လိုများရင်ဆိုင်ရပါ့မလဲ။ သူ့ကိုယ်ဝန်ကိုလက်မခံရင်တောင် ခေတ်နဲ့အနီးကပ်နေခွင့်ရလို့ သူပျော်ရွှင်ရပါသည်။ သို့သော် ယခု  ခေတ်ကရုတ်တရက်ကြီး New York သွားမည်ဟုပြောလာသဖြင့် ခွန်းဝမ်းနည်းကာ တိတ်တဆိတ်မျက်ရည်ကျမိသည်။ မေးလ်ရထားတာကြာပြီတဲ့။ ဒါဆိုခွန်းကိုမပြောပြတာပေါ့။ ဒါကလဲ့စားချေလိုက်တာလား ခေတ်ရယ်...။

"မေ...မေမေ.."

ခွန်းနှောင်ကြိုး မျက်ရည်ကိုမသိမသာသုတ်လိုက်ကာ ဒေါ်မြတ်သီရိနွယ်အားခေါ်လိုက်လေသည်။ စကားကိုမထစ်အောင်ထိန်းပြောပေမဲ့ မရ။ အထစ်ထစ်ငေါ့ငေါ့ဖြင့် ထွက်သွားလေသည်။

"ပြောလေ သားခွန်း"

"ခွန်း ခွန်း နားချင်လို့.."

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now