Part-41(Unicode + Zawgyi)

8.4K 420 27
                                    

(Unicode)


📞တီ.....တီ......တီ.....📞

"ဟယ်လို..မမ"

"အေး ခွန်းနှောင်ကြိုး မာမီကမနက်ဖြန်အိမ်လာခဲ့အုံးတဲ့"

"ဗျာ...၊ မနက်ဖြန်လား? တစ်ခြားနေ့မရဘူးလားမမ"

"ဘာဖြစ်လို့လဲ? နင်ကမလာနိုင်ရအောင် ဘာအရေးကြီးကိစ္စရှိလို့လဲ?"

"မဟုတ်ပါဘူး မမ၊ ခွန်း မနက်ဖြန်ခေတ်ရဲ့မေမေတို့ဆီသွားမလို့ပါ။"

"နောက်နေ့မှသွားပေါ့..။ မနက်ဖြန်အိမ်လာဆိုလာခဲ့လိုက်..! မာမီ့စကားကိုလွန်ဆန်ချင်‌တယ်‌ပေါ့ဟုတ်လားဟမ်! အေးပေါ့ နင်ကငါတို့လက်ကလွတ်ပြီဆိုတော့...ဟွန်းး"

"မရလို့ပါ မမရယ်။ ခွန်းနောက်ရက်ကျမှလာခဲ့ပါ့မယ်။ မနက်ဖြန်ခေတ်မေမေကခေါ်ထားတာ..။ အဲ့တာကြောင့်မလို့ပါ မမ၊ ဒေါ်လေးကိုပြောပေးပါအုံး ခွန်းနောက်နေ့ဆက်ဆက်လာခဲ့ပါ့မယ်လို့..."

"ရတယ်လေ နင့်သဘောပဲ! အဆူခံရရင်ငါ့အပြစ်မဟုတ်ဘူးနော် ဟွန်းး"

မျိုးကလျာလင်းတစ်ယောက်ပြောမရသည့်အဆုံးလေသံခပ်မာမာပြောကာဖုန်းချသွားလေသည်။

ခွန်း စိတ်ညစ်ကာ ထိုင်သာငိုချင်စိတ်ပေါက်သွားသည်။ သွားရင်တော့သေချာပေါက်အဆူခံရတော့မှာပင်။ ခေတ်ရဲ့မေမေဆီကလဲမသွားလို့မဖြစ်ပေ။ အန်တီမြတ်ပြောသလိုပင် ခွန်းတို့လက်ထပ်ပြီးထဲက သွားမလည်ဖြစ်တာ ယခုထိပင်။ ဒီတစ်ခေါက်တော့သေချာပေါက်သွားရပါမည်။ နောက်မှဒေါ်လေးဆီသွားတော့မည်။ အဆူခံရလဲမတတ်နိုင် အဆူခံလိုက်တော့မည်။

🌟🌟🌟

"မာမီ သူမနက်ဖြန်မအားဘူးတဲ့! ‌ဈာန့်မေမေဆီသွားမလို့တဲ့လေ..။"

"သူကများ ငါ့စကားကိုလွန်ဆန်ရဲတယ်ပေါ့..! လာပါစေအုံး။ သင်း(ဒင်း)ကိုကောင်းကောင်းဆုံးမပေးရမယ်"

မျိုးကလျာလင်းတစ်ယောက် ကျေနပ်ပြုံး,ပြုံးကာခွန်းနှောင်ကြိုးအား စုပြုံ၍ အပြစ်များကို‌ပေးရန်တေးမှတ်ထားလိုက်သည်။

*ဒီတစ်ခါတော့ နင့်ကိုယ်ဝန်ပျက်ကို ပျက်ကျစေရမယ်!!*

🌟🌟🌟

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now