(Unicode)
"ခွန်းနှောင်ကြိုး! ခွန်းနှောင်ကြိုး!!"
"လာ..လာပြီ ခေတ်.."
ထိုသို့ပြောကာ ဆီးစစ်တံလေးကို အမှိုက်ပုံးထဲသို့အမြန်ထည့်ကာ လက်ဆေး၍ အပြင်သို့အမြန်ထွက်ခဲ့လိုက်သည်။
"ဘာဖြစ်လို့လဲ ခေတ်.."
"ကျွန်တော် ကော်ဖီသောက်ချင်လို့..၊ အဲ့တာတစ်ခွက်လောက်သွားဖျော်ပေးပါအုံး"
"ဪ..ဟုတ်ပြီ ခေတ်...၊ ခွန်းအခုပဲသွားဖျော်ပေးမယ်နော်.."
"အင်း"
ဈာန်ထိုတစ်လုံးသာပြော၍ MacBookကိုသာပြန်ကြည့်နေလိုက်သည်။ ခွန်းနှောင်ကြိုးထွက်သွားသည်နှင့် MacBook ကိုပိတ်ကာ တည်ငြိမ်သောမျက်လုံးဖြင့် တံခါးကိုတစ်ချက်ကြည့်ကာ ပုံမှန်ခြေလှမ်းများဖြင့် Toiletထဲသို့ဝင်လိုက်လေသည်။
ဘေစင်ကိုတစ်ချက်ဝေ့ကြည့်လိုက်တော့ဘာမှတော့ရှိမနေ။ အမှိုက်ပုံးကိုလှပ်ကြည့်လိုက်သောအခါ ဈာန်ထင်ထားသောအရာတစ်ခုကိုတွေ့လိုက်ရပါပြီ။
ဈာန်ထိုအရာကို ခဏမျှစိုက်ကြည့်ကာ ဘောင်းဘီအိတ်ကပ်ထဲမှ ဖုန်းကိုထုတ်ကာ ထိုအရာအား ဓာတ်ပုံရိုက်လိုက်လေသည်။ ထို့နောက်အမှိုက်ပုံးထဲပြန်ထည့်ကာ လက်ဆေး၍အပြင်သို့ပြန်ထွက်လာလိုက်သည်။
ဈာန်မင်းတခေတ်၏ပုံစံမှာ ပုံမှန်အတိုင်းပင်။ ရေသေလိုမျက်မှာမျိုးနှင့် အံဩခြင်းလဲမရှိသလို ဝမ်းသာခြင်းလဲမရှိ။ ဝမ်းသာခြင်းမရှိဘူးဆိုတော့ ဒေါသထွက်ခြင်းရှိလားဆိုပြန်ရင်လဲ ဒေါသထွက်ခြင်းလည်းမရှိပေ။ မူလက MacBook ကြည့်နေသည့်ပုံစံအတိုင်းပင်။
ယခုလဲ ဆိုဖာတွင်ပြန်ထိုင်ကာ မူလအတိုင်းMacBookကိုသာပြန်ကြည့်နေလိုက်သည်။
ခဏကြာတော့ ခွန်းနှောင်ကြိုးက ကော်ဖီတစ်ခွက်ဖျော်ကာ ယူလာလေသည်။
"ခေတ်..ကော်ဖီရပြီ"
"အင်း ချထားခဲ့လိုက်"
"ခေတ်..ညနက်တဲ့ထိ အလုပ်မလုပ်နဲ့နော်..ခေတ်ကျန်းမာရေးထိခိုက်မယ်"
ခွန်းပြောသာပြောရတာ ခေတ်ကအလုပ်လုပ်ရင်တစ်ခါတလေနောက်ကျတတ်ပါသည်။ ခေတ်ဘာအလုပ်လုပ်လဲ အခုထိခွန်းမသိသေးပေ။ ခွန်းလည်း ခေတ်အလုပ်သိရဖို့အရေးကြီးတာမဟုတ်တာ။ ဒါကြောင့် ခေတ်ပြောပြချင်တဲ့အချိန်မှသာ ခွန်းနားထောင်လိုက်မည်ဟုဆုံးဖြတ်ထားသည်။
YOU ARE READING
𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}
Fantasyဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ‼️Male pregnancy‼️ start Date - 1.8.2023 (Tuesday) End Date - 20.11.2023 (Monday) 🌷Second Fiction🌷 {COMPLETED} White Tulip🌷🤍
