Part-51(Unicode + Zawgyi)

10.3K 414 43
                                    

(Unicode)


ဈာန်မင်းတခေတ် ခွန်းနှောင်ကြိုးအား, အားရအောင်စပြီးသောအခါ အောက်ထပ်ဆင်း၍ထမင်းစားကြသည်။

"ဟော် ဆင်းလာကြပြီလား။ ဈာန်မင်းရေချိုးလိုက်တာလား?"

ဈာန်မင်းတခေတ်တို့ဆင်းလာသောအခါသန့်ဇေနှင့်ဒေါ်နုဝေကထမင်းစားရန်ထမင်းစားခန်းဝသို့ရောက်နေပြီဖြစ်သည်။

"ဟုတ်တယ် ကိုသန့်...၊ အဟွန်း နည်းနည်းညစ်ပတ်သွားလို့.."

နောက်ဆုံးစကားကိုဈာန်မင်းတခေတ် တစ်ယောက်သောသူအားကြည့်ကာပြောလိုက်သည်။ ခွန်းနှောင်ကြိုးကတော့မျက်နှာလေးရဲကာနားရွက်များနီနေလေသည်။

ဈာန်မင်းတခေတ်ပြောသောအခါ သန့်ဇေကခေါင်းတညိတ်ညိတ်ဖြင့် ဘာမှတော့ပြန်မပြော။ ထို့နောက် လေးယောက်သားထမင်းစားခန်းသို့‌ဝင်ကြလေသည်။

သန့်ဇေအပါအဝင် ဒေါ်နုဝေကောပါသဖြင့် ထမင်းဝိုင်းမှာမခြောက်ကပ်နေပေ။ ထမင်းစားသောက်ပြီးတော့ ဈာန်မင်းတခေတ်က ခွန်းနှောင်ကြိုးအား လမ်းလျှောက်ခိုင်းသည်။ အတူနေထားတာမဟုတ်ပေမဲ့ မနေရုံတမယ်ဖြစ်သောကြောင့် ခွန်းနှောင်ကြိုးမှာ ကိုယ်လက်မအီမသာဖြစ်နေသည်။

ထို့ကြောင့်လမ်းမလျှောက်ချင်ဖြစ်နေကာ ဈာန်မင်းတခေတ်အား လမ်းမလျှောက်ရန်ငြင်းလေသည်။ သို့သော် ဈာန်မင်းတခေတ်က လင်ကြောက်လဲမဟုတ်သလို၊ ခွန်းနှောင်ကြိုးကလဲ လင်နိုင်မဟုတ်နေတော့ သူလမ်းမလျှောက်ချင်လျှင်တောင် အတင်းအားပြုကာလျှောက်နေရသည်။

"ရုပ်ကြီးကလည်းဗျာ...ရှုံ့မဲ့နေရောပဲ.."

"အဲ့လိုဖြစ်အောင် ခေတ်လုပ်တာလေ..၊ လမ်းမလျှောက်ချင်ပါဘူးဆိုနေ.."

"အစာကြေအောင်လမ်းလျှောက်ရမယ်လေ..ခင်ဗျားရဲ့.."

"စားတာကလည်းအများကြီးမှမဟုတ်တာ..၊ ပုံမှန်ပဲစားတာကို..၊ ခေတ်ပဲနှစ်ယောက်စာစားတာလေ..၊ခွန်းမှမစားတာ ခေတ်ပဲလျှောက်ပေါ့၊ ဘာလို့ခွန်းကိုပါလာလျှောက်ခိုင်းနေတာလဲ! ဟွန့်!!"

ခွန်းနှောင်ကြိုးတစ်ယောက်သူပါလမ်းလျှောက်နေရသဖြင့်ညည်းညူနေလေသည်။ ဈာန်မင်းတခေတ်ကတော့ရယ်ကာဘာမျှပြန်မပြော။ ဟုတ်ပါသည် ဈာန်မင်းတခေတ်ကယခုဆိုလျှင်နှစ်ယောက်စာစားသည်။ တစ်ခါတလေဆို အချဉ်အစပ်တွေလဲစားပါသေးသည်။ ဟိုတစ်နေ့က spicyစားပြီးကတည်းက ခွန်းနှောင်ကြိုးသတိထားမိနေသည်။ ခွန်းနှောင်ကြိုးထိုသို့ပြောသောအခါ ဈာန်မင်းတခေတ်ကရယ်ကာ ဘာမှပြန်မပြော။ ခဏလောက်အကြာတွင်တော့ ဈာန်မင်းတခေတ်ကရုတ်တရက်ကြီး ထပြောလာသည်။

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Место, где живут истории. Откройте их для себя